ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
doctortintswe@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, June 22, 2018

၁၉၅၂ ခုနှစ်က သတင်းစာအရေးအသားနှင့်သတ်ပုံ

၁၉၅၂ ခုနှစ်က သတင်းစာအရေးအသားနှင့်သတ်ပုံ

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈
Photo from Patrick Minn


Read more...

အတိတ်ကို အမှန်တကယ်ထားခဲ့နိုင်သူ ဘယ်သူရှိသလဲ

အတိတ်ကို မေ့ထားခိုင်း ထားပစ်ခိုင်းတာတွေ ဖတ်ရတယ်။

စစ်ထောက်ချုပ်ပြုတ်ကလည်း အတိတ်ကိုပြန်မလှန်နဲ့တဲ့။

ကျွန်တော့်မှာတော့ အဖြစ်အပျက်ဟောင်း အစစ်အမှန်တွေကို လိုက်လံတူးဖေါ်နေရတာ မကုန်နိုင် မစုံနိုင်သေးပါ။

ဘုတလင် တွင်းတောင်နားမှာ ရှေးဟောင်းကြေးခေတ်လက်ရာတွေတွေ့သတဲ့။ ရှေးဟောင်းသုတေသနဆရာလုပ်နေတဲ့ ညီတော်မောင်တယောက်ကို ရန်ကုန်မှာ တွေ့ခဲ့တယ်။

ဘယ်သူတွေကတရားပြပြ တူးဖေါ်ရပါဦးမယ်။ ကျွန်ုပ်သည်ကား ပုထုဇဉ်စစ်စစ် နိုင်ငံရေးလုပ်ခဲ့သူသာဖြစ်တော့သတည်း။

ပုံ = ပုလဲကိုပြန်ရောက်တဲ့နေ့က

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

ဒေါက်တာ

ဆရာ့တော့ ဒေါက်တာတပ်ပေးရှာသား

ဟုတ်တယ်။ ရွေးကောက်ပွဲဝင်လျှောက်လွှာပါအမည်အတိုင်း အရွေးခံရကြောင်းအစိုးရဂေဇက်နဲ့ လုပ်သားပြည်သူ့နေစဉ် သတင်းစာ၊ တရားခံပြေးကြေညာချက်နဲ့ အမည်မည်းစာရင်းကဖျက်တာ အားလုံးမှာ ဒေါက်တာပါတယ်။

ခွန်ဆာတို့ ဗိုလ်ချုပ်မြတို့ကိုတော့ အမည်အမျိုးမျိုး ဂုဏ်ထူးအမျိုးမျိုးပေးတယ်။ ကျွန်တော့်ကိုတော့ ဆေးကျောင်းကပေးတဲ့ ဘွဲ့အတိုင်းသာ။

ကျွန်တော့်ဒေါက်တာက အစစ်။ ဟက်ထရစ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

ဂျက်လက်

ဂျက်လက် ခေါ်တဲ့ လေယာဉ်အကြာကြီးစီး ခရီးသွားရသူတိုင်းဟာ အိပ်ချိန်မတူတာ ခံစားကြရတယ်။ ကျွန်တော် စောစောနိုးနေတယ်။ ခရီးစဉ်အတွင်းမှာ မနက်လင်းတာနဲ့ဖြစ်ဖြစ် ညမအိပ်ခင်ဖြစ်ဖြစ် မေးကြတယ်။

ရန်ကုန်မှာ ဖေဖေ နက်ဖြန် ဘာအပွိုင့်မင့်တွေရှိလဲ။
မန္တလေးမှာ အကိုလေး နက်ဖြန် ဘယ်ကိုသွားချင်လဲ။
မုံရွာမှာ အကိုလေး နက်ဖြန် ဘယ်သူတွေက လာတွေ့ကြမယ်။
ပုလဲမှာ ဆရာ နက်ဖြန် ဘာအစီအစဉ်လုပ်ပေးရမလဲ။

အင်ဒီယာနာပုလစ်မှာ ကနေ့ ငါ ဘာလုပ်စရာရှိသလဲ။ ကိုယ်ဖါသာလုပ်နိုင်တာပြော။ ကျန်းမာရေးမေးခွန်းတွေ ဖြေရမယ်။ စာဖတ်ချိန် ရမလား မသိ။

ပုံ = ဘုတလင်တည်းအိမ်မှာ

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

ကျေ နဲ့ ကြေ - ချင် နှင့် ခြင်

ဘောလုံးပွဲသတင်းမှာ သရေနဲ့ ကျေနပ်လို့ရေးရမှာကို ကြေနပ်လို့ မှားရေးတယ်။

ကျေ နဲ့ ကြေ http://doctortintswe.blogspot.com/2016/12/blog-post_2.html

ကျွန်တော့်ပို့စ်တွေအောက်မှာ စားချင်တယ်၊ လာစေချင်တယ် စသဖြင့်ရေးရမှာကို ခြင်တယ်လို့ မှားရေးနေကြတယ်။

ချင် နှင့် ခြင် http://doctortintswe.blogspot.com/2017/02/blog-post_97.html

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

DVB Debate မှာ ပြောခဲ့ပါတယ်

ကျနော်မြင်တာကတော့ ဒီနေ့နိုင်ငံရေးကိုက အနီနဲ့အစိမ်းမဟုတ်ဘူး။ အဖြူနဲ့ အမည်းပဲ ရှိသေးတယ်။ ဒါကြောင့် လူထုက ဒီနေ့အများစုအနိုင်ရတဲ့ NLD ကို အားမရတာတွေ NLD ပါတီက တာဝန်ပေးတဲ့ ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေကအစ မကျေနပ်တာတွေကို ထောက်ပြကြတယ်။ သို့သော်လည်းပဲ လာမဲ့ရွေးကောက်ပွဲ ဘယ်ခုနစ်ဖြစ်ဖြစ် အဖြူ နဲ့ အမည်း နိုင်ငံရေးအပေါ်မှာရွေးတဲ့ ရွေးကောက်ပွဲဟာ အဖြူ ကပဲများမှာပဲ။ ဒါဟာ ဒီမိုကရေစီ မသိကြလို့တော့ ကျနော်က မယူဆဘူး။ အမည်းနိုင်ငံရေးကို ဒီထက်ထိ ပယ်ချဖို့ လိုတယ်ဆိုတဲ့ အသိနဲ့ NLD ကလူတွေကို မဲပေးကြဦးမယ်။

Black and White အဖြူစာရင်းမှာ နာမည်သွင်းခံရခြင်း http://doctortintswe.blogspot.com/2017/06/black-and-white.html
Black and White အဖြူနဲ့အမည်း လွန်သဲကွဲ http://doctortintswe.blogspot.com/2015/01/black-and-white.html
BLACK မည်းရာက ဘာလို့မမည်းတော့သလဲ http://doctortintswe.blogspot.com/2015/06/black.html
Insecurity အစိုးရပြောင်းပေမယ့် အစိုးမရတွေကမပြောင်း http://doctortintswe.blogspot.com/2016/07/insecurity.html

၂ဝ၁၂ ခုနှစ် သြဂုတ်လထဲမှာ သမတဦးသိန်းစိန်က အမည်းစာရင်းကနေ လူပေါင်း နှစ်ထောင်ကျာ် ပယ်ဖျက်ပေးခဲ့တယ်။ ကျွန်တော့်အမည်က နံပတ် ၇ မှာ။ ကျေးဇူး။ သမတရုံးဝဘ်ဆိုက်မှာ တင်ထားတယ်။

ပြည်သူပြည်သားတွေရဲ့ ဝဘ်ဆိုက်ကနေ အမည်မည်းပယ်ဖျက်စာရင်း ဘယ်တော့ထွက်မလဲ မပြောနိုင်သေးပါ။ ပြောနိုင်အောင် လုပ်ကြရမယ်။

အရက်ဖြစ်ဖြစ် ဆေးလိပ်ဖြစ်ဖြစ် မူးယစ်ဆေးဖြစ်ဖြစ် ကာယကံရှင်က ဖြတ်ချင်စိတ်ရှိမှသာ အောင်မြင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

လူသစ်တွေထင်တယ်

ကွန်မင့်မှာ ပုံတွေ စတစ်ကာတွေ ဗီဒီယိုတွေ လာတင်ကြတယ်။ လူသစ်တွေထင်တယ်။

တချို့ကလည်း အဘတဲ့။ သမီးတဲ့။ သားတဲ့။ တချို့က ဖုန်းဆက်မေးကြတယ်။ အဘစာပိုလည်း အဘလို့ ဆက်ခေါ်ချင်သူဆိုရင်တော့ ဘလော့လိုက်တယ်။

How to greet အဘခေတ် ကျဆုံးပါစေ http://doctortintswe.blogspot.com/2017/08/the-era.html

ခဏခဏ (ခဏခဏ) တင်ပေမဲ့ ကွန်မင့်ကနေမေးနေကြတုန်းပဲ။

Question Discipline မေးနည်းစည်းကမ်း http://doctortintswe.blogspot.com/2017/05/question-discipline.html

တချို့က မေးခွန်းနဲ့အတူ လိင်ပိုင်းဆိုင်ရာပုံတွေ အညစ်အကြေးပုံတွေ ပို့ကြတယ်။

Privacy ပုံပို့ခြင်း စည်းကမ်း http://doctortintswe.blogspot.com/2017/07/privacy.html

တချို့က ဆရာ့စာတွေ မတွေ့တာကြာပြီတဲ့။ ရွာထိပ်ကမန်ကျည်းပင်ကြီးစာ ပို့ရတယ်။

Tamarind tree ရွာထိပ်က မန်ကျည်းပင် http://doctortintswe.blogspot.com/2015/10/tamarind-tree.html

တချို့က သတင်းဖိုင်တွေပို့ကြတယ်။ သတင်းတွေ ခိုင်မာတာ ဘယ်မှာရှာရမလဲ သိပါတယ်။ ပို့တာတချို့က အင်တွေ။

Do Not Send အဲလိုဟာတွေ မရလိုပါပြီ http://doctortintswe.blogspot.com/2018/01/do-not-send.html

တချို့က တရားတွေပို့ကြတယ်။ တရားစစ်မှန်တာလည်း ရှာတတ်ပါတယ်။ သတ်ပုံအမှားတရားတွေ မဝေသင့်ပါ။

Fed Up With Wishes ဆုတောင်းစာတွေ မလာပါစေနဲ့လို့ ဆုတောင်းပါတယ် http://doctortintswe.blogspot.com/2018/04/fed-up-with-wishes.html

Unfriended လူညံ့တွေများတာ စိတ်မကောင်းပါ http://doctortintswe.blogspot.com/2017/05/unfriended.html တော့ မပို့ရတာ နည်းနည်းကြာပြီ။ တော်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

ပတ်ဝန်းကျင်မြင်ကွင်း

ပြည်တွင်းမှာနေစဉ်က မြင်ကွင်း ရာသီဥတုနဲ့ ပတ်ဝန်းကျင်မျိုးတွေ ကျန်ရစ်ခဲ့ပြီ။

နေရာတိုင်းမှာ အလှရှာတတ်ရမယ်။ ခရီးတခေါက်အတွင်း မိုးတဖြောက်ဖြောက်အောက်မှာ ဂမုန်းပင်တွေ စပယ်ပင်တွေ မာလကာပင်တွေ မန်ကျည်းပင်တွေရဲ့အလှကို ရှာခဲ့တယ်။

အခုနေတဲ့နေရာမှာလည်း လှတယ်။ ကိုယ့်တိုင်ပြည်ကအလှက သွေးချင်းနီးလို့ ပိုသဘောကျတယ်။ အဲတာ မျိုးချစ်စိတ် မဟုတ်ပါ။ ရိုးရိုးလေးသာ ခံစားတာ။

ဝေါဟာရတွေနဲ့ ချစ်ပြတာ မမှန်ပါ။ စကားလုံးနိုင်ငံရေး ဆန့်ကျင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်

သီချင်းဆိုတာ ဝါသနာထုံ အသံကုန်ဟစ်နိုင်တဲ့ သူငယ်ချင်းဆရာဝန်တယောက်က အရောက်မှာ ပြည်တော်ဝင်နဲ့ ပြန်ကာနီးတော့ ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ် (အောင်ပင်လယ်) သီချင်းကို သီဆိုခဲ့ပါတယ်။ ကျေးဇူး သူငယ်ချင်း။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

Gas လေမေးခွန်း

လေထရင်ဘယ်လိုလုပ်ရမလဲ အမြဲဖြစ်တယ်ဆရာ အစ်မတွက်ပါ

မေးတဲ့သူရဲ့အမ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဖြစ်နေတာဘယ်လိုလဲ မသိ။ ဘယ်လောက်ကြာ မသိ။

1. Antral Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2015/04/antral-gastritis.html
2. Belching လေတက်ခြင်း https://doctortintswe.blogspot.com/2017/08/belching.html
3. Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer_25.html
4. Gastric cancer အစာအိမ်ကင်ဆာ http://doctortintswe.blogspot.com/2014/11/normal-0-false-false-false-en-us-x-none.html
5. Gastric Juice အစာခြေအရည် http://doctortintswe.blogspot.com/2017/08/gastric-juice.html
6. Gastritis အစာအိမ်ရောင်ခြင်း http://doctortintswe.blogspot.com/2016/05/gastritis.html
7. GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁) https://doctortintswe.blogspot.com/2015/03/heartburn.html
8. GI Tract အစာလမ်းစစ်ဆေးခြင်း https://doctortintswe.blogspot.com/2017/11/gi-tract.html
9. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
10. Medicine for Diseases of Digestive Tract အစာလမ်း လေနာရောဂါဆေးများ http://doctortintswe.blogspot.com/2015/02/gastric-cancer.html
11. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/peptic-ulcer-diagnosis_25.html
12. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်းဖြစ်သည် https://doctortintswe.blogspot.com/2014/11/peptic-ulcer.html

Dr. တင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

Fugitive တရားခံပြေး

ကျွန်တော့်အိမ်ကို ၁၉၉ဝ ခုနှစ် နိုဝင်္ဘာလ ၂၇ ရက်နေ့ညမှာ လာဖမ်းပါတယ်။ လွတ်အောင်ရှောင်ပုန်းနေစဉ် တရက်မှာ အိမ်ကနေ သတင်းစာတစောင်ပို့ပေးတယ်။ သတင်းစာကျောဖုံးမှာ အဲလိုတွေ့တယ်။ တရားခံပြေးတဲ့။

အဲဒီ သတင်းစာဖြတ်ပိုင်းကို ရချင်နေတာ။ စာကြည့်တိုက်ကြီးကြီးတွေမှာ သွားရှာရမလား စဉ်းစားထားတာ။ အလွန်တရာ ကျေးဇူးတင်ပါတယ်။

တရားခံပြေးကြေညာခံရတဲ့ ၃ ယောက်ထဲက ဦးစီမောင်ကတော့ ပြည်တွင်းမှာ ပုန်းရှောင်နေစဉ် ငှက်ဖျားရောဂါနဲ့ ကွယ်လွန်တယ်လို့ ကြားရတယ်။ ဦးသန်းကြွယ်ကတော့ ထိုင်းနယ်စပ် မာနယ်ပလောအထိရောက်ရှိပြီး သူနဲ့အတူ တခြား ၂ ယောက် ညွန့်ပေါင်းအစိုးရထဲ ပါပေမဲ့ ရက်ပိုင်းအတွင်း ပြည်တွင်းပြန်ဝင်တယ်။ အဲဒီသတင်းကြောင့် အိန္ဒိယမှာ ရောက်နေတဲ့ ကျွန်တော့်အတွက် ထိုင်းနယ်စပ်ကို အရောက်သွားဖို့ရာ အတော်ကိုနှောင့်နှေးစေခဲ့ပါတယ်။

• လမ်းလျှောက်ရင်းပြေး တရားခံပြေး၊
• မတ်တပ်ရပ်ရင်းပြေး ဒို့အရေး ဒို့အရေး၊
• ထိုင်နေရင်းလည်းပြေး အနာဂတ်ရေး၊
• ပြေးနေရင်းလည်းမပြေး တိုင်းရေးပြည်ရေး၊
• အိပ်နေရင်းလည်းပြေး သံသရာအရေး။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

Melasma တင်းတိပ်

ဆရာရှင့် မေးပါရစေ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

အသက်က ၃၆ပါ မျက်နှာမှာတင်းတိတ်အကွက်လေးဖြစ်လာလို့ သံပုရာရည်၁၀ရက်လောက်ပွတ်တာ ပျောက်မသွားဘဲ အမဲကွက်ပေါ်မှာ အဖြူ  ကွက်ကလေးတွေဖြစ်လာလို့ပါ ရှင်.့ ပျောက်သွားအောင် မည်သို့ပြုလုပ်ရမည်ကိုညွှန်ကြားပေးပါရှင့်

ကျား-မ မသိ။ အမျိုးသမီးဖြစ်နေရင် သိလိုတာတွေ ရှိသေး။ မပြောလည်းရ။ ဘလော့မှာဖတ်နိုင်။

မိန်းခလေးပါ

ဘလော့မှာဖတ်နိုင်။

Age Spots အသက် နဲ့ အစက် https://doctortintswe.blogspot.com/2017/04/age-spots.html
Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://doctortintswe.blogspot.com/2017/02/beauty-product-dangers.html?view=magazine
Facial skin care မျက်နှာ https://doctortintswe.blogspot.com/2017/03/facial-skin-care.html
Mask of pregnancy ကိုယ်ဝန်ဆောင်နဲ့ တင်းတိပ် https://doctortintswe.blogspot.com/2014/12/mask-of-pregnancy.html
Melasma တင်းတိပ် https://doctortintswe.blogspot.com/2015/03/melasma.html
Moles မှဲ့ (၂) https://doctortintswe.blogspot.com/2015/01/moles_18.html
Moles မှဲ့ https://doctortintswe.blogspot.com/2017/07/moles.html
Red Moles မှဲ့နီ https://doctortintswe.blogspot.com/2014/12/red-moles.html
Skin Pigmentation မျက်နှာမည်းတာ ဘာလုပ်နိုင်သလဲ https://doctortintswe.blogspot.com/2014/11/skin-pigmentation.html
Skin Problems အရေပြားမှာ အဖြစ်များတာတွေ https://doctortintswe.blogspot.com/2014/11/skin-problems.html
Your Face မျက်နှာ http://doctortintswe.blogspot.com/2018/01/your-face.html?view=magazine

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈


Read more...

Friday, January 22, 2016

This Blog becomes alive again now!

ဒီဘလော့ခ်ကို ယူအက်စ်ကိုရွေ့ပြောင်းနေရကတည်းက အီးမေးလ်လိပ်စာကိုဝင်မရတော့လို့ သေသလိုဖြစ်သွားခဲ့ပါတယ်။ တင်ပြီးသားတွေလည်း ပြင်မရ၊ အသစ်လည်းထပ်တင်လို့မရဖြစ်သွားရလို့ ဘလော့ခ်အသစ်တခု ထပ်ရေးရပြန်တယ်။ အဲလိုဖြစ်တာတွေ အကြိမ်ပေါင်း မနည်းလှပါ။ 

အခုတော့ အရင်အီးမေးလ်ရော ဒီဘလော့ခ်ပါ အသက်ပြန်ဝင်လာကြပါပြီ။ ဘလော့ခ်အဟောင်းထဲက ပြင်စရာတွေလိုက်ပြင်ဘို့ အလုပ်လည်းပိုလာပြန်တယ်။ မောအုန်းမယ်။ အချိန်ကနည်းလွန်းလှတယ်။ ကူမယ့်သူလည်းမရှိ။ မတတ်နိုင်ပါ။ နိုင်သလောက်တော့လုပ်မယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၆
And here is the rest of it
Read more...

Sunday, August 31, 2014

My new Website

Medical Writings ကျန်းမာရေးနှင့်ဆေးပညာစာတွေကို ဒီ 'ဝဘ်ဆိုက်' ထဲမှာဖတ်နိုင်ပါပြီ။
ဖတ်လိုတာကို ရှာဖွေအင်ဂျင်မှာ ရှာနိုင်ပါတယ်။
ဖြည့်စရာတွေကို အချိန်ရသမျှဖြည့်နေသေးလို့ မစုံသေးပါ။ စာပုဒ်ရေထောင်ကျော်ပါမယ်။

http://health.myanmarenduser.com/

ဒေါက်တာတင့်ဆွေ

Read more...

Wednesday, August 6, 2014

Royal physicians မတူကြသောဆရာဝန်များ

• ဗြိတိန်မှာရှိတဲ့ Royal College of Physicians က နာမည်ကြီးတယ်။ အဲဒီကဘွဲ့ရ ဆရာဝန်တွေကို ‘တော်ဝင်သမားတော်’ လို့ ခေါ်တယ်။
• မြန်မာပြည်မှာ ဒုသမ္မ္မတတဦးက ဆရာဝန်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကိုယှဉ်အရွေးခံခဲ့သူကလဲ ဆရာဝန်။
• စောစောကဘဲ ပြည်ခိုင်ဖြိုးမှာအလုပ်ရနေတဲ့ ဆရာဝန်(မ) တဦးက ရေမသန့်ရှင်းတဲ့ပြဿနာနဲ့ အဲဒီနယ်က အရွေးခံရတဲ့ ပြည်ခိုင်ဖြိုးမဟုတ်တဲ့ အမတ်ဆရာဝန်(မ) တဦးကို ဆက်စပ်ရေးထားတာကို ဖတ်လိုက်ရတယ်။
• ၁၉၉ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာ NLD ကနေနိုင်ခဲ့တဲ့ ဆရာဝန်အရေအတွက် မနည်းပါ။
• ဒီလို ကောက်ချက်ချရမလား မသိပါ။ မြန်မာပြည်က ဆရာဝန်တွေဟာ ရောဂါကိုကုတာတော့ တူချင်တူကြမယ်၊ နိုင်ငံရေးမှာတော့ ပြည်ခိုင်ဖြိုးကဖြစ်မှသာ ‘တော်ဝင်ဘွဲ့’ ရကြတယ်။ ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၄
Read more...

Top 10 Medical Expenses ဆေးကုသစရိတ် အကြီးဆုံး (၁ဝ) ခု

အမေရိကမှာ
၁။ Heart Conditions နှလုံးရောဂါများ = ၁ဝ၇့၂ ဘီလီယန်
နှလုံးရောဂါ ၃ ယောက်မယ် ၁ ယောက်လောက် ရှိတယ်။ ဆေးကုသမှုမှာလဲ ဈေးအကြီးဆုံးဖြစ်တယ်။ ကိုယ်အလေးချိန် ထိန်းပါ။ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ မကောင်းတဲ့ ကိုလက်စထော (အဆီ) များတဲ့အစာ ရှောင်ပါ။ ဆေးလိပ်မသောက်ပါနဲ့။
၂။ Injuries ထိခိုက်ဒဏ်ရာ = ၈၂့၃ ဘီလီယန်
တနှစ်ကို လူပေါင်း ၄၅ သန်းထိခိုက်ဒဏ်ရာတွေရနေကြတယ်။ ယာဉ်ထိခိုက်မှုက အများဆုံးဖြစ်တယ်။ မူးရင် ကားမမောင်းနဲ့။ ထိုင်ခုံခါးပတ်သုံးပါ။ ဟဲလ်မက်ဆောင်းပါ။ လမ်းတွေကောင်းပါစေ။ မလိုအပ်ဘဲလမ်း-ခရီးမသွားပါနဲ့။
၃။ Cancer ကင်ဆာ = ၈၁့၇ ဘီလီယန်
လူပေါင်း ၁၃့၆ သန်း ကင်ဆာရောဂါရှိနေကြတယ်။ သေနှုန်းတော့ကျလာပါတယ်။ ဆေးလိပ်မသောက်ပါနဲ့။ အရက် လျှော့သောက်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရွေးစားပါ။ ဆေးစစ်တာ စနစ်တကျလုပ်နေပါ။
၎။ Mental Disorders စိတ်ရောဂါများ = ၇၃ ဘီလီယန်
လူ ၄ ယောက်မှာ ၁ ယောက် စိတ်ဝေဒနာ တမျိုးမျိုးရှိနေကြတယ်။ ဥပမာ စိတ်ဓါတ်ကျတာ။
၎။ COPD and Asthma နာတာရှည်အသက်ရှူလမ်းရောဂါနဲ့ ပန်းနာ = ၆၃့၈ ဘီလီယန်
လေထုသန့်ရှင်းအောင်ကြိုးစားပါ။ လုပ်ငန်းခွင်ကျန်းမာရေးသတိပြုပါ။ ဆေးလိပ်မသောက်ပါနဲ့။
၆။ Joint Disorders အဆစ်တာရောဂါများ = ၆၂့၎ ဘီလီယန်
အသက်ရလာလေအဖြစ်များလေ။ ဥပမာ Osteoarthritis အဆစ်နာရောဂါ။ ကိုယ်အလေးချိန် မများစေပါနဲ့။ ကယ်လ်စီယမ် သောက်ပါ။
၇။ Diabetes ဆီးချု = ၅၁့၃ ဘီလီယန်
လူ ၄ ယောက်မှာ ၁ ယောက်နီးပါးရှိတယ်။ နှလုံးနဲ့ ကျောက်ကပ်ကိုဆက်ဖြစ်လာနိုင်တယ်။ မျက်စိနဲ့ အာရုံကြောတွေ ထိခိုက်လာနိုင်တယ်။ ဆီးချုရောဂါသည်တွေ စားရမဲ့ အစားအသောက်ကိုသာ တသက်လုံးစားသုံးပါ။ ဆီးချိုစစ်ပါ။ ဆေးကုသမှု စနစ်တကျ ခံယူနေပါ။ ပျောက်တယ်ဆိုတိုင်း မယုံပါနဲ့။
၈။ High Blood Pressure သွေးတိုး = ၄၂့၉ ဘီလီယန်
နှလုံးရောဂါနဲ့ လေဖြတ်တာဆက်ဖြစ်လာနိုင်တယ်။ ဆားလျှော့စားပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ဆေးလိပ် မသောက်ပါနဲ့။ အရက်လျှော့သောက်ပါ။ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။ ဆေးကုသမှု နေ့တိုင်းလုပ်ပါ။
၉။ Back Problems ခါးရောဂါ = ၃၉့၃ ဘီလီယန်
ခါးကိုစနစ်ကျေသုံးတတ်ပါစေ။ ကျန်းမာရေးပညာပေးကို အလေးအနက်ထားပါ။ အိပ်-ထိုင်-ရပ်-သွား ဘယ်လို လုပ်ရမယ်ဆိုတာ လိုက်နာပါ။
၁ဝ။ High Cholesterol ကိုလက်စထောများခြင်း = ၃၇့၂ ဘီလီယန်
ဆီ၊ အဆီ သတိထားသုံးပါ။ ဆေး (သွေး) စစ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆိုင်စာတွေရှောင်နိုင်သမျှရှောင်ပါ။ အလွယ်ဝယ်စားရတာတွေက မသင့်တာများတယ်။

(၁ဝ) မျိုးရဲ့နောက်မှာကပ်လိုက်လာတာက ၁၁ = ကလေးမီးဖွးခြင်းဖြစ်တယ်။ ၃၄့၉ ဘီလီယန်
အမေရိကမှာ တနှစ်ကို ကလေးပေါင်း ၄့၂ သန်းမွေးနေတယ်။ ခွဲမွေးရင် ပိုက်ဆံပိုကုန်တယ်။ လူပျိုကြီး-အပျိုကြီး လုပ်ဘို့တော့ မတိုက်တွန်းပါ။ ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်အောင် ဂရုပြုပါ။ မလိုအပ်ဘဲခွဲမမွေးပါနဲ့။

ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၄

Read more...

Gilead offers new hepatitis C drug at 99 percent discount

• အသည်းရောင် (စီ) ပိုးကိုကုသပေးနေတဲ့ဆေးကို ဆေးဝါးထုတ်လုပ်တဲ့ အမေရိကန် Gilead Sciences ကုပ္မဏီကနေ အမေရိကမှာရောင်းနေတဲ့ဈေးနှုန်ထက် ၉၉% နည်းတဲ့တန်ဘိုးနဲ့ရောင်းဘို့ အီဂျစ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကမ်းလှမ်းလိုက်ပါတယ်။
• ဆေးနာမည်ကို Sovaldi ဆိုဗယ်လ်ဒီ လို့ခေါ်ပါတယ်။ မူရင်းဈေးနှုန်းက ၁၂ ပါတ်စာအတွက် အမေရိကန်ဒေါ်လာ ၈၄ဝဝဝ ဖြစ်ပါတယ်။
• အီဂျစ်မှာ အသည်းရောင် (စီ) ဖြစ်နေတာ အများဆုံးဖြစ်တယ်။ အီဂျစ်ကျန်းမာရေးဝန်ကြီးက ဆေးတလစာ အတွက် ဒေါ်လာ ၃ဝဝ နဲ့ဆေးဆစ်ပါတယ်။ ဆေးကို ၁၂ ပါတ်ပေးရတာဖြစ်လို့ လူနာတယောက်က ဒေါ်လာ ၉ဝဝ ကုန်ပါမယ်။
• Hepatitis C (HCV) (စီ) ပိုးဟာ HIV လိုဘဲ သွေးနဲ့ ဆေးထိုးအပ်ကနေကူးစက်တာများပါတယ်။
• WHO ခန့်မှန်းချက်အရ ကမ္ဘာမှာ (စီ) ပိုးကူးစက်ခံထားရသူပေါင်း သန်း ၁၅ဝ ကျော်ရှိပါတယ်။ နာတာရှည်ကနေ အသည်းခြောက်တာနဲ့ အသည်းကင်ဆာဖြစ်လာနိုင်ပါတယ်။
• တခြား ဆေးကုပ္မဏီတွေဖြစ်ကြတဲ့ Johnson & Johnson, AbbVie, Bristol-Myers Squibb and Merck & Co တို့ကလဲဆေးထုတ်လုပ်နေတာ အောင်မြင်မှုတွေရနေကြပါတယ်။
• Sovaldi ဆေးကို ၂ဝဝ၇ မှာ ဒေါ်လာ ၉့၁ ဘီလီယန်ဘိုးရောင်းချခဲ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄

Read more...

Secret serum working on Ebola-infected Americans

• ‘အီဗိုလာ ဗိုင်းရပ်စ်’ ကူးစက်ခံထားရတဲ့အမေရိကန်ဆရာဝန်ကို လှို့ဝှက် ‘စီရမ်’ နဲ့ကုသပေး
• အများအာဖြင့် အမေရိကန်ဆေးကုပ္မဏီကြီးတွေကနေ ဆင်းရဲတဲ့တိုင်းပြည်က ရောဂါတွေကို ကုသနိုင်တဲ့ ဆေးဝါးမျိုးတွေကို မထုတ်လုပ်ကြလို့ ဝေဖန်ခံရပါတယ်။
• ဒါပေမဲ့ လူသိမများလှတဲ့ အမေရိကန်ဆေးကုပ္မဏီတခုကနေ ထုတ်လုပ်ထားတဲ့ဆေးနဲ့ ‘လိုက်ဘေးရီးယား’ မှာ ‘ဆမာရီတန် ပါ့စ်’ စေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲ့နဲ့အတူလုပ်ပေးနေကြရင်း ‘အီဗိုလာဗိုင်းရပ်စ်’ ပိုးကူးစက်လို့ အမေရိကန်ပြည်ထောင်စု ‘အတ်တလန်တာ’ မြို့ကို ပြန်ခေါ်လာရတဲ့ဆရာဝန်တွေကို ကုသပေးနေတာ ထိရောက်မှုတွေ တွေ့နေရပါပြီ။
• ဒေါက်တာ ‘ကင့် ဘရန်တလေ’ နဲ့ ‘နန်စီ ရိုက်ဘောလ်’ တို့ကိုထိုးပေးတဲ့ အဲဒီဆေးက ထိပ်တန်းလှို့ဝှက်အဆင့် မှာသာ ရှိသေးတာပါ။
• ဆေးနာမည်က ZMapp ဖြစ်ပါတယ်။ ‘စန်ဒီယာဂို’ မှာရှိတဲ့ ‘မက်ပ် ဘိုင်အိုဖါမာစူတီကယ် အိုင်အင်စီ’ ကနေ ထုတ်လုပ်ထားထားတာဖြစ်ပြီး၊ အရင်က လူတွေမစမ်းရသေးတဲ့ဘဲ မျောက် ၄ ကောင်ကိုသာ စမ်းရပါသေးတယ်။
• အမေရိကန် FDA ကအသိအမှတ်မပြုရသေးပါ။ အဲလိုအတန်းအစားဆေးကို Compassionate use regulation စေတနာသုံးလို့ ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄

Read more...

Aspirin significantly cuts cancer rates ‘အက်စ်ပရင်’ ဆေးကနေ ကင်ဆာသေနှုန်းနည်းစေတယ်

• အကိုက်အခဲ-ပျောက်ဆေး၊ အဖျားကျဆေး၊ သွေးကျဲဆေးအနေနဲ့သုံးနေတဲ့ ‘အက်စပရင်’ ကို နေ့စဉ်သောက်ရင် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာမြိုပြွန်ကင်ဆာကြောင့် သေဆုံးရတာကိုနည်းစေတယ်လို့ သိလာရတယ်။
• ဒီလိုအဖြေထွက်အောင် Queen Mary University of London ကွင်း မေရီ လန်ဒန်တက္က္ကသိုလ်မှာ သုတေသန လုပ်ခဲ့တာပါ။ ၁ဝ နှစ်ကြာလေ့လာခဲ့ပါတယ်။ အူမကြီးကင်ဆာသေနှုန်း ၄ဝ% ကနေ ၃၅% အထိ ကျဆင်းတယ်။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာမြိုပြွန်ကင်ဆာကြောင့် ဖြစ်နှုန်း ၃ဝ% နဲ့၊ သေနှုန်း ၅ဝ% ကနေ ၃၅% နည်းစေတယ်။
• ပါမောက္ခ ‘ဂျက် ကူဇစ်’ ပြောတာက တနေ့မှာ ‘အက်စပရင်’ ဆေးပြား 75 ကနေ 100 milligrams ကို ၅-၁ဝ နှစ် သောက်ရမယ်လို့ ဆိုပါတယ်။ လူနာတွေရဲ့ အသက်က ၅ဝ ကနေ ၆၅ နှစ်ရှိသူတွေဖြစ်ကြပါတယ်။ ဆေးသောက်ကာစ ၃ နှစ်အထိတော့ ထူးခြားတာမတွေ့ရပါ။
• သတိထားရမှာက ‘အက်စပရင်’ ကိုရေရှည်ပေးသူတွေမှာ အစာအိမ်သွေးယိုတာဖြစ်လာနိုင်တယ်။ အသက် ၆ဝ အရွယ်တွေမှာ အဲလိုဖြစ်တာ ၂့၂ ကနေ ၃% ပိုတာတွေ့ရတယ်။
• ကင်ဆာသာမကာ ‘ဆထုခ်’ ခေါ်တဲ့ ဦးနှောက်သွေးကြောရောဂါနဲ့ နှလုံးရောဂါတွေကိုလဲ ၁ဝ နှစ်သောက်နေရင် ယောက်ျားတွေမှာ ၉% နဲ့ အမျိုးသမီးတွေမှာ ၇% သေနှုန်းနည်းစေတာလဲ တွေ့သိလာရပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄

Read more...

Sunday, May 25, 2014

DNA test for HIV infection

• စမ်းသပ်နေကြနည်းထက် စောပြီး သိမယ်။ • ပိုးကသွေးထဲဝင်လာတာနဲ့ ‘အင်တီဘော်ဒီ’ တွေ စထုတ်မယ်။ ဒါပေမဲ့ ဒီ ‘အင်တီဘော်ဒီ’ တွေက ပိုးကိုခံမချနိုင်ဘူး။ ရောဂါရှာဖွေရေးအတွက်သာ အသုံးဝင်သလိုဖြစ်နေတယ်။ • HIV antibody test ‘အင်တီဘော်ဒီ’ စမ်းနည်းကို ELISA or EIA နည်းလို့ခေါ်တယ်။ စံချိန်ကိုက်စမ်းနည်း ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကို လိုက်ရှာတာ မဟုတ်ပါ။ • DNA test နည်းကို NAAT = Nucleic acid amplification testing လို့ခေါ်တယ်။ ပိုးကိုလိုက်စမ်းတဲ့နည်း ဖြစ်တယ်။ အင်တီဘော်ဒီနည်းထက် စောသိမယ်။ ART ဆေးပေးနေသူတွေကို စောင်ကြည့်ရာမှလုပ်ရတဲ့ Viral load test နည်းနဲ့ ဆင်တယ်။ • အားနည်းချက်တွေရှိတယ်။ သိပ်အထိမခံသလိုဖြစ်လို့ မှားပြီးအပေါင်းပြတတ်တယ်။ ဒါကြောင့် ဒီနည်းမှာ အပေါင်းပြသူတိုင်းကို စံချိန်ကိုက်စမ်းနည်းဆက်လုပ်ရမယ်။ နေရာတိုင်းမှာ DNA test စမ်းနည်းမလုပ်ပါ။ • ပိုးဝင်ပြီး ၆ ရက် ကနေစပြီး စမ်းနိုင်ပြီ။ ၂၁ ရက်မှာစမ်းတာ ပိုသင့်တယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။ • ၁ဝဝ% တိကျတယ်လို့တော့ ပြောမရပါ။ ဒေါက်တာတင့်ဆွေ
Read more...

Leprosy Prevention အနာကြီးရောဂါကာကွယ်ရေး

Facebook 25-5-2014 6 hours ago: ဆရာ အနာကြီးရောဂါဝေသနာခံစားနေရတဲ့သူနဲ့ အတူတူနေ နေရပါတယ်။ မကူးစက်အောင် ဘယ်လိုကာကွယ် ရမလဲဗျ။ ဘယ်လိုဂရုစိုက်သင့်လဲဗျ။ ပြန်ဖြေကြားစေလိုပါသည်။ • ရောဂါရှိနေမှန် စောစောသိပြီး ဆေးကုသမှု စနစ်တကျခံယူရမယ်။ တချိန်တည်းမှာ သူများကို မကူးစက်အောင်ဆင်ခြင်နေရမယ်။ • လူအများကို ရောဂါအကြောင်း၊ ကူးစက်နည်းတွေကို သိစေအောင် ပညာပေးရမယ်။ • တအိမ်တဲအတူနေရသူတွေကို စောင့်ကြည့်နေရမယ်။ ရောဂါလက္ခဏာတွေကို ကြည့်နေရမယ်။ • Rifampicin ဆေးတမျိုးထဲကို ကာကွယ်တဲ့အနေနဲ့ ပေးရင် ပဌမ ၂ နှစ်အတွင်းမှာ ၅၇% ကူးစက်မှုသက်သာတာ တွေ့ရတယ်။ ဒီနည်းကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသေးပါ။ ကာကွယ်ဆေးလဲ အများသုံးမပေါ်သေးပါ။ • တီဘီကာကွယ်ဆေးဖြစ်တဲ့ BCG vaccine ကိုသုံးတာ လေ့လာမှုတွေမှာ ၂၆-၄၁% ကောင်းတာတွေ့ရတယ်။ ဒေါက်တာတင့်ဆွေ
Read more...

Thrush (Oral candidiasis) မှက္ခရုနာ

နို့တိုက်အရွယ် ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရ ခက်တယ်။ Moniliasis လို့လဲ ခေါ်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ Gentian Violet ဆေးပြာ လိမ်းပေးလို့ ရတယ်။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ Fungus ရောဂါတွေကို Mycosis လို့လဲ ခေါ်ပြန်တယ်။ မှို အမျိုးအစားတွေ အများကြီးဘဲ။ ခန္ဓာကိုယ်အပြင်မှာ နေရာကနေ ကိုယ်ထဲ ဝင်လာမယ်။ ပူလောင် စိုစွပ်ရာ နေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြား အရေး-အကြောင်း ရှိရာတွေမှာ ဖြစ်တတ်တယ်။ အတွင်းခံဝတ်တဲ့ နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာ ဖြစ်ရင် ကြာကြာကုရတယ်။ ကင်ဆာဆေး၊ စတီရွိုက်ဆေး၊ ပဋိဇီဝဆေး ပေးနေရင်း မှိုရောဂါ ဖြစ်တတ်တယ်။ ဘက်တီးရီးယားပိုး ဝင်နေတဲ့ အခါမျိုးမှာ စတီရွိုက်ပါတဲ့ မျက်စဉ်း ခတ်မိရင် မှိုရောဂါ နောက်ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက် စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁ဝ-၁၄ ရက် ပေးတယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာ လာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။ အောက် ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ-ဆား ခမ်းခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုး အောက်က နာမယ်။ မှိုက သွေးထဲ ရောက်ရာကနေ အထဲအင်္ဂါတွေမှာ ရောဂါရစေနိုင်တယ်။ မျက်နှာ၊ နား-နှာခေါင်း-လည်ချောင်း၊ ဦးနှောက်၊ နှလုံးသား၊ ဆိုးဝါးတဲ့ မှိုရောဂါကို ဆေးအပြင်းတွေပေး၊ ဆေးရုံတက် ကုရတာမို့ ဆေးနည်းတွေ မရေးတော့ပါ။ (၄၅%) အသက် အန္ကရာယ် ထိခိုက်နိုင်တယ်။ ဒေါက်တာတင့်ဆွေ
Read more...

Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း

အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်းရှိပါတယ်။ ရန်ကုန်မှာနေတုန်းက ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်း ဖြစ်သည်။ အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျှင် ၄-၆ ကြိမ်သောက်ရသည်။ အိပ်ချင်မည်။ အိပ်ပျော်နေမည်။ ဒေါက်တာတင့်ဆွေ
Read more...

Hepatitis C viral load စီပိုး ဗိုင်ရယ် လုဒ်

Viral Load မရှိတော့တဲ့လူတွေဆီမှသွေးနဲ့ထိရင် ကူးနိုင်ပါသလား။ Hepatitis C viral load ကို ဒီအတွက်သုံးပါတယ်။ 1. Diagnose hepatitis C စီပိုးရှိနေတာသေချာအောင်၊ 2. Predict the chances of a successful hepatitis C treatment စီပိုးဆေးပေးရင် ရနိုင်တဲ့ အောင်မြင်မှု အလားအလာ၊ 3. See how well treatment for hepatitis C is working ဆေးကုသမှုရဲ့ သက်ရောက်မှု။ ဒါပေမဲ့ ကူးစက်မှု ဆိုးနေ-မနေကို မသိနိုင်ပါ။ ရောဂါ ဆိုး-မဆိုး မသိနိုင်ပါ။ Hepatitis C viral load number ဂဏန်းတွေကို တိတိကျကျသိရတာထက် များလာတယ်၊ နည်းလာတယ်ဆိုတဲ့ နှိုင်းယှဉ်ချက်ကသာ အရေးပါတယ်။ Hepatitis C viral load is approximately 1 million IU/mL (2 million RNA copies/mL) အမှတ်နဲ့ ပြောနိုင်တယ်။ Chronic hepatitis C စီပိုးကြောင့် နာတာရှည် အသဲရောင်နေသူတွေမှာ အများအားဖြင့် 100,000 နဲ့ 10,000,000 RNA copies/mL ကြားမှာရှိနေမယ်။ တနည်းအားဖြင့် 50,000 to 5 million IU/mL ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ
Read more...

Saturday, May 24, 2014

Constipation (2) ဝမ်းချုပ်ခြင်း (၂)

အကောင်းဆုံးနည်းကတော့ ဖိုက်ဘာ ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber ဖိုက်ဘာ ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာများတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။

Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး
Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။

Emollient laxatives ဝမ်းပျော့်ဆေး
Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စိတွေမှာ လာစုနေမယ်။

Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုပ်ဆေး
ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose) လက်ကျုလို့စ်၊ Sorbitol ဆော်ဘီတော နဲ့ Polyethylene glycol (MiraLax) ပေါ်လီအက်သလင်း ဂလိုင်ကောလ် တွေဖြစ်တယ်။ တာရှည်သုံးနိုင်တယ်။ ဗက်တီးရီားးတွေကြောင့် လေပွနိုင်တယ်။

Saline laxatives ဆာရည်ဝမ်းနုပ်ဆေး
Magnesium hydroxide, Sulfate, Sodium phosphate နဲ့ citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။

Stimulant laxatives စတီမျူလင့် ဝမ်းနုပ်ဆေး
အးကကြွက်သားတွေကို ပျော့ပေးတယ်။ ဝမ်းထဲ ရေများစေမယ်။

Cascara (castor oil) ဝကက်ဆးတီ၊ Senna ပွေးကိုင်း၊ Aloe တွေသုံးတယ်။ ပြင်းလို့ ဝမ်းသွားတာများမယ်။ ပိုတက်ဆီယမ် နည်းမှာသတိထားရမယ်။ ရေရှည်မသုံးသင့်ဘူး။ Bisacodyl (Dulcolax, Correctol) ဆေးဖြစ်တယ်။

Enemas ဝမ်းခြူခြင်း
Phosphate enemas (Fleet phosphosoda) ဖေါ့စ်ဖတ်၊ Mineral oil enemas ဆီ နဲ့ Emollient enemas (Colace Microenema) အီမိုးလီယင့်တွေဖြစ်တယ်။ ဝမ်းကမာနေပြီးဆို့နေတာမျိုးသုံးသင့်တယ်။ ခဏခဏမသုံးသင့်ပါ။

Suppositories ဝမ်းခြူတောင့်
Bisacodyl (Dulcolax) နဲ့ Glycerin suppositories တွေသုံးတယ်။

Combination products တွဲဖက်ဆေး
ပွေးကိုင်းနဲ့ရောထားတဲ့ senna and psyllium (Perdiem)၊ senna and docusate (Senokot-S) နဲ့ senna and glycerin (Fletcher's Castoria) တွေဖြစ်တယ်။ Casanthranol, Docusate, and glycerin (Sof-lax Overnight) က ၃ မျိုးရောထားတာဖြစ်တယ်။ ရေရှည်မသုံးသင့်ဘူး။

ဆေးလက်မှတ်နဲ့သာဝယ်ရတာတွေ
• Tegaserod (Zelnorm)
• Lubiprostone (Amitiza)
• Linaclotide (Linzess)

Miscellaneous drugs တခြားဝမ်းနုပ်ဆေးတွေ
• Colchicine
• Misoprostol (Cytotec)
• Orlistat (Xenical)

ဒေါက်တာတင့်ဆွေ

Read more...

Folic acid ဖေါလစ်-အက်စစ်

• Folic acid (ဖေါလစ်-အက်စစ်) ဆိုတာဗီတာမင် ဘီအုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacinနဲ့ Folate လို့လဲခေါ်တယ်။
• (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။
• Allergic diseases (အလာဂျီ) အတွက်လဲ သုံးတယ်။
• Depression စိတ်ကျနေသူတွေကိုလဲပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ Memory and mental agility သတိမေ့တတ်သူတွေကိုလဲပေးတယ်။
• Fertility ကလေးမရနိုင်တဲ့အတွဲတွေ ယောက်ျားရော မိန်းမကိုပါ ပေးမယ်။
• Folate-deficiency anaemia (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ Iron-deficiency anemia သံဓါတ်နည်း သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာမောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာမကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။
• မွေးရာပါ အင်္ဂါချို့ယွင်းခြင်းကိုလည်းနည်းစေသည်။
• အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ Type 2 Diabetes ဆီးချိုကိုလဲ ပေးတယ်။
• Menopause သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။
• Renal disease ကျောက်ကပ်ရောဂါ၊ Bone health အရိုးရောဂါ၊ Rheumatoid arthritis လေးဘက်နာသူတွေကိုလဲ ပေးတယ်။
• လူတွေမှာသွေးနီဥနဲ့ DNA ခေါ်တဲ့ မျိုးဗီဇတည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲအသုံးဝင်တယ်။
• ယေဘုယျဆိုရင် တနေ့မှာ 0.5-1.0 mg/daily စားဆေး-ထိုးဆေးအဖြစ်ပေးတယ်။
• သွေးနီဥ နဲ့ DNA ခေါ်တဲ့ မျိုးဗီဇ တည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း Folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ မွေးပြီး ကလေး နို့တိုက်ချိန် ဆိုပါစို့ ၆ လအထိ သောက်သင့်တယ်။ အထဲကကလေးမှာ NTD ဆိုတာရှိနေတာကို ဆရာဝန်က သိရင် ဆေးကိုများများပေးလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU) နဲ့ လူကြီးတွေ 400 (UL) လိုနိုင်တယ်။ ဖေါလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် ၃ လကတည်းကနေစသောက်သင့်တယ်။ တနေ့မှာ 400 micrograms သောက်ပါ။ တကယ်လို့ သင့်မိသားစုထဲမှာ မွေးရာပါချို့ယွင်းချက်နဲ့ မွေးဘူးတဲ့ရာဇဝင်ရှိနေရင် 4000 micrograms အထိပေးနိုင်တယ်။

အားနည်ချက်တွေလဲသိဘို့လိုတယ်။ Folic acid ဆေးပေးလို့ B12 deficiency ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic acid ဆေးပေးတာများရင် antimalarial treatments ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid supplementation အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။

ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ပါနေတယ်။ လိမ်မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg ပါတယ်။ အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။ သတိထားဘို့ကအစာထဲက (ဖေါလစ်-အက်စစ်) ကိုမပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။

"အသီးအရွက် စားတာကနေ ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်" လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ (ဖေါလစ်-အက်စစ်) က ရင်သား-ကင်ဆာ နဲ့ အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။

Dr. တင့်ဆွေ

Read more...

Acne vulgaris ဆိုးတဲ့ ဝက်ခြံ

ကျမက မြန်မာပြည့့် တိုင့်း့ မြို့တွင်နေထိုင်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင် မရှိသူတစ်ဦး ဖြစ်ပါသည်။ ယခင် ၁ နှစ်ခန့်က ပါးပြင် အောက်တွင် ဝက်ခြံကဲ့သို့ အသီးများတက်ပြီး မျက်နှာတပြင် လုံးနီးပါးဖြစ်ပါသည်။ မညှစ်လျှင် မထွက်ဘဲ အဆီအခဲသဖွယ် အလုံးများရှိနေပြီး ညှစ်လိုက်မှ အဆံအခဲအမာအလုံးလေးများ ထွက်သည်။ ဆေးခန်းများတွင် ပြကြည့်သော်လည်း မသက်သာပါ။ မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဆရာမှပြောပြ ပေးပါရှင့်။

(၁) Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများနဲ့ (၂) Acne ဝက်ခြံ ရောင်စုံ ထဲမှာပါတာကို အရင် လုပ်ကြည့်ပါ။ Doxycycline ကြာကြာသောက်ပါ။ (စာထဲမှာပါတယ်။) အလှအပအသုံးအဆောင် သဘာဝ (သနပ်ခါး) ကလွဲရင် မသင့်ပါ။ မျက်နှာ တနေ့ ၂ ကြိမ်သစ်ပါ။ ရာသီမှန်-မှန် မသိရပါ။ စိတ်ဖိအားနဲ့ ဟော်မုန်း (ရာသီ၊ ကိုယ်ဝန်) တွေကနေ သက်ရောက်စေနိုင်တယ်။ (အိမ်ထောင်မရှိလို့ရေးထားတာ တွေ့ပါတယ်။ ဆောရီး) စိတ်ပျော်ရွှင် ပေါ့ပါးအောင် ကြိုးစားပါ။ ဗီတာမင် စီ ၅ဝဝ နေ့တိုင်းသောက်ပါ။

Acne vulgaris ဆိုးတဲ့ ဝက်ခြံခေါ်တယ်။ အဖြစ်များတယ်။ ခေါင်းဖြူ-ခေါင်းမဲ ဝက်ခြံမှာဖြစ်တာတွေ အကုန်ဖြစ်တယ်။ ဒါ့အပြင် အဆီပြန်မယ်။ အဖုအသီးထမယ်။ အမာရွတ်ထင်မယ်။ အရောင်ရင့်နေမယ်။ မျက်နှာသာမက လည်ပင်း၊ ရင်ပတ်နဲ့ နောက်ကျောမှာလဲဖြစ်နိုင်တယ်။ ပိုးဝင်လို့ တခါတလေ ရောင်-နာလာနိုင်သေးတယ်။ ကြီးတဲ့ဟာဆိုရင် အိပ်လေးလို အကျိတ်ဖြစ်မယ်။ ကြာတော့ စိတ်ပိုင်းကိုပါ ထိခိုက်လာမယ်။

• ဟော်မုန်းအပြောင်းအလဲက အဓိကကျတယ်။ အရွယ်ရောက်လာတာ၊ အရွယ်ရောက်ပြီး မိန်းကလေးတွေဆိုရင် ရာသီနဲ့ဆက်ပြီးဖြစ်တယ်။ အိမ်ထောင်ပြုချိန်မှာ ပြုလို့ရော မပြုလို့ပါဖြစ်နိုင်တယ်။
• မျိုးရိုးအရလဲလိုက်နိုင်သလား စဉ်းစာနိုင်တယ်။
• စိတ်ပိုင်းဆိုင်ရာကလဲ ပါနိုင်တယ်။ စိတ်ဖိအား များတာ၊ အလုပ်များတာ။
• အစားအသောက်ကို သုတေသနလုပ်တော့ တိတိကျကျပြောမရဘူး။

ဘယ်လိုကုသမလဲ
• Benzoyl peroxide cream လိမ်းဆေးက အများဆုံးသုံးတယ်။
• ပိုးသေဆေးတွေထဲက erythromycin, clindamycin, tetracyclines နဲ့ doxycycline တွေသောက်နိုင်တယ်။
• Salicylic acid ကိုလဲပေးတယ်။
• အမျိုးသမီးတွေမှာ (အိမ်ထောင်မရှိပေမဲ့) ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးကိုလဲ သောက်သင့်တယ်။ တရက် ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးဖြစ်တယ်။ ၃-၄-၅ လ သောက်သင့်တယ်။ ဥပမာ desogestrel, norgestimate or drospirenone ဆေးတွေဖြစ်တယ်။
• Topical retinoids လိမ်းဆေးသုံးနိုင်သေးတယ်။ ဥပမာ tretinoin, adapalene နဲ့ tazarotene လိမ်းဆေးတွေ။
• Oral retinoids စားဆေး Isotretinoin လဲပေးတယ်။
• Laser surgery လေဆာနဲ့ အမာရွတ်ကိုကုသနိုင်တယ်။
• တခြားနည်းတွေကတော့ Azelaic acid နဲ့ tea tree oil ဆီတွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Read more...

Monday, May 12, 2014

Constipation (1) ဝမ်းချုပ်ခြင်း (၁)

ဆရာရှင့် သမီးမှာ ၃ လခွဲအရွယ် သမီးတဦးရှိပါတယ် မိခင်နို့တမျိုးတည်းကိုပဲတိုက်ပါတယ် သမီးက ဒီ ၆ရက်အတွင်းမှာဝမ်း ၂ ကြိမ်ပဲသွားပါတယ်။ ပထမ ၂ ရက်မှာ ၁ ကြိမ် ဒုတိယ ၂ ရက်မှာ ၁ ကြိမ် စုစုပေါင်း ၆ ရက်မှာ ၂ ကြိမ် ပဲသွားပါတယ်။ ဝမ်းပုံမှန်ဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲရှင့် ဆရာကူညီဖြေကြားပေးပါရှင်။
ဝမ်းချုပ်တယ်ဆရာ။ ဆယ်နှစ်ကျော်ပြီ။ ဝမ်းပျော့ဆေးကို ပုံမှန်သောက်နေရတယ်။ အရင်က လိပ်ခေါင်းရှိတာ ခွဲပြီးသွားပြီ။ ဒါပေမဲ့ ဝမ်းချုပ်နေတုန်းပါပဲ။ ရေများများသောက်ဆိုလို့ တနေ့လုံးရေပဲ သောက်နေမိတယ်။ ဝမ်းကတော့ ချုပ်တာပါပဲ။ အသီးအရွက်တွေကို များများစားပါဆိုလို့ လုံးဝကို အသားမစားပဲနေပါတယ်။ ဒါပေမဲ့ ဝမ်းကချုပ်နေတုန်းပါပဲ။ တက်စာတွေကိုလဲ ရှောင်ပါတယ်ဆရာ။

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ Purgatives ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေး တလွဲသုံးတယ် Abuse of laxatives ဆိုတာ ရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေး သောက်နေရာကနေ အူမကြီးက "အပျင်းရောဂါ" ရပြီး ဆေးမသောက်ဘဲ ဝမ်းက မသွားချင်တော့ဘူး ဖြစ်မယ်။

ဆရာဝန်တွေ ညွှန်တတ်တဲ့ Stimulant Laxatives တွေက Cascara, Buckthorn, Senna extract (ပွေးကိုင်း)၊ Aloe vera, Phenolphthalein, Dulcolax (Bisacodyl) ဆေးတွေ ဖြစ်တယ်။ Dulcolax (Bisacodyl) Suppository တွေက ဝမ်းခြူတောင့်ဖြစ်တယ်။ Liquid Puraffin, Microlax enema နဲ့ Castor Oil (ကြက်ဆူဆီ) တွေကလဲ ဝမ်းခြူလို့ ရတယ်။

စားတဲ့ အစားအသောက်၊ အသက်အရွယ်၊ လှုတ်ရှားမှုတွေကနေ ဝမ်းသွားတာကို သက်ရောက်တယ်။ စိတ်ဖိအား များနေလို့ ဝမ်းချုပ်နိုင်တယ်။ "ဝမ်းနည်းရင် ဝမ်းနုတ်ဆေး တိုက်မယ်" ဆိုတာ ရီစရာပြောကြတာပေမဲ့ စိတ်ညစ်-စိတ်ရှုတ်ရင် ဝမ်းချုပ်နိုင်တယ်။

Narcotic-type pain killers (ကိုဒင်း) စတဲ့ မူးယစ်စေတာပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ Iron supplements သံဓါတ်ဆေး၊ Blood pressure သွေးကျဆေးတချို့ကနေလဲ ဝမ်းချုပ်စေနိုင်တယ်။

Persistent, chronic constipation ရက်ရှည် ဝမ်းချုပ်နေရင် ဆေးစစ်ဘို့ လိုနိုင်တယ်။ Irritable bowel syndrome အူရောဂါ၊ Colorectal cancer အူ-ကင်ဆာ၊ Diabetes ဆီးချို၊ Parkinson's disease (ပါကင်ဆန်) ရောဂါ၊ Multiple sclerosis (စကယ်လ်ရိုးဆစ်) ရောဂါ၊ Under-active thyroid gland လည်ပင်းကြီးရောဂါ တမျိုး နဲ့ Depression စိတ်ကျရောဂါတွေ ဖြစ်မလား သိအောင် လုပ်သင့်တယ်။

Chronic constipation ရက်ရှည်ဝမ်းချုပ်ရင် အလုပ်ပျက်၊ စိတ်ပျက်၊ အစားပျက် ဖြစ်နိုင်တယ်။ ဗိုက်ကယ်နေမယ်။ ဝမ်းညှစ်ရလို့ စအိုကွဲနာ၊ လိပ်ခေါင်း ဆက်ဖြစ်နိုင်တယ်။ ၇ ရက်တပါတ်မှာ ဝမ်း ၃ ခါမသွားသူ ၃ဝ% ရှိတယ်။ ဗမာပြည်မှာ ဝမ်းနုတ်ဆေး ရောင်းကောင်းသလို အမေရိကန်တွေလဲ တနှစ်မှာ ဒေါ်လာသန်း ၇ဝဝ ဘိုး မက ရောင်းရတယ်။

Constipation ဝမ်းချုပ်တယ်ဆိုတာ အူမကြီးကနေ ရေကို ပိုစုပ်ယူလိုက်လို့ ဝမ်းက မာသွားရပြီး အောက်ဆက်ဆင်းရမှာကို တားသလို ဖြစ်လို့ ဖြစ်တယ်။ ဝမ်းမသွားတာ ကြာလေလေ ဝမ်းက ပိုမာလေလေဖြစ်မယ်။ High-fiber foods (ဖိုင်ဘာ) များတဲ့ အစားအစာတွေ စားခိုင်းတယ်။ Fruit အသီးအနှံ၊ Vegetables အသီးအရွက်၊ Whole grain bread အခွံမချွတ်ဘဲ အနှံတွေနဲ့လုပ်တဲ့ ပေါင်မုံ့၊ Meat အသား၊ Cheese ဒိတ်ခဲ၊ Eggs ဥ တွေဖြစ်တယ်။ တနေ့ကို ဖိုင်ဘာ 30g စားသင့်တယ်။ တနေ့ ရေ ဂ ခွက်သောက်ပါ။ Fizzy drinks အချိုရည်တွေ၊ (ကေဖင်း) ပါတာတွေ မသောက်ပါနဲ့။

နာတာရှည် ဝမ်းချုပ်တာကို Functional constipation လို့ခေါ်တယ်။ Biofeedback training နည်းနဲ့ကုသပေးနိုင်တယ်။ Sensors တွေ Electrodes တွေ တပ်ဆင်ပေးထားမယ်။ ကိုယ်ပူချိန်၊ ဦးနှောက်အလုပ်၊ နှလုံးခုန်တာ၊ ကြွက်သားအလုပ် စတာတွေကို Feedback ပေးနေမယ်။ ဒါတွေကိုကြည့်ပြီး လူနာဟာ ပြင်စရာတွေ သိလာပြီး Lifestyle လူနေမှုပုံစံကို ပြင်ပေးရမယ်။

ကလေးငယ်တွေ ဝမ်းချုပ်ရင် ဝမ်းနုပ်ဆေးမလိုပါ။ ရေပိုတိုက်ပေးပါ။ အရွယ်အရ အသီးကျွေးပါ။ မန်ကျီးမှည့်ဖျော်ရည် တိုက်ပါ။ ဝမ်းခြူတောင့် အနေတော် ဝယ်လို့ရပါမယ်။ စအိုထဲထည့်ပေးယုံပါ။ ဝမ်းဆွဲဆရာမရှိရင် ဝမ်းခြူပေးပါ။ ကိုယ်တိုင်လဲ ဆပ်ပြာတောင့်လေးရေဆွတ်ပြီး အနေတော်ထည့်ပေးနိုင်ပါတယ်။ Ducolax for children ဆိုတာ ဝယ်ရပါတယ်။ ဆီတခုခု Liguid paraffin ကိုလဲ ဆေးထိုးပိုက်နဲ့ ဆီးခြူပိုက်သုံးပြီး ဝမ်းခြူပေးနိုင်ပါတယ်။ အဆင်သင့်ဝယ်လို့ရတဲ့ Sodium phosphates enema လဲရှိတယ်။ အရွယ်အရ အနည်း-အများချိန်ဆပြီး သွင်းပေးပါ။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁

Read more...

International Nurses Day နိုင်ငံတကာသူနာပြုနေ့

နှစ်စဉ် မေလ (၁၂) ရက်နေ့ကို နိုင်ငံတကာသူနာပြုနေ့လို့ ၁၉၆၅ ကတည်းက သတ်မှတ်ထားပါတယ်။

၁၉၅၃ ခုနှစ်မှာ အမေရိကန် ကျန်းမာရေး၊ ပညာနေးနဲ့ လူမှုဖူလုံရေးဌာနက Dorothy Sutherland ဒေါ်ရသီ ဆူသာလင်း ကနေ သမတ D D. Eisenhower အိုက်ဆင်ဟောင်ဝါကို Nurses' Day အဆိုပြုခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါ။ ၁၂-၅-၁၉၇၄ မှာ သူနာပြု Florence Nightingale ဖလောရင်စ် နိုက်တင်ဂေး ကိုဂုဏ်ပြုတဲ့အနေနဲ့ International Council of Nurses (ICN) နိုင်ငံတကာ သူနာပြုကောင်စီကနေ နှစ်တိုင်း International Nurses' Day Kit ဆိုတာပြုစုပေးတယ်။ ပညာရေးဆိုင်ရာ၊ လူအများအတွက်သတင်းအချက်အလက်တွေပါတယ်။

၁၉၉၉ မှာ ဗြိတိသျှ UNISON သမဂ္ဂကနေမဲပေးပြီး၊ ICN ကိုပိုပြီး သင့်တော်တဲ့နေ့ ပြောင်းပေးဘို့ တောင်းဆိုခဲ့တယ်။ ၁၉၉၈ မေလ (၈) ရက်နေ့မှာကျင်းပတယ်။ National Student Nurses' Day သူနာပြုကျောင်းသူတွေရဲ့ နှစ်ပတ်လည်နေ့ ဖြစ်တယ်။ ၂ဝဝ၃ မှာ မေလ ၆ ရက်ကနေ ၁၂ ရက်အထိ National Nurses Week သူနာပြုရက်သတ္တပါတ် လို့ ကျင်းပတယ်။

Themes ဆောင်ပုဒ်များ
• 1988 – Safe Motherhood
• 1989 – School Health
• 1990 – Nurses and Environment
• 1991 – Mental Health – Nurses in Action
• 1992 – Healthy Aging
• 1993 – Quality, costs and Nursing
• 1994 – Healthy Families for Healthy Nation
• 1995 – Women's Health: Nurses Pave the Way
• 1996 – Better Health through Nursing Research
• 1997 – Healthy Young People = A Brighter Future
• 1998 – Partnership for Community Health
• 1999 – Celebrating Nursing's Past, claiming the future
• 2000 – Nurses – Always there for you
• 2001 – Nurses, Always There for You: United Against Violence
• 2002 – Nurses Always There for You: Caring for Families
• 2003 – Nurses: Fighting AIDS stigma, working for all
• 2004 – Nurses: Working with the Poor; Against Poverty
• 2005 – Nurses for Patients' Safety: Targeting counterfeit medicines and substandard medication
• 2006 – Safe staffing saves lives
• 2007 – Positive practice environments: Quality workplaces = quality patient care
• 2008 – Delivering Quality, Serving Communities: Nurses Leading Primary Health Care
• 2009 – Delivering Quality, Serving Communities: Nurses Leading Care Innovations
• 2010 – Delivering Quality, Serving Communities: Nurses Leading Chronic Care
• 2011 – Closing The Gap: Increasing Access and Equity
• 2012 – Closing The Gap: From Evidence to Action
• 2013 – Closing The Gap: Millennium Development Goals
• 2014 – Nurses: A Force for Change – A vital resource for health

အမေရိကားမှာတော့ ၁၉၅၄ တုံးက အောက်တိုဘာ ၁၁ ကနေ ၁၆ အထိ နိုက်တင်ဂေး ခရိုင်မီးယားစစ်ပွဲကို သွားရာက် သူနာပြုစုတဲ့ ၁၉၈၂ ရဲ့အနှစ် ၁ဝဝ အထိမ်းအမှတ်အဖြစ် ကျင်းပတယ်။ ၁၉၇၄ မှာ သမတ နစ်ဆင် ကနေ National Nurse Week သူနာပြုရက်သတ္တပါတ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ၁၉၈၂ မှာ သမတ ရီဂင် ကနေ မေလ ၆ ရက်ကို National Recognition Day for Nurses လို့သတ်မှတ်ပြီး အခုအခါ National Nurses Day ဒါမှမဟုတ် National RN Recognition Day လို့ခေါ်လာကြတယ်။

၁၉၉ဝ မှာ အမေရိကန် သူနာပြုအသင်း American Nurses Association (ANA) ကနေ မေလ ၆ ရက်ကနေ ၁၂ ရက်အထိ National Nurses Week သူနာပြုရက်သတ္တပါတ်အဖြစ် သတ်မှတ်လာတယ်။ ၁၉၉၇ မှာ National Student Nurses Association သူနာပြုအသင်းကနေ မေလ (၈) ရက်ကို National Student Nurses Day သူနာပြု ကျောင်းသူများနေ့ လုပ်ဘို့ တောင်းဆိုတယ်။

တချို့နိုင်ငံတွေမှာ မေလ (၅) ရက်ကို သားဖွါးဆရာမများနေ့လို့သတ်မှတ်ပြီး သူနာပြုဆရာမများနေ့ (၁၂) ရက်နဲ့ တွဲပြီး ကျင်းပတယ်။ ၂ဝ၁၄ နှစ်ဆောင်ပုဒ်က A Force for Change: Putting Patient Safety First “ပြောင်းလဲစေတဲ့ မာန်စွမ်းအား၊ လူနာလုံခြုံရေး ပေးဦးစား” လို့ ဖြစ်ပါတယ်။

၂ဝ၁၄ နိုင်ငံတကာသူနာပြုနေ့ ဆောင်ပုဒ်ကတော့ Nurses: A Force for Change – A vital resource for health “ပြောင်းလဲစေရန် စွမ်းအားမာန်၊ ကျန်းမာစေမှု အင်အားစု၊ အဓိကကျတဲ့ သူနာပြု” လို့ဖြစ်ပါတယ်။

“မြန်မာသူနာပြုတွေ အပြောင်းအလဲအစစ်အတွက် အင်အားစုကြီးဖြစ်ကြပါစေ”။

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၄

Read more...

Autism (1) အော်တဇင် ကလေးရောဂါ (၁)

24 Nov 11, 12:32
ကျွန်မရဲ့ ၃ နှစ်အရွယ် သမီးလေးကို Autism ရှိတယ်လို့ ကလေး အထူးကု ဆရာဝန်က ပြောပါတယ်။ ကလေးကို Autism school ထားသင့် မထားသင့် သိချင်ပါတယ်။ အိမ်မှာဘဲ မိဘများက လေ့ကျင့်ပေးလို့ ရနိုင် မရနိင်။

Autism ဆိုတာ Neural development အာရုံကြော ချွတ်ယွင်းတဲ့ရောဂါ ဖြစ်တယ်။ Social interaction and communication လူမှုအသိုင်းအဝိုင်းမှာ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေမှာ အားနည်းနေမယ်။ Restricted and repetitive behavior အမူအယာ၊ အပြုအမူလဲ ပုံမှန်မဟုတ်ဘူး။ ၆ လလောက်မှာ စပေါ်ပေမဲ့ ၃ နှစ်အရွယ်မှာ သိသာတတ်တယ်။ မိဘတွေကနေ ၂ နှစ်အရွယ်လောက်ကစပြီး သတိထားမိလေ့ရှိတယ်။

ကလေးဟာ Information processing သူရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ကနေ ပုံဖေါ်ရာမှာ ကောင်းကောင်း မလုပ်နိုင်လို့ ဖြစ်ရတယ်။ အဲလိုမျိုး ဖြစ်တတ်တာ ၃ မျိုးထဲက တခုဖြစ်တယ်။ ရှုတ်ထွေးလှတဲ့ Genetic basis မျိုးဗီဇနဲ့ ပတ်သက်ပြီး ဖြစ်လာတယ်။

မူမှန်တာတွေက တဖြေးဖြေးပိုသိသာလာတယ်။ စောစော ပြုပြင်-ပြုစုပေးတာ ကောင်းတယ်။ သူ့ဖါသာသူ တတ်လာစေအောင် ပြင်-သင်ပေးရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပျောက်အောင်ကုသနည်း မရှိသေးပါ။ သက်သာလာသူတွေတော့ ရှိပါတယ်။ အဲလိုကလေးမျိုးဟာ သူတယောက်ထဲတော့ မရပ်တည်နိုင်ပါ။ တချို့တော့ အတော်နေနိုင်တာလဲ ရှိပါတယ်။

ရောဂါလက္ခဏာ အစုအေဝးရှိတယ်။ Social interaction လူမှုဝန်းကျင်ဆက်ဆံရေး၊ Communication ဆက်သွယ်ရေး၊ Interests စိတ်ဝင်စားမှု နည်းတာ နဲ့ Repetitive behavior တခုခုကို ထပ်ခါထပ်ခါ လုပ်ချင်တဲ့ အကျင့်တွေ ဖြစ်မယ်။ ဒါတွေအပြင် အစားစားပုံကလဲ သူများနဲ့မတူ ဖြစ်နေနိုင်တယ်။ ၁၂ လ အထိ ဘူးမမှုတ်ဘူး၊ ဘိုင့်ဘိုင် မလုပ်တတ်သေးဘူး၊ ၁၆ လ အထိ စကားတလုံး မပြောတတ်သေးဘူး၊ ၂၄ လအထိ စကား ၂ လုံးတွဲ မပြောတတ်သေးဘူး။

Diagnosis ရောဂါ ဟုတ်-မဟုတ်ကို အမူအယာကို ကြည့်ပြီးသာ သိနိုင်တယ်။ အထူးကု ဆရာဝန်တွေကနေ သတ်မှတ်ချက်တွေ လုပ်ထားတာရှိတယ်။ ဥပမာ ၆ ချက်ထဲက ၂ ချက်ရှိနေရင် ဒီရောဂါ ဟုတ်တယ်။

Management ဘယ်လိုပြုစုပေးမလဲ
ဦးတည်ချက်ဟာ (၁) အားနည်းချက်တွေကို နည်းစေရေး၊ (၂) မိသားစု စိတ်သောက နည်းစေရေး နဲ့ (၃) သူ့ဖါသာသူ ရပ်တည်နိုင်သလောက် ရပ်တည်စေနိုင်ရေးတွေ ဖြစ်တယ်။

ဘယ်ကုနည်းကမှ အကောင်းဆုံးလို့တော့ မရှိသေးပါ။ မိသားစု နဲ့ ကျောင်းတွေကနေ ပြင်ပေးရတယ်။ စိတ်ပြုပြင်မှု လုပ်ပေးတာကလဲ တချို့ကလေးတွေကိုတော့ ပိုကောင်းစေတယ်။ အားလုံးတော့ မဟုတ်ဘူး။ Special education programs အထူးပညာသင်ကြားမှု၊ Behavior therapy အမူအယာ ပြုပြင်ပေးမှုတွေကို ကလေး ငယ်ငယ်ကတည်းက ကျကျနနလုပ်ပေးတာ အကောင်းဆုံးနည်းဖြစ်တယ်။ ၃ နှစ်အရွယ်က ကောင်းပါတယ်။

Applied behavior analysis (ABA) အမူအယာ ခွဲခြမ်းစိတ်ဖြာခြင်း၊ Developmental models ဖွံ့ဖြိုးရေးပုံစံ၊ Structured teaching ပုံစံသွင်းခြင်း၊ Speech and language therapy စကားပြောသင်ခြင်း၊ Social skills therapy လူမှုဆက်ဆံရေး၊ နဲ့ Occupational therapy လုပ်ငန်းခွင် သင်တန်းနည်းတွေ ရှိတယ်။ Educational interventions ပညာရေးနည်းကနေ တိုးတက်စေနိုင်ပါတယ်။ တယောက်နဲ့တယောက်တော့ မတူဘူး။

Medications ဆေးဝါးတွေလဲ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပေးနိုင်တယ်။ အမေရိကားမှာတော့ ကလေး ထက်ဝက်လောက်ကို Psychoactive drugs စိတ်ဆေးတွေနဲ့ Anticonvulsants အတက် သက်သာဆေးတွေကို ပေးတယ်။ အများဆုံး သုံးတာတွေကတော့ Antidepressants စိတ်မကျဆေး၊ Stimulants စိတ်တက်ကြွဆေးတွေနဲ့ Antipsychotics စိတ်ဆေးမျိုးတွေ ဖြစ်ကြတယ်။ တယောက်နဲ့ တယောက် ဆေးကုသမှုမှာ ထိရောက်တာ မတူကြဘူး။ ဒီလို ကလေးတွေကို အထူးသင်ပေးတဲ့ ကျောင်းတွေမှာ ဆရာ-ဆရာမတွေမှာ အထူးကျွမ်းကျင်မှုတွေ ရှိကြရတယ်။

Homeopathy (ဟိုမီယိုပသီ) ဆေးကုသနည်းလဲ ရှိတယ်။ တခြားနည်းတွေလဲ ရှိတော့ရှိတယ်။ သုတေသန လုပ်ထားတာ နည်းသေးတယ်။ ကလေးကို ပိုဒုက္ခပေးတာလဲ ရှိတတ်တယ်။

Prognosis အလားအလာ
လုံးဝ ပျောက်တာတော့ မရှိပါ။ တချို့ ကောင်းလာတယ်။ ဘယ်လောက် အဲလိုကောင်းသလဲ မသေခြာဘူး။ ၃-၂၅% ဖြစ်နိုင်တယ်။ ၅ နှစ်အရွယ်မှာ စကား ပြောနိုင်လာတာ များတယ်။ IQ 50 နဲ့ ကျွမ်းကျင်မှုတခုခုရှိတာ ကောင်းတဲ့တိုးတက်မှု ဖြစ်တယ်။

၁၉၈ဝ မတိုင် ဗြိတိန် သုတေသနတခုအရ (အိုင်ကျူ) ၅ဝ ရှိသူကလေးတွေထဲက ၁၂% ဟာ ကြီးလာတဲ့အခါ သူ့ဖါသာသူ ရပ်တည်နိုင်လာတယ်။ ၁ဝ% ဟာ အလုပ်လုပ်ရာမှာ အကူအညီလိုတယ်။ ၁၉% ဟာ အိမ်မှာတင်နေကြရပြီး၊ သူများ အကူအညီ ယူရတယ်။ ၄၆% ဟာ အထူးပြုစုစောင့်ရှောက်မှု လိုကြတယ်။ ၁၂% ဟာ ဆေးရုံတင်ကုသမှု လိုတယ်။

၂ဝဝ၅ ခုနှစ် ဆွီဒင် သုတေသနတခုအရ IQ နည်းသူတွေအပါအဝင် ဖြစ်နေသူပေါင်း ၇၈ ယောက်ကို စစ်ဆေးတဲ့အခါ ၄% သာ ဖါသာရပ်တည်နိုင်ကြတယ်။

၂ဝဝ၈ ခုနှစ် ကနေဒါ လေ့လာမှုတခုအရ လူလတ်ပိုင်း ၄၈ ယောက်ကို လေ့လာတော့ ၄% ကအတော်ကောင်း၊ ၁၇% က ကောင်း၊ ၃၂% က သင့် နဲ့ ၄၆% မှာ ညံ့တာ တွေ့ရတယ်။ သူတို့ထဲက ၅၆% ဟာ အလုပ်တချို့မှာ ဝင်လုပ်နိုင်ကြတယ်။

Dr. တင့်ဆွေ
၂၄-၁၁-၂ဝ၁၁

Read more...

Autism (2) အော်တဇင် ကလေးရောဂါ (၂)

Facebook 57 minutes ago 12-5-2014
Autism ဆိုတာ Hyperactive နဲ့ တူသလားဆရာ။

ကျွန်တော်သိသလောက် မတူပါ။ ADHD ထဲမှာ တချို့ကလေးတွေက Hyperactive ဖြစ်ကြတယ်။

• Autism နဲ့ Autism spectrum disorder (ASD) လို့ ယေဘုယျခေါ်ကြတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက် ဖွံ့ဖြိုးမှုရောဂါတခုပါ။ အပြော့-အပြင်းလဲ မတူကြပါ။ ကလေးတွေကြားထဲမှာ တမူထူးနေတာ၊ စကားပြောဆိုတာ၊ တခုခုကို ဆက်တိုက်လုပ်နေတာ၊ စသဖြင့်ရှိမယ်။
• ASD ထဲမှာ ဥာဏ်ရည်မမှန်တာ၊ ကြွက်သားလှုပ်ရှားမှု (ပူးတွဲလုပ်ဆောင်မှု) ခက်ခဲတာ၊ အာရုံစူးစိုက်မှုတမျိုး ဖြစ်နေတာ၊ ရုပ်ပိုင်းကျန်းမာရေး (အိပ်ရေး၊ အစာခြေ) တွေရှိနေတယ်။ တချို့ကလေးတွေကြတော့ အမြင်ပိုင်၊ ဂဏန်းသင်္ချာ၊ တေးဂီတ စတာတွေမှာ သူများထက်တော်နေနိုင်တယ်။ အသက် ၂-၃ နှစ်မှာ သိသာလာတတ်တယ်။
• ASD ကလေးပေါင်း ကမ္ဘာမှာ ရှိနေတဲ့ကလေး သန်းမနည်းလောက်ပါ။ အမေရိကားမှာတင် ၂ သန်းရှိတယ်။
• ဘာလို့ဖြစ်ရသလဲ ဆရာဝန်တွေက အတိအကျမပြောနိုင်ကြသေးပါ။

အယူအဆလွဲများ
• ၁။ ADD/ADHD ကလေးတိုင်းက hyperactive သူများထက်တက်ကြွနေတယ်ဆိုတာ မမှန်ပါ။ တချို့က တက်ကြွပါမယ်။
• ၂။ ADD/ADHD ကလေးတိုင်းက သတိမထားကြဘူးဆိုတာ မမှန်ပါ။ တချို့ကလေးတွေက သူတို့ စိတ်ဝင်စားနေတာကို အာရုံစိုက်နေတယ်။ ကျေနပ်နေမယ်။
• ၃။ ADD/ADHD ကလေးတွေက သူတို့လုပ်ခြင်ရင် အမူအယာကို ပိုကောင်းအောင်လုပ်နိုင်မယ်ထင်တာလဲ မမှန်ပါ။ လုပ်နိုင်တာကိုသာ အဲလိုလုပ်နိုင်မယ်။
• ၄။ ADD/ADHDကလေးတွေ ပျောက်ကင်းသွားမယ်လို့လဲ မျှော်မှန်းမထားနိုင်ပါ။ ကလေးတသက်တာ အဲလိုကျော်ဖြတ်ရမှာပါ။
• ၅။ ADD/ADHD ကလေးတွေကို ဆေးတိုက်ပေးတိုင်း သက်သာပါမယ်လဲ မဟုတ်ပါ။ တချို့အတွက်သာ ဆေးလိုပါတယ်။ အကောင်းဆုံးနည်းလမ်းတွေကတော့ Education ပညာသင်တာ၊ Behavior therapy အမူအယာကုသမှုပေးတာ၊ Support at home and school အိမ်မှာနဲ့ ကျောင်းမှာ ကူညီပေးတာ၊ Exercise လေ့ကျင့်ခန်းလုပ်စေတာ နဲ့ Nutrition အစာအာဟာရမျှတ-မှန်ကန်စေတာတွေဖြစ်ပါတယ်။

• ADD / ADHDကလေးတွေမှာ အဓိက (၃) မျိုး ထူးနေပါမယ်။ Inattention အာရုံစူးစိုက်မှုနည်းတာ၊ Hyperactivity တက်ကြွမှုများတာ နဲ့ Impulsivity တွေဖြစ်တယ်။ တချိုက Inattentive ဖြစ်ပေမဲ့ ကျန်တာ ၂ ခုမဖြစ်ဘူး။ ကျန်တာ၂ ခုမှာဖြစ်ပြီး အာရုံစူးစိုက်တာ မဖြစ်သူလဲရှိတယ်။ ၃ မျိုးတွဲရှိတာက များတယ်။
• Impulsive ဖြစ်နေတဲ့ကလေးဟာ သူ့ကိုယ်သူထိန်းချုပ်ဘို့ ခက်ခဲနေမယ်။ ‘ဆင်ဆာ’ လုပ်သလို မသင့်တာကို ရှောင်ဘို့ လုပ်တာမှာ အားနည်းနေလို့ဖြစ်တယ်။ သူများတွေစကားပြောနေတာထဲဝင်ရှုပ်မယ်။ သူများကြားထဲ ဝင်လာမယ်။ မဆီမဆိုင် မေးခွန်းတွေ မေးမယ်။ ပုဂ္ဂိုလ်ရေးမေးခွန်းမျိုးတွေမေးမယ်။ သီးခံစိတ်ရှည်ပေးပါ။

ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၄

Read more...

Saturday, May 10, 2014

Chickenpox ရေကျောက်

ရေကျောက် ပေါက်တဲ့သမီးလေးအတွက် ရေကျောက်နဲ့ ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန် ရေးတင်ပေးပါအုံး။

ရေကျောက် Chickenpox ကို စတွေ့ခဲ့သူဟာ ပါရှား-ဆရာဝန်တဦး ဖြစ်တယ်။ ကလေးတွေမှာ အဖြစ်များပြီး တခြားဆင်တူတဲ့ ကူးစက်ရောဂါ Small pox ကျောက်ကြီး၊ Measles ဝက်သက်တွေနဲ့ အသေအခြာ ခွဲပြောခဲ့သူဖြစ်တယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်တယ်။ အလွန်ယားယံတဲ့ အဖုလေးတွေကြောင့် အလွန်မတန် အနေရခက်တယ်။ တုပ်ကွေး လိုနဲ့ စတယ်။ ဆေးမကုလဲ ပျောက်မှာပါ။

Varicella-zoster ခေါ်တဲ့ (ဗိုင်းရပ်စ်) ကနေဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။ တနှစ် နဲ့ တနှစ်ခွဲကြား ကလေးတွေကို ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါ ထပ်ထိုးသင့်တယ်။ ကြီးတဲ့ကလေးတွေ ရေကျောက် မပေါက်ဘူးသေးရင်လဲ ကာကွယ်ဆေး ထိုးသင့်တယ်။ တလခြား ၂ ခါထိုးပါ။

- လေကနေတဆင့် ကူးစက်တယ်။ ချောင်းဆိုး-နှာချေရာကနေကူးတယ်။ အသားအရေချင်း ထိကပ်လို့လဲ ကူးနိုင်တယ်။
- ပိုးဝင်ခံရပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ရောဂါပေါ်တယ်။
- အရင်ဆုံး ကိုယ်ပူမယ်။ ဗိုက်အောင့်မယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်မယ်။ မအီမသာ ဖြစ်တယ်။ အသားတွေ နာမယ်။ ပျို့-အန်ချင်မယ်။ အစားပျက်မယ်။
- Vesicular skin rash နီတဲ့၊ ယားတဲ့ အစက်အပျောက်လေးတွေ ဗိုက်-ကျောနဲ့ မျက်နှာမှာ စပေါ်မယ်။ နောက်တော့ တကိုယ်လုံး။ ခေါင်း၊ ပါးစပ်၊ နာရွက် နဲ့ လိင်အင်္ဂါတွေလဲ ပါမယ်။
- သိသာမြင်သာတဲ့ အနီပြင်တွေဟာ ၄-၇ ရက်ကြာတယ်။ အရည်ကြည်ဖုလေးတွေက ၅ ရက်ဆို ပျောက်သွားမယ်။
- အနီစက်ထွက်ပြီး ၄ ရက်အတွင်မှာ ကူးစက်တာ များတယ်။

ဖြစ်နေတဲ့ ကလေးကို -
- အစာမစားခင် လက်တွေကို အသေအခြာ ဆေးခိုင်းပါ။ မကြာမကြာဆေးတာ ပိုကောင်းတယ်။
- အနေရခက်တာတွေ သက်သာစေအာင် ရေအေးဝတ် ကပ်ပေးနိုင်တယ်။
- Warm water bath ရေနွေးချိုးပေးနိုင်တယ်။ တချို့က ၄ နာရီခြား ရေချိုးပေးတယ်။
- အယားသက်သာအောင် Oatmeal bath products ဆိုတာသုံးနိုင်တယ်။
- ယားတာကို မကုပ်ဘဲ ပွတ်သပ်ပေးပါ။
- Calamine lotion သုံးတာကောင်းတယ်။ မျက်စိထဲမဝင်စေနဲ့။
- Zinc oxide ပါတဲ့ဆေးလိမ်းတာလဲ သက်သာတယ်။
- Hydrocortisone cream တွေလိမ်းရင်လဲ ယားတာ သက်သာစေတယ်။
- Antihistamine (Cetrizine) အယားသက်သာဆေးလဲ သုံးနိုင်တယ်။
- Chlorine bleach (Sodium hypochlorite) ချွတ်ဆေးနဲ့ ဆေးကြောရင် ပိုးတွေသေစေတယ်။
- Acetaminophen/Paracetamol ပါရာစီတမော ပေးနိုင်တယ်။
- Aspirin နဲ့ Ibuprofen တွေကို မသုံးပါနဲ့။

များသောအားဖြင့် မဆိုးပါ။ ကိုယ်ခံအားနည်းနေသူ၊ အာဟာရနည်းသူတွေဆိုရင် နောက်ဆက်တွဲ ဗက်တီးရီးယားပိုးဝင်လို့ ဆိုးတာတွေ ဆက်ဖြစ်နိုင်တယ်။

- အသက်ကြီးသူဖြစ်ရင် ပိုဆိုးတယ်။ ယောက်ျားတွေမှာ ပိုဆိုးတယ်။
- လူကြီး ၅ ယောက်မယ် တယောက်လောက်က Shingles ဆိုတဲ့ရောဂါ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးနဲ့ ကုပေးရတယ်။
- Shingles (ရှင်ဂဲလ်စ်) ဆိုတာ Herpes zoster ရေယုံကိုပြောတာ ဖြစ်တယ်။ ရေကျောက် ဗိုင်းရပ်စ်က ရောဂါပျောက်သွားပေမဲ့ အထဲက အာရုံကြော (တစ်ရှူး) တွေမှာ ကျန်နေရာကနေ ဖြစ်စေတယ်။ Shingles vaccine ကာကွယ်ဆေးကို အသက် ၅ဝ ကျော်သူတွေကို ပေးနိုင်တယ်။
- Cancer ကင်ဆာ၊ HIV တွေမှာ ပိုဖြစ်တယ်။ Stress စိတ်ဖိအားများသူတွေလဲ နောက်ဆက်တွဲရောဂါတွေ ရစေနိုင်တယ်။ Pneumonia နူမိုးနီးယား၊ Hepatitis အသဲရောင် နဲ့ Encephalitis ဦးနှောက်ရောင်ဖြစ်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။
- တခြားသိပ်မဆိုးတဲ့ ဆက်တွဲရောဂါတွေကတော့ Impetigo, Cellulitis, Erysipelas အရေပြားအနာတွေဖြစ်တယ်။
- Myocarditis နှလုံးရောင်၊ Hepatitis အသဲရောင်နဲ့ Glomerulonephritis ကျောက်ကပ်ရောင်တွေက ရှားတယ်။
- ခုခံအားနည်းသူတွေမှာ Hemorrhagic complications သွေးယိုတာတွေ ဖြစ်လာနိုင်တယ်။
- Antiviral medication ဗိုင်းရပ်စ်ဆေးကို Eczema နှင်းခူနာ၊ Sunburn နေလောင်နာ၊ Asthma ပန်းနာရှိနေသူတွေအတွက် သုံးနိုင်တယ်။

ကိုယ်ဝန်ဆောင်တုံးဖြစ်ရင် ၁ဝ% မှာ နူမိုးနီးယားဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေသူတွေ ရေကျောက်ဖြစ်နေတဲ့ ကလေးနဲ့ ဝေးဝေးနေပါ။ အထူးသဖြင့် ကိုယ်ဝန် ၂ဝ-၂၈ ပါတ်။ အထဲက ကလေးအတွက် သတိထားဘို့လိုတယ်။ ကိုယ်ဝန်ဆောင်ဟာ အရင်က ရောကျောက်ပေါက်ဘူးထားရင် အထဲက ကလေးအတွက်ပါ ရောဂါပြီးစေမယ်။ မွေးမဲ့ကလေးအတွက် တသက်လုံးတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ကလေးအသက် တနှစ်နေရင် ကာကွယ်ဆေး ထိုးပေးသင့်တယ်။ ကာကွယ်ဆေးက ၇ဝ-၈၅-၉၅% ထိရောက်တယ်။

ရေကျောက်ပေါက်တဲ့ ကလေးတိုင်းကို Antibiotics ပိုးသေဆေးတွေပေးဘို့မလိုပါ။ ဗက်တီးရီးယားဝင်မှ လိုတယ်။ တချို့ ကလေး အထူးကု ဆရာဝန်တွေက ဗိုင်းရပ်စ်ဆေး Acyclovir Acyclovir or Valacyclovir ပေးတယ်။ Sorivudine ဆေးလဲ ရှိတယ်။နောက်ဆက်တွဲ ရောဂါတွေကနေ သက်သာစေဘို့ ဖြစ်တယ်။ အနီစက်တွေပေါ်ပြီး ၂၄ နာရီအတွင်းမှာ ပေးတာကောင်းတယ်။

အနီစက်တွေ မထွက်ခင် ၂ ရက်ကစပြီး အနီပြင်တွေ ညိုမဲရာကနေ ပျောက်တဲ့အထိ သူများတွေကို ကူးစက်နိုင်တယ်။ တခြား ကလေးတွေအတွက် ဖြစ်တဲ့ကလေးကို အပြင်ကို မထွက်စေတာ၊ ကျောင်း တပါတ်လောက် မသွားစေတာ ကောင်းတယ်။ Chicken pox parties ဆိုတာ ရောဂါရှိတဲ့ကလေးနဲ့ စုဝေးတာကို ခေါ်ပါတယ်။

Vaccines to Prevent Chickenpox ရေကျောက်ကာကွယ်ဆေး ၂ မျိုးရှိတယ်။
1. Varicella: Varicella (chickenpox) vaccine
2. MMRV: Combined Measles, Mumps, Rubella, and Varicella (chickenpox) combination vaccine

Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး
• တခါမှမထိုးဘူးသေးတဲ့ကလေး
- ပဌမ = ၁၂-၁၅ လ၊
- ဒုတိယ = ၄-၆ နှစ်။ (ပဌမအကြိမ်နောက် ၃ လနေရင်လဲ စောထိုးနိုင်တယ်။)
• ၁၃ နှစ်အထက်ကလေးများ
- ပဌမ၊
- ဒုတိယ = နောက် ၂၈ ရက် (တလ) အကြာ။

MMRV ကာကွယ်ဆေးထဲမှာ measles ဝက်သက် + mumps ပသိရောင်ရောဂါ + rubella ရူဘဲလား (ဂျာမန်ဝက်သက်) + Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး ၄ မျိုးပါတယ်။

Dr. တင့်ဆွေ
၁၆-၁-၂ဝ၁၂
၅-၄-၂ဝ၁၄

Read more...

Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ

ကျွန်မ အမျိုးသားက အသက် ၃၃ နှစ်ရှိပါပြီ။ သူ့ရဲ့အောက်နှုတ်ခမ်း အတွင်းဖက်မှာ အဖုလေးတဖု ပေါက်လာတာ ၂ လ လောက်ရှိပါပြီ။ အဲဒိအဖုက အအေးသောက်ရင် မသိသာပေမဲ့ အပူနဲ့ထိမိရင် စတော်ပဲစေ့လောက် ကြီးလာပါတယ်။ အရည်အိတ်လိုပုံစံမျိုးပါပဲ။ တခါလဲ အရည်ပေါက်ထွက်ပါတယ်။ ပြီးတော့ အကျိတ်ပြန်ဖြစ်ပါတယ်။ ဆေးခန်းတော့ မပြဖြစ်သေးပါဘူးဆရာ။ အသိဆရာဝန်တယောက်ကို မေးကြည့်တော့ ကင်ဆာလက္ခဏာနဲ့ တူတယ်ဆိုလို့ ကျွန်မတို့ နှစ်ယောက်လုံး စိုးရိမ်မိပါတယ် ဆရာ။ နာတာ ကျင်တာတော့မရှိဘူးလို့ပြောပါတယ်။ ဆေးစစ်ဖို့က နောက်လ လောက်မှ လုပ်ဖြစ်မှာမို့ လောလောဆယ် ဆရာ့ဆီကို စာရေးအကူအညီတောင်းရတာပါ။ ဘာရောဂါဖြစ်နိုင်လဲ သိချင်ပါတယ်ရှင်။

ပါးစပ်-ခံတွင်းထဲမှာ အများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေ (၁၂) ခုကို ရွေးရေးပါမယ်။ တခြားဟာတွေလဲ ရှိသေးတယ်။

1. Leukoplakia အဖြူကွက်
2. Palatal or Mandibular Torus အရိုးဘုများ
3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ထိတွေ့ခြင်း
4. Irritation fibroma ခဏခဏထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်ခြင်း
5. Fordyce's granules ချွေးထွက် (ဂလင်း) တွေက ပါးစပ်ထဲရောက်နေခြင်း
6. Hemangioma သွေးကြော အပိုပွါးခြင်း
7. Inflammatory ulcer ရောင်ရမ်းအနာများ
8. Papillomas (ပက်ပလိုမား) အသားပို
9. Epulis fissurata (အိပြူလစ်)
10. Varicosities သွေးပြန်ကြော ဖေါင်းနေခြင်း
11. Thrush မှက္ခရုနာ
12. Angular stomatitis ကျီးကန်းပါးစပ်နာ

1. Leukoplakia အဖြူကွက်
ဖြူနေတဲ့အကွက်ကို ပိတ်ကျဲစနဲ့ပွတ်ပေးလဲ ပျောက်မသွားဘူး။ ကင်ဆာ နဲ့ ကင်ဆာ မဟုတ်တဲ့ အနာမျိုးနဲ့လဲ မဆိုင်ဘူး။ ဆေးလိပ် သောက်သူ၊ အရက်သောက်သူ၊ ခံတွင်းပိုးဝင်ခံရသူ၊ နေရာတခုမှာ ကွက်ပြီး ကိုယ်နဲ့ မသင့်တာနဲ့ တွေ့ထားသူ၊ (ဆစ်ဖလစ်)၊ ဗီတာမင် (အေ) နည်းခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ ဓါတ်ရောင်ခြည် သင့်ခြင်း၊ လျှပ်စစ်စီးကြောင်းတွေကနေ ဖြစ်စေတယ်။ အသက်ကြီးသူတွေမှာ (၄ဝ ကျော်) အဖြစ်များတယ်။ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်တယ်။ လျှာ၊ ပါးစောင်၊ အထက်-အောက် ပါးစောင်အချိုင့်နေရာတွေမှာ လူတဝက်လောက် ဖြစ်တယ်။ ကျန်တဲ့နေရာတွေက အာခေါင်၊ အောက်နုပ်ခမ်း၊ လျှာအောက်နေရာတွေမှာ ဖြစ်တယ်။ ဖြူပြီး၊ နဲနဲကြည်နေမယ်၊ ထူမယ်၊ စဉ်းကြောင်းတွေရှိနိုင်တယ်၊ အသီးလိုလဲဖြစ်နိုင်တယ်၊ မာတင်းနေတာလဲ ဖြစ်နိုင်တယ်။ မျက်နှာပြင် ချောတာ၊ ကြမ်းတာဖြစ်နိုင်တယ်။ အဖြူ၊ ဝါစိမ်းစိမ်း၊ ဆေးလိပ်သောက်သူဆိုရင် ညိုတိုတိုဖြစ်နိုင်တယ်။

မှိုကြောင့်ဖြစ်တာ၊ (အက်စ်ပရင်) သောက်လို့ဖြစ်တာတွေက အဲလိုလုပ်ပေးရင် ရှင်းသွားနိုင်တယ်။ မသေခြာရင် အသားစ ဖြတ်ယူ စစ်ဆေးရမယ်။ ၄-၆% မှာ ကင်ဆာဖြစ်တတယ်။ Erythroplakia နီနေတာမျိုးက ဆိုးတယ်။ ကိုက်မိ-ထိခိုက်မိတာ၊ သွားအတွက် အပိုပစ္စည်းထည့်တာက အဆင်မပြေတာ၊ သွားအဆင်မပြေ ပေါက်နေတာတွေကို စစ်ရ-ပြင်ရမယ်။

2. Palatal or Mandibular Torus အရိုးဘုများ
ကင်ဆာ မဟုတ်တဲ့ အရိုးကနေဖြစ်တဲ့ မာနေတဲ့ဘုတွေကို ခေါ်တယ်။ ဖြေးဖြေးကြီးလာမယ်။ အနေရလဲ မခက်လှပါ။ အပေါ်ယံအဖုံးလွှာ အနာဖြစ်တတ်တယ်။ Palatal torus အာခေါင်ကဖြစ်တာဆိုရင် အမာပိုင်း အလည်မျဉ်းမှာ ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

Mandibular torus မေးရိုကနေဖြစ်တာဆိုရင် ရှေ့ပိုင်းအံသွားဘေးမှာ အဖြစ်များတယ်။ ၈ဝ% ဘယ်-ညာဖြစ်တာများတယ်။ အသက် ၃ဝ အောက်များတယ်။ ကုသစရာမလိုပါ။ ခွဲလိုက်ရင်လဲ ရတယ်။

3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ထိတွေ့ခြင်း
ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ ထိတွေတာမျိုးတွေက ကိုယ်ကိုယ်ကို ကာကွယ်တဲ့သဘောကနေ ဖြစ်လာတယ်။ ပါးစောင်မှာ အထက်သွားတန်းနဲ့ အောက်သွားတန်းကြား မျဉ်းကြောင်း အဖြူရောင်လိုလဲ ဖြစ်တတ်တယ်။ လိုအပ်ရင် ခွဲစိတ်ထုတ်ပြစ်နိုင်တယ်။ မသေခြာရင် အသားစဖြတ်ယူ စစ်ဆေးရမယ်။ ဖြစ်စေတဲ့အကြောင်းရင်ကို ဖယ်ရှား-ကုသလိုက်ရင် အလိုလိုပျောက်မယ်။ Denture stomatitis သွားအတုက အဆင်မပြေလို့ဖြစ်တယ်။ အသက်ကြီးပြီး Complete maxillary dentures သွားအတု တပ်ထားသူတွေထဲက ၆၅% ဖြစ်တယ်။ Nystatin suspension or cream ဆေး လိမ်းပေးနိုင်တယ်။

4. Irritation fibroma ခဏခဏထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်ခြင်း
မေးတဲ့သူမှာဖြစ်တာ ဒါဖြစ်နိုင်တယ်။ ခဏခဏထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်တာ။ ပါးစောင်၊ လျှာဘေးအနား၊ အောက်နုပ်ခမ်းတွေမှာ အဖြစ်များတယ်။ မနာဘူး။ ခပ်တင်းတင်းရော ပွစိစိပါ ဖြစ်နိုင်တယ်။ ဖြစ်တဲ့အဖုက ဘေးနေရာထက် အရောင်ပြော့တယ်။ ကြာရင် အနာဖြစ်လာနိုင်သေးတယ်။ ၁ စင်တီမီတာထက် မကြီးဘူး။ အသက်အရွယ်မရွေးဖြစ်တယ်။ သူ့အလိုလို မပျောက်ရင် ခွဲထုတ်ရမယ်။ ပြန်ဖြစ်တာလဲရှိမယ်။

လျှာပေါ်မှာဖြစ်တာ ဆိုရင်တော့ Neurofibroma, Neurilemmoma or Granular cell tumor တွေ မဟုတ်တာ သေခြာအောင် လုပ်ရမယ်။ ပါးစပ် အောက်နုပ်ခမ်းနဲ့ ပါးစောင်မှာဆိုရင် Lipoma, Mucocele or Salivary gland tumor တွေ မဟုတ်တာ သေခြောစေရမယ်။ ရှားပါးတဲ့ Benign neoplasms of Mesenchymal origin ကိုလဲ ဖယ်ထုတ်ရမယ်။ ခွဲထုတ်ပြီး စစ်ဆေးဘို့ လိုတာတွေဖြစ်တယ်။

5. Fordyce's granules ချွေးထွက် (ဂလင်း) တွေက ပါးစပ်ထဲရောက်နေခြင်း
ချွေးထွက် (ဂလင်း) တွေက ပါးစပ်ထဲ နေရာလွဲရောက်နေတာဖြစ်တယ်။ အစုလိုက်များတယ်။ တခုနဲ့တခု ရောထွေး နေတာလဲ ဖြစ်တယ်။ အံဆုံးတွေဘေးမှာဖြစ်တယ်။ ဘယ်-ညာ ဖြစ်နိုင်တယ်။ အောက်နုပ်ခမ်း၊ လျှာ၊ သွားဖုံး၊ အာခေါင်တွေမှာလဲ ဖြစ်နိုင်တယ်။ အသက် ၂ဝ-၃ဝ မှာ အဖြစ်များတယ်။ Candida albicans မှိုကြောင့်ဖြစ်တာက ဂွမ်းစနဲ့ ရှင်းပေးတာ ပျောက်မယ်။ ဒါတွေကတော့ မပျောက်ဘူး။ ဆေးကုသဘို့လဲ မလိုပါ။

6. Hemangioma သွေးကြော အပိုပွါးခြင်း
သွေးကြောတွေ အပိုပွါးခြင်းက မွေးရာပါဖြစ်တယ်။ ပြားချပ်ချပ်နေတယ်၊ မဟုတ်ရင် နဲနဲဖေါင်းနေမယ်။ အနီရောင် ဒါမှမဟုတ် နီပြာပြာဖြစ်တယ်။ အနားသတ်မတိကျဘူး။ နှုပ်ခမ်း၊ လျှာ၊ ပါးစောင်၊ အာခေါင်တွေမှာဖြစ်တယ်။ သူ့ကို ခိုက်မိတတ်တယ်။ အနာဖြစ်လာနိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ သူ့အလိုလို ပျောက်တာ များတယ်။ Surgery, Sclerosing agents, Cryotherapy နည်းတွေနဲ့ ကုနိုင်တယ်။ ကင်ဆာမဟုတ်ပါ။ ကုသလိုက်ရင် ပြန်မပေါ်ပါ။

7. Inflammatory ulcer ရောင်ရမ်းအနာများ
(က) Aphthous (အက်ဖ်သပ်စ်-အာလ်ဆာ)
အတော်နာတယ်။ ပြန်ပြန်ဖြစ်တယ်။ တခုမကလဲဖြစ်နိုင်တယ်။ ၂ဝ-၆ဝ% သော လူတွေမှာ ဖြစ်ကြတယ်။ ဘာလို့ဖြစ်တယ်ဆိုတာ အတိအကျမသိရဘူး။ Immunologic, Microbiologic and Nutritional factors တွေကို စဉ်းစားကြတယ်။ (၃) မျိုးခွဲနိုင်တယ်။
(၁) သာမန်အနာ = ခံတွင်းမှာ နေရာတကာဖြစ်တယ်။ ၁ဝ ရက်အတွင်းပျောက်သွားမယ်။ ပြန်ဖြစ်နိုင်တယ်။
(၂) Major aphthous ulcers ကပိုကြီးတယ်။ ၂ စင်တီမီတာလောက်အထိ ရှိမယ်။ ပျောက်အောင် အချိန် ၆ ပါတ် ယူတယ်။
(၃) Herpetiform ulcers အမျိုးအစားကတော့ ၁-၂ ပါတ်ကြာရင် ပျောက်တယ်။ အရည်ကြည်အဖုလေးကနေစဖြစ်ပြီးမှ အနာဖြစ်လာတယ်။ Crohn's disease, Neutropenia and Sprue ရောဂါတွေကိုလဲ စစ်ဆေးသင့်တယ်။
ပျောက်ဆေးဆိုတာမရှိပါ။ ဒါပေမဲ့ သက်သာအောင် Topical steroids (0.5% Hydrocortisone) (စတီရွိုက်) ဆေး လိမ်းပေးနိုင်တယ်။ သိပ်ဆိုးသူတွေကို (စတီရွိုက်) ဆေး ပါးစပ်ကနေသောက်ခိုင်းတယ်။ Tetracycline mouth wash (Achromycin V Oral Suspension) ဆေးနဲ့ ပါးစပ်ကို ဆေးတာလဲ အကျိုးရှိတယ်။ Chlorhexidine gluconate oral rinse (Peridex) ဆေးသုံးတာလဲ သက်သာတယ်။

ဒီအနာ မြန်မာလူမျိုး အတော်များများကြီးကို တွေ့ဘူးတယ်။ ရေသောက်တာတောင် နာတယ်။ အားနည်းနေချိန်၊ စိတ်ဖိစီးမှု များနေချိန်၊ ခရီးထွက်ရလို့ အစား၊ ဝမ်းသွား မမှန်သူတွေ၊ ဝမ်းချုပ်သူတွေမှာ ဖြစ်တယ်လို့ ယူဆတယ်။ ထုံဆေး လိမ်းဆေးလေး လိမ်းရင် ခဏနဲ့ထုံသွားပြီး စားလို့ရတယ်။ တနပ်တခါထပ်လိမ်းရတယ်။

(ခ) Traumatic ulcers ထိခိုက်ရာက အနာဖြစ်ခြင်း
ကိုက်မိတာ၊ သွားအတုအဆင်မပြေတာ၊ သွားတိုက်တံနဲ့ခိုက်မိတာ၊ သွားအချွန်နဲ့ထိခိုက်မိတာ၊ မသင့်တာကို စားမိ-သောက်မိတာတွေကနေ ဖြစ်စေတယ်။ သူ့အလိုလို ပျောက်တယ်။ မြန်တယ်။ မပျောက်နိုင်ရင် ကင်ဆာကို စစ်ဆေးပါ။

8. Papillomas (ပက်ပလိုမား) အသားပို
တချို့ ခံတွင်းအသားပိုက ကြွက်နို့ဖြစ်စေတဲ့ Papillomavirus (ဗိုင်းရပ်စ်) မျိုးကွဲကနေဖြစ်စေတယ်။ ဖြစ်နေပေမဲ့ ဘာမှ မခံစားရဘူး။ ၁ စင်တီမီတာလောက်သာကြီးတယ်။ တခုတည်းဖြစ်တာ များတယ်။ ပါးစပ်ထဲဘ ယ်နေရာမှာဖြစ်ဖြစ် ဖြစ်နိုင်ပေမဲ့ အာခေါင် အပျော့နေရာမှာ အဖြစ်များတယ်။

9. Epulis fissurata (အိပြူလစ်)
သွားအတုကနေဖြစ်စေတယ်။ (ဖိုက်ဘရပ်-တစ်ရှူး) တွေ အပိုဖြစ်တာ။ သွားအတုအသစ်လဲဘို့လိုမယ်။ ခွဲစိတ်တာလဲ လိုနိုင်တယ်။

10. Varicosities သွေးပြန်ကြော ဖေါင်းနေခြင်း
သွေးပြန်ကြောတွေဖေါင်းနေတာ။ လျှာအောက်မှာဖြစ်တာများတယ်။ ပါးစောင်နဲ့ ပါးစပ် နှုတ်ခမ်းမှာလဲ ဖြစ်နိုင်တယ်။ ပြာနေတယ်။ ဖိလိုက်ရင် သွေးစီးလျှောက်တာမြင်ရမယ်။ ဆေးကုစရာမလိုပါ။

11. မှက္ခရုနာ Thrush (Oral candidiasis)
Moniliasis လို့လဲ ခေါ်တယ်။ ရေးခဲ့တဲ့ (၁ဝ) မျိုးက လူကြီးတွေမှာဖြစ်ပြီး မှက္ခရုနာ က ကလေးမှာသာဖြစ်တယ်။ ကလေးမှာတောင် နို့တိုက်အရွယ် ကလေးငယ်တွေ။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရ ခက်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။

12. Angular stomatitis ကျီးကန်းပါးစပ်နာ
ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲ ဝင်နိုင်တယ်။
• Vitamin B 2, Riboflavin ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ Vitamin C ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲ စားပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။ Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines
• Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide စတီရွိုက်နဲ့ ရောထားတဲ့ဆေး သုံးနိုင်တယ်။ 1% Hydrocortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

နှုပ်ခမ်း-ရေယုံကို Herpes Simplex ရိုးရိုး ရေယုံ http://dts-medicaleducation.blogspot.in/2011/11/herpes-simplex.htmlမှာ ဖတ်ပါ။
Tongue diseases လျှာနာများ http://dts-medicaleducation.blogspot.in/2013/11/tongue-diseases.html

Dr. တင့်ဆွေ
၁ဝ-၁၁-၂ဝ၁၃
၁၀-၅-၂ဝ၁၄

Read more...

Influenza vaccine တုပ်ကွေးကာကွယ်ဆေး

ဆရာရှင့် တစ်နှစ်ခွဲ ကလေးကို တုတ်ကွေးကာကွယ်ဆေးထိုးလို့ရပါသလားရှင့်။ ဆေးထိုးလိုက်ရင် ဖျားနာတာ ဖြစ်တတ်ပါလား။

တုပ်ကွေးကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေနဲ့မတူပါ။ တရာသီခံဆေးသာဖြစ်တယ်။ ထိုးဆေးကို Flu shot လဲခေါ်တယ်။ Nasal spray နှာခေါင်းထဲပန်းတဲ့ဆေးလဲရှိတယ်။ မထိုးမနေရကာကွယ်ဆေးမဟုတ်ပါ။

အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ၆ လကနေ ၂ နှစ်အထိကလေးတွေ။

ထိရောက်မှုအတွက် မတူတဲ့ကိန်းဂဏန်းတွေရှိတယ်။

အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ထိုဆေးထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။

ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

Flu vaccines ဆေးတွေကတော့ -
1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) နဲ့
2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) ဖြစ်တယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးဈေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။

အမေရိကားမှာ live attenuated virus (nasal spray) နှာခေါင်းပန်းဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။
• ၂ နှစ်အောက်ကလေးတွေ၊
• အသက် ၅ဝ ကျော်သူတွေ၊
• အလာဂျီရတတ်သူတွေ၊
• ပန်းနာရှိသူတွေ၊
• ကလေးတွေမှာ aspirin ဆေးပေးနေရသူတွေ၊
• နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊
• HIV ရှိသူတွေနဲ့
• ကိုယ်ဝန်ဆောင်တွေ။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၄

Read more...

Friday, May 9, 2014

Measles ဝက်သက်ရောဂါ

ဆရာ ကူညီပါဦး။ သမီးလေးက ဒီလကုန် ၃ဝ ရက်နေ့ဆို ၉ လ ပြည့်ပါမှာပါ။ စနေနေ့ညက အဖျားဝင်လာတာ တနင်္ဂနွေနေ့မှာ ပါရာစီတမော အရည် မနက်ည နှစ်ခါတိုက်ပါတယ်။ တနင်္လာနေ့ မသက်သာပဲ အပူချိန် 101F နဲ့ ဝမ်းသွားပြီးအန်တာနဲ့ ဆေးရုံသွားပြပါတယ်။ FLU CLINIC ကိုလွှတ်ပါတယ် ပါရာစီတမောနဲ့ ဓာတ်ဆားထုပ် ပေးလိုက်တယ်။ အင်္ဂါနေ့ အဖျားပျောက်သွားတယ်။ မျက်နှာမှာ အနီစက်လေးတွေ ပေါ်လာလို့ ဖုန်းဆက်မေးကြည့်တော့ တစ်နှစ်အောက်ကလေး ဖျားပြီးရင် ပေါ်လာတတ်တယ်တဲ့ သူ့ဘာသာ ပျောက်သွားမယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်လဲကျရော တစ်ကိုယ်လုံးအနီတွေအပြည့်ပဲ ခြေလက်ဖမိုး အားလုံးနေရာလွတ်မကျန် ပေါ်လာတယ်။ ညကျတော့ သနပ်ခါးလူးပေးတယ်။ ဒီတိုင်းပဲမပျောက်ဘူး။ ဘာဆက်လုပ်ရမလဲဆရာ။ ဓာတ်ပုံပါ ပို့ပေးလိုက်တယ်ဆရာ။ ဖုန်းနဲ့ ရိုက်တာဆိုတော့ သေသေချာချာတော့ မသဲကွဲဘူး ဖုလေးတွေမဟုတ်ပဲ အနီပြင်စက်လေးတွေ အရေပြားပေါ်ကို ဖုပြီးမထွက်ပါ။

Measles ဝက်သက်ရောဂါကို Rubeola ကို ဂျာမန်ဝက်သက်လို့ခေါ်ပါတယ်။။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ ပိုးပါတဲ့အရည် လူနာရဲ့ နှာခေါင်း-ပါးစပ်ကနေ တခြားလူရဲ့ အသက်ရှူလမ်းက ဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေစပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။

လက္ခဏာများ
ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစတွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။

ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာ ကုပါ။ Ibuprofen နဲ့ Acetaminophen (Paracetamol) ဆေးကိုဘဲ ပေးရတယ်။ ချောင်းဆိုးတာအတွက် လိုရင် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ Aspirin မပေးဘို့ညွှန်တာလဲရှိတယ်။ ကာရံမသင့်ရင် Reye's syndrome ဆိုတာဖြစ်နိုင်လို့။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆိုနိုင်တယ်။ ကလေးယားတာသက်သာအောင် (အင်တီဟစ်တမင်း) ဆေးလဲ တိုက်နိုင်တယ်။ ဥပမာ Chlorpheniramine (ဘာမီတွန်)၊ Cetrizine (စီထရစဇင်း) ဆေးဖြစ်တယ်။ Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။

ကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သည်းခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ MMR vaccine (Measles, Mumps, Rubella) ကို (၁၈) လ အထက်ကလေးတွေကို ထိုးပေးတယ်။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အသက် ၆ လ နဲ့ ၉ လတွေမှာ တခါစီထိုးတယ်။ MMR ကာကွယ်ဆေးကနေ Autism ခေါ်တဲ့ ကလေးရောဂါ ဆက်ဖြစ်သလား သံသယရှိတာလဲတွေ့ရတယ်။ ဆေးထိုးပြီး ကိုယ်ပူနိုင်တယ်။ ခေါင်းကိုက်နိုင်တယ်။ အသားနာတာဖြစ်နိုင်တယ်။ တက်စေ့ရောင်တာဖြစ်နိုင်တယ်။ မဆိုးတာတွေပါ။

ဒေါက်တာတင့်ဆွေ

Read more...

Thursday, May 8, 2014

Molluscum contagiosum ရေကြွက်နို့

Doctor, is Molluscum Contagious was what kind of lumps? How to call in Myanmar? Can you please explain me in Myanmar. I check on Google but I didn't understand all. Because I am nanny of two little boys and they got Molluscum. They treatment with laser but can't help. I am worried and want to know what that means in Myanmar.

• Molluscum contagiosum ဆိုတာ မြန်မာလို သိပ်မသိပါ။ Water warts ခေါ်လို့ 'ရေကြွက်နို့' လို့ ဘာသာပြန်နိုင်တယ်။
• အရေပြားတွေမှာဖြစ်တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ အရေပြားနုတွေမှာလဲ ဖြစ်နိုင်တယ်။
• ပိုးတွေက MCV-1 ကနေ -4 အဖိ ၄ မျိုးရှိတယ်။ MCV-1 ကအများဆုံးဖြစ်ပြီး MCV-2 က လူကြီးတွေမှာဖြစ်တယ်။ လူချင်းထိမိရာကနေ ကူးစက်တယ်။ အဝတ်အစားတွေကနေ ထိမိရင်လဲ ကူးနိုင်တယ်။ အဖုလေးတွေပေါ်လာတာကို ထိမိ ကုပ်ထဲမိရာကနေ တနေရာကနေတနေရာကို ပြန့်မယ်။ လူကြီးတွေမှာဖြစ်ရင် လိင်အတူနေလို့လဲ ကူးစက်နိုင်တယ်။
• အသက် ၁ဝ နှစ်အောက် အဖြစ်များတယ်။ ကိုယ်၊ လက်၊ ပေါင်ခြံ၊ ခြေထောက်တွေမှာ ဖြစ်တယ်။
• အဖုလေးတွေပျောက်သွားတဲ့အထိ ကူးစက်နိုင်တယ်။ ဆေးမကုရင် အဖုတွေက ၄ နှစ်လောက်အထိ ကျန်နိုင်တယ်။
• Potassium hydrochloride နဲ့ Cantharidin ဆေးတွေ လိမ်းပေးရမယ်။
• Tea tree oil လက်ဖက်ပင်ဆီလဲသုံးတယ်။
• Salicylic acid ကိုလဲသုံးကြတယ်။ ထိရောက်မှု မသေချာပါ။
• Tretinoin cream လိမ်းတာသက်သာတယ်။
• Imiquimod ဆေးက ခုခံအားနည်းစေတဲ့ဆေးကိုလဲ သုံးတာရှိတယ်။
• Cryosurgery အေးခဲခွဲစိတ်နည်းလဲ လုပ်တယ်။
• Laser လေဆာနည်းလဲလုပ်တယ်။
• ပျောက်ဘို့ ၆ လ ကနေ ၉ လအထိကြာနိုင်တယ်။ ၂ နှစ်နေမှပျောက်တာလဲရှိမယ်။
• Curettage ခြစ်ပေးနည်းလဲ လုပ်တယ်။
• ကြွက်နို့ကိုသုံးတဲ့ဆေးတွေကိုလဲ သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၄

Read more...

A-Ra collagen ထိုင်းကလာတဲ့ ကြော်ညာဆေး

ဆရာရှင့် အခုအွန်လိုင်းမှာကြော်ငြာနေတဲ့ အသားဖြူဆေးတွေသောက်သင့်ပါသလား။ ထိုင်းကတင်သွင်းတယ်လို့ သိရပါတယ်။ ဘေးထွက်ဆိုးကျိုးရှိပါသလား ကျေးဇူးတင်ပါတယ်ဆရာ။ A Ra collagen ကထုတ်တာတဲ့ A Ra collagen က အမူန့်တဲ့။ ငါးရိုးက ထုတ်တယ်ရေးထားတယ်။ My gluta ကဆေးတောင့်တဲ့ နှစ်မျိုးစလုံးက အသားဖြုဆေးပဲဆရာ။ ၂ မျိုးတွဲသောက်ရင်ပိုကောင်းတယ်တဲ့။ Dolly me က ရင်သားတွေ တင်းရင်းပြီး၊ မိန်းမတွေအတွက် ကောင်းတယ်ပြောတယ်။

A-Ra collagen ဆိုတာ ကြော်ညာဆေးဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ ကြော်ညာဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးထည့်မရေးပါ။ သုတေသနလုပ်ထားတာမရှိပါ။ အသားဖြူတယ် မဖြူဘူးဆိုတာ မျိုးဗီဇက အဓိကကျပါတယ်။ ရောဂါရတာ၊ နေလောင်တာ၊ ပတ်ဝန်းကျင်က ထိခိုက်တာ၊ သုံးတဲ့ဆေးဝါးတွေကနေလဲ သက်ရောက်ပါတယ်။ အသားဖြူဆေး ဆေးကြော်ညာမှာ အသားဖြူသူတွေရဲ့ပုံကိုသာ သုံးပါတယ်။ မောဒယ်ကလေးမတွေက အဲလိုဆေး မပေါ်ခင်ကတည်းက ဖြူနေကြတာပါ။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၄

Read more...