1. Emphysema (အင်ဖိုက်ဆီးမား)
2. Asthma နာတာရှည်အဆုပ်ရောဂါတမျိုး
3. Acute pulmonary edema (အကျု-ပါလ်မိုနရီ-အဒီးမား)
4. Bronchiectasis (ဘရောင်ခီရက်စတစ်)
5. Cystic fibrosis (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်)
6. Chronic bronchitis (ခရောနစ်-ဘရောင်ခိုက်တစ်)
7. Acute bronchitis (အကျု-ဘရောင်ခိုက်တစ်)
8. Interstitial lung disease (အင်တာစတီရှယ်-လန်း-ဒီဆိစ်)
9. Pneumonia (နူမိုးနီးယား)
1. Emphysema (အင်ဖိုက်ဆီးမား) ရောဂါဟူသည် အဆုပ်ထဲရှိ air sacs (alveoli) လေအိပ်ကလေးများနှင့် ၄င်းတို့အနီးရှိ (တစ်ရှူး)များ ပျက်စီးခြင်း၊ ဆိုးလာပါက အိပ်ကဲ့သို့ဖြစ်လာပြီး၊ လေများ အဝင်အထွက် မရှိအောင် ပိတ်မိနေမည်။
2. Asthma နာတာရှည်အဆုပ်ရောဂါတမျိုးဖြစ်သည်။ လေပြွန်များရောင်ပြီး တခါတရံ လေပြွန်များကျဉ်းလာ သည်။ ထိုအချိန်၌ အသက်ရှူခက်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်မည်။ အသက်အန္တရာယ်ကို ထိပါးစေသည်။ အဆုပ်အား နားထောင်လျှင် (ဝှီးစ်) အသံများ ကြားရမည်။
3. Acute pulmonary edema (အကျု-ပါလ်မိုနရီ-အဒီးမား) ဟူသည် အရေးပေါ် ပြဿနာဖြစ်သည်။ ချက်ချင်း ကုသပေးရမည်။ ဆိုးရွားသော အသက်ရှူရခက်ခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူမရခြင်း၊ စိုးရိမ်စိတ် ဝင်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်လာသည်။ ချွေးပြန်လာမည်။ ရေနစ်သလို ခံစားရမည်။ ချောင်းဆိုးမည်၊ သလိပ်ထဲအမြှုပ်နှင့် သွေးပါလာမည်၊ အသားအရေဖြူဖျော့လာမည်၊ ရင်ပတ် နာချင် နာလာမည်၊ အိပ်-လှဲ မနေနိုင်တော့။
4. Bronchiectasis (ဘရောင်ခီရက်စတစ်) သည် အဆုပ်လေပြွန်ကြီးများကျယ်၍ ပျက်စီးခြင်းဖြစ်သည်။ မွေးကတည်းကပင် ဖြစ်နိုင်သည်။ ပစ္စည်းတခုခု ဝင်၍ ပိတ်နေခြင်း၊ (အင်ဖက်ရှင်) ဝင်ခြင်းကြောင့်လဲ ဖြစ်နိုင်သည်။
5. Cystic fibrosis (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်) ဟူသည်မှာ နူမိုးနီးယား၊ တီဘီ၊ ဖန်းဂစ် ပိုးဝင်ခြင်းတို့ ခဏခဏထပ်ဖြစ်ခြင်းကြောင့် ဖြစ်ရသည်။ နာတာရှည်ချောင်းဆိုးခြင်း၊ သလိပ်ပုတ်များထွက်ခြင်း၊ သွေးပါခြင်း။ တဖက်လှည့်အိပ်လျှင် ပိုဆိုးသည်။ ကိုယ်အလေးချိန် ကျမည်။ အားယုတ်မည်။ လက်သည်းများ ဖောင်းကြွနေမည်။ အသက်ရှူရခက်မည်။ အသက်ရှူသံသည် (ဝှီးစ်) ကြားရမည်။ အသားအရေ ပြာနေမည်။
6. Chronic bronchitis (ခရောနစ်-ဘရောင်ခိုက်တစ်) ဟူသည် အဆုပ်လေပြွန်များ နာတာရှည်ရောင်ခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အဆင့်ခံ ဆေးလိပ်ငွေ့ ရှူရခြင်းတို့ကြောင့် အဖြစ်များသည်။ လေ မသန့်ရှင်းခြင်း၊ အလာဂျီရခြင်းတို့ကြောင့် ပိုဆိုးသည်။ ချောင်းဆိုး၊ သလိပ်ထွက်၊ သွေးပါချင် ပါမည်။ အသက်ရှူခက်မည်။ အသက်ရှူသံသည် (ဝှီးစ်) ကြားရမည်။ ခြေထောက် ရောင်မည်။
7. Acute bronchitis (အကျု-ဘရောင်ခိုက်တစ်) ဟူသည် အဆုပ်လေပြွန်များရောင်ခြင်း ဖြစ်သည်။ ပိုးဝင်၍ ဖြစ်တာများသည်။ ဗိုင်းရပ်စ်က ပိုဖြစ်တတ်သည်။ လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးမည်။ ပိုဆိုးလာလျှင် သလိပ်အဖြူ- အဝါ ထွက်မည်။ သွေးလဲ ပါချင်ပါမည်။
8. Interstitial lung disease (အင်တာစတီရှယ်-လန်း-ဒီဆိစ်) ဟူသည် အဆုပ်ထဲရှိ လေအိပ်ကလေးများ၏ နံရံများရောင်ခြင်း၊ ဘေးရှိ တစ်ရှူးများ အမာရွတ်ဖြစ်လာခြင်းဖြစ်သည်။ ပုံမှန် လေအိပ်များမှာ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိကြ၍ လေရှူ-ထုတ်လျှင် ပူပေါင်း ပွလာ-ရှုံ့လာသလို ဖြစ်ရသည်။ အမာရွတ်ဖြစ်လာခြင်းကြောင့် ထိုသို့မဖြစ်နိုင်တော့။ အသက်ရှူခက်မည်။ ချောင်းဆိုးမည်။ အောက်ဆီဂျင်မဝ ဖြစ်မည်။
9. Pneumonia (နူမိုးနီးယား) ဟူသည် ဆိုးဝါးသော အဆုပ်ပိုးဝင်ခြင်းဖြစ်သည်။ လေအိပ်ကလေးများအတွင်း ပြည်-အရေများ ပြည့်နေသည်။ ထို့ကြောင့် အောက်ဆီဂျင် ကောင်းစွာမရဖြစ်မည်။ နှစ်မျိုး နှစ်စားရှိသည်။ Lobar pneumonia အဆုပ်၏ (လုပ်ဖ်) တခုအား ဖြစ်ခြင်းနှင့် Bronchial pneumonia အဆုပ်တခုလုံး ဖြစ်ခြင်း၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မိုင်ကိုပလာဆမ်နှင့် ဓာတုပစ္စည်းများကြောင့် ဖြစ်စေသည်။
Bacterial pneumonia မှာ ကလေး၊ လူကြီး ဖြစ်သည်။ အရက်သောက်သူများ၊ လူကြီးများ၊ နာတာရှည် ရောဂါသည်များ၊ ခွဲစိတ်ကုသမှု ခံထားရသူများ၊ ဗိုင်းရပ်စ်ပိုးဝင်ထားသူများကို ဖြစ်စေသည်။ အဆုပ်၏ (လုပ်ဖ်) အားလုံး သို့မဟုတ် အခုခုအတွင်း အရေများ ပြည့်နေသည်ကို (ကွန်ဆိုလဒေးရှင်း) အဆုပ်ခဲခြင်းဟု ခေါ်သည်။ သွေးထဲသို့ ပိုးများ ရောက်စေမည်၊ Streptococcus pneumonia မှာ အများဆုံး ဖြစ်စေတတ်သည်။ ချမ်းမည်၊ ဖျားမည်၊ ရင်ဘတ်နာမည်၊ ချောင်းဆိုးမည်၊ သလိပ်၏ အရောင် ခပ်စိမ်းစိမ်း ဖြစ်မည်။ အဖျား ၁ဝ၅ အထိ ဖြစ်နိုင်သည်။ ချွေးထွက်မည်၊ အရေပြား၊ လက်သဲ၊ ခြေသဲ ပြာနေမည်၊ စိတ် မကြည်မလင်ဖြစ်မည်။ Viral Pneumonia သည် ထက်ဝက်သော နူမိုးနီးယားဖြစ်စေသည်။ ဖြစ်ခါစ၌ တုပ်ကွေးလို လက္ခဏာများ ရှိမည်။ ဖျားမည်။ ကြွက်သားနာမည်၊ အားယုတ်မည်၊ ခေါင်းကိုက်မည်၊ ချောင်းခြောက် ဆိုးမည်၊ ၁၂-၃၆ နာရီအကြာ အသက်ရှူကြပ်လာမည်၊ ချောင်းပိုဆိုး လာမည်၊ သလိပ်ထွက်မည်၊ အဖျားပိုတက်လာမည်၊ နှုတ်ခမ်းပြာလာမည်။
Treatment ကုသရန်။
ပဋိဇီဝဆေးများ၊ အစားအစာ ကောင်းကောင်းကြွေးပါ။ အောက်ဆီဂျင် လိုနိုင်သည်။ လက္ခဏာ သက်သာစေသည့် ဆေးများပေးရမည်။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
