Joint Health Awareness Program
Yamuna Clinic, Don Bosco Ashalayam, WRWAB and NHEC/WR
22-10-08
Sitapuri
လူတို့၏လူနေမှုပုံစံကြောင့်ဖြစ်ရသောရောဂါများရှိသည်။ ကမ္ဘာတွင် စက်မှုလက်မှု၊ စက်ရုံများထွန်းကားခြင်းကြောင့်လည်း အသက်ပိုရှည်လာရာ အသက်ကြီးရောဂါများ ပေါလာရသည်။ ပတ်ဝန်းကျင်နှင့် လူ ဆက်စပ်မှုကြောင့် ၄င်းရောဂါများသည် တဖြေးဖြေးဖြစ်လာသည်။
Heart disease, Stroke နှလုံးရောဂါ၊
Type 2 Diabetes ဆီးချိုရောဂါ၊
ဆေးလိပ်-အရက်-မူးယစ်ဆေးဝါးများကြောင့်ဖြစ်ရသည့် ရောဂါများ၊
Alzheimer's disease အဇာမိုင်ယာရောဂါ၊
Asthma ပန်းနာ၊
Atherosclerosis သွေးကြောကျဉ်းရောဂါ၊
သွေးတိုး၊
Cirrhosis အသဲခြောက်ရောဂါ၊
Osteoporosis အရိုးအားနည်းရောဂါ၊
Depression စိတ်ကျရောဂါ၊
Obesity အဝလွန်ရောဂါ၊
Cancer ကင်ဆာ၊
Acne ဝက်ခြံ၊
Nephritis or Chronic Renal Failure ကျောက်ကပ်ရောဂါများ ပါဝင်သည်။
အနောက်နိုင်ငံများတွင် လွန်ခဲ့သော၂ဝ ရာစုနောက်ပိုင်း အစားအသောက်ပုံစံ အပြောင်းအလဲကြောင့် ဘဝပုံစံကြောင့် ဖြစ်ရသည့် ရောဂါများဖြစ်လာခဲ့သည်။ ယခင်စားနေကြ ပေါင်မုံ့၊ အာလူး၊ ပြောင်း၊ ပြောင်းဖူးတို့အစား၊ အသား၊ နို့ထွက် အစာများ၊ သစ်သီးရည်များ၊ အရက် ပိုမိုစားသုံးလာကြသည်။ အဝလွန်ခြင်းရောဂါ ဖြစ်လာစေသည်။ ၁ဝ၇ဝ နောက်ပိုင်း အဆီ၊ သကြား၊ အသားစားသုံးမှု များခြင်းကြောင့် အူမကြီး-နို့၊ ဆီးကျိတ်-သားအိမ်-အဆုပ်ကင်ဆာ အဖြစ်များလာ စေသည်။
ဥပမာ အမေရိတ်ကန် ပြည်ထောင်စုတွင် လူများ သေစေရသည့် ရောဂါများမှာ ယခင်က နူးမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျော-ဝမ်းပျက်တို့ ဖြစ်ခဲ့ရာမှ၊ နှလုံးရောဂါနှင့် ကင်ဆာတို့ ဖြစ်လာခဲ့သည်။ နောက်ပိုင်း ကူးစက်ရောဂါများကြောင့် သေရခြင်း များလာခဲ့သည်။ နောက်ပိုင်းတွင် အင်ဖက်ရှင်၊ ထိခိုက်ဒဏ်ရာ၊ စစ်ဖြစ်ခြင်း၊ အဆပ်သင့်ခြင်းတို့ ဖြစ်လာ သည်။ ကာကွယ်ဆေးများ၊ ပိုးသေဆေးများ ပေါ်လာခြင်းကြောင့် ကူသရန်ခက်ခဲ့သည့် ကင်ဆာနှင့်နှလုံးရောဂါ တို့ကြောင့် သေရတော့သည်။ သေရသည့် အရွယ်နှင့် ရောဂါ အချိုးအစားများလည်း ပြောင်းလာပြန်သည်။ ထိခိုက်မှုများကြောင့် အသက် ၄ဝ၊ ကင်ဆာကြောင့် ၇ဝ နှင့် နှလုံးရောဂါများကြောင့် အသက် ၈၅နှစ်။
Top Lifestyle Diseases အဖြစ်များ ဘဝပုံစံကြောင့်ဖြစ်ရသည့်ရောဂါများ
၁။ Alzheimer's Disease: ဦးနှောက်ရောဂါတမျိုး၊ အကြောင်းရင်းမသိသေးသည့်ရောဂါ၊
၂။ Arteriosclerosis: သွေးကြောကျဉ်းရောဂါ၊ သွေးလွှတ်ကြောနံရံများ ထူခြင်းကြောင့် ရင်ပတ်နာ၊ အဝလွန်၊ သွေးတိုး၊ အဆီများ၊ ဆီးချို၊
၃။ Cancer: ကင်ဆာ၊ ဆဲလ် များပုံမျန်မဟုတ်ပွါးများလာခြင်း၊
Top 5 Cancers အဖြစ်များကင်ဆာများ (ယူအက်စအေ)
ကျား
1. ဆီးကျိတ် (28%)
2. အဆုပ် (17%)
3. အူမကြီး (12%)
4. ဆီးအိမ် (07%)
5. လင်ဖိုးမား (04%)
မ
1. နို့ (30%)
2. အဆုပ် (13%)
3. အူမကြီး (12%)
4. သားအိမ် (06%)
5. မျိုးဥအိမ် (04%)
၎။ Chronic Liver Disease/Cirrhosis: အသဲခြောက် သို့မဟုတ် နာတာရှည်အသဲရောဂါ၊ အသားဝါ၊ ကိုယ်ရောင်၊ သတိချို့ယွင်း။
၅။ Chronic Obstructive Pulmonary Disease (COPD): နာတာရှည်အဆုပ်ရောဂါ၊ အသက်ရှူခက်၊ နာတာရှည် ချောင်းဆိုး၊ ဆေးလိပ်-ပတ်ဝန်းကျင်မကောင်းနှင့်ဆက်နေသည်။ အသက်ရှူလမ်းပိတ်သည့် နာတာရှည် လေပြွန်ရောင်ခြင်း၊ ပန်းနာတို့မှဆက်ဖြစ်ရသည်။
၆။ Diabetes: ဆီးချိုရောဂါ၊ လေးမျိုးရှိသည်။
၁။ အင်စူလင် ထိုးနေရသည့်အမျိုးအစား၊ ကလေးအရွယ်ဖြစ်တတ်သည်။
၂။ အသက်ကြီးမှဖြစ်သည်၊ ကိုယ်အလေးချိန်များသူ။
၃။ ကိုယ်ဝန်ရှိစဉ်ဖြစ်သည်။
၎။ သရက်ရွက်ရောဂါကြောင့်ဖြစ်သည်။ မျိုးရိုးလိုက်သည်။
၇။ Heart Disease: နှလုံးရောဂါ၊ နှလုံးခုန်မမှန်၊ မောပန်း၊ ကိုယ်ရောင်၊
၈။ Nephritis/CRF: ကျောက်ကပ်ရောဂါ၊ ဆီးထဲသွေးပါ၊ ဆီးထဲပရိုတင်းပါ၊ ဆီးထဲပြည်ပါ၊ ကိုယ်ရောင်၊ ခါး-နောက်ကျောနာ၊
၉။ Stroke: နှလုံးသွေးကျောကျဉ်းရောဂါ၊ အသက်ကြီးချိန်၊ သွေးတိုး၊ စီးကရက်သောက်ခြင်း၊ မိသားစုအတွင်းအလားတူဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဆီစားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/