ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, October 24, 2008

Tetanus မေးခိုင်ရောဂါ

Tetanus မေးခိုင်ရောဂါသည် Gram-positive Clostridium tetani ဗက်တီးရီးယားကြောင့် ဖြစ်ရသည်။ အနာ-ဒဏ်ရာထဲသို့ ၄င်းပိုးဝင်၍ ဖြစ်သည်။ မေးရိုးကြွက်သားများ လှုပ်မရဖြစ်၍ မေးခိုင်ရောဂါဟု လူသိများသည်။ ပိုးဝင်ပြီး ၂-၁၄ ရက်ကြာမှ ရောဂါလက္ခဏာများပေါ်သည်။

အနာ-ဒဏ်ရာများသည် အထဲနက်မှသာဖြစ်စေတတ်သည်။ ဥပမာ သံစူးခြင်း၊ ခွဲစိတ်ခြင်း၊ မွေးပြီးကလေး ချက်ကြိုး ဖြတ်ခြင်းကြောင့် ဖြစ်တတ်သည်။ ကလေးဖြစ်လျင် နို့မစို့နိုင်ဖြစ်လာမည်။ ကြွက်သားများ တောင့်တင်းနေမည်။ ပါးစပ်ဟရ ခက်လာမည်။ အစာဝါးသည့်ကြွက်သားများ၊ မျက်နှာအမူအယာ လုပ်သည့်ကြွက်သားများ တောင့်တင်းနေသဖြင့် မဲ့ပြုံးပြုံးနေသလို ဖြစ်နေမည်။ ခါးတောင့်တင်းနေမည်။

ဆိုးဝါးပါက ဝမ်းဗိုက်ရှေ့ကကြွက်သားများပင် ပြတ်ထွက်စေနိုင်သည်။ အသက်ရှူရာတွင် အသုံးပြုသည့်ကြွက်သားများ အလုပ်မလုပ်နိုင်ဖြစ်လာပါက အသက်ကောင်းစွာ မရှူနိုင်ဖြစ်လာမည်။ သလိပ်-ချွဲ မထုတ်နိုင်ဖြစ်လာမည်။ တက်မည်၊ အထူးသဖြင့် အသံကြားပါက၊ အလင်းရောင်မြင်ပါက တက်မည်။

Treatment ကုသရန်
အနာကို ဆေးကြောပါ။ ဆေးရုံတင်ရမည်။ လူနာကို မှောင်ပြီးတိတ်ဆိတ်သည့်နေရာမှာထားပါ။
Tetanus immune globulin IV or IM ထိုးပေးပါ။
Metronidazole IV for 10 days
Tetanus vaccination (ATT)
အသက်ရှူခက်လာလျင် Tracheostomy လည်ပင်းဖောက်ပေးခြင်း၊ mechanical ventilation အသက်ရှူစက် တပ်ပေးခြင်း၊
တက်လျင် Diazepam IV or Infusion, Magnesium (IV) infusion အတက်သာသာစေရန် ဆေးများ၊
Chlorpromazine or other muscle relaxants ကြွက်သားပျော့ဆေးများ၊
Nutrition အစာအာဟာရကို ပါးစပ်မှ လုံလောက်အောင် မစားနိုင်ပါက ပိုက်ဖြင့်ထည့်ပေးရမည်။

Prevention ကာကွယ်ရန်
TT or ATT vaccination
DT and DPT vaccine