Friday, October 24, 2008

Typhoid fever တိုက်ဖွိုက်ရောဂါ

Typhoid fever တိုက်ဖွိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါဟုလည်းခေါ်သည်။ Typhoid fever တိုက်ဖွိုက်ရောဂါကို Enteric fever (အင်းတရစ်ဖီးဘာ) ဟုလည်း ခေါ်သည်။ Salmonella enterica serovar Typhi ဗက်တီးရီးယားကြောင့် ဖြစ်သည်။ fecal-oral route ပါးစပ်-စအိုလမ်းက ကူးစက်သည်။

Mary Mallon (Typhoid Mary) (23-9-1869 – 11-11-1938) မေရီမယ်လုံ ဆိုသူသည် တိုက်ဖွိုက်ပိုးအား သယ်ဆောင်ထားလျက်၊ အစားအား ရောင်းချသဖြင့် (၄၇) ယောက်ကို ကူးစက်စေခဲ့သည်။

Symptoms ရောဂါ လက္ခဏာများ
ပထမပတ်။ ။ အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ အနီပြင်ထွက်ခြင်း၊ အပူချိန်နှင့်စာလျှင် နှလုံးခုန်နှေးခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွေးဖြူဥ နည်းခြင်း၊ Widal test အနှုတ်ဖြစ်မည်။

ဒုတိယပတ်။ ။ အဖျားတက်ခြင်း၊ အပူချိန်နှင့်စာလျှင် နှလုံးခုန်နှေးခြင်း၊ အနီပြင်ထွက်ခြင်း၊ အားယုတ်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်တိုခြင်း၊ အဆုပ်မှ Rhonchi (ရောင်ခိုင်) အိပ်နေစဉ် ဟောက်သံကဲ့သို့သော အသံကြားရခြင်း၊ ကြီးသည့် လေပြွန်များ ပိတ်နေသည့်အခါ လေတိုးဝင်သည့်အသံ၊ ဗိုက်တင်း၍ ညာဘက်အောက်ပိုင်းနာခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းအရောင်စိမ်း၍ ပို၍နံသည်။ ဝမ်းချုပ်တတ်သည်။ Widal test အပေါင်းဖြစ်မည်။

တတိယပတ်။ ။ ဂယောင်ဂတမ်းဖြစ်ခြင်း၊ ရေ-ဆား ခြောက်ခန်းခြင်း၊ နောက်ဆက်တွဲ လက္ခဏာများ ဖြစ်လာမည်။ အူမှ သွေးယိုခြင်း၊ Intestinal perforation အူပေါက်တတ်သည်။ Septicaemia သွေးထဲ ပိုးရောက်မည်။ Peritonitis အူအမြှေးရောင်မည်။ အခြားနေရာများသို့ ပြန့်မည်။ Encephalitis ဦးနှောက်ရောင်ခြင်း၊ Cholecystitis သဲခြေအိပ်ရောင်ခြင်း၊ Osteitis အရိုးရောင်ခြင်း၊ Endocarditis နှလုံးရောင်ခြင်း။

Diagnosis ရောဂါရှာခြင်း
Widal test သွေးအား (ဝီဒေါလ်- တက်စ်) လုပ်ရသည်။

Treatment ကုသရန် Antibiotics (Ampicillin, Chloramphenicol, Trimethoprim-Sulfamethoxazole, Ciprofloxacin)

Typhoid vaccines တိုက်ဖွိုက် ကာကွယ်ဆေး
Sat, Dec 17, 2011 at 6:26 PM
Typhoid Vaccine ရဲ့ ကောင်းကျိုး-ဆိုးကျိုးကို ရှင်းပြပေးပါ ဆရာ။ ဘယ်အချိန်၊ ဘယ်နှစ်ကြိမ် ထိုးရမှာလဲ။ ၆ လ အရင်က ရန်ကုန်မှာ Typhoid Vaccine တစ်ကြိမ်ထိုးခဲ့ပါတယ်။ ဒီနေ့စက်ရုံမှာ UNICEF ကလာထိုးပေးလို့ ထိုးခဲ့မိပါတယ်။ ဘာဖြစ်နိုင်ပါသလဲ။ စိုးရိမ်နေပါတယ် ဆရာ။
Typhoid (Enteric fever) တိုက်ဖွိုက်ဟာ အရေးကြီးတဲ့ ကူးစက်ရောဂါတခု ဖြစ်တယ်။ Salmonella Typhi ခေါ်တဲ့ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ပိုးပါနေတဲ့ အစားအစာနဲ့ ရေကတဆင့်ကူးစက်မယ်။ အပြင်းဖျားမယ်၊ အားယုတ်မယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ အစားအသောက် ပျက်မယ်၊ တချို့မှာ အနီပြင် ထွက်မယ်။ စနစ်တကျ မကုသရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်။ တချို့က သူကိုယ်တိုင် ရောဂါဖြစ်နေတာကို မခံစားကြရပေမဲ့ သူများကို ကူးစက်စေတယ်။ တနှစ်မှာ တကမ္ဘာလုံး လူပေါင်း ၂၁ သန်းရောဂါဖြစ်ကြရပြီး လူ ၂ သိန်းလောက် သေဆုံးနေကြတယ်။
Typhoid vaccine ကာကွယ်ဆေး ၂ မျိုး ရှိတယ်။
၁။ Inactivated Typhoid Vaccine (Ty21a) ထိုးဆေး နဲ့
၂။ Live attenuated vaccine (Ty21a) ပါးစပ်ကနေပေးတဲ့ ကာကွယ်ဆေးဖြစ်တယ်။ Vi capsular polysaccharide vaccine လို့လဲ ခေါ်တယ်။
Inactivated Typhoid Vaccine ထိုးဆေး၊
• ၂ နှစ်အောက်ကလေးတွေကို ထိုးပေးတယ်။
• တလုံးထဲ ရတယ်။
• ရောဂါ ထူပြောရာဒေသကို မသွားခင် ၂ ပါတ်ကြိုထိုးရမယ်။
• ၂ နှစ်တခါ ထပ်ထိုးသင့်တယ်။

Live Typhoid Vaccine သောက်ဆေး၊
• ၆ နှစ်အောက်ကလေးတွေကို ပေးတယ်။
• ၄ ခါထိုးရတယ်။ တခါနဲ့တခါ ၂ ရက်ခြာရတယ်။
• ရောဂါထူပြောရာဒေသကို မသွားခင် ၁ ပါတ်ကြိုရမယ်။
• ၅ နှစ်တခါ ထပ်ပေးသင့်တယ်။
• ဆေးတိုက်ပြီး ၂၄ နာရီအတွင်း ပဋိဇီဝဆေး မပေးသင့်ပါ။

ကာကွယ်ဆေး ၂ မျိုးလုံးကို ၁ဝဝ% မကာကွယ်နိုင်ပါ။ တခြားကာကွယ်ဆေးတွေနဲ့ တပြိုင်ထဲထိုးပေးနိုင်တယ်။ ဆေး မတည့်သူတွေကို နောက်ထပ် မထိုးရပါ။ ခုခံအားစနစ်မကောင်းသူတွေကို သောက်ဆေးမပေးသင့်ပါ။ HIV/AIDS ရှိသူတွေ၊ (စတီရွိုက်) ဆေးပေးနေသူတွေ။
ဆေးမတည့်တာဖြစ်နိုင်ပေမဲ့ ဒါဖြစ်လို့သေတဲ့အထိဖြစ်တာ မရှိသလောက်ပါ။ ထိုးဆေးကြောင့် ၁% ကိုယ်ပူနိုင်တယ်။ ၃% ခေါင်းကိုက်နိုင်တယ်။ ထိုးတဲ့နေရာရောင်တာ ၇% ဖြစ်နိုင်တယ်။ သောက်ဆေးကြောင့် ကိုယ်ပူ-ဖျားတာ ၅% ရှိနိုင်တယ်။ ဗိုက်အောင့်တာ၊ ပျို့-အန်တာ နည်းနည်းဖြစ်နိုင်တယ်။
• ထိုးဆေးကို နီပေါမှာ ၅-၄၄ နှစ်ရှိသူတွေကိုထိုးပေးပြီး၊ စမ်းသပ်မှုလုပ်တော့ လပေါင်း၂ဝ အတွင်မှာ ၇၅% ကာကွယ်မှု ပေးတာ တွေ့ရတယ်။
• တောင်အာဖရိကမှာ စမ်းတော့ ၅-၁၆ ကလေးတွေကို ထိုးပေးတာမှာ ၂၁ လအကြာ ၆၄% ကာကွယ်မှုပေးတယ်။ ၃ နှစ်အကြာ ၅၅% ကာကွယ်မှု ပေးတယ်။
• တရုပ်နိုင်ငံမှာ ၅-၁၉ နှစ်ကြား ကလေးပေါင်း ၆ သောင်းကို စမ်းသပ်တော့ ၁၉ လ အတွင်းမှာ ၆၉% ကာကွယ်မှု ပေးတယ်။ ယေဘုယျ ၃ နှစ်အထိ ခံတယ်လို့ သတ်မှတ်တယ်။
မေးတဲ့သူအတွက် ဘာမှဖြစ်မှာ မဟုတ်ပါ။ နောင်ဆိုရင် ခရီးသွားရသူတွေ ကာကွယ်ဆေးထိုး မှတ်တမ်း အမြဲဆောင်ထားပါ။
Dr. တင့်ဆွေ
၁၇-၁၂-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...