(ဘလော့ခ်)ကျေးဇူးလို့ ပြောရပါမည်။ ၂ ရက် ၃ ရက်လောက်က သိလိုသူတယောက်က အအန်ပျောက်ဆေး နှင့် မြန်မာပြည်က ဈေးကွက်အခြေအနေကို သိချင်သည်ဟု ဆိုလာပါသည်။ ဆေးဈေးကွက်ဆိုသည် ဆေးရောင်းဘို့ကို အဓိကထား ဆိုင်တင်၊ ကြော်ညာသည်မှာ နေရာတိုင်းမှာပါ။ အန်လို့ဆေးပေးပါပြောလျင် ဗိာမင် ဘီ ၆ ကိုပေးမှာ သေခြာသလောက်ပါ။ ကားစီးတာမူးပြီး အန်ချင်လို့ဆိုက ဘီ ၆ နဲ့မပျောက်ပါ။ ထိရောက်တဲ့ အအန်ပျောက်ဆေးတွေ ရှိပါသည်။ သို့သော် ဂရုစိုက်စရာတွေ တပုံကြီးရှိပါသည်။ ဒါ့ကြောင် ဒီစာကိုရေးလိုက်ပါသည်။
ပျို့ချင်-အန်ချင် ဖြစ်သည်မှာ မကြာမကြာတွေ့ရသည့် လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျော-ဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိပ်ရောဂါများ၊ အစားအလွန်အကြွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲ အကြိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့် အနံ့ဆိုး ရှူမိခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။
Anti-Emetics အအန်ပျောက်ဆေးများ
• Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) အင်တီဟစ်တမင်း ခေါ် အာလာဂျီ ဖြစ်ခြင်းအတွက် အသုံးများသည့်ဆေးများ၊
• Phenothiazines (Prochlorperazine, Trifluoperazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန်အန်ခြင်း၊ ကြို့ထိုးခြင်းတို့အတွက်ဆေးများ၊ အန်ခြင်းအားသက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက် ရောဂါကိုတားဆီးနိုင်သည်။ ပါးစပ်ကသာမက စအိုကလည်း ပေးနိုင်သည်။
• Metoclopramide အစာအိမ်ထဲကအစာကို မြန်မြန်အောက်သို့ ပို့ပေးသည့်အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည်။
• Meclizine သည် ဈေးကွက်တွင် Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည်အမျိုးမျိုးရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကိုပေးနိုင်သည်။ ထိရောက်မှုတူပြီး မကောင်းကျိုးနဲသည်။ Emesafene = meclizine 1/3 + pyridoxine 2/3.
• Domperidone အစာစားပြီး အန်ချင်သည့်ရောဂါအတွက် ပေးသည်။ အချို့က မိခင်နို့ထွက်များစေရန် သုံးသော်လည်း မသုံးရန် အကြံပြုထားသည်။
• Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊ ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ချင်စိတ်ကို သက်သာစေသည်။
• Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။
• Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူလမ်းမှထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့်ထိုးဆေး၊ မေ့ဆေးပေး၍ခွဲစိတ်အပြီးပန်ခငြ်းကိုကာကွယ်ရန်ပေးသည်။ ခွဲစိတ်ခြင်းမပြုမီပေးရသည်။
• Nabilone ကင်ဆာအတွက်ပေးသည့်ဆေးကြောင့်အန်ခြင်း၊ တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။
• Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။
• Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည့်ဆေး၊ မိုင်ဂရင်းအတွက်လည်းပေးသည်။
ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်သည့် ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့်ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ်ခေါ်သည်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့်ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။
Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်းမှာ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂ဝ ပတ်ဆိုလျင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားသည်။ ဘာ့ကြောင့်ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနှင့်အစပ်လျော့သင့်သည်။ Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် Pyridoxine ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine (B6) 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၎င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား၎င်းပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylprednisolone 16 mg စားဆေး or intravenously every 8 hours) ကို နောက်ဆုံးအဖြစ်ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာက ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာကောင်းသည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 times a day သည်လည်း ကောင်းသည်။ တရုပ်အပ်စိုက်နည်းတွင် acupuncture point P6 နေရာတွင် စိုက်ပေးရသည်။
ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း၊ A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့် ဆေးသည် 90% ကောင်းသည်။ phenothiazines, metoclopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန်ပေးသည်။
Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း၊ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီ ပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, cinnarizine, promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်း ဖြစ်သည်။
အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။
ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျင် ၄-၆ ကြိမ်သောက်ရသည်။
ဆေးနာမည်အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။ Dimenhydrinate, Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan, Viabom, Dramin, Daedalon, Antimo နောက်ပြီး၊ DRAMAMINE® Less Drowsy Formula ဆိုတာက အိပ်ချင်တာ သက်သာတဲ့ ကားမူးပျောက်ဆေးဖြစ်တယ်။
သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောက်ျား ဆီးကြိတ် ကြီးရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။
ဆေး၏မကောင်းကျိုးများမှာ မျက်စိအမြင်ဝါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေး တိုက်လျင် အကျိုးမများနိုင်ပါ။ ဝယ်လို့လွယ်သည့်ဆေးကို အားကိုးရတတ်ပါသည်။ အန်လွန်းနေသူတယောက်ကို အလွယ်ရှာရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါ နှင့် ကြို့ထိုးခြင်း တို့အတွက် သုံးသည့်ဆေးလည်းဖြစ်သည်။)ကို အချိန်အဆနှင့်ပေးနိုင်ပါသည်။ Dramamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ်ဝယ်ယူရစေရန် စီစဉ်ခြင်းကကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျပေးရပါမည်။
အန်ပြီးလျင် ဝမ်းလျောသူများလို ဆားဓါတ် နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓါတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓါတ်ဆားရေတိုက်ရပါမည်။ လိုအပ်လျင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။
Dr. တင့်ဆွေ
၁၇-၇-ဝ၉
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
