ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Saturday, July 25, 2009

Carao (ကာရာအို)

Carao (ကာရာအို) ခေါ် အပူပိုင်းဒေသများ (အထူးသဖြင့် အလယ်အမေရိက) တွင် ပေါက်သည့် အပင်၏ အသီးမှ ထုတ်လုပ်သည့် ဆေးသည် ကျန်းမာရေးအတွက် အလွန်ကျိုးရှိသည်။ (ဗင်နီဇွဲလား) နှင့် (နိုက်ကာရာဂွါ) တို့တွင် သုတေသနပြုချက်များအရ သွေးအားတိုးစေခြင်းနှင့် ခွန်းအားတိုးစေခြင်း တို့အတွက် ကောင်းသည်ဟု ဆိုသည်။ ဆေးရည်အပြင်းကို နွားနို့၊ ပဲနို့တို့ဖြင့်ရောက်သောက်နိုင်သည်။

ထိုဆေးကိုသောက်ပါက အာနိသင်များမှာ -
သွေးအားနည်းခြင်း (ဟီမိုဂလိုဘင် နည်းခြင်း)၊
သွားလာလှုပ်ရှား ပြေးခုန်နိုင်စွမ်းပိုရှိခြင်း၊
အပင်ပန်းခံနိုင်ရည်ပိုရှိခြင်း၊
မိခင်များလည်းနို့ပိုထွက်ခြင်း၊
အနာပျောက်စေခြင်း၊
ကျား-မ ဆက်ဆံအား ပိုကောင်းခြင်း၊
သွေးယိုခြင်းအားပျောက်စေခြင်းတို့ဖြစ်သည်။