ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Monday, August 24, 2009

Vitamin D ဗီတာမင် (ဒီ)


Vitamin D ဗီတာမင် ဒီ သည် အဆီတွင်ပျော်ဝင်သော (စတီရွိုက်)ဖြစ်သည်။ နေရောင်ခြည်သည် (ဗီတာမင်အေ) အား အရေပြားတွင် အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့ ဗီတာမင် ဒီ သောက်စရာမလိုပါ။

ဗီတာမင် ဒီ တွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်းခေါ်သည်။ ကိုယ်အလေးချိန်နှင့် ဗီတာမင် ဒီ ဆက်စပ်မှု ရှိနိုင်သည်ကို မကြာသေးမီက သိလာရသည်။

အစားအစာထဲပါသည့် (ကယ်လ်စီယံ)နှင့် (ဖေါ့စ်ဖါးရပ်စ်) ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့် အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ ၄င်းတို့သည် အရိုးအတွက်ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အအေးမိသည်အား ဗီတာမင် ဒီ ရော စီ ကိုပါ ပေးလာကြသည်။ အသက်ကြီးသူများ၏ ဦးနှောက်ကောင်းစေရန်လည်းပေးသည်။ ပန်းနာသည်များ၊ အမျိုးသမီးများ (ရူမတွိုက်) အဆစ်နာ၊ ကင်ဆာကာကွယ်ရေးတို့အတွက်လည်းပေးသည်။

အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10 mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။ နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။

ဗီတာမင် ဒီ ကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ သုတေသနလုပ်သည့်နိုင်ငံများစားသုံးလေ့ရှိသည့် ငါးများကိုသာ ဖေါ်ပြသည်ဖြစ်၍ (ဆော်လမုန်)၊ (ကြူနာ)၊ မက်ကရယ်)ငါးများ၏အမည်တို့ကိုသာ တွေ့ရသည်။ ငါးကြီးဆီ၊ အမဲအသဲ၊ ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်းပေါကြွယ်သည်။

ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပြော့ Rickets ရောဂါနမည်။ အရိုးများ ပြော့နေပြီး ကောက်ကွေးနေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တို့ဖြစ်မည်။ အရိုးများ ကျိုးလွယ်မည်။

ဗီတာမင် ဒီ နည်းခြင်းနှင့် သွေးတိုးဆက်စပ်နေသည်။ နှလုံး (နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းနှင့် သွေးအလျောက် နည်းခြင်း၊) ရောဂါများ၊ တီဘီရောဂါ၊ ကင်ဆာ တို့အပြင် ရှားပေါးသော အခြေားရောဂါတို့နှင့်လည်းဆက်စပ်နေသည်။