ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Thursday, October 1, 2009

Burma by UNICEF မြန်မာပြည် အကြောင်း တစေ့တစောင်း

SocialActon for Wmen မှ ကူးယူဖေါ်ပြပါသည်။
Tuesday, 29 September 2009
Reference: UNICEF
At a glance : Myanmar

ဖြစ်ရပ် နောက်ခံ
ကလေးအခွင့်အရေး ကာကွယ်စောက်ရှောက်မှု၊ ပညာရေးကဏ္ဍ၊ HIV ရောဂါပျနှံ့မှုနည်းပါးလာစေရန်နဲ့ တခြား ကူးစက်ရောဂါ ကာကွယ်ဖို့ရာအတွက် တချို့သော အရပ်ဒေသမှာ တိုးတက်မှု အနည်းအကျဉ်း ရှိပေမယ့်လို့ အခြေခံ အလုပ်သမားထု အတွက်ကတော့ သိပ်ထူးခြားမှု မရှိလှပါဘူး။ ဆိုးရွားလှတဲ့ နိုင်ငံရေးစနစ်ကြောင့် နောက်ဆက်တွဲ စီးပွားရေး မပြေလည်မှု ပြဿနာတွေ၊ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ဝင်ငွေ မညီမျှမှု၊ ဒီကြားထ သိပ်မကြာခင် ၂၀၀၄ ခုနှစ်က ကြုံတွေ့လိုက်တဲ့ ဆူနာမီကပ်ဆိုးအပြင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးမှုနဲ့ ဒုက္ခသည် အရေအတွက် များလာပြီး အထူးသဖြင့် ကလေးငယ်တွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ အာဟာရ မပြည့်ဝမှုတွေ တိုးပွားလာတယ်။

မြန်မာ ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ ဒုက္ခ
ကလေး ၁ဝ ယောက် မွေးဖွားတိုင်း တဦး သေဆုံးတဲ့အတွက် မြန်မာပြည်တွင်း မွေးကင်းစကလေး သေဆုံးမှုနှုန်း မြင့်မားလျက်ရှိသည်။ ငါးနှစ်အောက် ကလေး သုံးပုံတပုံခန့်ဟာ အလွန်ကျွံနဲ့ အလယ်အလတ် ကိုယ်အလေးချိန် မပြည့်ဝမှု၊ ကလေးငယ်တွေရဲ့ အာဟာရ ချို့တဲ့မှုဟာ များပြားတယ်လို့ဆိုရမယ်။ မိခင် နို့ရည် တိုက်ကျွေးဖို့ရာအတွက် လှုံ့ဆော် တိုက်တွန်းမှုတွေ ရှိပေမယ့်လို့ သုံးလသားအရွယ် ကလေး ၁၅ ရာခိုင်နှုန်းဟာ မိခင်နို့ရည်ကို အပြည့်အဝ သောက်သုံးခွင့် မရရှိကြဘူး။

မြန်မာ အပါအဝင် အရှေ့တောင်အာရှဒေသတွင်း လူသန်းဝက်ကျော်ခန့်ဟာ နှစ်စဉ် ငှက်ဖျားရောဂါ နဲ့ သေဆုံးနေကြရပြီး ဒီအထဲမှာမှ ငှက်ဖျားရောဂါကြောင့် သေဆုံးသူဦးရေရဲ့ ထက်ဝက်ဟာ မြန်မာပြည်ကဖြစ်နေတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲပြဿနာကြောင့် လူဦးရေ ၂၅ ရာခိုင်နှုန်း ကျော်ဟာ သောက်သုံးရေ ရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့နေရတယ်။

မြန်မာ့ ထုံးတမ်းဓလေ့အစဉ်အလာအရ ပညာရေးအပေါ် တန်ဖိုးထားသည့်အတွက် အသားတင် စာရင်းသွင်းတဲ့ အရေအတွက်နှုန်း(ကျား/မ)ဟာမြင့်မားလျက်ရှိပြီး ကျောင်းထွက်နှုန်းဟာ ၅၅ ရာခိုင်နှုန်းထက် လျော့နည်းတဲ့အတွက် ကျန်ကလေး ရာခိုင်နှုန်းဟာ အခြေခံပညာအဆင့်တော့ပြီးဆုံးကြတယ်။ လုပ်ငန်း ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိတဲ့ ကလေးတချို့ဟာ တရားမဝင် စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် ရာဇဝတ်မှု အသေးလေးတွေ ကျူးလွန်ပြီး ဖမ်းဆီးခံရ၊ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ အနိုင်ကျင့်ခံရမှု အရေအတွက် များ ပြားလာနေတယ်။

ပြည်တွင်း ဥပဒေအရ ၁၈ နှစ်အောက် ကလေး စစ်မှုထမ်းခွင့် ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့အစည်း အတွင်း ဝင်ရောက် အမှုထမ်းခွင့်ကို ပိတ်ပင်ထားသော်ငြား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သား ရေသောက်မြစ်အဖြစ် ကလေးတွေဟာ အသုံးချခံနေရတယ်။

လုပ်ဆောင်မှု နဲ့ ရလဒ်
မိခင် ကနေ ကလေးကို HIV ကူးစက် ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်ဖို့ရာအတွက် UNICEF မှ မြို့နယ် ပေါင်း ၅၄ မြို့နယ်နဲ့ ဆေးခန်းပေါင်း ၂၂ ခုဆီမှ အကြံဥာဏ်ယူ တိုင်ပင်ပြီး အကြိုစမ်းသပ်မှုနဲ့ retroviral ပေးပြီး HIV ပိုးရှိ မိခင် ကတဆင့် ကလေးကို ကူးစက်မှုမရှိအောင် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

မတ်လ ဗီတာမင် A တိုက်ကျွေးတဲ့နေ့နဲ့ စက်တင်ဘာလ အာဟာရ တိုက်ကျွေးတဲ့ အစီအစဉ်ကို ခြောက်လမှ ငါးနှစ် အရွယ် ကလေးခြောက်သန်း အတွက်ရည်ရွယ်ပြီး အနီးစပ်ဆုံး ခန့်မှန်းချေ ၉၅ ရာခိုင်နှုန်း အထိ လုပ်ဆောင်နိုင်ခဲ့တယ်။

ငှက်ဖျား ရောဂါ ပျံ့နှံ့မှု ကာကွယ်ဖို့ရာအတွက် UNICEF မှ အိမ်ထောင်စု ၁၄၄,၀၀၀ စုအတွက် ခြင်ထောင် ထုတ်ဝေ ဖြန့်ဖြုးပြီး ကူညီနိုင်ခဲ့တယ်။ အိမ်ထောင်စု ၂၂,၀၀၀ နဲ့ ကျောင်းနေရွယ် ကလေး ၃၆,၀၀၀ သန့်ရှင်းသည့် သောက်သုံးရေ ရရှိဖို့ရာအတွက် UNICEF မှ ရေသွယ်မှု စနစ် ၈၆၀ ခန့် ကိုတည်ဆောက်ပေးနိုင်ခဲ့တယ်။

ကျောင်းပေါင်း ၅၁၆၇ အတွက် လက်ထောက် သင်တန်း ဆရာ ၁၁,၀၀၀ ဝန်းကျင်နီးပါးကို ကလေး ဗဟိုပြု သင်ကြားနည်းစနစ် သင်ကြားနိုင်ဖို့ရာအတွက် ကူညီမှုပေးနိုင်သည့်အပြင် ကျောင်းပါင်း ၄၅၀ နဲ့ မြို့နယ်ပေါင်း ၂၇ မြို့နယ် အပါအဝင် ကျောင်းပတ်ဝန်းကျင်တဝိုက် သန့်ရှင်းမှု ရှိဖို့ရာအတွက် အမိုးအကာပါ အိမ်သာအလုံးပေါင်း ၃,၈၀၀ ကို တာဝန်ယူ ထောက်ပံ့ပေးခဲ့တယ်။

စီးပွားရေးအရ မတရား ခေါင်းပုံဖြတ်မှုနဲ့ ကလေးရောင်းစားမှုကို အတတ်နိုင်ဆုံးရပ်တန့်အောင်နဲ့ နယ်စပ်မျဉ်း (၆) နေရာ တလျောက် နိုင့်ထက်စီးနင်းပြုမူပြီး ကလေးလူကုန်ကူးခြင်း၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခြင်းတို့ ပပျောက်အောင် ဆောင်ရွက်ခြင်း၊ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အာဟာရ ပိုင်းဆိုင်ရာအတွက် ပြည်တွင်း NGOs နဲ့ UNICEF တို့ပူးပေါင်းပြီး မြို့နယ် ပေါင်း ၁၁ မြို့နယ်ကို ထောက်ပံ့ကူညီမှုတွေ ပေးခဲ့တယ်။

၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခံရချိန်မှာ UNICEF ဟာ ဦးဆုံးရောက်ရှိသွားပြီး သောက်သုံးရေ လုံလောက်စွာရရှိဖို့နဲ့ သန့်ရှင်းရေ ရရှိဖို့အပြင် အာဟာရ မလုံလောက်မှုကြောင့် ကြုံတွေ့လာနိုင်တဲ့ ကပ်ဆိုက်မှု ပြဿနာအတွက် အဆောတလျင် ထောက်ပံ့မှုတွေ ကူညီပေးခဲ့တယ်။

မန်ဇူး(ဘာသာပြန်သည်)