ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Saturday, March 15, 2014

TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ

ဆရာဝန်တွေကို တီဘီရောဂါ ရှာဖွေစမ်းသပ်မှုနဲ့ ကုသရေးကို အရင်ကလို သင်ပေးခြင်းမရှိတာကို World Medical Association (WMA) ကမ္ဘာ့ဆေးပညာအသင်းက စိုးရိမ်တယ်လို့ ၁၆-၁ဝ-ဝ၉ နေ့က ပြောလိုက်ပါသတဲ့။ ဒါ့ကြောင့် (အွန်လိုင်း) ကနေ မွမ်းမံသင်တန်း ပေးမယ်လို့လဲ ဆိုပါတယ်။

ဒီသင်တန်းမှာ တီဘီရောဂါရဲ့ အခြေခံသတင်းအချက်အလက်တွေ၊ နောက်ဆုံးပေါ် ရောဂါရှာဖွေနည်းတွေ၊ ဘယ်လို ကုသရမယ်၊ နောက်ပြီး ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီ အကြောင်းအရာတွေပါမယ်လို့ ဆိုပါတယ်။ နောက်တခါ လူနာတွေအဘို့ ဆေးကုသမှုအပေါ်မှာ စဉ်ဆက်မပြတ်လိုက်နာနေဘို့နဲ့၊ နေရာဒေသမရွေး အသုံးချနိုင်အောင် တကမ္ဘာလုံးခြုံ့ကြည့်တတ်ဘို့ ဆိုတာတွေလည်း ပါပါအုံးမယ်။

၂ဝဝ၆ ခုနှစ်မှာ Multidrug-resistant tuberculosis (MDR-TB) ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီအကြောင်းကို (အွန်လိုင်း) ကနေစလုပ်ခဲ့တုံးက ဆရာဝန်တွေဟာ တီဘီရောဂါရဲ့ အခြေခံအချက်အလက်တွေကို မေ့နေကြတာကို သိလာရတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်က နေရာအတော်များများမှာ ဒီရောဂါက ပပျောက်သွားပြီမို့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ တီဘီလူနာဆိုတာကို ဆရာဝန်တွေ မြင်တောင်မမြင်ဘူးကြတော့ဘူး။ ဒါ့ကြောင့်လဲ တီဘီရောဂါ ရှာဖွေ စမ်းသပ်တာ နဲ့ ကုသရေးကို သင်ပေးစရာမလိုတာမျိုး ဖြစ်သွားရပါသတဲ့။

အခုတော့ တီဘီဟာ ခေါင်းပြန်ထောင်လာတာမို့ တကမ္ဘာလုံးက ဆရာဝန်မှန်သမျှ တီဘီကို အခြေခံကအစ သိထားဘို့ လိုတာမို့ (အွန်လိုင်း) မွမ်းမံသင်တန်းဟာ တီဘီအဖြစ်များတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အတော်အသုံးဝင်ပါလိမ့်မယ်။

သင်ရိုးညွှန်းတမ်းကို ကမ္ဘာ့ဆေးပညာအသင်းအတွက် New Jersey Medical School Global Tuberculosis Institute, USA ကနေ ရေးသားပြုစုတာပါ။ တီဘီကို “အတိတ်ကဝေဒနာ” လို့တောင် ထင်ထားကြပါတယ်။ တကယ်တော့ တနေ့ တနေ့ လူပေါင်း ၄၅ဝဝ ဟာ တီဘီကြောင့် သေနေကြရတာပါ။ သေရသူတွေကလည်း အလုပ်လုပ်နိုင်တဲ့အရွယ် ၁၅ နှစ် ကနေ ၅၄ နှစ်အရွယ်တွေဖြစ်ပါတယ်။ လူ ၉ သန်းဟာ တီဘီဖြစ်လာနေပြီး၊ နှစ်တိုင်း ၂ သန်းဟာ တီဘီကြောင့် သေရတယ်။ တကမ္ဘာလုံးဆိုရင် လူပေါင်း ၂ ဘီလျံဟာ တီဘီဝေဒနာသယ်တွေပါ။ HIV ရှိသူတွေရဲ့ ၇၅%ဟာ တီဘီ ရှိနေကြပါတယ်။

သင်တန်းသစ်ဟာ တကမ္ဘာလုံးက လက်ခံကျင့်သုံးနေတဲ့ တီဘီကို ဘယ်လိုထိန်းမလဲဆိုတဲ့ နိုင်ငံတကာဗျူဟာနဲ့ လိုက်လျောညီထွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဆေးပညာအသင်းက လွန်ခဲတဲ့ ၂ နှစ်ကတည်းက ပေးနေတဲ့ ဆေးပေါင်းစုံပြီးတဲ့ တီဘီ အစီအစဉ်နဲ့ပါ ဆက်နေပါမယ်။ အစိုးရဌာနဆရာဝန်ဖြစ်ဖြစ် အလွတ်ဆရာဝန်ဖြစ်ဖြစ်ကို အခမဲ့ပေးမဲ့ သင်တန်း ဖြစ်ပါတယ်။ သင်တန်းပြီးထားရင် (ခရက်ဒစ်)ဆိုတဲ့ ဆရာဝန်ရဲ့ပညာ-အတွေ့အကြုံမှတ်တမ်းမှာ အမှတ်ရပါမယ်။
ဒါဟာ စဉ်ဆက်မပြတ် ဆေးပညာသင်ယူရေးအစီအစဉ် Continuing medical education programme အရ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာအပြင် ပြင်သစ်၊ စပိန်၊ တရုပ်နဲ့ ရုရှားလိုပါ သင်ပေးမှာပါ။

ဒီပညာသင်အစီအစဉ်ကို Lilly MDR-TB Partnership ကနေ တီဘီထိန်းချုပ်ရေးအတွက် Global Plan to Stop TB 2006-15 ကို အထောက်အကူးပေးတဲ့အနေနဲ့ ကန့်သတ်မှုမရှိ ငွေကြေးအထောက်အပံ့ပေးမှာပါ။ ဒီလိုလုပ်နေတာဟာ တကမ္ဘာလုံးက ဖွံ့ဖြိုးရေးအဖွဲ့အစည်းနဲ့၊ အတတ်ပညာသင် (အင်စတီကျု) ပေါင်း ၂ဝ ကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၈-၁ဝ-ဝ၉