ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Saturday, January 2, 2010

Clinical examination လူနာအား မေးမြန်း စစ်ဆေးခြင်း

(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊)
History taking ရောဂါအကြောင်း မေးမြန်းခြင်း

လူနာ၏ ရောဂါအကြောင်းကို သေသေခြာခြာ၊ တိတိကျကျ၊ စိတ်ရှည်လက်ရှည် မေးမြန်းရမည်။ Complaints (C/o) or Chief complaints (C/C) လူနာကပြောသော တိုင်တန်းချက်များကို မေးမြန်းမှတ်သားရသည်။ ဘယ့်ကြောင့် ဆေးခန်းသို့ လာရသနည်း။ ၎င်းတို့မှာ Symptoms ရောဂါလက္ခဏာများ ဖြစ်သည်။ ပြောပြချက်ရှိသမျှ (၁)၊ (၂)၊ (၃)၊ ရေးမှတ်ပါ။ Complaints တခုတိုင်းသည် Duration မည်မျှကြာသည်ကို မေးပါ။ လူနာပြောသည့် စကားအတိုင်းရေးမှတ်ပါ။

မေးသင့်သော မေးခွန်းများ မေးရမည်။ ဥပမာ မည်သည့်အချိန်မျိုး၌ ရောဂါကို ခံစားရသည်။ မည်မျှ ဆိုးသည်။ မည်သည့် နေရာ၌ အတိအကျကျဖြစ်သည်။ မည်သည့် အရပ်မျက်နှာသို့ ကူးသွားသည်။ မည်သည့် အချိန်၌ ပိုဆိုးသည်။ မည်သို့ နေလျင်၊ သက်သာသည်။ အမျိုးသမီးဖြစ်ပါက လစဉ်ရာသီအကြောင်း၊ သွေးဆုံးခြင်း၊ အိမ်ထောင်ရှိ-မရှိ၊ မွေးလမ်းမှ တမျိုးမျိုး ဆင်းခြင်း။ Family history မိသားစု ကျန်းမာရေးရာဇဝင်။ မိသားစုအတွင်း ဆီးချို၊ သွေးတိုး၊ ပန်းနာစသည့် ရောဂါရှိ သလား။ ပတ်ဝန်းကျင် ကျန်းမာရေးအခြေအနေ။ ဥပမာ (တီဘီ) ရောဂါရှိသူနှင့် တအိမ်တည်း နေဘူးသလား။ အလုပ် အကိုင် အမျိုးအစား၊ Past Medical History နောက်ကြောင်း ကျန်းမာရေးရာဇဝင်။ အရင်ကလည်း ဤသို့ ဖြစ်ဘူးခြင်း ရှိ-မရှိ။ ဆေးရုံတက် ဘူးခြင်း ရှိ-မရှိ။ ငှက်ဖျားရောဂါရဘူးခြင်း ရှိ-မရှိ။ ဓါတ်မှန်-(အာလ်ထွာဆောင်း) ရိုက်ဘူးခြင်း၊ ခွဲစိတ် ကုသ ခံရဘူးခြင်း၊ ဆေးမတည့်ခြင်း၊ ဆေးလိပ်-အရက်-မူးယစ်ဆေး သုံးစွဲခြင်း။

စစ်ဆေးပုံ အဆင့်ဆင့်
၁) Inspection မျက်စိဖြင့် ခြေစခေါင်းဆုံး စစ်ဆေးခြင်း၊
၂) Palpation လက်ဖြင့် စစ်ဆေးခြင်း၊
၃) Percussion လက်ဖြင့်ခေါက်၍ ထွက်ပေါ်သည့်အသံကို နားထောင်ပြီး စစ်ဆေးခြင်း၊
၎) Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း၊

Inspection မျက်စိဖြင့် လူနာအား ခြေစခေါင်းဆုံး စစ်ဆေးခြင်း
လူနာအား ခြေစ-ခေါင်းဆုံး ကြည့်ရှုစစ်ဆေးပါ။ Pale အသားအရောင် ဖြော့တော့နေခြင်း။ Cyanosis နှုတ်ခမ်းပြာ နေခြင်း။ Jaundice မျက်စိ ဝါနေခြင်း။ Oedema ဖေါရောင်နေခြင်း။ Pain လူနာသည် နာကျင်ခြင်း။ Dyspnea အသက်ကောင်းစွာ ရှူ-မရှူ။ Restlessness ဂနာမငြိမ်ဖြစ်နေ-မနေ။ Deformities ကိုယ်အင်္ဂါ ချို့ယွင်းနေ-မနေ။ Surgical Scar ခွဲစိတ်ထား သည့် အမာရွတ်။ Lumps အလုံး၊ အကြိတ်၊ Ulcer/Sore အနာ။ Dyspnea လူနာ၏အသက်ရှူသံ၊ Conciousness သတိ အခြေအနေ။

Palpation လက်ဖြင့်စမ်းခြင်း
Cold extremeties ခြေလက်-အရေပြား အေးစက်နေခြင်း၊ Fever ဖျားခြင်း၊ Anemia မျက်ခွန်လှန်ကြည့်၍ ဖြူနေခြင်း၊ Jaundice ဝါနေခြင်း၊ Glaucoma မျက်လုံးအတွင်း ဖိအား များခြင်း၊ Liver အသဲ၊ Spleen ဘေလုံး၊ Kidney ကျောက် ကပ်ကြီး-မကြီး။ Pregnancy ကိုယ်ဝန်၊ Uterus သားအိမ် အမြင့်။ Tenderness အလုံး-အကြိတ်-အနာတို့အားဖိသည့် အခါနာကျင်ခြင်း။ နေရာ၊ အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့အမာ၊ အပူအအေး၊ ချောမွေ့မှု-ကြမ်းတမ်းမှု၊ ရွေ့လျားမှု၊ Pulse လက်ကောက်ဝတ်သွေးခုန်ခြင်း၊ Oedema ကိုယ်ရောင်ခြင်း၊

နောက်ကြောတွင် လက်ဝါး ၁ ဖက် ညီတူညီညာ တင်၍ လက်မ သည် အသက်ရှူသွင်း-ထုတ်လုပ်စဉ် အလည်မျဉ်းမှ မည်မျှ အကွာအဝေးသို့ ရွေ့သနည်း ကြည့်ပါ။

Percussion လက်ဖြင့်ခေါက်၍စစ်ဆေးခြင်း
လက်ဖြင့်ခေါက်၍ စမ်းခြင်းဖြင့် ထွက်သည့်အသံကို နား ထောင်ရမည်။ အဆုပ်တွင် လေရှိသောကြောင့် လှိုင်သံ Resonant sound ထွက်ရမည်။ အရိုး၊ ကြွက်သား၊ အသဲ တို့သည် Dull sound ထုံသံ ထွက်မည်။ အသဲသည် ညာဘက် နံရိုးကြား အမှတ်စဉ် မည်သည့် နေရာကစ၍ ထုံသနည်း။ ညာဘက်-ဘယ်ဘက် အသံတူ-မတူ။ Pleural effusion အဆုပ်အိတ်ထဲ ရေအောင်းခြင်း၊ Pneumonia အဆုပ်ရောင်နေလျင် ထုံသံထွက်မည်။ Pneumo-thorax အဆုပ်ထဲ လေများနေလျင် လှိုင်သံ ပိုထွက်မည်။

နောက်ကြောမှ အဆုပ်များအား ခေါက်၍ ပေါ်ထွက်လာသည့် အသံကို နားထောင်ခြင်း၊

Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း

Stethoscope နားကြပ်ကို အသုံးပြုပြီး၊ ကိုယ်အတွင်းက ပေါ်ထွက်နေသော အသံများကို နားထောင်ခြင်းဖြစ်သည်။ နေရာကိုရွေးခြယ်ပြီးနောက် မျက်စိမှိတ်လျက် အကြားအာရုံ ကိုသာ ဂရုစိုက် နားထောင်ရမည်။ နှလုံးခုန်အသံ၊ အသက် ရှူသံ၊ အစာအိမ်၊ အူလှုပ်ရှားသံများကို နားထောင်သည်။

အသက်ရှူသံ နားထောင်ပုံ
(၁) Heart sounds နှလုံးခုန်သံများ
နားကြပ်ဖြင့် နှလုံးခုန်သံကို ၄ နေရာမှာ နားထောင်ရသည်။ နှလုံးတွင် အခန်း ၄ ခန်း ပါသည်။ အဆို့ရှင် ၄ ခုရှိသည်။ နှလုံးခုန်းသံ (၁)အား Lubb ဟု၎င်း၊ (၂)အား Dub (Dup) ဟု၎င်း ခေါ်သည်။ First heart sound (Lub) ပဌမနှလုံးခုန်သံ သည် နှလုံး၏ အထက်ခမ်းများနှင့် အောက်ခမ်းများကြား ရှိသည့် အဆို့ရှင် ၂ ခုပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ရှားမှု၊ Vibration တုံခါမှုကြောင့်ဖြစ်သည်။ Second heart sound (Dub) ဒုတိယနှလုံးခုန်သံသည် သွေးကြောမကြီးနှင့် အဆုပ် သွား သွေးကြောမကြီးတို့၏ အဆို့ရှင်များ ပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ခါမှု၊ တုံခါမှုကြောင့်ဖြစ်သည်။ အဆို့ရှင် များ၏ ပိတ်သံထက် သွေးများလှုပ်ရှားမှု အသံက ပိုကျယ်ခြင်းသည်။ အတိအကျ သိလိုပါက (အီးစီဂျီ) လုပ်ရမည်။

1. Mitral valve (LV): ဘယ်ဘက်နံရိုးကြား အမှတ်(၅)၊ နို့သီးအောက်နား နေရာ၊
2. Pulmonic valve: ဘယ်ဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ဘယ်ဘက်ဘေး နေရာ၊
3. Tricuspid valve (RV): ညာဘက် နံရိုးကြား အမှတ်(၄)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊
4. Aortic valve: ညာဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊

Abnormal heart sounds (Heart murmurs) ပုံမှန်မဟုတ်သော နှလုံးခုန်သံများ (မားမား)
သွေးများ ပုံမှန်စီးဆင်းခြင်းမရှိ၍ ထွက်သောအသံများဖြစ်သည်။ အဆို့ရှင်များ ကောင်းစွာ ပိတ်ခြင်းမရှိ၍ ဖြစ်ရသည်။ အဆို့ရှင် ၄ ခုလုံး၌ အကျဉ်း-အကျယ်တို့ ဖြစ်နိုင်သောကြောင့် (မာမာ)အသံ ၄ မျိုးထွက်မည်။ Mitral Regurgitation, Mitral Stenosis, Aortic Regurgitation, Aortic Stenosis, Tricuspid Stenosis, Tricuspid Regurgitation, Pulmonary Stenosis, Pulmonary Regurgitation

ကလေးငယ်များတွင် မွေးရာပါရောဂါများကြောင့် (မာမာ) များ ရှိနိုင်သည်။ Patent Ductus Arteriosus (PDA), Atrial Septal defect (ASD), Ventricular Septal defect (VSD), Coarctation of the Aorta

(၂) Breath sounds အသက်ရှူသံများ
အသက်ရှူနှုန်း တမိနစ်လျင် ပုံမှန် ၁၂-၂ဝ ရှိသည်။ ပဌမအသံက ဒုတိယအသံထက် ပိုကျယ်သည်။ ပုံမှန်မဟုတ်သည့် အသံများမှာ အသက်ရှူသံ နည်းခြင်း၊ များခြင်း၊ မကြားရခြင်း၊ အခြားအသံများရှိခြင်းတို့ ဖြစ်သည်။ အဆုပ်ထဲသို့ လေ အဝင်နည်းခြင်း၊ အဆုပ်သည် လွန်စွာ တင်းဖေါင်းနေခြင်း၊ အဆုပ်ကို ဖုံးထားသည့်အလွှာ ထူနေခြင်း၊ ယင်းအထဲ အရည် ရှိနေခြင်းတို့ကြောင့် အသံကောင်းကောင်း မကြားရဖြစ်မည်။

ပုံမှန်မဟုတ်သော အသက်ရှူသံများ
၁) Rales, Crepts, Crackles or Popping sounds ဟုခေါ်သည်။ လေလမ်းကြောင်းထဲ အရည်များကြောင့် ကြားရသည်။ လေအဝင်မှာ ပိုကြားရနိုင်သည်။ Pneumonia နူမိုးနီးယား၊ အဆုပ် အင်ဖက်ရှင်၊ Congestive heart failure နှလုံးရောဂါ၊
၂) Rhonchi (ရောင်ခိုင်)၊ Wheezes (ဝှီးစ်) စူးရှသော ကျဉ်းနေသည့်လေပြွန်ထဲ လေတိုးဝင်သည့်အသံ။ လေအထွက်မှာ ပိုကြားရသည်။ Asthma ပန်းနာရောဂါ၊ Tumor ကင်ဆာ၊ Obstructing foreign bodies အခြားပစ္စည်းဖြင့် ပိတ်နေခြင်း၊

(၃) Abdominal sounds ဝမ်းဗိုက်အသံများ
အူများ၏လှုပ်ရှားမှုကြောင့်ဖြစ်သည်။ များသောအားဖြင့် Peristalsis အသံများသည် ပုံမှန်ဖြစ်သည်။ အသံရှိနေခြင်းသည် ပုံမှန်အလုပ် လုပ်နေခြင်းကိုပြသည်။ အသံနည်းခြင်းမှာ အိပ်နေစဉ်၊ ခွဲစိတ်ခံအပြီး၊ ဆေးများကြောင့်ဖြစ်ရသည်။ ဝမ်းချုပ် နေလျင်လည်းနည်းမည်။ Ileus သည် အူ မလုပ်မလုပ်သဖြင့် အသံလုံးဝမကြားရခြင်းဖြစ်သည်။ ဝမ်းပျက်ခြင်း၊ အစာစားပြီး ဖြစ်ခြင်းတို့ကြောင့် များများကြားရမည်။ အူပိတ်ခြင်းကြောင့်လည်း များများကြားရမည်။

Pulse လက်ကောက်ဝတ်သွေးခုန်ခြင်း
လူနာ၏ လက်တဖက်ဖက်၏ လက်ကောက်ဝတ်နေရာအား သက်တောင့်သက်သာ ထားပြီး၊ မိမိ၏ လက်တဖက်၏ လက် (၂-၃) ချောင်းဖြင့် ထိန်းကိုင်၍ စမ်းပါ။ လက်သူကြွယ်အား အနည်းငယ်ဖိ၍ လက်ညှိုးနှင့် လက်ခလည်တို့က လူနာ၏ လက်မအထက်၊ လက်ကောက်ဝတ်နေရာ၌ခုန်နေသော သွေးလွှတ်ကြော Radial Pulse အား စမ်းရသည်။

1. Rate တမိနစ်လျင်မည်မျှ။ (60-100/min = normal)
2. Rhythm စည်းချက်ကျကျရှိ-မရှိ။ (Regular or irregular)
3. Volume စမ်း၍လွယ်သည်-ခက်သည်။ (Good or weak)

Blood Pressure (BP) သွေးဖိအားတိုင်းခြင်း
သွေးလွှတ်ကြောကြီးများအတွင်း လှည်လည်နေသည့်သွေးသည် သွေးလွှတ် ကြော နံရံအား မည်မျှဖိအား သက်ရောက်နေသည်အား Sphygmomanometer ဖြင့်တိုင်းသည်။ အထက်ဂဏန်းကို systolic pressure ဟု၎င်း၊ အောက်ဂဏန်းကို diastolic pressure ဟု၎င်း ခေါ်သည်။ ပျမ်းမျှ systolic pressure သည် 112.4 mm Hg နှင့် diastolic pressure သည် 64.0 mm Hg ဖြစ်သည်။

ပဌမဦးစွာ BP တိုင်းကရိယာကို လူနာ၏ လက်မောင်းမှာ ပြေပြစ်စွာ ပတ်ပါ။ တံတောင်ဆစ် ရှေ့နေရာကို ချန်လှပ်ထားပါ။ BP တိုင်းကရိယာကို လူနာ၏ နှလုံးနှင့် တတန်းထဲတားပါ။ Pulse ကို စမ်းပါ။ ပြဒါးကို ၁၂ဝ-၁၄ဝ အထိတင်ပါ။ Pulse ပျောက်သွားမည်။ ပြဒါးကို ဖြည်းဖြည်းချင်း လျော့ချပါ။ Pulse ပြန်၍ စမ်းရသည့် ဂဏန်းသည် အကြမ်းအားဖြင့် အထက် သွေးဖိအားဟု မှတ်ပါ။ ထို့နောက် နားကြပ်ကို တံတောင်ဆစ် ရှေ့နေရာပေါ်မှာ တင်ပါ။ ပြဒါးကို ရထားသည့် ဂဏန်း အထက် ၂ဝ ခန့်များသည်အထိ တင်ပါ။ ဖြည်းဖြည်းချင်း လျော့ချပါ။ နားကြပ်မှ နှလုံးခုန်သံကဲ့သို့ အသံကို စကြားရသည့် ဂဏန်းမှာ Systolic အထက်သွေးဖိအား၊ ပျောက်သွားသည့် ဂဏန်းသည် Diastolic အောက်သွေးဖိအား ဖြစ်သည်။

ဝမ်းဗိုက်စမ်းသပ်ခြင်း
အသဲကြီးသည်ကိုစမ်းခြင်း၊ လက်ဖြင့်ကုပ်ယူ၍စမ်းခြင်း

လက်ဖြင့်ခေါက်၍စမ်းခြင်း၊ ဝမ်းဗိုက်ထဲ အရည်များနေသည်အားစမ်းခြင်း

ဗိုက် တင်းနေ-မနေ၊ ဝမ်းဗိုက်ထဲရှိ အသဲ၊ ဘေလုံး၊ ကျောက်ကပ်၊ သားအိမ် ကြီး-မကြီး၊ အခြားအလုံး ရှိ-မရှိ။ ရှိလျင် နေရာ၊ အရွယ်အစား၊ နာကျင်မှု ရှိ-မရှိ၊ ရေ (ဖျင်းစွဲခြင်း)၊ ရှိ-မရှိ၊ ထို့ပြင် သီးခြားရောဂါများအတွက် စမ်းသပ်မှုများ၊ ဥပမာ Appendicitis အူအတက်ရောင်ခြင်း၊ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Intestinal obstruction အူပိတ်ခြင်း၊

Lab Investigation ဓါတ်ခွဲစစ်ဆေးခြင်း
ဆီး၊ သွေး၊ သလိပ်၊ ဝမ်း၊ စသည်တို့အား ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်။ (အာလ်ထွာဆောင်း)၊ စသည်တို့စစ်ဆေးပြီးမှသာ အမှန်ရောဂါအမည် Diagnosis (D) ရရှိသည်။ စမ်းသပ်မှုများအားလုံး မပြည့်စုံမီ Provisional diagnosis (P/D) ခန့်မှန်း ရောဂါအမည် နှင့် Differential diagnosis (D/D) ဖြစ်နိုင်ခြေရှိသောရောဂါများကိုသာ သိမည်။
• Haemoglobin Male 14-18 grams/dl; Females = 12-16 grams/dl; Children: 11-13 gm/dl
• Red Blood Cell Count Males = 4.7-6.1 million/micro liter; Females = 4.2-5.4 million/micro liter
• Hematocrit Count Male = 42%-52%; Female = 37%-47%
• Platelet Count = 150 thousands to 450 thousand/micro liter
• White Blood Cell Count = 4.8-10.8 thousand/micro liter
• Neutrophils = 3,150 to 6,200
• Lymphocytes = 1,500 to 3,000
• Monocytes = 300 to 500
• Eosinophils = 50 to 250
• Basophils = 15 to 50

Examination of Lumps, Bumps, Tumor အလုံး၊ အကြိတ်၊ အနာတို့အား စမ်းသပ်ခြင်း
1. Site တည်နေရာ၊ (ဥပမာ ဘယ်ဘက် ရင်သား၏ အပေါ်-ညာဘက်ခြင်း)
2. Size အရွယ်အစား၊ (1” x 2” x 1”)
3. Shape ပုံသဏ္ဌာန်၊ (Circle or Oval)
4. Color အရောင်၊ Infection ရှိလျင် နီမည်။
5. Temperature အပူ-အအေး၊ Infection ရှိလျင် ပူမည်။
6. Pain and Tenderness နာ-မနာ၊ Pain = လူနာက ခံစား၍နာခြင်း၊ Tenderness = ဖိကြည့်မှ နာခြင်း၊
7. Consistency အပြော့-အမာ၊ (Soft, Firm, Hard, Stony hard) ကင်ဆာဖြစ်လျင် မာတတ်သည်။
8. Mobility ရွေ့ရှားနိုင်ခြင်း ရှိ-မရှိ၊ (Fixed or movable) တို့ကို သိအောင် စမ်းရမည်။ ကင်ဆာဖြစ်လျင် တွယ် ကပ်နေတတ်သည်။
9. Translucency အလင်းရောင်ဖြတ်သွားခြင်း ရှိ-မရှိ Hydrocele ခေါ် မုတ်ရောဂါ။
10. Reducibility လျှော့သွား-ဝင်သွားစေရန် လုပ်၍ ရ-မရ စမ်းခြင်။ Hernia အူကျရောဂါ။

• X-ray ဓါတ်မှန်၊ Plain X-ray, Barium meal, IVP
• Computed Tomography (CT) သည် ကွန်ပြူတာသုံး၍ သုံးဖက်မြင်ပုံဖေါ်ခြင်းဖြစ်သည်။
• Electrocardiography (ECG or EKG) သည် လျှပ်စစ်သုံး၍ နှလုံး၏အလုပ်ကို ဆန်းစစ်ခြင်းဖြစ်သည်။
• Electroencephalography (EEG) လျှပ်စစ်သုံး၍ ဦးနှောက်၏ အလုပ်ကို ဆန်းစစ်ခြင်းဖြစ်သည်။
• Ultrasound သည် လူ၏နားကမကြားနိုင်အောင် မြင့်မားသည့် အသံလှိုင်းသုံး၍ ကိုယ်အတွင်းရှိ အင်္ဂါအစိတ် အပိုင်းများကို ပုံဖေါ်ခြင်းဖြစ်သည်။
• Magnetic resonance imaging (MRI) သည် နူကလီယာ သံလိုက်အားသုံး၍ ကိုယ်အတွင်းရှိ အင်္ဂါ အစိတ် အပိုင်းများကို ပုံဖေါ်ခြင်းဖြစ်သည်။
• Pap smear (Papanicolaou test, Pap test, cervical smear) သည် သားအိမ်အဝ တွင် ပြောင်းလဲမှု ရှိ-မရှိ စမ်းသပ်ခြင်းဖြစ်သည်။
• DNA profiling (DNA testing, DNA typing) သည် မှုခင်းဆေးပညာ၏ အစိတ်အပိုင်းတခု ဖြစ်သည်။
• Complete blood count (CBC) သွေးစစ်ခြင်း၊
• Urine tests (Albumin, Sugar, Microscopic exam) ဆီးစစ်ခြင်း၊
• Blood sugar (Glucose) သွေးချိုစစ်ခြင်း၊
• Sputum for AFB (TB) သလိပ်စစ်ခြင်း၊