ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, February 1, 2010

Basic Anatomy အခြေခံ (အနာတော်မီ) ခန္ဓာဗေဒ

(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊)
ခန္ဓဗေဒ စနစ် (၁ဝ) မျိုး
1. Skeletal (စကယ်လတန်) အရိုးစနစ်။
2. Muscular (မာစကူလာ) ကြွက်သားစနစ်။
3. Nervous (နားဘတ်စ်) အာရုံကြောစနစ်။
4. Endocrine (အင်ဒိုခရိုင်း) ဟော်မုန်းစနစ်။
5. Cardiovascular (ကာဒီယို-ဗတ်စကူလာ) နှလုံးနှင့် သွေးကြောများစနစ်။
6. Lymphatic (လင်ဖက်တစ်) သွေးပြန်ရည်စနစ်။
7. Respiratory (ရက်စပရေးရှင်း) အသက်ရှူလမ်းကြောင်းစနစ်။
8. Digestive (ဒိုင်ဂျက်စတစ်ဖ်) အစာခြေလမ်းကြောင်းစနစ်။
9. Urinary (ယူရီနရီ) ဆီးလမ်းကြောင်းစနစ်။
10. Reproductive (ရီပရိုဒတ်တစ်ဖ်) မျိုးပွားလမ်း ကြောင်းစနစ်။


လူ့ခန္ဓာကိုယ်သည် သက်ရှိသတ္တဝါများအနက် အရှုတ်ထွေးဆုံးဖြစ်ပြီး။ Microscope အနုကြည့် မှန်ဘီလူးဖြင့်သာ မြင်ရသည့် သေးငယ်လွန်းသော အစိတ်အပိုင်း Cells (ဆဲလ်) သန်းထောင်ပေါင်း များစွာဖြင့် ဖွဲ့စည်းထားသည်။ • Cells (ဆဲလ်) ကလပ်စည်းဆိုသည်မှာ သက်ရှိတို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။
• Tissues တစ်ရှူး = တူညီသည့် (ဆဲလ်)များဖြင့် ဖွဲ့စည်းထားသည်။ ဥပမာ Epithelial Tissue (အပီသီလီရယ်) အပေါ်ယံလွှာ၊ Connective Tissue (ကွန်နက်တစ်) တွယ်ဆက်၊ Muscle Tissue (မာဆယ်) ကြွက်သား၊ Nervous Tissue (နားဘတ်စ်) အာရုံကြော။
• Organs အင်္ဂါ = မတူညီသော (တစ်ရှူး) များစွာတို့ ပါဝင်ပြီး၊ အလုပ်တမျိုးကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည်။ ဥပမာ အစာအိမ်တွင် ကြွက်သား + အာရုံကြော + အပေါ်လွှာ + အတွင်းလွှာတို့ ပေါင်းစပ် ပါဝင်နေကြသည်။
• Systems စနစ် = သက်ရှိတို့၏ ရှုတ်ထွေးသည့် အမျိုးမျိုးသော အင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်။

(ဆဲလ်) တည်ဆောက်ထားပုံ
Cell (ဆဲလ်) အချို့ သတ္တဝါများသည် (ဆဲလ်) တခုတည်းရှိပြီး၊ လူအပါအဝင် အချို့မှာ (ဆဲလ်) သန်းများစွာ ရှိကြသည်။ လူ့သန္ဓေဖြစ်စ၌ (ဆဲလ်) တခုတည်းမှ ပွားများလာရသည်။ (ဆဲလ်) များသည် အနုကြည့် မှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်သည်အထိ သေးငယ်သည်။ (ဆဲလ်) အမျိုးအစားပေါင်း များစွာရှိသည်။ လူ့ခန္ဓာကိုယ်၌ (ဆဲလ်) ပေါင်း ၆ဝ-၁ဝဝ (ထွီလီယန်) ရှိမည်ဟု မှန်းဆရသည်။ ၁ (ထွီလီယန်) = ၁ဝဝဝဝဝဝဝဝဝဝဝဝ။ (သုည ၁၂ လုံး)

(ဆဲလ်) တခုတည်းရှိသော ဝမ်းကိုက်ရောဂါ ဖြစ်စေသည့် Amoeba (အမီးဘား)၊ RBC သွေးနီဥ၊ (ဆဲလ်) တခုတည်းရှိသော ဝမ်းပျက်၊ ဆီးအောင့်၊ ဦးနှောက်ရောင် ဖြစ်စေတတ်သည့် E. coli ဗက်တီးရီးယား၊
Cell (ဆဲလ်) တည်ဆောက်ထားပုံ

(ဆဲလ်) တွင် Cell wall နံရံ၊ Nucleus (နယူကလီးယပ်စ်) နှင့် Cytoplasm (ဆိုက်တိုပလာဆမ်) တို့ ပါဝင်သည်။ နံရံသည် အတွင်းပိုင်းနှင့် အပြင်ကို ကန့်ထားကာ (ဆဲလ်) ၏ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ ဓါတ်ပစ္စည်များ အထဲဝင်-အပြင်ထွက်နိုင် စေရန်လည်း လုပ်ပေးသည်။ (ဆိုက်တိုပလာဆမ်) သည် (ဂျဲလ်) ကဲ့သို့ ကျိချွဲချွဲဖြစ်သည်။ ၎င်းထဲ၌ သေးငယ်သည့် ပစ္စည်းများ ပါဝင်သည်။ ၎င်းထဲရှိ Nucleus (နယူကလီယပ်စ်) ခေါ် (ဆဲလ်) ၏ အထိန်းပင်မထဲတွင် DNA ခေါ် မျိုးဗီဇ ပါဝင်သည်။ ၎င်းထဲရှိ Nucleous (နယူကလီ ယိုးလပ်စ်) ၌ (ပရိုတိန်း) ဖြစ်ရေးတွင် ပါဝင်ရသည့် RNA ရှိသည်။ ၎င်းမှာ (ဆဲလ်) ကြီးထွားစေရန်၊ ပျက်သည်ကို ပြင်ရန်၊ သေသည်ကို အစားထိုးရန်တို့အတွက် (ဆဲလ်) ပွားခြင်း ဖြစ်ရသည်။

(ဆဲလ်) တခုတည်းရှိသော ဝမ်းကိုက်ရောဂါ ဖြစ်စေသည့် Amoeba (အမီးဘား)၊ RBC သွေးနီဥ၊ WBC သွေးဖြူဥအမျိုးမျိုး၊ ဝမ်းပျက်၊ ဆီးအောင့်၊ ဦးနှောက်ရောင် ဖြစ်စေတတ်သည့် E. coli ဗက်တီးရီးယား၊

(အေရီယိုလာ)၊ (အဒီပို့စ်)၊ (ဖိုက်ဘရပ်စ်)၊ တွယ်ဆက်တစ်ရှူးများ
Tissue (တစ်ရှူး) ဆိုသည်မှာ အလုပ်တမျိုးလုပ်ရန် မျိုးတူသည့် (ဆဲလ်) များ၏ အစုအဝေးကိုခေါ်သည်။ စက္ကန့်တိုင်းမှာ တစ်ရှူးအသစ်နှင့် ဆဲလ်အသစ် စုစုပေါင်း ၂၅ သန်း ဖြစ်ပေါ်နေသည်။ (ဆဲလ်) များအကြား သက်မဲ့ပစ္စည်းဖြစ်သည့် တွယ် ကပ်သည့် ပစ္စည်းများရှိသည်။ အချို့(တစ်ရှူး) များ၌ တွယ်ကပ်ပစ္စည်း နည်းနည်းသာရှိ၍ အချို့တွင် အမြောက်အမြား ရှိသည်။ (တစ်ရှူး) အမျိုးအစား ၄ မျိုးရှိသည်။
1. Epithelial Tissue (အပီသီလီရယ်-တစ်ရှူး) အပေါ်ယံလွှာ၊
2. Connective Tissue (ကွန်နက်တစ်-တစ်ရှူး) တွယ်ဆက်၊
3. Muscle Tissue (မာဆယ်-တစ်ရှူး) ကြွက်သား၊
4. Nervous Tissue (နားဘတ်စ်-တစ်ရှူး) အာရုံကြော၊

၁။ Epithelial Tissue (အပီသီလီရယ်-တစ်ရှူး) အပေါ်ယံလွှာ
တကိုယ်လုံးအနှံ့ရှိသည်။ ခန္ဓာကိုယ်မျက်နှာပြင်၊ ဝမ်းတွင်းခေါင်းများ၊ အခေါင်းရှိသည့် အင်္ဂါများ၊ (ဂလင်း) များ အားလုံးကို ဖုံးနေသည့် အလွှာဖြစ်သည်။ ၎င်းက ကာကွယ်မှုပေးခြင်း၊ အရည်များညှစ်ထုတ်ပေးခြင်း၊ စုပ်ယူပေးခြင်း၊ စွန့်ထုတ်ပေးခြင်း၊ တဖက်မှ တဖက်ဆီသို့ ပြန့်နှံ့စေခြင်း၊ အာရုံခံပေးခြင်းများ လုပ်ပေးသည်။ (အပီသီလီရယ်-တစ်ရှူး) ၏ (ဆဲလ်) များသည် တခုနှင့်တခု ထိစပ်နေကြပြီး၊ တဖက်က အပြင်သို့ မျက်နှာမူနေကာ၊ (ကာဗွန်ဟိုက်ဒရိတ်) နှင့် (ပရိုတင်း) တို့ ပါဝင်သည်။ (အပီသီလီရယ်-တစ်ရှူး) သည် တထပ်တည်း သို့မဟုတ် အထပ်များစွာရှိသည်။ အပြား = အရေပြား၊ ကုဗပုံ = (ဂလင်း-တစ်ရှူး၊ ကျောက်ကပ်၊ ကော်လံပုံ = အစာခြေလမ်း၊ အသက်ရှူလမ်း

- Epithelial Membranes (အပီသီလီရယ်-မင်ဘရိန်း) ခေါ် အပေါ်ဖုံးအလွှာ သည် ကိုယ်ထည်၊ ကိုယ်တွင်းခေါင်းများ၏ အတွင်းပိုင်း၊ အင်္ဂါအစိတ်အပိုင်းများကို ဖုံးလွှမ်းထားသည့် (တစ်ရှူး) ဖြစ်သည်။
- Mucous Membranes (မြူးကပ်စ်-မင်ဘရိန်း) = (မြူကိုဆာ) = အစာခြေလမ်း တလျှောက်လုံးအား အတွင်းက ဖုံးထားသည်။ အပြင်သို့ မျက်နှာမူထားသည့် အခေါင်းပါ အင်္ဂါများအားလည်း အတွင်းက ဖုံး ထားသည်။ မွေးလမ်း၊ အသက်ရှူလမ်း၊ ဆီးလမ်းများအားလည်း အတွင်းက ဖုံးထားသည်။
- Serous Membranes (ဆီးရပ်စ်-မင်ဘရိန်း) = (ဆီရိုဆာ) အပြင်သို့ မျက်နှာမူမထားသည့် အခေါင်းပါ အင်္ဂါများအား ဖုံးထားသည်။ ၎င်းမှ အရည်များ စစ်ထုတ်သည်။ ၎င်းအရည်သည် မျက်နှာပြင်များအကြား ချောမွေ့စေရန်ဖြစ်သည်။ အဆုပ်ကို ဖုံးထားသော (ပလူရာ)၊ နှလုံးအား (ပယ်ရီကားဒီယမ်)၊ ဦးနှောက် အား (မင်နင်းဂျီးစ်)၊ ဝမ်းဗိုက်ထဲရှိ အင်္ဂါများအား (ပယ်ရီတိုနီယမ်) စသည်တို့ဖြင့် ဖုံးထားသည်။ အားလုံး တို့သည် နှစ်လွှာစီရှိပြီး၊ အတွင်း၌ ဝါကျင့်ကျင့် အရည်ရှိသည်။ ၎င်းကြောင့် ပွတ်တိုက်မှုကို သက်သာ စေသည်။)
- Connective Tissue Membranes (ကွန်နက်တစ်-တစ်ရှူး) အလွှာ = အဆစ်များ၏ အတွင်းပိုင်း ဖုံးထားသည့် (ဆိုင်နိုဗီရယ်-မင်ဘရိန်း)၊ ဦးနှောက်နှင့် ခါးရိုးထဲရှိ အာရုံကြောများအား ဖုံးထားသည့် (မင်နင်ဂျီးစ်) တို့ဖြစ်သည်။

၂။ Connective Tissue (ကွန်နက်တစ်-တစ်ရှူး) တွယ်ဆက်တစ်ရှူး
(ဆဲလ်) များကို ဆက်စပ်တွယ်ကပ်နေစေသည့် (တစ်ရှူး) ဖြစ်သည်။ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ အဆီကို သိုလှောင် ထားသည်။ ရောဂါအချို့ကို အကာကွယ်ပေးသည်။ ပျက်စီးသည်များကို ပြင်ရန်ကူညီသည်။ အမျိုးအစား များစွာ ရှိသည်။
1. (အေရီယိုလာ) တွယ်ဆက်တစ်ရှူး၊
2. (အဒီပို့စ်) တွယ်ဆက်တစ်ရှူး၊
3. (ဖိုက်ဘရပ်စ်) တွယ်ဆက်တစ်ရှူး၊
4. (စပါယ်ရှယ်) တွယ်ဆက်တစ်ရှူး၊

Specialized connective tissues ထူးခြားသည့် (ကွန်နက်တစ်-တစ်ရှူး) များ
(၁) Blood သွေး
သွေးအား မှန်ပြားပေါ်တင်ကာ အရောင်ဆိုးထားသည့်ပုံ

သွေးတွင် အခဲပိုင်း နှင့် အရည်ပိုင်းရှိသည်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်) ခေါ် (ဆိုဒီယမ် နှင့် ကလိုရင်း) ဓါတ်ဆားများ၊ Protein ပရိုတင်းတို့လည်း ပါဝင်သည်။ အာဟာရ၊ ဂလူးကို့စ်၊ Lipid ခေါ် အဆီ၊ Amino acid အမိုင်နို-အက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတို့ကို သယ်ပို့ပေးသည်။ ပုံမှန်လူတယောက်၌ သွေး ၅ လီတာရှိသည်။ သွေး၏ အခဲပိုင်းသည် ၄၅% ရှိပြီး၊ ၎င်းတွင် -
1. RBC = Red blood cell = Erythrocyte သွေးနီဥ၊
2. WBC = White blood cells = Leukocytes (လူကိုဆိုက်) သွေးဖြူဥများနှင့်
3. Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်သည်။

RBC သွေးနီဥ သည် အများဆုံးဖြစ်သည်။ RBC သည် ပျမ်းမျှ ရက် ၁၂ဝ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ RBC ပေါင်း ၂့၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ RBC အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆ဝ,ဝဝဝ ခရီး သွားနေခြင်း ဖြစ်သည်။ RBC တခုသည် ကိုယ်ခန္ဓာထဲ လှည့်လည်ရန် ၂ဝ စက္ကန့်ပင် မကြာချေ။ WBC သွေးဖြူဥ များထဲတွင် Neutrophil နူထိုဖီးလ်၊ Eosinophil အီယိုဆင်နိုဖီးလ်၊ Basophil ဘေဆိုဖီးလ်၊ Lumphocyte လင်ဖိုဆိုက်၊ Monocyte မိုနိုဆိုက်၊ Macrophage မက်ကရိုဖေ့ခ်ျ၊ တို့ပါဝင်သည်။ Platelets (ပလိပ်လက်) အရေအတွက်သည် အချို့ ရောဂါများ Aplastic anemia, Bone marrow cancer, DHF (သွေးလွန်တုပ်ကွေး) တို့တွင် နည်းသည်။ Thrombocyto-penia ဟု ခေါ်သည်။

Plasma (ပလာစမာ) သွေး၏ အရည်ပိုင်းဖြစ်သည်။ သွေး၏ ၅၅% ရှိသည်။ အရေးပါသော (ပရိုတိန်း) များပါနေသည်။ ၎င်းထဲတွင် အသဲမှထုတ်ပေးသည့် Fibrinogen (ဖိုင်ဘရင်နိုဂျင်) ခေါ် သွေးအားခဲစေသည့် ပစ္စည်းပါသည်။ (ပလာစမာ) မှ သွေးခဲစေသည့် ပစ္စည်းများ ထုတ်လိုက်ပါက Serum (စီရမ်) ကျန်ရစ်သည်။ အချို့ရောဂါ ကာကွယ်ဆေးများမှာ (စီရမ်) မှ ထုတ်ယူရသည်။

WBC သွေးဖြူဥအမျိုးမျိုး၊ % မည်မျှရှိသည်၊ လုပ်သည့်အလုပ်။
- နူထိုဖီးလ်၊ ၆၅%၊ (ဗက်တီးရီးယား)များအား တိုက်ဖျက်ပေးသည်။ Pus ပြည်ထဲ၌ပါဝင်။
- အီယိုဆင်နိုဖီးလ်၊ ၄%၊ Parasite (ပါရာဆိုက်) ခေါ် ကပ်ပါးကောင်များအား တိုက်ဖျက်ပေး။
- ဘေဆိုဖီးလ်၊ ၁%၊ Allergy (အလာဂျီ)ဖြစ်လျင် Histamine (ဟစ်စတမင်း)ထုတ်ပေးသည်။
- လင်ဖိုဆိုက်၊ ၂၅%၊ B cells (အင်တီဘော်ဒီ) Antibody ထုတ်ပေးသည်။ T cells ခုခံအားကိစ္စတွင် ပါဝင်။ AIDS ဖြစ်လျင် ၎င်းနည်းသွား။
- မိုနိုဆိုက်၊ ၆%၊ လေစုပ်စက်ကဲ့သို့ ရှင်းပေးသည်။ မက်ကရိုဖေ့ခ်ျ၊ ခုခံအားအတွက် ကူညီသည်။

(၂) Cartilage (ကားတလေ့ခ်ျ) အရိုးနု Rib နံရိုး။ Ear နားရွက်၊ Nose နှာခေါင်း၊ Throat လည်ချောင်း၊ Intervertebral disks ခါးရိုးဆစ်ကြား အရွတ်တို့သည် အရိုးနုများဖြစ်ကြသည်။

၃။ Muscle Tissue ကြွက်သားတစ်ရှူး၊ ရှုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိသည့် (ဆဲလ်)များဖြင့် တည်ဆောက်ထားသည်။ (ဆဲလ်) များစွာနှင့် သွေးများစွာရှိသည်။ (ဆဲလ်) များသည် ရှည်လျှားပြီး၊ အထပ်ထပ် သို့မဟုတ် အဆုပ်လိုက်တည်ဆောက်ထားသည်။

ကြွက်သားတစ်ရှူး သုံးမျိုးရှိသည်။
1. (စကယ်လ်တယ်-မာဆယ်) အရိုးကြွက်သား = ဆလင်ဒါ ပုံရှိသည်။ (နူကလီယပ်စ်) တခုမက ရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ ထိန်းပေးနိုင်သည်။ အရိုးများတွင် တွယ်ကပ်နေသော ကြွက်သားများဖြစ်သည်။
2. Smooth muscle (စမုသ်-မာဆယ်) အနုစားကြွက်သား = ရက်ကန်းလွန်းပုံရှိသည်။ (နူကလီယပ်စ်) တခုတည်း ရှိသည်။ ကန့်လန့်စင်း မရှိ။ စိတ်က မထိန်းနိုင်။ အစာအိမ်၊ အူ၊ သားအိမ်၊ သွေးကြောတို့ရှိ ကြွက်သားများ ဖြစ်ကြ သည်။
3. Cardiac muscle (ကားဒီယက်-မာဆယ်) နှလုံးကြွက်သား = ဖြာထွက်နေသည့် Fibre (ဖိုင်ဗာ) များရှိသည်။ (နူကလီယပ်စ်) တခုတည်းရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ မထိန်းနိုင်။

၎။ Nervous Tissue (အာရုံကြော) တစ်ရှူး ဦးနှောက်၊ ခါးရိုးထဲက (နာ့ဖ်) အာရုံကြောများတွင်ရှိသည်။ ကြွက်သားများအား ကြုံ့စေရန်၎င်း၊ ပတ်ဝန်းကျင်အား သိနေ စေရန်၎င်း လုပ်ပေး၍၊ ခန္ဓာကိုယ်၏ လုပ်ငန်းများအကြား ထိန်းညှိပေးသည်။ စိတ်လှုပ်ရှားမှု၊ ဆင်ခြင်တုံတရား၊ မှတ်ဥာဏ် တို့တွင် အဓိကကြသည်။ ထိုအလုပ်များလုပ်နိုင်ရန် လျှပ်စစ်ဓါတ်ဖြင့် ဆက်သွယ်သည်။

Body Cavities ခန္ဓာကိုယ်တွင်းရှိ အခေါင်း (လှိုင်ခေါင်း) များ
1. Thoracic cavity (သိုရက်ဆစ်-ကယ်ဗတီ) ခေါ် ရင်ခေါင်းပိုင်းအခေါင်းထဲတွင် Heart နှလုံး၊ Lungs အဆုပ်များ၊ Trachea လေပြွန်ကြီး၊ Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်၊ Blood vessels (ဘလတ်-ဗက်ဆယ်လ်စ်) သွေးကြောများ၊ Nerves အာရုံကြောများရှိကြသည်။ ၎င်းတို့အား ဘေးတွင် Ribs နံရိုးများနှင့် အဆုပ်အား ဖုံးထား သည့် Pleura (ပလူရာ) တို့က ရံထားပြီး၊ အောက်တွင် Diaphragm (ဒိုင်ယာဖရမ်)ခေါ် ရင်ခေါင်းနှင့် ဝမ်းဗိုက်ကို ပိုင်းခြားထားသော ကြွက်သားကြီးတို့ ရှိကြသည်။

2. Abdominal and pelvic cavity ဝမ်းဗိုက်ပိုင်းနှင့် တင်ပဆုံရိုးတွင်း အခေါင်းများ၊
a. Abdominal cavity ဝမ်းဗိုက်ခေါင်းထဲတွင် အစာခြေလမ်းကြောင်း၏ အများဆုံးအပိုင်းအပြင် Kidneys ကျောက်ကပ်၊ Adrenal glands (အဒြီနယ်လ်-ဂလင်း) တို့ရှိကြသည်။ ဝမ်းဗိုက်ပိုင်းနှင့် အထက်က ရင်ခေါင်းပိုင်းအား Diaphragm (ဒိုင်ယာဖရမ်) ဖြင့် ပိုင်းခြားထားသည်။
b. Pelvic cavity တင်ပဆုံရိုးအခေါင်းထဲတွင် ဆီးလမ်းနှင့် မျိုးပွားအင်္ဂါများနှင့် အစာဟောင်းအိမ်ရှိသည်။

3. ဦးနှောက်ရှိသော ဦးခေါင်းရိုးခွံနှင့် ခါးရိုးထဲရှိသော အာရုံကြောမကြီးတို့ပါသော အခေါင်းများဖြစ်သည်။

Body Cavities ခန္ဓာကိုယ်တွင်းရှိ အခေါင်း (လှိုင်ခေါင်း) များ
- ကျောရိုးမကြီးထဲရှိအခေါင်း တင်ပဆုံရိုးတွင်းအခေါင်း
- ဦးခေါင်းပိုင်းအခေါင်း
- ခန္ဓာကိုယ်တွင်းရှိအခေါင်းများ
- ရင်ခေါင်းပိုင်းအခေါင်း
- ခန္ဓာကိုယ်ရှေ့ပိုင်းရှိအခေါင်း
- ဝမ်းဗိုက်ပိုင်းအခေါင်း
- ဝမ်းဗိုက်နှင့် တင်ပဆုံရိုးတွင်းအခေါင်း

(1) Skeletal System (စကယ်လတယ်-ဆစ်စတမ်) အရိုးစနစ်
လူကြီးတယောက်တွင် ၂ဝ၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅ဝ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂ဝ၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။

လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂ဝ% သည် အရိုးစနစ်က ဖြစ်သည်။ ပြော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှု ပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓါတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ RBC သွေးနီဥ၊ WBC သွေးဖြူဥ၊ Platelets သွေးမှုံများကိုလည်း ဖြစ်လာစေသည်။ ဒေါင်လိုက်ရိုးများ ၈ဝ နှင့် ဆက်တွဲ အရိုး ၁၂၆ ရိုး တို့ဟူ၍ ၂ ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး ၈ဝ ဦးခေါင်းခွံရိုး (၂၈)။

Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ
- Parietal (2) ပရိုင်ရတယ်၊ ခေါင်းဘေးရိုး (၂)
- Temporal (2) တန်ပိုရယ်၊ နားထင်ရိုး (၂)
- Frontal (1) ဖရန်တယ်၊ နဖူးရိုး (၁)
- Occipital (1) အောက်စီပီတယ်၊ နောက်စေ့ရိုး (၁)
- Ethmoid (1) အက်သမွိုက်၊ မျက်လုံးအတွင်းရိုး (၁)
- Sphenoid (1) စဖီနွိုက်၊ နားထင်နှင့် မျက်လုံးကြားရိုး (၁)

Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ၊
- Malleus (2) မဲလီယပ်စ် (၂)
- Incus (2) အင်းနပ်စ် (၂)
- Stapes (2) စတေးပိစ် (၂)
- Hyoid (1) ဟိုင်းဝိုက် (၁)

Vertebral Column ခါးရိုးမကြီး
- Cervical vertebrae (7) ဆဗိုက်ကယ်၊ လည်ပင်းရိုး (၇)
- Thoracic vertebrae (12) သိုရက်ဆစ်၊ ရင်ခေါင်းရိုး (၁၂)
- Lumbar vertebrae (5) လမ်ဘား၊ ခါးရိုး (၅)
- Sacrum (1) ဆေခရမ်၊ တင်ပါးရိုး (၁)
- Coccyx (1) ကောက်ဆစ်၊ အမြီးပိုင်းရိုး (၁)

(ဗာတီဘရယ်-ကော်လံ) အကောက်လေးခုရှိသည်။
၁။ (ဆာဗိုက်ကယ်-ကာ့ဖ်) (လည်ပင်းပိုင်းအကောက်)
၂။ (သိုရက်ဆစ် ကာ့ဖ်) (ရင်ခေါင်းပိုင်းအကောက်)
၃။ (လမ်းဘား-ကာ့ဖ်) (ခါးပိုင်းအကောက်)
၎။ (ဆေခရယ်-ကာ့ဖ်) (တင်ပိုင်းအကောက်)

Thoracic Cage ရင်ခေါင်းအုံ
- Sternum (1) စတာနမ်၊ ရင်ညွန့်ရိုး (၁) (နှစ်ပိုင်းရှိသည်။)
- Ribs = နံရိုးများ ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။

Pectoral girdles (ပက်တိုရယ်-ဂါဒယ်) လက်အုံပိုင်း
- Clavicle (2) ကလက်ဗီကယ်၊ ညှပ်ရိုး(၂)
- Scapula (2) စကက်ပြူလာ၊ (တောင်ပံ)၊ လက်ပြင်ရိုး (၂) လက်အရိုးများ
- Humerus (2) ဟူးမားရပ်စ်၊ လက်မောင်းရိုး (၂)
- Radius (2) ရေဒီယပ်စ်၊ လက်ဖျံအပြင်ရိုး (၂)
- Ulna (2) အာလ်နာ၊ လက်ဖျံအတွင်းရိုး (၂)
- Carpals (16) ကာပယ်လ်၊ လက်ကောက်ဝတ်ရိုး (၁၆)
- Metacarpals (10) မက်တာကာပယ်လ်၊ လက်ဝါးအတွင်းရိုး (၁ဝ)
- Phalanges (28) ဖဲလင့်ဂျက်စ်၊ လက်ချောင်းအရိုး (၂၈)

လက်ဝါး၏အတွင်း အပေါ်ယံပိုင်းနှင့် အတွင်းပိုင်းရှိ
Muscle ကြွက်သားများ၊ Tendon (တန်ဒွန်) ခေါ် အရွတ်ချောင်းများ၊ Nerves အာရုံကြောများ၊ Arteries သွေးလွှတ်ကြောများ၊ Veins သွေးပြန်ကြောများ၊ Fascia (ဖါရှာ) ခေါ် အရွတ်ပြားများ။

လက်ဝါး၏အတွင်း အပေါ်ယံပိုင်းနှင့် အတွင်းပိုင်းရှိ
Muscle ကြွက်သားများ၊ Tendon (တန်ဒွန်) ခေါ် အရွတ်ချောင်းများ၊ Nerves အာရုံကြောများ၊ Arteries သွေးလွှတ်ကြောများ၊ Veins သွေးပြန်ကြောများ၊ Fascia (ဖါရှာ) ခေါ် အရွတ်ပြားများ။

Lower Extremity ခြေထောက်ပိုင်းအရိုးများ
- Femur (2) ပေါင်ရိုး (၂)
- Tibia (2) ခြေသလုံးအတွင်းရိုး (၂)
- Fibula (2) ခြေသလုံးအပြင်ရိုး (၂)
- Patella (2) ဂုံညင်းရိုး (၂)
- Tarsals (14) ခြေခြင်းဝတ်ရိုး (၁၄)
- Metatarsals (10) ခြေဖဝါးရိုး (၁ဝ)
- Phalanges (28) ခြေချောင်းကလေးများ (၂၈)

Pelvic Girdle (ပဲလဗစ်ဂါဒယ်) တင်ပဆုံရိုးကွင်း
- Ilium (အီလီယန်) တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး၊
- Iliac crest (အီလီယက်-ခရက်စ်) ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုး၊
- Ischium (အစ်စချီယန်) ဆီးစပ်ဘေးရိုး၊
- Asetabulum (အဆက်တဗျူလမ်) ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး၊
- Pubis (ပြူးဗစ်) ဆီးစပ်ရိုး၊ (2)

Muscular System ကြွက်သားစနစ်
ကြွက်သားအုပ်စုပေါင်း (၆ဝဝ)ကျော်ရှိသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၄ဝ% ရှိသည်။ အမျိုးအစားများ၊ ၃ မျိုးရှိသည်။

(၁) Skeletal Muscle (စကယ်လ်တယ်-မာဆယ်) ခေါ် (စထွိုင်ရိတ်တက်) ကြွက်သား။ အရိုးအားတွယ်ထား သည်။ အရိုးလှုပ်ရှားစေရန်လုပ်သည်။ ဦးနှောက်၊ အာရုံကြောများမှ ထိန်းပေးသည်။ ကန့်လန့်စင်းများ ရှိသည်။ စိတ်ကနေ ထိန်းနိုင်သည်။

(၂) Smooth Muscle (စမုသ်-မာဆယ်) အချောစားကြွက်သား။ အတွင်းပိုင်း အင်္ဂါများ၏ နံရံများကို ဖုံးထားသည်။ ဥပမာ သွေးကြောများ၊ အစာခြေလမ်းကြောင်း၊ ဆီးအိမ်၊ သားအိမ်၊ (အော်တို-နောမစ်) အာရုံကြောစနစ်က ထိန်းသည်။ ကန့်လန့်စင်းများမရှိ။ စိတ်ကနေ မထိန်းနိုင်။

(၃) Cardiac Muscle (ကာဒီရက်-မာဆယ်) ခေါ် နှလုံးကြွက်သား (အော်တို-နောမစ်) အာရုံကြောစနစ်က ထိန်းသည်။ ကန့်လန့်စင်းများ ရှိသည်။ စိတ်ကနေမထိန်းနိုင်။ ဦးခေါင်းနှင့် လည်ပင်းပိုင်း ကြွက်သားများ = မျက်နှာအမူအရာ (အံ့သြခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း) တို့ကိုဖေါ်ပြရန် ကြွက်သားများ၊ အစာကို ဝါးရန်၊ မြိုရန်ကြွက်သားများ၊ လည်ပင်းအား ငုံ့ရန်၊ မော့ရန်၊ ဘယ်-ညာလှည့်ရန်၊ ပတ်ခြာလှည့်ရန် ကြွက်သားများ ဖြစ်ကြသည်။

ခန္ဓာကိုယ်ပိုင်းကြွက်သားများ = (ဗာတီဘရယ်-ကော်လံ) ခေါ် ကြောရိုးမကြီးအား လှုပ်ရှားရန်ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ၊ ဝမ်းဗိုက်နံရံရှိ ကြွက်သားများ၊ တင်ပဆုံ (ပဲလဗစ်) အပေါ်ပိုင်းကြွက်သားများ၊ ရင်ခေါင်းပိုင်းကြွက်သားများ ဖြစ်ကြသည်။ နံရိုးကြား ကြွက်သားများနှင့် ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်ကို ခြားထားသော (ဒိုင်ယာဖရမ်) ကြွက်သားတို့မှာ အသက်ရှူရာတွင် သုံးသည်။ (ဒိုင်ယာဖရမ်) တွင် အပေါက် ၃ ပေါက်ရှိသည်။ (အေအိုတာ) ခေါ် သွေးလွှတ်ကြောမကြီး၊ (ဗီနာကေဗာ) ခေါ် သွေးပြန်ကြောကြီး နှင့် (အီဆိုဖေးဂတ်စ်) ခေါ် အစာမြိုပြွန်တို့ ဖေါက်ဝင်ကြသည်။ ဝမ်းဗိုက်အား ကြွက် သား ၄ လွှာနှင့် (ဖာရှာ)ခေါ် အရွက်ပြားတို့ဖြင့် ဖုံးထားသည်။ ကိုယ်ပိုင်းရှိကြွက်သားများ (ပက်တိုရယ်လစ်-မေဂျာ) (အိတ်စ်တာနယ်-အောဘလစ်ခ်) (အာတာနယ်-အောဘလစ်ခ်) (ရက်တပ်စ်-အဘဒေါမီနစ်) လက်ပိုင်း ကြွက်သားများသည် (စကက်ပြူလာ) ခေါ် နောက်ဖက်ရှိ လက်ပြင်၊ ရင်ခေါင်းပိုင်းတို့နှင့် တွယ်ထားသည်။

Muscles of the Lower Extremity ခြေပိုင်းကြွက်သားများ၊ ခြေပိုင်းကြွက်သားများသည် တင်ပဆုံရိုးကွင်းမှစ၍ ခြေထောက်ပိုင်း အရိုးများနှင့် တွယ်ထားသည်။

Muscles of the Upper and Lower Extremities လက်ပိုင်း-ခြေပိုင်း ကြွက်သားများ

Sphincter (စဖင်တာ) = အဝိုင်းပုံကြွက်သားဖြစ်ပြီး လမ်းကြောင်း၊ အဝတို့အား ညှစ်ပေး-လျှော့ပေးနိုင်သည့် အထိန်း ကြွက်သားဝိုင်း ဖြစ်သည်။ စုစုပေါင်း ၄၂ ခုရှိသည်။
• Pupillary sphincter သည် မျက်စိ၏ သူငယ်အိမ်၌ရှိသည်။
• Orbicularis oris muscle သည် Mouth ပါးစပ်၌ရှိသည်။
• Cardia/lower esophageal sphincter သည် Stomach အစာအိမ်၏ အထက်ပိုင်းရှိ Acid အက်စစ်များ Esophagus အစာမြိုပြွန်ဆီသို့ တက်မလာစေရန် လုပ်ပေးသည်။
• Pyloric sphincter အစာအိမ်၏ အောက်ပိုင်း၌ရှိသည်။
• Sphincter of Oddi သည် Liver အသဲ၊ Pancreas သရက်ရွက်၊ Gall bladder သည်းခြေအိပ်တို့မှ အရည်များအား Duodenum အူ၏အစပိုင်းဆီသို့ တက်မလာစေရန် ထိန်းပေးသည်။
• Urethral sphincter သည် Urine ဆီးအား ထိန်းပေးသည်။
• Anus စအိုတွင် Internal anal sphincter အတွင်း(စဖင်တာ) အပြင်(စဖင်တာ) ၂ ခုရှိပြီး၊ Feces ဝမ်းအား ထိန်း ပေးသည်။

မှတ်ချက်။
• လျှာသည် အသန်မာဆုံး ကြွက်သားဟု ဆိုနိုင်သည်။
• နှလုံးကြွက်သားသည် လျှပ်စစ်ဓါတ် ၅ ဝပ်။
• ပေါင်ရှိ အကြီးဆုံး ကြွက်သားသည် လျှပ်စစ်ဓါတ် (၁ဝဝ)ဝပ်နှင့် ညီသည်။
• ပေါင်ကြွက်သားကြီးသည် ခဏသာ လုပ်နိုင်သော်လည်း နှလုံးကြွက်သားသည် အဆက်မပြတ် လုပ်သည်။
• မျက်လုံးရှိ ကြွက်သားများသည် ငယ်စေကာမူ သန်မာ၍ ထူးခြားသည်။

(3) Nervous System အာရုံကြောစနစ်
အာရုံကြောစနစ်သည် ဦးစီးမှု၊ အထိန်းအကွပ်၊ ဆက်သွယ်မှုတို့၏ ပင်မဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ(စဉ်းစားမှုများ၊ သင်ကြား လေ့လာမှုများ၊ မှတ်သားမှုများ)၏ ဗဟိုချက်မလည်း ဖြစ်သည်။ (အင်ဒိုခရိုင်း) ခေါ် ဟော်မုန်း ထွက်သည့် စနစ်နှင့် တွဲ၍ (ဟိုမီယိုစတေးစစ်) ခေါ် ကိုယ်တွင်းဝန်းကျင်အား သမမျှတနေအောင် စီစဉ်လုပ်ဆောင်မှုကို ပြုလုပ်ပေးသည်။
Organization of the nervous system အာရုံကြောစနစ် ဖွဲ့စည်းထားပုံ
Peripheral (ပယ်ရီဖရယ်) အဝေးပိုင်း-အဖျားပိုင်း၊
Somatic (ဆိုမက်တစ်)
Autonomic (အော်တိုနောမစ်)
Sympathetic (ဆင်ပသက်တစ်)
Parasympathetic (ပါရာဆင်ပသက်တစ်)
Enteric (အင်းတရစ်)
Central (ဆင်ထရယ်လ်)

1. Central nervous system (CNS) ဗဟိုအာရုံကြောစနစ် Brain ဦးနှောက်၊ Spinal cord (စပိုင်နယ်လ်-ကော့တ်) ခေါ် ခါးရိုးမကြီးထဲရှိ အာရုံကြောကြီးတို့ ပါဝင်သည်။ အာရုံခံသည့် ပို့လွှတ်မှုများကို လက်ခံ၍၊ ကြွက်သား လှုပ်ရှားစေရန် ပို့လွှတ်ပေးမှုများ ပြုလုပ်သည်။ ဦးနှောက်နှင့် ခါးရိုးမကြီးထဲရှိ အာရုံ ကြောကြီးတို့သည် Cerebrospinal fluid (CSF) ခေါ် အရည်ထဲတွင်နေသည်။ SA (Spinal anesthesia) ခါးထုံဆေး ထိုးလျင် ၎င်းအရည်ထဲ ဆေးထိုးပေးခြင်းဖြစ်သည်။

A. Brain (ဘရိန်း) ဦးနှောက် သည်လူ၏အလုပ်မှန်သမျှကို ဦးစီးရွက်ဆောင်သည်။ အကြမ်းအားဖြင့် လှုပ်ရှားမှု နှင့် အာရုံခံမှု ၂ မျိုးလုံး ပါဝင်သည်။
B. Spinal cord (စပိုင်နယ်လ်-ကော့တ်) ခေါ် ခါးရိုးမကြီးထဲရှိ အာရုံကြောကြီး သည် ၁၇-၁၈ လက္မရှည်သည်။ အကြမ်းအားဖြင့် ဦးနှောက်နှင့် ကျန်ခန္ဓာကိုယ်အကြား ဆက်သွယ်မှုကို ဆောင်ရွက်ပေးသည်။

2. Peripheral nervous system (PNS) အဝေး-အပြင်ပိုင်း အာရုံကြောစနစ် Central nervous system (CNS) ဗဟိုအာရုံကြောစနစ် နှင့် ခြေ-လက်များ၊ အင်္ဂါအစိတ်အပိုင်းများအကြား ဆက်သွယ် ပေးသည်။ ခါးရိုးမကြီးထဲရှိ အာရုံကြောကြီးမှ ဖြာထွက်သော အာရုံကြောများ၊ မျက်စိအာရုံကြော နှင့် (အော်တိုနောမစ်) အာရုံကြော စနစ်တို့ ပါဝင်သည်။ ၎င်းထဲတွင် Nerves နာ့ဖ်၊ Neurone နူရုမ်း တို့ပါသည်။

A. Somatic nervous system ဆိုမက်တစ် သည် အရိုးများတွင် တွယ်ဆက်ထားသည့် ကြွက်သားများ၏ စိတ်ကနေ ထိန်းနိုင်သော လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသည်။
B. Autonomic nervous system (အော်တိုနောမစ်) စနစ်အား Sympathetic (ဆင်ပသက်တစ်)၊ Para-sympathetic (ပါရာဆင်ပသက်တစ်) နှင့် Enteric (အင်းတရစ်) ဟူ၍ သုံးမျိုးခွဲထားသည်။

(1) Sympathetic nervous system = မျက်စိသူငယ်အိမ်၊ အူ၊ ဆီးလမ်းများကို အလုပ်လုပ်ပေးသော စိတ်အလို အတိုင်း မလိုက်နိုင်သည့် အာရုံကြောစနစ်ဖြစ်သည်။ စစ်ထုတ်ရည်များကို နည်းစေသည်။ ကြွက်သားများ၏ တင်းအားကို နည်းစေသည်။ နှလုံးခုန်နှုန်းကို မြန်စေသည်။

(2) Parasympathetic nervous system = နှလုံးကြွက်သား၊ ကြွက်သားအနုစား၊ (ဂလင်း-တစ်ရှူး) များ၊ သွေးကြောများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင်သော အာရုံကြောစနစ်ဖြစ်သည်။ နှလုံးခုန်နှုန်းကို နှေးစေသည်။

(3) Enteric အင်းတရစ် အစာလမ်းကြောင်းကို လုပ်ပေးသည်။ စိတ်အလိုအတိုင်း မလိုက်နိုင်။

ဦးနှောက်၏အလေးချိန် ၃ ပေါင်ရှိသည်။ ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် (၁ဝဝ,ဝဝဝ) မိုင်ရှိသည်။ (နူရုန်း) တခုတွင် (ဆင်နက်ပ်စစ်) ပေါင်း ၁ဝဝဝ မှ ၁ဝဝဝဝ ရှိသည်။ (ဆင်နက်ပ်စစ်) = ဦးနှောက်နှင့် အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူး-ဆက်ဆံရသည်။ (နူရုန်း) စုစုပေါင်း = ၁ဝဝ ဘီလီယန် ရှိသည်။ (နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ်(ဆဲလ်) ဖြစ်သည်။ အာရုံကြော၏ တုံ့ပြန်မှုမှာ ၁ နာရီ ၄ဝဝ ကီလိုမီတာ နှုန်းမြန်သည်။

(ညာဘက်ခြမ်း) ဆယ်ရီဗရမ် ဘရက်ခီရယ်-လပက်ဆပ်စ် မာစကူလို-ကျူတေးနီးယပ် စပိုင်နယ်-ကော့ လမ်းဘား-ပလက်ဆပ် ဖီမိုရယ်-နာ့ဖ် အော့ဖ်ကျူရေတာ-နာ့ဖ် စိုင်ယားတစ်-နာ့ဖ် ဖီမိုရယ်နာ့ဖ်၏ မာစကူလာ-ဘရန့်ခ်ျ ကွန်မောင်း-ပါရိုနီရယ်-နာ့ဖ် တီဘီရယ်-နာ့ဖ်

(ဗယ်ဘက်ခြမ်း) ဆယ်ရီဗယ်လမ် အင်တာ-ကော်စတယ်-နာ့ဖ် ဆပ်-ကော်စတယ်-နာ့ဖ် အာလ်နာ-နာ့ဖ် ရေဒီရယ်-နာ့ဖ် မီဒီယမ်-နာ့ဖ် ပြူဒင်တယ်လ်-နာ့ဖ် စဖီနွိုက်-နာ့ဖ် ဒိ-ပါရိုနီရယ်-နာ့ဖ် ဆူပါဖီရှယ်-ပါရိုနီရယ်-နာ့ဖ်

(4) Endocrine System အင်ဒိုခရိုင်းစနစ်

ခန္ဓာကိုယ်၏ (ဂလင်း)ခေါ် အိပ်များ၊ နှစ်မျိုးရှိသည်။
1. Exocrine Glands (အိတ်ဆိုခရိုင်း-ဂလင်းများ)။ ချွေးထွက်သော Sebaceous ဂလင်းများ၊ နို့ထွက်သော Mammary glands (မင်မရီ-ဂလင်း) ဂလင်းများ၊ အစာခြေရည်ထွက်သော Digestive glands ဂလင်းများ၊
2. Endocrine Glands (အင်ဒိုခရိုင်း-ဂလင်းများ)။ Hormones ဟော်မုန်းများ ထုတ်ပေးသည်။ အာရုံကြောစနစ်နှင့် တွဲလျက် ခန္ဓာကိုယ်၏ အလုပ်များကို မျှတနေအောင် လုပ်ပေးသည်။

• Pituitary Glands (ပစ်ကျူထရီ-ဂလင်းများ)၊ Anterior pituitary မှ ACTH, TSH, PRL, GH, Endorphins, FSH နှင့် LH ဟော်မုန်းများ၊ Posterior pituitary မှ Oxytocin နှင့် ADH ဟော်မုန်းများ ထုတ်ပေးသည်။
• Pineal Gland (ပိုင်နီရယ်-ဂလင်းများ)၊ မျိုးပွားခြင်းနှင့် ဇီဝအလုပ်များနှင့်ဆိုင်သည့် ဟော်မုန်းများ ထုတ်ပေး သည်။
• Thyroid Glands (သိုင်းရွိုက်-ဂလင်းများ)၊ လည်ပင်း၏ ရှေ့တွင်ရှိ၍ သွေးရွှင်သည့် အင်္ဂါတခုဖြစ်သည်။ ဘယ်-ညာ နှစ်ခုရှိသည်။ Thyroxine သိုင်ရောက်ဆင်း၊ Triiodothyronine ထွိုင်အိုင်အိုဒို-သိုင်ရောက်ဆင်း ခေါ် (အိုင်အိုဒင်း) ပါသည့် ဟော်မုန်းများထုတ်ပေးသည်။ (အိုင်အိုဒင်း) နည်းလျင် Goitre ခေါ် လည်ပင်းကြီး ရောဂါ ရစေသည်။
• Parathyroid Gland ပါရာ-သိုင်းရွိုက်-ဂလင်း၊ (သိုင်းရွိုက်-ဂလင်း) ပေါ်၌ ပေါင်း ၄ ခုရှိသည်။ သွေးထဲမှ (ကယ်လ်စီယန်) အား ထိန်းပေးသည်။
• Adrenal Glands (အဒြီနယ်-ဂလင်းများ)၊ ကျောက်ကပ်နှစ်ခု၏ အပေါ်၌ရှိသည်။ Steroid (E.g. Adrenaline) စတီရွိုက်များ ထုတ်ပေးသည်။
• Pancreas (ပန်ကရိယပ်စ်-ဂလင်း)၊ သရက်ရွက်ဟု ခေါ်သည်။ အစာအိမ်၏ နောက်ဘက်တွင်ရှိပြီး Duodenum အူသိမ်၏ အစပိုင်း (C) ပုံ အကွေးထဲမှ စတင်ကာ Spleen ဘေလုံးအထိ ရှည်လျှားသည်။ Insulin ခေါ် ဆီးချိုကို ထိန်းသည့် ဟော်မုန်း ထုတ်ပေးသည်။
• Testes (တက်စ်တိစ်) ကျားအစေ့၊ Male sex hormones ကျားဟော်မုန်း Androgen (Testosterone) များ ထုတ်ပေးသည်။
• Ovaries (အိုဗရီ) မမျိုးဥအိမ်၊ Estrogens (အီစထိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) ခေါ် Female sex hormones မ-ဟော်မုန်းများ ထုတ်ပေးသည်။
• Other Endocrine Glands အခြားဂလင်းများ၊ Thymus (သိုင်းမတ်စ်)၊ Stomach အစာအိမ်၊ Small intestines အူသိမ်။ Placenta အချင်း၊ Heart နှလုံး။ ပစ်ကျူထရီ ဂလင်း သိုင်းရွိုက် ဂလင်း အဒီနယ်လ် ဂလင်း တက်စ်တိစ် ပိုင်နီရယ်လ် ဂလင်း သိုင်းမတ်စ် ဂလင်း သရက်ရွက် (ပန်ကရိယစ်) အိုဗရီ မ-မျိုးဥအိမ်

(5) Cardiovascular System နှလုံး-သွေးကြောစနစ်
နှလုံး-သွေးကြောစနစ်တွင် Heart နှလုံးနှင့် Blood vessels သွေးကြောများ မိုင်ပေါင်း ထောင်ချီရှိသည်။ Blood vessels သွေးကြော အမျိုးအစားများမှာ -
၁) Arteries သွေးလွှတ်ကြောများ၊ နှလုံးမှ သန့်သည့် သွေးများအား တကိုယ်လုံးသို့ ပို့လွှတ်ပေးသည်။ ၎င်းတို့မှ သွေးယိုလျင် ပန်းထွက်သည်။ Aorta (အေအိုတာ) သည် အကြီးဆုံးဖြစ်ပြီး၊ နှလုံးမှထွက်သည်။ (အေအိုတာ)မှ ဖြာထွက် သော Carotid artery သည် ဦးခေါင်းပိုင်းသို့ သွားသည်။ Subclavian artery သည် လက်များသို့ သွားသည်။ Celiac trunk သည် Stomach အစာအိမ်၊ Liver အသဲ၊ Spleen (ဘေလုံး)၊ Duodenum (ဒူယိုဒီနမ်) အူသိမ်အစပိုင်း၊ Pancreas (သရက်ရွက်) သို့သွားသည်။ Mesenteric arteries သည် အစာလမ်းကြာင်း အလယ်ပိုင်းနှင့် အောက်ပိုင်းသွားသည်။ Renal artery သည် ကျောက်ကပ်သို့သွားသည်။ Iliac artery သည် အစာဟောင်းလမ်းသို့ သွားသည်။
၂) Arterioles သွေးလွှတ်ကြောမျှဉ်များ၊
၃) Veins သွေးပြန်ကြောများ၊ တကိုယ်လုံးမှ သွေးဟောင်းများသည် နှလုံးသို့ ပြန်လာကြသည်။ ခန္ဓာကိုယ်၏ အပြင်ပိုင်းမှာ မြင်နိုင်သည်။ IV ဆေးထိုးရာတွင် ၎င်းအကြောထဲသို့ ထိုးရသည်။ သွေးယိုလျင် ပန်းထွက်ခြင်းမရှိ။
၎) Venules သွေးပြန်ကြောမျှဉ်များ၊
၅) Capillaries သွေးကြောမျှဉ်များ၊ Venules သွေးပြန်ကြောမျှဉ်များနှင့် Arterioles သွေးလွှတ်ကြောမျှဉ်များ အား ဆက်ထားသည်။

နှလုံး၏အတွင်းပိုင်း
Heart နှလုံး၊ ကြွက်သားဖြင့်လုပ်ထားသည့် (ပန့်မ်)စုတ်ထုတ်စက်ဖြစ်သည်။ (တစ်ရှူး)များဆီသို့ရောက်အောင် ဖိအားသုံး၍ လွှတ်ထုတ်ပေးသည်။ အသက်ရှင်နေရန် အဓိကကြသည်။ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိသည်။ တနေ့လျင် အကြိမ် ၁ဝ,ဝဝဝ ခုန်နေသည်။ ၂/၃ သည် ဗယ်ဘက်ခြမ်း၌ရှိသည်။ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ဖြင့်အုပ်ထားသည်။ ကြွက်သား ၃ ထပ်ရှိသည်။ အခမ်း ၄ ခန်းရှိသည်။ 6” x 4” ရှိသည်။

1. Right atrium ညာဘက် အထက်ခန်း အေထွီယမ်၊
2. Right ventricle ညာဘက် အောက်ခန်း ဗင်ထွီကယ်လ်၊
3. Left atrium ဗယ်ဘက် အထက်ခန်း အေထွီယမ်၊
4. Left ventricle ဗယ်ဘက် အောက်ခန်း ဗင်ထွီကယ်လ်၊

နှလုံးအတွင်း သွေးလှည့်လည်ပုံ
နှလုံးသည် စုတ်ထုတ်စက် နှစ်ခု (ညာဘက်-ဗယ်ဘက်) အသွင်ဖြစ်သည်။ အထက်ခမ်းများနှင့် အောက်ခမ်းများသည် သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြသည်။ တကိုယ်လုံးမှလာသော သွေးဟောင်းများကို အထက်-အောက် သွေးပြန်ကြောမကြီး များမှတဆင့် ညာဘက် (အေထွီယမ်) က လက်ခံရယူသည်။ ထို့နောက် (ထွိုင်ကပ်စပစ်-ဘာ့လ်ဖ်) ကို ဖြတ်ပြီး၊ အောက်ဖက်ရှိ ညာဘက် (ဗင်ထွီကယ်လ်) သို့ သွေးများ ရောက်လာသည်။ ညာဘက် (ဗင်ထွီကယ်လ်) မှ ညှစ်ထုတ်လျင် သွေးများသည် (ပါလ်မိုနရီ-အာထွီ) မှတဆင့် အဆုပ်များထဲ ရောက်သွားသည်။ အဆုပ်ထဲတွင် အသက်ရှူသည့် လေထဲက အောက်စီဂျင်ကို ရယူကာ၊ သွေးအသန့်များ ဖြစ်လာသည်။ အောက်စီဂျင် ပါသည့် သွေးများသည် (ပါလ်မိုနရီ-ဗိန်း) မှတဆင့် ဗယ်ဘက် (အေထွီယမ်) သို့ ရောက်လာ သည်။ ထို့နောက် (မိုင်ထရွယ်-ဘာ့လ်ဖ်) ကို ဖြတ်ကာ သွေးများသည် ဘယ်ဘက် (ဗင်ထွီကယ်လ်) သို့ ရောက်လာသည်။ ဘယ်ဘက် (ဗင်ထွီကယ်လ်) က ညှစ်ထုတ်လျင် (အေအိုတာ) သွေးလွှတ်ကြော မကြီးက ထွက်သော သွေးလွှတ်ကြောများ ကတဆင့် တကိုယ်လုံးသို့ ရောက်သွားသည်။

Valves of the Heart နှလုံး၏အဆို့ရှင်များ
နှလုံးတွင် သွေးများအား လိုအပ်သည့် အရပ်မျက်နှာဆီသို့သာ သွားစေရန်အတွက် Valves အဆို့ရှင်များရှိသည်။ နှလုံး၏ (အေထွီယမ်) အထက်ခမ်းနှင့် (ဗင်ထွီကယ်လ်) အောက်ခမ်းများအကြားတွင် Atrioventricular valves (Cuspid valves) အဆို့ရှင်များ၊ ကြီးမားသည့် သွေးကြောများ၏အဝ၌ Tricuspid valve အဆို့ရှင်များရှိသည်။ ညာဘက် အထက်ခမ်းနှင့် ညာဘက်အောက်ခမ်းများ အကြားရှိ အဆို့ရှင်သည် Bicuspid or Mitral ခွက်ပုံသုံးခုပါသည်။ ဗယ်ဘက်အထက်ခမ်း နှင့် ဗယ်ဘက် အောက်ခမ်းများ အကြားရှိသော အဆို့ရှင်သည် semilunar valve ခွက်ပုံ နှစ်ခုပါသည်။ ဗယ်ဘက် အောက်ခမ်း နှင့် သွေးလွှတ်ကြောမကြီး (အေရိုတာ) ၏အဝ၌ Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ ညာဘက် အောက်ခမ်းနှင့် အဆုပ်ကြား၌လည်း Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ Myocardium ခေါ် နှလုံး၏ ကြွက်သားများ အတွက်လည်း အောက်စီဂျင်ပါသည့် သွေးလိုအပ်သည်။ ၎င်းသွေးကြောများကို Right and Left Coronary arteries ညာဘက်-ဗယ်ဘက် (ကိုရိုနရီ) သွေးလွှတ်ကြောများဟု ခေါ်သည်။ နှလုံးသွေးကြော ကျဉ်းရောဂါ Coronary artery disease (CAD) ဆိုသည်မှာ ၎င်းသွေးကြောများ ကျဉ်းခြင်းဖြစ်သည်။ နှလုံးအလုပ်လုပ်ရန် နှလုံး ကြွက်သားများအား Contraction ညှစ်ခြင်းနှင့် Relaxation လျှော့ခြင်းတို့ စနစ်တကျ လုပ်သည်။ ထိုအလုပ်လုပ်နိုင်ရန် Conduction System လျှပ်စစ်ဓါတ် စီးဆင်းမှုစနစ် ရှိသည်။ နှလုံးမှ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ရန် ဖြစ်စဉ်တခုအတွက် တိကျစွာ ထိန်းညှိမှုရှိသည်။ ယင်းအလုပ်ကို Sinoatrial node ကလုပ်ပေးသည်။ ၎င်းက တမိနစ်လျင် ၇ဝ-၈ဝ နှုန်း စီးချက်ကျကျ လုပ်ပေးသည်။ Heart rate (Pulse rate) = 60-100/minute

နှလုံး၏ ညှစ်ထုတ်ခြင်းနှင့် ပြန်လျှော့ပေးခြင်း အလုပ်နှစ်မျိုး ပါဝင်သည့် ဖြစ်စဉ်တခုအား Cardiac Cycle ဟုခေါ်သည်။ ညှစ်ထုတ်ခြင်းအဆင့်ကို Systolic phase ဟု၎င်း၊ ပြန်လျှော့ပေးခြင်းအဆင့်ကို Diastolic phase ဟု၎င်းခေါ်သည်။ ထို ဖြစ်စဉ်တပါတ်သည် (ဝ့ဂ) စက္ကန့် ကြာသည်။ ထို့ကြောင့် Blood pressure သွေးဖိအားတိုင်းသည့်အခါ အထက်သွေးချိန်ကို Systolic Pressure ဟု၎င်း၊ အောက်သွေးချိန်ကို Diastolic pressure ဟု၎င်းခေါ်သည်။ BP = 110/80 mmHg

Heart Rate (HR) နှလုံးခုန်နှုန်း ပြောင်းလဲနေသော ခန္ဓာကိုယ် လိုအပ်သည့် သွေးပမာဏရစေရန် အနှေးအမြန် ပြောင်းနေသည်။ Sino-atrial node က အဆက်မပြတ်၊ စီးချက်ကျကျဖြင့် နှလုံးကို ခုန်စေရန် လုပ်ပေးသည်။ ယင်းကို Medulla Oblongata ခေါ် ဦးနှောက်၏ အစိတ်အပိုင်းတခုက ထိန်းပေးသည်။ ပုံမှန်နှလုံးခုန်နှုန်းသည် 60-100/min (60-100 bpm) ရှိသည်။ ကောင်းစွာလေ့ကျင့် ထားသော အားကစားသမားများသည် 40-60/min ရှိသည်။ မွေးစကလေးသည် 100-120-160/min ရှိသည်။ Tachy-cardia = နှလုံးခုန်မြန်ခြင်း၊ Bradycardia = နှလုံးခုန်နှေးခြင်း၊ Arrhythmias = နှလုံးခုန်မမှန်ခြင်း၊ စက္ကန့်တိုင်း သွေးနီဥ ၁ဝ သန်းသေဆုံးနေသည်ကို အသဲက ဖျက်-သိမ်းပေးနေသည်။ နိုင်အောင် မလုပ်နိုင်သောအခါ၊ ဥပမာ ငှက်ဖျားဝင်ခြင်းဆိုလျင် အသားဝါရောဂါ ဝင်လာမည်။

(6) Lymphatic System (လင့်ဖ်) သွေးပြန်ရည်စနစ်

Lymph (လင့်ဖ်) သွေးပြန်ရည်စနစ်သည် အလုပ် ၃ မျိုး လုပ်သည်။
(၁) အူထဲမှ ပိုလျံသည့်အရည်များအား သွေးထဲပြန်ဝင်စေသည်။
(၂) အဆီနှင့် အဆီတွင် ပျော်ဝင်သည့် ဗီတာမင်များအား စုပ်ယူ ပေးသည်။
(၃) ရောဂါရစေသည့် ပိုးများအား ခုခံတိုက်ဖျက်ပေးသည်။ Bone marrow ရိုးတွင်းခြင်ဆီက ထုတ်ပေးသော Lymphocytes (လင်ဖိုဆိုက်) နှင့် အခြား (ဆဲလ်)များ ပါဝင်သည်။ Lymph (လင့်ဖ်) သည် သွေးထဲရှိသော (ပလာစမာ) ကဲ့သို့သော အရည် မျိုးဖြစ်သည်။ (ပလာစမာ)ကဖြစ်လာသည်။ Lymphatic Vessels (လင့်ဖ်) အကြောသည် သွေးကြောများနှင့်မတူ။ (တစ်ရှူး) များမှ ဝေးရာသို့သာ သယ်ဆောင်ပေးသည်။

Lymphatic Organs (လင့်ဖ်)အင်္ဂါများ၊
• Lymph Nodes (လင့်ဖ်-နုတ်)၊
• Tonsils (တောင်ဆယ်) အာသီး၊
• Spleen (စပလင်း) ဘေလုံး၊
• Thymus (သိုင်းမတ်စ်)၊

Lymph Nodes (လင့်ဖ်-နုတ်) များသည် ၁ လက္မအရွယ်၊ ပဲစေ့ပုံ ရှိသည်။ တကိုယ်လုံးအနှံ့ ရှိသည်။ တခုနှင့်တခု ဆက်နေသည်။ သွေးထဲ အရည်များ ပြန်မဝင်မီ စစ်ပေးသည်။ ဗဟိုအာရုံကြော စနစ်၌မရှိ။ အပေါ်ယံရှိကြသော အုပ်စုများမှာ ပေါင်ခြံ။ ဂျိုင်းနှင့် လည်ပင်းတို့ဖြစ်သည်။ ကင်ဆာသည် ဤစနစ်မှတဆင့် တနေရာ မှတနေရာသို့ ကူးစက်သည်။ Oedema ကိုယ်ရောင်ခြင်းမှာ ဤ စနစ်နှင့် ဆိုင်သည်။
ရင်သား (နို့)၏ လင့်ဖ် ကြောများ၊ လင့်ဖ်-နုတ်များ ရင်သား ကင်ဆာဖြစ်လျင် ၎င်းတို့အားလုံးကိုပါ ခွဲစိတ် ထုတ်ပစ် ရသည်။ ရင်သားအား အပိုင်းလေးပိုင်း ခွဲ၍ လေ့လာသည်။ ညာဘက် အပေါ်ပိုင်း ၁/၄၊ RUQ ညာဘက် အောက်ပိုင်း ၁/၄၊ RLQ ဘယ်ဘက် အပေါ်ပိုင်း ၁/၄၊ LUQ ဘယ်ဘက် အောက်ပိုင်း ၁/၄၊ LLQ
Thymus (သိုင်းမတ်စ်) ရင်ညွန့်ရိုး၏ နောက်ဖက် (အေအိုတာ) ခေါ် အထက်တက်သည့် သွေးလွှတ်ကြောမကြီး၏ ရှေ့၌ရှိသည်။ ကလေးများ၌ ပိုကြီး သည်။ ၎င်း၏အလုပ်မှာ (လင်ဖိုဆိုက်) များ ကြီးထွားစေရန်နှင့် Thymosin hormone ဟော်မုန်း ထုတ်ရန်ဖြစ်သည်။
Spleen (စပလင်း) ဘေလုံး ဝမ်းဗိုက်၏ ဘယ်ဘက် အထက်ပိုင်း၊ (ဒိုင်ယာဖရမ်)၏ အောက်၊ အစာအိမ်၏ နောက်၌ ရှိသည့် အကြီးဆုံးသော (လင့်ဖ်)အင်္ဂါ ဖြစ်သည်။ သွေးနီဥ စစ်ထုတ်ပေးသည်။ ရောဂါပိုးဝင်လာလျင် (လင်ဖိုဆိုက်) များက တိုက်ပေးသည်။ အသဲနှင့် အတူတကွ အရွယ်လွန်သော၊ သေသွားသော သွေးနီဥများကို ဖယ်ရှားပေး သည်။ သွေးကိုလည်း သိုလှောင်ထားပေးသည်။ နာတာရှည် ငှက်ဖျား အပါအဝင် ရောဂါအများအပြားကြောင့် Splenomegaly ဘေလုံး ကြီးတတ်သည်။
Tounsils (တောင်ဆယ်) အာသီး နှာခေါင်း၊ ပါးစပ် နှင့် လည်ချောင်းတို့အား ဖုံးထားသော Mucous membranes (မြူးကပ်စ်) အမြှေး၏ အောက်၌ ရှိသည်။ ၎င်း ရောင်သည်ကို Tonsillitis ဟုခေါ်သည်။

(7) Respiratory System အသက်ရှူလမ်းကြောင်းစနစ်

နှာခေါင်း-အာခေါင်ပိုင်း ပါးစပ် (ထွေကီယာ)လေပြွန်ကြီး အဆုပ်များ သစ်ပင်ကဲ့သို့ရှိသော လေပြွန် (ဒိုင်ယာဖရမ်) ကြွက်သားကြီး သက်ရှူလမ်းကြောင်းစနစ်တွင် အသက်ရှူခြင်းသာမက သွေးလှည့်စနစ်နှင့်တွဲ၍ အောက်စီဂျင်ကို ယူခြင်း၊ အညစ်အကြးများ ထုတ်ခြင်းကိုလည်း လုပ်ပေးသည်။ ထို့ပြင် သွေး၏ (PH) အက်စစ်ဓါတ်ကို ထိန်းပေးသည်။ ၃-၅ စက္ကန့်တိုင်း အာရုံကြော၏ လှုံ့ဆော်မှုကြောင့် ပတ်ဝန်းကျင်ထဲကလေအား ရှူသွင်းခြင်းကို အသက်ရှူသွင်းသည်ဟု ခေါ်သည်။ လေထဲမှ အောက်စီဂျင် ကိုယူပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်အား ပြန်ထုတ်သည်ကို အသက်ရှူထုတ်ခြင်းဟု ခေါ်သည်။ အသက်ရှူသွင်းရန် (ဒိုင်ယာဖရမ်) နှင့် ရင်ခေါင်းပိုင်း ကြွက်သားများ လှုပ်ရှားရသည်။ လည်ပင်းရှိ ကြွက်သားများက ထောက်ကူသည်။ အသက်ရှူနိုင်ခြင်းသည် အပြင်နှင့် အဆုပ်ထဲ ဖိအား မတူမှုကြောင့် ဖြစ်သည်။ တမိနစ်လျင် ၁၂-၁၅ ကြိမ်ရှူသည်။ အသက်ရှူလမ်းကြောင်းအား နှစ်ပိုင်းခွဲ လေ့လာသည်။ အပေါ်ပိုင်းတွင် နှာခေါင်း၊ (ဖေးရင့်) အာခေါင် နှင့် (လေးရင့်စ်) လေပြွန်တို့ပါသည်။ အောက်ပိုင်းတွင် (ထွေကီယာ) လေပြွန်ကြီး၊ သစ်ကိုင်းကဲ့သို့ရှိသည့် (ဘရောင်ခီယာ) နှင့် (လန်းခ်စ်) အဆုပ်တို့ ပါဝင်သည်။ ရောဂါပိုးဝင်လျင်လည်း အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါများ၊ အောက်ပိုင်း ရောဂါများဟု ခွဲခြားထားသည်။

လေသယ်ပို့ လမ်းကြောင်းများ
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း၊ နှာခေါင်းအခေါင်း၊ (ဖေးရင့်) အာခေါင်၊ (လေးရင့်စ်) လေပြွန်၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်း၊ (ထွေကီယာ) လေပြွန်ကြီး၊ ပင်မ (ဘရောင်ခိုင်) လေပြွန်၊ အဆုပ်၊ Trachea (ထွေကီယာ) လေပြွန် = လည်ပင်း ရှည့်တည့်တည့်တွင် ရှိသည်။ အရိုးနုအရစ်များရှိ၍ ရှုံ့သွားခြင်း မဖြစ်နိုင်။ အတွင်းမျက်နှာ၌ အမွေးများပါသည့် (မြူးကပ်စ်-မင်ဘရိန်း) အလွှာဖုံးထားသဖြင့် လေထဲမှ အမှုံများ၊ ပိုးမွှားများ ဝင်လာခြင်းမှ တားဆီးနိုင်သည်။ Bronchi (ဘရောင်ခိုင်) အဆင့်ဆင့် သေးသွားသည့် လေပြွန်များကို Bronchial Tree (ဘရောင်ခီရယ်-ထွီး) သစ်ပင်ပုံ လေပြွန်ဟု ခေါ်သည်။ ထို့နောက် ပိုမိုသေးငယ်သော ပြွန်များအဖြစ် ဖြာထွက်ပြီးနောက် နောက်ဆုံး (အယ်လဗီယိုလိုင်) Alveoli အိပ်ကလေးများတွင် ဆုံးသည်။ အိပ်ကလေးများ၏ နံရံဘေးရှိ သွေးကြောမျှဉ်းများ နှင့် အောက်စီဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုက်တို့ အဝင်အထွက် လုပ်ကြသည်။

Lungs အဆုပ်များ
နှစ်ခုရှိသည်။ ရင်ခေါင်းပိုင်းတွင် အဓိက နေရာယူထားသည်။ ရင်ခေါင်းပိုင်းရှိ အခြားအင်္ဂါများမှာ Heart နှစ်လုံး နှင့် ၎င်း၏ သွေးကြောကြီးများ ဖြစ်သည်။ အဆုပ်သည် လေရှိသဖြင့် ပြော့ပွပွဖြစ်သည်။ ညာဘက်အဆုပ်သည် ပိုတိုပြီး၊ ကားသဖြင့် လေပိုဆန့်သည်။ ၎င်း၌ (လုပ်ဖ်) ၃ ခုရှိသည်။ ဘယ်ဘက်အဆုပ်မှာ နှလုံးအား နေရာပေးထားရသဖြင့် ပိုသေးသည်။ ၎င်း၌ Lobes (လုပ်ဖ်) ၂ ခုရှိသည်။ အဆုပ်ဖြင့် နေ့စဉ် လေ လီတာ ၂ သန်းကို ရှူနေသည်။ လေပြွန်များ၊ သွေးကြောများ၊ အာရုံကြောများ အဆုပ်ထဲ အဝင်အထွက်လုပ်သည့်နေရာကို Hilum (ဟိုင်လမ်) ဟု ခေါ်သည်။ (လင့်ဖ်-နုတ်) များရှိသည်။ အဆုပ် နှစ်ခုလုံးအား နှစ်ထပ်ရှိသော Pleura (ပလူရာ) ခေါ် အလွှာဖြင့်ဖုံးထားသည်။ (ပလူရာ) နှစ်ထပ်၏ ကြားသည် လှိုင်ခေါင်းဖြစ်နေရာ Pleural cavity (ပလူရယ်-ကယ်ဗတီ) ဟုခေါ်သည်။ ၎င်းထဲတွင် ပါးလွှာသော အရည် ရှိနေသည်။ ၎င်းက ချောဆီကဲ့သို့ အလုပ်လုပ်ပေးခြင်းကြောင့် အဆုပ်လှုပ်ရှားလျင် ပွတ်တိုက်မှုကို သက်သာစေသည်။ ၎င်းအတွင်း အရည်များနေခြင်းကို Pleural effusion ဟုခေါ်သည်။

(8) Digestive System အစာခြေစနစ်
အစာခြေလမ်းကြောင်းကို Gastrointestinal (GI) tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၎င်းတို့က စားလိုက်သောအစာအား (ဆဲလ်) များက စုပ်ယူနိုင်သည့် (မော်လီကြူး) များအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။

အလုပ်သုံးမျိုး လုပ်သည်။
(1) Digestion အစာခြေခြင်း၊
(2) Absorption အစာစုပ်ယူခြင်း၊
(3) Elimination အစာဟောင်း စွန့်ထုတ်ခြင်း၊

အစာကို (ဆဲလ်) များက အသုံးပြုနိုင်သည့် (မော်လီကြူး) များအထိ ဖြစ်လာစေရန် အဆင့် ၆ မျိုးရှိသည်။
1. Ingestion အစာကို ပါးစပ်ထဲသွင်းခြင်း၊
2. Mechanical Digestion အစာကို သေးငယ်သွားအောင် ဝါးခြင်း၊ ရောနှောခြင်း၊ ယင်းအလုပ်ကို (အင်ဇိုင်း)များက အလုပ်လုပ်ပေးစေနိုင်သည်အထိ လုပ်ရသည်။
3. Chemical Digestion အစာထဲမှ (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း) နှင့် အဆီတို့အား ရိုးရိုး (မော်လီကြူး) များ ဖြစ်လာစေရန် ဓါတုအစာချက်ခြင်း၊
4. Movements အစာအား ဝါးပြီးနောက် လှုပ်ရှားမှုဖြင့် အထက်ပိုင်းမှ အောက်ပိုင်းသို့ ဆင်းစေရသည်။ မြိုချခြင်းဟု ခေါ်သည်။ ပါးစပ်၊ အာခေါင်၊ အစာမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာနှင့် အစာခြေရည်များ၊ (အင်ဇိုင်း)များ ရောနှောကာ အစာအိမ်နှင့် အူတို့၏ကြွက်သားများ ရှုံ့ပေးခြင်းဖြင့် အထက်မှ အောက်သို့ ရွေ့လျားစေသည်။ ထိုသို့ စီးချက်ကျသကဲ့သို့ လှုပ်ရှားနေမှုကို Peristalsis (ပယ်ရီစတောလ်ဆစ်) ဟုခေါ်သည်။
5. Absorption (မော်လီကြူး) များသည် (ဆဲလ်) တို့က စုပ်ယူနိုင်သည့် အဆင့် ရောက်လာလျင် အူသိမ်၊ သွေး၊ (လင့်ဖ်) နံရံများကတဆင့် စုပ်ယူခြင်းလုပ်သည်။
6. Elimination အစာမခြေနိုင်သော၊ စုပ်မယူနိုင်သော (မော်လီကြူး) များအား စအိုမှတဆင့် စွန့်ထုတ်သည်ကို ဝမ်း သွားခြင်းဟု ခေါ်သည်။

အစာခြေလမ်းကြောင်းကြီးသည် ၉ မီတာရှည်သည်။ ပါးစပ်မှ စအိုအထိ အပိုင်းပိုင်းရှိသော်လည်း တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် တူညီသည်။ အစာခြေလမ်းကြောင်း၏ နံရံ၊ (မြူကိုဆာ) အလွှာ၊ (ဆပ်-မြူကိုဆာ) အလွှာ၊ (မာစကူလာ) အလွှာ၊ (ဆီးရပ်စ်) အလွှာတို့ရှိသည်။

(ဂျင်ဂျီဗာ) (ဂမ်း) သွားဖုံး၊ (ပဲလိတ်) အမာပိုင်း၊ (ယူဗြူလာ)၊ (ပဲလိတ်) ရှိလျှာ၊ ရှေ့အံသွား၊ စွယ်သွား၊ ရှေ့သွားများ၊ နုတ်ခမ်း၊ (ပဲလိတ်) အပြော့ပိုင်း၊ (ပဲလိတ်)ပေါ်ရှိ (တောင်ဆယ်)၊ (မိုလာ) အံသွား၊ လျှာ။ Mouth ပါးစပ် စားလိုက်သော အစာများကို ထည့်သွင်းယူလျက် သေးငယ်စေရန် ဝါး၍ မြိုချပေးသည်။ နှုတ်ခမ်း၊ ပါး၊ အာခေါင်၊ သွားများ နှင့် လျှာတို့က လုပ်ပေးသည်။ သွားရည်ထွက်သော (ဂလင်း)များက သွားရည်များ ထုတ်ပေးသည်။ (ဆလိုက်ဘရီ) (ဂလင်း)များ၊ (ပရောတစ်၊ (ဆပ်မင်ဒီဗယ်)၊ (ဆပ်လင်ဂွယ်)၊ (ဖေးရင့်စ်) အာခေါင်၊ (တန်းခ်) လျှာ၊ (အိုရယ်-ကယ်ဗတီ) ခံတွင်း၊ (အီဆိုးဖေးဂတ်စ်) အစာမြိုပြွန်၊ (ပန်းကရိယပ်စ်) သရက်ရွက်၊ (ပန်းကရိယပ်စ်တစ်-ဒတ်) သရက်ရွက်ပြွန်၊ (စတားမတ်ခ်) အစာအိမ်၊ (လစ်ဗာ) အသဲ၊ (ဂေါလ်-ဗလယ်ဒါ) သဲခြေအိပ်၊ (ဒူယိုဒီနမ်) အူသိမ်၏အစပိုင်း၊ (ကွန်မောင်း-ဗိုင်းလ်ဒတ်) အသဲနှင့် သဲခြေအိပ် ပြွန်နှစ်ခုဆုံသည့်ပြွန်၊ (ကိုလုံ) အူမကြီး၊ (ထွန်စ်ဗာ့စ်-ကိုလုံ)၊ ကန့်လန့်ဖြတ်၊ (အဆင်းဒီး-ကိုလုံ)၊ အထက်တက်၊ (ဒဆင်းဒီး-ကိုလုံ)၊ အောက်ဆင်း၊ (စေကမ်) အူမကြီး၏အစပိုင်း၊ (အပင်းဒစ်) အူအတက်၊ (ရက်တမ်) အစာဟောင်းအိမ်၊ (အေးနပ်စ်) စအို၊ (အီလီယမ်)၊ အူသိမ်၏အောက်ပိုင်း၊ (စမောလ်-အင်တက်စတိန်း) အူသိမ်၊

Teeth သွားများ ငယ်သွားများ။ Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂ဝ ချောင်းရှိသည်။
2 Lower central incisors အောက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။
2 Upper central incisors အထက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။
2 Upper lateral incisors အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။
2 Lower lateral incisors အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။
4 First molars ပဌမအန်ရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ လ။
4 Canines အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ လ။
4 Second molars အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ လ။

Permanent teeth ကြီးသွားများ၊ စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး၊ ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီး။ အံဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှ ပေါက်သည်။
4 mandibular incisors အောက် ရှေ့သွားများ ၄ ချောင်း၊
4 maxillary incisors အထက် ရှေ့သွားများ ၄ ချောင်း၊
2 mandibular canines အောက် စွယ်သွားများ ၂ ချောင်း၊
2 maxillary canines အထက် စွယ်သွားများ ၂ ချောင်း၊
4 mandibular premolars အောက် ရှေ့အံသွားများ ၄ ချောင်း၊
4 maxillary premolars အထက် ရှေ့အံသွားများ ၄ ချောင်း၊
6 mandibular molars အောက် အံသွားများ ၆ ချောင်း၊
6 maxillary molars အံသွားများ ၆ ချောင်း၊

Salivary Glands တံတွေးထွက်သည့် (ဂလင်း)များ
သွားရည်ထွက်(ဂလင်း)များ။ (1) Parotid gland (ပရောတစ်-ဂလင်း)၊ (2) Submandibular gland (ဆပ် မင်ဒီဗယ်-ဂလင်း)၊ (3) Sublingual gland (ဆပ်-လင်ဂွယ်-ဂလင်း)၊
(1) Parotid gland (ပရောတစ်-ဂလင်း)၊
(2) Submandibular gland (ဆပ် မင်ဒီဗယ်-ဂလင်း)၊
(3) Sublingual gland (ဆပ်-လင်ဂွယ်-ဂလင်း)၊

တံတွေးထဲတွင် ရေ၊ (မြူးကပ်စ်) ခေါ် အချွဲနှင့် Amylase enzyme (အမိုင်လေ့စ်-အင်ဇိုင်း) တို့ ပါဝင်သည်။ သွား ကို သန့်ပေးခြင်း၊ အစားအစာကို ဝါးနေစဉ်နှင့် မြိုစဉ် စိုစွပ်စေခြင်း၊ အစားအစာကို အရသာခံနိုင်စေရန် ကူညီခြင်း၊ အစားအစာထဲမှ ကစီဓါတ် (ကာဗွန်ဟိုက်ဒရိတ်) အား ခြေဖျက်ခြင်း၊ Palate (ပဲလိတ်) အာခေါင် ပါးစပ်၏အမိုးဖြစ်ပြီး၊ နှာခေါင်းပိုင်းနှင့် ခြားထားသည်။ ရှေ့ပိုင်းကအရိုးရှိ၍ မာပြီး၊ နောက်ပိုင်းက ပြော့သည်။ အဆုံးပိုင်းကို Uvula (ယူဗြူလာ) ဟုခေါ်သည်။ အစာကိုမြိုချစဉ် ၎င်းနောက်ပိုင်းက အပေါ်သို့ မျက်နှာမူ ပေးခြင်းဖြင့် အစာအား နှာခေါင်းနှင့် ဝေးစေသည်။ Tongue (တန်းခ်) လျှာ အစာကို ထိန်းပေး ရွေ့ပေးသည်။ စကားပြောရာတွင်သုံးသည်။ ၎င်း၏မျက်နှာပြင်၌ Papillae (ပဲလိတ်) ရှိသောကြောင့် ချောမွေ့စေခြင်းနှင့် အရသာခံခြင်းလုပ်ပေးသည်။ Pharynx (ဖေးရင့်) အာခေါင် ပါးစပ်နှင့် နှာခေါင်း အား Larynx (လေးရင်စ်) အသံအိုးနှင့် Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်တို့နှင့် ဆက်ပေးထားသည်။ ထို့ကြောင့် အစာလမ်းအလုပ်နှင့်အသက်ရှူလမ်း အလုပ်နှစ်မျိုးလုံး အသုံးဝင်သည်။ Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန် ပြားနိုင်-ဖေါင်းနိုင်သည့်ကြွက်သားနှင့်လုပ်ထားသည်။ အာခေါင်မှ အစာအိမ်ထိ ရှည်သည်။ လေပြွန်ကြီးနောက်မှ ဆင်းကာ Diaphragm (ဒိုင်ယာဖရမ်) ခေါ် ကြွက်သားကြီး၏ အပေါက်တခုထဲဝင်ကာ အစာအိမ်နှင့် ဆက်သွားသည်။ အဝများတွင် Sphincters (စဖင်တာ) ရှိ၍ အစာပြန်တက်ခြင်း မဖြစ်ရန် ထိန်းပေးသည်။

Stomach (စတားမတ်ခ်) အစာအိမ်
အစာမြိုပြွန်မှ ဝင်လာသည့်အစာများကို လက်ခံကာ ဆက်လက်၍ အောက်ပို့ပေးသည်။ (၄)ပိုင်း ခွဲထားသည်။ Fundus (ဖန်းဒတ်စ်)၊ Cardiac (ကားဒီယက်)၊ Body ကိုယ်ထည် နှင့် Pylorus (ပိုင်လိုးရပ်) အဖျား ပိုင်းတို့ဖြစ်သည်။ အစာအိမ် အတွင်းနံရံတွင်ရှိသော (ဆဲလ်)များက Gastric juice (Hydrochloric acid) ထုတ်ပေးသည်။ အကျယ်ဆုံးနေရာသည် 12” x 6” ရှိသည်။ အရက် နှင့် Aspirin ဆေးတို့ကို စုပ်ယူနိုင်သည်။

အစာအိမ်၊ အစာအိမ်ထိပ်၊ ပိုင်လိုရပ်စ်၊ ဒူယိုဒီနမ်၊ အစာအိမ်ထိပ်ပိုင်း မြူကိုဆာ၊ ဆပ်-မြူကိုဆာ၊ မာဆယ်၊ ဆီရိုဆာ အတွန့်များ၊ Stomach အစာအိမ်၊ ဖန်းဒတ်စ် = ထိပ်ပိုင်း၊ ဘော်ဒီ = ကိုယ်ပိုင်း၊ ပိုင်လိုးရပ်စ် = အောက်ပိုင်း၊ အတွင်းပိုင်းပြထားသည့်ပုံတွင် အစာအိမ်၏အဆုံးနေရာ အူသိမ်၏အစပိုင်း (ဒူယိုဒီနမ်) နှင့်ဆက်သည့်နေရာသည် ကျဉ်းနေသည်။ ပိုင်လိုရစ်-အင်ထရမ် နေရာသည် အနာဖြစ်တတ်သည့်နေရာဖြစ်သည်။

Small Intestine (စမောလ်-အင်တက်စတိန်း)
အူသိမ် အစာအိမ်၏ နောက်ဆုံးပိုင်းဖြစ်သော Pylorus (ပိုင်လိုးရပ်)မှ ဆက်၍ အူမကြီး၏အစထိ ရှည်သည်။ အစပိုင်းအား Duodenum (ဒူယိုဒီနမ်)၊ အလည်ပိုင်းကို Jejunum (ဂျက်ဂျူနမ်)၊ အောက်ပိုင်းအား Ileum (အီလီယမ်)ဟု ခေါ်သည်။ 5 meters (16 feet) ရှည်သည်။ အစာခြေခြင်းအလုပ်၊ စုပ်ယူခြင်း အလုပ်များ အပြီးသတ် လုပ်ပေးသည်။ ၎င်း၏ လမ်းတလျှောက် Liver အသဲ။ Pancreas (ပန်ကရိယပ်စ်) သရက်ရွက်၊ Gall bladder (ဂေါလ်-ဗလယ်ဒါ) သည်းခြေအိပ်တို့နှင့် ဆက်စပ်နေသည်။ အတွင်းနံရံမှ အစာခြေရည်များ Mucus, Peptidase, sucrase, Maltase, Lactase, Lipase and Enterokinase ထုတ်ပေးသည်။

Large intestine အူမကြီး။
1.5 metres (4.9 ft) ရှည်သည်။ အစပိုင်း Caecume (စေကမ်)၊ ထို့နောက် အထက်သွား၊ ကန့်လန့်သွား နှင့် အောက်ဆင်းသည့် Colon (ကိုလုံ)၊ ထို့နောက် အစာဟောင်းအိမ် Rectum (ရက်တမ်) ဟူ၍ ၃ ပိုင်း ခေါ်သည်။ ၅ စင်တီမီတာ ရှည်သည်။ စအို Anal cannel (အေနယ်-ကင်နယ်) သည် ၂-၃ စင်တီမီတာ ရှည်သည်။ အစာခြေရည်မထုတ်၊ ရေနှင့် ဓါတ်ဆာများ စုပ်ယူပေးသည်။ ဝမ်းကို ထုတ်ပြစ်ပေးသည်။ စအိုအဝ၌ Internal and External anal sphincters (စဖင်တာ) များရှိသည်။

Liver (လစ်ဗာ) အသဲ
ဝမ်းဗိုက်၏ အပေါ် ညာဘက်ပိုင်း နံရိုးအောက်တွင် ရှိသည်။ (ဒိုင်ယာဖရမ်) ၏ အောက်၌ရှိသည်။ ခန္ဓာ ကိုယ်၏ အကြီးဆုံး အင်္ဂါဖြစ်သည်။ ၃ ပေါင် လေးသည်။ ညာဘက်ခြမ်းကကြီး၍နှင့် ဘယ်ဘက်ခြမ်းက သေးသည်။ အသဲထဲသို့ ဝင်သည့် သွေးမှာ ၂ နေရာမှ ဖြစ်သည်။ တမျိုးသည် သွေးလွှတ်ကြောမှ သန့်သော သွေးများနှင့် အစာခြေလမ်းကြောင်းမှ အာဟာရဓါတ်များ ပါသည့် သွေးများဖြစ်ကြသည်။ ပိုနေသော သကြားဓါတ်ကို Glycogen အဖြစ် သိမ်းထားသည်။

အသဲ၏အလုပ်များ
1) Secretion စစ်ထုတ်ခြင်း၊
2) Synthesis of bile (ဗိုင်းလ်) ချက်ခြင်း၊
3) Synthesis of plasma protein (ပလာစမာ ပရိုတင်း) ချက်ခြင်း၊
4) Storage သိုလှောင်ပေးခြင်း၊
5) Detoxification အဆိတ်ဖြေပေးခြင်း၊
6) Excretion စွန့်ထုတ်ပေးခြင်း၊
7) Carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်)ချက်ခြင်း၊
8) Lipid metabolism အဆီကို ချက်ပေးခြင်း၊
9) Protein metabolism (ပရိုတင်း)အား ချက်ပေးခြင်း၊
10) Filtering စစ်ပေးခြင်း၊

Gall bladder (ဂေါလ်-ဘလယ်ဒါ)
သည်းခြေအိပ် သစ်တော့သီး ပုံရှိသည့် အသဲအား အောက်က တွယ်နေသော အိပ်ဖြစ်သည်။ Bile (ဘိုင်းလ်) ခေါ် အသဲမှထုတ်ပေးသည့် သည်းခြေရည်အား သိုလှောင်ထားသည်။ ၎င်းသည် အဆီကို ကျေချက်ရန် ဖြစ်သည်။

Pancreas (ပဲန်ခရိယပ်စ်) သရက်ရွက် Insulin (အင်စူလင်) ခေါ် ဆီးချို ထိန်းသည့် ဟော်မုန်းနှင့် အခြားဟော်မုန်း ထုတ်ပေးသည်။ ထို့ပြင် အစာခြေ (အင်ဇိုင်း) တမျိုးကိုလည်း ထုတ်ပေး သည်။ Duodenum (ဒူယိုဒီနမ်) ခေါ် အူသိမ်၏အစပိုင်း C ပုံသဏ္ဌာန် အကွေး မှစပြီး Stomach အစာအိမ် နောက်ဖက်မှ ဘယ်ဘက်ဆီသို့ ကန့်လန့် နေကာ Spleen (စပလင်း) ဘေလုံးအထိ ရှည်သည်။

Appendix (အပဲန်ဒစ်)

အူအတက် Vermiform appendix ဟုလည်း ခေါ်သည်။
Caecum ခေါ် အထက်သွား အူမကြီး၏ အစပိုင်း၏ အောက်ဖျား၌ ရှိသည်။ ၂-၂ဝ စင်တီမီတာ ရှည်သည်။
အူအတက်ရှိသည့်နေရာကို McBurney's point ဟုခေါ်သည်။ Anterior superior Iliac Spine ခေါ် တင်ပဆုံရိုးကွင်း အပြင်ဘက်ထိပ်စွန်း အရိုးဘု နှင့် Umbilicus ချက်တို့အား ဆက်၍ မျဉ်းဆွဲလျက် ၎င်းမျဉ်းအား ၃ ပိုင်း ပိုင်းပါ။ အတွင်း ၂ ပိုင်းနှင့် အပြင် ၁ ပိုင်းတို့ ဆုံရာနေရာကို ခေါ်သည်။

(9) Urinary System ဆီးလမ်းကြောင်းစနစ်
(1) Kidneys ကျောက်ကပ်၊ ၂ ခု။
(2) Ureters (ယူရေတာ) ကျောက်ကပ်မှ ဆီးအိမ်သို့ပို့ပေးသည့် ဆီးပြွန်၊ ၂ ခု။
(3) Urinary Bladder ဆီးအိမ်၊ ၁ ခု။
(4) Urethra ဆီးသွားပြွန်၊ ၁ ခု။

ဆီးလမ်းကြောင်း၏ အစိတ်အပိုင်းများ အလယ်ခေါင်၌ သွေးကြောမကြီးများ၊ ညာဘက်က သွေးလွှတ်ကြောကြီး၊ ဘယ်ဘက်က သွေးပြန်ကြောကြီး၊ ကျောက်ကပ် (ဘယ်-ညာ)၊ အထက်တွင်(အဒွီနယ်လ်-ဂလင်း)၊ (ယူရီတာ) ဆီးပြွန်၊ ညာဘက်တွင် အထက်သွားအူမကြီး၊ ဘယ်ဘက်တွင် အောက်သွားအူမကြီး၊ ဆီးထွက်ပြွန်၊ ဆီးလမ်းကြောင်းစနစ်၏ ပင်မအလုပ်မှာ ခန္ဓာကိုယ်၏ အရည်ထုထည်အား ပုံမှန်ရှိနေစေရန် ထိန်းပေးသည်။ လူကြီး တယောက်တွင် ၆ဝ%၊ မွေးစကလေးတွင် ၇၅% သည် အရည်(ရေ) ဖြစ်သည်။ (ဆဲလ်)များအတွင်း (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်ကြောင့် ထွက်လာသည့် မလိုအပ်သော အညစ်အကြေးများကို စွန့်ထုတ်ပေးသည်။ အလားတူ အဆုပ်သည် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကို၎င်း၊ အရေပြားမှ အညစ်အကြေးကို ချွေးအဖြစ်၎င်း၊ အူသိမ်မှ သွေးနီဥကထွက်သော (ဗိုင်းလ်) ဆားကို၎င်း စွန့်ထုတ်ပေးကြသည်။ Kidneys ကျောက်ကပ် ကျောက်ကပ်သည် သွေးအား စစ်ပေးခြင်းဖြင့် Urine ဆီးဖြစ်စေသည်။ နံရိုးနံပါတ် ၁၂ နှင့် ခါးရိုးဆစ် နံပါတ် (၃) အကြား ရှိသည်။ ညာဘက် ကျောက်ကပ်သည် အသဲရှိနေ၍ အနည်းငယ် အောက်ကျသည်။ ၃ စင်တီမီတာထူ၍၊ ၆ စင်တီမီတာ ကျယ်ကာ၊ ၁၂ စင်တီမီတာ ရှည်သည့် ပဲစေ့ပုံရှိသည်။ အတွင်းဘက် သွေးကြောများ နှင့် (ယူရီတာ) ရှိသည့်နေရာအား Hilum ဟုခေါ်သည်။ Ureter (ယူရေတာ) ဆီးပြွန် သည် ၂၅ စင်တီမီတာရှည်သည်။ Hilum မှ Bladder ဆီးအိမ်ကြားရှိသည်။ မဒါလာ သွေးပြန်ကြော သွေးလွှတ်ကြော ယူရီတာ (ဆီးပြွန်) ကက်ပဆူးလ် ကောတက်စ် ကော်လမ် ပစ်ရမစ် ပဲလဗစ် မေဂျာ-ကဲလက်စ် မိုင်နာ-ကဲလက်စ် ပပဲလေ

Urinary Bladder ဆီးအိမ်
ဆီးကို မသွားသေးမီ ထိန်းထားသည့် အိမ်တခုဖြစ်သည်။ ရှေ့တွင် ဆီးစပ်ရိုးရှိသည်။ အပေါ်တွင် (ပယ်ရီတိုနီယံ) Peritonium ဖြင့်ဖုံးထားသည်။ အတွင်းကို (မြူကိုဆာ) ဖြင့် ဖုံးထားသည်။ ၃ဝဝ-၃၅ဝ စီစီဆန့်သည်။ အမျိုးသမီးများတွင် ၎င်း၏နောက်၌ Uterus သားအိမ် ရှိသည်။ ယောက်ျားများတွင် ၎င်း၏ နောက်၌ Rectum အစာဟောင်းအိမ်ရှိသည်။ ကျောက်ကပ်၊ ၎င်း၏အထက်တွင် (အဒွီနယ်လ်-ဂလင်း) ရှိသည်။ (ပဲလ်ဗစ်) နောက်အလယ်တွင် ကျောရိုးမကြီး အထက်အောက် တန်းနေသည်။ (ယူရေတာ) ကျောက်ကပ်နှင့် ဆီးအိမ်ကြားရှိသည့် ဆီးပြွန် ဆီးအိမ်မှ ဆီးသွားစေသည့် ဆီးထွက်ပြွန်

Urethra ဆီးထွက်ပြွန်
ကျားဆီးထွက်ပြွန်သည် ၂ဝ စင်တီမီတာရှိ၍ရှည်သည်။ အမျိုးသမီးများ၊ ဆီးထွက်ပြွန်သည် ၃-၄ စင်တီမီတာရှိ၍ တိုသည်။ ဆီးထွက်သည်ကို ထိန်းပေးသော (စဖင်တာ) နှစ်ခုရှိရာ အထဲ(စဖင်တာ)အား စိတ်မှထိန်းမရ။ အပြင်(စဖင်တာ) ကို စိတ်မှ ထိန်းပေးနိုင်သည်။ Prostate gland ဆီးကြိတ် (ပရောစတိတ်-ဂလင်း) ယောက်ျား၏ ဆီးထွက်ပြွန်သည် ယောက်ျားများ၌သာရှိသော Prostate gland ဆီးကြိတ် (ပရောစတိတ်-ဂလင်း) ကို ဖြတ်သွားသည်။ မ-ဆီးထွက်ပြွန်သည် ကျား-ဆီးထွက်ပြွန်ထက် တိုသဖြင့် ဆီးအိမ်သို့ ရောဂါပိုး ဝင်လွယ်သည်။

(ပယ်ရီတိုနီယမ်) Peritonium
ဝမ်းဗိုက်ထဲတွင် အလွန်အရေးပါသော အပေါ်ဖုံးအလွှာ ဖြစ်သည်။ ဝမ်းဗိုက်ထဲရှိ အင်္ဂါများ အားလုံးကို အပြည့်အဝ သို့မဟုတ် တဝက်တပျက် ဖုံးထားသည်။ ဝမ်းဗိုက်ကို ခွဲစိတ်လျင် နောက်ဆုံးအလွှာသည် (ပယ်ရီတိုနီယံ) ဖြစ် သည်။ အစာအိမ်၊ အသဲ နှင့် အူသိမ်တို့ကို အပြည့်ဖုံးနေ သည်။ အထက်သွား အူမကြီး၊ အောက်ဆင်း အူမကြီး နှင့် အစာဟောင်းအိမ် တို့ကိုမူ ရှေ့ကသာ ဖုံးပေးထားသည်။ သားအိမ်၊ သားအိမ်ပြွန်တို့အားလည်း ဖုံးထားသည်။ ဆီး အိမ်ကို အပေါ်ပိုင်းသာ ဖုံးပေးထားသည်။ ကျောက်ကပ်၊ ဆီးပြွန်ကြီး နှင့် သွေးကြောကြီးများကို ရှေ့မှာဖုံးထားခြင်း ကြောင့် နောက်ကျောတွင် ကပ်နေကြသည်။ ကန့်လန့် သွားအူမကြီးနှင့် အူသိမ်တို့အား ရှေ့နှင့်နောက် ဖုံးထား သော်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်ကြသည်။ ဝမ်းဗိုက် ပိုးဝင်ခြင်း Peritonitis ဆိုသည်မှာ (ပယ်ရီတိုနီယံ) ရောင် ခြင်းဖြစ်သည်။ အရေးကြီးရောဂါဖြစ်သည်။

(10) Reproductive System မျိုးပွားစနစ်
မျိုးပွားစနစ်၏ ပင်မအလုပ်မှာ မျိုးဆက် ပြတ်မသွားစေရေးဖြစ်သည်။ မ-ကျား မျိုးဥထုတ်ခြင်း၊ မ-ကျား မျိုးဥများအား သန္ဓေ ရစေရန် သယ်ပို့ပေးခြင်း၊ သန္ဓေသား ကြီးထွားစေခြင်း၊ သက်ဆိုင်ရာ ဟော်မုန်းများ ထုတ်ခြင်းတို့ ဆောင်ရွက်သည်။ Male Reproductive System ကျား မျိုးပွားစနစ် (ပြူးဗစ်) ဆီးစပ်ရိုး ကျားသုတ်ပိုးသယ်ပို့သည့်ပြွန် (ပီးနစ်) ကျားလိင်တံ ပွသည့်ဆီးထွက်ပြွန် ဆီးအိမ် (ဆီမီနယ်-ဗဆိုက်ကယ်) (ပရောစတိတ်-ဂလင်း)ဆီးကြိတ် (အပီဒီဒါးမစ်) (တက်စတိစ်) (စခရိုတမ်)

Prostate gland (ပရောစိတ်-ဂလင်း) သည် ယောက်ျားများတွင်သာရှိသည်။ ဆီးအိမ်၏ အောက်မှာရှိပြီး၊ ၎င်းထဲမှ Urethra ဆီးထုတ်ပြွန် ဖြတ်သွားသည်။ Prostate gland မှ ကျားသုတ်ပိုး Sperm ပါသော သုတ်ရည် Semen ထုတ်ပေးသည်။ အသက်ကြီးသော ယောက်ျားများ ၎င်းဂလင်းကြီးလာတတ်သည်။ Benign prostatic hyperplasia (BPH) ဟုခေါ်သည်။ ဆီးမထွက်နိုင် ဖြစ်လာမည်။ ကင်ဆာလဲ ဖြစ်တတ်သည်။ Scrotum အိတ်ထဲတွင် Testis အစေ့ရှိသည်။ ဘယ်-ညာ ရှိသည်။ Testis အစေ့၏အထက်မှ Dutus defenrens ခေါ် ပြွန်တခုစီသည် အထက် တက်သွားပြီး၊ Prostate ဂလင်းထဲ ရောက်သွားသည်။ Testis အစေ့မှ ကျားဟော်မုန်း Testosterone ထုတ်ပေးသည်။ ကလေးမရအောင် လုပ်လျင် ၎င်းပြွန် ၂ ဖက်လုံးအား ဖြတ်ပေးရသည်။

Female Reproductive System မ-မျိုးပွားစနစ်
(အိုဘရီ) = မျိုးဥအိမ်၊ (ယူးထွပ်စ်) = သားအိမ်၊ (ဆားဗစ်) = သားအိမ်အဝ၊ (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊ (ယူရနရီ-ဘလယ်ဒါ) = ဆီးအိမ်၊ (ဆင်ဖဆစ်-ပြူးဗစ်) = ဆီးစပ်ရိုး၊ (မွန်း-ပြူးဗစ်) = ဆီးစပ်အခုန်းပိုင်း၊ (ကလိုက်တောရစ်) = မိန်းမကိုယ်အစိ၊ (လေဘီယာ-မေဂျာ) = ကြွက်သားကြီး၊ (လေဘီယာ-မိုင်နာ) = ကြွက်သားသေး၊ (ယူရစ်ဿရာ) = ဆီးထွက်ပြွန်၊ (ရက်တန်မ်) = အစာဟောင်းအိမ်၊ Cervix (ဆားဗစ်) သားအိမ်ဝ သားအိမ်၏ အောက်ဆုံး၌ရှိပြီး၊ မွေးလမ်းကြောင်းထိပ်အတွင်း ဝင်နေသော ကျဉ်းမြောင်းသည့် အစိတ်အပိုင်း ဖြစ်သည်။

Ovary (အိုဘရီ) မ-မျိုးဥအိမ်များ၊ ၂ ခုရှိသည်။ ၃့၅ စင်တီမီတာရှည်၊ ၂ စင်တီမီတာကျယ်၊ ၁ စင်တီမီတာထူသည်။ Ovum (အိုဗမ်) မ-မျိုးဥသည် အရွယ်ရောက်ချိန်တွင် ၃ သိန်းရှိမည်။ အချို့သာလျင် ရင့်မည့်သောဥအဖြစ် ပြောင်းလဲ နိုင်သည်။ သွေးဆုံးချိန်၌ မရှိကြတော့ချေ။ ရာသီတလအတွင်း ၁ ဥသာထွက်သည်။

Mammary Glands (မင်မရီဂလင်း) ရင်သား (နို့) (ပက်တိုရယ်-မာဆယ်) ခေါ် ရင်ဘတ် ကြွက်သားကြီး ပေါ်တွင်ရှိသည်။ (အေရီယိုလာ)မှာ အရောင်ရင့်သည့် အဝိုင်း၊ (နစ်ပယ်လ်) မှာ ရင်သားထိပ်၊ အတွင်းထဲ၌ (လုပ်ဖ်) ခေါ် အဆုပ် ၁၅-၂ဝ ရှိသည်။ ၎င်းတို့က ရင်သားထိပ်သို့ ပြွန်(ဒတ်) များဖြင့် ပွင့်ထွက်နေသည်။ (လုပ်ဖ်) တိုင်း၌ (လိုဗြူး) များရှိ၍၊ (လိုဗြူး) များတွင် (ဂလင်း)များ ရှိသည်။ နို့ရည်ထွက်သည့် အလုပ်ကို (ဟော်မုန်း) များက ထိန်းချုပ်ပေးသည်။ အရွယ်ရောက်ချိန်မှာ (အီစထိုဂျင်) ဟော်မုန်းများလာပြီး၊ (ဂလင်း)များ ဖြစ်လာစေသည်။ အရွယ်အစား ကြီးလာစေသည်။ (ပရိုဂျက်စတီရုံး) ဟော်မုန်းက ပြွန်(ဒတ်)များဖြစ်စေသည်။ ကိုယ်ဝန်ဆောင်လျင် ပို၍ အလုပ်လုပ်ပေးသည်။ ဦးနှောက်အောက်ရှိ (ပင်ကျူထရီ-ဂလင်း)က ထုတ်ပေးသော ဟော်မုန်းကြောင့် နို့ရည် ဖြစ်ပေါ်လာသည်။ (အောက်စီတိုဇင်) က နို့ရည်ညှစ်ပေးသည်။