ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, June 25, 2010

Heat sensitivity သူများထက် အပူ မခံနိုင်ဖြစ်ခြင်း

Q: ဆရာ ကိုယ်အပူချိန်က သူများတွေနဲ့ မတူပဲ လိုအပ်တာထက် ပိုပူနေပါတယ်။ အဲဒါကြောင့်လဲ လူကအရမ်းပိန်နေလား မသိဘူး။ ညဘက်ဆို ပိုဆိုးပါတယ်ဆရာ။ တကိုယ်လုံးက ပူနေပြီး အဲကွန်း ဖွင့်တော့လဲ ချမ်းပြီး စောင်ခြုံထားရတယ် ဆရာ။ ဘာကြောင့် အဲလောက် အပူချိန်များနေရတာလဲ။ အပူကျအောင်ဆိုပြီး ရေလည်း အများကြီး သောက်တယ်ဆရာ။ ညဆိုပူတာက ပိုပြီးတော့ ဆိုးတယ်။ အမျိုးသားက ညဆို heat ကဘာဖြစ်လို့ ပိုများရတာလဲတဲ့။ အဲဒါ ဘယ်လို့လဲဆိုတာ အကြံပေးပါအုံး ဆရာ။ မေးမယ်လို့ စဉ်းစားနေတာကြာပြီ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ဆရာကို ဒုက္ခများပေးသလို ဖြစ်နေမှာ ကြောက်လို့ပါ။ မြန်မာဆေးတွေလဲ စားဘူးတယ် ပိုပူလာသလိုခံစားရလို့ မစားတော့တာပါ။ ဆရာ့ကို အမြဲလေးစားလျက်

ဆေးစာအရ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဆယ့်လေး-ငါးခုရှိပါတယ်။ အကုန်ရေးပြနေရင် ဖြဲခြောက်သလိုဖြစ်မှာ စိုးတယ်။

သူများထက် အပူမခံနိုင် ဖြစ်နေတာကတော့ ကိုယ်ဝန်ဆောင်တာနဲ့ သွေးဆုံးသူများမှာ အဲလိုလာ ဖြစ်တတ်တယ်။ ဒီလို အခြေအနေတွေက သိသားပါတယ်။ မဟုတ်ရင် လည်ပင်းကြီးသဘောနဲ့ ဆိုင်နိုင်တယ်။ စစ်ဘို့လိုမှာကတော့ လည်ပင်းအကြိတ်ရောဂါ Thyroid diseases တွေ ဖြစ်ပါတယ်။

(သိုင်းရွိုက်) ရောဂါတွေထဲမယ် Goitre လည်ပင်းကြီးလို့ လူတွေက အလွယ်ခေါ်နေကြတဲ့ အရွယ်အစားကြီးနေတာ တခုထဲတော့ မဟုတ်ဘူး။ Thyroid ဟော်မုန်းတွေ များနေတာ၊ နည်းတာလည်း ပါတယ်။ ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့ အကြိတ်တွေလဲ ပါတာပေါ့။ အခုပြောနေတာက မေးတဲ့လူမှာ ဖြစ်နိုင်တာကို ဆိုလိုတာ မဟုတ်ဘူးနော်။ လည်ပင်းကြီး ဆိုတာကို ရှင်းနေတာပါ။

အပူ-အအေး နဲ့ ဆိုင်တာထဲမယ် Grave’s disease (Hyperthyroidism) နဲ့ Hashimoto’s thyroiditis (Hypothyroidism) ဆိုတာ ၂ မျိုး ရှိတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ကြတယ်။ Autoimmune thyroid diseases ခုခံအားစနစ်ကြောင့် (သိုင်းရွိုက်) အလုပ်တွေ ကမောက်ကမ ဖြစ်တာပါ။ HIV နဲ့တော့ နည်းနည်းလေးမှ မဆိုင်ပါ။

(ဟာရှိမိုတို) က အသက် ၃ဝ-၅ဝ အမျိုးသမီးတွေမှာ အဖြစ်ဆုံး။ မျိုးရိုးလိုက်နိုင်သေးတယ်။ ဒီထက် အသက်ကြီးသူတွေမှာ သွေးတိုးလဲရှိ၊ သွေးကြောမာ ရောဂါလဲရှိရင် (ဂရေ့ဖ်) ရောဂါဖြစ်နိုင်တယ်။ (သိုင်းရွိုက်) ဟော်မုန်းနည်းရင် အားယုတ်၊ စိတ်ကျ၊ ဘာလုပ်လုပ် နှေးကွေးသူမျိုး ဖြစ်စေတယ်။ (ဟာရှိမိုတို) ကတော့ ပြောင်းပြန်။ ဘာလုပ်လုပ် တက်ကြွသလား မမေးနဲ့။ နောက်ပြီး စိုးရိမ်တတ်တယ်။ နှလုံးခုန် မြန်နေမယ်။ စိတ်တိုမယ်။ ပိန်လာမယ်။ သွေးဖိအား တက်နိုင်တယ်။ ကြာရင် မျက်လုံးပြူးလာမယ်။ အပူမခံနိုင်ဘူး။ အတူအိပ်သူ ခင်ပွန်းကအရင် သတိထားမိတတ်တယ်။ ပြူတင်းပေါက်၊ ပန်ကာ၊ လေအေးစက်ကို ရောဂါရှိသူကသာ ဖွင့်ချင်နေလို့ပါ။

သေခြာအောင် Thyroid Function Test (Thyroid assay) သွေးစစ်ရတယ်။ Thyroid stimulating hormone (TSH) များပြီး၊ Thyroxine ဟော်မုန်း နည်းနေရင် (ဟာရှိမိုတို) ဖြစ်တယ်။ ပြောင်းပြန်ဖြစ်ရင် (ဂရေ့ဖ်) ရောဂါ။

ဖြစ်ရင်လည်း ကုလို့ရပါတယ်။ ဆရာ့မိတ်ဆွေတဦးရဲ့ဇနီး မျက်လုံးကို မြင်တာနဲ့ သံသယဝင်တာကြောင့် မေးကြည့်တယ်။ စိတ်တို၊ အိုက်တတ်၊ အလုပ်လုပ်ရင် ဟောဟောဒိုင်းဒိုင်း၊ လက်ကောက်ဝတ် သွေးခုန်တာ မြန်နေတယ်။ သွေးစစ်တော့ တွေ့ရော၊ ဆေးကုတာ ရိုးရိုးဆေးနဲ့ မရတာမို့ အနုမြူဆေးနဲ့ ကုရတယ်။ ကြားထဲမှာ ကိုယ်ဝန် ကံမကောင်းတာပါ ဖြစ်လိုက်ရရှာသေးတယ်။ အခု လုံးလုံး ကောင်းသွားပြီ။

ကျန်းမာပါစေ။ လိုသေးရင် မေးပါ။

Dr. တင့်ဆွေ
၂၅-၆-၂ဝ၁ဝ