ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, August 20, 2013

Minerals ဓါတ်ဆားများ

Tue, Aug 20, 2013 at 10:54 AM
ဗိုက်ကြွက်သားတွေ ပျော့ရင် ပိုတက်ဆီယမ်ဆေးသောက်လို့ ရတယ်ပြောတာ ဘယ်အချိန်ထိသောက်လို့ရပါသလဲရှင်။ ကျွန်မက အဲလိုဖြစ်နေလို့ပါ။ အခု ကျွန်မကလေးက အသက် ၉ လ ရှိပါပြီ။ အဲဒါအခုသောက်လို့ရပါသေးလားရှင်။

လူတိုင်း ဗီတာမင်တွေနဲ့ ဓါတ်ဆားအမျိုးမျိုးကို အနည်းငယ်စီနှင့် အချိုးကျကျ လိုအပ်ပါတယ်။ ဓါတ်ဆားတွေအကြောင်း ရေးပါရစေ။

• Calcium (ကယ်လ်စီယမ်)၊
• Iodine (အိုင်အိုဒင်း)၊
• Iron သံဓါတ်၊
• Magnesium (မက်ဂနီဆီယမ်)၊
• Phosphorus (ဖေါ့စ်ဖါးရပ်စ်)၊
• Zinc (ဇင့်) ခေါ် သွပ်၊
• Potassium ပိုတက်ဆီယမ်။

• Calcium (ကယ်လ်စီယန်) အရိုး၊ သွားတည်ဆောက်ရန်၊ သွေးခဲခြင်း၊ ကြွက်သား-အာရုံကြောအလုပ် ကူညီသည်၊ ပင်လယ်ငါးများ၊ ဒိန်ခဲ၊ တို့ဖူး၊ ဘဂီကူလီ၊ များလွန်းပါက ကျောက်တည်နိုင်၊ အမျိုးသမီးတွေ အရွယ်ရလာရင် သောက်သင့်။

• Iodine (အိုင်အိုဒင်း)၊ (သိုင်းရွိုက်)ဟော်မုန်ထုတ်ရန်။ လည်ပင်းကြီးရောဂါကာကွယ်ရန်၊ ဦးနှောက်မကောင်းကလေးများကာကွယ်ရန်၊ (အိုင်အိုဒင်း) ပါသည့်ဆား၊ ပင်လယ်ငါး၊ နည်းတာ-များတာ မကောင်း၊ လည်ပင်းကြီးရောဂါနဲ့ဆက်နေ။

• Iron သံဓါတ်၊ သွေးနီဥထဲရှိသော (ဟီမိုဂလိုဘင်)တည်ဆောက်ရန်၊ ၎င်းကြောင့် သွေးအားအောက်စီဂျင်စုပ်ယူစေနိုင်သည်။ သွေးအားနည်းရောဂါကာကွယ်နိုင်၊ ခုခံအားစနစ်ကိုကူညီ၊ အသား၊ငါး၊ ပဲ၊ သံဓါတ်များလွန်းပါက အစာအိမ်မငြိမ်ဖြစ်တတ်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းအရောင်မဲ၊ မိန်းကလေး-အမျိုးသမီးတိုင်း သောက်သင့်။

• Magnesium (မက်ဂနီဆီယန်)၊ ကြွက်သား၊ အာရုံကြောအလုပ်ကူညီ၊ နှလုံးခုန်မှန်စေရန်၊ အရိုးမာစေရန်၊ အသား၊ ပင်လယ်စာ၊ နို့၊ ချိစ်၊ဒိန်၊ စိမ်းသည့်အရွက်များ၊ ပဲ၊ အစေ့အဆံ၊ များက ဝမ်းပျက်၊ ကြွက်သားအာနည်း၊ သွေးဖိအားကျ၊

• Phosphorus (ဖေါ့စ်ဖါးရပ်စ်)၊ ကျန်းမာစေရန်လိုအပ်၊ (အင်နာဂျီ)ဖြစ်စေသည် နို့၊ ချိစ်၊ ဒိန်၊

• Zinc (ဇင့်)ခေါ် သွပ်၊ (အင်မြူး) ခုခံအားစနစ်ကို ကူညီ၊ တစ်ရှူးအပျက်စီးများပြင်ရန်ကူညီ၊ အရသာ-အနံ့ခံရန်ကူညီ၊ အစာချက်ရာကူညီ၊ အသဲ၊ အသား၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများ၊ အစေ့အဆံများ၊ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်။

Potassium Supplement ပိုတက်တဆီယမ် လိုတဲ့သူတွေအတွက်

အစာအဟာရ မျှတလုံလောက်အောင်စားပါ။ အာဟာရအကြောင်း စာတပုဒ်ရေးထားပါတယ်။ လိမ်မော်သီး၊ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပဲသီး၊ အစေ့အဆံများ၊ အသား၊ စပျစ်သီး၊ ရောဂတ်၊ ဟင်းနုနွယ်၊ အသီးခြောက်များ၊

ဆေးနာမည်တွေ
• Potassium Gluconate
• Potassium Citrimax
• Potassium Chelate
• Potassium Acetate

ရောင်းကုန်နာမည်တွေ
• Effer-K
• Glu-K
• K+Care ET
• K-Lyte
• K-Lyte Cl
• K-Tab
• Potassimin
• Tri-K
• Urocit-K 10
• K-10 Solution
• Kaochlor 10
• Kaochlor 20
• Kaon
• K-Lor

• High potassium levels (ပိုတက်ဆီယမ်) များနေခြင်း http://dts-medicaleducation.blogspot.in/2013/01/high-potassium-levels.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.com/2011/01/iodine.html
• Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html
• Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
• Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html
• Vitamin B complex ဗီတာမင် (ဘီ) အုပ်စု http://dts-medicaleducation.blogspot.com/2011/11/vitamin-b-complex.html
• Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.com/2009/08/vitamin-d.html
• Vitamin K ဗီတာမင် (ကေ) http://dts-medicaleducation.blogspot.com/2011/11/vitamin-k.html

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၃