Saturday, July 31, 2010

Q and A July 2010 (3)

အိမ်ထောင်ကျတာ ၃ နှစ်ပြည့်တော့မယ်၊ ကလေးမရသေးပါ။
Infertility ကလေးမရနိုင်ခြင်း ကို ဖတ်ပါခင်ဗျား။

20 Jul 10, 00:08
ကျမကို ဆရာရဲ့ personal email လေးပေးပါလားရှင် ကျမ ဒီနေ့မှ စိတ်ညစ်လို့ ရောဂါတခုရလာလို့ပါ။
drswe01@gmail.com

21 Jul 10, 00:24
သမီးခြေမက ဖိနပ်အမာ စီးမိလို့ ခု သွေးခြေဥနေတာ ခြေသည်းအောက်မှာ ရုပ်ဆိုးလို့ပါ။ ဘယ်လို ကုသရမလဲရှင်။ ခြေသည်းအောက်အသားမှာ အကွက်လိုက်ကြီး မဲနေတာပါ။
အဲလိုဖြစ်တာ ပျောက်ဘို့ သိပ်မကြာပါ။ အရေပြားအောက်မှာ သွေးယိုထွက်နေတာမို့ အပေါ်ကမြင်ရတာ ပြာညိုညို ဖြစ်နေမယ်။ အဲဒီသွေးတွေက ပျက်စီးသွားတာရော ဘေးက တစ်ရှူးတွေထဲ စိမ့်ဝင်သွားတာရော လုပ်နေလိမ့်မယ်။ ပြီးရင် အားလုံး ရှင်းသွားလိမ့်မယ်။ သွေးထွက်တာ အနည်း-အများ၊ အရေပြားအောက်မှာ ဘယ်လောက် နက်တယ် ဆိုတာအပေါ် မူတည်ပြီး အနှေး-အမြန် ကွာတယ်။ ဘာမှမလုပ်လဲ ပျောက်တာပါ။ သတိထားဘို့ကတော့ ပိုးမဝင်စေဘို့ဘဲ။ လိုအပ်ရင် ပတ္တီးစည်းထားပါ။ ပိုးသေဆေး တခုခုလိမ်းပါ။ ဥပမာ Cipladine, Betadine, Burnol စတာတွေ။ ဗီတာမင် စီ သောက်ရင် မြန်မြန် ပျောက်တယ်လို့ ယုံကြတယ်။

21 Jul 10, 07:41
ဖတ်လို့လဲ မရဘူးကောဗျ။ လင့်ခ် တွေက Page not found တွေပဲဗျ။
ဆောရီး။ စာမျက်နှာ၏ အောက်ဆုံးသို့ End key ကို နှိပ်ပြီး သွားပါ။ အကျယ်ဆုံး Gadget တွင် ပေါ်နေသော မာတိကာထဲမှ ဖတ်လိုသည့် ခေါင်းစဉ်အား နှိပ်လိုက်ပါ။

21 Jul 10, 13:35
ကျမ ခါးအောင်ပိုင်း ဝမ်းဗိုက် နဲ့ ပေါင်၊ ခြေသလုံး၊ ခြေမျက်စေ့အထိ အရမ်းကို ကိုက်ခဲနေပပါတယ် ဆရာ အဲ့ဒါ ဘာဖြစ်လဲ လို့ သိချင်ပါတယ်ရှင့်။
ခါးအောင်ပိုင်း၊ ဝမ်းဗိုက် နဲ့ ပေါင်ခြေသလုံး ခြေမျက်စေ့ အထိ အရမ်းကို ကိုက်ခဲနေတာက နေရာ ၃ မျိုး ဖြစ်စေတာ မတူတတ်ပါ။ ခါးဆိုရင် အလွယ်ပြောရရင် Ibuprofen လို အနာ-အကိုက်ပျောက်ဆေး။ ခြေသလုံးနာတလဲ ရစေနိုင်တယ်။ ကြွက်တက်တာပါ ရှိသေးရင် Calcium သောက်ရအုံးမယ်။ ဗိုက်နာတာကို ရမ်းပြောရတာ ခက်တယ်။ သာမန်ဖြစ်ရင် Buscopan, Diclofenic သောက်နိုင်တယ်။ Antacid နဲ့ရောသောက်ပါ။

21 Jul 10, 20:05
I got back pain for more than 1 year and I don't have any physical injury. Dr. from Singapore said to take X-ray for Lumbosacral posture and for kidney sites. So let me know your suggestion for me. Thank.
Low Back Pain ခါးကောင်းမောင်းသန်ကြစေ ဆိုတာဖတ်ပါ။ ရှာရတာ မလွယ်ရင် တိုက်ရိုက် အီးမေးလ် လိပ်စာ ပေးပါ။ ပို့ပေးပါမယ်။

31 Jul 10, 18:19
တနေ့ ကျနော် အိပ်နေတုန်းကျတော့ လိင်တံအပေါ် အရေပြားကို ပိုးကောင်ကိုက်သလို ခံစားရပြီး၊ အရမ်းယားလို့ ခဏခဏ ပွတ်ရာကနေ အရေပြား ပွန်းသွားပါတယ်။ အခု အနာလို ဖြစ်နေပါတယ်။ ဆရာဝန်ပြတော့ လိမ်းဆေးပေးတာ ၂ မျိုးရှိပါပြီ။ ဒါပေမယ့် မသက်သာသေးဘူးဆရာ.။ ဘာကြောင့်လဲ၊ ဘယ်လိုဆေး ပြောင်းသုံးသင့်ပါလဲ။ အဲဒီ ဆရာဝန်ပေးတဲ့ ဆေးလိမ်းတာတော့ ၄ ရက်လောက်ရှိပါပြီ။ ဗိုင်းရပ်စ်ကြောင့်လို့ ပြောတယ်ဆရာ။ အန္တရာယ် မရှိဘူးလို့တော့ ပြောတာဘဲ။ သူ့ဆေးနံမယ် ပထမတခုက Asver 20mg Tipep နဲ့ ဒုတိယတခုက Gasc 40 mg Simethic ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ယားပြီး ပွတ်ရာကနေ ပွန်းတာအတွက် ဖြစ်တဲ့နေရာက နူးညံ့တဲ့နေရာမို့ ဆေးကို သတိထား သုံးရပါမယ်။ ပြောပြတဲ့ ဆေးနာမည်တွေကိုတော့ မသိပါ။ ရှာလို့လဲ မရပါ။ ကိစ္စမရှိပါ။ ယားတဲ့အတွက် ထုံဆေး ဒါမှမဟုတ် (အင်တီ-ဟစ်တမင်း) ပါတဲ့ဆေး လိမ်းရပါမယ်။ စားဆေးဆိုလဲ Antihistamine ပါတာ သောက်ရမှာပါ။ Citrizine, Avil, Burmeton လိုမျိုး ဖြစ်ပါတယ်။ တကယ်လို့ ဗက်တီးရီးယား ဝင်လာလို့ ရင်းသလိုဖြစ်ရင် Antibiotic (အင်တီ-ဘိုင်ရောတစ်) တခုခု သောက်ရအုံးမယ်။ Ampicillin, Cipro, Doxycycline စတာမျိုးဖြစ်ပါတယ်။ နာတယ်ဆိုရင် Pain killer တခုခုသောက်ရမယ်။ Ibuprofen, Paracetamol တခုခု ဖြစ်ပါတယ်။ ရောင်နေတာပါ လျှော့စေတယ်။
ခပ်လွယ်လွယ်ပြောရရင် ခြင်၊ ပုရွက်ဆိပ်၊ ကိုက်တဲ့အခါ လုပ်သလိုမျိုးဖြစ်ပါတယ်။ Calamine lotion, Caladryl lotion, Mezincal လို နေလောင်လို့ လိမ်းရတဲ့ဆေးလည်း အသုံးကျနိုင်ပါတယ်။

၃၁-၇-၂ဝ၁ဝ

Speech and Language Delay and Disorder ကလေး စကားပြောနှေးခြင်း

Jul 17, 2010 at 10:13 PM
ဆရာခင်ဗျား ကျွန်တော့်သားဟာ အခု ၃ နှစ်ရှိပါပြီ။ ဒါပေမဲ့ တစ်ခြားကလေးတွေလို စကား မသွက်ပါဘူး။ ဖေဖေ မေမေ နဲ့ တစ်ချို့စကား (ဥပမာ - ရေရေ၊ ဘဘ၊ မမ၊ ပေးပါစတာ) တွေပဲ ပြောပါတယ်။ စိုးရိမ်ရပါသလား ဆရာ။ စကားသွက်အောင် ဘယ်လို လုပ်ရမလဲ ခင်ဗျာ။ ကလေးဥာဏ်ရည်နဲ့ ဆိုင်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျာ။ လေးစားစွာဖြင့်၊

ကလေးမှာ တခုခုလိုနေပုံရတယ်။ ကလေး စကားပြော အခက်အခဲက ၅-၁ဝ% သော ကျောင်းမထားမီအရွယ်တွေမှာ ဖြစ်တယ်။ အထူးကုသဘို့ လိုနိုင်တယ်။ အခြေခံသဘော သိအောင် နည်းနည်း ရေးပါရစေ။

Speech နဲ့ Language မတူပေမဲ့ ထပ်နေကြတယ်။ (၁) သူများပြောတာကို နားလည်ပြီး၊ (၂) ကိုယ်ပြောချင်တာကို ကျိုးကြောင်း ဆီလျှော်စွာ ဖေါ်ထုတ်တတ်ခြင်းကို “စကားပြောတတ်တယ်” လို့ ခေါ်ပါလို့၊ နားလည်ခြင်း ၂ မျိုးပါတယ်။ Language အခက်အခဲရှိတဲ့ ကလေးဟာ စကားလုံးတွေ အသံထွက်ဘို့ ခက်နေတယ်။ ၂ လုံးထက် မရဘူး။ ကလေး ကတော့ သူဆိုလိုချင်တာကို အမှန်တော့ ပြောတာဘဲ၊ နားထောင်သူတွေက နားလည်နိုင်အောင်အထိ မကောင်းဘူး။ တချို့ကလေးက ကောင်းကောင်းတော့ ပြောပေမဲ့၊ Instruction ခိုင်းတဲ့အတိုင်း မလိုက်နိုင်ဘူး။

Speech ဆိုတာ အသံထွက်တာ၊ သူများက နားလည်အောင် မပြောနိုင်ရင် အခက်အခဲရှိနေတာ။ အသံမပီတာလဲ ပါမယ်။
Language ဆိုတာက အဓိပ္ပါယ်ရှိတဲ့ အသံ။ ဥာဏ်ရည် အလိုက် စကားတတ်တယ်၊ သိပ်မတတ်ဘူး ဖြစ်နိုင်တယ်။
Language delays တွေဟာ Speech problems ထက် ပြဿနာကြီးတယ်။ တိုးတက်လာတာ မှန်ပေမဲ့ နှေးနေတာလဲ ပါတယ်။

ကလေးဟာ -
၁ နှစ်မပြည့်ခင် အသံပေးတာကို တုံ့ပြန်ရမယ်။ ကလေးဆီကလဲ ဘယ်လို အသံဖြစ်ဖြစ် ထွက်လာရမယ်။
၁၂ လကျော်ရင် (ဘိုင်ဘိုင်) ဆိုတာကို တနည်းနည်းနဲ့ ကလေးက တုံ့ပြန်တတ်မယ်။
၁၈ လမှာ (ဘိုင်ဘိုင်) ကို စကားနဲ့ မဟုတ်ဘဲ လက်ဘဲလှုတ်ချင်နေရင်တော့ အားနည်းနေပြီ မှတ်ပါ။ အသံကို လိုက်တုတတ်ရမယ်။ ရိုးရိုးရှင်းရှင်းလေး ခိုင်းတာကို ကလေး နားလည်နိုင်ရမယ်။
၂ နှစ်သားရောက်လို့ စကား-အမူအယာ သင်ပေးတာကို သင်တဲ့အတိုင်းထက် ပိုပြီး သူ့အလိုလို စကားလုံး၊ စကားစု မထွက်ရင်၊ ပြောတဲ့စကားက ထပ်ထပ်သာပြောနေပြီး၊ သူ အရေးတကြီးလိုချင်-ရချင်နေတာကို ထုတ်မပြောတတ်သေးရင်။ ရိုးရိုးလေး ခိုင်းတာကို လိုက်မလုပ်တတ်သေးရင်။ ထွက်တဲ့အသံကလည်း ပုံမှန်လိုမဟုတ်ဘဲ အောနေမယ်၊ နှာခေါင်းသံ ထွက်နေမယ် ဆိုရင်၊ စကားအရာမှာ အားနည်းနေပြီ။

တိတိကျကျ စစ်ရအောင်။
မွေးမွေးချင်း = ငိုမယ်။
၂-၃ လ = ငိုပုံငိုနည်း မတူတော့။ သူမကြိုက်တာဆိုရင် အများကြီး၊ နည်းနည်းမကြိုက်ရင် နည်းနည်း ငိုမယ်။ ချော့ရင် တိတ်မယ်။
၃-၄ လ = ဘူးမှုတ်မယ်။
၅-၆ လ = ဘူးမှုတ်တာ စည်းချက်ကျလာမယ်။
၆-၁၁ လ = စကားသံလို ဘူးမှုတ်သံတူလာမယ်။ အမူအယာလဲပြမယ်။
၁၂ လ = စကား ၁-၂ လုံးပြောမယ်။ နာမည်တွေ မှတ်မိလာမယ်။ ရင်းနှီးတဲ့အသံမျိုး အတုလုပ်လာမယ်။ ရိုးရိုးလေး ခိုင်းတာကို နည်လည်လာမယ်။
၁၈ လ = စကားလုံး ၅-၂ဝ လောက် နားလည်လာမယ်။ နာမည်တွေ ပါတယ်။
၁-၂ နှစ် = စကားလုံး ၂ ခုပါ စာကြောင်း။ ဝေါဟာရပိုကြွယ်။ (ဂွတ်ဘိုင်) လုပ်တတ်။ ရင်းနှီးတဲ့ တိရစ္ဆာန်အသံမျိုး လိုက် တုတတ်လာ။ လိုချင်တာ ပိုတောင်းတတ်၊ မလိုချင်တာ ငြင်းတတ်။
၂-၃ နှစ် = ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြတတ်။ နာမည်သာမက ကိုယ့်ဖါသာကိုယ် သားသား-မီးမီး လို့ပြောတတ်။ Noun နာမ်နဲ့ Verb ကရိယာ တွဲသုံးလာ။ ဝေါဟာရ ၄၅ဝ လောက်တတ်။ Short sentence စာကြောင်းတို ပြောတတ်။ အရောင်း ၃-၄ မျိုး ခွဲတတ်။ အကြီး-အငယ် ခွဲခြားတတ်။ ကြားပြီးသား ပုံပြင်ကို ထပ်ကြားချင်။
၃-၄ နှစ် = ပုံပြင် ပြောတတ်။ စကားလုံး ၄-၅ လုံးပါစာကြောင်း။ ဝေါဟာရ ၁ဝဝဝ လောက်တတ်။ လမ်းနာမည်သိ။ ကဗျာ-သီချင်းတချို့တတ်။
၅-၆ နှစ် = ဝေါဟာရ ၂ဝဝဝ လောက်တတ်။ ထူးခြားတဲ့ဆက်စပ်မှုမျိုး ပိုဝေး-ပိုကြီး ဆိုတာသိလာ။ လိပ်စာသိလာ။ မတူတာနဲ့ တူတာသိလာ။ ပိုက်ဆံမှန်းသိလာ။ ၁ဝ မျိုးအထိရေတတ်။ ဘယ်-ညာ သိလာ။ စာကြောင်းစုံတတ်။
၎-၅ နှစ် = အတိတ်ကာလ past tense သိလာ။ ဝေါဟာရ ၁ဝဝဝ လောက်တတ်။ အရောင်တွေခွဲတတ်။ “ဘာလို့-ဘာ့ကြောင့်” မေးခွန်းတွေ ထပ်ထပ်မေးလာမယ်။

အကြောင်းတွေ ရှာရအောင်
အများကြီးပါဘဲ။ ဦးနှောက်ထဲက စကားပြော (စင်တာ) မှာ မဖွံ့ဖြိုးနေရင် နှုတ်ခမ်း၊ လျှာ၊ မေးတွေကို ကောင်းကောင်း အသုံးမပြုနိုင်ဘဲ ဖြစ်နေမယ်။ စကားအရာသာ မဟုတ်ဘဲ တခြားဟာတွေ ဥပမာ အစားကြွေးရတဲ့ အခက်အခဲမျိုးပါ တွဲဖြစ်နေတာလည်း ရှိနိုင်တယ်။ နားကြားမှု ချို့ယွင်းနေတာကြောင့် ဖြစ်တာလည်း စစ်ရပါမယ်။ မွေးရာပါ မဟုတ်ဘဲ နားမှာ ပိုးဝင်-ရောင်-ပြည်ယိုနေတာ တွေ့ရင် ကုသပါ။

အထူးဘာသာရပ်အနေနဲ့ တိတိကျကျ ရောဂါနာမည်တွေ ခွဲထားသေးတယ်။
Structural problems (Cleft lip or Cleft palate) မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊
Learning disability လေ့လာမှု ချို့ယွင်းခြင်း၊
Hearing loss နားမကြားခြင်း၊
Intellectual disability ဥာဏ်ချို့ယွင်းခြင်း၊
Prematurity လမစေ့မွေးခြင်း၊
Auditory processing disorder နားကကြားသော်လည်း အဓိပ္ပါယ်ဖွင့်ရန် နှေးခြင်း၊
Neurological problems (Cerebral palsy, Muscular dystrophy, Traumatic brain injury) ဦးနှောက်၊ အာရုံကြော၊ ကြွက်သားရောဂါ၊ ခိုက်မိတာ တခုခုရှိနေခြင်း။
Autism ဦးနှောက်မှာ သူရနေတဲ့ Information သတင်းအချက်အလက်တွေကို ကောင်းကောင်း Process အသုံးမပြုနိုင် သေးတာကြောင့် အမူအယာ၊ ပြောဆိုဆက်ဆံမှု၊ စတာတွေ ပုံမှန်ကလေးလို မဖြစ်သေးတဲ့ရောဂါ။ ၃ နှစ်မတိုင်ခင် ကလေးမှာ စဖြစ်တယ်။

ဘယ်လို ကုမလဲ
ဆေးတိုက်တာနဲ့ ရမှာ မဟုတ်ပါ။ မိဘကနေ ကိုယ့်ကလေးကို ပုံမှန်ထက် ပို မျှော်လင့်နေတာမျိုးလည်း ရှိတယ်။ Speech-language pathologist ဆိုတဲ့ အထူးကုသမှု လိုနိုင်တယ်။ ဒါနဲ့လဲ မလုံလောက်ပါ။ မိဘတွေက လုပ်စရာတွေ အများကြီး ရှိတယ်။ မျိုးရိုးဗီဇ သန်တာ၊ နှေးတာ ရှိတယ်။ ပါတ်ဝန်းကျင် ကလည်း အများကြီး သက်ရောက်ပါတယ်။ ကလေးနဲ့နေဘို့ အချိန်ပေးပါ။ စကားပြော၊ သီချင်းဆို၊ အမူအယာ လုပ်ပေးပါ။ အတုလိုက်နိုင်အောင် အားပေးပါ။ ကလေးနားမှာ စာဖတ်ပြပါ။ စာအုပ်ထဲက အရုပ်တွေပြပါ။ အရုပ်နာမယ်တွေ ပြောပြပါ။ ကလေးချော့ ကဗျာ၊ သီချင်း၊ ဆိုပြပါ။ နေ့စဉ်တဓူဝ အလုပ်တွေတိုင်းမှာ သင်ပေးပါ။ စားစရာ၊ ကစားစရာ၊ အခန်းထဲက ပစ္စည်းတွေ၊ ကား၊ ရတား။ Nature and Nurture သဘာဝ နဲ့ ပြုစုမှု ၂ မျိုးတွဲ လိုတယ်။

ကလေးအထူးကုကို အရင်ပြပါ။ သူကနေ ဆက်ညွှန်ဘို့လိုရင် ညွှန်ပါလိမ့်မယ်။

ကလေးရော လူကြီးပါ ကျန်းမာ-ချမ်းသာကြပါစေ။

Dr. တင့်ဆွေ
၃၁-၇-၂ဝ၁ဝ

Friday, July 30, 2010

Dentures သွားအတု ပြဿနာ

July 22, 2010 5:01 AM
ဆရာခင်ဗျား ကျွန်တော့်အသက် ၂၃ နှစ်ပါ။ ငယ်ငယ်က သွားကျန်းမာရေး ဂရုမစိုက်ခဲ့တော့ အံသွားတွေ ပျက်စီးခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်လောက်က ကျွန်တော့်အံသွား တစ်နေရာတွက် သွားစိုက်ခဲ့ပါတယ်။ သတ္တုသွားနဲ့ စိုက်ခဲ့တာပါ၊ အဲဒီ ပျက်စီးတဲ့ သွားတစ်ချောင်းတွက် အသေစိုက်နည်းနဲ့ စိုက်တော့ တခြား အကောင်းနှစ်ချောင်းပါ ပါသွားပါတယ်။ အဲဒီသွားတွေ စိုက်ပြီးတဲ့နောက်ပိုင်း ကျွန်တော့် ဆံပင်တွေစ ဖြူလာပါတယ်၊ အခုဆို တစ်ခေါင်းလုံးနီးပါး ဟိုတစ်စ ဒီတစ်စ ဖြူနေပါပြီ။

ရွေ၊ ငွေ၊ ကြွေ၊ သတ္တု အဲဒီသွားတွေ စိုက်ခြင်းရဲ့ ဆိုးကျိုးမှာ ဆံပင်ဖြူတာပါလား သိချင်လို့ပါ။ ကျွန်တော်တို့ နယ်ဘက်မှာ အသက်က ၃၅ လောက်နဲ့ တစ်ခေါင်းလုံး ဖွေးနေသူ အသိတွေကို ကြည့်လိုက်ရင် သတ္တုသွားစိုက်ထားတဲ့သူတွေ ဖြစ်နေတော့၊ အဲလိုများ ပတ်သက်လားဆိုတာ သိချင်လို့ပါဆရာ။ နောက်ပြီး ကာကွယ်ဘို့ တွက်လေးလည်း အကြံပေးပါဦး။ နှုတ်ပြစ်ပြီး တခြားဟာ ပြောင်းစိုက်ရရင် ကောင်းမလား မသိဘူးဆရာ၊ အကြံပေးပါဦးဗျာ။ အခု ကျွန်တော်က တခြားနိုင်ငံမှာ ရောက်နေတော့ ဆေးခန်း ပြတာလည်း ဘာသာစကား အခက်အခဲနဲ့ အနည်းငယ် ဒုက္ခရောက်ရပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးပါဦးဆရာ။

မေးခွန်းရတာ ကြာသွားပါပြီ။ ဆရာက သွားအထူးကု မဟုတ်လို့ အမျိုးထဲက အထူးကုကို လှမ်းမေးတာ၊ ခုထိတော့ မပြန်သေးဘူး။

ရေးပြတာက စိတ်ဝင်စားဘို့ ကောင်းတယ်။ သုတေသန ဆန်ဆန်လေး။ “သတ္တုအဆိပ်သင့်တာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး” ထင်ပါတယ်။ တခြားနိုင်ငံတွေက သွားအတု အဆိပ်သင့်ခြင်းစာ ရှာတာ မတွေ့ရသေးဘူး။ မဖြစ်တာလား၊ သုတေသန မလုပ်တာလား၊ တခုခုဘဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ သုံးတဲ့ သွားအတုတွေရဲ့ အရည်အသွေးကို မခန့်မှန်းတတ်ဘူး။ “သွားအတုတပ်သည်” ဆိုင်းဘုတ်တွေ တောနယ်တွေမှာပါ တွေ့နေရတာ သိပ်မကောင်းဘူး ထင်ပါတယ်။ တကယ် စစ်မှန်မှု၊ အာမခံချက် ရှိ-မရှိ ဘယ်သူတွေက ဂရုစိုက်မလဲ။

အောက်ကျ-နောက်ကျနေချိန်၊ ပွင့်လင်း-လွတ်လပ်မှု ကင်းမဲ့ နေချိန်တွေမှာ အကောင်းနဲ့ အဆိုး၊ အစစ်နဲ့ အတုခွဲရတာ ခက်တယ်။

“အတုခေတ်က လွတ်ကြပါစေ။”

သွားအတုအကြောင်း ဂဃနဏသိရမှာ ထပ်ရေးပါရစေ။

Dr. တင့်ဆွေ
၃ဝ-၇-၂ဝ၁ဝ

ထပ်ဖြည့်ခြင်း
ဆရာ့ အမျိုး သွားအထူးကု ဆရာဝန်ကို လှမ်းမေးတယ်။ သူက ဗမာပြည်ကနေ တိုင်းပြည်ကြီးမှာ ပညာဆက်သင်၊ အဲဒီမှာ အလုပ်လုပ်နေတာမို့ ကိုယ့်တိုင်းပြည်ရော သူများဆီကပါ စာတွေ့-လက်တွေ့ရှိသူပါ။ သွားအတုနဲ့ ဆံပင်ဖြူတာ တိုက်ရိုက် ဆက်စပ်မှု မရှိနိုင်ဘူးလို့ ပြောတယ်။ တခြား ဆံပင်ဖြူစေတဲ့ အကြောင်းတွေကိုဘဲ စဉ်းစားရမှာပေါ့။

There is no direct related reaction of the metal steel crowns, which is very old technique still using in Burma to go for cheaper way to grayish hair problem. Technically, there is also no direct reaction from steel dental crowns causing grayish hairs. That will be just coincident. There might be due to other systemic conditions such as aging, malnutrition, stress, taking other medicines and other factors causing decreased melanin cell production. Please just give general health education and that case is not a dental material related problem.

၃၁-၇-၂ဝ၁ဝ

Wednesday, July 28, 2010

Giddiness and nausea အမျိုးသမီး တဦး ခေါင်းမူးပြီး အန်တာ

July 28, 2010 2:47 PM
ကျွန်မက အိပ်ရေးပျက်တာများရင် အစာလွန်တာများရင် ခေါင်းတွေမူးပြီး အန်တက်ပါတယ်။ ဆရာ့ဆောင်းပါးက အချက်တွေက ကျမဖြစ်နေတာတွေနဲ့ တော်တော်ဆင်တူပါတယ် ဆရာ။ အရင်က အဖြစ်ကျဲပေမဲ့ အခု ခဏခဏလည်း ဖြစ်တက်ပါတယ်။ သောက်ရမဲ့ဆေးကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။

ဆေးဆရာ မလုပ်ခင် မြန်မာစာဆရာ အရင်လုပ်ပါရစေ။ တချို့ စာရေးရင် မမှားအောင်တော့ ရေးကြတာဘဲ၊ ဒါပေမဲ့ သိထားတာကိုက မမှန်တာဘဲလို့ မှန်းနိုင်တယ်။ “အဆာလွန်” ကို “အစာလွန်”၊ “အဆင်ပြေ” ကို “အစဉ်ပြေ” လို့ ရေးတာ။ သူတို့ခင်ဗျာ သတ်ပုံမှားတာ မဟုတ်ဘဲ၊ အဓိပ္ပါယ်ပါ လွဲနေကြတယ်။ (ဘလော့ခ်) မှာ ရေးကြတာ တခု ကောင်းတာက “စာမတတ် လမ်းဖတ်” ဆိုသလို ကြားတဲ့-ဖတ်တဲ့သူက မှားတာကို ထောက်ပြ ပြင်ပေးနိုင်တယ်။ ခေတ်ကလည်း အမြန်ခေတ်မို့ မြန်အောင် ခပ်လွယ်လွယ် လုပ်ကြတာကိုး။ သိပ်စစ်ဆေး အနေကြတော့ဘူး။ SMS ဆိုတဲ့ အတိုကောက် စာတွေ ရေးကြတာ၊ မြန်တော့ မြန်ပါရဲ့။ အရှည်ကောက်ကို သိပ်မသိကြတော့ဘူး။ သတ်ပုံရော၊ သဒ္ဒ့ါပါ ပယ်ရာ ကျနေတယ်။ (ဆောရီး၊ ဆရာဆိုတာ လျှာရှည်တယ်။)

ရောဂါအခြေအနေ အကုန်အစင် မသိရဘဲ ဆေးနည်းပေးရတာ ရမ်းကုဆရာသဘောတော့ ဖြစ်နေတယ်။ သိရတဲ့ လက္ခဏာက ၂ ရပ်သာ တွေ့ရတယ်။ ခေါင်းမူးတာနဲ့ အန်တာ။ ဘာ့ကြောင့်ဖြစ်သလဲ အိပ်ရေးပျက်တာနဲ့ အစားများတာ။ ခေါင်းမူးစေတဲ့ အကြောင်းရင်တွေက များလှတယ်။ သွေးအားနည်းတာ၊ သွေးတိုးတက်တာ စတာတွေ။ အန်စေတဲ့ အကြောင်းတွေလဲ မနည်းဘူး။ အစာမကျေတာ၊ လေနာရှိတာ၊ စတာတွေ။

အာဂန္တုရောဂါ ဖြစ်ပုံရပါတယ်။ အစာစားပြီး ခဏ လူရော-စိတ်ပါ နားနေပါ။ လိုအပ်သေးရင် Digestive enzyme ဆေးတခုခု သောက်ပါ။ ရက်အကြာကြီး မသောက်ရပါ။ အစာကျေရင် အန်စရာမရှိဘူး။ အအန်ပျောက်ဆေးတွေက အိပ်ချင်တတ်တယ်။ လိုမှာသာ သောက်ပါ။ BP သွေးဖိအား စစ်ပါ။ သွေးအား နည်းနေ-မနေ စစ်ပါ။ ဖြူဖတ်-ဖြူရော် ဖြစ်နေရင် သွေးအားနည်းနေနိုင်တယ်။ အမျိုးသမီးတိုင်း Ferrous sulfate နဲ့ Folic acid ကို နေ့တိုင်း သောက်သင့်တယ်။

Anti Emetics အအန်ပျောက် ဆေးများ
High Blood Pressure သွေတိုးရောဂါ
Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
Medicine for Diseases of Digestive Tract အစာလမ်းရောဂါ ဆေးများ

Dr. တင့်ဆွေ
၂၈-၇-၂ဝ၁ဝ

Monday, July 26, 2010

Migraine (2) မိုင်ဂရင်း (၂)

24 Jul 10, 20:42
Dear doctor, I would like to ask you a question regarding headache. I know of a case of a person having migraine and it is very painful till she feels like vomiting. I would like to know why headache will cause vomiting. Is it serious? What kind of illness it that? Look forward to your advice.

Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။

အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ဝမ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။

နာတာရှည်ပြီး၊ ပြန်ပြန်ဖြစ်တဲ့ ရောဂါတခုဖြစ်တယ်။ ဖြစ်တိုင်းတော့ ခေါင်းကိုက်ချင်မှ ကိုက်တယ်။ ကိုက်ပုံ ကိုက်နည်း ကလည်း ထူးတယ်။ ပြင်းပြင်းထံထံ၊ နားထင်တဖက်မှာ ထိုးကိုက်တယ်။ နဖူးမှာလည်း ကိုက်တဲ့လူ ကိုက်တယ်။ နောက်စေ့မှာ ဖြစ်သူ ဖြစ်တယ်။ ၃ ပုံ ၂ ပုံလောက်က ခေါင်းနှစ်ဖက်လုံး ခံစားရတယ်။ တဖက် ဖြစ်သူတွေက ဘက်ပြောင်း ဖြစ်တတ်သေးတယ်။ ၄ နာရီကနေ ၃ ရက်အထိ ကြာတတ်တယ်။

မဖြစ်ခင် သတိပေးသလို လက္ခဏာတွေ အရင်လာတတ်တယ်။ အအိပ်ပျက်တာ၊ စိတ်တိုချင်တာ၊ အားယုတ်တာ၊ စိတ်ဓါတ် ကျတာ၊ သန်းတာ၊ အချို-အငန် ချင်ခြင်းတတ်လာတာ။ ၂ဝ% လောက်မှာ Migraine aura ဆိုတဲ့ နိမိတ်တွေက ခေါင်း မကိုက်ခင် ကလေးမှာ ဖြစ်ဖြစ် တပြိုင်နက်တည်း ဖြစ်ဖြစ် ပေါ်တယ်။ အလင်းရောင် စူးစူးရှရှတွေ ဖြင်ရတယ်။ မြင်ကွင်းရဲ့ အလည်ကနေ စပြီး၊ အလည်ခေါင်မှာ ဘာမှ မမြင်ရတဲ့ အပေါက်လိုလည်း ပါသေးတယ်။ အသက်ကြီးသူတွေမှာ ဒါမျိုးသာ ဖြစ်ပြီး၊ ခေါင်းဆက် မကိုက်သူတွေလည်း ရှိတယ်။ တခါဖြစ်တာ ၂၄ နာရီ ကြာတဲ့နောက် အားအင်တွေ ဆုတ်ယုတ်ပြီး၊ အသံတွေ၊ အလင်းတွေ သိပ်မကြည့်ချင်၊ မကြားချင် ဖြစ်လာတတ်တယ်။

အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အချို့အမျိုးသမီးတွေ ရာသီလာခါနီး၊ လာနေတုံးမှာ (မိုင်ဂရိမ်း) ရောဂါ ခံစားကြရလေ့ ရှိတယ်။ Menstrual migraines လို့ ခေါ်လိုက်တယ်။

ဆေးမကူနည်းတွေနဲ့ စရအောင်။ ရေခဲတင်ပါ၊ စိတ်တင်းအား လျှော့နည်း လုပ်ပါ။ “အိပ်စက်ခြင်းသည် အကောင်းဆုံးနည်း” ဖြစ်သည်။ အဲလိုဖြစ်တတ်တာကို စေ့ဆော်တဲ့ အလုပ်မှန်သမျှ ရှောင်နိုင်အောင် ကြိုးစားပါ။ ဆေးလိပ် မသောက်တာမျိုး၊ ဒီအစားစားလို့ ဖြစ်တာထင်ရင် ရှောင်တာမျိုး။ အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အစားစားချိန် မှန်ပါစေ။ ထမင်း တနပ်လွတ်သွားတာ မဖြစ်ပါစေနဲ့။

Medication for migraine ဆေးတွေ သုံးရအောင်။ သာမန်ဖြစ်သူတွေဟာ Acetaminophen (Tylenol) နဲ့ NSAID (စတီရွိုက်) မပါတဲ့ အကိုက်-အနာပျောက်ဆေးတွေကို သုံးနိုင်တယ်။ NSAID ဆိုတာ Aspirin, Ibuprofen တွေကို ပြောတာပါ။

အလယ်အလတ်စား နဲ့ ပြင်းထံသူတွေအတွက် ဆေးတွေကတော့
• Triptans, Sumatriptan Injection or Tablet or nasal inhaler, Zolmitriptan (Zomig), Rizatriptan (Maxalt), Naratriptan (Amerge), almotriptan (Axert) and frovatriptan (Frovalan)
• Ergots (Ergomar, Wigraine, and Cafergot) and Dihydroergotamine (Migranal, DHE-45)
• Midrin

ဆေးစွဲတတ်တဲ့ အပြင်စားဆေးတွေ Narcotics and butalbital-containing medications ကိုလည်း သုံးရတတ်တယ်။ အန်တာ များသူတွေအတွက် Prochlorperazine (Compazine) or Metoclopramide (Reglan) ဆေးပေးတယ်။ သွေးကြောထဲ ထိုးရတဲ့ဆေးတွေ DHE-45 (dihydroergotamine), prochlorperazine (Compazine), and Valproate (Depacon) လည်းသုံးတယ်။

Migraine ကို လုံးဝပျောက်အောင် မတတ်နိုင်သေးပါ။ ကာကွယ်ဆေးတွေက ဝယ်ရ-ရှာရတာ မခက်ပါ။ Beta blockers (Propranolol), Calcium-channel blockers (Diltiazem, Verapamil, Nimodipine), Tricyclic antidepressants (Amitriptyline, Nortriptyline, Doxepin, Amipramine), Antiserotonin agents (Methysergide), Anticonvulsants (valproic acid, phenobarbital, topiramate) တွေကို သုံးနိုင်ပါတယ်။

အအိပ်ပျက်တာ၊ ညစာ မစားဘဲနေတာ၊ အလင်းရောင် စူးစူးရှရှ မြင်တာ၊ (ကေဖင်း) များတဲ့ ကော်ဖီ-လက်ဘက်ရည် သောက်တာ၊ ချောကလက်၊ ဝိုင်၊ လျှော့ပါ၊ ရှောင်ပါ။ ဆီးချို ရှိလို့ကြောင့်ဖြစ်ဖြစ်၊ မဝအောင်ဖြစ်ဖြစ်သုံးတဲ့ သကြားစားထိုး Aspartame ကလည်းဖြစ်စေတယ်။

Chinese restaurant syndrome ဆိုတာ တကယ်ရှိတယ်။ တရုပ်စားသောက်ဆိုင်မှာ စားရင် ခေါင်းကိုက်တာကို ခေါ်တယ်။ ဗိုလ်စာတွေဖြစ်တဲ့ hot dogs, ham, bacon and sausages တွေထဲမှာ Nitrates and nitrites ပါလို့ (မိုင်ဂရင်း) ဖြစ်တတ်တယ်။ “တရုပ်ကလဲ အကျိုးမပေးဘူး။ ဗိုလ်လဲ အကျိုးမဖြစ်ဘူး။” မုန့်ပျားသလက်ကြောင့် ခေါင်းကိုက်တယ်လို့တော့ မကြားဘူးသေးပါ။

(မိုင်ဂရင်း) က မျိုးရိုးလိုက်ပါတယ်။ လူနာ တဝက်ကကျော်က မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။ (မိုင်ဂရင်း) ခေါင်းကိုက် ဖြစ်တော့မယ်ဆိုရင် ဆရာဝန်ညွှန်ထားတဲ့ဆေး ချက်ချင်းသောက်လိုက်ပါ။ ရေ-အရည် အများကြီး သောက်ပါ။ အိပ်ရာမှာ သက်တောင့်သက်သာ လှဲနေပါ။ အခန်းဟာ တိတ်ဆိပ်ရာ၊ အလင်းရောင် မများတာဖြစ်ရမယ်။ နဖူးမှာ အေးတဲ့ အဝတ်တခုခု ပတ်ထားပါ။ နာတဲ့နေရာ နှိပ်နယ်ပေးပါ။

Dr. တင့်ဆွေ
၂၇-၇-၂ဝ၁ဝ

Nasal cancers နှာခေါင်းကင်ဆာ

26 Jul 10, 15:59
ဆရာရှင့် သမီးအဒေါ်က နှာခေါင်းကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။ လည်ပင်းမှာလည်း အကြိတ်တွေ ထွက်လာတယ်လို့ ပြောပါတယ်။ အခု ဓါတ်ကင်နေရတာလို့ ပြောပါတယ်။ သမီးသိချင်တာက နှာခေါင်းကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတအနေနဲ့ ရေးပေးပါလားရှင့်။ သမီးသိချင်လို့ပါ၊ ကျေးဇူးတင်ပါတယ်ဆရာ။

Nasal cancers နှာခေါင်းကင်ဆာ ဆိုတာ ရှားတယ်။ တကယ်တော့ ကင်ဆာ မှန်သမျှ ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျ ပြောနိုင်လောက်အောင် ဆရာဝန်တွေက မတော်ကြသေးဘူး။

ကင်ဆာဆိုတာ Zodiac sign ဆယ့်နှစ်ရာသီခွင် အရုပ်တွေထဲက အရုပ်တခုကို စွဲခေါ်ထားတာပါ။ ဇွန် ၂၂ ကနေ ဇူလိုင် ၂၂ ကရကဋ်ရာသီ အတွင်း မွေးဖွါးသူတွေနဲ့ ဆိုင်တဲ့ Crab ပုဇွန်လုံးပုံဖြစ်တယ်။ သူ့မှာ ခြေထောက်တွေ အများကြီး မဟုတ်လား။ တင်စားချင်တာက မူလကိုယ်ထည်ကနေ ခြေထောက်တွေလို ဟိုဟိုဒီဒီ ရောက်စေတယ်လို့ ပြောချင်တာ။ စဖြစ်ရာကနေ တခြားဆီ ရောက်တတ်တာ “ကင်ဆာ”။

နှာခေါင်း ကင်ဆာကလည်း သွေးနဲ့ သွေးပြန်ရည် လမ်းကြောင်း တွေကနေ တခြားတခြား သွားတော့တာဘဲ။ Lymph system သွေးပြန်ရည်စနစ်ကနေ ကူးတော့ Lymph nodes တက်စေ့တွေ ကြီးလာစေတယ်။ ဆိုးတာက အဆုပ်၊ အသဲ၊ အရိုးတွေဆီပါ ရောက်လို့ဘဲ။ ဆရာဝန်တွေဆီ ရောက်လာရင် ၈ဝ% လောက်က ပြန့်နေတဲ့အဆင့် ရောက်နေတတ်တယ်။ အမျိုးသားတွေက ၂ ဆ ပိုဖြစ်တယ်။ အသက် ၄၅ နှစ် ကျော်တွေ ပိုဖြစ်တယ်။

Risk Factors and Prevention ဘာ့လိုဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ။ သုတေသန လုပ်ထားတာတွေထဲက အချက်တိုင်းကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ အခွင့်အလမ်း များစေတာသာ ဖြစ်ပါတယ်။ ရေးပြတဲ့ အချက်တွေနဲ့ အတော်ကြီး နီးကပ်၊ ထိစပ်နေသူတွေမှာ ကင်ဆာ မဖြစ်တာတွေ အများကြီးရှိပါတယ်။
၁။ ဆေးလိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးငုံ၊ ဆေးရှူ၊
၂။ အရက်၊
၃။ Human papillomavirus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်၊ ဒီအကောင်က လိင်ဆက်ဆံရာကနေလည်း ကူးတဲ့ပိုး။
၎။ Specific inhalants အမှုံအမွှား၊ အငွေ့အသက်တွေ၊ သစ်သား၊ အဝတ်အထည်၊ သားရေ၊ Flour dust ဂျုံမှုံ့၊ Nickel dust (နစ်ကယ်လ်)၊ Chromium dust (ခရိုမီယမ်)၊ Mustard gas မုန်ညင်းငွေ့၊ Asbestos မျက်နှာကျက်လုပ်အမှုံ၊ Isopropyl alcohol fumes (အိုင်ဆိုပရိုပိုင်းလ်) အရက်ပြန်၊ Radium fumes (ရေဒီယမ်) ငွေ့၊ Glue fumes ကော်ငွေ့၊ Formaldehyde fumes (ဖေါ်မယ်လ်ဒီဟိုက်) ငွေ့ Solvent fumes used in furniture and shoe production ပရိဘောဂ နှင့် ဖိနပ်လုပ်ငန်း သုံး ဖျော်ဆေးတွေ၊
၅။ Air pollution လေထုညစ်ညမ်းမှု၊

စဖြစ်တော့ အအေးမိ နှာစေးသလိုနဲ့ စတယ်။ ကြာတော့မှ ရောဂါရှိမှန်း သိရလို့ နောက်ကျ နေတတ်တယ်။ နှာခေါင်း ပိတ်တာ၊ မျက်စိထဲမှာ အရာနှစ်ခုမြင်တာ၊ မျက်ရည် ဆက်တိုက် ကျနေတာ၊ သွားတွေ ချောင်လာတာ၊ ခေါင်းကိုက်တာတွေ ဝင်လာတယ်။ အနံ့မရဖြစ်၊ နှာရည်ယို၊ နှာခေါင်းသွေးယို၊ ကိုယ်ပူတာတွေလည်း ရှိနိုင်တယ်။ ပါးစပ်-နှာခေါင်းနဲ့ မျက်နှာမှာ အလုံးပေါ်တာမယ်။ ပါးစပ်ဟရတာ ခက်တာမယ်။ လည်ပင်း အကြိတ်တွေ ပေါ်လာမယ်။ ကြာလေလေ အားယုတ်၊ အစားပျက်၊ ပိန်လာမယ်။

သေခြာအောင် Endoscopy လည်ချောင်းထဲ ကရိယာထဲ့ စစ်ဆေးနည်း၊ Biopsy အသားစဖြတ်ယူ စစ်ဆေးနည်း၊ X ray ဓါတ်မှန်၊ CT or CAT scan စီတီ-စကင်န်၊ MRI တွေ လုပ်ရတယ်။

ဆေးကုတဲ့အခါ အဖွဲ့လိုက်ကနေ ကုပေးရတယ်။ ခွဲစိတ်ဆရာဝန်၊ သမားတော်၊ ကင်ဆာအထူးကု၊ ရောဂါဗေဒပညာရှင်၊ သူနာပြု၊ ဓါတ်ကင်ဌာန၊ စိတ်ရောဂါအထူးကု၊ အာဟာရအထူးကု၊ လူမှုရေးပညာရှင် စသူတွေ ပါနိုင်တယ်။

အများဆုံးက ခွဲစိတ်တာရယ်၊ ဆက်ပြီး ဓါတ်ကင်တာ ၄-၅ ပါတ်ကြာ လုပ်ပါတယ်။ နောက်ကျနေရင် မခွဲခင်ကတည်းက ဓါတ်ကင်ပေးတယ်။ ဓါတ်ကင်ကုသတာက ပိုအဆင်ပြေတတ်တယ်။ ခွဲတာလို ရုပ်သိပ်မပျက်ဘူး။ ခွဲစိတ်တာမှာလည်း ဖြစ်တဲ့နေရာက ရှုတ်ထွေးတဲ့အတွက် ရိုးရိုးခွဲတာအပြင် Laser surgery လေဆာနည်း၊ Cryosurgery အေးခဲနည်းတွေ ပါရတတ်သေးတယ်။ Reconstructive surgery ခွဲစိတ်ထားတဲ့ နှာခေါင်းကို အသစ်ပြင်နည်း၊ Prosthesis နှာခေါင်းအတု လုပ်တာတွေပါ လိုတတ်သေးတယ်။

ဓါတ်ကင်တာမှာ ၂ နည်းလုပ်တယ်။ External-beam radiation therapy အပြင်ကနေကင်တာ နဲ့ Implants internal radiation therapy ရက်အကြာကြီး အချောင်းထည့်တာတွေ ဖြစ်တယ်။ အပြင်နည်းတခုဖြစ်တဲ့ Intensity modulated radiation therapy (IMRT) နည်းသစ်က ပိုထိရောက်တယ်လို့ ဆိုပါတယ်။

နောက်ကျသူတွေကို Chemotherapy ဆေးပေးကုတာ လုပ်ပါတယ်။

တခြားနည်းတွေလည်း လုပ်ကြသေးပါတယ်။ Massage, Meditation, Music therapy, Prayer, Yoga နှိပ်တာ၊ တရားထိုင်တာ၊ ဂီတနဲ့ ကုတာ၊ ဆုတောင်းတာ၊ ရောဂ လေ့ကျင့်ခန်းနည်။

ဓါတ်ကင်တော့ အားယုတ်တယ်။ အစာအာဟာရ ကောင်းကောင်း စားသင့်တယ်။ စိတ်ဓါတ် မကျအောင် လုပ်ရမယ်။ လေ့ကျင့်ခန်း လုပ်သင့်တယ်။ ဓါတ်ကင်လို့ အနာဖြစ်ရင် ကုရမယ်။ ပဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာအကိုက် ပျောက်ဆေး၊ ဗီတာမင်၊ ပျို့-အန် ပျောက်ဆေးတွေ လိုမယ်။ ဆံပင်ကြွတ်တာက နောက်တော့ ကောင်းလာနိုင်တယ်။

ကင်ဆာမှန်သမျှ ဖြစ်ပြီးနောက် ဘယ်လောက် အသက်ရှည်နိုင်သလဲ ဆိုတာကို ပြောရင် ၅ နှစ်ခံနှုံးနဲ့ ပြောတယ်။ ဒီရောဂါမှာ ၅၄% ရှိလို့ အဆိုးကြီး မဟုတ်ပါ။

Dr. တင့်ဆွေ
၂၆-၇-၂ဝ၁ဝ

Friday, July 23, 2010

Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ

ကျွန်မက Hyperthyroidism ကြောင့် Carbimazole ကို သောက်နေတာ 2009 ဇန်နဝါရီလ ကတည်းကပါ။ T3, T4 & THS ကလဲ normal range ပြန်ရောက်နေတာ 2009 ဒီဇင်ဘာလ ကတည်းကပါ။ အဲဒါ Carbimazole ကို ဆက် သောက်နေဖို့ လိုသေးပါသလား ဆရာ။ ဘာဖြစ်လို့လဲ ဆိုတော့ Carbimazole စသောက်ကတည်းက ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာပါတယ်။ ကျွန်မ စိုးရိမ်တာက တအားဝလာမှာကိုပါ။

နောက်ပြီးတော့ ကျွန်မအခု သွေးတိုးလို့ ဆေးသောက်နေရပါတယ်။ အရင်က တခါမှ သွေးမတိုးဘူးပါ။ ကျွန်မ အသက်က 32 နှစ်ပါ။ သွေးတိုးတာကရော Carbimazole ရဲ့ side effect ကြောင့်များလားလို့ သိချင်ပါတယ်ရှင့်။ နောက်တခုက Carbimazole ကို ကြာကြာ စွဲသောက်ရင် adverse effect အနေနဲ့ hypothyroidism ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရပ်လို့ရမယ်ဆိုရင် ရပ်ချင်ပါတယ်။ ရောဂါ စဖြစ်ကတည်းက လည်ပင်းကလဲ နဲနဲဖောင်းနေပါတယ်။ အခုကောင်းသွားတဲ့အထိ ဖောင်းနေတုံးပါဘဲ။ လည်ပင်း ပြန်ပိန်/မပိန် နဲ့ ပြန်ပိန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိချင်ပါတယ်ရှင့်။ ကျွန်မက လောလောဆယ် စင်ကာပူမှာပါ။ ဒီက ဆရာဝန်တွေကို သိချင်တာတွေ အကုန်မေးဖို့ အဆင်မပြေလို့ပါ။ ကျွန်မ နောက်တခု သိချင်တာကတော့ hyperthyroidism ကြောင့် ကလေးယူရင် ဘာတွေ effect ဖြစ်နိုင်ပါသလဲ ဆရာ။ ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ သိချင်ပါတယ်။ ကျွန်မတို့က နောက်နှစ်လောက် ကလေးယူဖို့ အစီအစဉ်ရှိပါတယ်။

မ့

ကျန်းမာရေး-ဆေးပညာ အသိပေးရေး လုပ်နေရင်း အသိ တိုးလာတာတခု ရှိတယ်။ “ဆေးခန်းမှာ ကူနိုင်အောင် ပညာ လိုသူတွေကို သင်ပေးရတာနဲ့၊ ရောဂါ-ဝေဒနာ ခံစားနေရတာမို့ သိချင်လို့ မေးလာသူတွေကို ဖြေပေးရတာ နှစ်ခု မတူသင့်ဘူး” ဆိုတာ ဖြစ်ပါတယ်။

ပညာလိုသူတွေကို သူတို့ အခြေခံ ပညာ၊ လဒ်မြင်တာ၊ စိတ်ပါဝင်စားတာတွေကို လိုက်ပြီး၊ တတ်နိုင်သမျှ စာလိုတမျိုး လက်တွေ့တဖုံ၊ စုံစေ့အောင် သင်ရတယ်။ ဆိုပါစို့ ဆေးတခုရဲ့ မကောင်းဆိုးကျိုးကို အကုန်အစင် သင်ပေးရတယ်။ အခု မေးခွန်း မေးသူက ဝေဒနာသည် ဖြစ်နေတော့ ဆေးခန်း လက်ထောက်တွေလို ပြောလိုက်ရင် "သူ့ခင်ဗျာ စိတ်ညစ်သွား လေမလား" မတွေးရင်၊ ဆရာဝန်မှာ အကြင်နာတရား နည်းရာကျနိုင်တယ်။ ချန်ပြောရင်လည်း လိမ်ရာ ကျနိုင်ပြန်ရော။ အပြစ်လွတ်အောင် မပြောဘဲ နေတာကလည်း အပြစ်မလွတ်ဘူး။

Carbimazole ရဲ့ မကောင်းတာတွေထဲမှာ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ အန်တာ၊ အစာမကြေတာ၊ ဗိုက်နာတာ၊ အဆစ်နာတာ၊ ကြွက်သားနာတာ၊ အရသာခံတာကို ထိခိုက်တာ၊ ထုံတာတွေ ပါတယ်။ နောက်ပြီး အရေပြား နီမြန်းပြီး၊ ယားယံတာ၊ အရေပြား-မျက်စိတွေ ဝါတာ၊ ကိုယ်ပူတာ၊ ချမ်းတာ၊ လက်တုံတာ၊ သွေးယိုတတ်တာ၊ ဆံပင်ကြွတ်တာ၊ မျက်စိ ကြည့်မကောင်းတာ။ ပိုအရေးကြီးတာက ရိုးတွင်းခြင်ဆီကို ထိခိုက်လို့ သွေးဖြူဥတမျိုး Neutrophil နည်းစေတတ်တယ်။ ဖြစ်လာရင် လည်ပင်းနာတာမျိုး ပိုးဝင်လာစေတတ်တယ်။ ဒါ့ကြောင့် Full blood count သွေးစစ်ကြည့်ရတယ်။ ကိုယ်ဝန်ဆောင် နေသူဆိုရင် အချင်းကနေ ဖြတ်နိုင်လို့ ကလေးဆီ ဆေးရောက်စေနိုင်တယ်။ Overdose ဆေးများသွားရင် ရင်ပတ်နာတယ်၊ အဆစ်တွေနာတယ်၊ ခေါင်းတအားကိုက်တယ်၊ အန်တယ်။ နှလုံး၊ သည်းခြေ၊ အသဲ၊ အဆုပ် မကောင်းသူတွေကို သတိထားပေးရတယ်။

ဒါတွေက Side effects စုံသလောက်ပါ။ လူတိုင်းတော့ အဲလို မဖြစ်ပါ။ သွေးတိုးတာနဲ့ လူဝလာတာ မပါတာ တွေ့ရပါမယ်။ Hypothyroidism ဖြစ်လာနိုင်တယ်လို့လဲ မပါပါ။ လည်ပင်း နည်းနည်းကြီးနေတာ သက်သာလာမှာပါ။ ခွဲဘို့အထိ လူတိုင်း မလိုပါ။ Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါ ရှိပေမဲ့ ကလေးယူလို့ ရပါတယ်။ ရောဂါသက်သက် ကတော့ ကလေးကို မထိခိုက်ပါ။ ဆေးတွေကတော့ သတိကြီးကြီးထားရတယ်။

လည်ပင်းကြီး ဟော်မုန်းများရောဂါကို အစပိုင်းမှာသာ Antithyroid drugs ဆေးပေးတယ်။ ရောဂါ ကင်းစင်အောင်ကတော့ Permanent surgical ခွဲစိတ်တာ ဒါမှမဟုတ် Radioisotope therapy အနုမြူဆေး ပေးတာလုပ်ရတယ်။ လည်ပင်ကြီး ဟော်မုန်းထွက်မှာကို နှိမ်တဲ့ဆေးက Carbimazole (UK), Methimazole (US), နဲ့ Propylthiouracil တွေ ဖြစ်တယ်။ ဆေးကို အစပိုင်းမှာ များများပေးရတယ်။ များများနဲ့ ကြာကြာပေးပြန်ရင် ပြောင်းပြန်ဖြစ်ပြီး hypothyroidism ဟော်မုန်းနည်း လက္ခဏာတွေ ဝင်လာတတ်တယ်။ ဆေးစာမှာ ဒီလိုဖြစ်တာကို Side effects တွေထဲ ထည့်မရေးဘူး။

ရင်တုံတာ၊ လက်တုံတာ၊ စိုးရိမ်စိတ်များတာ၊ အပူမခံနိုင်တာတွေဖြစ်ရင် Beta-blockers ဆေးပေးတယ်။ သွေးတိုးကိုလည်း ဒီဆေးပေးတတ်တယ်။ လူနာရဲ့ နှလုံးခုန်နှုန်း မနှေးသူတွေကိုမှ ပေးရတယ်။ သိထားဘို့က လည်ပင်းကြီး ဟော်မုန်းများ ရောဂါကို ပျောက်အောင်လုပ်တာ မဟုတ်ဘူး။ ခံစားရတာတွေ သက်သာအောင် လုပ်တာ သက်သက်ဖြစ်တယ်။ ဒီဆေးအုပ်စုထဲက Propranolol (US), Metoprolol (UK) ကို သုံးသင့်တယ်။ လက္ခဏာ သက်သာတာသာမက ဟော်မုန်းအပေါ်မှာ အနည်းနဲ့အများ သက်ရောက်လို့လည်း ဖြစ်တယ်။

Surgery အပြီးအပိုင်ပျောက်ဘို့ ခွဲစိတ်ကုသနည်းကို အရင်ကတည်းက သုံးတယ်။ အရွယ်အစား ကြီးနေသူတွေအတွက် အခုလည်း သုံးပါတယ်။ ကြီးတဲ့အလုံးက အောက်ကို ဖိအားသက်ရောက်နေတာ၊ ကင်ဆာဖြစ်နိုင်တာအတွက်ဆို ခွဲမှ ကောင်းတယ်။ နောက်ပြီး ဆေးဒဏ် မခံနိုင်သူတွေကတော့ ခွဲတာ ကောင်းတယ်။ မျက်လုံးပြူးတဲ့အဆင့်၊ အလုံး သိပ်ကြီးသူတွေကိုလည်း ခွဲတာက ပိုကောင်းတယ်။

ဒီလိုအပ်ချက် မဟုတ်ရင် Radioiodine ကို သုံးသင့်တယ်။ မခွဲဘဲ ရလို့ဖြစ်တယ်။ လည်ပင်းကြီးကို ခွဲရတာ အတော်ကြီး သတိထားရတာမို့လည်း ပါတယ်။ Radioiodine (Iodine-131) အနုမြူဆေးက ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တခါတည်းပေးစနစ် သုံးတယ်။ ပဌမတကြိမ်နဲ့ မရသူတွေကို ဆေးပိုများပြီး နောက်တခါ ထပ်ပေးတယ်။ Radioiodine ablation နည်းသုံးနေတာ နှင် ၅ဝ ကျော်ပါပြီ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်ကလွဲရင် သုံးပါတယ်။ အောင်မြင်မှု ၇၅-၁ဝဝ% ရှိတယ်။ ဒီဆေးကြောင့် လည်ပင်းကြီးဟော်မုန်း ထုတ်တာကို အပြီးအပိုင် ဖျက်ပြစ်လိုက်တာမို့ ဟော်မုန်း အစာထိုးပေးရတတ်တယ်။ ဆေးဈေးလည်းမကြီး၊ စိတ်လည်းချရပါတယ်။

Toxic Goitre Q and A လည်ပင်းကြီး ဟော်မုန်းများခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html
Hypoparathyroidism လည်ပင်ကြီး ခွဲပြီးနောက် (၂) http://dts-medicaleducation.blogspot.com/2011/01/hypoparathyroidism.html
Hypothyroidism လည်ပင်းကြီး ခွဲပြီးနောက် (၁) http://dts-medicaleducation.blogspot.com/2010/09/hypothyroidism.html

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁ဝ

Thursday, July 22, 2010

Tonics အားဆေး

21 Jul 10, 23:05
ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

အရေပြား ကောင်းစေဘို့ ဗီတာမင် စီ၊ ဘီ၊ အေ စတာတွေ လိုမယ်။ အားဆေး မှန်သမျှ ဗီတာမင်တွေ ဖြစ်ပါတယ်။ ဗီတာမင်တွေထဲမှာ ဘီအုပ်စုကို ပေါင်းစပ်တာက အသုံးအများဆုံးဖြစ်တယ်။ ဗီတာဇုံးဆိုလည်း အဲဒါပါဘဲ။ B-Complex, Polybion စတဲ့ နာမည်တွေ အတော်ကို များများရှိတယ်။ ပါတာတွေက မတိမ်းမယိမ်းပါ။ ဒီဆေးကို လူတိုင်းသုံးစွဲလို့ရတယ်။

Furamin BC သံဓါတ်လို သွေးအားကောင်းဆေးထဲမှာလည်း ဗီတာမင် ရောတယ်။
(အမိုင်နို-အက်စစ်) ဆိုတဲ့ ပရိုတင်းဓါတ် ပါတဲ့ဆေးလည်း ရှိတယ်။ Moriamin Forte (Calcium pantothenic) ဆိုတာမျိုးပေါ့။
Deca-Durabolin လူကြီးအတွက် ဆိုပြီး Anabolic hormone ဟော်မုန်းတွေ ပါတာမျိုးလည်း ရှိသေးတယ်။ လူတိုင်းနဲ့ မသင့်ပါ။
Algae ရေမှော်ပင်ကနေထုတ်တဲ့ ဆေးမျိုးမှာ vitamins A, B1, B2, B6, C အပြင် Iodine, Potassium, Iron, Magnessium, Calcium ဓါတ်ဆားတွေ ပါတယ်။

ဆေးတွေက နာမယ်တွေသာ ကွာတယ် ဗီတာမင်တွေဘဲ၊ အတူတူပါဘဲလို့ ပြောရပေမဲ့ လူတဦးကနေ သူနဲ့ဒီဆေးက သူနဲ့ ပိုတည့်တယ်လို့ ဆိုနိုင်ပါတယ်။ ငြင်းစရာမရှိပါ။ လူဆိုတာ သူ့စိတ်ကနေ ဒါကပိုကောင်းတယ်လို့ ထင်နေတာကိုက သူ့အတွက် အားသားချက်တခု ဖြစ်စေတယ်။ စိတ်ရဲ့တန်ခိုးဆိုတာ သိပ်ကြီးမားတာကိုး။

ဆေးဝယ်ရင် ဆေးကုမ္ပဏီ ကောင်းကောင်းကနေ ထုတ်တာ ဝယ်သင့်တယ်။ အင်္ဂလန်နဲ့ ကနေဒါကထုတ်တဲ့ Multibionta ဗီတာမင်နဲ့ ဓါတ်ဆားတွေ ပါတဲ့ဆေးကို အာရှက ထုတ်တဲ့ဆေးတွေ လိုက်မမီပါ။ အိန္ဒိယထုတ် Maxirich ဆေးလည်း ကောင်းပါတယ်။ Neem, Karanj, Castor, Vermicompost သဘာဝ အပင်၊ ပစ္စည်းတွေကနေ ထုတ်တာဖြစ်တယ်။

ဒါပေမဲ့ တရုပ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် ညံ့တဲ့နိုင်ငံတွေက ထုတ်တဲ့ ဆေးတိုင်းကို အာမမခံနိုင်ပါ။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁ဝ

Wednesday, July 21, 2010

Q and A July 2010 (2)

• အိမ်ထောင်ကျတာ ၃ နှစ်ပြည့်တော့မယ်၊
• ဆရာရဲ့ personal email လေးပေးပါလားရှင်၊
• သမီးခြေမက ဖိနပ်အမာ စီးမိလို့၊
• ဖတ်လို့လဲ မရဘူးကောဗျ၊
• ခါးအောင်ပိုင်း ဝမ်းဗိုက် နဲ့ ပေါင်၊ ခြေသလုံး၊ ခြေမျက်စေ့အထိ၊
• I got back pain for more than 1 year
• အရေပြားကို ပိုးကောင်ကိုက်သလို ခံစားရပြီး
• Stroke ကို ဗမာလို ဘာသာပြန်မယ်ဆိုရင် ဘယ်လိုပြန်ရင် အကောင်းဆုံး ဖြစ်မလဲ။

19 Jul 10, 13:35
အိမ်ထောင်ကျတာ ၃ နှစ်ပြည့်တော့မယ်၊ ကလေးမရသေးပါ။
Infertility ကလေးမရနိုင်ခြင်း ကို ဖတ်ပါခင်ဗျား။

20 Jul 10, 00:08
ဆရာ ကျမကို ဆရာရဲ့ personal email လေးပေးပါလားရှင် ကျမဒီနေမှ စိတ်ညစ်လို့ ရောဂါတခုရလာလို့ပါ။

21 Jul 10, 00:24
ဆရာရှင့် သမီးခြေမက ဖိနပ်အမာ စီးမိလို့ ခု သွေးခြေဥနေတာ ခြေသည်းအောက်မှာ ရုပ်ဆိုးလို့ပါ။ ဘယ်လို ကုသရမလဲရှင်။ ခြေသည်းအောက်အသားမှာ အကွက်လိုက်ကြီးမဲနေတာပါ။

အဲလိုဖြစ်တာ ပျောက်ဘို့ သိပ်မကြာပါ။ အရေပြားအောက်မှာ သွေးယိုထွက်နေတာမို့ အပေါ်ကမြင်ရတာ ပြာညိုညို ဖြစ်နေမယ်။ အဲဒီသွေးတွေက ပျက်စီးသွားတာရော ဘေးက တစ်ရှူးတွေထဲ စိမ့်ဝင်သွားတာရော လုပ်နေလိမ့်မယ်။ ပြီးရင် အားလုံး ရှင်းသွားလိမ့်မယ်။ သွေးထွက်တာ အနည်း-အများ၊ အရေပြားအောက်မှာ ဘယ်လောက် နက်တယ် ဆိုတာအပေါ် မူတည်ပြီး အနှေး-အမြန် ကွာတယ်။ ဘာမှမလုပ်လဲ ပျောက်တာပါ။ သတိထားဘို့ကတော့ ပိုးမဝင်စေဘို့ဘဲ။ လိုအပ်ရင် ပတ္တီးစည်းထားပါ။ ပိုးသေဆေး တခုခုလိမ်းပါ။ ဥပမာ Cipladine, Betadine, Burnol စတာတွေ။ ဗီတာမင် စီ သောက်ရင် မြန်မြန် ပျောက်တယ်လို့ ယုံကြတယ်။

21 Jul 10, 07:41
ဖတ်လို့လဲ မရဘူးကောဗျ။ လင့်ခ် တွေက Page not found တွေပဲဗျ။
ဆောရီး။ စာမျက်နှာ၏ အောက်ဆုံးသို့ End key ကို နှိပ်ပြီး သွားပါ။ အကျယ်ဆုံး Gadget တွင် ပေါ်နေသော မာတိကာထဲမှ ဖတ်လိုသည့် ခေါင်းစဉ်အား နှိပ်လိုက်ပါ။

21 Jul 10, 13:35
ဆရာရှင့် ကျမ ခါးအောင်ပိုင်း ဝမ်းဗိုက် နဲ့ ပေါင်၊ ခြေသလုံး၊ ခြေမျက်စေ့အထိ အရမ်းကို ကိုက်ခဲနေပပါတယ် ဆရာ အဲ့ဒါ ဘာဖြစ်လဲ လို့ သိချင်ပါတယ် ရှင့်  ကျေးဇူးအထူးတင်ပါတယ်ဆရာ ဖြေကြားပေးပါနော်
ခါးအောင်ပိုင်း၊ ဝမ်းဗိုက် နဲ့ ပေါင်ခြေသလုံး ခြေမျက်စေ့ အထိ အရမ်းကို ကိုက်ခဲနေတာ က နေရာ ၃ မျိုး ဖြစ်စေတာ မတူတတ်ပါ။ ခါးဆိုရင် အလွယ်ပြောရရင် Ibuprofen လို အနာ-အကိုက်ပျောက်ဆေး။ ခြေသလုံးနာတလဲ ရစေနိုင်တယ်။ ကြွက်တက်တာပါ ရှိသေးရင် Calcium သောက်ရအုံးမယ်။ ဗိုက်နာတာကို ရမ်းပြောရတာ ခက်တယ်။ သာမန်ဖြစ်ရင် Buscopan, Diclofenic သောက်နိုင်တယ်။ Antacid နဲ့ရောသောက်ပါ။

21 Jul 10, 20:05
I got back pain for more than 1 year and I don't have any physical injury. Dr. from Singapore said to take X-ray for Lumbosacral posture and for kidney sites. So let me know your suggestion for me. Thank.
Low Back Pain ခါးကောင်းမောင်းသန်ကြစေ ဆိုတာဖတ်ပါ။ ရှာရတာ မလွယ်ရင် တိုက်ရိုက် အီးမေးလ် လိပ်စာ ပေးပါ။ ပို့ပေးပါမယ်။

31 Jul 10, 18:19
တနေ့ ကျနော် အိပ်နေတုန်းကျတော့ လိင်တံအပေါ် အရေပြားကို ပိုးကောင်ကိုက်သလို ခံစားရပြီး၊ အရမ်းယားလို့ ခဏခဏ ပွတ်ရာကနေ အရေပြား ပွန်းသွားပါတယ်။ အခု အနာလို ဖြစ်နေပါတယ်။ ဆရာဝန်ပြတော့ လိမ်းဆေးပေးတာ ၂ မျိုးရှိပါပြီ။ ဒါပေမယ့် မသက်သာသေးဘူးဆရာ.။ ဘာကြောင့်လဲ၊ ဘယ်လိုဆေး ပြောင်းသုံးသင့်ပါလဲဆရာ။ အဲဒီ ဆရာဝန်ပေးတဲ့ ဆေးလိမ်းတာတော့ ၄ ရက်လောက်ရှိပါပြီ။ ဗိုင်းရပ်စ်ကြောင့်လို့ ပြောတယ်ဆရာ။ အန္တရာယ် မရှိဘူးလို့တော့ ပြောတာဘဲ။ သူ့ဆေးနံမယ် ပထမတခုက Asver 20mg Tipep နဲ့ ဒုတိယတခုက Gasc 40 mg Simethic ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ယားပြီး ပွတ်ရာကနေ ပွန်းတာအတွက် ဖြစ်တဲ့နေရာက နူးညံ့တဲ့နေရာမို့ ဆေးကို သတိထား သုံးရပါမယ်။ ပြောပြတဲ့ ဆေးနာမည်တွေကိုတော့ မသိပါ။ ရှာလို့လဲ မရပါ။ ကိစ္စမရှိပါ။

ယားတဲ့အတွက် ထုံဆေး ဒါမှမဟုတ် (အင်တီ-ဟစ်တမင်း) ပါတဲ့ဆေး လိမ်းရပါမယ်။ စားဆေးဆိုလဲ Antihistamine ပါတာ သောက်ရမှာပါ။ Citrizine, Avil, Burmeton လိုမျိုး ဖြစ်ပါတယ်။ တကယ်လို့ ဗက်တီးရီးယား ဝင်လာလို့ ရင်းသလိုဖြစ်ရင် Antibiotic (အင်တီ-ဘိုင်ရောတစ်) တခုခု သောက်ရအုံးမယ်။ Ampicillin, Cipro, Doxycycline စတာမျိုးဖြစ်ပါတယ်။ နာတယ်ဆိုရင် Pain killer တခုခုသောက်ရမယ်။ Ibuprofen, Paracetamol တခုခု ဖြစ်ပါတယ်။ ရောင်နေတာပါ လျှော့စေတယ်။

ခပ်လွယ်လွယ်ပြောရရင် ခြင်၊ ပုရွက်ဆိပ်၊ ကိုက်တဲ့အခါ လုပ်သလိုမျိုးဖြစ်ပါတယ်။ Calamine lotion, Caladryl lotion, Mezincal လို နေလောင်လို့ လိမ်းရတဲ့ဆေးလည်း အသုံးကျနိုင်ပါတယ်။

ကျွန်တော်က ဘာသာပြန် သိပ်ကောင်းတဲ့လူတော့ မဟုတ်ဘူး။ ဆေးစာတွေကို ဘာသာပြန်တာတွေကလည်း အများ လက်ခံထားတာမျိုး မရှိသေးဘူး။ အဓိပ္ပါယ်ပြည့်စုံတဲ့ ဘာသာပြန်လုပ်လိုက်ရင် စာကြောင်းလိုလိုဖြစ်သွားနိုင်တယ်။ Cerebrovascular accident (CVA) ကို Stroke လို့ခေါ်တယ်။ သွေးကြောက ကျဉ်းတာ၊ ပိတ်တာ၊ ပေါက်တာ၊ သွေးယိုတာ တခုခု ဖြစ်နိုင်တယ်။ ဦးနှောက်သွေးကြော ဒုက္ခရောက်ခြင်း၊ ဒါမှမဟုတ် မတော်ဆဖြစ်ခြင်း လို့ ပြန်ရမလား။

Dr. တင့်ဆွေ
၃၁-၇-၂ဝ၁ဝ

Monday, July 19, 2010

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)

18 Jul 10, 22:14
နာခေါင်းသွေးလျှံတာဘာကြောင့် ဖြစ်တာပါသလဲ။ ကျွန်တော်တို့ အရမ်းပူတဲ့ UAE မှာ အလုပ် လုပ်နေရတာဆိုတော့ ဘယ်လို နေသင့်တယ်ဆိုတာ ပြောပြပေးပါလားဆရာ။ ဘာ့ကြောင့် ဖြစ်တယ်ဆိုတယ်ဆိုတာလဲ သိချင်ပါတယ်ဆရာ။

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။ အမေရိကားမှာ မှတ်တမ်းတခုအရ လူပေါင် ၂ သန်းခွဲဖြစ်တာမှာ ၄ ယောက်က သေဆုံးတဲ့အထိ ဆိုးတယ်လို့ ဆိုပါတယ်။ ရှေးခေတ် (ဟွန်) လူမျိုးတွေရဲ့ ဧကရာဇ် (အတီလာ) ဆိုသူဟာ မင်္ဂလာဦးညမှာ အရက်တွေ အလွန်အကြွံသောက်တော့၊ အိပ်ရာထဲ နှာခေါင်းသွေးတွေ ယိုရာကနေ၊ အသက်ရှူလမ်းပိတ်ပြီး၊ နတ်ရွာစံခဲ့ဘူးပါတယ်။

ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်း ခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝက်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေးကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မဝင်အောင် ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့ အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတဝှိုက်ကို ရေခဲ တင်ပေးတာ၊ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေး ထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေး သုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင် လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေး ပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ဝင်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁ဝ စက် ထည့်ခိုင်းတယ်။

မေးခွန်းမေးတဲ့သူအတွက် အဲလို တိုင်းပြည်ဒေသတွေမှာ နေရရင် ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ဝယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ဝ့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

Dr. တင့်ဆွေ
၁၉-၇-၂ဝ၁ဝ

Friday, July 16, 2010

Corn ငါးမျက်စိ

July 15, 2010 9:46 PM
ကျွန်မချစ်သူ ခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လို လုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲ ဆိုတာရယ်။ ဘယ်လို သတိပြု နေထိုင်သင့်တယ် ဆိုတာ ပြောပြပေးပါရှင့်။

ဟုတ်တယ် “ငါးမျက်စိ” လိုမျိုး လူတော်တော်များများ ဖြစ်ကြတယ်။ မနေ့ကတောင် ဆရာ့ဆေးခန်း လာပြတာ ၂ ယောက် ရှိတယ်။ ခွဲဘို့ ရက်ချိန်းပေးလိုက်ရတယ်။

Corns and Callus လို့ အလွယ် ခေါ်တယ်။ ဆေးစာလိုကြ Hyperkeratosis, Clavus, Heloma and Tyloma လို့လဲ ခေါ်ကြတယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်း မတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ အရေပြာက ထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်က သူ့ဖါသာ ကာကွယ်တာလုပ်ရင်းကနေ အဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲ အသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာကိုယ်က သူ့ကို Foreign body လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters တွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာလုပ်ပေးနိုင်တယ်။ (bathroom surgery) ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေး လိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံး တံစဉ်း(ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေး ဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကို ဖျော်ပြီး ဆေးဖေါ်တာကို အခုတော့ တားထားတယ်။

နောက်ဆုံး ခွဲစိတ်ရမှာပါဘဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီး ပျောက်သွားတာပါဘဲ။

Dr. တင့်ဆွေ
၁၆-၇-၂ဝ၁ဝ

Thursday, July 15, 2010

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ

15 Jul 10, 09:17
အာရုံမစိုက်နိုင်တဲ့ရောဂါ (attention deficit hyperactivity disorder) အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။

Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ “ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ” ဆိုတာ ကလေးများမှာ အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာ မကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲဆိုတာ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။

လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို စကားမပြော။ Inattention သူ့စိတ်က တခြားကမ္ဘာထဲ ရောက်နေသလိုမို့ သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ တလွဲ တွေးထင်နေတယ်။

၃ မျိုးခွဲနိုင်တယ်။ Predominantly inattentive type, Predominantly hyperactive-impulsive type နဲ့ အဲဒီ ၂ မျိုးတွဲတွေ ဖြစ်တယ်။

Childhood ADHD ကို ကုသလို့ ရပါတယ်။ Behavioral therapy အမူအကျင့် ကုသနည်းနဲ့ Medications ဆေးပေး ကုသနည်း၊ Lifestyle changes လူနေဘဝ ပြုပြင်နည်း၊ Counseling မေးမြန်း-ပြောဆိုနည်းတွေ သုံးပြီး ကုသရတယ်။

ဆင်တူတဲ့ ရောဂါတွေနဲ့ ခွဲခြားရမယ်။ မိဘအိမ်ထောင်ရေး-လူမှုရေး ပြဿနာရှိလို့၊ နာမကြားလို့၊ အတက်ရောဂါ၊ စိတ်ကျ ရောဂါ၊ အအိပ်ပျက်၊ အလွဲသုံးစားပြုခံရတာ၊ စတာတွေက ဆင်တတ်တယ်။ ကလေးဘဝမှာ မပျောက်ရင် ၆ဝ% က Adult ADHD လူကြီးရောဂါဆက်ဖြစ်မယ်။ သေခြာမကုရင် ပြဿနာတွေ ဆက်တက်မယ်။ တခြား စိတ်ရောဂါတွေ တွဲလာမယ်။

Medical management နဲ့ Behavioral treatment တွေက အထိရောက်ဆုံးလို့ ၂ဝဝ၅ သုတေသနတခုက ဆိုပါတယ်။

Stimulant medication ဆေးကို အသုံးများတယ်။ Methylphenidate (Ritalin, Metadate, Concerta), Dexatroamphetamine (Dexedrine), Mixed Amphetamine Salts (Adderall), Dextromethaphetamine (Desoxyn) နဲ့ Lisdexamfetamine (Vyvanse) ဆေးတွေဖြစ်တယ်။ ကြားဘူးနာဝ ရှိကြမှာပါ။ ဒီဆေးနာမည်တွေက "feel-good" ဆေးတွေပါလို့ ဆေးစွဲစေတတ်တယ်။

Antipsychotic medication စိတ်ဆေး၊ Non-stimulant medications ဖြစ်တဲ့ Atomoxetine (Strattera) Guanfacine (Intuniv) ဆေးတွေသုံးတယ်။

စမ်းသပ်ဆေးနည်း၊ အစာအာဟာရနည်းတွေလဲရှိသေးတယ်။ Omega-3 နာမည်ကြီးနေတဲ့ (seal, fish or krill oil) ငါးတွေကနေ ထုတ်တဲ့ အိုမီဂါ-၃၊ Vitamin နဲ့ mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေကလဲ အထောက်အကူ ပြုနိုင်တယ်။ Medical cannabis နဲ့ Aerobic fitness တို့ ဖြစ်တယ်။

ဆေးဝယ်ရတာ လွယ်တာ-ခက်တာ နိုင်ငံတခုနဲ့တခု မတူပါ။ စိတ်အထူးကုနဲ့သာ တိုင်ပင်ကုသသင့်ပါတယ်။

Dr. တင့်ဆွေ
၁၅-၇-၂ဝ၁ဝ

ကျေးဇူးတင်လျက်ပါ ဆရာခင်ဗျား။ ဆေးရဖို့ဆိုတာ အကြောင်းကြောင်းကြောင့် မလွယ်လို့ အခြားကုထုံးတွေ၊ Alternative medicine တွေ ရှိရင် ရေးပေးစေချင်ပါတယ်။ လူပျိုပေါက်အရွယ်ဆို ကုလို့ မီနိုင်ပါသေးလား ခင်ဗျား။

Alternative Therapies တွေ အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျတော့ အာမ မခံနိုင်ဘူး။ အများဆုံးသုံးတဲ့ဆေး Ritalin (Methylphenidate), Adderall (Amphetamine and Dextroamphetamine) နဲ့ Concerta တွေကို ရှာရတာ ခက်တယ်။ ဆေးလက်မှတ် လိုတဲ့အပြင် ဆေးတွေက ၁ လသာခံလို့ ကြာကြာသုံးဘို့ ဝယ်ထားလို့မရဘူး။ Non-Medical Interventions ဆိုတဲ့ behavior modification ကိုလည်း လုပ်ရပါမယ်။ ဘယ်အရွယ်ရောက်နေနေ ကုသတာ အကျိုးများပါတယ်။ ကျွန်တော်က စိတ်ပညာ အထူးကုတော့ မဟုတ်ပါ။

16-7-2010

Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ

ဆရာ သမီးမျက်မှာ နှာခေါင်းဘေး မျက်လုံးအောက်မှာ ဗျုတ်ကလေးတွေ ရှိနေပါတယ်။ အဖုလေးတွေအများကြီးပါ။ မနက်အိပ်ယာနိုးချိန်မှာ မသိသာပေမဲ့ နေ့လည်ကစပြီး အရမ်း သိသာပါတယ်။ အဲဒီ အဖုလေးတွေကို ကုလို့ရနိုင်ပါလား။ တချို့ က အဲဒါကို ဆားဝက်ခြံလို့ပြောပြီး၊ တချို့က အဆီဖုလို့ ပြောပါတယ် မျက်နှာအရေပြား ချောချင်ပါတယ်။ ကုလို့ရနိုင်ပါလားဆရာ။ ဖြေကြားပေးပါ။

အရေပြားမှာ ဖြစ်တာတွေက အတော်ကို များလှတယ်။ မျက်မြင်မဟုတ်ဘဲ မှန်းရတာ သိပ်တော့ မကောင်းဘူး။ သေခြာ ကြည့်တာတောင် ခွဲခြားရတာ ခက်သေးတယ်။ မေးတဲ့စာထဲကအတိုင်း ဝက်ခြံနဲ့ ဆင်တယ်ဆိုရင် အနီးစပ်ဆုံးက Seborrheic Keratosis ဒါမှမဟုတ် Keratosis pilaris acne-like bumps ဖြစ်နိုင်တယ်။ ပဌမဟာက မျက်နှာမှာ၊ နောက်ဟာက လက်ဖျံ၊ ပေါင်နဲ့ တင်ပါးမှာ ဖြစ်တယ်။

Seborrheic Keratosis ဆားဝက်ခြံ
အလုံး-အကြိတ်-အနာအဆာ တခုခုတွေ့ရင် ပဌမဆုံး ခွဲခြားရမှာက “ကင်ဆာ” လား “ကင်ဆာမဟုတ်တာ” လား ဖြစ်ပါတယ်။ Seborrheic Keratosis ဆားဝက်ခြံက ကင်ဆာ မဟုတ်ပါ။ Acne ဝက်ခြံနဲ့ ဆင်တယ်။ မျက်နှာမှာ အများဆုံး ဖြစ်တယ်။ စုံးမကြီး မျက်နှာမှာ ရုပ်ဆိုးအောင် အဖုအလုံးတွေ လုပ်ပေးထားတာ ဒါမျိုးပါဘဲ။ ဒီအဖုလေးတွေက တခုခု လာကပ်နေသလို ကြည့်တဲ့လူက လက်နဲ့ ဖယ်ထုတ်ချင်စရာ ကောင်းလှတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာ Epidermis ကနေ ဖြစ်လာတာပါ။ ကြွက်နို့လို အရေပြား အတွင်းထဲ မရောက်ဘူး။ နဲနဲကြမ်းတာနဲ့ မကြမ်းတာမျိုးရှိတယ်။ မကြမ်းရင် အစေ့လေးတွေ လာကပ်နေသလို ဘေးက အရေပြား အကောင်းထက် နဲနဲ အရောင်ရင့်နေမယ်။ မှန်ဘီလူးနဲ့ ကြည့်ရင် ပုလဲလုံးလေးတွေလိုနေတယ်။ တခါတခါ ယားတယ်။ ကြာလာရင်ပေါ့။ ဆွရင်-ဆိတ်ရင် ရဲလာလိမ့်မယ်။ များသွားရင်တော့ သွေးထွက်မှာပေါ့။

ဘာလုပ်ရမလဲ။ ဒီအတိုင်းသာထားပါ။ နဲနဲကြီးလာချင်လာမယ်။ မစိုးရိမ်ပါနဲ့။ လှချင်လို့ ရှင်းချင်ရင် Liquid Nitrogen ဆိုတဲ့အရည်နဲ့ အေးခဲအောင်လုပ်ပေးတယ်။ blister မီးလောင်ဖုလိုမျိုး အရည်ကြည်ဖုလေးတွေ ဖြစ်လာလိမ့်မယ်။ ပြီးမှ နဲနဲကြာမှ အနာကျက်လာမယ်။ အနာဖြစ်ရင် အနာရွတ်ကြီးတတ်သူများ မျက်နှာမှာဆို ဒါမျိုးမလုပ်သင့်ဘူး။ တချို့လူတွေမှာ ဘာအနာဖြစ်ဖြစ် Keloids အနာရွက်သီး ဖြစ်တတ်တယ်။

နောက်တနည်းက ရိတ်ပြစ်တာ။ flexible razor blade သုံးသင့်တယ်။ လက်မလွန်စေနဲ့။ ရိတ်ပြီးရင် Aluminum chloride or Silver nitrate ဆေးလိမ်းပေးပါ။ သွေးမထွက်စေဘူး။ Silver nitrate ကညိုမဲမဲမို့ အစမှာ ညိုနေအုံးမယ်။ နောက်ပျောက်သွားမယ်။ Aluminum chloride ကပိုကောင်းတယ်ပေါ့။

Light electrocautery လျှပ်စစ်နဲ့ လောင်စေတဲ့နည်းလည်း သုံးပါတယ်။

Keratosis pilaris ဝက်ခြံတမျိုး
မျက်နှာမှာလည်း ဖြစ်ပါတယ်။ နီ-ဖြူ၊ မနာ-မယားဘူး။ ကြမ်းနေတယ်။ ကုရတာခက်လို့ စိတ်ပျက်စေနိုင်တယ်။ မဆိုးတာက ဘာမှ တခြားဒုက္ခမပေးနိုင်ဘူး။ ငယ်သူတွေမှာ ဖြစ်တာများပြီး အသက် ၃ဝ လောက်မှာ ပျောက်သွားတယ်။ မျက်နှာမှာ ဖြစ်လို့ ပျောက်ရင် အမာရွတ်ကျန်တတ်တယ်။ ဆိုလိုတာက သု့ဖါသာလည်း ပျောက်ပါတယ်။ ဆေးတမျိုးနဲ့ မရတတ်ဘူး။ ကိုယ့်ဖါသာ ဂရူစိုက်တာ လုပ်ရမယ်။

Topical exfoliants (alpha-hydroxy, lactic or salicylic acid or urea) ပါတဲ့လိမ်းဆေး၊ Topical corticosteroids စတီရွိုက် ပါတဲ့ လိမ်းဆေး၊ Topical retinoids (vitamin A) ပါတဲ့လိမ်းဆေး၊ Tretinoin (Retin-A Micro, Avita) and tazarotene (Tazorac) သုံးနိုင်တယ်။

အရေပြားကို မိမိဖါသာဂရုစိုက်ခြင်း Lifestyle and home remedies
• အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ယုယပါ။
• မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အသာအယာ ခြောက်သွေ့ပေးပါ။
• ရေချိုးပြီးရင် ရေငွေ့ဓါတ်ပေးတဲ့လိမ်းဆေးသုံးပါ။
• (လက်တစ်-အက်စစ်) ပါတဲ့လိမ်းဆေး၊ တနေ့ ၂ ကြိမ်လိမ်းပါ။
• အိမ်မှာ ရေငွေ့ဓါတ်ပေးတဲ့ ကရိယာတပ်ဆင်ပါ။
• အရေပြားကို Eucerin and Cetaphil လိုဆေးနဲ့ ရေငွေ့ပေးပါ။
• ရေချိုးရင် အချိန်များများပေးပါ၊ ရေနွေး (ရေပူမဟုတ်) နဲ့ချိုးပါ။
• ဆပ်ပြာကို အပြင်စားတွေမသုံးပါနဲ့။ ဆီ-အဆီပါတဲ့ Neutrogena, Basis or Dove ဆပ်ပြာတွေ ဖြစ်တယ်။ Deodorant and antibacterial detergents တွေရှောင်ပါ။ ကြော်ညာကောင်းတဲ့ လိမ်းဆေး၊ ဆပ်ပြာတွေ သတိထားပါ။ အရေပြားကို နူးညံ့၊ သန့်ရှင်းနေဘို့နဲ့ ခြောက်သွေ့ မနေစေဘို့ ဖြစ်တယ်။
• အရေပြားကို ရေချိုး၊ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်ချသလို မဖြစ်စေဘဲ၊ အောက်ဖက်ကို ဖိ-တို့ သုတ်တာမျိုး လုပ်ပါ။ ရုပ်ရှင်မင်းသမီများ လုပ်သလိုပေါ့။


Seborrhoea (Seborrhea) အရေပြားမျာ အဆီများရာကနေဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဖြစ်တယ်။ အများစဟြာ အခြခံရောဂါမရှိကြပါ။ ရှားရှားပါးပါး Parkinson's disease ဒါမှမဟုတ် Acromegaly ရောဂါရှိတတ်တယ်။ အမျိုးသမီးတွေမှာ Androgens ဟော်မုန်း များနေရင်လည်း ဖြစ်တယ်။ Congenital adrenal hyperplasia ဆိုတဲ့မွေးရာပါရောဂါက အတော်ကိုရှားတယ်။ အရေပြားမှာ အနေရခက်လာမယ်။ ညစ်ပေလွယ်မယ်။ Acne ဝက်ခြံကနေဖြစ်ဖြစ် Seborrhoeic dermatitis အဆီပြန်အရေပြားနာကနေဖြစ်ဖြစ်လည်း ဆက်ဖြစ်လာနိုင်တယ်။

ဘယ်လိုပြုပြင်ကုသမလည်း
1. တနေ့မှာ မျက်နှာနှစ်ခါသစ်ပေးပါ။
2. Topical retinoids ဆေးလိမ်းနိုင်တယ်။
3. Antiandrogens အမျိုးသမီးတွေကို ဟော်မုန်းပေးနိုင်တယ်။
4. Isotretinoin သိပ်ဆိုးနေသူတွေကို ဒီဆေးပေးနိုင်တယ်။

၁။ Topical retinoids လိမ်းဆေး Creams ခရင်။ Lotions ဆေးရည် နဲ့ Gels ဂျဲလ်တွေအနေနဲ့လာတယ်။ ဆေးဟာ Vitamin A ဗီတာမင် (အေ) ကနေထုတ်ာဖြစ်တယ်။ ReTrieve™ cream (tretinoin), Retin-A™ Cream (tretinoin or retinoic acid), Retinova™ Cream (tretinoin emollient), Isotrex™ Gel (isotretinoin) နဲ့ Differin™ Gel, Cream (adapalene) တွေဖြစ်တယ်။ Adapalene ဆေးဟာ benzoyl peroxide နဲ့ရောထားပြီး Epiduo gel အနေနဲ့ရောင်းတယ်။ ဝက်ခြံဆိုးဆိုးဝါးဝါးဖြစ်နတာအတွက်လည်း ဒီဆေးမျိုးသုံးတယ်။ ဆေးစွမ်းရအောင် ၄-၆ ပါတ်ကြာသုံးရတယ်။

၂။ Hormonal regimes ဟော်မုန်းဆိုတာမှာ Oral contraceptive ကိုယ်ဝန်တားဆေးပေးတယ်။ Ethinylestrodiol (Oestrogen) နဲ့ Progesterone ခေါ်တဲ့ ဟော်မုန်း ၂ မျိုးပါ၊ အများဆုံးသုံးတဲ့ဆေးမျိုးကိုသာ သုံးရမယ်။

၃။ Isotretinoin (13-cis retinoic acid) ဆေးကလည်း ဝက်ခြံမှာထိရောက်တယ်။

၎။ တခြားဆေးတွေ
• Spironolactone 25-200 mg daily ဆီးသွားစေတဲ့ဆေးကို အသက် ၃ဝ ကျော်အမျိုးသမီးတွေကို ပေးနိုင်တယ်။
• Prednisone 2.5 mg မနက်တလုံး + 5 mg ညတလုံး) စတီရွိုက်ဆေး နည်းနည်းပေးနည်းကိုလည်း သုံးနိုင်တယ်။
• Cyproterone acetate 50 to 200 mg ဆေးကိုလည်း ဆရာဝန်ကညွှန်ရင်သုံးနိုင်တယ်။

Dr. တင့်ဆွေ
၁၅-၇-၂ဝ၁ဝ
၁-၈-၂ဝ၁ဝ

Thursday, July 8, 2010

High Calorie Food (ကယ်လိုရီ) များတဲ့ အစားအစာများ

Q: ကယ်လိုရီ များတာကဘာတွေလဲ ပြောပြပေးပါလားဆရာ။

အခြေခံကတော့ သကြား (အချို) နဲ့ အဆီ များတာတွေက (ကယ်လိုရီ) များတဲ့ အစားအစာတွေပါ။ အသီးအနှံ-အသီး အရွက်တွေက (ကယ်လိုရီ) မများဘဲ ရေနဲ့ (ဖိုင်ဗာ) များကြတယ်။ အစားတိုင်းကနေ (ကယ်လိုရီ) တော့ ရကြတာ ချည်းပါဘဲ။ ဒါပေမဲ့ ကွာတယ်။ ဆန်ချင့်တဲ့ နို့ဆီဗူးတလုံးစာ သခွါးသီး နဲ့ နို့ဆီဗူးတလုံးစာ စပျစ်သီးခြောက်တို့ဟာ ထုထည်ချင်း တူပေမဲ့ သူတို့ကရတဲ့ (ကယ်လိုရီ) ၃၇ ဆ ကွာတယ်။ ထမင်း ၁ ကျပ်သာ၊ အသား ၁ ကျပ်သားနဲ့ ဆီ ၁ ကျပ်သားတွေက ရတဲ့ (ကယ်လိုရီ) က ၄-၄-၉ အချိုးရှိတယ်။

• Fatty meats အဆီများအသား၊ Salami ဆလာမီ၊ Candy bars ချော့ကလက်၊ cookies ကူကီးစ်၊ Potato chips အာလူး-ချစ်ပ်၊ တွေက (ကယ်လိုရီ) များများရတာတွေ ဖြစ်တယ်။
• ကျော်ထားတဲ့အစာတွေ ကိုလာ၊ ဘီယာ တွေကလည်း များတယ်။
• Whole grains, Cereals ခေါ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ အုတ်စပါး၊ ဘာလီ၊ နဲ့ သူတို့ကနေ လုပ်ထားတဲ့ အစားအစာတွေ (ကယ်လိုရီ) များကြတယ်။
• Pasta အပါအဝင် ဂျုံမှုံ့နဲ့လုပ်တဲ့ ခေါက်ဆွဲ၊ စပါဂတီ၊ မက်ခရော်နီ၊ ရိုတီး၊ ပူရီ၊ (ကယ်လိုရီ) များကြတယ်။
• Beans ခေါ်တဲံ ပဲသီး၊ ပဲတောင့်အမျိုးမျိုး၊ Potatoes အာလူး၊ စတာတွေက (ကယ်လိုရီ) များကြတယ်။
• Cream မလိုင်၊ Whole milk ပြုပြင်မထားတဲ့နွားနို့၊ Condensed milk နို့ဆီ၊ (ကယ်လိုရီ) များကြတယ်။
• Cheese ဒိန်ခဲ၊ Butter ထောပတ်၊ Margarine (မာဂျရင်း)၊ (ကယ်လိုရီ) များကြတယ်။
• Ice cream (အိုက်စ်ခရင်)၊ Cake ကိတ်၊ Pie (ပိုင်)၊ Waffles (ဝေဖါ)၊ (ကယ်လိုရီ) များကြတယ်။

Healthy but High Calorie Food (ကယ်လိုရီ) များပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကတော့ -
• Nuts ခေါ်တဲ့ စေ့အဆံတွေထဲက အများစုက နှလုံးကျန်းမာရေးကို မထိခိုက်တဲ့ အဆီတွေပါပြီး၊ (ကယ်လိုရီ) ပါ များတယ်။
• Peanut butter ခေါ်တဲ့ မြေပဲကနေလုပ်တဲ့ ထောပတ်မလိုင်၊
• Fruit juices သစ်သီးဖျော်ရည်အစစ်၊ ၂ဝဝ မီလီ ၃ ဖန်ခွက် မှာ Orange Juice လိမ်မော်ရည်က ၂၆ဝ၊ Pineapple Juice နာနတ်ရည်က ၃ဝဝ၊ Grapefruit Juice စပျစ်သီးရည်က ၂၂၈၊ Apple Juice ပန်းသီးရည်က ၂၈၂ ကယ်လိုရီရတယ်။
• Yoghurts ခေါ်တဲ့ ဒိန်ချဉ် ၁၆ဝ ဂရမ်ကနေ ၂၄၃ ကယ်လိုရီရတယ်။
• Pasta 75g ကနေ 259 ကယ်လိုရီရတယ်။
• Breakfast မနက်စာအဖြစ်စားတဲ့ ပြောင်းကနေလုပ်တဲ့ နွားနို့နဲ့ဖျော်သောက်တဲ့ Corn Flakes (ကောင်းဖလိပ်) ကနေ ၇၄-၁၈၅ ကယ်လိုရီရတယ်။
• Butter or Margarine ထောပတ်၊ မာဂျရင်း ကနေ ၇ဝ-၁၁ဝ ကယ်လိုရီရတယ်။
• Toasted Brown Bread ၁ ချပ်ကနေ 65.3kcals
• Toasted White Bread ၁ ချပ်ကနေ 63.6kcals

Nutrition အာဟာရ
Weight gain လှယုံမက ဝချင်သေးရင်
Trans fats အညာသားများ ဆီစားကြသည်
Eating Habit 1 အမေရိကန် ဆရာဝန်တယောက်နဲ့ (အင်တာဗျူး)
Eating Habit 2 သမုဒ္ဒရာ ဝမ်းတစ်ထွာ
တို့ကိုပါ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၈-၇-၂ဝ၁ဝ

Tuesday, July 6, 2010

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ

5-7-2010
သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေ ထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။

လူတိုင်းမှာ အသဲရဲ့အောက်မယ်ကပ်နေတဲ့ Bile သည်းခြေရည် ထုတ်ပေးမဲ့ Gallbladder သည်းခြေအိပ်တခုစီ ရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိပ် ထုတ်ပြစ်တာကို ခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိပ်ကို ကင်ဆာရှိနေ-မနေ biopsy လုပ်သေးတယ်။ Ayurveda or Homoeopathy နည်းတွေ စမ်းပြီးနောက် ခွဲစိတ်ဆရာဝန်ဆီ ပြန်လာကြရတယ်။

Bile ဆိုတဲ့ သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ Bile ကို Liver အသဲကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာ စားချိန်ရောက်မှ သည်းခြေအိပ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိပ်တော့ မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက် စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်က ထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။

သည်းခြေအိပ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ Bloating ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိပ် ထုတ်လိုက်ရတဲ့ လူနာ ၁ဝ-၂ဝ% မှာ Chronic diarrhoea နာတာရှည် ဝမ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄ဝ% လောက်မှာ အစာလမ်း မမှန်တာနဲ့ ဗိုက်အပေါ် ညာဘက်က နာနေတတ်တာ ဖြစ်တယ်။

ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ထိုးဆေးနဲ့ ဖြည့်နိုင်တယ်။
• Milk sugar (lactose) နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေ (whole grain breads, cereals, nuts, seeds) ဖြစ်တယ်။
• လေများစေတဲ့ (broccoli, brussel sprouts, cabbage or cauliflower) တွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ leaner meats, skinless chicken and fish အရေခွံမပါတဲ့ အသားငါ။
• အလွယ် ဝယ်စားလို့ရတဲ့ အစာတွေ fast foods တွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ Carbohydrate များတဲ့ အစာတွေကတော့ starches or sugars ပါတာတွေ ဖြစ်တယ်။
• Omega 3 fatty acids ပါစေအောင်လည်း ဂရုစိုက်ပါ။ fish, oil soybeans, alfalfa, and walnuts တွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ low fat milk and dahi, pulses, legumes, meat, fist, chicken, eggs မှာ ပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ဝမ်းလျှောတာ များရင် ORS သောက်ပါ။
• အသဲကို မထိခိုက်အောင် အရက် ရှောင်သင့်တယ်။

ကျန်းမာပါစေ။

Dr. တင့်ဆွေ
၆-၇-၂ဝ၁ဝ

Monday, July 5, 2010

Abdominal Pain နာတယ်ဆိုတာ မကောင်းပါ

May 25, 2010 at 3:10 PM
ဆရာရှင့် သမီး ဗိုက်တအား အောင့်အောင့်နေပါသဖြင့် ဆရာနှင့် တိုင်ပင်ချင်ပါသည်။ ကန်တော့ပါ ဆရာရှင့်၊ ဘယ်ဘက် ဆီးစပ် အပေါ်နားမှ စတင်ပြီး၊ ဝမ်းဗိုက်တပြင်းလုံး ပူ၍ စူးလာကာ ရင်ညွန့်ထိ တက်အောင့်ပါသည်။ ဆေးရုံသွား၍ ပြသသောအခါ X-Ray/CT Scan ဖြင့် စစ်ဆေးသော်လည်း၊ normal result သာပြ၍ Abdominal Pain ဟူ၍သာ မှတ်ချက်ချ၍ ဆေးများ ပေးလိုက်ပါသည်ရှင်။ ဆေးများကို သောက်သော်လည်း သိသိသာသာ သက်သာလာခြင်း မရှိသေးပါ ဆရာရှင့်။ အစာ စားပြီးနောက် ပိုနာသဖြင့် အရည်သာသောက် နေရပါသည်ရှင့်။ ဆီးသွား မှန်သော်လည်း၊ ဝမ်းမသွားသည်မှာ ၄, ၅ ရက် ရှိနေပါပြီရှင့်။ ဗိုက်အောင့်သဖြင့် မအိပ်ရသော ညပေါင်းလည်းများ နေပါပြီးရှင့်။ ကျေးဇူးပြုပြီး အကြံဥာဏ်များပေးပါရှင့်။

မဖတ်ရသေးရင်တော့ Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် ကိုပါ ဖတ်စေချင်တယ်။

Abdominal ဆိုတဲ့ ခေါင်းစဉ်ကို Music သမားတွေက ဖတ်ရင် (တိုရွန်တို) က Rapper လို့ ထင်ချင်ထင်နေမယ်။ မဟုတ်ပါ၊ ဗိုက်ပါသူတိုင်း ခံစားရတဲ့ ဝေဒနာအကြောင်းသာ ဖြစ်ပါတယ်။ လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီး ရှိတယ်။ “အနာမဲ့သူ ရှင်ပါကူ” ကလွဲရင် လူတိုင်းလိုလို ဗိုက်နာတာက ခဏခဏဖြစ်ကြရတယ်။ တချို့ ခွဲစိတ်ခံကြရတယ်။

ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုပ်သာရှိတဲ့ ရင်ခေါင်း Chest (Thorax) အောက်က Abdomen ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို Diaphragm ကြွက်သား ခုံးခုံးကြီး တခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့ တွဲနေတဲ့ သွေးကြောတွေ၊ (လင့်ဖ်) ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေ ရှိကြတယ်။ ဗိုက်နဲ့ တဆက်ထဲ အောက်မှာရှိတာက Pelvis တင်ပါးဆုံပိုင်း။ သူအထဲမှာ Bladder ဆီးအိမ်၊ Uterus သားအိမ် (အမျိုးသမီး)၊ Prostate ဆီးအကြိတ် (အမျိုးသား) နဲ့ Rectum အစာဟောင်းအိမ်တွေ ရှိကြတယ်။

နယ်နိမိတ် ဆိုတာ သင်ကြား-မှတ်သားလို့ အဆင်ပြေအောင် ပြောရတာပါ။ တနေရာမှာ တခုခုဖြစ်ရင် ကပ်နေတဲ့ နေရာကိုပါ သက်ရောက်စေတယ်။ ဒါ့ကြောင့် တိုင်းပြည်တခုမှာ တခုခုဖြစ်ရင် အိမ်နီးချင်းတွေ မနေသာတဲ့ သဘောမျိုး။ ပြည်တွင်းရေးကိစ္စဆိုပြီး၊ မျက်နှာလွှဲနေတာမျိုးကို ကျန်းမာရေးမှာ လုပ်မရပါ။

ဗိုက်နာတာကို ချက်ချင်းဖြစ်-အတင်းနာတာကို Acute pain in abdomen ရောဂါတွေခေါ်တယ်။ ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ်။ နာတာကို သိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစင်းစင်း၊ စဉ်းစားလို့ မရဘူး။

Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလို အောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာ ရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တဝှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေ ကြောင့်ဘဲ။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံးလွှာမှာ Infection ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ ဘာ့လို့လဲဆိုတော့ Somatic nerves ဆိုတဲ့ အာရုံကြောကြောင့်ဘဲ။

Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာ လာနာရင် Gall bladder stone သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် Ruptured spleen ဘေလုံးကွဲတာ၊ ဒါမှမဟုတ် Pancreatitis သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ Urinary stone ဆီးလမ်း ကျောက်တည်တာကနေ Pubis ဆီးစပ်၊ Testis ကျားအစေ့၊ Vagina မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

Peritonitis ဆိုတဲ့ ဗိုက်ဖုံးလွှာရောင်တာဟာ ခွဲစိတ်ပညာ အရေးပေါ်အခြေအနေတခု ဖြစ်တယ်။ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ diverticulitis အူမကြီးရောင်ခြင်း၊ intestinal obstruction အူပိတ်ခြင်း၊ Pancreatitis သရက်ရွက်ရောင်ခြင်း၊ Pelvic inflammatory disease တင်ပါးဆုံတွင်းရောင်ခြင်း၊ သားအိမ် ပြင်ပသန္ဓေတည်ခြင်း၊ စတာတွေကြောင့် ဖြစ်စေတယ်။

ကလေးငယ်တွေမှာ ဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင် စဉ်းစား။ လေ မဟုတ်ရင် သံကောင် အဖြစ်များတယ်။ ဒိထက် ဆိုးဝါးတာတွေထဲမှာ imperforate anus မွေးကတည်းက စအိုပေါက် မပါတာ။ Intussusception အူကနေအူထဲ တိုးဝင်သွားတာတွေ ပါတယ်။

ရောဂါရာဇဝင် ကောင်းကောင်းပြောတတ်ရင် ဆရာဝန်ကို ကူညီရာကျတယ်။ ကိုယ်ဖြစ်တာကိုယ် မပြောတတ်သူတွေ ရှိတယ်။ စကားပြောကောင်းသူတွေက ဟန်မကျဘူး။ ပိုပြောတတ်တယ်။ စာရေးကောင်းသူတွေက လူနာကောင်းတွေ ဖြစ်နိုင်တယ်။

• စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက် ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်း ပြဿနာ။
• အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။
• ရစ်ရစ်နာပြီး၊ မှန်မှန် ဖြစ်လာတာမျိုးဆိုရင် Appendicitis အူအတက်၊ Intestinal obstruction အူသိမ်ပိတ်ခါစ၊ Mesenteric ischemia အူမြှေးသွေးကြောပိတ်တာ။
• စူးရှပြီး၊ တောက်လျှောက် နာတာဟာ လှုပ်ရှားလေ ဆိုးလေ ဖြစ်ရင် Peritonitis ဝမ်းတွင်းခေါင်းမြှေးရောင်တာ။
• မီခလုပ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက Gastric perforation အစာအိမ်ပေါက်တာ။ Renal stone ကျောက်ကပ်ကျောက်တည်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ပြီးပေါက်တာ။
• ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖေါင်းကွဲတဲ့ ရောဂါ။
• အရင်ကလည်း နာဘူးသူဆိုရင် Peptic ulcer လေနာ၊ Gallstone colic သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲက ရောင်တာ တခုခုဖြစ်နိုင်တယ်။
• စမ်းကြည့်ရတာနဲ့ နာတာ မမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေး သွေးမလျှောက်တာ။
• ဗိုက်နာတာက ဘယ်လိုနေရင် သက်သာသလဲ။ Peptic ulcer disease က Antacids သောက်လို့ သက်သာတယ်။ Peritonitis ဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။
• ဗိုက်လဲနာတယ် အန်မယ်၊ ဝမ်းလဲလျှောတာမျိုးက Gastroenteritis အစာလမ်းရောင်တာ။ ဗိုက်နာတာ ကြာပြီးမှ အန်လာမယ်၊ အူတွေလှုတ်ရှားသံ မကြားရသူဟာ Acute intestinal obstruction အူလမ်းပိတ်တာ။

ဗိုက်နဲ့ မဆိုင်ဘဲ ဗိုက်နာတာမျိုးတွေလဲ ရှိသေးတယ်။ Rectus muscle hematoma (ဗယ်လီ) ကြွက်သားမှာ သွေးခဲ နေတာ၊ Testicular torsion ကျားအစေ့လိမ်နေတာ၊ Herpes zoster ရေယုံ၊ Alcoholic ketoacidosis အရက်နာ၊ Diabetic ketoacidosis ဆီးချို၊ Myocardial infarction နှလုံးသွေးကြောကျဉ်း၊ Pneumonia နူမိုးနီးယား၊ Pulmonary embolism အဆုပ်သွေးခဲပိတ်၊ Heavy metal, Methanol poisoning အဆိပ်သင့်၊ Scorpion sting ပင့်ကူကိုက်၊ Opioid withdrawal ဘိန်းဖြတ်။

ရောဂါတွေ တန်းစီရေးပြရတာကို ဖတ်ပြီး၊ သိပ် မကြောက်စေချင်ပါ။ စုံအောင် မရေးရင် ထိန်ချန်မှု ရောက်မှာ စိုးလို့ပါ။ ဗိုက်နာရင် ဆရာဝန်ပြပါ။ မနေနိုင် မထိုင်နိုင် မနာသူများ၊ ဆရာဝန်မပြခင် လှမ်းမေးချင် မေးနိုင်ပါတယ်။ ကုတဲ့နည်းတွေ မရေးသေးပါ။ မေးတဲ့သူကိုတော့ တိုက်ရိုက် ဖြေလိုက်ပါတယ်။ ဆေးကျောင်းသားတွေသာ စာအများကြီး ဖတ်ရတဲ့ဇာတာ ပါတယ် မဟုတ်လား။

လူဆိုတာ နာတာ မခံချင်ကြဘူး။ ဒီလိုဖြစ်သူတွေက (နော်မယ်လ်) ပုံမှန်ဖြစ်တယ်။ နာတာကို သာယာသူတွေ ရှိတယ်။ “အနာခံမှ အသာစံရမယ်” ဆိုတာကို သိလို့တော့ မဟုတ်ဘူး။ Sadism (Sadomasochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေကတော့ အနာခံချင်ကြသတဲ့။ အမှန်က တဗိုက်ထဲနာနာ၊ ဗိုက်သန်းငါးဆယ်နာနာ၊ နာတာ မကောင်းပါ။

Dr. တင့်ဆွေ
၅-၇-၂ဝ၁ဝ

Thursday, July 1, 2010

Infection (အင်ဖက်ရှင်) ရောဂါပိုးဝင်ခြင်း

သေးငယ်သော ရောဂါပိုးမွှားလေးများက လူ့ကိုယ်ထဲဝင်၍ လူ့ခန္ဓာကိုယ်အား အသုံးပြုလျက် မျိုးပွားကြပြီး၊ အုံကျင်းဖွဲ့ကာ နေထိုင်လျက် လူကို ရောဂါရစေခြင်း ဖြစ်သည်။ ၎င်းတို့ကြောင့်ရသော ရောဂါများကို Infectious diseases ကူးစက်ရောဂါများဟု ခေါ်သည်။ ရောဂါတမျိုးရှိနေစဉ် ထပ်မံရလာသည့် ရောဂါသစ်ဝင်ခြင်းကို Secondary infection ဒုတိယပိုးဝင်ခြင်း ဟုခေါ်သည်။ ထိုသို့ဖြစ်သောအခါ လူ၏တုံ့ပြန်မှုကို Inflammation (အင်ဖလမေးရှင်း) ရောင်ခြင်းဟုခေါ်သည်။

ရောင်ခြင်း ဖြစ်လျှင် အောက်ပါ လက္ခဏာကြီး ၅ မျိုးဖြစ်လာသည်။
၁) နီခြင်း၊ Redness = Rubo
၂) ရောင်ခြင်း၊ Swelling = Tumor
၃) နာခြင်း၊ Pain = Dolor
၎) ပူခြင်း၊ Heat = Calor
၅) လုပ်ရမည့် အလုပ်ပျက်ခြင်း၊ Loss of function = Functio laesa
Acute infection ရက်တို (ရုတ်တရက်) ဖြစ်သော (အင်ဖက်ရှင်) နှင့် Chronic infection ရက်ရှည် (အင်ဖက်ရှင်) ဟူ၍ နှစ်မျိုးရှိသည်။ (အင်ဖက်ရှင်) ရသည့် ရောဂါများအမည် အဆုံးတိုင်း၌ –itis နှင့် ဆုံးသည်။ ဥပမာ Dermatitis အရေပြား ရောင်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ Meningitis ဦးနှောက်မြှေးရောင်ခြင်း၊ Tonsillitis အာသီးရောင်ခြင်း၊

Infection (အင်ဖက်ရှင်) ရစေသော ပိုးများ
1. Bacteria ဗက်တီးရီးယား၊
2. Virus ဗိုင်းရပ်၊
3. Parasite ပါရာဆိုက်၊ နှင့်
4. Fungus ဖန်းဂတ်စ်၊

(1) Bacterial infectious diseases ဗက်တီးရီးယားကြောင့် ဖြစ်သော ရောဂါများ
Anthrax = နွားမှတဆင့် ကူးစက်သော ဒေါင့်သန်းရောဂါ၊ Antibiotic Diarrhea = ပဋိဇီဝဆေးကြောင့် ဝမ်းပျက်ခြင်း၊ Bacterial Meningitis = ဦးနှောက် အမြှေးရောင်၊ Bacterial Vaginosis = မွေးလမ်းရောင်ခြင်း၊ Brucellosis = တိရိစ္ဆာန် မှတဆင့် ကူးသည့်ရောဂါ၊ Chancroid = ရှန်ကာ၊ Chlamydia = မွေးလမ်းရောင်ခြင်း၊ Cholera = ကာလဝမ်းရောဂါ၊ Clostridium botulinum = အစာဆိပ်သင့်ခြင်း၊ Conjunctivitis = မျက်စိနာခြင်း၊ Diphtheria= ဆုံဆို့နာ၊ Epididymitis = ကျားအစိ ရောင်ခြင်း၊ Food Poisoning = အစာဆိပ်သင့်ခြင်း၊ Gardnerella = မွေးလမ်းပိုးဝင်ခြင်း၊ Gas Gangrene = အနာပုတ်ခြင်း၊ Gonorrhea = ဂနိုရီးယား၊ H. Pylori = အစာအိမ်နာ၊ Impetigo = အရေပြား အနာရင်းခြင်း၊ Leprosy (Hansen's Disease) = အနာကြီးရောဂါ၊ Lyme Disease = လိုင်းမ်ရောဂါ၊ Orchitis = ကျား အကြောရောင်ခြင်း၊ Osteomyelitis = အရိုးတွင်းရောင်ခြင်း၊ Otitis Media = နားပြည်ယိုခြင်း၊ Pertussis (Whooping Cough) = ကြက်ညှာ ချောင်းဆိုး၊ Plague = ပလိပ်၊ Pneumonia = နူမိုးနီးယား၊ Prostatitis = ကျားဆီးကြိတ် ရောင်ခြင်း၊ Pyelonephritis = ကျောက်ကပ်ပြွန် ရောင်ခြင်း၊ Rheumatic Fever = ရူမက်တစ်အဖျား၊ Salmonellosis = ဆာလ်မိုနယ် လိုးဆစ်၊ Shigellosis = ရှီဂယ်လိုးဆစ်၊ Syphilis = ဆစ်ဖလစ်၊ Tetanus = မေးခိုင်၊ Trachoma= မျက်ခမ်းစပ်၊ Traveller's Diarrhea = ခရီးသွားဝမ်းပျက်၊ Tuberculosis (TB = Koch’s) = တီဘီ၊ Typhoid = တိုက်ဖွိုက်၊ Typhus Fever = တိုက်ဖတ်စ် ရောဂါ၊ Urinary Tract Infections = ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊

(2) Viral infectious diseases ဗိုင်းရပ်စ်ကြောင့် ဖြစ်သောရောဂါများ
AIDS = အေအိုင်ဒီအက်စ်၊ Bronchiolitis = လေပြွန်ငယ်များရောင်ခြင်း၊ Chickenpox (Varicella) = ရေကျောက်၊ Common cold = အအေးမိ၊ Conjunctivitis = မျက်စိနာ၊ DHF = သွေးလွန်တုပ်ကွေး၊ Encephalitis = ဦးနှောက်ရောင်၊ Hepatitis = အသဲရောင်၊ Herpes = ရေယုံ၊ Herpes Zoster = ရေယုံ၊ Human Papilloma virus = ကြွက်နို့၊ Influenza (Flu) = တုပ်ကွေး၊ Measles (Rubeola) = ဝက်သက်၊ Measles = ဝက်သက်၊ Meningitis = ဦးနှောက်မြှေး ရောင်၊ Mumps = ပသိရောင်၊ Orchitis = ကျားအစိရောင်၊ Poliomyelitis = ပိုလီယို၊ Rabies = ခွေးရူး၊ Rubella (German Measles) = ဂျာမန် ဝက်သက်၊ Severe Acute Respiratory Syndrome (SARS) = ဆားစ်၊ Smallpox = ကျောက်ကြီး၊ Viral encephalitis = ဗိုင်းရပ်စ် ဦးနှောက်ရောင်၊ Viral gastroenteritis = ဗိုင်းရပ်စ် အစာလမ်းရောင်ခြင်း၊ Viral Pneumonia = ဗိုင်းရပ်စ် နူမိုးနီးယား၊ Viral pneumonia = ဗိုင်းရပ်စ် နူမိုးနီးယား၊

(3) Parasitic infectious diseases ပါရာဆိုက်ကြောင့်ဖြစ်သော ရောဂါများ
African Sleeping Sickness = အာဖရိကအိပ်ချင်ရောဂါ၊ Amebiasis = အမီးဘား ဝမ်းကိုက်၊ Ascariasis = သန်ကောင်၊ Bed Bugs = ကြမ်းပိုး၊ Enterobiasis (Pinworm) = စအိုယားစေသည့် သန်ကောင်၊ Filariasis = ဆင်ခြေထောက်၊ Giardiasis = ဂိုင်ယားဒီးရေးဆစ်၊ Hookworm = ချိတ်သန်ကောင်၊ Lice = သန်း၊ Malaria = ငှက်ဖျား၊ Pinworms = အပ်ပုံသန်ကောင်၊ Scabies = ဝဲ၊ Tapeworm = တိပ်ပြားပုံ သန်ကောင်၊ Trichinosis = ဝက်မှကူးသည့် သန်ကောင်၊ Trichomoniasis = (ထွိုင်ကိုမိုးနပ်စ်) = လိင်မှတဆင့် ကူးစက်သော မွေးလမ်း-ဆီးပြွန်ရောင်ခြင်း၊

(4) Fungal infectious diseases ဖန်းဂတ်စ်ကြောင့်ဖြစ်သောရောဂါများ
Aspergillosis အဆုပ်ထဲဝင်ခြင်း၊ Athlete's Foot အားကစားသမားခြေထောက်၊ Candidiasis = ကင်ဒီဒိုင်ရေးဆစ်၊ (Thrush မှက်ခရု၊ အရေပြား၊ မွေးလမ်း၊ အစာမြိုပြွန်တို့၌ ဖြစ်သည့်ရောဂါများ။) Histoplasmosis အဆုပ်ရောဂါတမျိုး၊ Pneumocystis Carinii Pneumonia (PCP) နူမိုးနီးယားတမျိုး၊ Sporotrichosis အရေပြားနာ၊ Yeast Infections (ရိစ်) = မွေးလမ်ကြောင်း ယားပြီး အဖြူဆင်းခြင်း။

Staphylococcal Infections (စတက်ဖလိုကောကပ်စ်) ဗက်တီးရီးယား အင်ဖက်ရှင်များအတွက်ဆေးများ၊
Folliculitis, Furuncles အရေပြားရောင်ခြင်း အမျိုးမျိုး၊ Impetigo အရေပြားနာ၊ Wound infections, Soft-tissue infections အနာ-ဒဏ်ရာများ၊ Endocarditis နှလုံးအတွင်းသား ရောင်ခြင်း၊ Osteomyelitis အရိုးအတွင်း ရောင်ခြင်း၊ Pneumonia နူမိုးနီးယား၊ Food poisoning အစာဆိပ်သင့်ခြင်း၊ Infections related to prosthetic devices သွားအတု-အရိုးတုရောင်ခြင်း၊ Urinary tract infection ဆီးလမ်းရောင်ခြင်း၊
• Clindamycin: Adult 150-300 mg q8h; 300-600 mg IV q8h; Pediatric 25-40 mg/kg/d IV divided tid
• Dicloxacillin: Adult 500 mg q6h; Pediatric 25 mg/kg/d divided q6h
• Trimethoprim-sulfamethoxazole (Septrin): Adult 160 mg TMP/800 mg SMZ BD x 10-14 days; Pediatric >2 years: 6-12 mg of trimethoprim/kg/d divided BD
• Nafcillin: Adult 1-2 g IV q4h; Pediatric 100-200 mg/kg/d IV divided q4h
• Vancomycin: Adult 1 g or 15 mg/kg IV q12h; Pediatric 30-40 mg/kg/d IV divided q12h
• Cefazolin: Adult 1 g IV q8h; Pediatric 50-100 mg/kg/d IV divided q8h
• Minocycline: Adult 100 mg PO/IV q12-24h; Pediatric 2-4 mg/kg/d divided bid

Streptococcus Group A Infections (စတက်ပတိုကောကပ်စ် A) ဗက်တီးရီးယား အင်ဖက်ရှင်များအတွက်ဆေးများ၊
Pharyngitis အာခေါင်ရောင်ခြင်း၊ Tonsillopharyngeal cellulitis အာသီး-အာခေါင် ရောင်ခြင်း၊ Abscess ပြည်တည်နာ၊ Pneumonia နူမိုးနီးယား၊ Necrotizing fasciitis အရေပြား ပြည်တည်ခြင်း၊ Streptococcal bacteremia သွေးထဲပိုး ဝင်ခြင်း၊ Osteomyelitis အရိုးအတွင်းရောင်ခြင်း၊ Ottitis Media နားပြည်ယိုခြင်း၊ Sinusitis ဆိုင်းနပ်စ်၊ Meningitis ဦးနှောက်မြှေး ရောင်ခြင်း၊ or Brain Asscess ဦးနှောက် ပြည်တည်ခြင်း၊ Acute rheumatic fever လေးဘက်နာ ရုတ် တရက်ဖြစ်ခြင်း၊ Rheumatic Heart disease ရူမက်တစ် နှလုံးရောဂါ၊ Acute Glumerulo-nephritis ကျောက်ကပ် ရုတ် တရက်ရောင်ခြင်း၊ Scarlet fever (စကားလက်-ဖီဗာ)၊
• Penicillin G: Adult 2-4 million U IV QID; Pediatric 150,000 U/kg/d IV divided q4h
• Penicillin VK: Adult 500 mg BD/TDS/QID x 10 days; Pediatric 250 mg BD/TDS x 10 days
• Clindamycin: Adult 600 mg IV TDS or 300-450 mg QID; Pediatric 25-40 mg/kg/d IV TDS/QID
• Vancomycin: Adult 15 mg/kg IV q12h (dose based on actual body weight); consider 22.5 mg/kg q12h for CNS infections; Pediatric 40 mg/kg/d IV divided tid/qid for 7-10 days
• Telavancin: Adult 10 mg/kg IV OD for 7-14 d; infuse over 1 h; CrCl 30-50 mL/min: 7.5 mg/kg/d; CrCl 10-29 mL/min: 10 mg/kg q48h;
Streptococcus Group B Infections (စတက်ပတိုကောကပ်စ် B) ဗက်တီးရီးယား အင်ဖက်ရှင်များအတွက်ဆေးများ၊
Pneumonia နူမိုးနီးယား၊ Meningitis ဦးနှောက်မြှေးရောင်ခြင်း၊ Bacteremia သွေးထဲပိုးရောက်ခြင်း၊ Endocarditis နှလုံး အတွင်းသားရောင်ခြင်း၊ Cellulitis, Skin and soft-tissue infection အရေပြားအနာများ၊ Osteomyelitis အရိုးအတွင်း ရောင်ခြင်း၊ Arthritis အဆစ်ရောင်ခြင်း၊ Urinary tract infection ဆီးလမ်းရောင်ခြင်း၊ Pelvic abscess တင်ပါးဆုံတွင်း အင်္ဂါများ ပြည်တည်ခြင်း၊
• Penicillin G: Adult 12-24 million U/d IV x 4 weeks
• Cefazolin: Adult 1 g IV TDS
• Vancomycin: Adult 1 g IV BD
• Telavancin: Adult 10 mg/kg IV q24h for 7-14 d; infuse over 1 h, CrCl 30-50 mL/min: 7.5 mg/kg/d, CrCl 10-29 mL/min: 10 mg/kg q48h
• Gentamicin: Adult 60 mg IV TDS;
• Clindamycin: Adult 600 mg IV QID; 900 mg IV TDS, 300 mg QID

Streptococcus Group D Infections (စတက်ပတိုကောကပ်စ် D) ဗက်တီးရီးယား အင်ဖက်ရှင်များအတွက်ဆေးများ၊
Meningitis ဦးနှောက်မြှေးရောင်ခြင်း၊ Peritonitis ဝမ်းဗိုက်အတွင်းဖုံးအလွှာ ရောင်ခြင်း၊ Septic arthritis အဆစ်ရောင် ခြင်း၊ Urinary tract infections ဆီးလမ်းရောင်ခြင်း၊ Neonatal sepsis မွေးစကလေးပိုးဝင်ခြင်း၊
• Penicillin G: Adult 12-18 million U IV q24h in 6 equally divided doses or continuously, Pediatric >4 weeks: 25,000-400,000 U/kg/d IV QID;
• Ceftriaxone: Adult 2 g IV OD, Pediatric >4 weeks: 50-100 mg/kg/d IV OD/BD
• Vancomycin: Adult 30 mg/kg per 24 h IV in 2 equally divided doses not to exceed 2 g/24 h; Pediatric >4 weeks 40 mg/kg/d IV TDS/QID

Candidiasis Yeast like fungus ဖန်းဂန်စ် မှို ဝင်ခြင်းအမျိုးမျိုးအတွက်ဆေးများ၊
Cutaneous candidiasis အရေပြားမှိုရောဂါ၊
• Topical antifungal agents (Clotrimazole, Ciclopirox, Econazole, Intraconazole, Ketoconazole, Miconazole, Nystatin)
• Candida esophagitis: Fluconazole 100-200 mg/d x 14-21 days
• Vulvovaginal candidiasis: A single dose of oral Fluconazole (150 mg)
• Candida cystitis: Fluconazole at 200 mg/d orally x at least 10-14 days
• Renal candidiasis: Fluconazole at 400 mg/d IV or orally for a minimum of 2 weeks
• Chronic mucocutaneous candidiasis: Fluconazole 100-400 mg/d or Itraconazole 200-600 mg/d

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...