5-7-2010
သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေ ထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။
လူတိုင်းမှာ အသဲရဲ့အောက်မယ်ကပ်နေတဲ့ Bile သည်းခြေရည် ထုတ်ပေးမဲ့ Gallbladder သည်းခြေအိပ်တခုစီ ရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိပ် ထုတ်ပြစ်တာကို ခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိပ်ကို ကင်ဆာရှိနေ-မနေ biopsy လုပ်သေးတယ်။ Ayurveda or Homoeopathy နည်းတွေ စမ်းပြီးနောက် ခွဲစိတ်ဆရာဝန်ဆီ ပြန်လာကြရတယ်။
Bile ဆိုတဲ့ သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ Bile ကို Liver အသဲကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာ စားချိန်ရောက်မှ သည်းခြေအိပ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိပ်တော့ မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက် စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်က ထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။
သည်းခြေအိပ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ Bloating ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိပ် ထုတ်လိုက်ရတဲ့ လူနာ ၁ဝ-၂ဝ% မှာ Chronic diarrhoea နာတာရှည် ဝမ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄ဝ% လောက်မှာ အစာလမ်း မမှန်တာနဲ့ ဗိုက်အပေါ် ညာဘက်က နာနေတတ်တာ ဖြစ်တယ်။
ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ထိုးဆေးနဲ့ ဖြည့်နိုင်တယ်။
• Milk sugar (lactose) နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေ (whole grain breads, cereals, nuts, seeds) ဖြစ်တယ်။
• လေများစေတဲ့ (broccoli, brussel sprouts, cabbage or cauliflower) တွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ leaner meats, skinless chicken and fish အရေခွံမပါတဲ့ အသားငါ။
• အလွယ် ဝယ်စားလို့ရတဲ့ အစာတွေ fast foods တွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ Carbohydrate များတဲ့ အစာတွေကတော့ starches or sugars ပါတာတွေ ဖြစ်တယ်။
• Omega 3 fatty acids ပါစေအောင်လည်း ဂရုစိုက်ပါ။ fish, oil soybeans, alfalfa, and walnuts တွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ low fat milk and dahi, pulses, legumes, meat, fist, chicken, eggs မှာ ပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ဝမ်းလျှောတာ များရင် ORS သောက်ပါ။
• အသဲကို မထိခိုက်အောင် အရက် ရှောင်သင့်တယ်။
ကျန်းမာပါစေ။
Dr. တင့်ဆွေ
၆-၇-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/