Jul 17, 2010 at 10:13 PM
ဆရာခင်ဗျား ကျွန်တော့်သားဟာ အခု ၃ နှစ်ရှိပါပြီ။ ဒါပေမဲ့ တစ်ခြားကလေးတွေလို စကား မသွက်ပါဘူး။ ဖေဖေ မေမေ နဲ့ တစ်ချို့စကား (ဥပမာ - ရေရေ၊ ဘဘ၊ မမ၊ ပေးပါစတာ) တွေပဲ ပြောပါတယ်။ စိုးရိမ်ရပါသလား ဆရာ။ စကားသွက်အောင် ဘယ်လို လုပ်ရမလဲ ခင်ဗျာ။ ကလေးဥာဏ်ရည်နဲ့ ဆိုင်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျာ။ လေးစားစွာဖြင့်၊
ကလေးမှာ တခုခုလိုနေပုံရတယ်။ ကလေး စကားပြော အခက်အခဲက ၅-၁ဝ% သော ကျောင်းမထားမီအရွယ်တွေမှာ ဖြစ်တယ်။ အထူးကုသဘို့ လိုနိုင်တယ်။ အခြေခံသဘော သိအောင် နည်းနည်း ရေးပါရစေ။
Speech နဲ့ Language မတူပေမဲ့ ထပ်နေကြတယ်။ (၁) သူများပြောတာကို နားလည်ပြီး၊ (၂) ကိုယ်ပြောချင်တာကို ကျိုးကြောင်း ဆီလျှော်စွာ ဖေါ်ထုတ်တတ်ခြင်းကို “စကားပြောတတ်တယ်” လို့ ခေါ်ပါလို့၊ နားလည်ခြင်း ၂ မျိုးပါတယ်။ Language အခက်အခဲရှိတဲ့ ကလေးဟာ စကားလုံးတွေ အသံထွက်ဘို့ ခက်နေတယ်။ ၂ လုံးထက် မရဘူး။ ကလေး ကတော့ သူဆိုလိုချင်တာကို အမှန်တော့ ပြောတာဘဲ၊ နားထောင်သူတွေက နားလည်နိုင်အောင်အထိ မကောင်းဘူး။ တချို့ကလေးက ကောင်းကောင်းတော့ ပြောပေမဲ့၊ Instruction ခိုင်းတဲ့အတိုင်း မလိုက်နိုင်ဘူး။
Speech ဆိုတာ အသံထွက်တာ၊ သူများက နားလည်အောင် မပြောနိုင်ရင် အခက်အခဲရှိနေတာ။ အသံမပီတာလဲ ပါမယ်။
Language ဆိုတာက အဓိပ္ပါယ်ရှိတဲ့ အသံ။ ဥာဏ်ရည် အလိုက် စကားတတ်တယ်၊ သိပ်မတတ်ဘူး ဖြစ်နိုင်တယ်။
Language delays တွေဟာ Speech problems ထက် ပြဿနာကြီးတယ်။ တိုးတက်လာတာ မှန်ပေမဲ့ နှေးနေတာလဲ ပါတယ်။
ကလေးဟာ -
၁ နှစ်မပြည့်ခင် အသံပေးတာကို တုံ့ပြန်ရမယ်။ ကလေးဆီကလဲ ဘယ်လို အသံဖြစ်ဖြစ် ထွက်လာရမယ်။
၁၂ လကျော်ရင် (ဘိုင်ဘိုင်) ဆိုတာကို တနည်းနည်းနဲ့ ကလေးက တုံ့ပြန်တတ်မယ်။
၁၈ လမှာ (ဘိုင်ဘိုင်) ကို စကားနဲ့ မဟုတ်ဘဲ လက်ဘဲလှုတ်ချင်နေရင်တော့ အားနည်းနေပြီ မှတ်ပါ။ အသံကို လိုက်တုတတ်ရမယ်။ ရိုးရိုးရှင်းရှင်းလေး ခိုင်းတာကို ကလေး နားလည်နိုင်ရမယ်။
၂ နှစ်သားရောက်လို့ စကား-အမူအယာ သင်ပေးတာကို သင်တဲ့အတိုင်းထက် ပိုပြီး သူ့အလိုလို စကားလုံး၊ စကားစု မထွက်ရင်၊ ပြောတဲ့စကားက ထပ်ထပ်သာပြောနေပြီး၊ သူ အရေးတကြီးလိုချင်-ရချင်နေတာကို ထုတ်မပြောတတ်သေးရင်။ ရိုးရိုးလေး ခိုင်းတာကို လိုက်မလုပ်တတ်သေးရင်။ ထွက်တဲ့အသံကလည်း ပုံမှန်လိုမဟုတ်ဘဲ အောနေမယ်၊ နှာခေါင်းသံ ထွက်နေမယ် ဆိုရင်၊ စကားအရာမှာ အားနည်းနေပြီ။
တိတိကျကျ စစ်ရအောင်။
မွေးမွေးချင်း = ငိုမယ်။
၂-၃ လ = ငိုပုံငိုနည်း မတူတော့။ သူမကြိုက်တာဆိုရင် အများကြီး၊ နည်းနည်းမကြိုက်ရင် နည်းနည်း ငိုမယ်။ ချော့ရင် တိတ်မယ်။
၃-၄ လ = ဘူးမှုတ်မယ်။
၅-၆ လ = ဘူးမှုတ်တာ စည်းချက်ကျလာမယ်။
၆-၁၁ လ = စကားသံလို ဘူးမှုတ်သံတူလာမယ်။ အမူအယာလဲပြမယ်။
၁၂ လ = စကား ၁-၂ လုံးပြောမယ်။ နာမည်တွေ မှတ်မိလာမယ်။ ရင်းနှီးတဲ့အသံမျိုး အတုလုပ်လာမယ်။ ရိုးရိုးလေး ခိုင်းတာကို နည်လည်လာမယ်။
၁၈ လ = စကားလုံး ၅-၂ဝ လောက် နားလည်လာမယ်။ နာမည်တွေ ပါတယ်။
၁-၂ နှစ် = စကားလုံး ၂ ခုပါ စာကြောင်း။ ဝေါဟာရပိုကြွယ်။ (ဂွတ်ဘိုင်) လုပ်တတ်။ ရင်းနှီးတဲ့ တိရစ္ဆာန်အသံမျိုး လိုက် တုတတ်လာ။ လိုချင်တာ ပိုတောင်းတတ်၊ မလိုချင်တာ ငြင်းတတ်။
၂-၃ နှစ် = ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြတတ်။ နာမည်သာမက ကိုယ့်ဖါသာကိုယ် သားသား-မီးမီး လို့ပြောတတ်။ Noun နာမ်နဲ့ Verb ကရိယာ တွဲသုံးလာ။ ဝေါဟာရ ၄၅ဝ လောက်တတ်။ Short sentence စာကြောင်းတို ပြောတတ်။ အရောင်း ၃-၄ မျိုး ခွဲတတ်။ အကြီး-အငယ် ခွဲခြားတတ်။ ကြားပြီးသား ပုံပြင်ကို ထပ်ကြားချင်။
၃-၄ နှစ် = ပုံပြင် ပြောတတ်။ စကားလုံး ၄-၅ လုံးပါစာကြောင်း။ ဝေါဟာရ ၁ဝဝဝ လောက်တတ်။ လမ်းနာမည်သိ။ ကဗျာ-သီချင်းတချို့တတ်။
၅-၆ နှစ် = ဝေါဟာရ ၂ဝဝဝ လောက်တတ်။ ထူးခြားတဲ့ဆက်စပ်မှုမျိုး ပိုဝေး-ပိုကြီး ဆိုတာသိလာ။ လိပ်စာသိလာ။ မတူတာနဲ့ တူတာသိလာ။ ပိုက်ဆံမှန်းသိလာ။ ၁ဝ မျိုးအထိရေတတ်။ ဘယ်-ညာ သိလာ။ စာကြောင်းစုံတတ်။
၎-၅ နှစ် = အတိတ်ကာလ past tense သိလာ။ ဝေါဟာရ ၁ဝဝဝ လောက်တတ်။ အရောင်တွေခွဲတတ်။ “ဘာလို့-ဘာ့ကြောင့်” မေးခွန်းတွေ ထပ်ထပ်မေးလာမယ်။
အကြောင်းတွေ ရှာရအောင်
အများကြီးပါဘဲ။ ဦးနှောက်ထဲက စကားပြော (စင်တာ) မှာ မဖွံ့ဖြိုးနေရင် နှုတ်ခမ်း၊ လျှာ၊ မေးတွေကို ကောင်းကောင်း အသုံးမပြုနိုင်ဘဲ ဖြစ်နေမယ်။ စကားအရာသာ မဟုတ်ဘဲ တခြားဟာတွေ ဥပမာ အစားကြွေးရတဲ့ အခက်အခဲမျိုးပါ တွဲဖြစ်နေတာလည်း ရှိနိုင်တယ်။ နားကြားမှု ချို့ယွင်းနေတာကြောင့် ဖြစ်တာလည်း စစ်ရပါမယ်။ မွေးရာပါ မဟုတ်ဘဲ နားမှာ ပိုးဝင်-ရောင်-ပြည်ယိုနေတာ တွေ့ရင် ကုသပါ။
အထူးဘာသာရပ်အနေနဲ့ တိတိကျကျ ရောဂါနာမည်တွေ ခွဲထားသေးတယ်။
Structural problems (Cleft lip or Cleft palate) မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊
Learning disability လေ့လာမှု ချို့ယွင်းခြင်း၊
Hearing loss နားမကြားခြင်း၊
Intellectual disability ဥာဏ်ချို့ယွင်းခြင်း၊
Prematurity လမစေ့မွေးခြင်း၊
Auditory processing disorder နားကကြားသော်လည်း အဓိပ္ပါယ်ဖွင့်ရန် နှေးခြင်း၊
Neurological problems (Cerebral palsy, Muscular dystrophy, Traumatic brain injury) ဦးနှောက်၊ အာရုံကြော၊ ကြွက်သားရောဂါ၊ ခိုက်မိတာ တခုခုရှိနေခြင်း။
Autism ဦးနှောက်မှာ သူရနေတဲ့ Information သတင်းအချက်အလက်တွေကို ကောင်းကောင်း Process အသုံးမပြုနိုင် သေးတာကြောင့် အမူအယာ၊ ပြောဆိုဆက်ဆံမှု၊ စတာတွေ ပုံမှန်ကလေးလို မဖြစ်သေးတဲ့ရောဂါ။ ၃ နှစ်မတိုင်ခင် ကလေးမှာ စဖြစ်တယ်။
ဘယ်လို ကုမလဲ
ဆေးတိုက်တာနဲ့ ရမှာ မဟုတ်ပါ။ မိဘကနေ ကိုယ့်ကလေးကို ပုံမှန်ထက် ပို မျှော်လင့်နေတာမျိုးလည်း ရှိတယ်။ Speech-language pathologist ဆိုတဲ့ အထူးကုသမှု လိုနိုင်တယ်။ ဒါနဲ့လဲ မလုံလောက်ပါ။ မိဘတွေက လုပ်စရာတွေ အများကြီး ရှိတယ်။ မျိုးရိုးဗီဇ သန်တာ၊ နှေးတာ ရှိတယ်။ ပါတ်ဝန်းကျင် ကလည်း အများကြီး သက်ရောက်ပါတယ်။ ကလေးနဲ့နေဘို့ အချိန်ပေးပါ။ စကားပြော၊ သီချင်းဆို၊ အမူအယာ လုပ်ပေးပါ။ အတုလိုက်နိုင်အောင် အားပေးပါ။ ကလေးနားမှာ စာဖတ်ပြပါ။ စာအုပ်ထဲက အရုပ်တွေပြပါ။ အရုပ်နာမယ်တွေ ပြောပြပါ။ ကလေးချော့ ကဗျာ၊ သီချင်း၊ ဆိုပြပါ။ နေ့စဉ်တဓူဝ အလုပ်တွေတိုင်းမှာ သင်ပေးပါ။ စားစရာ၊ ကစားစရာ၊ အခန်းထဲက ပစ္စည်းတွေ၊ ကား၊ ရတား။ Nature and Nurture သဘာဝ နဲ့ ပြုစုမှု ၂ မျိုးတွဲ လိုတယ်။
ကလေးအထူးကုကို အရင်ပြပါ။ သူကနေ ဆက်ညွှန်ဘို့လိုရင် ညွှန်ပါလိမ့်မယ်။
ကလေးရော လူကြီးပါ ကျန်းမာ-ချမ်းသာကြပါစေ။
Dr. တင့်ဆွေ
၃၁-၇-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
