Tuesday, August 24, 2010

Tightness of chest ရင်ကြပ်ရောဂါ

Q: လေးစားရပါသော ဆရာခင်ဗျား ရင်ကြပ်ရောဂါအကြောင်း သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် လေးစားစွာ တောင်းဆိုပါရစေ။ ကျွန်တော် သိချင်တာရယ်၊ ရင်ထဲမှာ ခံစားခဲ့ရတာရယ်။ (ဆရာဝန်ရဲ့တုန်ပြန့်မှု)

ကျွန်တော်သားက ယခု ၄ နှစ် ပြည့်ခါနီးပါပြီး၊ ၃ နှစ် ၆ လ တုန်းက ချောင်းဆိုးကြာလို့ အိမ်နား ဆေးခန်းပြပြီး ဆေးသောက်တာ မပျောက်ဘူး၊ ဒီတော့ ကလေး အထူးကုနဲ့ပြမှ ရတော့မယ်ဆိုပြီး SSC ကိုပြေးရတော့တာပဲ။ ဟိုရောက်တော့ ဆရာဝန်က ထုံးစံအတိုင်း ကလေး အခြေအနေတွေ မေးတယ်၊ ချောင်းဆိုးတာ နှစ်ပတ် လောက် ရှိပြီး၊ ရေမချိုးတာ ကြာလို့လား မသိဘူး ညဘက် ကိုယ်ပူချင်တယ်။ ဒီတော့ ဆရာဝန်က ချောင်းဆိုးတာ ကြာပြီဆိုတော့ ရင်ကြပ်မျိုးရှိလား အဖေဘက်ကရော၊ အမေဘက်ကရော၊ မေးပါတယ်။ ရှိပါတယ်လို့ အမေဘက် ကလေးအဘွားမှာ။ ကျွန်တော်ကလည်း သိလိုသမျှ မေးတာ များသွားတော့၊ ဆရာဝန်က ပြောပါတယ်။ Generation ရှိရင် ရင်ကြပ်ပဲ၊ ရင်ကြပ်ရောဂါဆိုတာ တသက်လုံး မပျောက်ဘူးလို့ စိတ်ဆိုးမာန်ဆိုး နဲ့ဖြေပါတယ် (မေးတာ များသွားလို့လား မသိဘူး)။ ပထမ တနေ့ပြတယ်၊ Ventolin ၃ ကဒ် ပေးတယ် ၄ ပုံ ၃ ပုံ တနေ့ သုံးကြိမ်သောက်၊ ပြီးရင် ပြန်လာပြ၊ မပျောက်တော့ ထပ်ပြရတာပေါ့၊ ဒီလိုဆိုရင် သွေးဖောက်စစ်၊ ဓါတ်မှန်ရိုက် ပြန်လာပြဆိုပြီး ရက်ချိန်းလိုက်ပါတယ်။ ကျွန်တော့်သား သွေး နှစ်ခါ ဖောက်ခဲ့ရပါတယ်။ ပထမတစ်ခါ သွေးကြောရှာ မတွေ့တာနဲ့၊ ထိုနည်းလည်းကောင်း ဓါတ်မှန်လည်း နှစ်ခါ ရိုက်ခဲ့ရပါသည်။ ကလေးက လှုပ်လို့မငြိမ်လို့။ အဖြေရတော့ အကျိုးအကြောင်း သိချင်တာပေါ့၊ TB တွေ ဘာတွေ ဖြစ်သလားပေါ့၊ ဓါတ်မှန်ဆရာကလည်း မလာ။ အထူးကုဆရာဝန်ကလည်း အဆုတ်မှာ သိပ်ရှင်းရှင်း မရှိဘူးလို့ ဒါပဲ ပြောပါတယ်။ ကျွန်တော်လည်း မမေးရဲတော့ဘူး ဘာဖြစ်လို့ ညာဖြစ်လို့။ ဆေးနောက်တစ်မျိုး ပြောင်းပေးတယ်။ ပိုးသတ်ဆေး ထင်ပါတယ်။ ချောင်းဆိုသေးရင် Ventolin ပါသောက် ပြောပါတယ်။ ဆေးကုန်သွားပြန်ပြီ မထူးခြားတော့၊ ကျွန်တော် အမျိုးသမီး အမေ၊ အစ်မတွေနဲ့ တိုင်ပင်ပြီး အမျိုးသမီး အမေပြနေကြ ဆရာဝန်ကို ထပ်ပြကြည့်ရပါတယ်။ ဓါတ်မှန်အဖြေလည်း မေးကြည့်ပါတယ်။ ဆရာဝန်က အဆုတ်မှာ အရိပ်နည်းနည်းပဲ ရှိတာပါ။ ဆေးပေးလိုက်မယ် သောက်ကြည့်လိုက်ပါ ဆိုပြီး တော်တော်လေးကို သက်သာ ပျောက်ကင်းသွားပါတယ်။

ပြီးခဲ့တဲ့အပတ်လောက် ချောင်းပြန်ဆိုးလာပါတယ်။ (အချိုတွေ စားတာ များသွားလို့) သလိပ်တွေလည်း ထလာတယ်။ မထွေးထုတ်တတ်ဘူး။ ပါးစပ်နဲ့ တရှုရှု လေရှုပါတယ်။ အဲတာနဲ့ အမျိုးသမီး အမေ ပြနေကြ ဆရာဝန်ကို ထပ်ပြ ကြည့်ရပါတယ်။ ဆေးပေးတယ် သောက်တယ် ဆေးကုန်သွားပေးမယ့်၊ သလိပ်ကျန်သေးတယ်၊ ပါးစပ်နဲ့ လေနည်းနည်း ရှုသေးပါတယ်။ အဲတာ ရင်ကြပ်ရောဂါလားခင်ဗျား။

1) ရင်ကြပ်ရောဂါဆိုတာ တသက်လုံးမပျောက်ဘူးဆိုတာမှန်ပါသလား ?
2) 3 နှစ် ကျော် 4 နှစ်ကလေး Ventolin တိုက်လို့ရပါသလား? ဘာဆေးတိုက်လို့ရပါလဲ ?
3) ဆောင်ရန် ရှောင်ရန်လေးများ ညွှန်ကြားပေးပါရန်၊
4) လာရောက်ပြသတဲ့ လူနာတွေအပေါ် စေတနာ အပြည့်အဝရှိတဲ့ မြန်မာပြည်က ကလေးဆရာဝန်ကို ညွှန်ကြားပေးပါရန်။

A: ပဌမဆုံးတော့ ဆရာဝန်တဦးရဲ့ဆက်ဆံမှုအတွက် သူ့ကိုယ်စားဘဲ တောင်းပန်စကား ပြောပါရစေ။

ဖတ်ရတာတွေ ထောက်ရင် ၂ မျိုး ဖြစ်နိုင်နေပါတယ်။ ရင်ကြပ်တဲ့ အချိန်မှာ ကလေးရဲ့ အသက်ရှူတဲ့ အသံက ကြပ်နေတာမျိုး ကြားရသလား။ ဥပမာ စီစီ စီစီ၊ ရႊၽီရႊီ ရႊၽီရႊီ၊ ကြပ်နေချိန်မှာ သူအသက်ရှူပုံက ပါးစပ်ကနေပါ ရှူသလား။ သိပ်ဆိုးရင် လည်ပင်ကြောတွေပါ ထောင်နေသလား၊ နှုပ်ခမ်းနဲနဲ ပြာနေသေးလား။ ကြပ်တဲ့ အချိန်က တူနေတတ်သလား။ ဥပမာ မိုးအုံ့ချိန်၊ အစာတခုခု သတ်သတ်မှတ်မှတ် စားပြီးချိန် စသဖြင့်။ အဲဒီအခြေအနေနဲ့ လက္ခဏာတွေက ပန်းနာ-ရင်ကြပ် လို့ ခေါ်နိုင်တယ်။ အသက်ရှူတာကို သူ ကြပ်နေချိန်မှာ နားကြပ်နဲ့ နားထောင်ရင် သိသာလိမ့်မယ်။

ဒုတိယ စဉ်းစားလို့ရတာက အသက်ရှူလမ်း ပိုးဝင်လို့ဖြစ်တာ။ ပိုးမှာလဲ ဖြစ်နေကြ ဗက်တီးရီးယား နဲ့ တီဘီ။ မွေးစက (ဘီစီဂျီ) ကာကွယ်ဆေး ဘယ်ဘက်ပခုံးမှာ ထိုးထားရင် တီဘီဖြစ်ဘို့ အခွင့်အလမ်း အတော်ကြီး နည်းပါမယ်။ တီဘီ ဖြစ်ဖြစ်၊ တခြားပိုးဝင်လို့ဖြစ်ဖြစ် အဆုပ်ပွနေရင် ဓါတ်မှန်မှာ ပေါ်ချင်ပေါ်တတ်တယ်။ တီဘီဖြစ်ရင် ကလေးက ညနေပိုင်း ကိုယ်နည်းနည်း ပူတတ်တယ်။ ညပိုင်း ခေါင်းချွေး ထွက်တတ်တယ်။ ကိုယ်အလေးချိန် မတိုးဘဲ နေတတ်တယ်။

ပိုးဝင်တာက တီဘီ မဟုတ်ရင် ပဋိဇီဝဆေးပေးလို့ သက်သာသွားနိုင်ပါတယ်။ တခုရှိသေးပါတယ်။ ပန်းနာရှိနေရင် ပိုးဝင်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါဆိုရင် ပဋိဇီဝဆေးပေးရင် တမျိုးကောင်းသွားပြီး၊ ကြပ်ချိန်ရောက်ရင်တော့ ကြပ်လိမ့်အုံးမယ်။

ချွဲမထုတ်တတ်သေးတဲ့ အရွယ်အတွက် ရေနွေးငွေ့ ရှူစေပါ။ Steam inhalation ရေနွေး ပွက်အောက်လုပ်၊ ခွက်တခုထဲထည့်၊ ကလေးခေါင်းကို ခွက်ပေါ် အငွေ့ထွက်နေတဲ့ နေရာမှာ ပါးစပ် နဲ့ နှာခေါင်းထား၊ အငွေ့ မပြန့်အောင် ပုဝါ တထည် ခြုံပြီး၊ ပုံမှန် အသက်ရှူနည်း ဖြစ်တယ်။ ဘာဆေးမှ ရေနွေးထဲ မထည့်ပါနဲ့။ လျှပ်စစ်သုံး Steam inhalator/Inhaler နဲ့ Facial Sauna ကိုလည်း သုံးနိုင်ပါတယ်။ အတော် ထိရောက်တယ်။ ချွဲပျော်စေတယ်။

Ventolin ဆေးက လေပြွန်ကျဉ်းနေတာကို ကျယ်စေအာင် လုပ်ပေးတဲ့ဆေး ဖြစ်တယ်။ အများဆုံးက ပန်းနာ အတွက် သုံးတာ။ တခြား အကြောင်းတွေကြောင့် ရင်ကြပ်ရင်လည်း ပေးပါတယ်။ Salbutamol or Albuterol ကို ခေါ်တာပါ။ ရှူဆေး-သောက်ဆေး ရှိပါတယ်။ Salbutamol ကို ကလေး ၂ နှစ်မှ ၆ နှစ်၊ 0.1 - 0.2 mg/kg given 3 times daily ပေးရတယ်။ Ventolin inhaler ရှူဆေးကို သုံးတာ ပိုကောင်းတယ်။

ပန်းနာ မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်။ ဗဟုသုတအဖြစ် ဖတ်ရအောင်း အရင်ရေးထားတာ ထည့်ပေးလိုက်ပါတယ်။

လိုသေးရင် မေးပါ။ ကလေးဆိုတော့ မပြောတတ် ရှာသေးဘူး။ မိသားစု အားလုံး ကျန်းမာ-ချမ်းသာကြပါစေ။

Dr. တင့်ဆွေ
၂၄-၈-၂ဝ၁ဝ

Saturday, August 21, 2010

Heart or not နှလုံးရောဂါလား

2010/8/20
နှလုံးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ရင်တလှပ်လှပ် အမြဲလို ဖြစ်နေတတ်ပါတယ်။ ကော်ဖီ နဲ့ လဘက်ရည်ကို နဲနဲပဲ သောက်လို့ ရပါတယ်။ တခြား မိုင်လို တို့ နို့ တို့ သောက်ရင်လဲ ရင်တုန်တတ်ပါတယ်။ ခုနောက်ပိုင်း ဘယ်ရင်အုံက စူးပြီး အောင့်ပါတယ်။ အရင်က တခါတရံမှ ဖြစ်တတ်ပါတယ်။ ခုနောက်ပိုင်း အနဲငယ် စိတ်လာပါတယ်။ လေကြောင့်များလား လို့လဲ ထင်မိပါတယ်။ အောင့်တဲ့အခါ နောက်ထပ် အသက်မရှုရဲဘဲ၊ အသက် ခဏအောင့်ထားရပါတယ်။ ပြီးတော့ ဘယ်ဘက် အောက်နံရိုးနားက ထိခိုက်မှု မရှိပဲ နာနေပါတယ်။ မတ်မတ်ထိုင်ရင် သက်သာပါတယ်။ ပြေလျော့ပြီး ထိုင်တဲ့အခါ ရင်ဘတ်က ထောက်နေသလို ခံစားရပါတယ်။ သူငယ်ချင်းက နှလုံးရောင်တာလို့ ပြောနေတယ်ဆရာ။ အဲဒီကိစ္စနဲ့ ဆေးခန်း မသွားရသေးပါဘူး။ အန္တရာယ်ရှိနိုင်ပါလားဆရာ။ ဘာလုပ်သင်ပါလဲ ဖြေကြားပေးပါ။

အသက် ၂၈ အိမ်ထောင်မရှိပါဘူး။ အာသီးရောင်တာ လည်းပင်းနာတာ ဖြစ်ဖူးပါတယ်။ ခုတော့ မဖြစ်ပါဘူး။ အမောတော့ လုံးဝမခံနိုင်တော့ပါဘူး။ အရမ်းမောရင် နှလုံးက လည်းပင်းထိ ဆောင့်သလို ခံစားရပြီး၊ ရင်ဘတ်ကို အရမ်းဖိထားမှ နေသာပါတယ်။ သွေးခုန်နှန်းက ခုစမ်းကြည့်တာ ၆၈ မှာ ၁ မိနစ်ပြည့်သွားပါတယ်။ အမြဲလို ရင်တုန်ပြီးတလှပ်လှပ်ဖြစ်တာကို မခံစားချင်ဘူးဆရာ။ နံရိုးအောက်နားကတော့ ခုနကပြောသလို နာနေပါတယ်။ တခုခုထောက်နေသလို ခံစားရပါတယ်။ ဆန့်ဆန့်နေရင် နေသာပါတယ်။ ကူညီပါဆရာ၊ ကျေးဇူးတင်ပါတယ်။

ရောဂါလက္ခဏာ ပြောပြတာကိုကြည့်ပြီး အတိအကျ ပြောတော့ မရသေးပါ။ မှန်းရတာ စိုးရိမ်စရာ မရှိပါ။

၁။ နှလုံးရောဂါကို စစ်ရအောင်။ ဒီအရွယ်မှာ ဖြစ်နိုင်တာ သိပ်မများပါ။ သွေးတိုးကြောင့် ဖြစ်ရတာ မဟုတ်နိုင်ဘူး။ နှလုံးခုန် နှုန်း မြန်တာနဲ့ မမှန်တာကလည်း ပြောတဲ့အတိုင်း တမိနစ် ၆၈ ဆိုရင် မဟုတ်နိုင်ပြန်ဘူး။ စည်းချက်ကျကျ မှန်-မမှန် ဆိုတာလေးတော့ သိချင်သေးတယ်။ လူ့နှလုံးခုန်တာက တမိနစ် ၇ဝ-၈ဝ ဆိုတာ ပုံမှန်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ အပြေး-အလွှား သွားတာ၊ ဒေါသထွက်တာ စတာတွေဖြစ်ရင် မြန်လာမယ်။ ဒါ ရောဂါမဟုတ်ဘူး။ အိပ်နေရင်နှေးမယ်။ ၆ဝ ထက် နှေးပြန်ရင်လည်း မကောင်းဘူး။ နောက် စည်းချက်ကျကျ ခုန်တာ ပုံမှန်။ နှေးလိုက်-မြန်လိုက် မဖြစ်ရဘူး။

နောက်တခုကတော့ နားကြပ်နဲ့နားထောင်မှ သိရမဲ့ နှလုံး အဆို့ရှင်ရောဂါ။ ငယ်တုံက အာသီးရောင်၊ လည်ပင်းနာ စသဖြင့် ဗက်တီးရီးယားပိုး ဝင်ရာကနေ နှလုံးဆီရောက်တဲ့ ရောဂါဖြစ်တယ်။ များသောအားဖြင့် နှလုံးခုန်တာ မြန်နေတတ်တယ်။ အမောမခံနိုင်ဘူး။

နောက်တခု Palpitation ရင်တုန်တာနဲ့ Tachycardia ရင်ခုန်တာ မတူပါ။ နှလုံးခုန်နှုံး မြန်နေတာကို ရင်ခုန်တာလို့ ပြောနိုင်တယ်။ ရင်တုံတာကတော့ ကိုယ့်နှလုံးက ခုန်နေတာကို သိနေတာမျိုး။ လူတွေဟာ ကိုယ့်ကိုယ်ကို အဲလိုခုန်နေတာ သတိမထားတတ်ပါ။ ကော်ဖီ၊ လက်ဘက်ရည် ပြင်းပြင်းသောက်ရင်း ဖြစ်တာမျိုး၊ လက်ဘက်စားရင် ဖြစ်တာမျိုး။

၂။ ဘယ်ရင်အုံက စူးပြီး အောင့်တာ။ ရင်ပတ် အောင့်တာ၊ နာတာဖြစ်ရင် နှလုံးကို စိုးရိမ်တတ်ကြတယ်။ အမှန်က နှလုံး သွေးကြောကျဉ်းရောဂါကသာ စိုးရိမ်စရာဖြစ်တယ်။ သူက အသက်ကြီးသူ၊ ဝလွန်းသူတွေမှာ ဖြစ်တာပါ။ နာတယ် ဆိုတာ တကယ်နာတာ၊ ခေတ်စကားနဲ့ဆို အသားကုန်နာတာ။ ပြုတ်တူနဲ့ အညှပ်ခံရသလို နာတာ။ နာတဲ့နေရာက ဘယ်ဘက် မဟုတ်ပါ။ ရင်ညွန့်ရိုးတည့်တည့် အလည်မှာ နာတာ။ ဇောချွေးပြန်အောင် နာတယ်။

၃။ နှလုံးမဟုတ်ရင် အဆုပ်။ ဒါကလည်း တခြားလက္ခဏာတွေနဲ့ တွဲနေမယ်။ ချောင်းဆိုး၊ ဖျား စသဖြင့်ပေါ့။

၎။ နောက်တခုက ရင်ပတ်အပြင်ပိုင်းကဖြစ်တာ။ အပေါ်ယံရောဂါပါ။ ရောဂါလို့တောင် မပြောချင်ပါ။ ဖြစ်တတ်တယ်။ ရိုးရိုး အနာ-အကိုက် ပျောက်ဆေးနဲ့ သက်သာပါမယ်။

အပြည့်အစုံ မစစ်ရဘဲ ခပ်လွယ်လွယ်ဆေးနည်း ပေးရရင့်
• Aspirin ဆေးကို တနေ့ ၂-၃ ကြိမ်သောက်ပါ။ အစာနဲ့တွဲသောက်ပါ။
• အားဆေး မိန်းကလေးဖြစ်လို့ သံဓါတ် + ဗီတာမင် ဘီအုပ်စု သောက်ပါ။
• အဆီစား မများစေနဲ့။ ရင်တုံစေတဲ့ အစားအစာတွေ ဆင်ခြင်ပါ။
• စိတ်ကို တည်ငြိမ်နိုင်အောင် ကြိုးစားပါ။
• လေ့ကျင့်ခန်း မပြင်းထံတာ ပုံမှန်လုပ်ပါ။
• အလေးချိန် မတိုးစေနဲ့။
• ရင်သားမှာ အလုံး-အကြိတ် ကိုယ့်ဖါသာ စစ်ကြည့်ပါ။
• နှလုံးခုန်နှုံး စစ်ဆေးနေပါ။ တက်လာရင် ပြောပါအုံး။
• ကိုယ်အလေးချိန် ကျကျလာရင် ပြောပါအုံး။
• မသက်သာရင်လည်း ပြောပါ။

Dr. တင့်ဆွေ
၂ဝ-၈-၂ဝ၁ဝ

Wednesday, August 18, 2010

Neck Glands လည်ပင်း အကျိတ်

2010/8/16
Q: လည်ပင်းကဖြစ်တဲ့ အကျိတ် ဘယ်နှစ်မျိုး ရှိပါသလဲဆရာ။ လည်ပင်းက အကြောအတိုင်း တစ်လုံးပြီး တစ်လုံး တန်းစီပြီး ထွက်တဲ့ အကျိတ်က ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေတာလဲ။ ဆေးသောက်တာနဲ့ ပျောက်နိုင်ပါသလား။

A: ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်တာ ဘယ်လောက်ကြာပြီ၊ တခြားဘာလက္ခဏာတွေရှိတယ်။ ဥပမာ ဓါတ်မှန်၊ နာ-မနာ၊ လူပိန်လာ-မလာ၊ သိချင်ပါသေးတယ်။ မတူတာတွေ အမျိုးမျိုးရှိလို့ပါ။ တက်စေ့ရောင်တာ၊ တီဘီ၊ ကင်ဆာ အတော် မတူတာတွေ။

Q: ဖြစ်တာက ညီမလေးတစ်ယောက်ပါဆရာ။ သူက နဂိုပိန်တာပါ။ သိပ်မကြာသေးဘူးထင်တာပဲ။ သူကခုမှ ကိုယ်ကိုယ်ကို စမ်းမိတာတဲ့၊ အလုံးက မမြင်ရပါဘူး။ လက်နဲ့ စမ်းကြည့်မှ သိတာပါ။ လည်ပင်း အကျိတ် ဟုတ်-မဟုတ် ဆိုတာလည်း မသိပါဘူး။ လူက ပိန်ရင် လည်ပင်းက အရိုးကြီးပေါ်နေတယ်လေနော်။ အဲဒီပေါ်နေတဲ့ အရိုးနဲ့ကပ်လျှက် အပေါ်ဘက် လည်ပင်း ချိုင့်နေတဲ့ နေရာမှာရှိတယ်။ အလုံးက ညာဘက်မှာပါ။ နာလည်း မနာဘူးတဲ့။ ဆေးခန်းလည်း မသွားရသေးပါဘူး။ ဆေးခန်းမှာ ဓါတ်မှန်ရိုက်ပြီး သေသေချာချာ စမ်သပ်ကြည့်ရမှာပေါ့နော် ဆရာ၊။ အသက်က ၂၈နှစ် ပြည့်တော့မှာပါ။ ချောင်းဆိုးနေတာ ၃၊ ၄ ပတ်ရှိပြီဆရာ။ ချောင်းဆိုးတာ ဆေးခန်း သွားပြီးပါပြီ။ အခု နဲနဲဆိုးပါသေးတယ်။ ဆရာပြောတဲ့ အခြား လက္ခဏာတော့ မတွေ့သေးပါဘူးဆရာ။

A: ဓါတ်ပုံ ပို့ပေးတာ အများကြီး အထောက်အကူရတယ်။ Goitre လည်ပင်းကြီးရောဂါ မဟုတ်တာ မြင်တာနဲ့ သိပြီ။ အဖြစ်နိုင်ဆုံးက လည်ပင်းမှာ ရှိတဲ့ တက်စေ့လို့ခေါ်တဲ့ Lymph Nodes ကြီးတာဘဲ။ ပုံမှာ တလုံးထဲ မြင်ရတယ်။ စာထဲမှာ တန်းစီပြီး ရှိတယ် ပြောတယ်။ စမ်းမှသိရတာ ဖြစ်မယ်ထင်တယ်။

လူတိုင်းမှာ Lymphatic system ဆိုတဲ့ သွေးပြန်ရည်စနစ် ရှိတယ်။ Lymph Nodes အစေ့လေးတွေ တခုနဲ့ တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံး လိုလိုမှာ ရှိတာ။ စုနေတဲ့ နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်း၊ နဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က Immune system ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာ တခုခု ဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုး ပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။

သူ့အရည် Lymph ထဲမှာ White blood cells သွေးဖြူဥတွေ၊ အူကလာတဲ့ Chyle အရည် နဲ့ သွေးနီဥ Red blood cells နည်းနည်း ပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း Antigens တွေပါ ပါနေလိမ့်မယ်။ နောက်ဆုံး Veins သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ ဘေလုံးခေါ်တဲ့ Spleen ဟာလည်း ဒါမျိုးဘဲ။ Tonsils အာသီးလည်း မထူးဘူး။ Lymph nodes အစေ့တွေ အထဲမှာ Lymphocytes သွေးဖြဥတွေက ရောဂါပိုးတွေကို ပြီးစေနိုင်တဲ့ Antibodies ခံနိုင်စွမ်း ထုတ်ပေးတယ်။

ပေါင်ခြံ နဲ့ ချိုင်းမှာ လက္မဝက်လောက်သာ ရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့် ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာ ဖြစ်တာနဲ့ တွဲနေရင် Antibiotic ပဋိဇီဝဆေး အရင်ဆုံး ပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပါတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ Abscess ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာ ပြည်တည်ရင်တော့ ခွဲရမှာပေါ့။

တက်စေ့ ကြီးနေယုံကတော့ ပြဿနာ မဟုတ်သေးပါ။ ၂ ပါတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ အဖျား တာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့-လှုတ် မရရင်၊ အစေ့ အထက်က အရေပြားက နီ-နာလာရင်၊ လည်ပင်းအခြေ၊ Collar (Clavicle) bone ညှပ်ရိုးနား ကပ်နေရင်၊ (အခုမေးသူလို)၊ ဆေးစစ်ရလိမ့်မယ်။

Lymph nodes အစေ့တွေ ဘာလို့ကြီးလာသလဲ။ Infection ရောဂါပိုးဝင်တာ။ Cancer ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ၊ စုံအောင် ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ Infection ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည် တည်းခိုနေတဲ့ ရောဂါလား ခွဲခြားရတယ်။

အာဂန္တုတွေက လည်ချောင်းနာ၊ နှာစေး၊ အရေပြားအနာ၊ နဲနဲပြင်းတာတွေက TB ဖန်းဂတ်စ်၊ Parasite ပါရာဆိုက်၊ Rheumatoid arthritis ရူမတွိုက် အဆစ်နာ၊ Lupus လူးပတ်စ်၊ နောက်ဆုံး HIV ကို ရွေးထုတ်ရမယ်။

ဆေးစစ်တာ Emergency hospital treatment သိပ်အလျှင်စလို လုပ်ဘို့ မလိုပါ။ ဆရာဝန်ဆီ ရောက်ရင် အရင်ဆုံး နုတ်ဖြေ စာမေးပွဲ အစစ်ခံရမယ်။ Blood test သွေးစစ်တာ၊ X-ray ဓါတ်မှန်ရိုက်တာ၊ CT scan လုပ်တာ၊ နောက်တခါ လာရင် Biopsy အသားစ ဖြတ်ထုတ်-စစ်ဆေးတာ လုပ်ချင်လုပ်မယ်။

ဆေးကုဘို့ကတော့ ဓါတ်မှန်အဖြေ၊ သွေးစစ်ချက်၊ အသားစဖြတ်စစ်တဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။

Dr. တင့်ဆွေ
၁၈-၈-၂ဝ၁ဝ

Sunday, August 15, 2010

Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း

August 15, 2010 6:54 PM
I am a 28 years old single woman. According to your Blog-post I thought that I have some infections in urine because I often get acidic urine. Acidic urine is not from the time I had intercourse with my partner, it is from the age around 20 till this day. Why habitually I get acidic urine and got pain during intercourse? Please advise me some appropriate medicines and suggestions.

လူရဲ့ဆီးဟာ ပုံမှန်ကိုက အက်စစ်လိုဘဲ။ ပူစပ်စပ်နေတယ်။ ဓါတုဗေဒလို အက်စစ်ဓါတ်ကို pH နဲ့ တိုင်းရတယ်။ ဆီးက pH 5.8 နဲ့ 7 အတွင်း ရှိတာ ပုံမှန်ဖြစ်တယ်။ ဆီးလမ်း ပိုးဝင်နေရင် pH နည်းနေတာ တွေ့ရတယ်။ ကြာသွားပြန်ရင် တမျိုး ဖြစ်ပြန်တယ်။ pH များတာကို (အယ်လ်ကာလိုင်း) ဖြစ်နေတယ် ခေါ်တယ်။ ဒါလည်း မကောင်းဘူး။ ဗီတာမင် စီ Ascorbic acid ကို ပြောင်းပြန် မှတ်ပါ အက်စစ် လျှော့စေနိုင်တယ်။

ဆီး အက်စစ်ဓါတ် များစေတဲ့ အကြောင်းရင်းတွေကတော့ -
• Acidic food အက်စစ်များစေတဲ့ အစားအသောက်တွေစားတာ၊
• Starvation အစာငတ်ခံတာ၊
• Diarrhea ဝမ်းပျက်တာ၊
• Diabetes ဆီးချိုရှိတာ၊
• Dehydration ရေ-ဆားဓါတ် နည်းသွားတာ၊
• Respiratory diseases အသက်ရှူလမ်း ရောဂါ တချို့တို့ ပါဝင်တယ်။

အစားအသောက်
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။
• အသား၊ Seafood ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက Uric Acid ယူရစ်-အက်စစ် များတဲ့ အစာတွေ ဖြစ်တယ်။ Gout ဂေါက် ရောဂါအတွက်ပါ မကောင်းဘူး။
• Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။
• Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။
• အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။
• သံပုရာရည်ဟာ ပျားကောင် ကိုက်တာအတွက်လည်း သုံးနိုင်တယ်။
• Processed syrups (Packaged fruit juices, Sauces, pickles and artificial sweeteners) တွေကို အက်စစ် များနေသူတွေ ရှောင်သင့်တယ်။
• Juices made of black cherry, Celery, Birch leaf and Parsley တွေ သောက်သင့်တယ်။
• ဆီးမှာ အက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။
• ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။
• ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။
• ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။
• ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။
• ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။
• ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။
• လိင်မဆက်ဆံမီ ရေဆေးပါ။
• အမျိုးသမီးသုံး Feminine hygiene sprays and scented douches ဆိုတာတွေ မသုံးပါနဲ့။
• ဂေါက် ဖြစ်နေသူ၊ ဆီးပူနေသူ၊ ဆီးခဏခဏ အောင့်တတ်သူများ Cranberry (Vaccinium macrocarpon) ဆေး၊ Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ Water ရေ များများ သောက်ပါ။ No meat No eat မလုပ်ပါနဲ့၊ အသား လျှော့စားပါ။

Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ပဋိဇီဝဆေးများ၊ လိင်ဆက်ဆံပြီးရင်တောင်မှ ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။ Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။
• လေနာဆေး Antacid (Magnesium hydroxide) tablet ဆီးပူတာ သက်သောအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• Hyoscine (Spasmogin or Buscopan) နာတာ သက်သာအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

Dr. တင့်ဆွေ
၁၆-၈-၂ဝ၁ဝ

Aug 12, 2010 at 3:29 AM
Q: I have one more thing to ask you concerning the pain which I forget to tell you that is when I am doing for urine it is very hot (just like eating a lot of chilly and get hot) inside of my penis. I could not be able to pass out all the urine as much as I can because it is hot and painful. I hope that I have some infection. PLZ give me some more clarification of it.

ဘာသာပြန်။ ကျားအင်္ဂါ နာတာမေးတုံးက ကျွန်တော် မေးဘို့ ကျန်သွားတာတခု ရှိသေးတယ်။ ဆီးသွားရင် လိင်အင်္ဂါမှာ အရမ်းပူတယ်။ ငရုပ်သီးတွေ အရမ်းကာရော စားထားတာကြနေတာဘဲ။ ဆီးတောင် ကုန်အောင် မပေါက်နိုင်ဘူး။ ရောဂါ တခုခု ဝင်နေပြီ ထင်တယ် ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါအုံး။

Gonorrhea (ဂနို) ရောဂါကို အရပ်ထဲမှာ “ဆီးပူ-ညောင်းကျ ရောဂါ” လို့ ခေါ်တတ်တယ်။ ရောဂါရှိနေသူများ ဆီးကပူ၊ လူကြည့်ရတာ ညောင်နာနာ၊ ပုဆိုးကို လက်နဲ့မ လမ်းသွားရရှာလို့ပါ။

သွေးကို ကျောက်ကပ်ထဲ ရောက်ပြီး စစ်ထုတ်လိုက်ရင် ဆီးဆိုတာ ဖြစ်လာတယ်။ ဘယ်အရည်မဆို စစ်ကြည့်ရင် (အက်စစ်) ဒါမှမဟုတ် (အယ်လ်ကာလီ) ဖြစ်တယ်။ ဆန်းတော့ ဆန်းတယ်။ သွေးက (အယ်လ်ကာလီ)၊ ဆီးက (အက်စစ်)။ ဓါတုဗေဒ သင်ဘူးသူများ သိပါတယ်။ စစ်ရင် Ph ဆိုတာနဲ့ တိုင်းတယ်။ Ph 7 ထက် နည်းရင် အက်စစ်၊ များရင် (အယ်လ်ကာလီ)။

ပြုံးစရာတခု ပြောအုံးမယ်။ ဆေးပညာ မသိရင် ကျန်းမာရေး၊ ဥပဒေ မသိရင် တရားသူကြီး ဖြစ်ရတဲ့ ခေတ်ကပေါ့။ စက်ရုံ တခုကို ဝန်ကြီးလုပ်ရသူက သွားစစ်တယ်။ အင်ဂျင်နီယာကနေ အစီရင်ခံတာပေါ့။ “ဒီရေက (ပီ-အိတ်ခ်ျ) ၇ တိတိ ရှိပါတယ် ခင်ဗျား” ပေါ့။ ဒီတော့ ဝန်ကြီးက လိုအပ်သည်များ ပြန်လည် မှာကြားလိုက်တာက “နောက်တခါ ၇ ထက်များပါစေ” တဲ့။

ဆီးက အက်စစ်ဖြစ်နေတာမို့ အလိုလို နဲနဲ ပူစပ်စပ်နေတယ်။ ဆီးသိပ်ပူလာရင် မကောင်းဘူး။ အခံရ ခက်တာတင်မက ပိုးကလည်း အဲလိုနေရရင် ပျော်တယ်။ ပျောက်အောင်၊ သက်သာအောင် အစားအစာ ရွေးစားပါ။

အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေကို လျှော့ရ-ရှောင်ရမယ်။ အက်စစ် များစေတယ်။

ကောင်းတာတွေက လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည်။ အစာအိမ် လေနာအတွက် ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ ဆီးကို အက်စစ်ဓါတ် လျှော့စေပါတယ်။

နည်းယူပြီး ဆီးပူ ပျောက်ပါစေ။

Dr. တင့်ဆွေ
၁၂-၈-၂ဝ၁ဝ

August 15, 2010 11:35 AM
(၁) Cefixime 400 mg နှင့် Ciprofloxacin 500 mg ဆေးတွေသည် လူနှင့် မတည့်တာများ ရှိပါသလား။
(၂) ဆီးလမ်းဝပြွန်ရောင် ရောဂါသည် လိင်ဆက်ဆံဖက်အဖေါ်ကို ကူးစက်နိုင်ပါသလားခင်ဗျာ။
(၃) မိမိလိင်တံကို oral sex လုပ်ရင် STDs နှင့် တခြားရောဂါများ မိမိကို ကူးစက်နိုင်ပါသလားခင်ဗျာ။
(၄) Uncomplicated Gonorrhea ၏ ရောဂါလက္ခဏာနှင့် ဆီးလမ်းဝပြွန်ရောင်ရောဂါများသည် ပန်းငုံနေသည့် လိင်တံတွင် ဘယ်လိုပုံစံမျိုး ဖြစ်တတ်ပါသလဲဆရာ။

(၁) Cefixime 400 mg နှင့် Ciprofloxacin 500mg ဆေးတွေသည် လူနှင့်မတည့်တာများ ရှိပါသလား။
ဘယ်ဆေးမဆို မလိုချင်တဲ့ အကျိုးမျိုးတွေ ဖြစ်စေနိုင်တယ်။ Side effects, Adverse effects ဘေးထွက် ဆိုးကျိုးတွေက ဆေးထိုး-ဆေးသောက်ရသူ အတော်များများမှာ ဖြစ်လေ့ရှိတာတွေပါ။ တယောက်နဲ့ တယောက် ဖြစ်တာခြင်း မတူကြဘူး။ Drug allergy ဆေးနဲ့ မတည့်ခြင်း ဆိုတာက လူတိုင်းမှာ မဖြစ်ဘဲ၊ တချို့လူတွေမှာသာ ဖြစ်တတ်တာမျိုး ပြောတာပါ။ နောက်ပြီး တွဲမပေးသင့်တဲ့ ဆေးတွေ ဆိုတာလည်း ရှိသေးတယ်။

ဆေးရဲ့မကောင်းကျိုးတွေ ကြည့်ပြီး ဆေးကို မသုံးခြင်စရာတော့ ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဆရာဝန်ကနေ ညွှန်ရင် ဆေးခါးကြီးမြိုခိုင်းသလို သဘောထားပြီး၊ အဆိုးကြီးနဲ့ ဘာမှ မဟုတ်လောက်တဲ့ အဆိုးသေးသေးလေး လဲသင့်ပါတယ်။

Cefixime ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့-
အစာမကြေ၊ ဝမ်းပျက်၊ အန်တာ။ အရေပြားမှာ နီလာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်တယ်။ ပိုဆိုးတဲ့သူတွေမှာတော့ အရေပြားနီတဲ့အပြင် ယားမယ်၊ အပိန့်တွေ ထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ရင်ကြပ်လာမယ်။

Ciprofloxacin ဆေးက Quinolone အုပ်စုထဲကဖြစ်လို့ သူ့ကိုမတည့်ရင် တခြား အုပ်စုဝင်တွေပါ မတည့်တာ ဖြစ်နိုင်တယ်။
Gatifloxacin, Gemifloxacin, Levofloxacin, Lomefloxacin, Moxifloxacin, Nalidixic acid, Norfloxacin, Ofloxacin, Sparfloxacin တွေဖြစ်တယ်။
Warfarin, Certain antidepressants, Antipsychotics, Caffeine or Medications, Clozapine, Cyclosporine, Diuretics, Glyburide, Amiodarone, Disopyramide, Procainamide, Quinidine, Sotalol, Methotrexate, Metoclopramide, Ibuprofen, Naproxen, Phenytoin, Probenecid, Ropinirole, Theophylline ဆေးတွေနဲ့ တွဲ မပေးသင့်ဘူး။
Aluminum hydroxide, Magnesium hydroxide, Didanosine, Calcium, Iron, Zinc, Vitamin, Sucralfate တွေနဲ့ ဆိုရင် အချိန်ခြားပြီး ပေးတယ်။
ကိုယ်ဝန်ဆောင်နေတာ၊ ကလေးနို့တိုက်နေတာဆိုလည်း သတိနဲ့ ပေးရတယ်။

Ciprofloxacin ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့-
ပျို့-အန်၊ ဗိုက်နာ၊ ရင်ပူ၊ ဝမ်းပျက်၊ ဆီးသွားရင် မြန်မြန်သွားချင်၊ ခေါင်းကိုက်၊ မွေးလမ်းကြောင်းယား၊ ပိုဆိုးတဲ့သူတွေမှာ အရေပြားနီတဲ့အပြင် ယားမယ်၊ အပိန့်တွေထွက်မယ်၊ အဆစ်-ကြွက်သားနာ၊ ဖျား၊ အားယုတ်၊ အစားပျက်၊ မျက်လုံးဝါ၊ ဆီးနီ၊ အသက်ရှူခက်လာမယ်၊ ရင်ကြပ်လာမယ်။
စိတ်မကြည်တာ၊ အိပ်ခြင်တာ၊ ခေါင်းမူးတာဖြစ်တတ်လို့ ဆေးသောက်နေတုံး ကားမမောင်းသင့်ဘူး။ နေလောင်တာလည်း ရှောင်သင့်တယ်။ ကော်ဖီပြင်းပြင်း မသောက်သင့်ဘူး။ ရေများများ သောက်သင့်တယ်။

(၂) Urethritis ဆီးလမ်းဝပြွန်ရောင်ရောဂါဆိုတာ ဆီးသွားပြွန်မှာ ပိုးဝင်ပြီး ရောင်တာပါ။ ဆီးအိမ်ကနေ အပြင်ထွက်စေတဲ့ ပြွန် ဖြစ်တယ်။ အမျိုးသားတွေက ရှည်ပြီး၊ အမျိုးသမီးတွေမှာ တိုတယ်။

လိင်ကတဆင့် ကူးစက်ပိုးတွေ အပါအဝင် တခြားပိုးတွေလည်း ဖြစ်နိုင်တယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ ဗိုင်းရပ်စ် စုံတယ်။ စအိုနဲ့ နီးလို့ အစာလမ်းကပိုး ဆီးလမ်းကိုဝင်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ယေက်ျားတွေမှာ အဖြစ်နည်းတယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းဝပြွန်ရောင်ရာကနေ ဆီးအိမ်ပါ ရောင်လာစေတတ်တယ်။ လိင်ဆက်ဆံဖက် အဖေါ်ကို ကူးစက်နိုင်တယ်။

Gonorrhea (ဂနိုရီးယား) ယောက်ျားမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာလည်း Urethra ဆီးထွက်ပြွန်၊ Vagina မွေးလမ်းကြောင်း၊ Cervix သားအိမ်ဝ၊ Uterus သားအိမ်၊ Ovaries and Fallopian tubes မျိုးဥအိမ်နဲ့ သားအိမ်ပြွန် တွေအထိ ရောက်နိုင်တယ်။ Chlamydia နဲ့ Herpes simplex virus တွေလည်းဖြစ်တယ်။ Trichomonas ဆိုတဲ့ Parasite (ပါရာဆိုက်) ကလည်းဖြစ်စေနိုင်တယ်။ Escherichia coli ဗက်တီးရီးယား ကြောင့်လည်းဖြစ်တယ်။

ဆီးသွားရင် နာမယ်၊ ဆီးခဏခဏ သွားခြင်မယ်၊ ဆီးကို ဒရောသောပါး သွားခြင်မယ်။ ရောဂါလက္ခဏာ မပေါ်ဘဲ ပိုးရှိနေနိုင်တယ်။ ဆီးထဲမှာ သွေးပါလာတတ်တယ်၊ အနယ်ပါမယ်။ Gonorrhea နဲ့ Chlamydia ကြောင့်ဆိုရင် ယောက်ျားမှာ တခုခုပါ ဆင်းနိုင်တယ်။ (ကွန်ဒွန်) နဲ့ ကာကွယ်နိုင်တယ်။


ဆေးမကုဘဲထားရင်၊ ဆေးပါတ်မလည်ရင် Urethra ကျဉ်းသွားစေတတ်တယ်။ ပြည်ထွက်လာနိုင်တယ်။ နောက်ပိုင်း အထက်တက်ပြီး Bladder ဆီးအိမ်၊ Kidneys ကျောက်ကပ်တွေ ရောင်လာနိုင်တယ်။

ယောက်ျားတွေဖြစ်ရင် -
• Gonorrhea အတွက် Injection Ceftriaxone နဲ့ Chlamydia အတွက် Azithromycin ဒါမှမဟုတ်
• Doxycycline သောက်ရမယ်။
• တခြားပိုးဆိုရင် Septein (Trimethoprim-sulfamethoxazole) ဒါမှမဟုတ်
• Ciprofloxacin ဆေး သောက်ခိုင်းတယ်။
• ဗိုင်းရပ်စ် ဆိုရင် Acyclovir ပေးတယ်။

အမျိုးသမီးတွေ Cystitis ဆီးအိမ်ရောင်ရင် Antibiotic ကို ၁ ရက်၊ ၃ ရက်၊ ၁ဝ ရက် ပေးတယ်။
• Cotrimoxazole (Septrin) ၂ ဆပြင်းဆေးပြား တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg ၁ ပြား ၄ ကြိမ်၊ ဒါမှမဟုတ်
• Amoxacilin 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ အနည်းဆုံး ၃ ရက်။
• လိင်ဆက်ဆံဘက် အသစ်ကနေဖြစ်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။
• နာတာ သက်သာအောင် Anticholinergic effects ရှိတဲ့ဆေး (Buscopan ဒါမှမဟုတ် Diclofenic) ပါ ပေးတယ်။

(၃) မိမိလိင်တံကို Oral sex လုပ်ရင် STDs နှင့် တခြားရောဂါများ မိမိကို ကူးစက်နိုင်ပါသလားခင်ဗျာ။
Oral sex လုပ်ရင် STDs အပါအဝင် တချို့ရောဂါတွေ ကူးစက်နိုင်ပါတယ်။ အဓိက HIV, Hepatitis B, Hepatitis C တို့ ဖြစ်တယ်။ ပြုလုပ်သူရဲ့သွားရည်မှာ ပိုးပါနေမှ ကူးတယ်။ အပြုခံသူမှာ မဆက်ဆံခင်-ဆက်ဆံချိန် ထွက်တဲ့အရည်မှာ ပိုးပါနေမှ ကူးတယ်။ အပေါ်ယံအဖုံးလွှာ အနာအဆာ သေးသေးလေးရှိနေရင် ကူးတယ်။ (ကွန်ဒွန်) နဲ့ ကာကွယ်နိုင်တယ်။

(၄) Uncomplicated Gonorrhea ၏ ရောဂါလက္ခဏာနှင့် ဆီးလမ်းဝပြွန်ရောင်ရောဂါများသည် ပန်းငုံနေသည့် လိင်တံတွင် ဘယ်လိုပုံစံမျိုး ဖြစ်တတ်ပါသလဲဆရာ။
ဆီးထွက်ပြွန်မှာ ဖြစ်နေလို့ အပြင်ပမ်းက ထူးခြင်မှ ထူးမယ်။ အရည်ထွက်ရင်တော့ သိသာမယ်။

Dr. တင်ဆွေ
၁၅-၈-၂ဝ၁ဝ

Friday, August 13, 2010

Bone fracture အရိုးကျိုးပြီး ရောင်နေလို့

ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်နေသူ ဖြစ်ပါသည်။ အလုပ်ထဲမှာ အက်ဆင့်ဒန့်ဖြစ်ပြီး ခြေထောက် နှစ်ချောင်းစလုံး ဒဏ်ရာရခဲ့ပါသည်။ ဘယ်ဘက် ခြေထောက်က ခြေကျင်းဝတ်နေရာမှာ ကျိုးသွားပြီး၊ ညာဖက် ခြေဖမိုး လိမ်ကောက် သွားပါသည်။ ဆေးရုံတက် ခွဲစိတ်ကုသရပါသည်။ ယခု လမ်းလျှောက်နိုင်ပြီး အလုပ်ပြန် ဆင်းနေရပါပြီ။ ခက်သည်က လိမ်ကောက် သွားသည့် ဖက်က ဖြစ်နေခြင်း ဖြစ်ပါသည်။ အရိုးကို ပြန်တည့်မတ်ထားပြီး ခြေဖမိုးမှာ စခရူ သုံးချောင်း ထည့်ထားသည်ဟု ပြောပါသည်။ အဲဒီဘက်က ယခု အလုပ်သွားသောအခါ နှစ်ရက်လောက် လမ်းလျှောက်လျှင် ခြေဖမိုး ရောင်လာပါတော့သည်။ ကိုယ်နိုင်ငံ မဟုတ်တော့ ဘာဆေးစားပြီး ဘာဆေး လိမ်းလျှင် အရောင် သက်သာမည်ကို မသိပါခင်ဗျာ။ လမ်းလျှောက်များလျှင် ရောင်လာခြင်းက အဘယ်ကြောင့် ဖြစ်ရပါသနည်း။

တိုက်တိုက် ဆိုင်ဆိုင်ဘဲဗျာ။ အခုတင် အမျိုးသမီးယောက် လက်ကောက်ဝတ်ရိုးကျိုးတာ သတ္ထုချောင်း ထည့်ထားရတဲ့ အကြောင်း မေးလို့ ပြန်ရေးရသေးတယ်။ ကျွန်တော်လည်း အကျိုးပေး သန်တယ်။ ညာလက်ကောက်ဝတ်နဲ့ ဘယ်ဒူး ကျိုးထားတယ်။ ဒူးမှာ သတ္ထုချောင်းက ခုထိမဖြုတ်ရသေးဘူး။ မအားလို့။

စိတ်မပူပါနဲ့။ ထိခိုက်ဒဏ်ရာ ဘယ်မှာ ဘယ်လောက်ရရ၊ ဘယ်လိုကုကု မိမွေးတိုင်းတော့ မကောင်းတော့ဘူး။ အနည်းနဲ့ အများ တခုခု ဖြစ်လာစေတယ်။ ရောင်တာ၊ နာတာ၊ ကိုက်တာ စသဖြင့်ပေါ့။ ရောင်တဲ့အကြောင်းကတော့ ခိုက်မိတုံးက အရိုးကျိုးတာသာ လူတွေသတိပြု၊ ဂရုစိုက်ကုကြတယ်။ အရိုးတင် မဟုတ်ဘူး။ ကြွက်သား၊ သွေးကြော၊ အာရုံကြော၊ အဆီ၊ အရွတ်၊ ထိခိုက်မိသမျှ အနည်းနဲ့ အများပျက်စီးစေတယ်။ ဘယ်(တစ်ရှူး) မဆို ပျက်စီးတာကနေ အာရုံကြော တမျိုးက လွဲရင် ပြန်ဆက်၊ ပြန်ပေါက်နိုင်တယ်။ အရိုးလဲပါတယ်။ အရိုးကြတော့ တည့်အောင်၊ တန်းအောင်၊ ပြန်အလုပ် လုပ်နိုင်အောင် ပြင်ပေးရမယ်။ ဆက်တာက သူ့ဖါသာ ဆက်သွားတာပါ။

ထိခိုက်-ပျက်စီးတဲ့အထဲမှာ Lymph vessels သွေးပြန်ရည်ကြောတွေ ပါသွားတယ်။ နေရာတကာ ရှိတာကိုး။ သူတို့ လမ်းပိတ်တာကြောင့် ရောင်စေတယ်။ ကြာလာလို့ (လင့်ဖ်) တွေ သွားလမ်းသစ် ရလာရင် ရောင်တာ သက်သာလာ ပါလိမ့်မယ်။ ဒီကြားထဲ လမ်းလျှောက်တာ၊ ကြာကြာရပ်တာ ဆင်ခြင်နိုင်ရင် သက်သာစေမယ်။

လိမ်းဆေးတွေ သုံးနိုင်ပါတယ်။ နာတာ-ရောင်တာ အတွက် အပူပါတဲ့ဆေးတွေ အများကြီး။ ဗမာဆေးတွေက ပိုတောင် ပေါသေး။ တိုင်းရင်းဆရာ မဟုတ်လို့ မညွှန်းလိုပါ။ Diclofenac Gel, Analgesic Gel ဆေးနာမည်တွေ များသလားမမေးနဲ့။ ဆရာဝန်လက်မှတ် မလိုတဲ့ဆေးတွေလဲဖြစ်၊ လူတိုင်းလည်း လိုတတ်တာမို့ သိပ်ကိုများတယ်။ တခုခုသုံးပါ။ ပရုပ်ဆီတောင် ပါသေး။ ဒါလဲ တိုက်ဆိုင်တာ တခုဘဲ။ ဒီမနက်တင် မေးတဲ့သူရှိလို့ ရေးလိုက်ရသေးတယ်။

အနာသက်သာတဲ့ဆေး ဆိုတာ နာတာတင်မကဘူး၊ ရောင်တာလည်း ကျစေပါတယ်။ ကိုယ်ပူနေရင်လည်း ကျတယ်။ ချွေးထွက်လိမ့်မယ်။ အစာအိမ်လေနာ ရှိရင်တော့ သတိနဲ့ သောက်။ အစာနဲ့ သောက်ပါ။ လိမ်းဆေးကတော့ ဒီလိုမျိုး မဖြစ်ပါ။ တခါတလေ မိုးအုံ့လို့ နာတာ မခံနိုင်ရင် Xyocaine ထုံဆေးလိမ်းဆေး လိမ်းနိုင်တယ်။

Dr. တင့်ဆွေ
၁၃-၈-၂ဝ၁ဝ

Balm ပရုပ်ဆီ

12 Aug 10, 14:26
မြန်မာမှာက လူတန်းစား အမျိုးမျိုးက ပုရုပ်ဆီကို အလွယ်ပဲ သုံးတတ်ကြပါတယ်။ ဥပမာ- ပုရွက်ဆိတ်ကိုက်ရင် တစ်ချို့ကလည်း ပုရုပ်ဆီ လိမ်းခိုင်းတယ်၊ တစ်ချို့ကလည်း မလိမ်းသင့်ဘူးပြောတယ်။ လည်ပင်းနာရင် ပုရုပ်ဆီမြိုချရင် သက်သာတယ် ပြောကြတယ်၊ မလုပ်သင့်ဘူး လို့လည်း ပြောကြတယ်။ ကြားဘူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲ သုံးနေကြတာ များပါတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီး ပုရုပ်ဆီရဲ့ ကောင်းကျိုး ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန် ဗဟုသုရစေရန် အလို့ဌာ ပိုစ့်တစ်ပုဒ်လောက် ဆရာ အချိန်ရရင် ရေးပေးစေလိုပါတယ်။

မေးတာကို ကျေးဇူးတင်ပါတယ်။ မှန်တယ်ဗျ။ ကျွန်တော်တို့ အရင်ကတည်းက လူကြီးသူမတွေဆိုရင် ပရုပ်ဆီ မရှိရင် နေမဖြစ်ဘူး ပြောရသလောက်ဘဲ။ ၉၆ ပါးထဲက အတော်များများမှာ သုံးကြတာ။

လူတိုင်းဟာ နာတာ၊ ကိုက်တာနဲ့ မကင်းကြဘူး မဟုတ်လား။ နောက်ပြီး ဗမာတွေက လက်တွေ့ကျချင်သူတွေလို့ ခပ်လွယ်လွယ် ပြောရမလားဘဲ။ နာရင် နာတဲ့နေရာကို တခုခု လုပ်ရမှ စိတ်ကျေနပ်တယ်။ လက်နဲ့ဖြစ်ဖြစ် နှိပ်လိုက်ရမှ။ “ရမ်းကု” လို့ ဆိုသူများ ဇက်ကြောတက်ရင် ဇက်မှာ ဆေးထိုးပေးသတဲ့။ ဆရာဝန်ဖြစ်စက “ဟာ ငါသင်ခဲ့အထဲ ဒါ မပါပါလား” လို့ တွေးခဲ့မိဘူးတယ်။

ဒီသဘောနဲ့ နာတာ၊ ကိုက်တာကို နာတဲ့-ကိုက်တဲ့နေရာမှာ လိမ်းလို့ရတဲ့ ပရုပ်ဆီ ခေတ်စားလာစေတာလဲ အကြောင်းတခု ဖြစ်နိုင်မယ် ထင်တယ်။ “ကျားပရုပ်ဆီ” တံဆိပ်နဲ့ ဗမာပြည်မှာ ခေတ်စား နေခဲ့တာကြာပါပြီ။ ရောင်းလည်း ကောင်းလွန်းလို့ ခပ်ဆင်ဆင် တံဆိပ်တွေပါ တိုးလားတယ်။ ခေါင်းမူး-ခေါင်းကိုက်၊ ခြင်ကိုက်၊ ပုရွက်ဆိတ်ကိုက်။ ချောင်းဆိုး၊ ဗိုက်အောင့်ရင် ဗိုက်ပေါ်လိမ်း၊ ရင်ပတ်နာရင် ရင်ပတ်မှာလိမ်း၊ အဆစ်နာ၊ ရူမက်တစ်နာ၊ လည်ပင်း-ဂုတ်ပိုးနာ၊ ကြွက်သားနာ၊ လူတိုင်းနဲ့ မကင်းတဲ့ ဝေဒနာတွေပါ။

ကျားပရုပ်ဆီ ပေါ်တာ နှစ် ၁ဝဝ ကျော်ပါပြီ။ ထီးသုံး-နန်သုံး တရုပ်ရိုးရာနည်း Pinyin ကနေလာတာပါ။ (တိုက်ဂါး) ပရုပ်ဆီကို Aw Chu Kin ကနေ မြန်မာပြည်မှာ ၁၈ဝ၇ ခုနှစ်က ရန်ကုန်မှာ ဆိုင်သေးလေး စထောင်တယ်လို့ သမိုင်း မှတ်တမ်း တင်ထားပါတယ်။ သူ့သားနှစ်ယောက်ကနေမှ Tiger Balm ကို စင်္ကာပူ ယူလာခဲ့ပြီး Haw Par Healthcare ကုမ္ပဏီထောင်ခဲ့တာ အခု သိပ်ကြီးပွါးနေပြီ။။

ပရုပ်ဆီအနီ နဲ့ အဖြူမှာ ပါတာတွေ အတူတူလောက်ဘဲ၊ အနည်း-အများသာ ကွာတယ်။ လင်နမင် ဆိုတာလဲ ရှိသေးတယ်။ Camphor ပရုပ် ပါတယ်။ Menthol ပရုပ်အေး နဲ့ Clove Bud Oil လေးညှင်းဆီ များများ ပါတာက ပြင်းတယ်။ Cassia Oil သစ်ကြံပိုးအဆီကြောင့် ပရုပ်ဆီအနီက နီတယ်။ Cajuput Oil နဲ့ Mint Oil ပူဒီနာဆီက အဖြူမှာ များများပါတယ်။ နောက် ထုတ်တာတွေမှာ ယူကလစ်ဆီကို သုံးလာတယ်။

ကြီးကြီး-ငယ်ငယ် သုံးနိုင်တယ်။ လိမ်းရင် တနေ့ ၃-၄ ကြိမ်လို့ ဆေးညွှန်းက ဆိုတယ်။ ဆရာကမပြောရင် အပြင်ကနေ လိမ်း-ပွတ်သပ်ဘို့သာဖြစ်ပြီး ပါးစပ်ထဲ မထည့်ရ၊ ၂ နှစ်အောက်ကလေး မသုံးရလို့ သတိပေးထားတယ်။ လုပ်ကြတာပါဘဲ။ ရေနွေးထဲထည့် ရှူတာလည်း လုပ်တယ်။ Balm ဆိုတာ လိမ်းရတာကိုသာ ခေါ်တယ်။ Rub ဆိုရင် ပွတ်လိမ်းရတယ်။ စိတ်ကနေ သက်သာတယ် ထင်တာကိုက အကျိုးရှိနေတာမျိုး။

ခုထိတော့ ဘေးထွက်ဆိုးကျိုးကို တိတိပပ စာနဲ့ပေနဲ့ (ရီပို့တ်) မရှိသေးပါ။ ဘယ်ဆေး မဆိုကတော့ မကောင်းဘူးလို့ ပြောရမှာတွေ ရှိပါတယ်။ ဆေးမတည့်ရင် ယားတာ၊ နီတာ၊ အပိန့်ထွက်တာ၊ သိပ်ဆိုးရင် ပါးစပ်-လည်ပင်း ရောင်ပြီး အသက်ရှူခက်တာအထိ ဖြစ်နိုင်တယ်။ အမှန်ကတော့ ယားလို့၊ အပိန့်ထွက်လို့ ပရုပ်ဆီ လိမ်းရတာပါ။ မတည့်ရင် ပိုဆိုးတတ်တယ်ပေါ့။ မတည့်ဘူးဆိုတာ သုံးတိုင်းဖြစ်တယ်ပြောတာ မဟုတ်ပါ။

၂ဝ၁ဝ သြဂုတ် ၁ဝ ရက်နေ့ သတင်းအရ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ စင်္ကာပူက Haw Par Healthcare Ltd ရဲ့ Tiger Balm pain-relieving patch နဲ့ပတ်သက်ပြီး လုံလောက်တဲ့ အဆင့်တွေ မပြည့်စုံသေးဘူး လို့ သတိပေးလိုက်ပါတယ်။

Dr. တင့်ဆွေ
၁၃-၈-၂ဝ၁ဝ

Tuesday, August 10, 2010

Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့

တခု မေးချင်တာက ဆံပင် အဆီပျံတယ်ဆိုတာ ဘာဖြစ်တာလဲ။ ဘယ်လို လုပ်သင့်သလဲ။ သိရင် ဝေမျှပေးပါ။
• မှားထင်နေတာကို အရင် ပြင်ပြောရမှာဘဲ။ “ဦးရေက အဆီပြန်လို့ ဆံပင်အဆီပြန်တယ်” ထင်တာ မဟုတ်ဘူး။ ပြောင်းပြန်က မှန်တယ်။ တကယ် အဆီပြန်နေသူတွေ ပျောက်ချင်ရင် ဦးရေခြောက်အောင် လုပ်ရမယ်။
• မျိုးရိုးလိုက်တတ်။ (ဆံပင်ကြည့်ပြီးမှ အမေတော်ပေါ့။)

• ရာသီရက်နဲ့ ပတ်သက်လို့၊ မြီးကောင်ပေါက်မှာ ဖြစ်တတ်တယ်။ (မြန်မြန် အပျိုကြီုးဖြစ်အောင်လုပ်။)
• တားဆေးကိုလည်း ထင်နိုင်တယ်။ (မတားလို့ရရင် မတားနဲ့၊ ဒါမှမဟုတ် တခြားနည်းသုံး။)
• ဝစေလို့ သုံးတဲ့ ဆေးလည်း လွှဲချနိုင်တယ်။ (ဝတာလည်း လှတာဘဲဆိုသူနဲ့ အပေါင်းအသင်းလုပ်။)
• ဆံပင်ထူရင် ဖြစ်ချင်တယ်။ (ဆံပင်ပါးတဲ့လူတွေ စိတ်သက်သာရပါလေ။)
• အာဟာရကိုလည်း ပြောကြတယ်။ စုံအောင်-မျှအောင် ရွေးစားပါ။ (ဝယ်စားနိုင်အောင် အလုပ် ပိုလုပ်ပါ။)
• ခေါင်းလျှော်ရည် အပျော့စားသုံးပါ။ အပြော့စားဆိုလို့ အပြင်းစားကို ရေသွားမရောနဲ့။ ကလေးသုံး Shampoo မျိုး ပြောတာ။ (ရေရောတဲ့ အလုပ်ကောင်းကောင်း သိသူတွေကတော့ ဟိုဆိုင် အရင်ကတော့ ကော်ပိုရေးရှင်း ၄ က ပုဂ္ဂိုလ်များဘဲ။ ရေမှာ ပျော်ဝင်တာကိုသာ ရေရောရင် ပြော့စေနိုင်တယ်။ မူ၊ စံနှုံး၊ စည်းကမ်း ဆိုတာမျိုးတွေက ရေရောလည်း ပြော့မသွားရဘူး။)
• နေ့တိုင်း ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို ဦးရေခွံ မဟုတ်ဘဲ ဆံပင်ကို စိုအောင်လုပ်ပါ။ ပြီးရင် ရေဖွါးဖွါး ဆေးပေးပါ။ ရေအေးက ပိုကောင်းတယ်။ ဆပ်ပြာရည် မကျန်စေနဲ့။
• ခြောက်တဲ့အခါ Hot oil treatment လုပ်ပါ။ ဆီပူတာနဲ့ ကောသာပြုပြင်နည်းလည်း ထည့်ရေးပါ့မယ်။ ကြောညာနဲ့ ရောင်းတဲ့ နည်းတခုပါ။ ၃-၄-၅ ခါသုံး kits or bottles နဲ့ လာတယ်။ အပြောကတော့ ဆီပါတော့ ချောနေတာဘဲ။ Essential oils, and natural oils (Olive, Jasmine, Coconut, and Jojoba oils) တွေ ပါသတဲ့။ သုံးခါနီး ရေပူထဲမှာထည့် နွှေးရတယ်။ စိုနေတဲ့ဆံပင်ကို နှံ့အောင်လိမ်းပြီး နှိပ်ပေးရတယ်။ ပြီးရင် ပုဝါနဲ့ဖြစ်ဖြစ် Shower cap ရေချိုးခေါင်းစွပ်နဲ့ ဖြစ်ဖြစ် အုပ်ထားပါ။ ဖြစ်နိုင်ရင် ပုဝါကိုပါ Dryer နဲ့ နွေးအောင်လုပ်ပါ။ အညွှန်းအတိုင်း ကြာကြာထားပါ။ များသောအားဖြင့် နာရီဝက်။ နောက်ဆုံးမှာ (ရှမ်ပို) လိုက်ပါလို့ ဆိုပါတယ်။
• Conditioner မသုံးတာ ကောင်းတယ်။ သုံးချင်ရင် ဆံပင် အဖျားပိုင်းကိုသာ သုံးပါ။ (အကုန်အကျလည်း သက်သာတယ်။)
• ဆံပင်ပြောင်လက်ဆေး Hair gloss gel or Shine hair care products တွေ မသုံးပါနဲ့။ (သက်သာပြန်ပြီ။)
• သိပ်ဆိုးတဲ့သူများ Vinegar (ရှာလကာရည်) ၁ ဆ၊ ရေ ၄ ဆ ရောတဲ့အထဲ ဆံပင်ကို နှစ်စိမ်ပေးပါ။ ဦးရေကို မထိစေပါနဲ့။ သုံပုရာသီးလည်း သုံးနိုင်တယ်။
• ဆံပင်ကို ခဏခဏ မဖြီးပါနဲ့။ ခဏခဏ မကုတ်မိစေနဲ့။ ဆံပင်ကို ကိုင်နေတတ်တဲ့ အကျင့်ရှိရင် ပြင်ပါ။
• ဦးရေခြောက်တာနဲ့ တွဲဖြစ်သူများ Shampoo with tea tree oil သုံးပါ။ ဝယ်လို့ရရင်ပေါ့။
• Styling products တွေ သုံးတာ နည်းပါစေ။
• ဆံပင်ပေါ် ပေါင်ဒါဖြူးပါ၊ မျက်နှာပုဝါ အခြောက်နဲ့ ပြန်သုတ်ပါ။
• ဆံပင်စည်းပုံစံ ပြင်ပါ။ ဥပမာ Pigtail, Ponytail, Bun, Half ponytail (ပိုလည်း လှလာမယ်။)
• စိတ်ရှုတ်မခံပါနဲ့။ (ကာတွန်းဖတ်ပါ၊ ဆွေးစရာတွေ မတွေးပါနဲ့။ ရုပ်ရှင်ဆို ဇာတ်လိုက်ကချည်း နိုင်တာမှ ကြည့်။ ကိုရီးယားဇာတ်လမ်း ရှင်ခန်းဖြတ်။ နေတဲ့ တိုင်းပြည်က မကောင်းရင် The New Isle Called Utopia မှာ သွားနေပါလေ။)

Dr. တင့်ဆွေ
၁ဝ-၈-၂ဝ၁ဝ

Monday, August 9, 2010

Drooling During Sleep အိပ်ပျော်ရင် သွားရည်ကျတာ

အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများ ရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လဲရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိ မရှိလို့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှ မတွေ့ဖူးဘူး ဖြစ်နေပါတယ် ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။

လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ် Silk ပိုးထုတ်ပေးတာကိုး။

ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။ ရီစရာသဘော ပြောတာပါ။ “ရှက်စရာ” ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။

ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။

ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့ ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို “Take a deep breath အသက်ပြင်းပြင်းရှူ” လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။

မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကို အမြဲပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကို ကြည့်ပါ။ သူ့ပါးစပ် ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေချိန်ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်း ဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်က ဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။

သွားရည် များစေတတ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ်များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာပြင်ဘို့လိုမယ်။

အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက် စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက် ဆိုရင် ပါးစပ်ဟဘို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ် ကောင်းကောင်း မပိတ်အုံးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာ ကျင့်ဘို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။

အိပ်ရင် သွားရည်ကျတာ ကြာတော့ အလေ့အထလို ဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ ခက်တာမို့ အလွယ်နဲ့ စိတ်မပျက်ပါနဲ့။ “ခက်တာကို ရအောင်လုပ်မယ်” လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်းခိုး တိုးလာပါလိမ့်မယ်။

Dr. တင့်ဆွေ
၉-၈-၂ဝ၁ဝ

Dr. Nay Oo (Burma) said...
"Mouth Breather" လို့ခေါ်တဲ့ ပါးစပ်နဲ့ အသက်ရှူကြတဲ့ သူတွေဟာ အများအားဖြင့် သွားခေါတဲ့ သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ နှုတ်ခမ်းကို စေ့အောင်၊ လုံအောင်ပိတ်ဖို့ လွယ်လွယ်ကူကူ မဖြစ်ကြလို့ ပါးစပ်ဟာ အမြဲလို ဟနေတတ်ပါတယ်။ အထူးသဖြင့် အိပ်ပျော်တဲ့ အချိန်မှာ ပါးစပ်လုံနေအောင်ပိတ်ဖို့ ပိုခဲယဉ်းပါတယ်။ တခုခုကို မျိုချဖို့အတွက် အစာမျိုပြွန် အတွင်းကို ပါးစပ်နဲ့ လည်ပင်းက ကြွက်သားများ အကူအညီနဲ့ ဖိချရတာပါ။ အဲသလို ဖိအားနဲ့ မျိုချနေချိန်မှာ Anterior Oral Seal လို့ခေါ်တဲ့ နှုတ်ခမ်းတွေ စေ့ထားပြီး ပါးစပ်ကို လုံနေအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘယ်သူမှ ပါးစပ်ဟ ထားလျက်နဲ့ အစာ၊ရေ၊အရည် မျိုချလို့ မရပါဘူး။ သာမန် အချိန်မှာတောင် ပါးစပ်နဲ့ သွား အနေအထားကြောင့် အတင်း ထိန်းချုပ်ပြီး စေ့မထားရင် ပါးစပ် ဟ နေတတ်သူဟာ အိပ်ပျော်နေချိန်မှာ ပါးစပ် ဟနေတော့ သွားရည်ကျတာကို ပြန်သိမ်းပြီး မျိုချဖို့ ခက်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေဟာ အိပ်ပျော် နေရင်း သွားရည်ကို အသိမဲ့ ပြန်သိမ်း မျိုချနိုင်ကြလို့ သွားရည် မကျပေမဲ့ Mouth Breather အတွက် အသိမဲ့ အလိုအလျောက် မျိုချဖို့ ခက်လို့ သွားရည်ကျတာ ဖြစ်ပါတယ်။ အသက် သိပ်မကြီးလှသေးသူ၊ အပေါ်၊ အောက် မေးရိုးအနေအထားကြောင့် သွားခေါတာ မဟုတ်ပဲ သွား အနေအထားနဲ့ ပုံမှန် မဟုတ်တဲ့ အမူအကျင့်တွေ (လက်မစုပ်ခြင်း၊ ကိုယ့်လျှာ ကိုယ်ပြန်စုပ်နေခြင်း၊ ခဲတံ၊ ဘောပင် စတဲ့တခုခုကို အမြဲ ကိုက်နေခြင်း) ကြောင့် သွားခေါ နေတယ်ဆိုရင် ပြုပြင်ယူနိုင်ပါတယ်။ သွားညှိကုသမှု အထူးကု သွားဘက်ဆိုင်ရာ ဆရာဝန် (Orthodontic) နဲ့ ပြပြီး သွားခေါတာ ကို ပြုပြင် ကုသလို့ ရ၊ မရ အကြံဥာဏ် တောင်းခံ နှိုင်ပါတယ်။

Friday, August 6, 2010

Q and A August 2010 (6)

1. သားအိမ်ကို ဓာတ်မှန်ရိုက်ကြည့်ရာ အကြိတ်ဖြစ်နေတာကို
2. ဝမ်းသွားရင် သွေးပါနေတယ်
3. HIV ရှိရင် ကြွက်နို့ ပေါက်တယ်လို့ ဖတ်ရတယ်
4. Allopathic Physicians
5. I have a problem with vaginal thrush
6. ခြေထောက်ထဲတွင် ထည့်ထားသော စတီးများအား
7. I have gonorrhea

Q: ကျနော် မိတ်ဆွေတစ်ဦးက မေးခိုင်း၍ ဖြစ်ပါတယ်။ သူ့သမီးတွင် သားအိမ်ကို ဓာတ်မှန်ရိုက်ကြည့်ရာ အကြိတ်ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ ခွဲစိတ်ရမယ်လဲ ဆိုပါတယ်။ သိချင်တာက သူ့သမီးမှာ ကိုယ်ဝန်လည်း ရနေပါတယ်။ သုံးလလောက် ရှိပြီလို့ ဆိုပါတယ်။ အကြိတ်ကို ခွဲစိတ်ကို ကိုယ်ဝန်ကို ထိခိုက်နိုင်ပါသလားတဲ့။ အဲဒါသိချင်လို့ မေးမြန်းတာပါ။ နောက်တစ်ခုက အဲဒီ အကြိတ်တွေက ဘာကြောင့် ဖြစ်ရသလဲ။ တစ်ခြားသမီးပျိုများအတွက် ဆောင်ရန်၊ ရှောင်ရန်များ သိရန် ဖြေကြားပေးပါ။

A: သားအိမ်အလုံးက အဖြစ်နိုင်ဆုံးဟာ Myoma/Fibroid/Liomyoma ထင်တယ်။ ကိုယ်ဝန်လည်း ရှိတယ်ဆိုတော့ အရွယ်ကို မှန်းကြည့်ရတာပေါ့။ အလုံးဟာ မခွဲသေးဘဲ ထားရင် ကိုယ်ဝန်ကို ထိခိုက်မလား ကြည့်ရလိမ့်မယ်။ အလုံးရဲ့ နေရာနဲ့ အရွယ်အစား အပေါ်မှာ မူတည်တယ်။ မမွေးခင် ဘယ်လောက်အထိ ကြီးလာနိုင်သလဲ မှန်းရမယ်။ Ultrasound ကို တခါမက ရိုက်ဘို့ လိုချင် လိုမယ်။ ကိုယ်ဝန် ၃ လ က အတော်နုသေးတယ်။ စမ်းသပ်တဲ့ OG က ပိုပြောနိုင်မှာပါ။ ရောဂါအမည် Diagnosis သိရမှ စာရေးပါရစေ။ ရေပြီးသာတွေလည်း ရှိပါတယ်။
Cure without losing Uterus သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်း
ကိုယ်ဝန် မဟုတ်တဲ့ ဗိုက်ထဲက အလုံး အမေး-အဖြေကို ဖတ်ပါ။

Q: ကျွန်တော်ဝမ်းသွားရင် သွေးပါနေတယ်။ သွေးပါတာ များတယ်။ ဘယ်လိုလုပ်ရင် ပျောက်မယ်မလဲ။

A: လိပ်ခေါင်းကနေ သွေးယိုတာ ဖြစ်နိုင်တယ်။ ဝမ်းပြော့အောင် လုပ်ပါ။ ရေ-အရည် များများသောက်ပါ။ ဟင်းသီးဟင်းရွက်စားပါ။ လိုသေးရင် Milk of Magnesia ဆေး ဟင်းစားဇွန်း ၂ ဇွန်း မအိပ်ခင် သောက်ပါ။ ဗီတာမင် စီ ၅ဝဝ အား တနေ့ ၂ ကြိမ် သောက်ပါ။ ဝမ်းသွားပြီးရင် ရေသုံးပါ။

Q: ကျွန်တော့်မှာ ကျားအင်္ဂါထိပ် အကြားစပ်အခြေ ပေါ်လေးမှာ ကိုင်ကြည့်ရင် မသိပေမယ့် သေချာကြည့်ရင်မိတ်လို အနီစက်လေးတွေ မြင်နေရတယ်။ ရှိနေတာ တစ်နှစ်နီးပါးရှိပါပြီ၊ မယားပါဘူး။ မနာပါဘူး။ HIV လက္ခဏာတွေ ကြည့်လိုက်တော့ HIV ရှိရင် ကြွက်နို့ ပေါက်တယ်လို့ ဖတ်ရတယ်။ ကျွန်တော့မှာလဲ ကြွက်နို့ ပေါက်နေတယ်။ ခြေညှို့မှာ ပေါက်နေတယ်။

A: ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်နေမှ လိင်ကတဆင့် ကူးစက်ရောဂါအမျိုးအစားမှာ ပါတယ်။ ကြွက်နို့ တိုင်းက HIV နဲ့ မဆိုင်ပါ။ ပြောတဲ့ အနီစက်က ဖတ်ရတာကို မှန်းရင် ရောဂါ ဟုတ်ပုံမရပါ ဆက်ဆံတာ လုပ်ရင် အကာအကွယ် သုံးပါ။ လိုသေးရင် ပြောပါအုံး။ ကြွက်နို့က ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ ဆရာ့ ဆိုဒ်မှာ ကြွက်နို့အကြောင်းရေးထားတာ ရှိပါတယ်။ အနီစက်လေးတွေ ဆိုတာ ရောဂါဟုတ်ပုံမရပါ။ တော်တော့ဆေး သွားမလိမ်းနဲ့။ နူးညံ့တဲ့နေရာဖြစ်လို့။

Q: It would be great help if you can tell me how to say Allopathic Physicians in Burmese.

A: The term "Allopathy" was coined in 1842 by C.F.S. Hahnemann to designate the usual practice of medicine (allopathy) as opposed to homeopathy. It is also called Conventional Medicine as practiced by medical
doctors e.g. MBBS or MD degree holders.

So we can call all doctors, physicians and surgeons as allopathic doctors. Some people call us English doctors because we practice non-traditional (non-Burmese) way of medicine. Some may call us Bo-Sayarwun".
Honestly I don't know the formal translation. I prefer to be called "Yo-Yo-Sayarwun".

Q: I am 37 years old. I have a problem with vaginal thrush. Normally this is not problematic, not painful, no smell, no discharge. But ...

A: Vaginal Thrush
The vagina contains mucus and some harmless bacteria which help to defend the vagina from Candida germ. These natural defenses may be altered or upset by certain situations. For example: when you are pregnant,
if you have diabetes, or if you take antibiotics. In most cases it develops 'out of the blue' for no apparent reason. People with a poor immune system are also more likely to get thrush.

Topical treatments
These are pessaries and creams which you insert into the vagina with an applicator. They contain anti-yeast medicines such as Clotrimazole, Econazole, Fenticonazole, or Miconazole. Commonly, a single large dose
inserted into the vagina is sufficient to clear a bout of thrush. However, you may also want to rub some anti-yeast cream onto the skin around the vagina (the vulva) for a few days, especially if it is itchy. Clotrimazole
vaginal tablet is widely available. Some need one on each day for 5-6 nights.

Tablets
Fluconazole, which is taken as a single dose, or Itraconazole which is taken as two doses over the course of one day. Side-effects are uncommon. Do not take these if you are pregnant or breastfeeding. You may also
want to rub some anti-yeast cream onto the skin around the vagina for a few days, especially if it is itchy.

Tablets and topical treatments are equally effective. Tablets are more convenient, but are more expensive than most topical treatments.

Q: ခြေထောက်ထဲတွင် ထည့်ထားသော စတီးများအား မည့်သည့် အချိန်တွင် ထုတ်နိုင်မည်၊ မထုတ်ပဲ မည့်သည့်အချိန်ထိ နေနိုင်သည်၊ မထုတ်ပဲ ထားပါက မည်သို့ အကျိုးအပြစ်မှာ ဖြစ်သည်ကို သိချင်ပါသည်ခင်ဗျာ၊ ယခုအခါ အချိန်အားဖြင့် ၆ လကျော် ၇ လထဲ ရောက်နေပြီခင်ဗျာ၊ ပြန်မည်ဆိုပါ ၃ လသာ လိုပါတော့သည်။ အကယ်၍ ဆက်နေဖြစ်ပါက နောင်နှစ်တွင် ပြန်ထုတ် နိုင်မည်လား ဆိုသည်ကိုလည်း သိလိုပါသည်။

A: တကယ်တော့ သတ်မှတ်ချက် တိတိကျကျမရှိဘူး။ အရိုးဆိုတာ ၁ လခွဲ ၂ လကြာရင် ပြန်ဆက်တာပါ။ ဒါ့ကြောင့် ၆ လ နေရင် ပြန်ထုတ်နိုင်တယ်။ ကြာရင် Foreign body ဖြစ်နေတာမို့ ကိုယ်က လက်မခံချင်တာတွေ ဖြစ်တတ်တယ်။ ဒါတောင် လက်ခံနိုင်တဲ့ အမျိုးအစားကို လုပ်ထားတာ။ အနေရခက်တာ တခုခု ဖြစ်လာရင် ထုတ်သင့်တယ်။

ဆရာလဲ ခင်ဗျားလိုဘဲ။ ဒူးအောက်နားမှာ အဲလိုထည့်ထားတာ အခုဆို ၇-၈ နှစ်ရှိနေပြီ။ ထုတ်မယ်လို့ စဉ်းစားပြီး အားချိန် ရှာနေတာနဲ့ ကြာသွားတာ။

ဆရာ့ အတွေ့အကြုံအရ ဝက်အူထိပ်က နာလာတယ်။ ဒူးကောက်ကွေး ကိုက်လာတယ်။ နဲနဲတောင် ရောင်လာတယ်။ ထည့်ပေးတဲ့ အရိုးအထူးကု ဆရာဝန်က အသေအခြာ ပြောနိုင်ပါမယ်။

Q: I have gonorrhea. I live in Yangon. I go to a doctor. Doctor gave Azithromycin 250 mg (3 times per day). He said this medicine take 6 days. I want to know this medicine can cure gonorrhea.

A: Azithromycin is ဆေးကို များသောအားဖြင့် နာပြည်ယို၊ အာသီးရောင်၊ လေပြွန်ရောင်၊ နူမိုးနီးယား၊ ဆိုင်းနပ်စ် ရောဂါတွေမှာ ပေးပါတယ်။ STD ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေ အတွက်လည်း ပေးနိုင်တယ်။ ဒါပေမဲ့ ဂနိုမဟုတ်တာကို ပိုသုံးတယ်။

ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊

သာမန် ဂနိုရောဂါ၊ Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ ပြား။

ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊ Penicillin G 10 million units IV daily x 5 days; Ceftriaxone 1 Gm IV daily x 5 days; Ciprofloxacin 500 mg BD or Levofloxacin 500 mg OD x 5 days; Endocarditis = Ceftriaxone 1 Gm BD IV x 3 weeks

မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။ နောက်ဆက်တွဲ ပြဿနာ ရှိလာနိုင်သလား။ သိရင်ဝေမျှပေးပါ။

A: ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

၁၉-၉-၂ဝ၁ဝ နေ့က ကျန်းမာရေး-ဆေးပညာ နောက်ဆုံးသတင်းတခုက “အမျိုးသမီးများ PSM လစဉ် ရာသီမလာမီ ခံစားကြရသည့် ဝေဒနာ သက်သာစေရန် Prozac စိတ်မကျဆေး အနည်းငယ်ပေးခြင်ဖြင့် ကောင်းစွာ သက်သာစေမည်။” လို့ ဆိုပါတယ်။

2010/8/10
Q: ဆရာခင်ဗျား ကျနော် (့) မှာ နေပါတယ်၊ အသက်က (၃ဝ)ပါ၊ လည်းချောင်းထဲမှာ ချွဲ၊ သလိပ် မကြာခန ကြပ်နေပါတယ်၊ လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ်ပြီး၊ ခပ်ထုတ်လို့လည်း မထွက်ပါဘူး၊ ဘာဆေးသောက်ရင် ပျောက်ကင်းပါသလဲ၊ ကူညီ ဖြေကြားပေးပါ။

2010/8/10
A: မဖြေခင် မေးပါရစေ။ ဘယ်လောက်ကြပြီလဲ။ ဖျားသေးလား။ ချွဲက ထွက်ရင် ဘာရောင်လဲ။ အသက်ရှူကြပ်သေးလား။ ဘာဆေးတွေ သောက်ထားလဲ။ ခဏခဏဖြစ်တတ်သလား။ အိပ်ရင်၊ လှဲရင် ပိုဆိုးလား။ ပြန်မဖြေခင် ခပ်လွယ်လွယ် ဆေးနည်းတော့ ပြောပါမယ်။ Amoxacillion ဒါမှမဟုတ် Erythromycin 500 ကို တနေ့ ၂ ကြိမ် ၅ ရက် အနည်းဆုံး သောက်ပါ။ ရေနွေးငွေ့ရှူပါ။ ချောင်းဆိုး ပျောက်ဆေးတွေထက် ပိုကောင်းပါတယ်။ ရေနွေးငွေ့ ရှူတဲ့ ကရိယာရှိရင် ပိုကောင်းတယ်။ မရှိသေးရင် အငွေ့ ထွက်နေတဲ့ ရေနွေး ခွက်-အိုး ပေါ်မှာ နှာခေါင်း-ပါးစပ်ထားပြီး အသက်ရှူပါ။ ပုဝါတခု အုပ်ထားရင် အငွေ့အပြင် သိပ်မထွက်ဘူး။ ချွဲပျော်အောင် လုပ်ပေးတာပါ။ ဆေးက ပိုးသေအောင် လုပ်တာပါ။ လိုသေးရင် ပြောပါ။

Q: အခုလို ဖြေပေးတာ ကျေးဇူးပါပဲဆရာ။ အဲဒီလိုဖြစ်တာ နှစ်နဲ့ချီနေပါပြီ။ ချွဲအရောင်က တခါတလေ အဝါရောင် သန်းပါတယ်။ အထူးသဖြင့် နံနက်အိပ်ရာထတဲ့ အချိန်တွေမှာပါ။ အသက်ရှူ နည်းနည်းကြပ်ပြီး မောလည်း မောတယ်။ အဖျားတော့ မရှိပါဘူး။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်နိုင်ပါတယ်။ မကြာခန ကြပ်ပါတယ်။ အထူးသဖြင့် အစာစားပြီးတဲ့ အချိန်တွေမှာ ဆိုရင် ပိုကြပ်ပါတယ်။ ဆေကတော့ သူငယ်ချင်း တစ်ယောက်ပြောလို့ အမိုင်နို သောက်ပါတယ်။ ဒါပေမဲ့ မပျောက်ပါဘူး။ ဆရာပြောတဲ့ ဆေးတွေတော့ မသောက်ဘူးသေးပါဘူး။

A: ပိုသိရတော့ ရောဂါကို ခန့်မှန်းတာပိုကောင်းတယ်။ ဒါပေမဲ့ ကြာပြီဆိုရင် စစ်ဘို့လိုတယ်။ ပန်းနာ နဲ့ အသက်ရှူလမ်း ပိုးဝင်တာ ၂ ခု ခွဲရမယ်။ (အမိုင်နို) ဆေးက ပန်းနာအတွက်သာပေးတယ်။ လေပြွန်လေးတွေ ကျဉ်းလာတာကို ကျယ်အောင် လုပ်ပေးတာ။ ရင်တုံစေတယ်။ ပန်းနာမဟုတ်ရင် မလိုဘူး။ ချွဲဝါတာဟာ ပိုးဝင်နေလို့။ ဓါတ်မှန် ရိုက်ဘူးသလား။ ဘာဘဲဖြစ်ဖြစ် သလိပ်ပိုးရှိနေလို့ ဆရာပြောတဲ့ဆေး သောက်ပါ။ ပန်းနာဖြစ်တာက ရာသီဥတုဖြစ်ဖြစ်၊ အစားအသာက် ဖြစ်ဖြစ် အကြောင်းခံတယ်။ မောတာ၊ ကြပ်တာက အဓိဘဲ။ အခု (အမိုင်နို) ထက် ပိုကောင်းတဲ့ ဆေးတွေ ရှိပါတယ်။ ပန်းနာရှိနေရင်း အာဂန္တုရောဂါ ဝင်လာတတ်သေးတယ်။

Asthma ပန်းနာ ကို အားရင် ဖတ်ပါ။

3. C-box Short Questions
11 Aug 10, 09:45
I would like to get my penis bigger size how to make exercise, if possible. Can you give me your suggestion because my wife is not satisfied with small size?
Bigger size: Please ask me directly by Email. Do you also read Burmese? If that so I have written a piece.

11 Aug 10, 12:03
ဆရာခင်ဗျာ.. ကျတော့်ရဲ့ လိင်တံထိပ်က ကျင်နေပါတယ်။ ဆီးသွားချိန်မှာ ကျင်သလို ဒီအတိုင်းနေရင်းနဲ့လဲ တခါ ကျင်ပါတယ်။ ဘာကြောင့် ဖြစ်နိုင်ပါလဲခင်ဗျာ။ ဘာလုပ်သင့်ပါလဲ။

“ထိပ်ကကျင်နေတာ” ပိုးတခုခုဝင်တာ ဖြစ်နိုင်တယ်။ ဘယ်လောက်ကြာပြီလဲ။ မှားမယ်ထင်တာ ဘာဖြစ်ဘူးလဲ။ အနာ-အဆာ ရှိလား။ (အီးမေးလ်) နဲ့ တိုက်ရိုက် မေးစေချင်တယ်။

11 Aug 10, 13:19
ကာမဆက်ဆံရင် ကြာအောင်လုပ်တဲ့ ဆေးတွေအစားများရင် ဘာဖြစ်နိုင်ပါသလဲခင်များ။

“ကြာအောင်လုပ်တဲ့ ဆေး” ဆေးတိုင်း ဘေးထွက်ဆိုးကျိုးရှိတယ်။ ဆေးနာမယ်သိရရင် တိတိကျကျ ပြောလို့ရပါမယ်။

11 Aug 10, 13:55
Mifestone နဲ့ Mifeprex တွေကို ဆေးဆိုင်တွေမှာ ဒီအတိုင်းမေးဝယ်လို့၇ပါသလားဆရာ။ သမီးက ရန်ကုန်ကပါ။

RU 486 ကို Mifeprex, Mifestone နာမယ်တွေနဲ့ ရောင်းတယ်။ ရန်ကုန်မှာလည်း ရမှာပါ။ တိုင်းပြည် တခုနဲ့တခု မတူဘူး။ ဗမာပြည်မှာ ဥပဒေ-စည်းကမ်းက သိတဲ့ အတိုင်းဘဲ။

Aug 11, 2010 at 4:48 PM
ကျွန်တော့်ကို ကလေးရနည်းလေးရှိရင် ပေးပါအုံးခင်ဗျာ။ ကျွန်တော်တို့ အိမ်ထောင်သက်တမ်းက ၄ နှစ်ထဲ ရောက်နေပါပြီ။ ပထမပိုင်း နှစ်ဝက်လောက် တားဆေးကို သုံးပါတယ်။ နောက် လိုချင်ရင် ခက်မှာစိုးလို့ အစွပ်ကိုသုံးပါတယ်။ အခု ၂ နှစ် ကျော်ပါပြီ၊ တားဆေးလဲ မသုံး၊ ဘာအကာအကွယ်မှလဲ မသုံးပဲနဲ့၊ ကလေးက မရသေးဘူး ဖြစ်နေလို့ပါ။ ကျွန်တော့် အသက်က ၂၇ နှစ်နဲ့ အမျိုးသမီးက ၃၅ နှစ်ပါ မြန်မာပြည်မှာ နေတာမဟုတ်တော့ ဆေးခန်းပြဖို့ကလဲ ခက်လို့ပါ။ ကလေး ရနိုင်ဖို့ အထောက်ပြု စားဆေးလေးတွေပေါ့ ဆရာရယ်။ ဒီမှာ မြန်မာဆရာဝန်လည်းမရှိ၊ Language အခက်အခဲက ဆေးခန်းနဲ့ ဆေးပညာ ဆိုင်ရာတွေ ပြောရရင် ပိုဆိုးတယ်ဆရာ။ ဒါကြောင့် ဆရာ့ကိုပဲ အားကိုးတကြီး မေးမြန်းရတာပါ။ အော် ဆရာ တလက်စထဲ ကိုယ်ဝန်ရှိရင် တွေ့ရမယ့် လက္ခဏာလေးတွေလည်း သိချင်ပါတယ်လို့ အမျိုးသမီးက မေးပါတယ်။

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ ရာသီမလာတော့။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ် ပြဿနာ ပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်းတွေဖြစ်တတ်တယ်။ အရင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမယ်။ အနေအထိုင် ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုများရှိမယ်။ သွင်ပြင် လက္ခဏာတွေအပြင် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာနိုင်တယ်။

ကလေးရဘို့အရေးဟာ တချို့စုံတွဲတွေအတွက် အတော်ကြီးခက်တယ်။ ဆေးဝါး၊ ကရိယာ၊ Facility အစုံရှိပါတယ်ဆိုတဲ့ ချမ်းသာ-တိုးတက်တဲ့ နိုင်ငံတွေမှာလည်း ခက်တဲ့သူတွေအတွက် ခက်ပါတယ်။ ဘာလို့လဲဆိုတော့ သန္ဓေတည်၊ ကိုယ်ဝန် ဆောင်အောင် လိုအပ်တဲ့ အခြေအနေတွေက သိပ်များပြီး၊ တနေရာရာမှာ အားနည်း-ချို့ယွင်းနေရင် မရတတ်လို့ပါ။

အရင်မေးတဲ့သူတွေရှိလို့ ရေးထားပါတယ်။ အချိန်ရရင် ဖတ်စေချင်တယ်။ ကြိုးပမ်းပါအုံး။ မိခင်လောင်း ဘက်ကလား၊ ဖခင်လောင်း ဘက်ကလား။ ဆေးစစ်စရာတွေ လုပ်ရလိမ့်မယ်။ လိုသေးရင်လည်း မေးပါ။

Infertility ကလေးမရနိုင်ခြင်း
Q and A Infertility (1) ကလေးမရခြင်းအား အမေး-အဖြေ (၁)
Q and A Infertility (2) ကလေးမရနိုင်သေးခြင်း အမေး-အဖြေ (၂)

August 25, 2009 9:29 PM
ဆရာရှင့် ရာသီမလာခင် ၅-ရက်လောက်ကစပြီး ညိုမည်းမည်း အရောင် အကျိအချွဲတွေ ဆင်းပါတယ်။ ပုံမှန် အဖြူဆင်း သလောက်ပါပဲ၊ မများပါ။ အနံ့အသက် ဆိုးရွားခြင်းလည်း မရှိပါ။ နာကျင်ခြင်းလည်း မရှိပါ။ ဒီလိုဖြစ်တာ ၃-၄ လလောက်ပဲ ရှိပါသေးတယ်ရှင့်။ ရာသီလည်း လစဉ် မှန်ပါသည်။ အိမ်ထောင်မရှိ အပျိုစင်ဖြစ်ပါတယ်ရှင့်။ အသက်က ၃ဝ ပါ။ အရင်က ဒီလိုမဖြစ်ဘူးတဲ့အတွက် စိုးရိမ်စရာ ရှိ မရှိသိပါရစေရှင့်။

စိုးရိမ်စရာ မရှိပါ။ ကျိချွဲတာက သားအိမ်အဝမှာရှိတဲ့ (ဂလင်း) တွေကနေ လာလို့ပါ။ ဟော်မုန်း အပြောင်းအလဲဖြစ်ရင် ဖြစ်တတ်တယ်။ ညိုမဲတာက သွေးအဟောင်းနဲ့ ရောနေလို့ ဖြစ်နိုင်တယ်။ ဒီအရွယ်မှာ ရောဂါမဖြစ်တတ်ပါ။ နောက်လလည်း ဆက်ဖြစ်နေရင်တော့ ပြောပါအုံး။

Thursday, August 5, 2010

Q and A August 2010 (5)

1. အူကျတာက တစ်ဖက်ကြီး၊ တစ်ဖက်သေးဖြစ်နေတယ်။
2. စအိုနားမှာ အသားပိုလို ပေါက်နေပါတယ်။
3. ကျွန်တော့်ချစ်သူ အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ သွေးစစ်ခဲ့ပါတယ်။
4. ယောက်ျားလေးများရဲ့ငယ်ပါက မာတင်းလာတဲ့အခါ။
5. ချောင်းဆိုးရင် သောက်ရမဲ့ဆေး အမည်ကို ရေးပေးပါလား။
6. (မာစတာဘေးရှင်း) လုပ်တာများလို့ အကြောပြတ်တာလို့ ပြောကြပါတယ်။

17 Aug 10, 17:08
Q: ကျွန်တော် အူကျနေပါတယ် ဒါပေမဲ့အူကျတာက တစ်ဖက်ကြီး၊ တစ်ဖက်သေးဖြစ်နေတယ်။ အဲ့ဒါလေ သွေးထုံးတယ်လို့ ပြောကြတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ။ ခွဲရင်ကော ဘယ်လောက်မှ ကျက်မှာလဲ။ ခွဲစိတ်ရင်ကော။ Danger ဖြစ်စေနိုင်သလား။
A: အူကျတာ နှစ်ဖက်လုံးလည်း ဖြစ်နိုင်တယ်။ တဖက်က အူကျ နောက်တဖက်က တခြားဟာလည်း ဖြစ်နိုင်တယ်။ နှစ်ဘက် အရွယ် ညီချင်မှ ညီမယ်။ Hernia အူကျတာ၊ Hydrocele မုတ္တရောဂါ၊ နဲ့ Varicocele (ဗေရီကိုဆီးလ်)၊ တွေဆိုရင် ခွဲရမယ်။ ဒီနေရာမှာ ခွဲတာတွေက ပုံမှန်ရုစိုက်စရာတွေထက် ပိုပြီးမလိုပါ။ ချုပ်ရိုးကို ၇ ရက်မှာ ဖြေလေ့ရှိတယ်။ ခွဲပြီး နားတာ ကောင်းပါတယ်။

17 Aug 10, 16:30
Q: ကျွန်တော့် စအိုနားမှာ အသားပိုလို ပေါက်နေပါတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပေးပါအုံး။
A: စအိုနားမှာဖြစ်နိုင်စရာရောဂါတွေ အမျိုးမျိုးရှိတယ်။ Piles လိပ်ခေါင်း၊ FIA ဂရင်ဂျီနာ၊ FIA စအိုကွဲနာ၊ Lipoma/Cyst အသားပို၊ Wart ကြွက်နို့၊ ခံစားရတဲ့ လက္ခဏာတွေ၊ ဘယ်လောက်ကြာပြီ၊ သိဘို့ လိုသေးတယ်။

August 18, 2010 9:21 PM
ကျွန်တော့်ချစ်သူ အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ သွေးစစ်ခဲ့ပါတယ်။ အဖြေက HBs Antibody = Positive ဖြစ်ပါတယ်။ အဲဒါ ဘီပိုး ရှိတာလားဆရာ။ သူကပြောတော့ ကာကွယ်ဆေးထိုးထားလို့ ဒီလို အဖြေ ထွက်တာလို့ ပြောပါတယ်။ ရောဂါမရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ သီတင်းကျွတ်ရင် လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော့် Result ကHBsAg = non reactive ပါ။ ကျွန်တော်က ကာကွယ်ဆေး မထိုးရသေးပါဘူး။ ကျွန်တော်တို့ စစ်တဲ့ ဓါတ်ခွဲခန်း ချင်းမတူပါဘူးဆရာ။ အဲဒါ
၁။ ရောဂါ ရှိ မရှိ
၂။ ရှိခဲ့ရင် လက်ထပ်လို့ ရ မရ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါခင်ဗျား။

Hepatitis B surface antigen (HBsAG) ဆိုတာ ဗိုင်းရပ်စ် ရဲ့ မျာက်နှာပြင်ပေါ်မှာ ရှိတဲ့ ပရိုတင်းကိုစစ်တာ။ လတ်တလော ရော နာတာရှည်ပါ တွေ့နိုင်တယ်။ ဒီပို ရှိနေသူတွေကို စမ်းနည်းဖြစ်တယ်။ acute hepatitis B ရဲ့ အစောဆုံး သင်္ကေတ လည်း ဖြစ်တယ်။ ရောဂါလက္ခဏာ မပြသေးသူဖြစ်မယ်။ နလံထသူတွေမှာ မရှိတော့ဘူး။ နာတာရှည်ဖြစ်တော့မဲ့သူလည်း ဖြစ်နိုင်တယ်။

ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူ -
• ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မိမိကိုယ်မိမိ ဘီပိုးရှိ-မရှိ စစ်ပါ။
• ရှိနေသူကလဲ ၆ လတခါ ဆရာဝန်ပြပါ။
• လက်ထပ်မဲ့သူဟာ ဘယ်အရွယ်ရှိနေနေ Hepatitis B vaccine ဘီပိုးကာကွယ်ဆေးထိုးပါ။ (အများအားဖြင့် အသက် ၁၈ နှစ်အောက်တွေကိုသာ ကာကွယ်ဆေး ထိုးခိုင်းတာပါ။)
• ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ပဌမတခါနဲ့ ဒုတိယတခါကို ၁ လ ခြားပြီး၊ တတိယတခါကို နောက်ထပ် ၂ လကနေ ၅ လခြားထိုးနိုင်တယ်။ ပေါင်း ၃ ခါ။ တချို့ကလည်း ၁၂ လခြားပြီး၊ စတုတ္ထတခါ ထိုးခိုင်းတတ်တယ်။
• အတူနေရင် (ကွန်ဒွမ်) သုံးပါ။
• (ကွန်ဒွမ်) မသုံးမိလို့ဖြစ်ဖြစ်၊ ကလေးရချင်လို့ (ကွန်ဒွမ်) မသုံးတာဖြစ်ဖြစ်၊ Hepatitis B immune globulin (HBIG) ဆေးထိုးလိုက်ပါ။ ဒီဆေးက ကာကွယ်ဆေး မဟုတ်ပါ။ ဘီပိုးကို ပြန်တိုက်ဖျက်ပြစ်မဲ့ဆေး ဖြစ်ပါတယ်။ ၂ ပါတ် အတွင်း၊ အကောင်းဆုံးကတော့ ၂၄ နာရီအတွင်း (HBIG) IM 0.06 mL/kg ထိုးပါ။
• အရင်က ကာကွယ်ဆေး ထိုးမထားသူဆိုရင် (HBIG) ကို နောက် ၁ လနေရင် တခါထပ်ထိုးပါ။
• ဘီပိုးရှိသူက အမျိုးသမီးဖြစ်နေရင် မွေးဖွါးလာမဲ့ကလေးတိုင်းကို မွေးမွေးချင်း သို့မဟုတ် ၁၂ နာရီအတွင်း ဘီပိုးကာကွယ်ဆေးနဲ့ ကုသဆေး (HBIG) IM 0.5 mL ဆေးထိုးပါ။
• ကာကွယ်ဆေးနဲ့ ကုသဆေးကို တင်ပါးတဖက်စီမှာ တရက်တည်း ထိုးလို့ရပါတယ်။
• ဘီပိုးကာကွယ်ဆေး Hepatitis B vaccine ကို ကလေး မွေးမွေးချင်း ၁ ခါ၊ နောက် ၁ လ တခါနဲ့ ၆ လတခါ၊ ပေါင်း ၃ ခါ ထိုးရပါမယ်။
• တအိမ်သားလုံး သွားတိုက်တံ၊ ရေဇာ၊ အပ် သီးခြားစီ သုံးပါ။
• ပိုးရှိသူရဲ့ သွေးထွက်တာ၊ အန်တာ၊ ကိုယ်ကထွက်တဲ့အရည်မှန်သမျှကို ဘယ်တော့မှ လက်နဲ့မထိပါနဲ့။
• အိမ်မှာ ပိုးသန့်ဆေး တမျိုးမျိုး အမြဲဆောင်ထားပါ။ ဥပမာ ရေ ၁ ကွာတထဲမှာ အဝတ်ချွတ်ဆေး ခေါ်တဲ့ Bleaching powder မှုံ့ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ (၁ဝ ဆ ၁ ဆ) ဖျော်တာကို သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးပါ။
• ထိခိုက်မိတိုင်း ပတ်တီး စည်းထားပါ။ လက်အိတ်သုံးပါ။
• ရေခွက်၊ ထမင်း-ဟင်းပန်းကန်ခွက်ယောက် အတူသုံးနိုင်ပါတယ်။
• ပိုးက သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေဖြစ်တဲ့ အစာခြေရည် (အန်ဖတ်)၊ ယောက်ျား-မိန်းမကိုယ် အရည် (မဆက်ဆံမီ နှင့် ဆန္ဒပြည့်ဝအပြီး) တွေမှာ ပါနေတာပါ။ ဒါတွေကလွဲရင် မပါပါ။
• အသားချင်းထိယုံနဲ့ ဘာမှမဖြစ်ပါ။ နုတ်ခမ်းစုပ်တာနဲ့ပတ်သက်လို့ သွားရည်မှာတော့ ပိုးပါနိုင်ပေမဲ့ အထောက်အထား မရှိသေးပါ။
• အလားတူ (အိုရယ်-ဆက်က်စ်) ကလဲ အတူတူလို့ ဆရာ့ဆရာတွေက ဆိုပါတယ်။
• ဖခင်က ပိုးရှိနေပေမဲ့ ကလေးကို မိခင်ကနေကူးနည်းမျိုးနဲ့ ဖခင်ကနေမကူးပါ။

21 Aug 10, 12:21
ကန်တော့ဆရာ။ ယောက်ျားလေးများရဲ့ငယ်ပါက မာတင်းလာတဲ့အခါ အများစုက အပေါ်ကို ကော့လန် တတ်ကြပါတယ်။ အောက်ကို ငိုက်စင်းတဲ့ သူတွေအတွက် ဘယ်လို မကောင်းကျိုးတွေ ဖြစ်တတ်ပါသလဲဆရာ။ မိန်းမရရင်ရော နှစ်ယောက်လုံးအတွက် ကျေနပ်မှု ပေးနိုင်ပါသလားဆရာ။

ပြဿနာမရှိပါ။ မျဉ်းဖြောင့်လိုဖြစ်ြဖစ်၊ မျဉ်းကွေးဖြစ်ဖြစ်၊ သန်မာမှု ဖြစ်ရင် ပြီးတာပါဘဲ။ ကျေနပ်မှုအတွက်လည်း ထိခိုက်စရာ မရှိပါ။ ဆက်ဆံတယ်ဆိုတာမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ ဟော်မုန်းသတ္တိတွေအပြင် နည်းနာဆိုတာလည်း ပါတယ်။ အတွေ့အကြုံ ဆိုတာလည်း ပါတယ်။ ကာလ-ဒေသ ဆိုတာလည်း ပါဝင်ပါတယ်။ မေးတဲ့ကိစ္စက ရုပ်ပိုင်းတခုထဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီအရေးအရာမျိုးဆိုတာ Instinct ဆိုတဲ့ အလိုလိုသိ၊ မွေးရာပါသိ၊ သဘာဝသိ၊ အသိထဲမှာ ပါပါတယ်။

Comment by (့) 13 hours ago
ချောင်းဆိုးရင် သောက်ရမဲ့ဆေး အမည်ကို ရေးပေးပါလား။ ကျေးဇူးတင်ပါတယ်ဆရာ။

ချောင်းဆိုရင် ချောင်းဆိုးပျောက်ဆေး သောက်ပေါ့။

တကယ်ပြောတာ မဟုတ်ဘူးနော်။ ဘာ့ကြောင့် ချောင်းက ဆိုးရသလဲ၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ တခြား ဥပမာ (တီဘီ)၊ ဆိုတာ သိအောင် လုပ်ရသေးတယ်။ ချောင်းဆိုးပျောက်ဆေးမှာ ချောင်းခြောက် (လည်ချောင်းကဖြစ်တာအတွက်)၊ သလိပ်ထွက် (နူမိုးနီးယား စသဖြင့်အတွက်)၊ လေပြွန်ကျယ် (ပန်းနာ အတွက်)၊ နောက် တမျိုးက လူနာ စိတ်သက်သာရာ ရစေတာ ဆိုပြီး အမျိုးမျိုးရှိတယ်။ ဖြစ်နေသူ တယောက်ခြင်းအတွက်ကို သေသေခြာခြာ သိရမှ ညွှန်နိုင်တယ်။

အရေးကြီးတာက ချောင်းဆိုး ပျောက်ဆေး ဆိုတာမျိုးက ရောဂါလက္ခဏကိုသာ သက်သာစေတာမျိုး ဖြစ်တယ်။ ရောဂါဖြစ်စေတာကို ကုတာ မဟုတ်ဘူး။ အိပ်ပေါက်နဲ့ ဖါးကောက်သလို ဖြစ်နေတတ်တယ်။ မိုးလည်းကျနေပြီ မဟုတ်လား။

23 Aug 10, 16:12
ဒူးခေါင်းမှာ အဖြူရောင် အကြောင်းလေးတွေ သုံးလေးကြောင်းရှိပါတယ်။ (မာစတာဘေးရှင်း) လုပ်တာများလို့ အကြောပြတ်တာလို့ ပြောကြပါတယ်။ ဒါမှမဟုတ် လိင်မတူခြင်းဆက်ဆံလို့ဖြစ်တာလား။ အဲ့ဒါဖြစ်ရတဲ့ အကြောင်းရင်းလေး သိချင်လိုပါ ဆရာ။

လူပျိုဖြစ်ပြီးနောက် (မာစတာဘေးရှင်း) လုပ်တတ်တဲ့ အရွယ်မို့ ဒူးနေရာ အကြောတွေ ပြတ်တာရင် ဒီအလေ့ကြောင့်လို့ ပြောင်ချင်ကြတယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ် ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့ ဖြစ်ရတာပါ။

Stretch Marks အကြောပြတ်ခြင်း ကို ဖတ်ပါခင်ဗျား။

Wednesday, August 4, 2010

Q and A August 2010 (4)

1. Small Penis ကျားအင်္ဂါ ငယ်နေသလား
2. Bone implant အရိုးကျိုးလို့
3. Penis pain ပန်းမှာနာနေတာ
4. I cannot finish for urine
5. ကျွန်မ မျက်လုံးတွေ ဝါနေပါတယ်

Aug 13, 2010 at 7:58 AM,
Dear Sir
Let me introduce myself I'm KS from Malaysia. I candidly would like to ask you about my penis size because I did feel my penis size is small and may not satisfy myself. If possible I would like to get full size so please give me your suggestion. I can read Myanmar but may not type because I never learn before.

Don't worry! Please read this one. Then if you have questions, ask me. I am sure you are OK.
Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း ကိုဖတ်ပါ။

Aug 13, 2010 at 11:07 AM,
I am 27 yrs old and work as an Accountant. I had operation for my fractured wrist because I fell down in the kitchen. They put metal implant to join my wrist. May I know that implant can last how long? It is possible to put forever. Actually, I don’t want to take out that one because very scared for second surgery. Let say if I put forever, is there any side effects. Please advise me.

First of all, I am not a bone specialist. But I am a patient for bone fractures. I broke my left wrist and right knee. Not like you I have a metal pate in my knee.

All foreign bodies must be removed from body. This is the rule. For bone fracture, when bone healed it has to be removed. It can be after 6 months or years. Your doctor may tell you when. For me it has been over 6 years and yet to remove. It hurts sometimes. I have been finding a good day for second operation since a couple of years ago.

For you, I think you can keep as long as you feel good with that. But the orthopedist will give you better alternative.

13-8-2010

Aug 14, 2010 at 10:39 PM,
I am 25 yrs. I am wondering of my problem. I read everyday your Blog post and appreciate for all your attempts for those who are in need. I have also the same problem like others. I am virgin and have intercourse with my girlfriend the first time but after the act my penis got pain: first at the tip and then the shaft inside of penis. Even I couldn't pass out urine. It is just like acidic urine [as I had read from your post]. My urine was so hot while going to urinate and I cannot finish it. The pain is after the act not during the act. Because of the pain I couldn`t used underwear and my penis is untouchable with anything. It is so painful. My penis swells and is painful. Is it of infection from my girlfriend or because of myself got some infection? It took more then 4-5 days. I did not consult with any professional because of shyness. I need some advice from you because in your post I found those who had the same problem like me. I hope you can help me to fine some resolution. I really feel shy to consult with others but Sir only with you I share my problem. I drink alcohol and smoke too.

I got some relevant points: (1) Pain after intercourse, (2) Acidic urine, and (3) Swelling of painful penis.

It could be an infection. Whoever started it is treatable, don't worry. It could be sexually transmitted or non-STD. Many women are common for urinary tract infections.

Take Doxycycine 100 mg 2 times a day for 7-10 days for non-SID.

Or Gonorrhea take Ciprofloxacin 500 mg or Ofloxacin 400 mg or Cefixime 400 mg once. If not relieved, take Ciprofloxacin 500 mg two times a day for 5-7 days.

For pain, take Ibuprofen one tablet 2-3 times day with meal. To reduce acidity of urine take Antacid tablet 2-3 times a day. It is better to take pain killer along with Antacid. Eat food as I wrote in Acidic Urine article. You will be OK.

If she also has painful urination, pain over lower abdomen and discharge from vagina, advise her to take the same. Pain for first experience of intercourse does not need any medication. Condom usage is advised.
14-8-2010

Aug 15, 2010 at 4:10 PM
I am a female. I have problem concerning with urination. I usually got pain while going for urine, it is so hot and even I cannot finish for urine. I used get it usually. Is it acidic urine or because of some infection in urinary? Why does it happen to me very often? plz give me some suggestion.

It looks an infection. Please read
Acidic Urine ဆီးပူ နေရင်
Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း

You are right some women are common and got repeated infection of that area.

Take medicine and eat/avoid food as written in the articles. Sometimes some women need culture and sensitivity test if the infection did not respond to treatment. Then choose the correct medicine. But it is rare.

Be advised to wear cotton underwear. Clean the area every time of bathroom with clean water. The hand must move from front to behind not opposite. Ask me if you need more info. Be healthy and happy!

Professionally I need to know more of your condition. I mean, your age, marital status, history of contact with a partner, what are current complaints. However, I will prescribe possible medication.
• Cotrimoxazole 1 tablet 2 times a day for 4-5 days or Amoxacilin 500 mg 2 times a day for 4-5 days or Ciprofloxacin 500 mg 2 times a day for 4-5 days
• Take Antacid tablet which is usually and commonly taken for stomach pain 1 tablet 3 times a day to reduce acidity
• Take Spasmogin or Buscopan 1 tablet 2-3 times a day to suppress pain
• Drink panty of water and orange and/or fresh lime juice
• Don’t wait if you want to pass urine

15-8-2010
6:15 PM

Aug 8, 2010 at 9:36 AM
ကျွန်မအသက် ၃၈ ရှိပါပြီ။ ကျွန်မ မျက်လုံးတွေ ဝါနေပါတယ်။ အသည်းရောင် အသားဝါ လက္ခဏာ လုံးဝမရှိပါဘူး။ မျက်စိတွေလည်း ခဏခဏ ကိုက်တယ်။ မျက်လုံး အဆံနားမှာလည်း နည်းနည်း မျက်သား တက်သလို ဖြစ်ပါတယ်။ မျက်စဉ်းလည်း နေ့တိုင်းခပ်ပါတယ်။ တစ်ချို့ကတော့ မျက်သားခြစ်ပြစ်သင့်တယ်လို့ ပြောပါတယ်။ ဘာဖြစ်နိုင်လည်း ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

ရောဂါလက္ခဏာတွေ ရောထွေးနေတယ်။ မျက်လုံးဝါတာဟာ Jaundice အသားဝါ ဟုတ်-မဟုတ် ကြည့်ရမယ်။ ဆီးလဲ ဝါမယ်၊ လျှာအောက်မှာလည်း ဝါနေမယ်၊ အစားအသောက်ပျက်မယ်၊ အားယုတ်မယ်၊ ရင်ခေါင်း၊ ဒါမှမဟုတ် ဗိုက် ညာဘက် အထက်နားက နာမယ်ဆိုရင် အသဲရောင် အသားဝါကို သံသယ ရှိနိုင်တယ်။ မျက်စိ ဝါ-မဝါကို အလင်းရောင် ကောင်းကောင်းမှာ သေခြာကြည့်ပါ။ Dirty sclera လေ၊ အမှုံတွေကြောင့် ညစ်နေတာနဲ့ ခွဲရမယ်။

မျက်သား Pterygium ဆိုတာ မျက်လုံးရဲ့ အဖြူရောင်အပိုင်း၊ (နှာခေါင်းဘက်က တပိုင်း၊ နားထင်ဘက်က တပိုင်း) မှာ အရင်က မရှိတဲ့ ထူပြီး၊ နီနေတဲ့ အသားတွေ တက်လာခေါ်တယ်။ တက်လာတာကလည်း အပြင်ပိုင်းကနေ မျက်စိ အလည်ခေါင်ဆီ ဦးတည်ပြီး၊ တရိဂံပုံဖြစ်တယ်။ ကြာရင် မျက်စိ အနက်ရောင်အဝိုင်းဆီ ရောက်ပြီး၊ အနက်ဝိုင်းပေါ်အထိ တက်တက်လာတယ်။ အဲဒီအဆင့်ဆိုရင် ခွဲဘို့သင့်တယ်။ မခက်ပါဘူး။ ထုံဆေးလေးနဲ့ လွှာထုတ်-ချုပ်ပေးတာ၊ အပြင်လူနာ အနေနဲ့ လုပ်လို့ရတာပါ။ ၅ ရက်နေရင် ချုပ်ကြိုးလေး တချောင်း ဖြုတ်မယ်။ နဂိုအနေဖြစ်ဘို့တော့ ရက်နဲနဲလိုတယ်။

မျက်စိ ကိုက်တာ ၂ မျိုးဖြစ်နိုင်တယ်။ ဆိုးရင် Galucoma ရေတိမ်၊ မျက်ရိုးပါကိုက်မယ် မျက်လုံးက တင်းနေမယ်။ လက်နဲ့ ဖိစမ်းရင် မဖြစ်တဲ့ဘက်ထက် တင်းတောင့်ခံနေတာ သိတယ်။ မျက်စိမှုံတာ သိပ်မြန်တယ်။ မနက်နဲ့ ညနေ မတူဘူး။ အရေးပေါ် ဖြစ်တယ်။ ခွဲရတယ်။ နောက်တခုက မျက်မှန်စမ်းဘို့ လိုတာကြောင့် ကိုက်နိုင်တယ်။ တခြား အကြောင်းခံတွေလည်း ခေါင်းထဲ ထည့်ရအုံးတယ်။ သွေးတိုး စစ်ပါ။

မျက်စဉ်းက ဘယ်လိုအမျိုးအစားလဲ။ မျက်စေ့ကျိမ်းလို့ မျက်ဝတ်ထွက်လို့ ခပ်တာက ပိုးသေမဲ့ ဆေးပါတယ်။ Gentamycin, Cipro စတာမျိုး။ (ဗက်တီးရီးယား) မဟုတ်ရင် မှိုဆေး၊ (ကော်တီဇုံး) ပါတဲ့မျက်စဉ်း။

Dr. တင့်ဆွေ
၈-၈-၂ဝ၁ဝ

Knee joint pain ဒူးနာနေတာ ၁ နှစ်လောက်ကြာ

August 03, 2010 6:24 PM
မင်္ဂလာပါဆရာ ကျွန်တော်နာမည် ကို့ ပါ အသက်က ၃ဝ ပါ ဆရာ။ ကျွန်တော့် ဒူးထဲက နာနေတာ ၁ နှစ် လောက် ရှိနေပါပြီ။ ထိုင်၊ ထ၊ သွားနေရင်းနဲ့ အမြဲပဲ နာနေပါတယ်။ ဆေးခန်း တော်တော်များလည်း ပြခဲ့ပေမဲ့ မသက်သာသေးပါ။ ဒါကြောင့် ဒီလိုပဲနေ နေရပါတယ်။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်နေတာကြောင့် ဆေးခန်းက ပေးသော ဆေးမှာလည်း အားလုံးကုန်သွားလို့ နာမည် မမှတ်မိပါဆရာ။ ဒါ့ကြောင့် ကျွန်တော် ဘာတွေ လုပ်သင့်တယ်၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးပါ။

ဒူးက ရောင်သလား၊ ရောင်လိုက်-ကျလိုက်လား။ အချိန်ရရင် ဒီစာတွေလည်း ဖတ်စေချင်ပါတယ်။ စာထဲမှာ ဆေးနာမည်တွေလည်း ပါတယ်။ လိုသေးရင်လည်း မေးပါ။
Arthritis အဆစ်နာ
Rheumatism လေးဘက်နာ

ကျန်းမာပါစေ

တဆ
၃-၈-၂ဝ၁ဝ

Aug 4, 2010 at 11:34
seinmintun - sein357@gmail.com
ကျွန်တော့် အသက်က ၃ဝ ပါ။ အိမ်ထောင်လည်း ရှိပါတယ်။ သွေးတိုးလည်း ရှိပါတယ်။ ဒူးက မရောင်ပါ။ အမြဲပဲ နာနေတာပါ။ ညာဘက်ဒူး အတွင်း တစ်ဘက်တည်းက နားနေတာပါ။ နားနေလို့ ကွေးဆန့်လိုက်ရင် ဂေါက်လို အသံမြည်ပါတယ်။ ၁ နှစ်လောက်ရှိပါပြီ။ သွေးတတ်တယ် ထင်ရင်တော့ ဆေးခန်းကပေးတဲ့ Actapin 5mg (Amlodipine) ၁ လုံး သောက်ပါတယ်။ နေ့စဉ်တော့ မသောက်ပါ။ ကျွန်တော့ရဲ့ ရောဂါရာဇဝင်ကို ဖြည့်၍ ပြန်မေးတာပါ။

ပဌမဆုံး Aspirin နဲ့ Ibuprofen တခုခု သောက်ပါ။ တနေ့ကို ၁ ပြား ၄ ကြိမ်ကနေ ၂ ပြား ၄ ကြိမ် အထိ သောက်နိုင်တယ်။ ဆေးနဲ့ အစာနဲ့ နီးပါစေ။

Indomethacin, Diclofenac တွေလည်း သောက်နိုင်ပါတယ်။ Diclofenac ဆေးက Tablet စားဆေးရော Gal လိမ်းဆေး ပါလာတယ်။ စားဆေးကို တနေ့ စုစုပေါင်း ၁၅ဝ မီလီဂရမ်ထက် မပိုစေဘဲ အကြိမ်ခွဲသောက်ရတယ်။ Indomethacin (Indocin, Indocin-SR) ဆေးက Capsules 25, 50 mg 75 mg လာတယ်။ တနေ့ကို 50-200 mg သောက်နိုင်တယ်။ ၂-၃ ကြိမ်ခွဲသောက်ရတယ်။

နောက်တဆင့် Prednisolone စားဆေးနဲ့ အဲဒီ အနာ-အကိုက်ပျောက်ဆေး ၂ မျိုးတွဲသောက်ရမယ်။ Prednisolone ကိုတော့ သတိကြီးကြီးနဲ့ သောက်ရမယ်။ အစ ၂ ပြား ၄ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၂ ပြား ၃ ကြိမ်၊ ၃ ရက် သောက်ပါ။ နောက် ၁ ပြား ၄ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၃ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ နောက် ၁ ပြား ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၁ ကြိမ်၊ ၃ ရက်သောက်ပါ။

သွေးတိုးရှိနေလို့ Prednisolone သောက်တာကို ပိုသတိထားရမယ်။ သွေးချိန်ကိုပါ တိုင်းနေရမယ်။ Hypertension သွေးတိုးဆိုတာက BP သွေးဖိအားတိုင်းမှ တက်တယ်၊ ကျတယ် သိတာ။ လူက ဘာမှမဖြစ်ဘဲ နေပေမဲ့၊ တက်ချင် တက်နေတတ်တယ်။ Pressure သိပ်မတက်ဘဲ တခြားအကြောင်းရှိလို့ အနေအထိုင် ခက်ချင် ခက်တတ်တယ်။ အငန်လျှော့ပါ။ ရှောင်ပါ။ လူက ဝနေရင် အလေးချိန်လျှော့ပါ။ အဆီ၊ (ကလိုရီ) လျှော့စားပါ။ လေ့ကျင့်ခန်းမျိုး တခုခု ပုံမှန်လုပ်ပါ။

ဒူးကို ပူစေတဲ့လိမ်းဆေး (ဗမာဆေး) တခုခုလိမ်းနိုင်တယ်။ ထုံဆေးပါတဲ့လိမ်းဆေးလည်း ဝယ်လို့ရရင် လိမ်းနိုင်တယ်။

ဆေးရှိနေရင် နာတာ သက်သာမယ်။ ချက်ချင်း မပျောက်သေးလို့ စိတ်မပျက်ပါနဲ့။ ဖြစ်နေတာ နှစ်နဲ့ရှိနေတဲ့ ဝေဒနာတခုကို စိတ်ရှည်ရှည် ကုရလိမ့်မယ်။ လိုအပ်ရင် ဆရာဝန်က ဓါတ်မှန် အရိုက်ခိုင်းမယ်။ ဂေါက်ရှိ-မရှိသိအောင် စစ်မယ်။ သိပ်ဆိုးရင် အဆစ်ထဲ (ကော်တီဇုန်း) ဆေး ထိုးပေးမယ်။

ကျန်းမာပါစေ။

တဆ
၎-၈-၂ဝ၁ဝ

Tuesday, August 3, 2010

Q and A August 2010 (3)

1. အောက်နှုတ်ခမ်း အလယ်မှာ အဖု (အသားပို) ဖြစ်နေပါသည်။
2. တီဘီရောဂါဆေးကို အစမှ ပြန်သောက်ရပါသလား။
3. ကိုယ့်ရဲ့သွေးသား ဟုတ်-မဟုတ်ကို ဆေးပညာနဲ့ ဘယ်လို စစ်ဆေးမှုတွေ လုပ်နိုင်သလဲ။
4. သုတ်ရေကို အပြင်မှာ ထုတ်လိုက်ရင်ကော ကိုယ်ဝန် ရနိုင်ပါသလား။
5. လည်ပင်းက ဖြစ်တဲ့အကျိတ် ဘယ်နှစ်မျိုး ရှိပါသလဲ။

2010/8/16
Q: ကျွန်တော်သည် အသက် ၃ဝ အရွယ် အမျိုးသားတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်၏ (ပါးစပ်) အောက်နှုတ်ခမ်း အလယ်မှာ ဆောင်းရာသီ နှုတ်ခမ်းကွဲရာမှစ၍ အမာရွတ်ဖြစ်လာချိန်တွင် သွားဖြင့်ကိုက်ခြင်း လက်ဖြင့်ခွာခြင်း လက်သည်းညှပ်ဖြင့် ညှပ်ခြင်း စသည်တို့ကြောင့် ယခုအခါ ငရုတ်ကောင်းစေ့နီးပါး အဖု (အသားပို) ဖြစ်နေပါသည်။ Vaseline chapped lips ဆေးများလိမ်းပေမယ့် ၄,၅ လခန့်ကြာပါပြီ မပျောက်ခင်ဗျာ၊ မည်သို့ ပြုလုပ်လျှင်ကောင်းမည်ကို ဖြေကြားပေးပါခင်ဗျာ။

Aug 16, 2010 at 12:10 PM
A: မမြင်ရပေမဲ့ ပြောတာ ဖတ်ပြီး ပြန်ပြောပါရစေ။ အသားပိုလိုဖြစ်လာတာက ရောဂါတခုတော့ မဟုတ်ပါ။ ရေးပြထားတဲ့ အကြောင်းတွေကြောင့် ဖြစ်လာတာပါ။ ဆက်ပြီး ကလိနေရင် ဆက်ကြီးလာနိုင်တယ်။ ဒါလဲ ရောဂါမဟုတ်သေဘူး။

ဒါပေမဲ့ မျက်နှာမျာဖြစ်နေလို့ ကြည့်ရတာ အမေမွေးတဲ့အတိုင်း ဖြစ်မနေတာတော့ ပြင်ချင်ရင် ပြင်ဘို့လိုတယ်။ ပြင်ချင်ရင်ဆိုတာ လူတယောက်နဲ့ တယောက် မတူပါ။ ရုပ်ကို ပြစားရသူနဲ့ ရုပ်ကို ဂရုစိုက်စရာ မလိုသူတွေ မတူကြပါ။

အနာရွတ်တွေကိုလည်း ကြီးနေရင်၊ အရုပ်ဆိုးနေရင် ပြင်လို့ ရနိုင်သူတွေမှာ ရပါတယ်။ လူတိုင်းတော့ မရပါ။

မေးတဲ့သူမှာ Keloid အနာရွတ်သီးတဲ့ အလေ့အထ မရှိရင် ပြင်သင့်ပါတယ်။ Plastic surgery သဘော ပြင်တာကောင်းတယ်။ Plastic surgeon ဆီ သွားစရာတော့ မလိုပါ။ အတွေ့အကြုံရှိ ခွဲစိတ်ဆရာဝန်နဲ့ လုပ်လို့ ရပါတယ်။ ထုံဆေးနဲ့သာ လုပ်ပါလိမ့်မယ်။

ဘာဆေးမှ မလိမ်းစေချင်ပါ။ ထပ်သိချင်သေးရင် ပုံရိုက်ပြီး ပို့ပေးပါ။

August 16, 2010 6:29 AM
Q: တီဘီရောဂါပိုးရှိနေ၍ ၆လ ဆေးသောက်နေရချိန်အတွင်း ရံဖန်ရံခါ ဘီယာ နှင့် ဆေးလိပ်သောက် မိပါက ဆေးကို အစမှ ပြန်သောက်ရပါသလား ခင်ဗျာ။

Aug 16, 2010 at 11:57 AM
A: အဲဒါနဲ့တော့ မလိုပါ။ ဆေးသာ ဆက်သောက်ပါ။ ကောင်းသွားမှာပါ။

2010/8/16
Q: ပွင့်ပွင့်လင်းလင်း ပြောပါရစေဆရာ။ ကျွန်မအမျိုးသားက တခြား အမျိုးသမီး တစ်ယောက်နဲ့ မှားယွင်းခဲ့တယ်တဲ့။ ကျွန်မ မသိအောင် ထောက်ပံ့မှုတွေ လုပ်ပြီး၊ အဲဒီကလေးကို မွေးစေခဲ့တယ်။ အခု အမျိုးသားက အဲ့ဒီကလေးကို ကျွန်မတို့နဲ့အတူ ခေါ်ထားချင်နေပါတယ်။ ကျွန်မတို့မှာ ကလေးတစ်ယောက် ရှိပါတယ်ဆရာ။ ကိုယ့်ရဲ့သွေးသား ဟုတ်-မဟုတ်ကို ဆေးပညာနဲ့ ဘယ်လို စစ်ဆေးမှုတွေ ဘယ်နေရာမှာ လုပ်ရင် သေသေချာချာ သိနိုင်တယ်ဆိုတာ ဖြေကြားပေးပါအုံးဆရာ။

A: I am sorry to learn your delicate problem. But it happens.

Parental testing မှာ paternity test ဖခင်အစစ် ဟုတ်-မဟုတ် နဲ့ maternity test မိခင်အစစ်ဟုတ်-မဟုတ် ၂ မျိုး ရှိတယ်။ Genetic fingerprinting ခေါ်တယ်။ ခေတ်ပေါ် နည်းဖြစ်ပြီး အရင်က သုံးခဲ့ကြတဲ့ ABO Blood group typing နည်းနဲ့ တခြားနည်းတွေထက် စိတ်ချ-သေခြာတဲ့နည်း ဖြစ်တယ်။ DNA testing နည်းက နောက်ဆုံးပေါ်နည်းဖြစ်တယ်။ အိန္ဒိယမှာ Accredited Paternity Test တခုဟာ INR 10950 ကုန်ကျမယ်လို့ ကြောညာထားတယ်။

August 16, 2010 3:46 PM
Q: မေးခွန်းလေးတစ်ခု မေးခွင့်ပြုပါခင်ဗျား။ ကွန်ဒုံး မသုံးမိဘဲ လိင်ဆက်ဆံပြီး သုတ်ရေကို အပြင်မှာ ထုတ်လိုက်ရင်ကော ကိုယ်ဝန် ရနိုင်ပါသလား ခင်ဗျား။

August 16, 2010 4:31 PM
A: မိသားစုစီမံကိန်း နည်း အမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ဝ့ဝ၂-ဝ့၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ဝ့၂%၊ အမျိုးသမီး စားဆေးနည်း = ဝ့၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ဝ့၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ဝ့၆-၁့၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေးရနိုင်တယ်။

August 16, 2010 3:26 PM
Q: လည်ပင်းက ဖြစ်တဲ့အကျိတ် ဘယ်နှစ်မျိုး ရှိပါသလဲ။ လည်ပင်းက အကြောအတိုင်း တစ်လုံးပြီး တစ်လုံး တန်းစီပြီး ထွက်တဲ့ အကျိတ်က ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေတာလဲ။ ဆေးသောက်တာနဲ့ ပျောက်နိုင်ပါသလား။

Aug 16, 2010 at 4:03
A: ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်တာ ဘယ်လောက်ကြာပြီ၊ တခြား ဘာလက္ခဏာတွေရှိတယ်။ ဥပမာ ဓါတ်မှန်၊ နာ-မနာ၊ လူပိန်လာ-မလာ၊ သိချင်ပါသေးတယ်။ မတူတာတွေ အမျိုးမျိုးရှိလို့ပါ။ တက်စေ့ ရောင်တာ၊ တီဘီ၊ ကင်ဆာ အတော် မတူတာတွေ။

Q: ဖြစ်တာက ညီမလေးတစ်ယောက်ပါ ဆရာ။ သူက နဂိုပိန်တာပါ။ သိပ်မကြာသေးဘူး ထင်တာပဲ။ သူကခုမှ ကိုယ်ကိုယ်ကို စမ်းမိတာတဲ့။ အလုံးက မမြင်ရပါဘူး။ လက်နဲ့စမ်းကြည့်မှ သိတာပါ။ လည်ပင်းအကျိတ် ဟုတ်-မဟုတ် ဆိုတာလည်း မသိပါဘူးဆရာ၊ လူကပိန်ရင် လည်ပင်းက အရိုးကြီးပေါ်နေတယ်လေနော်။ အဲဒီ ပေါ်နေတဲ့ အရိုးနဲ့ ကပ်ရဲ့အပေါ်ဘက် လည်ပင်းချိုင့်နေတဲ့ နေရာမှာ ရှိတယ်။ အလုံးက (ညာဘက်မှာပါ)။ နာလည်း မနာဘူးတဲ့။ ဆေးခန်းလည်း မသွားရသေးပါဘူး။ ဆေးခန်းမှာ ဓါတ်မှန်ရိုက်ပြီး၊ သေသေချာချာ စမ်းသပ်ကြည့်ရမှာပေါ့နော် ဆရာ၊။

A: စိတ်မပူနဲ့ ပြောပေးပါ။
သူ့အသက် ဘယ်လောက်လဲ။ လည်ပင်းကြီးနဲ့ တခြားအလုံးနဲ့ ခွဲရအုံးမယ်။ အလုံးက ဘယ်နေရာမှာလဲ၊ ရှေ့ ညာဘက်တော့ သိရပြီ၊ အရိုးလို့ ရေးလိုက်တာက လည်ပင်း အလည်တည့်တည့် အထက်-အောက်တန်းရှိတဲ့ လေပြွန် အရိုးနုကို ဆိုလိုသလား။ အလုံးအရွယ်အစား (ဥပမာ ၁ လက္မ X ၁ လက္မ)၊ ပုံသဏ္ဌာန်၊ (လုံးဝိုင်း-ဘဲဥပုံ)၊ အပြော့-အမာ၊ (မာတယ်-တင်းတယ်-ပြော့တယ်)၊ တံတွေး အမြိုခိုင်းရင် အလုံးက အထက်-အောက်ရွေ့သလား။

နောက်ပြီး ပူးတွဲလက္ခဏာတွေ ဘာရှိသလဲ။ ရင်တုံသလား၊ မောတတ်သလား၊ စိတ်တိုတတ်သလား။ ဟောဟောဒိုင်းဒိုင်း လုပ်လေ့ ရှိသလား၊ အအေးကြိုက်-အပူကြောက်သလား။ ချောင်းဆိုးသလား။ မြိုရင်ခက်သလား။ အသက်ရှူခက်သလား။

ပြီးရင် ဘာလုပ်သင့်သလဲ အကြံပေးပါမယ်။ ဓါတ်ပုံရိုက်ပို့ရင်လည်း ကောင်းတယ်။ မျက်နှာမပါလဲ ဖြစ်ပါတယ်။ ရှေ့ကတပုံ၊ ဘေးတိုက်တပုံ။

Monday, August 2, 2010

Q and A August 2010 (2)

1. ကျွန်တော့်မှာ အစာအိမ်ရောဂါပုံစံ ဖြစ်နေပါတယ်။
2. အနာတွေ ကို အရက်ပျံဆွတ်၊ ဂွမ်းနဲ့  သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့ သဘောလား ဒေါက်တာ။
3. I want to know what is IUCD
4. Onycholysis ဖြစ်တာရယ် Splinter haemorrhage ဖြစ်တာရယ်ကို ဘယ်လို ကုသရင် ပျောက်ကင်းနိုင်မလဲ
5. Masturbate လုပ်တာ များပါတယ်ဗျာ။
6. ခုထိ ချက်မကြွေသေးလို့ 

August 2, 2010 8:28 PM
Q 1: ကျွန်တော့မှာ အစာအိမ်ရောဂါပုံစံ ဖြစ်နေပါတယ်။ အစပ်လေး နဲနဲ လေးစားလိုက်တာနဲ့ ဗိုက်တော်တော် အောင့်နေပါတယ်ခင်ဗျာ။ အဲဒါ ဘာလို ဆေးတွေ စားပြီးတော့ ဘယ်လို အစာတွေနဲ့ ပြန်ကုရမယ် ဆိုတာ ဖြေကြားပေးပါ ခင်ဗျာ။ (ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူးခင်ဗျာ၊ ကိုယ်ပိုင်အသစ် မေးချင်တာကို ဘယ်လို လုပ်ရမလဲ မသိလို့ပါခင်ဗျာ။ အဲဒါကိုလဲ ဖြေကြားပေးပါခင်ဗျာ။

A 1: အစာအိမ်ကင်ဆာ
လေနာရောဂါ အမေး-အဖြေ
Medicine for Diseases of Digestive Tract အစာလမ်းရောဂါ ဆေးများ
ဒီစာ ၃ ပုဒ်ကို အရင် ဖတ်စေချင်ပါတယ်။ နောက်လိုသေးရင် မေးပါခင်ဗျား။

၃-၈-၂ဝ၁ဝ

July 1, 2010 5:31 PM
Q 2: ခါတိုင်း ကျနော်တို့ အနာတွေကို အရက်ပျံ ဆွတ် ဂွမ်းနဲ့ သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့ သဘောလား ဒေါက်တာ။ ဒါဆိုရင် အနာဝတွေကိုပဲ အရက်ပျံ သုတ်လိမ်းပြီး အနာကို အန်တီဆက်တစ်-ကရင်ပဲ ထည့်ပေးသင့်တဲ့ သဘောပေါ့နော်။ အရက်ပျံကို သက်မဲ့ မျက်နှာပြင်ထဲ မသုံးရဆိုတာ သိပ်နားမလည်လို့ ထပ်ရှင်းပြပေးပါဦးဗျာ။ ကျေးဇူးတင်လျှက် -

A 2: ဟုတ်ပါတယ်။ အနာထဲကို အရက်ပြန်၊ (အိုင်အိုဒင်း)၊ လောင်စေတတ်တဲ့ဆေး မထည့်သင့်ပါ။ အရေပြားအောက်မှာ ရှိတဲ့ အဆီ၊ (တွယ်ဆက် တစ်ရှူး)၊ သူတို့အထဲမှာ ရှိနေကြတဲ့ သွေးကြောလေးတွေနဲ့ အာရုံကြောသေးသေးလေးတွေက မခံနိုင်ကြဘူး။

အနာထဲကို ထည့်လို့ရတဲ့ ပိုးသေဆေးတွေ ရှိပါတယ်။ (ဟိုက်ဒရိုဂျင်-ပေါအောက်ဆိုဒ်)၊ (အိုင်အိုဒင်း) ကို အရက်ပြန်နဲ့ မဟုတ်ဘဲ ရေနဲ့ ဖျော်ထားပြီးသားဆေး Povidone-iodine, Cipladine တွေ သုံးနိုင်ပါတယ်။ အပြော့စား Savlon, Dettol တွေလည်း ရပါတယ်။

အနာက ညစ်ပေနေရင် ပဌမ ရေသန့်သန့်၊ ရေကျက်အေး တို့နဲ့ ဆေးပါ။ ရေအများကြီးနဲ့ ဆေးရမှာဆိုရင် ဆားရည်သုံးတာ ပိုကောင်းပါတယ်။

အရက်ပျံက သက်မဲ့ မျက်နှာပြင်မှာရှိတဲ့ ပိုးတွေ သေအောင် မလုပ်နိုင်ပါ။ လုပ်လို့ရတာတော့ ရှိပေမဲ့ အကုန် မစင်ပါ။

၃-၈-၂ဝ၁ဝ

July 17, 2010 3:42 PM
Q 3: I want to know what is IUCD

A 3: IUCD = Intra-Uterine Contraceptive Device ကိုယ်ဝန်မရှိစေရန် သားအိမ်ထဲ အစ္စည်းထည့်ထားခြင်း။ Loop, ParaGard (copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့် အမျိုးမျိုးရှိသည်။

May 13, 2010 1:58 AM
Q 4: ခြေသည်း လက်သည်းတွေမှာ Onycholysis ဖြစ်တာရယ် Splinter haemorrhage ဖြစ်တာရယ်ကို ဘယ်လို ကုသရင် ပျောက်ကင်းနိုင်မလဲ ဆိုတာလေးကို ရေးပေးစေချင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကန်တယ် ဆရာ။ အဲဒါ ထိမိ ခိုက်မိပြီး ခြေသည်း လန်တာတို့ သွေးခြေဥတာတွေကနေ အစောက ပြောသလိုမျိုးတွေ ဖြစ်ကုန်တယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ပုံမှန် ပြန်မဖြစ်တော့ဘူး။ ဘယ်လို ဆေးမျိုး သုံးပြီး၊ ဘယ်လို နေထိုင်ရင် အဆင်ပြေနိုင်မလဲ သိချင်ပါတယ်။

A 4: Nail lifting လို့ခေါ်တဲ့ ခြေသည်း-လက်သည်း လန်ခြင်း Onycholysis ဆိုတာ ဖြစ်လာရင် ကွာတက်နေတဲ့ ခြေသည်း-လက်သည်း အောက်မှာ ရေ၊ အညစ်အကြေးနဲ့ ပိုးမွှား ဝင်လာနိုင်တယ်။ ဘောလုံးကန်၊ ခိုက်မိရာကနေဖြစ်တာ မဟုတ်ဘဲ၊ နှင်းခူစတဲ့ တခြား အရေပြားရောဂါတွေနဲ့လဲ တွဲဖြစ်တတ်တယ်။ လည်ပင်းကြီး၊ ကိုယ်ဝန်ဆောင်၊ ကင်ဆာ စတဲ့ ရောဂါတွေနဲ့လည်း တွဲတတ်သေးတယ်။ လက်သည်း-ခြေသည်း အလှပြင်ရင် လွန်သွားတာမို့လည်း ဖြစ်နိုင်တယ်။ ဗီတာမင် အေ ကနေလည်း ဖြစ်သတဲ့။ အရွယ်-ကျား-မ မရွေးဖြစ်ပေမဲ့ အမျိုးသမီးများ ပိုဖြစ်တယ်။ ဘယ်လိုကုမလဲဆိုတာဘဲ မေးတာကို ဖြစ်ကြောင်းကုန်စင် ရေးရတာကတော့ ဖြစ်စေတတ်တာကို ရှောင်ပါလို့ ပြောချင်လို့ပါ။

ကိုယ့်ဖါသာ လုပ်နိုင်တာတွေ ရှိတယ်။ ကွာထွက် ပိုရှည်နေတဲ့ ခြေသည်း-လက်သည်းကို မကြာမကြာ(၁ ပါတ်တခါ) ဖြတ်ပါ။ နေရာကို နေ့တိုင်း ဆပ်ပြာနဲ့ရေ သုံးဆေးပါ။ ခြောက်သွေ့အောင် အသာအယာ လုပ်ပါ။ ဖြစ်တဲ့နေရာကို အကာကွယ် လုပ်ပါ။ (ကော်တွန်) ခြေအိတ်၊ လက်အိတ်သုံးပါ။ ရေမစိုရင် ပိုကောင်းတယ်။ တခြားသန့်ရှင်းစေတဲ့ဆေး အပြင်စား မသုံးပါနဲ့။ လိုအပ်မှ ဆရာဝန်ပြပါ။ ဗက်တီးရီးယားဆေး၊ ဖန်းဂတ်စ်(မှို)ဆေး ပေးပါလိမ့်မယ်။

Imidazole or Allylamine တွေက မှိုအတွက် လိမ်းဆေးတွေပါ။ fluconazole, itraconazole, terbinafine တွေက မှိုအတွက် စားဆေးတွေ။
Pulsed dye laser treatment နဲ့ Psoralen plus ultraviolet A (PUVA) treatment ဆိုတဲ့နည်းတွေ ထိရောက်တယ်လို့ ဆိုတယ်။
ဘောလုံးသမားဆိုရင် မဖြစ်ခင်ရော၊ ဖြစ်ပြီးရော နေရာကို မထိခိုက်အောင် ဂရုစိုက်ပါ။ ခြေသည်း တိုတိုသာ ပုံမှန် ဖြတ်ပါ။ အစိုလုပ်ငန်းလုပ်လို့ vinyl gloves သုံးရသူတွေ၊ အောက်မှာ light cotton gloves ခံသုံးပါ။
သိပ်ဆိုးတဲ့သူများကို Triamcinolone 2.5-5 mg/mL ဆေးကို ဆားရည်နဲ့ဖျော်ပြီး ဖြစ်တဲနေရာကို ၂ ပါတ် ၁ ခါ၊ ၄-၅-၆ ခါ အပ်သေးသေး 30-gauge needle နဲ့ ထိုးပေးတယ်။ ထုံဆေးရောရတယ်။
Clobetasol ointment ဆိုတာက corticosteroids ပါတဲ့ပြင်းတဲ့လိမ်းဆေး။ သူထက်ပြော့တာသုံးနိုင်တယ်။
5-fluorouracil 1% solution ဆေးနဲ့ နှိပ်နယ်ပေးနိုင်တယ်။ တနေ့ ၂ ခါ၊ ၄-၅ လ ကြာအောင်လုပ်ရတာ။

May 25, 2010 8:25 PM
Q 5: ကျွန်တော် Masturbate လုပ်တာ များပါတယ်ဗျာ။ အခုနောက်ပိုင်း သုတ်ထွက်တာ တော်တော် နည်းသွားပါတယ်။ သုတ်ထွက် ပြန်များလာအောင် ဘာဆေးစားရမလဲ ဖြေကြားပေးပါဆရာ။ ကလေးကောရဖို့လွယ်ပါ့မလားဆရာ။

A 5: Masturbation (မာစတာဘေးရှင်း) ကို ဖတ်ပါခင်ဗျား။ စိုးရိမ်စရာ မရှိပါ။ အိမ်ထောင်ပြုရင် ကလေးအဖေလည်း ဖြစ်မှာပါ။

၃-၈-၂ဝ၁ဝ

8 Aug 10, 15:27
Q 6: ဆရာရှင့် ကျမသားလေးက အခုဆို မွေးပြီးတာ ၂ ပါတ်ပြည့်ပါပြီ။ ခုထိ ချက်မကြွေသေးလို့ အရမ်း စိတ်ပူနေပါတယ်။ ချက်က အရည်လေးတွေ သွေးလိုမျိုးလေး နည်းနည်း ထွက်တယ် ဆရာ။ ပြီးတော့ အရက်ပြန်လေး ထည့်ပေးရင်လည်း ကလေးက အရမ်းငိုပါတယ်။ အဲ့ဒါလေး သိချင်လို့ပါ ဆရာ။ အားရင် ဖြေပေးပါဆရာ။ ဒီမှာကလည်း နိုင်ငံရပ်ခြားဖြစ်နေလို့ မိဘတွေနဲ့လည်းဝေးနေလိုပါ။

A 6: စိတ်မပူပါနဲ့။ ၂ ပါတ်လောက်မှာ ကြွေတတ်ပါတယ်။ အခုလို စိုနေရင်တော့ ပိုကောင်းတာက (အိုင်အိုဒင်း) ပါတဲ့ဆေး povidone-iodine ဖြစ်တယ်။ ခြောက်အောင် ထားသင့်တယ်။ မြန်မြန်ကြွေမယ်။ ရေချိုးပြီးနောက် ခြောက်အောင် သုတ်ပေးပါ။ ကလေးငိုရင် အရက်ပြန် မထည့်တော့နဲ့။ ချက်နေရာဘေးမှာပါ နီနေရင်၊ ကိုယ်နဲနဲ ပူရင်တော့ Amoxacillin powder ကို ရေကြက်အေးနဲ့ ဖျော်တိုက်ရတယ်။ ဒီဆေးနဲ့ Paracetamol ဆေးရည်တိုက်ဘို့ လိုတာပါ။ လိုတဲ့ကလေး ရှားပါတယ်။ အမှန်က ကလေးငယ်တုံး ဘာဆေးမှ မတိုက်ဘဲရရင် ပိုကောင်းတယ်။

Sunday, August 1, 2010

Q and A August 2010 (1)

1. ဆရာခင်ဗျား ကိုယ်ဝန်တားနည်းတမျိုး ကြားရလို့ပါ။
2. အစာအိမ် မကောင်းတာ ကြာပါပြီ၊
3. ပုံမှန်ရာသီ လာပေမယ့်၊ ပျို့ အန်ချင်သလို ဖြစ်နေရင် ကိုယ်ဝန်ရှိနိုင်ပါသလား။

May 20, 2010 12:39 AM
Q 1: ကိုယ်ဝန်တာနည်းတမျိုးကြားရလိုပါ။ လက်မောင်းထဲ ဆေးတောင့်ထည့်တာလို့သိရပါသည်။ မည်ကဲ့သို့ဟာမျိုး ဖြစ်သလဲဆိုတာ နားမလည်ပါ၍ ဆရာဆီ အကူအညီတောင်းခံပါသည်။ ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည်။ အမျိုးသမီး လက်မောင်းထဲ ထည့်တာဟုသိရပြီး ဆင်ခြေဖုန်း ရက်ကွက်များတွင် WHO မှ လုပ်ပေးနေသည်ဟု သိရပါသည်။ ရန်ကုန်ရှိ ဆေးခန်းများတွင် လုပ်၍ရမရလည်း သိချင်ပါသည်။

A 1: The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း၊ ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းလေးတခု ဖြစ်သည်။ လက်မောင်း အတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ Progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

Progestogen ဟော်မုန်းသည် လစဉ် မ-မျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉% မက ထိရောက်သည်။ အလေးချိန် များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်း ထိရောက် ကာကွယ်သည်။ ကလေး နို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်း များတတ်သည်။ မမှန်ဖြစ်တတ်သည်။ ဝက်ခြံပေါက်တတ်သည်။ ရင်သား တင်းတတ်သည်။ ကိုယ်ဝန် ရှိနေလျင်၊ အသဲရောဂါ ရှိနေလျင်၊ ယခု သို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်း ရောဂါ ရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိလျင် မသုံးသင့်။

Different Methods of Contraception ပဋိသန္ဓေတားနည်းများ တွင် ဖတ်နိုင်ပါသည်။

May 20, 2010 9:33 AM
Q 2: အစာအိမ်မကောင်းတာကြာပါပြီ၊ Barium meal X'ray ရိုက်ဘူးတယ်၊ H pylori အတွက် endoscopy & biopsy လုပ်ပြီး H Pylori ရှိတယ်ဆိုလို့ ဆေးစားပြီး စစ်တော့ ကောင်းသွားပြီဆိုလို့ အစားလဲသိတ်မရှောင်ရတော့၊ ဒါပေမဲ့ တလလောက်မှာ ဒိုင်းကနဲ ပြန်ဖြစ်တာ-လေပြန်ထဒါ၊ တဖြေးဖြေးနဲ့ပိုပိုဆိုးလာတာ-အခု - ကော်ဖီ၊ လဖက်ရည်၊ ငရုပ်သီး၊ မဆလာ၊ ခရမ်းချင်သီး၊ လိမ်မော်သီး စားလို့မရ၊ သောက်လို့မရပါ၊ anti acid တွေသောက်နေရ၊ အခု့ nexium တနေ့တလုံးသောက်၊ ဒီကြားထဲ လိုရင်လိုသလို anti acid လဲသောက်ရပါတယ်။ နောက်ပိုင်းမှာ ရင်ညွန့်အောင့်လို့ gas pressure လာလာဆေင့်တဲ့ သဘောပါ။ နောက်လေ့လာကြည့်တာ anti acid ထဲက calcium ကြောင့်မသင်ကာတာနဲ့ anti acid တတ်နိုင်သလောက် မစားဘဲနေတော့ အောင့်တာ gas pressure ဖြစ်စင်နဲသွားပါတယ်။ အခု Nsaid တွေ သောက်နေရလို့ anti acid နဲ့ Buffer လုပ်ပြီးသောက်နေရပါတယ်။ ကော်ဖီ ပြန်သောက်နိုင်အောင် ဘာ ဆက်လုပ်သင့်ပါသလဲ၊ အကြံပေးပါရန် -

A 2: အစာမကျဖြစ်ခြင်း Indigestion နဲ့ ရင်ပူလောင်ခြင်း heartburn အတွက် လူသန်းပေါင်းများစွာ မှီဝဲသုံးစွဲနေကြ တဲ့ Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်လို့ ၃ဝ-၅-၂ဝ၁ဝ နေ့က လန်ဒန်မှာ သုတေသနစာတမ်းတခု ထုတ်ပြန်လိုက်တယ်။

Osteoporosis ဆိုတာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။ National Institute for Health and Clinical Excellence က ဒီဆေးမျိုးဟာ ထိရောက်တာ မှန်ပေမဲ့ သိပ်ကြာကြာ (၂ လက်ထက် ပိုကြာအောင်) မသုံးသင့်ဘူးလို့ အကြံပြုလိုက်ပါတယ်။
30-5-2010

6 Aug 10, 22:18
Q 3: လိင်ဆက်ဆံပြီးနောက် လစဉ် (၂လ ရှိပါပြီ) ပုံမှန်ရာသီလာပေမယ့်၊ ပျို့ အန်ချင်သလို ဖြစ်နေရင် ကိုယ်ဝန်ရှိနိုင်ပါသလား။ ကျွန်တော် သိထာတာကတော့ လိင်ဆက်ဆံပြီး ရာသီမလာတော့ရင် ကိုယ်ဝန် ရှိတယ်ဆိုတာကို သိထားပါတယ်။ ရာသီလာပြီး ကိုယ်ဝန်ရှိနိုင်ပါသလား။ ဘယ်သူမှ မရှိဘူးထင်ပါတယ်။

A 3: ရာသီလာတာ မှန်ရင် ကိုယ်ဝန် မဟုတ်နိုင်ပါ။ သွေးဆင်းတာက ရာသီမဟုတ်ဘဲ ကိုယ်ဝန်ပျက်ကျတာလည်း စဉ်းစားရအုံးမယ်။ ပျက်တာဆိုရင် ဆီးစပ်နာတာ၊ ခါးကိုက်တာတွေပါ တွဲရှိနိုင်တယ်။ ဆင်းတာလဲ ခါတိုင်းထက် များများလာမယ်။ ရက်လဲ ကြာမယ်။ ပျို့ချင်၊ အန်ချင်တာ တခြားအကြောင်း ရှာရပါမယ်။ သေချာချင်ရင် ဆီးစစ်ပါ။ Urine pregnancy test kit ကို အလွယ် ဝယ်လို့ရပါတယ်။

Dr. တင့်ဆွေ
၆-၈-၂ဝ၁ဝ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...