Aug 7, 2010 at 7:38 PM
ကျနော် (့) မှာ အလုပ်လုပ်ပါတယ်။ ကျနော် နှာခေါင်းနဲ့ ပတ်သတ်တဲ့ ပြဿနာပါ။ ရေကိုင်တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့်ပဲဖြစ်ဖြစ်၊ (ဥပမာ အိမ်မှာ သန့်ရှင်းရေး လုပ်တဲ့အချိန်)၊ မိုးရေ နည်းနည်းလေး စိုတာပဲ ဖြစ်ဖြစ်၊ ရာသီဥတု နည်းနည်းလေး အေးတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ကျနော့ နှာခေါင်းက အမြဲတမ်း နှာချေ၊ နှာရေယို ဖြစ်နေပါတယ်။ တော်တော်လည်း နေရခက်ပါတယ်။ အဲဒီလိုဖြစ်နေတာ ၄၊ ၅ နှစ်လောက် ရှိပြီထင်ပါတယ်။ တစ်ဖီဆေးတို့ တခြား အလက်ဂျစ် ပျောက်ဆေးတို့ သောက်လည်း ခဏလောက်ပဲ ပျောက်ကင်းပါတယ်။ အခုဆိုရင် ကျနော့ အမျိုးသမီးရော ကလေးပါ ကျနော့လို ဖြစ်နေပါတယ်။ ကျနော်တို့ ဘယ်လို ဆေးတွေကို စနစ်တကျ သောက်သင့်တယ်၊ ဘယ်လို့ နေထိုင်သင့်တယ် ဆိုတာ လမ်းညွှန်မှု ပေးစေချင်ပါတယ်။
ဒွါရ ခြောက်ပေါက် နဲ့ အာရုံခြောက်ပါး၊ ကာမဂုဏ်တရားတွေထဲက နှာခေါင်းက ဂန္ဓာရုံဆိုတဲ့ အနံ့တွေကို ပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဆေးပညာမှာတော့ နှာခေါင်းက ဖြစ်စေတဲ့ ရောဂါတွေထဲမှာ အနံ့ကို ကောင်းကောင်း မသိတာ ရောဂါ ဖြစ်သလို၊ အနံ့မတည့်တာလဲ ရောဂါဘဲ။
ဆေးပညာကို နည်းနည်းလောက် တီးမိခေါက်မိသူတိုင်း မတည့်တာ (အလာဂျီ) လို့ သိကြတယ်။ ဖြစ်ရင် ယားတာ၊ အရေပြားမှာ နီရဲလာတာမျိုးကို (အလာဂျီ) လို့ ခေါ်လေ့ရှိတယ်။ ဒါက အခြေခံလက္ခဏာ အမှန်ပါဘဲ။ မေးတဲ့သူက နှာခေါင်းမှာ လက္ခဏာတွေ ပေါ်နေတာမို့ Allergic rhinitis အလာဂျီ နှာခေါင်းရောင်ခြင်း လို့ ဆေးစာက ခေါ်တယ်။ Pollenosis နဲ့ Hay fever လို့လဲ ခေါ်သေးတယ်။ Pollen ခေါ်တဲ့ ဝတ်မှုန်ဝတ်ဆံ Dust ခေါ်တဲ့ ဖုံမှုံ့တွေကြောင့် ဖြစ်ရမို့ ခေါ်တာပါ။ Allergy သို့မဟုတ် မတည့်အတူနေ ဆိုပြီး စာတပုဒ် ရေးထားပါတယ်။ အရင်မေးတဲ့သူတွေက အစားနဲ့ ပါတ်သက်တယ်။ အခုက အနံ့။
(အလာဂျီ) ဖြစ်စေတေဲ့ အရာကို (အလာဂျင်) ခေါ်တယ်။ ဒါမျိုးတခုခု ကိုယ်ထဲဝင်လာရင် ခန္ဓာကိုယ်ကနေ ခုခံအားအတွက် (အင်တီဘော်ဒီ) ဆိုတာ ထွက်လာစေတယ်။ ဆေးစာတွေ ရေးပြနေတာ စိတ်မရှုတ်ပါနဲ့။ ဆေးကို ပြောတဲ့အခါ ပိုနားလည် လွယ်စေချင်လို့ပါ။ (အင်တီဘော်ဒီ) ကနေ (မတ်စ်-ဆဲလ်) ဆိုတဲ့ သွေးဖြူဥကို သွားပေါင်းလိုက်တဲ့အခါ (ဟစ်တမင်း) ဆိုတဲ့ ဓါတ် ထွက်လာစေတယ်။ (ဟစ်တမင်း) ကြောင့် ယားတာ၊ ရဲတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။ ဖြစ်တာ တခါနဲ့ တခါ မတူတတ်ပါ။ အဖုအပိန့်တွေ ထွက်မယ်။ တချို့မှာ မျက်ခွံရောင်မယ်။ နားအပြင် နှာခေါင်းမှာပါ လာဖြစ်တယ်။ အစားနဲ့ မတည့်သူဆိုရင် လည်ချောင်းမှာလာဖြစ်လို့ နှာချေပြီး၊ ယားတာ၊ ရောင်တာ ဖြစ်လာမယ်။
Viral rhinitis နှင့်ဆင်တူသော်လည်း ပိုကြာရှည်ပြီး ဥတု ရာသီလိုက် ဖြစ်တတ်သည်။ အတော်လည်း အဖြစ်များတယ်။ မျိုးနဲ့ရိုးနဲ့လဲ ဖြစ်တတ်တယ်။ ပါတ်ဝန်းကျင်နဲ့ မသင့်တာလည်း ပါတာပေါ့။ အမျိုးအစား ၂ မျိုးခွဲနိုင်တယ်။ Seasonal ဥတုကြောင့်ဖြစ်တာနဲ့ Perennial ဥတုမရွေးဖြစ်တာ။ ကံဆိုးသူတွေမှာ နှစ်မျိုးလုံး တွဲနေတတ် သေးတယ်။ တချို့ဆိုရင် နာတာရှည် ရောဂါအနာနဲ့ပါ တွဲနေတတ်တယ်။ ဥပမာ နှင်းခူနာ၊ ပန်းနာ၊ (မိုင်ဂရင်း)၊ စိတ်ကျရောဂါ။
ဆေးအမျိုးအစား (၃) မျိုး အားကိုးနိုင်ပါတယ်။
Antihistamines (အင်တီ-ဟစ်တမင်း)၊ Steroids (စတီရွိုက်)၊ Decongestants (ဒီကွန်ဂျက်စ်တင့်) ဆေး။ ၃ မျိုးလုံး လိုနိုင်တယ်။
အိမ်မှာသုံး၊ ခရီးသွား ဆောင်ထားဘို့အတွက် ဆေးတွေနဲ့ အရေးပေါ်ဖြစ်လို့ ကုပေးရတဲ့ ဆေးတွေလည်း ရှိတယ်။ ဗမာပြည်မှာ (Chlorpheniramine) Burmeton (ဘာမီတွန်) ဆေးပြား၊ ထိုးဆေး လူတိုင်းလိုလို သိတယ်။ အိပ်ချင်စေတယ်။ နောက်ပေါ် Cetirizine hydrochloride ကို ဆောင်ထားပါ။ 5 mg, 10 mg ဆိုပြီးလာတယ်။ တနေ့ ၁ ပြားရတယ်။ ကလေးဆို အလေးချိန် အလိုက် တဝက်၊ လေးပုံတပုံ ပေးပါ။ ဒီဆေးက သိပ်မအိပ်ချင်ဘူး၊ ပိုထိရောက်တယ်။
တခုတော့ သတိပေးချင်တယ်။ (အင်တီ-ဟစ်တမင်း) ဆေးဆိုတာ ခန္ဓာကိုယ်ကနေ သူနဲ့မတည့်တာကို တုံ့ပြန်လို့ဖြစ်ရတဲ့ လက္ခဏာတွေကို ပြောင်းပြန်ဖြစ်အောက် လုပ်ပေးတာမို့၊ ခန္ဓာကိုယ်အလိုကို ဆန့်ကျင်စေတာ ဖြစ်နေတယ်။ အကြာကြီး သောက်ရတာ ဘေးထွက်ဆိုးကျိုးတွေ များစေမယ်။
(ကော်တီဇုံး = စတီရွိုက်) ဆေးကိုတော့ အလွယ်မသုံးသင့်ဘူး။ သူပါမှရမှာမျိုးကိုတော့ မပေးလို့မဖြစ်ဘူး။ (ကော်တီဇုံး) ထဲက အများဆုံး ပေးတတ်ပြီး ဝယ်လို့လည်း လွယ်တာက Prednisolone ဖြစ်တယ်။ များသောအားဖြင့် ၅ မီလီရမ် ဆေးပြား။ အရမ်းတော့ မသောက်ရပါ။ (အင်တီ-ဟစ်တမင်း) ဆေးတွေပေးနေရင်း မသက်သာမှ တွဲပေးတယ်။ ပေးရင်လဲ ဆေးကို များများ ပေးရာကနေ တဖြည်းဖြည်း လျှော့လျှော့ ပေးရတယ်။ Steroids က သောက်ဆေး၊ ထိုးဆေးအပြင် ပန်းဆေးလဲ ရှိတယ်။ Spray တွေကလည်း (အင်တီ-ဟစ်တမင်း)၊ (စတီရွိုက်)၊ Saline ဆားရည်၊ Decongestants စသဖြင့် အမျိုးမျိုး ရှိတယ်။
Decongestants ဆိုတာက (အလာဂျင်) ကြောင့် သွေးကြောလေးတွေ ကျဉ်းနေလို့ သွေးတွေ ဖေါင်းများနေတာကို လျှော့အောင် လုပ်ပေးတဲ့ဆေးပါ။ Eye drops မျက်စဉ်း၊ Nasal sprays နှာခေါင်းထဲ ပန်းဆေးတွေလည်းရှိတယ်။ သွေးတိုး ရှိရင် သတိထားရတယ်။ (အင်တီ-ဟစ်တမင်း) နဲ့ ပြောင်းပြန်ဖြစ်တာက အအိပ်ပျက်စေတတ်တယ်။
(အလာဂျီ) ရတာနဲ့ တဆက်တည်းဖြစ်လာရတဲ့ Nasal polyps နှာခါင်းထဲမှာ အလုံးဖြစ်တာ Sinuses ဖြစ်တာကို ကုရပါလိမ့်မယ်။ မတည့်တာကို သိလို့၊ ဒါကို ယဉ်ပါးအောင်လုပ်တဲ့ အင်မတန် ကရိကထများတဲ့ Desensitization နည်းလည်း လုပ်နိုင်ပါတယ်။
ဆေးကုရတာရဲ့ရည်ရွယ်ချက်က ရောဂါရဲ့လက္ခဏာတွေ သက်သာအောင်က များပါတယ်။ အမှန်က မဖြစ်အောင်လုပ်မှ မဖြစ်မှာ မဟုတ်လား။ မဖြစ်အောင်က ဖြစ်စေတာကို ရှောင်ရမယ်။ “ပြောတော့လွယ်၊ လုပ်တာခက်” ဆိုတဲ့ အစားထဲ ပါတယ်။ အခုနေတဲ့ နေရာ၊ ပတ်ဝန်းကျင်ကနေ ပြောင်းနေတာမျိုး၊ လက်ရှိ အလုပ်ကနေ ပြောင်းလုပ်တာမျိုး။ မိသားစုလိုက် ဖြစ်နေတာကို သူတို့နေအိမ်မှာ သူတို့နဲ့ မတည့်တဲ့ အရာတခုခု ခိုအောင်းနေတာမို့ အိမ်ပြောင်းနိုင်ရင် ပြောင်းရမယ်။ အိမ်သန့်ရှင်းရေးကို အမှုံအမွှားတွေ ထွက်စေပြီးသကာလ နေရောင်နဲ့ လေသန့် ဝင်အောင် စီမံသင့်တယ်။ နှာခေါင်းစည်း သုံးတာမျိုး။ တယောက်က ဖြစ်နေရင် သီးသန့် နေစေတာမျိုး။
Antihistamines ဆေးတွေဟာ ခဏသာ သက်သာစေပေမဲ့ မြန်မြန် သက်သာစေပါတယ်။
• Brompheniramine or Chlorpheniramine (4 mg orally every 6–8 hours, or 8–12 mg orally every 8–12 hours as a sustained-release tablet)
• Clemastine (1.34–2.68 mg orally twice daily)
• Loratadine (10 mg orally once daily)
• Cetirizine (10 mg orally once daily) နဲနဲသာအိပ်ချင်၊
• Fexofenadine (60 mg orally twice daily or 120 mg once daily) မအိပ်ချင်၊
• Desloratadine (5 mg orally once daily) နဲနဲသာအိပ်ချင်၊
• Ebastine (10–20 mg orally once daily)
• Misolastine (10 mg once daily)
Levocabastine (0.2 mg twice daily) and Azelastine (two sprays per nostril, 1.1 mg/d) = နှာခေါင်းထဲ ပန်းရတဲ့ဆေး။
Intranasal corticosteroid sprays က ပိုထိရောက်တယ်။
• Beclomethasone (42 mcg/spray twice daily per nostril)
• Flunisolide (25 mcg/spray twice daily per nostril)
• Mometasone furoate (200 mcg once daily per nostril)
• Budesonide (100 mcg twice daily per nostril)
• Fluticasone propionate (200 mcg once daily per nostril)
Adjunctive Treatment Measures ပူးတွဲဆေးတွေ၊
• Montelukast (10 mg/d orally) alone or with Cetirizine (10 mg/d orally) or Loratadine (10 mg/d orally)
• Ipratropium bromide 0.03% or 0.06% sprays (42–84 mcg per nostril three times daily)
ဆက်စပ်နေတဲ့ ခေါင်းစဉ်တွေကိုလည်း (အလာဂျီ) မရတဲ့အချိန်မှာ ဖတ်ပါခင်ဗျား။
• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html
• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducation.blogspot.in/2012/03/sinus.html
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducation.blogspot.com/2009/08/blog-post_25.html တွေနဲ့ တွဲဖတ်ပါ။
“မချစ်ခင်-မနှစ်သက်သူနှင့် အတူနေရခြင်း ဆင်းရဲ” က လွန်မြောက်နိုင်ကြပါစေ။
Dr. တင့်ဆွေ
၈-၈-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/





