August 03, 2010 6:24 PM
မင်္ဂလာပါဆရာ ကျွန်တော်နာမည် ကို့ ပါ အသက်က ၃ဝ ပါ ဆရာ။ ကျွန်တော့် ဒူးထဲက နာနေတာ ၁ နှစ် လောက် ရှိနေပါပြီ။ ထိုင်၊ ထ၊ သွားနေရင်းနဲ့ အမြဲပဲ နာနေပါတယ်။ ဆေးခန်း တော်တော်များလည်း ပြခဲ့ပေမဲ့ မသက်သာသေးပါ။ ဒါကြောင့် ဒီလိုပဲနေ နေရပါတယ်။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်နေတာကြောင့် ဆေးခန်းက ပေးသော ဆေးမှာလည်း အားလုံးကုန်သွားလို့ နာမည် မမှတ်မိပါဆရာ။ ဒါ့ကြောင့် ကျွန်တော် ဘာတွေ လုပ်သင့်တယ်၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးပါ။
ဒူးက ရောင်သလား၊ ရောင်လိုက်-ကျလိုက်လား။ အချိန်ရရင် ဒီစာတွေလည်း ဖတ်စေချင်ပါတယ်။ စာထဲမှာ ဆေးနာမည်တွေလည်း ပါတယ်။ လိုသေးရင်လည်း မေးပါ။
Arthritis အဆစ်နာ
Rheumatism လေးဘက်နာ
ကျန်းမာပါစေ
တဆ
၃-၈-၂ဝ၁ဝ
Aug 4, 2010 at 11:34
seinmintun - sein357@gmail.com
ကျွန်တော့် အသက်က ၃ဝ ပါ။ အိမ်ထောင်လည်း ရှိပါတယ်။ သွေးတိုးလည်း ရှိပါတယ်။ ဒူးက မရောင်ပါ။ အမြဲပဲ နာနေတာပါ။ ညာဘက်ဒူး အတွင်း တစ်ဘက်တည်းက နားနေတာပါ။ နားနေလို့ ကွေးဆန့်လိုက်ရင် ဂေါက်လို အသံမြည်ပါတယ်။ ၁ နှစ်လောက်ရှိပါပြီ။ သွေးတတ်တယ် ထင်ရင်တော့ ဆေးခန်းကပေးတဲ့ Actapin 5mg (Amlodipine) ၁ လုံး သောက်ပါတယ်။ နေ့စဉ်တော့ မသောက်ပါ။ ကျွန်တော့ရဲ့ ရောဂါရာဇဝင်ကို ဖြည့်၍ ပြန်မေးတာပါ။
ပဌမဆုံး Aspirin နဲ့ Ibuprofen တခုခု သောက်ပါ။ တနေ့ကို ၁ ပြား ၄ ကြိမ်ကနေ ၂ ပြား ၄ ကြိမ် အထိ သောက်နိုင်တယ်။ ဆေးနဲ့ အစာနဲ့ နီးပါစေ။
Indomethacin, Diclofenac တွေလည်း သောက်နိုင်ပါတယ်။ Diclofenac ဆေးက Tablet စားဆေးရော Gal လိမ်းဆေး ပါလာတယ်။ စားဆေးကို တနေ့ စုစုပေါင်း ၁၅ဝ မီလီဂရမ်ထက် မပိုစေဘဲ အကြိမ်ခွဲသောက်ရတယ်။ Indomethacin (Indocin, Indocin-SR) ဆေးက Capsules 25, 50 mg 75 mg လာတယ်။ တနေ့ကို 50-200 mg သောက်နိုင်တယ်။ ၂-၃ ကြိမ်ခွဲသောက်ရတယ်။
နောက်တဆင့် Prednisolone စားဆေးနဲ့ အဲဒီ အနာ-အကိုက်ပျောက်ဆေး ၂ မျိုးတွဲသောက်ရမယ်။ Prednisolone ကိုတော့ သတိကြီးကြီးနဲ့ သောက်ရမယ်။ အစ ၂ ပြား ၄ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၂ ပြား ၃ ကြိမ်၊ ၃ ရက် သောက်ပါ။ နောက် ၁ ပြား ၄ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၃ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ နောက် ၁ ပြား ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ နောက် ၁ ပြား ၁ ကြိမ်၊ ၃ ရက်သောက်ပါ။
သွေးတိုးရှိနေလို့ Prednisolone သောက်တာကို ပိုသတိထားရမယ်။ သွေးချိန်ကိုပါ တိုင်းနေရမယ်။ Hypertension သွေးတိုးဆိုတာက BP သွေးဖိအားတိုင်းမှ တက်တယ်၊ ကျတယ် သိတာ။ လူက ဘာမှမဖြစ်ဘဲ နေပေမဲ့၊ တက်ချင် တက်နေတတ်တယ်။ Pressure သိပ်မတက်ဘဲ တခြားအကြောင်းရှိလို့ အနေအထိုင် ခက်ချင် ခက်တတ်တယ်။ အငန်လျှော့ပါ။ ရှောင်ပါ။ လူက ဝနေရင် အလေးချိန်လျှော့ပါ။ အဆီ၊ (ကလိုရီ) လျှော့စားပါ။ လေ့ကျင့်ခန်းမျိုး တခုခု ပုံမှန်လုပ်ပါ။
ဒူးကို ပူစေတဲ့လိမ်းဆေး (ဗမာဆေး) တခုခုလိမ်းနိုင်တယ်။ ထုံဆေးပါတဲ့လိမ်းဆေးလည်း ဝယ်လို့ရရင် လိမ်းနိုင်တယ်။
ဆေးရှိနေရင် နာတာ သက်သာမယ်။ ချက်ချင်း မပျောက်သေးလို့ စိတ်မပျက်ပါနဲ့။ ဖြစ်နေတာ နှစ်နဲ့ရှိနေတဲ့ ဝေဒနာတခုကို စိတ်ရှည်ရှည် ကုရလိမ့်မယ်။ လိုအပ်ရင် ဆရာဝန်က ဓါတ်မှန် အရိုက်ခိုင်းမယ်။ ဂေါက်ရှိ-မရှိသိအောင် စစ်မယ်။ သိပ်ဆိုးရင် အဆစ်ထဲ (ကော်တီဇုန်း) ဆေး ထိုးပေးမယ်။
ကျန်းမာပါစေ။
တဆ
၎-၈-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/