Saturday, September 25, 2010

Delusional disorder အမြင်သွေလွဲခြင်း စိတ်ရောဂါ

September 24, 2010 3:28 PM
I am curious to know more about on it. I can find some articles in English but you know it was not that as good as in Burmese. If you can give me some information or further reference to read about it please let me know.

“ဆန်းပြား-ရှုတ်ထွေးခြင်း မရှိတဲ့ အရာတွေကို ရှိနေတယ်လို့ ထင်မှတ်နေတဲ့ စိတ်ရောဂါ” ဖြစ်ပါတယ်။ ဆန်းပြား-ရှုတ်ထွေးခြင်း ဆိုတာတွေက တစ္ဆေ-သူရဲလို မဟုတ်ဘဲ၊ တကယ်လဲ ရှိနိုင်တဲ့ အမှားမျိုး ဖြစ်တယ်။

ဥပမာ သူ့ကို ချစ်-မုန်း နေတယ်လို့ ထင်မှတ်တာ၊ သူ့ နောက်ကနေ ထောက်လှမ်းရေးက လိုက်နေတယ်လို့ ထင်မှတ်တာမျိုး။ အဲလို ထင်မှတ်မှား နေတာတွေက မူးယစ်ဆေးဝါးကြောင့်၊ ကိုယ်ကာယ ကျန်းမာရေးကြောင့်၊ (စကီဇိုဇရီးနီးယား) စိတ်ရောဂါကြောင့် မဟုတ်ရဘူး။ ဒီရောဂါ ခံစားရှိနေပေမဲ့ နေ့တဓူဝ အလုပ်တွေမှာ တက်တက် ကြွကြွ လုပ်နေတဲ့သူသာ ဖြစ်ပြီး၊ အခုလို ထင်မှတ် မှားတာက လွဲရင် လူကောင်းဘဲ။ တချို့လူ့အသိုင်းအဝိုင်း၊ ဘာသာရေး ယုံကြည်မှုတွေက ဒါမျိုး ဖြစ်နေ-ရှိနေသူကို လေးစားသမှု ပြုတတ်ကြတယ်။ ကိုးကွယ် နေတတ်ကြတယ်။

လက္ခဏာ အင်္ဂါ (၆) ရပ်ရှိတယ်။
(၁) Erotomania တစိမ်းတရံ (နာမယ်ကြီး) တယောက်၊ သူ့ထက် အဆင့်အတန်း မြင့်သူတယောက်နဲ့ ချစ်နေတယ်လို့ ထင်မှတ် မှားနေတယ်။ ချစ်စိတ်ကလဲ အလွန်ပြင်းပြတယ်။ သူထင်နေတဲ့သူဆီ ဖုန်းဆက်၊ စာရေး၊ သွားလည်ပတ်တာမျိုး လုပ်တယ်။ သွားကယ်ဆယ်ရတာမျိုးသဘော လုပ်တယ်။ တကောက်ကောက် လိုက်နေမယ်။

(၂) Grandiose ထင်ပေါ်ကျော်စောနေတယ်၊ သိပ်သြဇာအာဏာ ရှိတယ်၊ နာမယ်ကြီး တယောက်နဲ့ နီးစပ်မှု ရှိနေတယ်လို့ ထင်မှတ်မှားခြင်း၊ သူများတွေထက် ပါရမီရှိနေသလို၊ သူများ မတွေ့-မသိတာကို တွေ့-သိသလို၊ သူများထက် ဘာသာရေး ဥာဏ်အလင်းတွေ ရနေသလို ထင်မှတ်မှားနေမယ်။

(၃) Jealous မနာလို-ဝန်တိုမှု၊ သူ့ ဇနီး-ခင်ပွန်းက သု့အပေါ် သစ္စာမရှိဘူး ထင်မှတ်နေတာ။ ရှိတ်စပီးယား ပြဇာတ်တခုလို Othello syndrome ဆိုတာ ဖြစ်နေမယ်။ သူ့အပေါ် သစ္စာမရှိဘူး ထင်နေတာကို တားဆီး-ပိတ်ပင်တာမျိုး လုပ်မယ်။ ဒါအတွက် ဒေါသထွက်မယ်။ သတ်တာ-ဖြတ်တာအထိ ကြမ်းတမ်းမှု ဝင်လာနိုင်တယ်။

(၄) Persecutory တစုံတယောက်ကနေ သူ့နောက်က တစိုက်မတ်မတ် လိုက်လံနေတယ်လို့ ထင်မှတ်မှားခြင်း၊ အများဆုံး တွေ့ရတယ်။ သူ့ကိုဖြစ်ဖြစ်၊ သူ့ရဲ့ ရင်းနှီး ကျွမ်းဝင်သူကိုဖြစ်ဖြစ် တယောက်ကနေ မတရား ပြုမူနေတယ်လို့ ထင်တာ။ သူ့ကို လိုက်လံ နှောင်ယှက်နေတယ် ထင်နေတာ၊ ဒါပေမဲ့ တခြားစိတ်ရောဂါတွေမှာ အဲလို ဖြစ်နေသူတွေလိုတော့ ပုံမပျက်ဘူး။

(၅) Somatic type သူ့ကို အကောင် (အင်းဆက်) ကကိုက်နေတယ်၊ သူ့ကိုယ်ခန္ဓာက ပုံမှန်အလုပ် မလုပ်ဘူး၊ အနံ့ဆိုး ထွက်နေတယ်၊ သူ့ကိုယ်မှာ အရုပ်ဆိုးနေတာ ရှိနေတယ် စသဖြင့် ထင်မှတ်မှားနေတာမျိုး။

(၆) Mixed လက္ခဏာ-အင်္ဂါရပ်တွေ တခုမက ရောဖြစ်နေခြင်း။

ဝေဒနာရှိသူဟာ သူထင်မှတ်နေတာကို တစိုက်မတ်မတ် တမူထူးပြီး ပြောပြနေမယ်။ သူထင်မှတ်နေတာကနေ သူ့ဘဝ လမ်းကို ပြောင်းလဲ၊ သက်ရောက်စေလိမ့်မယ်။ သူ့ကို မေးရင် လှို့ဝှက်မှုတွေ၊ သံသယဝင်တာတွေ ဖြစ်နေတာ တွေ့ရမယ်။ သူ့မှာ ဟာသရယ်လို့ မရှိဘူး။ သူ့အထင်ကို အထိမခံနိုင်ဘူး၊ လုံးဝလျှော့ပေးမှာ မဟုတ်ဘူး။ သွားငြင်းလိုက်ရင် စိတ်တို-ရန်လိုလာလိမ့်မယ်။ သူဖြစ်နေရတာက သူ့လူမှု-ဘာသာရေး နောက်ခံနဲ့ ဆိုင်ချင်မှ ဆိုင်နေတတ်တယ်။

သူ့ထင်မြင်ချက်အတိုင်း လိုက်လုပ်တာ မှန်သမျှကို နားလည်ကြည့်လို့ ရပေမဲ့ ပုံမှန် မဟုတ်ဘူး။ သူ့ကိုသိ-ကြည့်နေ သူတွေကတော ဒီလိုဖြစ်နေတာဟာ တမူထူးနေတယ်၊ တခုခုဖြစ်နေတယ်ဆိုတာ သိတယ်။ ဒီလို ဖြစ်တာက ပင်မ စိတ်ဝေဒနာသာ ဖြစ်ပြီး၊ စိတ်ရောဂါတခုခုရဲ့ လက်အောက်ခံ အမျိုးအစား မဟုတ်ဘူး။ နာတာရှည် ဖြစ်တယ်။ တချို့မှာ တသက်လုံး ဖြစ်နေမယ်။ သူထင်မှတ်မှားနေမှုက သူ့ဟာနဲ့သူ ကျိုးကြောင်းဆီလျှော်မှု ရှိနေတာမျိုး၊ တသမတ်ထဲလဲ ဖြစ်နေတာမျိုး။ သူများတွေရဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့ ခြေဖျက်လို့ မရဘူး။ သူ့ (လောဂျစ်) က သပ်သပ်။ သူ့ကိုယ်သူ သိပ် ဦးစားပေးတယ်။ သူများတွေက အသေးအဖွဲလေးလို့ ယူဆပေမဲ့ သူ့မှာက သိပ်အရေးပါနေတတ်တယ်။

တိတိကျကျတော့ ဘာ့ကြောင့်ဖြစ်လဲဆိုတာ မသိသေးပါ။ ရောဂါကို အသက်ရမှ ခံစားရသူမျိုးဟာ မိသားစုဘဝနဲ့ ဆိုင်နေတတ်တယ်။ ငယ်ငယ်က စည်းကမ်း သိပ်တင်းကြပ်တဲ့ မိဘတွေ အောက်မှာ ကြီးပြင်းလာရတာမျိုး။ အရာရာမှာ သိပ် Sensitive အထိမခံ-ရွှေပန်းကန် ဖြစ်နေရင် ဒါမျိုး ဖြစ်တတ်တယ်။ တခြား ပိုပြီး ပြင်းထံတဲ့ စိတ်အခြေအနေမျိုး ဥပမာ Bipolar disorder, Schizophrenia တို့နဲ့ တွဲနေတတ်သေးတယ်။ Schizophrenia လို အဆီအငေါ်မတည့် စကားတွေ၊ အမူအယာတွေ မပြော-မရှိဘူး။ သူများ မမြင်-မကြားတာမျိုး မြင်-ကြားတာ မရှိဘူး။ Schizophrenia လောက်လဲ အဖြစ် မများဘူး။

ကုသရင် Drug therapy ဆေးရော Psychotherapy စိတ်ပညာအရပါ လုပ်ရတယ်။ ခက်တာက ဖြစ်နေသူက သူ့ကိုယ်သူ လူကောင်းဘဲ မှတ်ပြီး ဆေးကုတာ မခံချင်ဘူး။ ဆေးထဲမှာ Atypicalantipsychotic ကို သုံးတယ်။ Schizophrenia မှာလဲ ဒီဆေးသုံးပါတယ်။ Risperidone, Quetiapine, Olanzapine ဆေးတွေ ဖြစ်တယ်။ ဒါနဲ့ မသက်သာရင် Pimozide, Fluphenazine decanoate, Fluphenazine enanthate ဆေးတွေသုံးရတယ်။ လူနာက မခံချင်စိတ်ဖြစ်လို့ ထိန်းမရတာ ဖြစ်လာရင် Haloperidol ထိုးဆေးနဲ့ ငြိမ်အောင် လုပ်ပေးရတယ်။ Lorazepam ဆေးလဲ ပေးနိုင်တယ်။ သိပ်ဆိုးတဲ့ သူတွေကို Clozapine ဆေးနဲ့ ကုရပြန်တယ်။ ရေရှည်အတွက် Antidepressants နဲ့ Anxiolytics ဆေးကို နေ့တိုင်း သောက်စေရတယ်။ စိတ်အထူးကု ဆရာဝန်ကနေ Cognitive therapy, Empathy နည်းသုံး ကုပေးမယ်။

အသက် ၁၈ နောက်ပိုင်း ဖြစ်တတ်ပြီး ၄ဝ ကျော် လောက်မှာ ဖြစ်တာ ပိုများတယ်။ အမျိုးသမီးတွေမှာ နဲနဲလေး ပိုများတယ်။ (၅၆့၅%) လို့ စပိန်-သုတေသနတခုက ဆိုတယ်။ ယောက်ျားတွေမှာက Paranoid delusions ပိုဖြစ်ပြီး၊ အမျိုးသမီးတွေမှာ Delusions of erotomania ပိုဖြစ်လေ့ရှိတယ်။ အိမ်ထောင်ကျပြီးသူ၊ အလုပ်အကိုင် ရှိသူ၊ လူမှု-အသိုင်းဝိုင်း နိမ့်ကျသူ၊ အမျိုးသမီးဆိုရင် မုဆိုးမ၊ ယောက်ျားဆိုရင် လိင်ဆက်ဆံမှုကို ရှောင်ကျဉ်တတ်သူ၊ တိုင်းတပါးကို ထွက်လာရသူတွေမှာ အဖြစ်များနေတာ တွေ့ရတယ်။

Dr. တင့်ဆွေ
၂၅-၉-၂ဝ၁ဝ

Wednesday, September 22, 2010

China slim Tea တရုပ် (ဆလင်းမ်) လက်ဖက်ရည်

22 Sep 10, 02:44
China slim Tea က ဘာဆိုးကျိုးရှိပါသလဲ။

နာမယ် ဖတ်ရင် “ပိန်ဆေး၊ ခန္ခာကိုယ် (ဆလင်းမ်) ဖြစ်စေတဲ့ လက်ဖက်ရည်” ဖြစ်ပါတယ်။ ဒီအမေးကို ဖြေရတာကလဲ သတိရှိရ ပြန်တယ်။ ဆေးပညာ သင်တဲ့အထဲ မပါခဲ့တာမို့ သူများနယ်ပယ်ကို ဝေဖန်ရတာမှာ ရမ်းသမ်း ပြောတာမျိုး ဖြစ်သွားရင် ဖတ်တဲ့သူတွေအတွက် အကျိုးများမှာ မဟုတ်ပါ။ ဒီလို ခေါင်းစဉ်မျိုးက သည်းခြေကြိုက်လည်းဖြစ်၊ လူတကာ လိုက်ရှာနေတာမျိုးလည်း ဖြစ်တယ်။ အထောက်အထား ရှာတဲ့အခါ ကြော်ညာတွေ တွေ့တာ များတယ်။ ကုန်ပစ္စည်းဖြစ်ဖြစ်၊ နိုင်ငံရေးမှာ (လော်ဘီ) လုပ်တာ ဖြစ်ဖြစ် ကိုယ်ဖြစ်စေချင်တာ ဖြစ်ဘို့ (တတ်နိုင်သူများ) ငွေကြေးပေး ငှားကြတာ ထုံးစံဘဲ။

ဒီလက်ဖက်ရည်ထဲ ပါတာ ၃ မျိုးလောက်က Senna အခြေခံပစ္စည်းတွေ ဖြစ်တယ်။ Senna ဆိုတာ ပွေးကိုင်း၊ ပွေးကိုင်းက ဝမ်းနုတ်ဆေး။ တရုပ်နဲ့ ဗမာ ဆင်နေတာက တိုင်းရင်းဆေးတွေမှာ ဝမ်းလွယ်စေတာတွေ များတယ်။ အထက်တန်းတုံးက သင်္ချာသင်တဲ့ ဆရာက စာမသင်ခင် ၅ မိနစ်တိတိ၊ ဘာသာရေးဖြစ်ဖြစ် ကျန်းမာရေးဖြစ်ဖြစ် အရင် ပြောပြလေ့ရှိတာ အမှတ်ရတယ်။ သူက ဝမ်းနုတ်ဆေးကို အတော် ညွှန်းတယ်။ ဝမ်းထဲက အပုတ်တွေ ထုတ်ပြစ်တာ ကောင်းကြောင်း ပြောတယ်။ သူသင်တဲ့ သင်္ချာနဲ့ စာမေးပွဲ အောင်ပြီး၊ ဆရာဝန်ဖြစ်တော့ ဝမ်းနုတ်ဆေး ခဏခဏ သောက်သူတွေမှာ ဝမ်းက ဆေးမသောက်ရင် မသွားဘဲ ဖြစ်လာတာ၊ လိုတာထက် ပိုပြီး ဝမ်းကို သွားစေရင် အာဟာရနဲ့ ဓါတ်ဆားတွေ ကုန်ခန်းတာတို့ သိလာရတယ်။

China slim Tea ကို Pooh Tea လို့လဲ ခေါ်တယ်။ ဆေးညွှန်းအလိုအရ ၁ ပါတ်ထဲနဲ့ ၁ဝ ပေါင် ကျစေတယ်၊ သဘာဝ ဆိုတာတွေသာ ပါတယ်၊ လူလုပ် ဓါတုတွေ မပါဘူးလို့ ထောက်ခံသူတွေက ပြောတယ်။ ဆေးညွှန်းမှာ Teabag ကို ရေနွေး ပူပူထဲ ၂ မိနစ် စိမ်ခိုင်းတယ်။ နောက် ပျားရည် ထည့်ခိုင်းတယ်။ ထမင်းမစားခင် တခွက်သောက်ပါတဲ့။ ဝမ်းသာမက ဆီးလဲ သွားစေတယ်။ ဒီ ၂ ခုကိုက သေခြာပေါက် အလေးချိန် လျှော့စေနိုင်တယ်။ ကြော်ညာထဲ မပါတာကတော့ မျက်နှာက ပိန်ကျနေမယ်၊ လူလဲ ပြော့နေနိုင်တယ်။

ကျန်းမာရေးနဲ့ ညီ-မညီကိုတော့ ပြောနေကြတုံးပါဘဲ။ လွတ်လပ်မှုကို အားပေးတဲ့ နေရာဒေသတွေမှာ ပွင့်ပွင့် လင်းလင်း ဝေဖန်နိုင်တယ်။ ကြော်ညာတွေ ဘယ်လောက် စွဲမက်အောင် လုပ်ပေမဲ့ အနုတ်ဘက်ကနေ ထောက်ပြတာတွေလဲ ရှိတယ်။ Losing It: America's Obsession With Weight Loss & the Industry That Feeds On It စာတအုပ်ရေးပြီး၊ ပိန်ဆေး လက်ဖက်ရည်ထဲက ပွေးကိုင်းကြောင့် သေရတဲ့အထိ ရှိတယ် ဆိုတာ ရေးတယ်။ နောက်တယောက်ကလဲ အူမကြီး-ကင်ဆာနဲ့ ပွေးကိုင်း ဆက်စပ်တာ ထောက်ပြသေးတယ်။ ဒါက တဦးတလေက ပြေတာမျိုးပါ။ ပြောတဲ့သူကဘဲ Slim Tea ကို ၂ ပါတ် သောက်ပြီး၊ ၅ ပေါင် ကျတယ်လို့ သက်သေခံပါတယ်။

ဒီလက်ဖက်ရည်လဲသောက်၊ ကလိုရီလဲ လျှော့စား၊ အားကစား တခုခုလဲ လုပ်ရင် ထိရောက်နိုင်တာ အမှန်ဘဲ။ အစား ကြီးသူတွေမှာတော့ ထိရောက်မယ် မဟုတ်ပါ။ စားပေမဲ့ အာဟာရက မပြည့်သူဆိုရင် ဝမ်းပျက်၊ ကြွက်တက်-ကြွက်သား နာတာမျိုး ဖြစ်လာစေနိုင်တယ်။ ဝမ်းနုတ်ဆေးတွေက အကျင့်ပါတတ်တယ်။ ဝမ်းသွားတာ များသူတွေ ရက်ကြကြာဖြစ်ရင် ရေဓါတ်-ဆားဓါတ် နည်းမယ်၊ ဗီတာမင် စတာတွေ နဲသွားမယ်။ ကြာကြာ မသောက်သုံးသင့်ဘူး။

အနံ့ မကြိုက်တဲ့သူ တယောက်က ပျားရည် ၁ ဂါလံထည့်တောင် အနံ့မခံနိုင်ဘူးတဲ့။ နွားခြံထဲ ရောက်သွားရသလိုဘဲ၊ နွားချေးနံ့တွေ မခံနိုင်ဘူးဆိုပြီး၊ လွန်လွန်ကဲကဲ သဲသူလဲ ရှိတယ်။

“ကောင်းတော့ ကောင်းတယ် မျက်စိစပ်တယ်” လို့ ပြောလေ့ရှိတာထဲ ဒါလဲပါတယ်။ တယောက်က The most effective as well as the most disgusting and the most dangerous လို့ ရေးတယ်။ “ထိရောက်တာ စစ်မှန်ပေမဲ့ မနှစ်မြို့စရာ သာမက၊ အန္ကရာယ်ပါ ရှိတယ်” တဲ့။

ဒီတော့ သေခြာတာက တရုပ်-လက်ဖက်ရည်ဟာ Miracle ပြာဋိဟာ-တန်ခိုးတော့ မရှိတာ အမှန်ပါ။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ

Gout (1) ဂေါက်-ရောဂါ (၁)

21 Sep 10, 03:27
လေးဘက်နာနဲ့ အဆစ်နာ အကြောင်းတွေကို ရှာတွေ့ ပေမဲ့ ဂေါက်အကြောင်း သတ်သတ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ်။

“ဂေါက်” ဆိုတာ အဆစ်မှာ နာ-ရောင်-နီ-ပူ ဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာ အများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာ လူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲ တိုးလာနေသေးတယ်။

ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲ ပြောစမှတ် ရှိတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲ ဂေါက်ရောဂါ ရှိခဲ့ကြတယ်။

အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimus ဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မျိုးရိုးကနေ ၆ဝ% မှာ သက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ ဂေါက်ကို Rich Man's Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာ ဈေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာ ဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယ သန်စွမ်းနေတာတွေက အဖြစ်နည်းစေပါတယ်။

Gout ရောဂါရဲ့ အကြောင်းတရားခံက သွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာ ပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေ လာတဲ့ Crystal အမှုံတွေက အဆစ်တွေ၊ အရွတ်တွေမှာ လာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောက်ျားတွေမှာ 420 μmol/L (7.0 mg/dL) အမျိုးသမီးတွေမှာ 360 μmol/L (6.0 mg/dL) ဆိုရင် များတယ်။ သွေးဖြူဥလဲ များနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rhumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများ သုံးကြတဲ့ အနာ-အကိုက် ပျောက်ဆေးကို ပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမဲ့ ဘယ်ဆေးက ပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကို အများဆုံး သုံးပြီး၊ Ibuprofen ကိုလဲ သုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပါတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဘို့က အစာလမ်း လေနာ သွေးယိုမှာ စိုးရသူ၊ နှလုံး မကောင်းတော့ သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက် ဆိုကျိုး စိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲ ပေးမယ်။

Colchicine ဆေးကိုလဲ သုံးတယ်။ အစာလမ်းကို ထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီရွိုက်) ဆေးကို စားဆေးသာမက ထိုးဆေးအနေနဲ့လဲ သုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ ဖြစ်မလာအောင် ကာကွယ်ဘို့ အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာ သက်သာပြီး၊ ၁-၂ ပါတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လ ကြာ ပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကို တားပေးတယ်။ ရေရှည် သုံးနိုင်တယ်။ ကျောက်ကပ် သိပ် မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecid ထက် ပိုကောင်းတယ်။ Febuxostat ကို အစားထိုး သုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂ဝ၁ဝ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြ ဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကို ပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။

နာတာရှည်သမားတွေမှာ ဖြစ်တဲ့အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ် နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့ အဖုမျိုး နားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်က ဆီး အက်စစ်ဓါတ် များသူမှာ ပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာ လည်ပင်ကြီး-ဟော်မုန်း နဲနေတာလဲ တွေ့ရတယ်။

Arthrocentesis ရောင်နေတဲ့ အဆစ်ထဲက အရည်ကို စုပ်ယူပြီး စမ်းသပ်တာက အသေခြာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓါတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုး ပျက်စီးမှုကို သိရမယ်။

ဂေါက်ရောဂါ သမိုင်းမှာ ဂရိ-ဆေးပညာ ဖခင်ကြီး Hippocrates ကနေ သွေးမဆုံးမီ အမျိုးသမီးတွေ နဲ့ Eunuch သင်းကွပ် ထားသူတွေမှာ ဒီရောဂါ မဖြစ်ဘူးလို့ ဘီစီ ၄ဝဝ လောက်က ရေးမှတ်ခဲ့တယ်။ (မကွပ်ခြင်နဲ့နော်။) “ဂေါက်ရှိတယ် ဆိုတာ ဂုဏ်ယူစရာ” Gout - A badge of Honor and proud station in life လို့ ပြောစမှတ် ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ် မတိုင်ခင် နှစ် ၉ဝဝ က ဂျေရုဆလင် ဘုရင် Asa (အာဆား) ဟာ ဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာ မသိ၊ ဗမာတွေက သေတာကို “ဂေါက်တယ်” လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ

Mg Mandalay
ဂေါက်အဆစ်ရောင်နာ ခံစားနေရသူများ စားသင့်သော အစားအသောက်
၁။ တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့ ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့်ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါ အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ အတွက် လျှော့စားသင့်ပါတယ်။
၂။ အပင်ထွက်ပရိုတင်းဓာတ်များများ စားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကို များများစားပါ။
၃။ အယ်လ်ကိုဟောကို တတ်နိုင်သမျှ ရှောင်ပါ။ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ်စွန့်ထုတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို ရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲ မနေနိုင်ရင် ဝိုင်တစ်နေ့ တစ်ခွက်သောက်နိုင်ပါတယ်။
၎။ ရေနှင့် ဖျော်ရည်များများ သောက်ပါ။ ရေနဲ့ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံးရေနှစ်လီတာခွဲ သောက်ပါ။
၅။ အဆီမပါနို့နှင့် နို့်ထွက်ပစ္စည်းရွေးပါ။ အဆီနည်း ဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကို လျော့ကျစေကြောင်း လေ့လာမှု တချို့ကဆိုပါတယ်။ နေ့စဉ် နို့နဲ့ နို့ထွက် ပစ္စည်း တစ်ခွက်ခန့် သောက်သင့်ပါတယ်။
၆။ အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။ ဂေါက်ရောဂါရှင်တွေ အနေနဲ့ နေ့တိုင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းလို အသင့်အတင့် အားကစားလုပ်ရင် ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းသိမ်းရာ ရောက်ပါတယ်။

Tuesday, September 21, 2010

Gua Sha မက်ကလောင်

20 Sep 10, 22:12
ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ် ဆရာ။

ကိုယ် မကျွမ်းကျင်တာကို ဆရာမလုပ် သင့်သလို၊ ကိုယ်သိတာနဲ့ မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS လို ပညာသာ သင်ထားသူတွေက “မက်ကလောင်” အပါအဝင် တခြား-တခြား ဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသ၊ အာဃာတ လွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်း ရှိတယ်။ အမေးကို ဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြ-သတိပေးတာနဲ့ ကျားကူပါရစေ။

1. အဖျားကျအောင် လုပ်တဲ့ နည်းတွေထဲက အန္တရာယ် အကြီးဆုံးကတော့ မက်ကလောင် ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။ (Dr. Junior)
2. မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ (လျှပ်တစ်ပြက် ဂျာနယ် Vol2 No.53 မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ)
3. သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက် တစ်ချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည် အပြင်ကို ဘယ်လောက် ထွက်သွားလဲဆိုတာ ချိန်ဆပြီး မှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ ကလေး ဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။ (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ)
4. ''အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောက လွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ် တက်ပြီး ဆုံးနိုင်ပါတယ်'' ဟု အဆိုပါ ကလေးအထူးကု ဆရာဝန်ကြီးကပြော ကြားခဲ့သည်။ (Eleven Media Group)

“မက်ကလောင်” လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက “ရောဂါ သက်သာတယ်” လို့ ပြောကြတာတွေ အသေအခြာ ရှိမှာပါ။ ပူအောင် လုပ်ပေးရင် နာတာကို သက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသန လုပ်ရင် ရာနှုန်းများများ သက်သာတယ် ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ “ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင် သက်သာတယ်လို့ ကြားဘူးတယ်။” ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်-လက်ခံရင် ကုသမှုရဲ့ ရည်ရွယ်ချက် ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့-ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေ ထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။

“သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်-တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။” ရောဂါ ကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရ ခက်တယ်။ သွေးထွက်ချင်နေသူဆို သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေ ဝင်နိုင်တာလဲ ပါတယ်။ ဒါနဲ့တင် ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာ မဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်၊ လက်ခံပြီး၊ တကမ္ဘာလုံး သုံးနေကြပါတယ်။

မက်ကလောင်နည်းကို Folk medicine “သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်း” လို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever “အဖျားကို ခြစ်ထုတ်ပြစ်နည်း” လို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind “လေကို ခြစ်ထုတ်တာ” နဲ့၊ အင်ဒိုနီးရှား မှာလဲ Scraping technique “ခြစ်နည်း” ဘဲ ခေါ်တယ်။

တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်း နဲ့ ဖြစ်ဖြစ် ပိုက်ဆံစေ့-အဟောင်း နဲ့ ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ ဖြစ်ဖြစ်၊ ကျောက်စိမ်း နဲ့ ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက် ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွား ခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဆီ လိမ်းပေးတယ်။ အပ်စိုက်နည်းမှာ ပါတဲ့ Acupuncture meridians မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည် ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ် သေးသေးလေးတွေကနေ Petechiae သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ Ecchymosis အရေပြား အောက်မှာ ပိုကြီးတဲ့ သွေးယိုတာ ဖြစ်လာမယ်။

၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ် ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါ သက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။

နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever “အဖျားထုတ်ပစ်နည်း” ပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူး-အလယ်ခေါင် နေရာတွေမှာ လုပ်ကြတယ်။

၂ဝဝ၁ က ရိုက်တဲ့ The Treatment ရုပ်ရှင်တကား ရှိတယ်။ အမေရိကား ရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေ တွေ့တော့ Child abuse “ကလေးကို တလွဲလုပ်တယ်” လို့ အထင်မှားခံရပြီး၊ ဒုက္ခ အကြီးအကျယ် ရောက်ကြရတယ်။

ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေး မသောက်ဘဲ၊ လိုအပ်ရင် မထိုးဘဲနဲ့တော့ ဟိုနည်း-ဒီနည်း မလုပ်စေလိုပါ။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လဲ ရတော့မှာ မဟုတ်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း လက်ရှောင်ကြ စေချင်ပါတယ်။

Dr. တင့်ဆွေ
၂၁-၉-၂ဝ၁ဝ

Sunday, September 19, 2010

Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

Sep 18, 2010 at 3:09 PM
Allergic ဖြစ်နေတာ ၂ နှစ်လောက်ရှိပါပြီ။ အရက်ဘီယာသောက်ရင်၊ ငါး၊ ပုစွန်၊ ခရမ်းသီး စားရင် ဖြစ်ပါတယ်။ မနက် အိပ်ရာထနဲ့ ညအိပ်ခါနီးမှာ အဖြစ်များပါတယ်။ ထမင်း အချိန်မှန် မစားရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ လက်ဖျံ ကြွက်သားမှာ အကောင်လေး တိုးသွားသလို ခံစားရပါတယ်။ ဝမ်းသွားရင် ဝမ်းထဲမှာ အဖြူလုံးလေးတွေ ပါပါလာ တတ်ပါတယ်။ သေသေချာချာ ရေဆေးကြည့်တော့ အဖြူလုံးလေးရဲ့ထိပ်မှာ ချိတ်လိုပုံစံလေး ပါတာတွေ့ရပါတယ်။ ကျနော် Allergic ဖြစ်တာ သန်ကောင်ကြောင့်လို့ထင်ပြီး သံကျဆေး Mebendazole 500mg ကို တစ်ပတ် တစ်လုံး တစ်လတိတိ သောက်တဲ့အခါ Allergic ဖြစ်တာ နည်းနည်း လျော့သလို ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ဖြစ်တာပါပဲ။ Allergic ဖြစ်ရင် Cetirizine hydrochlorde သောက်နေပါတယ်။ ဆေးသောက်ပြီး နာရီဝက် နေရင် သက်သာပါတယ်။ ဖြစ်တဲ့အချိန်ဆို လူကြားသူကြားမသွားရဲပါဘူး။ ဟိုကုတ်-ဒီကုတ်နဲ့ ဣနြေ္ဒလည်း မရပါဘူး။ ဒီရောဂါကြောင့် စိတ်ညစ်နေရပါတယ်။

Allergy (အလာဂျီ) ဖြစ်တယ်ဆိုတာ လူ့ခန္ခာကိုယ်ကနေ သူနဲ့ မသင့်တာတခု ဝင်လာတဲ့အခါ ပြင်းပြင်းထံထံ တုံ့ပြန်လို့ ဆက် ဖြစ်လာတဲ့ ဖြစ်စဉ်တွေပါ။ ခန္ခာကိုယ်ကနေ ရှင်းထုတ်ဘို့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ (အာဂျီ) အမျိုးမျိုးထဲမှာ ထူးခြား တာတွေက Nasal allergies နှာခေါင်းမှာ ဖြစ်တာနဲ့ Chronic allergies နာတာရှည် ဖြစ်တာတွေပါ။ နာတာရှည်က ပိုဆိုးတယ်။ သူတို့မှာ နှာခေါင်းမှာပါ ဖြစ်နေတတ်တယ်။ တခါတလေ မတည့်တာကနေ စေ့ဆော်လို့ မဟုတ်ဘဲလဲ ဖြစ်တတ်တယ်။ ဥပမာ လေအေးတာ၊ လေခြောက်သွေ့တာ၊ မီးခိုး၊ စသဖြင့်တွေ။ တကယ် မတည့်တတ်တာတွေက ဖုန်၊ မှို၊ ပန်းဝတ်မှုံ၊ တိရစ္ဆာန်-အမှုံအမွှား၊ အင်းဆက် စတာတွေပါ။ အစားအသောက်တွေထဲက နို့၊ ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ လက်ဘက်ရည်၊ ဥ၊ ပြောင်း၊ ဂျုံ၊ လိမ်မော်၊ ခရမ်းချဉ်သီး၊ ဝက်-ကြက်သား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဆေးဝါး။

နာတာရှည် (အလာဂျီ) က ကုရတာ ခက်ပါတယ်။ တချို့ဆိုရင် ဘာဆေးမှ မတိုးသလို ဆိုးတယ်။ Trigger ဘာကနေ အဲလို ဖြစ်သလဲဆိုတာ သတိထားရတယ်။ တခါတလေ အဲလိုလုပ်ဘို့လဲ ခက်သေးတယ်။ ဆေးဆိုရင် Antihistamine တွေပေးတယ်။ ဒီအုပ်စုထဲမှာ အမျိုးမျိုးရှိတယ်။ Telfast, Diphenhydramine, Hydroxyzine, Cetrizine တွေ ပါတယ်။

(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက် ဆိုတာတွေ ပေါ်လာပါပြီ။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ မျိုးဆက်မို့ ပိုကောင်းတယ်။

(အလာဂျီ) ရတတ်သူများ Cetirizine hydrochloride ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်။ တနေ့ကို နှစ်ခါ ခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။

(အလာဂျီ) ဖြစ်တာ ပြင်းထံလာရင် Prednisolone လို Corticosteroid ဆေးမျိုးပါပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး များလို့ တချို့က မသုံးစေချင်ဘူး ပေးရင် သက်သာတာတော့ အမှန်ဘဲ။ ရေရှည် မသုံးတာ ကောင်းတယ်။ တကယ်လို့ ဆက်တိုက် ဖြစ်နေ၊ သောက်နေရတဲ့ (အင်တီ-ဟစ်စ်တမင်း) တွေနဲ့ မသက်သာလို့ ဆရာဝန်က ပေးရင် သောက်ပါ။ ပဌမ ရက်တွေမှာ ဆေးများများ ပေးပြီး၊ သက်သာရင် တဖြည်းဖြည်း လျှော့ပေးရတယ်။ တုံးတိ မဖြတ်ရဘူး။ အရေးပေါ် ဖြစ်ရင် ဒီဆေးမျိုးကို ထိုးပေးရတယ်။ ဗမာတွေက အသက်ကယ်ဆေးလို့ ခေါ်ကြတယ်။

Cimetidine, Ranitidine တို့ဟာ လေနာဆေးတွေပေမဲ့ ဒီရောဂါအတွက်လည်း သုံးတတ်တယ်။ Doxepin ဆိုတဲ့ စိတ်မကျဆေးလည်း သုံးသေးတယ်။

နာတာရှည် (အလာဂျီ) နဲ့ သန်ကောင် ဆက်စပ်နေတတ်တယ်။ တခြားဟာတွေကို မတည့်တာရော သန်ကောင်ပါ တွဲ ဖြစ်နေနိုင်သေးတယ်။ ၂ မျိုးလုံးကို ကုရလိမ့်မယ်။ သန်ကောင် အမျိုးအစားတွေ အများကြီးရှိတယ်။

Ankylostomiasis (Hookworm) ချိတ်သန်ကောင် ရှိပေမဲ့ တချို့မှာ လက္ခဏာ မပြဘဲ နေတတ်တယ်။ အရေပြား ကနေ ဝင်ပြီး၊ သွေးထဲရောက်၊ အဆုပ်ထဲရောက်၊ အူထဲရောက်တယ်။ ရောက်တဲ့ နေရာအတိုင်း လက္ခဏာတွေ ပြမယ်။ အရေပြား ယားမယ်၊ ရင်ကြပ်မယ်၊ ပန်းနာ-နူမိုးနီးယားလို ဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစားပျက်မယ်၊ လေထမယ်၊ ကြာရင် Iron deficiency anemia သွေးအားနဲတာပါ ဖြစ်နေတတ်တယ်။ သတိထားရမှာက ပြန်ဖြစ်တာနဲ့ ဆေးယဉ်တာ။ Mebendazole 100 mg ကို တနေ့ ၂ ကြိမ်၊ ၃ ရက် ပေးတယ်။ ၂-၃ ပါတ်နေရင် တခါထပ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေတုံး မပေးရပါ။ Albendazole 400 mg ၁ ကြိမ်၊ ၃ ရက် သောက်ရတယ်။ သွေးအားကောင်းဘို့ Ferrous sulfate စားဆေး ၃ လ သောက်စေတယ်။ (ပရိုတင်း) ပါ နည်းနေတတ်တယ်။ စားပေးပါ။

Strongyloidiasis သန်ကောင်ရောဂါဆိုတာလဲ အရေပြား (ခြေထောက်) ယားယံတာ နဲ့ အဆုပ်နဲ့ဆိုင်တဲ့ လက္ခဏာတွေ (ချောင်းဆိုး၊ အသက်ရှူကြပ်) ဖြစ်နိုင်တယ်။ အစားပျက်၊ ဝမ်းပျက်၊ ဗိုက်နာ၊ သွေးစစ်ရင် Eosinophil သွေးဖြူဥတမျိုး များနေမယ်။ Ivermectin ကို တရက်မှာ 200 mcg ၁-၂ ရက် ပေးတာက Albendazole 400 mg တနေ့ ၂ ကြိမ် ၃ ရက် ပေးတာထက် ပိုကောင်းတယ်။

Enterobiasis (Pinworm) သန်ကောင်ရောဂါဆိုတာ ညအချိန် စအိုကယားတာ ထူးခြားတယ်။ Albendazole (400 mg) ဒါမှမဟုတ် Mebendazole (100 mg) တခါထဲ ပေးတယ်။ တလနေတခါ ထပ်ပေးသင့်တယ်။

Ascariasis (Roundworm) သန်ကောင်ရောဂါဆိုတာ အများဆုံးဖြစ်တယ်။ သန်လုံးကောင်ခေါ်တယ်။ တီကောင်နဲ့ ဆင်တယ်။ အရေပြားယား တတ်တယ်။ ဗိုက်နာတတ်တယ်။ Albendazole 400 mg တခါထဲ ပေးတယ်။ ဒါမှမဟုတ် Mebendazole 500 mg တခါထဲဖြစ်ဖြစ် 100 mg တနေ့ ၂ကြိမ် ၃ ရက်ဖြစ်ဖြစ် ပေးတယ်။

Trichuriasis (Whipworm) သန်ကောင်ရောဂါဆိုတာလဲ ကလေးတွေမှာ အဖြစ်များတယ်။ Albendazole တနေ့ 400 mg ၁-၃-၇ ရက်ပေးတယ်။ ဒါမှမဟုတ် Mebendazole တနေ့ 200 mg ၁-၃-၇ ရက်ပေးတယ်။

သန်ကောင် ရှိ-မရှိ ဝမ်းစစ်ဆေးပါ။ သန်ကောင် အမျိုးအား စစ်ပါ။ ဆေးသေခြာ သောက်ပါ။ ၁ လနေရင် ဝမ်းတခါ ထပ်စစ်ပါ။ လိုအပ်ရင် ဆေးထပ်သောက်ပါ။ သွေးအားနဲ-မနဲလည်း စစ်ပါ။

Dr. တင့်ဆွေ
၁၉-၉-၂ဝ၁ဝ

Wednesday, September 15, 2010

Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း

သိချင်တာက အစာအိမ်-လေနာဆိုရင် ဘယ်လိုမျိုး စစ်ဆေးချက်တွေပြုလုပ်ရင် သိနိုင်သလဲကိုပါ။ ဒါမှမဟုတ် ရောဂါက မှန်းဆရတဲ့ အရာမျိုးလား။ စစ်ဆေးရင် အကောင်းဆုံးက ဘယ်လိုစစ်ရမလဲ ဆိုတာတွေကိုပါ ရှင်းပြပေးပါဦး။

ပဌမ ဆရာဝန်က ရောဂါ-ရာဇဝင်ကို သေသေခြာခြာ မေးမယ်။ ဖြစ်နိုင်တဲ့ အလာအလာရှိသူ ဟုတ်-မဟုတ်၊ ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ၊ ဘယ်လောက် နာသလဲ၊ ကိုယ်အလေးချိန် လျှော့သလား၊ ဘာဆေးတွေ သောက်နေခဲ့သလဲ၊ NSAIDs ခေါ် အကိုက်-အနာ-အဖျားပျောက် ဆေးတွေက ဖြစ်စေနိုင်တယ်။ အရက်-ဆေးလိပ်၊ မိသားစုထဲ အဲလို ဖြစ်သူ ရှိသလား၊ အန်သလား၊ ဘယ်အချိန်မှာ နာတာလဲ။ လူပင်ပန်း-စိတ်ပင်ပန်းလား။ အစာကို အချိန်မှန် စားသလား။

နောက် စမ်းသပ်မှု လုပ်မယ်။ ဗိုက်၊ ရင်ပတ်၊ လိုအပ်ရင် စအို (သွေးယိုသူ)၊ နာတာရှည် လေနာသမားတချို့က အန်တတ်တယ်။ အစာ အောက်ဆင်းတာ နှေးလို့ အစာအိမ်ထဲမှာ စားတဲ့အစာတွေ တော်တော်နဲ့ အောက်မဆင်းဘူး။ အဲလို လူတွေရဲ့ ဗိုက်ကို လှုတ်ကြည့်ရင် ရေထည့်တဲ့ သားရေအိမ်ကို လှုတ်ကြည့်သလို အသံမျိုး ကြားတယ်။

ရောဂါကို သေခြာဘို့ စစ်နည်း ၁-၂ ခု ထပ်လိုတယ်။
(၁) Upper gastrointestinal (GI) series လည်းခေါ်သလို Barium meal x-ray ရိုက်တာ လုပ်ရတယ်။ ဆေးမျိုခိုင်းပြီး ဓါတ်မှန်တွေ တချပ်ပြီး တချပ်ရိုက်တာပါ။ သိပ်ကြီး တိကျတာတော့ မဟုတ်ပါ။
(၂) Endoscopy အစာလမ်းကြောင်းထဲကို ကင်မရာပါ ကရိယာ Endoscope ထည့်ကြည့်တာ၊ ပိုတိကျတယ်။
(၃) Endoscopy ကြည်ရင်းနဲ့ အထဲက အသားစကိုယူပြီး တရားခံပိုး H. pylori ရှိ-မရှိစစ်တယ်။ အဲလိုမျိုး Biopsies လုပ်တာက ကင်ဆာ ဟုတ်-မဟုတ်ကိုပါ သိစေတယ်။ GU အစာအိမ်မှာ အနာက ကင်ဆာနဲ့ ခွဲရမယ်။ DU အူသိမ်မှာ ဖြစ်ရင် ကင်ဆာ မဟုတ်ပါ။
(၄) သွေးထဲမှာ H. pylori နဲ့ဆိုင်တဲ့ Antibodies ရှိ-မရှိလည်း စစ်နိုင်တယ်။
(၅) Breath test ဆိုတာလည်း 95% မက သေခြာတယ်။
(၆) Stool test ဝမ်းထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ သွေး ပါနေ-နေစစ်တာ။
(၇) Blood test သွေးအားနည်းနေ-မနေ (သွေးယိုသူ)၊

Dr. တင့်ဆွေ
၁၄-၉-၂ဝ၁ဝ

Monday, September 13, 2010

Banana Diets ငှက်ပျောသီး-အာဟာရ

“Blog တခုထဲက Japan မှာ breakfast ကို banana + Pure water နေ့ တိုင်းစားရင် ၆ လ မှာ ၁၃ ကီလို ကျတယ်လို့  ဖတ်ရပါတယ်။ ဘယ်လို မြင်ပါသလဲ၊ ဖြစ်နိုင်ပါသလား ဆရာ။ အရမ်း လွယ်နေလို့ ပါ။”

ဒါက (ဘလော့ခ်) မိတ်ဆွေကနေ “ရှယ်” လိုက်တာ။ သူပြောလာတာ ဆရာပြန်လုပ်ဘို့ ရှာတော့ မနက်စာကို ငှက်ပျောသီး စားနိုင်သလောက် ပြောတာ တွေ့ရသလို တလုံးထဲ စားပါလည်း ဖတ်ရတယ်။ ပြီးရင် အခန်း အပူချိန်သာရှိတဲ့ ရိုးရိုးရေ သောက်ပါတဲ့။ နေ့လည်စာ နဲ့ ညစာ ကြိုက်တာ သုံးဆောင်ပါတဲ့။ ညနေ ၃ နာရီ အဆာပြေလည်း သဘောဘဲတဲ့။ အဲ့ အချိုတည်းတာတော့ မဟဲနဲ့တဲ့။ ပြီးရင် သန်းခေါင် မတိုင်ခင် အိပ်ပါတဲ့။ ဟုတ်ပ လွယ်လိုက်၊ ရှင်းလိုက်တာ။

ရေးထားတာထဲမှာ ဇီဝဖြစ်စဉ် Metabolism ကောင်းစေတယ် ဆိုတာလည်း ပါသေးတယ်။ ဂျပန် ဆေးပညာ-ပါမောက္ခ ကနေ ထုတ်တဲ့ မေးခွန်းကိုတော့ ဂျပန်တွေက မသိချင်ရောင် ဆောင်ကြဆိုဘဲ။ ကိန်းဂဏန်းနဲ့ တိုးတက်လာတာကတော့ တိုင်ဝမ် နဲ့ ဖိလစ်ပိုင်ကလာတဲ့ ငှက်ပျောသီး (အင်ပို့တ်) ဖြစ်တယ်။ အရောင်းက ၈ဝ% တက်သွားစေလို့တဲ့။

သတင်းထောက် Mary-Liz Shaw ကရေးတော့ ငှက်ပျောသီး-အာဟာရကို ၁၉၇ဝ ကတည်းကလို့ သိရတယ်။ တစ္ဆေဝတ္ထု ရေးတဲ့ စာရေးဆရာ (ကလစ်ဖို့-သာလော) ကနေ ၁၉၉၅ မှာ The Amazingly Simple Banana Diet စာအုပ် ရေးတယ်။ ၂ဝဝ၈ အောက်တိုဘာ လလယ်ထုတ် (တိုင်းမ်) မှာလဲ Japan Goes Bananas for a New Diet လို့ ပါခဲ့တယ်။ သုံးထားတဲ့ အင်္ဂလိပ် စကားစုက Go crazy နဲ့ အတူတူမို့ ဗမာလိုဆို “အရူးထကြတယ်” လို့ ပြောတာပါ။

မီဒီယာ ဆိုတာက ဘယ်သူ အရူးထထ ရေးစရာ ရတာကိုး။ အကိုးအကားလည်း ပါသေးတာ။ ငှက်ပျောသီးမှာ ကဇီဓါတ် ကနေ အဆီဓါတ် ပြောင်းပေမဲ့ဟာကို တားနိုင်တဲ့ Resistant starch ပါသတဲ့။ ဒါ့ကြောင့် အပိုဆောင်းထားတဲ့ အဆီတွေကို ထုတ်သုံးလိမ့်မယ်ပေါ့။

ရေးတဲ့သူ ရှိတော့ မေးတဲ့-ဖြေတဲ့သူတွေလည်း ပေါ်လာတယ်။
Will the Morning Banana Diet make you thin? ငှက်ပျောသီးနဲ့ (ဘရိတ်ဖတ်) ရင် (ဝိတ်) ကျမယ်ဆိုတာ ဟုတ်ပါလား။
Maybe… ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ သုတေသနတွေတော့ တလှေကြီး လိုအုံးမယ်။
Is the Morning Banana Diet hazardous? အဲဒါက အန္ကရာယ်ကင်းရဲ့လား။
Probably not ကင်းလောက်တယ် ထင်တာဘဲ။
Are you going to try it? ဒါဆို ခင်ဗျားက စမ်းတော့မယ်ပေါ့။
Sorry ဟင့်အင်း။

သိပ္ပံနည်းကျကျ ရေးပြတာတွေလည်း ဖတ်ပါအုံး။ ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety hormones က စားချင်နေတယ်-စားလို့ဝပြီ ဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁ဝ% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ အခု (ယူအက်စ်-အိုးပင်း-တင်းနစ်) ဖိုင်နယ်နေ့ ရောက်ပြီ။ တင်းနစ် ကစားသူတွေ ငှက်ပျေားသီး တကိုက်စား၊ နားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ ပြောရရင် တင်းနစ် ကစားရင် ငှက်ပျောသီးစားတဲ့နေ့ Hypoglycemia ရလို့ သကြားဓါတ် နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊ အခါခါ အဲလိုသာဖြစ်တယ်။

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရ-ဥပဒေသ Food Rules အရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမကဖြစ်ဖြစ် တခြား အသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃ဝ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာ မပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ဝိုင်-ဘီယာ ဘာမှ မသောက်ပါနဲ့။

Other Rules ထပ်ဆောင်းဥပဒေ၊ ညကိုတော့ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင် လိုတဲ့ ၄ နာရီထက် ပိုရင် ပြန်ဆာလာမှာ စိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နဲနဲ လမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှ ဒါလို့ ပြောပြီး တခုထဲ အပေါ်သာ ဦးစေားပေးတဲ့ (ပေါ်ပြူလာ) ဝိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာ ပါတယ်။ ပိုတက်ဆီယမ် ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန် ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးက ဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ Pizza တို့ Fries တို့ ကြိုက်တာ စားမဲ့သူတွေအတွက်က Disaster ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင် ကျသွားလို့ ဂျပန်မှာ နာမည်ကြီးသွားရတာ ဖြစ်နိုင်ပါတယ်။ ဂျပန်မလေးတွေ လိုက် အတုခိုးကြတယ်။ ခေတ်မီပြီး Trendy ဖြစ်တာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကို ရေးပေးတဲ့ Mixi (ဆိုရှယ်-နက်တ်ဝပ်ခ်) ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ဆရာတို့ခေတ်က Trend တွေ အတော် အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ
၁၃-၉-၂ဝ၁ဝ

Sunday, September 12, 2010

Down syndrome (1) ဒေါင်းန်-ဆင်ဒရုမ်း (၁)

Sep 12, 2010 at 11:04 AM
ကျွန်တော့် သား အသက် ၃ နှစ်။ လသားကတည်းက ဝမ်းပျက် ဝမ်းလျောနဲ့ ခဏခဏ ဆေးရုံတက်ရတယ်။ ARTI နဲ့ ၂ ခါ ဆေးရုံတက်ရတယ်။ ၂ နှစ်ကျော်လောက်ကစပြီး၊ ကျန်းမာရေး ကောင်းသွားပါတယ်။ ဆေးရုံကတော့ Down's syndrome လို့ ပြောပါတယ်။ အခုတော့ အရမ်းသွက်လက်ပါတယ်။ TV ကြော်ငြာတွေ လှုပ်ရှားမှု အကုန်မှတ်မိတယ်။ လိုက်လုပ်တယ်။ နောက်ပြောင်တတ်တယ်။ ဒါပေမဲ့ စကားမပြောဘူးဆရာ။ ဝူးဝူးဝါးဝါးပဲ အသံထွက်တယ်။ အဲဒါ ဘာဖြစ်လို့လဲ။ ဆရာဝန်နဲ့ ပြလို့ရလား။ ဘယ်လိုဆရာဝန်နဲ့ ပြရမလဲ။ ဆေးကုလို့ကော ကောင်းလား သိချင်ပါတယ်။

မွေးရာပါ-ချို့ယွင်းချက်တွေဟာ မျိုးဗီဇ၊ သားအိမ်ထဲရှိစဉ် ပတ်ဝန်းကျင်၊ ကြီးထွားဖြစ်စဉ် အမှားများ၊ ရောဂါပိုးဝင်ခြင်း နဲ့ (ခရိုမိုဇုမ်း) ဖေါက်ပြန်မှု၊ တခုခုကနေ ဖြစ်ကြရတယ်။ Down syndrome က နောက်ဆုံး အကြောင်းကြောင့် ဖြစ်ပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ အကြောင်း ၄ ပါးထဲက ကံကိုဘဲ ရိုးမယ်ဖွဲ့ကြမယ် ထင်ပါတယ်။

(ဒေါင်းန်-ဆင်ဒရုမ်း) ကို ၁၈၆၂ ခုနှစ်တုံးက အင်္ဂလိပ်ဆရာဝန် John Langdon Down ကနေ စသိခဲ့တာမို့ ဂုဏ်ပြုပြီး၊ ဒီနာမယ် ပေးတာပါ။ (ခရိုမိုဇုန်း) နံပါတ် ၂၁ မှာ ပြဿနာ ဖြစ်တာလို့ သိလာရတယ်။ (၁) ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်၊ (၂) ရုပ်ပိုင်း-တည်ဆောက်မှုနဲ့ (၃) မျက်နှာ-အသွင်တို့မှာ ကွဲလွဲနေလိမ့်တယ်။ ဗိုက်ထဲမှာ ရှိကတည်းက ရေမြွှာရည်ကို စစ်ဆေးတာ Amniocentesis နဲ့ သိခဲ့နိုင်တယ်။ သိရင် တချို့ နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ပြုတယ်။

ရောဂါနဲ့ မွေးလာတဲ့ ကလေးတွေမှာ Cognitive ability ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်ဟာ သိပ်မဆိုးသူနဲ့ ပိုဆိုးသူ ရှိတယ်။ တယောက်နဲ့ တယောက် မတူဘူး။ ဥာဏ်ရည်ကို နဲ့ IQ တိုင်းရင် အများအားဖြင့် ဒီကလေးမျိုးတွေက ၃၅-၅ဝ-၇ဝ သာရှိကြတယ်။ Mosaic Down syndrome ကလေးဆိုရင် Chromosome #21 မှာ အပိုတခု ပါနေလို့ ပေါင်း ၄၇ ခု ရှိနေမယ်။ သူတို့က ဥာဏ်ရည်သာတယ်။ IQ ၁ဝ-၃ဝ ပိုမယ်။ ကလေးအကောင်းက ၁ဝဝ ပါ။

ကလေး ၁ဝဝဝ မွေးရင် ၁ ယောက်လောက် ရှိနိုင်တယ်။ မိခင်က အသက်ကြီးရင် ပိုဖြစ်တာ တွေ့ရတယ်။ မအေ အသက် ကြီးတိုင်း ဖြစ်မယ်လို့ ပြောချင်တာတော့ မဟုတ်ပါ။

ကလေးကို မြင်တာနဲ့ သိနိုင်တယ်။ မေးရိုး သေးပြီး မျက်နှာဝိုင်းကြတယ်။ လည်ပင်း တိုတယ်။ လျှာထွက်နေတာ များတယ်။ မျက်လုံးကလည်း မက်မွန်သီးအစေ့လိုနဲ့ ခပ်စောင်းစောင်းနေတယ်။ မျက်ဝန်း ကျဉ်းတယ်။ ခြေတံ-လက်တံ တိုတယ်။ လက္ခဏာကြည့်ရင် လက်ဝါးမှာ ကန့်လန်းစဉ်း ၂ခု အစား၊ ၁ ခုထဲဘဲ ရှိတယ်။ ကြွက်သားတွေက အားပြော့တယ်။ ခြေမနဲ့ ခြေညှိုး ဝေးနေတယ်။ ဒီကလေးမျိုးမှာ တခြား ချို့ယွင်းချက်တွေပါ ရှိနေတတ်တယ်။ မွေးရာပါ နှလုံးရောဂါ၊ အစာမြို ခက်ခဲတာ၊ နားပိုးဝင်တာ၊ လည်ပင်းကြီးအလုပ် ထိခိုက်တာ၊ အိပ်ရင် ခက်ခဲတာတွေ ဖြစ်တတ်တယ်။ တချို့ကလေးမှာ အတက်ရောဂါ (ဝက်ရူးပြန်)၊ (လူကီးမီးယား) တခုခု ရှိနေတတ်တယ်။

စကားအရာမှာ နားလည်တာနဲ့ ပြန်ပြောတတ်တာ မတူဘူး။ အများအားဖြင့် နှေးကြတယ်။ လမ်းလျှောက်တတ်တာ တချို့ ကလေးက ၂ နှစ်၊ တချို့ ၄ နှစ်။ အနုစိတ်-ကြွက်သား အလုပ်တွေမှာလဲ နှေးတယ်။ ငယ်တုံးရော ကြီးတဲ့အခါပါ (ကျား = ၅ ပေ ၁၊ မ = ၄ ပေ ၉) အရပ်ပုတယ်။ ကြီးရင် ဝလာတာ များတယ်။ ယောက်ျားလေးဆိုရင် အိမ်ထောင်ကျပြီး ကလေး မရတာ ဖြစ်တတ်တယ်။ ကလေး တဝက်လောက်မှာ မျက်လုံး နှစ်ဖက်က ပြိုင်တူ မလှုတ်ရှားဘူး။ မျက်မှန် တပ်ရမှာ များတယ်။

ကလေး ငယ်စဉ်ကတည်းက ဂရုစိုက်ပေးသင့်တယ်။ ဆေးကုတာအပြင် မိသားစု၊ ပါတ်ဝန်းကျင်၊ အထူးသင်ကြားမှုတွေ လုပ်ရမယ်။ ရုပ်ပိုင်း-ချို့ယွင်းနေတာတွေကိုတော့ လုံးဝ ပျောက်သွားအောင် လုပ်မရပေမဲ့ ပညာပိုင်းမှာ ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကံတရားဘဲ ထပ်ပြောရအုံးမှာဘဲ။ လုပ်ပေးဘို့ လိုတာတွေရှိတဲ့ တိုင်းပြည်မှာ၊ လုပ်ပေးနိုင်တဲ့ မိဘတွေ ကနေ မွေးသူတွေဆိုရင် ကံဆိုးထဲက ကံကောင်းသူတွေလို့ ပြောရမှာပါ။

တကယ်တော့ သူတို့တတွေထဲမှာ ထူးချွန်လို့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သူတွေ ရှိတယ်။ ၁၉၉၆ တုံးက မင်းသား Pascal Duquenne နဲ့၊ ၂ဝဝ၃ မှာ မင်းသမီး Paula Sage တို့ဟာ ဆုတွေတောင် ရခဲ့ကြတယ်။

နာဇီခေတ်က Action T4 (Aktion T4) ဆိုတာ ဂျာမန်-ဆရာဝန်တွေကနေ ကုလို့မရတဲ့ ဝေဒနာလို့ သတ်မှတ်ပြီးသကာလ၊ စနစ်တကျ ထောင်နဲ့ချီပြီး သတ်ပြစ်ခံရသူတွေထဲမှာ ဒီရောဂါရှိသူတွေလည်း ပါတယ်။ ဟစ်တလာ နဲ့အတူ နာဇီဝါဒ ကျဆုံးမှသာ သိကြရတယ်။ အဲလိုဘဲ စနစ်ဆိုးတွေ ကျဆုံးမှ သိကြရအုံးမှာတွေရှိတာ သေခြာတယ်။

Dr. တင့်ဆွေ
၁၂-၉-၂ဝ၁ဝ

Thursday, September 9, 2010

Gallstones (1) သည်းခြေကျောက် (၁)

8 Sep 10, 23:34
ကျွန်တော့် အဖေမှာ သည်းခြေကျောက်တည်နေတာ သုံးလေးနှစ်လောက်ရှိပါပြီ။ ဘာနာကျင်မှုမှတော့ မရှိဘူးလို့ သူက ပြောပါတယ်။ တကယ်လို့ အဲဒီရောဂါက ကြာလာရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာ ရှင်းပြပေးပါဦး ဆရာ။

သည်းခြေကျောက် ရှိနေပမဲ့ ဘာမှ မဖြစ်သလို နေသူတွေ ရှိတယ်။ အရွယ်အစား ၈ မီလီမီတာ ကျော်လာမှ နာလာတယ်။ ဆီးကျောက် နာသလိုဘဲ။ နေရာသာ ကွာတယ်။ ဗိုက်ညာဘက် အပေါ်ပိုင်းမှာ ၁၅ မိနစ် ကနေ နာရီတော်ကြာထိ တိုးတိုး နာနိုင်တယ်။ နောက်ကျော၊ ညာလက်ပြင်ကလည်း နာနိုင်တယ်။ ပျို့တာ၊ အန်တာလည်း ဖြစ်တတ်တယ်။ “သည်းခြေအိတ် နေရာ တည့်တည့်မှာ စမ်းတဲ့သူ့ လက်ကိုထား၊ လူနာကို အသက် ပြင်းပြင်း ရှူခိုင်းရင် အသက် ဆက်မရှူနိုင် ဖြစ်တာ” ကို Murphy's sign လို့ခေါ်တယ်။

သည်းခြေအိတ်မှာ ဖြစ်နိုင်တဲ့ရောဂါတွေ အမျိုးမျိုးရှိတယ်။ Biliary colic သည်းခြေအိတ်က နာတာ၊ Common bile duct stones (choledocholithiasis) သည်းခြေကျောက်က ပြွန်မှာပိတ်နေတာ၊ Gallstones သည်းခြေအိတ်ထဲ ကျောက် ရှိနေတာ၊ Gallbladder cancer သည်းခြေအိတ် ကင်ဆာ၊ Gallbladder inflammation (cholecystitis) သည်းခြေအိတ် ရောင်တာ၊ Gallbladder polyp သည်းခြေအိတ် အသားပိုဖြစ်တာ၊ Strawberry gallbladder သည်းခြေအိတ် စထောဘယ်ရီရောင် ဖြစ်နေတာ။

ရောဂါ သေခြာအောင် လုပ်နည်းတွေ အမျိုးမျိုးရှိတယ်။ Abdominal ultrasound ဗိုက်ကို (အာလ်ထွာဆောင်း) ရိုက်ခြင်း၊ CT scan (စကင်) လုပ်ခြင်း၊ Endoscopic ultrasound or EUS ကရိယာထည့် စစ်ဆေးခြင်း၊ Endoscopic retrograde cholangiopancreatography or ERCP စစ်ဆေးခြင်း၊ Magnetic resonance imaging (MRI) (အမ်-အာရ်-အိုင်) ရိုက်ခြင်း။

သည်းခြေအိတ်မှာ တည်တဲ့ ကျောက်မှာ Calcium, Phospholipids, Lecithin, Bilirubin, Bacteria နဲ့ Cholesterol ဓါတ်ဆားတွေ ပါနိုင်တယ်။

အဆီများတဲ့အစာ စားပြီးရင် နာတာဖြစ်လာတတ်တယ်။ ဗိုက်က လေပွသလို၊ အစာမကြေသလို ခံစားရတယ်။ နဲနဲ ဖျားနိုင်တယ်။ အသားဝါဖြစ်သလို မျက်စိ-ဆီးဝါလာမယ်။ အသားအရေ ယားယံမယ်။ ဝမ်းက ရွံ့ရောင်ဖြစ်လာမယ်။ အစားပျက်မယ်။ ကျောက်က ထွက်လမ်း (ပြွန်) ကို လာပိတ်ရင် ဗိုက် အပေါ်ညာဘက်ကနေ နောက်ပိုင်းအထိ ရုတ်တရက်၊ စူးစူးရှရှ နာမယ်။ အစာမကျေ-ရင်ပြည့်သလို ခံစားရမယ်။

ရောဂါလက္ခဏာတွေ ခံစာရသူတွေကို ခွဲစိတ်နည်းက ၉ဝ% ကောင်းစေပါတယ်။ ခွဲနည်းက ၂ မျိုး ရှိတယ်။ သမားရိုးကျ ဗိုက်ကိုခွဲပြီး Cholecystectomy သည်းခြေအိတ်ကို ထုတ်ပြစ်တာနဲ့ Laparoecope ကရိယာသုံးပြီး ဗိုက်ကို ၂-၃ နေရာ ကနေ သေးသေးလေး ဖေါက်ပြီး၊ အပြင်ကနေ ထုတ်နည်းပါ။

သည်းခြေအိတ် မရှိတော့ပေမဲ့ လူကောင်းနီးနီး နေနိုင်ပါတယ်။ အဲလိုလူ ၅-၄ဝ% မှာ Postcholeccystectomy syndrome သည်းခြေအိတ်ခွဲပြီး လက္ခဏာစု ဆိုတာ ခံစားရတတ်တယ်။ အစာမကျေသလိုနေတာနဲ့ ဗိုက် အပေါ်ညာဘက်မှာ နာနေတာတွေ ဖြစ်တယ်။ ၂ဝ% လောက်ကတော့ ဝမ်းပျက်နေတာ ခံစားရတယ်။

တခြားကုနည်းတွေ ရှိသေးတယ်။ Cholesterol gallstones အမျိုးအစားကို Ursodeoxycholic acid ဆေးနဲ့ ကျောက်ကို ပျော်သွားစေနိုင်တယ်။ ဆေးအကြာကြီး (၂ နှစ်) ပေးရတယ်။ ဆေးရပ်ရင် ပြန်ဖြစ်တာတွေရှိတယ်။ သည်းခြေကျောက်က ပြွန်မှာ ပိတ်နေတယ်ဆိုရင် (ERS) နဲ့ (ERCP) နည်း သုံးကုတာ တချို့ကို ကောင်းစေတယ်။ Lithotripsy နည်းနဲ့ ချေဖျက် နိုင်တယ်။

နောက်တနည်းကတော့ သည်းခြေ ကျောက်မှန်သမျှကို Apple cider vinegar ကို တခါသောက် ဇွန်းသေး ၃ ဇွန်း၊ တနေ့ ၃ ကြိမ်သောက်ပါ။ ခါးအောက်ပိုင်းကို ရေအေးနဲ့ ချိုးပါ။ နောက် ရေအေးနဲ့ ရေနွေး တလှည့်စီချိုးပါ။ ရေအများကြီး သောက်ပါ။ Cranberry juice နဲ့ Aloe vera juice တွေသောက်ပါ။ အဆီနဲ့ (ကိုလက်စတော) လျှော့စားပါ။ ဖိုင်ဘာများတဲ့ အသီးအနှံတွေ စားပါ။ ပဲပုတ်ကထုတ်တဲ့ Lecithin ခေါ်တဲ့ အဆီတမျိုး စားသုံးပါ။

နောက်တနည်း။ အစာမစားဘဲ ၄ ရက်နေပါ။ မုံလာဥနီဖျော်ရည်၊ နာနတ်ဖျော်ရည်၊ စပျစ်သီးဖျော်ရည်တွေသာ သောက်ပါ။ ၄ ရက်မြောက်နေ့မှာ သံလွင်ဆီနဲ့ သံပုရာရည်သောက်ပါ။ ၅ ရက်မြောက်နေ့မှာ ကြက်ဆူဆီ ဇွန်းသေး ၄ ဇွန်းသောက်ပါ။ နောက် အသီအနှံတွေ များများ တိုးစားပေးပါ။

သည်းခြေက အသဲနဲ့ ကပ်နေလို့ အသဲကိုလည်း ဒုက္ခပေးမှ သိရသူတွေလည်း ရှိတယ်။ သံသယရှိရင် စောစောစီးစီး Ultrasound ရိုက်သင့်တယ်။ အစားထဲမှာ အရက်၊ အဆီ၊ လုံးဝရှောင်တာ ကောင်းပါတယ်။

Dr. တင့်ဆွေ
၉-၉-၂ဝ၁ဝ

Q and A September 2010 (9)

1. ယောက်ျားလေးနဲ့ တူတူနေပြီး
2. ကောင်မလေးနဲ့ အတူနေတုံးက
3. ကွန်ဒုံး အသုံးပြုခဲ့စဉ်တုန်းက
4. ပြီးခဲ့တဲ့ August လ 7 ရက်နေ့မှာ ရာသီ လာပါတယ်
5. မကြာခဏ ချောင်းဆိုးတယ်

26 Sep 10, 09:21
Q: ယောက်ျားလေးနဲ့ တူတူနေပြီး နောက်လတွေမှာ ၃-၄ လ လောက် ရာသီ ပုံမှန်လာခဲ့ပါတယ်။ အခု ၅ လမြောက် ရာသီလာရမဲ့ ရက်ဝန်းကျင်မှာ ထိန်နေတာဟာ ကိုယ်နဲ့ ဆိုင်ပါသလား သိပါရစေဆရာ။ အတူနေချိန်မှာ Condom လည်းသုံးစွဲခဲ့ပါတယ်။
A: လိင်ဆက်ဆံပြီးနောက် ရာသီလာရင် အဲဒီ လိင်ဆက်ဆံမှုကြောင့် ကိုယ်ဝန် မရပါ။ နောက်တလမှာ ဆက်ဆံရင် နောက်တလ အတွက် စဉ်းစားရမယ်။ ရာသီလာပြီး လုံးဝ မဆက်ဆံဘဲ၊ နောက်ကျမှ ရာသီထိန်တာက အရင် ဆက်ဆံတာနဲ့ မဆိုင်တော့ပါ။ (ကွန်ဒွမ်) သုံးရင် ၉၈% ကိုယ်ဝန် မရနိုင်ပါ။

27 Sep 10, 01:07
Q: ကျွန်တော် ကောင်မလေးနဲ့ အတူနေတုံးက ပထမရက်မှာ အစွပ်မသုံးခဲ့ပါဘူး။ နောက်တစ်ရက်မှ အစွပ်ကို သုံးတာပါ။ အခုသူက ဆီးခုံနားက အောင့်နေတာ အရမ်းပဲတဲ့။ အဲဒါဘာကြေင့်လဲ သိပါရစေ။
A: ဆီးလမ်းပိုးဝင်နေတာပါ။ တခြားအမေးကို တိုက်ရိုက်ပြန်ပါမယ်။ Honeymoon sickness မင်္ဂလာဆောင်စဖြစ်ရတဲ့ လက္ခဏာမျိုး ဖြစ်တယ်။ လိင်ဆက်ဆံဘူးခါစ မိန်းကလေးတွေ အများအားဖြင့် ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာပါ။ လိင်ကတဆင့် ကူးစက်ရောဂါ STD မဟုတ်ာက များတယ်။ STD လဲ ဖြစ်နိုင်တယ်။ ဆေးသောက်ပါ။ သပ်သပ်ရေးထားတဲ့စာ ရှာဖတ်ပါ။
28 Sep 10, 08:14
Q: ကွန်ဒုံး အသုံးပြုခဲ့စဉ်တုန်းက ထိပ်က သုတ်ထွက်မဲ့နေရာကို လေမထုတ်ပဲ နဂိုအတိုင်း ဂေါင်းလေးအတိုင်းထားပြီး လေမထုတ်ပဲ သုံးမိရင် ဘာဖြစ်တက်ပါသလဲဆရာ။
A: ကွန်ဒွမ် ထိပ်က လေမထုတ်ပေမဲ့ ကျွတ်ထွက်တာ၊ ပေါက်ပြဲတာ မဖြစ်ရင် ကာကွယ်ရာမှာ ထိရောက်မှု အပြည့်ရှိပါတယ်။

Sep 28, 2010 at 1:00 AM
Q: ကျမ ပြီးခဲ့တဲ့ August လ 7 ရက်နေ့မှာ ရာသီလာပါတယ်။ ကျမအမျိုးသားနဲ့ September လ 23 ရက်နေ့ နှင့် 26 ရက်နေ့မှာ ဆက်ဆံဖြစ်ပါတယ်။ အမျိုးသားကတော့ သုတ်ကို အပြင်မှာ လွှတ်ပါတယ်။ ကျမစိတ်ထဲမှာ သိပ် မသေချာသလို ခံစားနေရပါတယ်။ ကိုယ်ဝန်ယူဖို့လဲ မဖြစ်နိုင်သေးတော့ ဘယ်လိုလုပ်ရင်ရမလဲဆိုတာ သိချင်ပါတယ်။ ကျမတို့ အခုနေနေတာက (့) နိုင်ငံမှာပါ။ ဒီတော့ ဒီမှာ ဝယ်နိုင်မယ့် ဆေးမျိုးရှိရင် သိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

A: ထင်တာ မမှားနိုင်ဘူး။ သုတ်ရည်ကို အပြင်မှာ ထုတ်ပေမဲ့ တကယ်မပြီးခင် ကြာစေအောင် ထိန်းတဲ့အခါ နဲနဲဖြစ်ဖြစ် သုတ်ထွက် လာတတ်တယ်။ Emergency contraceptive (EC) သုံးရလိမ့်မယ်။ (၁) ဟော်မုန်းပါသောဆေး နဲ့ (၂) သားအိမ်ထဲ ပစ္စည်းထည့်ခြင်း (IUD) နှစ်မျိုး ရှိတယ်။

(၁) Levonorgestrel ဟော်မုန်းပါတဲ့ဆေး
Emergency contraceptive pills (ECPs) သို့မဟုတ် ဟော်မုန်းပါသောဆေးကို လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေ ဖြစ်တယ်။ လိင်ဆက်ဆံအပြီး ၇၂ နာရီအတွင်း သုံးရင် အထိရောက်ဆုံးဖြစ်တယ်။ ၅ ရက်အထိလည်း သုံးနိုင်တယ်။

ဆေးနာမည်တွေက နိုင်ငံအလိုက် အမျိုးမျိုးရှိသည်။ အနောက်နိုင်ငံတွေမှာ Morning-after Pill, Plan B စသဖြင့် ခေါ်တယ်။ Pill 72 (India), i-pill (India), E Pills (India), ECee2 (India), Postinor (Thailand), Madonna (Thailand)

၈၉% ထိရောက်တယ်။ RU486, Mifestone, or Mifeprex တို့လို သားပျက်စေတဲ့ဆေး မဟုတ်ဘဲ သန္ဓေ မတည်အောင်သာ လုပ်ပေးခြင်း ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်း။ နေမကောင်း ဖြစ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သား တင်းခြင်း၊ ဗိုက်အောင့်ခြင်း။

လိင်ကတဆင့်ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အရေးပေါ် ဆေးအပြင် အခြား နည်းများကိုပါ သုံးဘို့လိုတယ်။

(၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD/IUCD) လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သုံးနိုင်တယ်။ ၉၉% စိတ်ချရတယ်။ တာရှည် ကာကွယ်တယ်။

September 28, 2010 2:58 AM
ကျွန်တော် သူငယ်ချင်း တယောက်က မကြာခဏ ချောင်းဆိုးတယ်။ နည်းနည်း အေးလာတာနဲ့ ဆိုးတယ်။ သူ အရင်က ရေချိုးရင် နည်းနည်းကြာတယ်။ ဆေးခန်းပြရမှာလည်း ကြောက်တော့ ချောင်းဆိုးရင် ဆေးလေးဘဲသောက် ပြီးနေတယ်။ ပျောက်သွားရင် မသောက်တော့ဘူး။ မကြာခဏ ဘာကြောင့် ချောင်းဆိုးလည်း၊ အဲဒီလို မဖြစ်အောင် ဘာတွေ ရှောင်ရမလည်း၊ ပျောက်ကင်းအောင် ဘယ်လိုဆေးတွေ သောက်သင့်သလည်း။ သူငယ်ချင်းက မိန်းကလေးပါ။ နောက်တခုက သူ့ မျက်လုံးတွေဟာ ငိုရင် မျက်ရည် မထွက်ဘူး။ မျက်ရည်ထွက်တဲ့နေရာ ပိတ်နေတယ်လို့တော့ ပြောတယ်။ မျက်ရည်မထွက်တော့ သူငိုတဲ့အခါတိုင်း ခေါင်းမှုး၊ ခေါင်းကိုက် ဖြစ်တယ်ခင်ဗျာ။ အဲဒါကြောင့် ဘယ်လို ဆက်လုပ်သင့်လည်း သိပါရစေချင်ဗျာ။

ဖြစ်နေတာ ၂ မျိုး။

မျက်ရည်လမ်း ပိတ်တာကို ဆေးကြောနည်းနဲ့ ရတတ်တယ်။ ဆေးထိုးအပ်-ပြွန်နဲ့ လမ်းဖွင့်ပေးရတာပါ။

ချောင်းဆိုးတာ ကြာတယ်၊ ခဏခဏ ဖြစ်တယ်ဆိုရင် ဆေးစစ်ရမယ်။ Chest specialist အထူးကုရှိရင် ပြပါ။ Physician အထူးကုကိုလဲ ပြနိုင်ပါတယ်။ အနဲဆုံး ဆရာဝန်တဦးဦး ပြပါ။ အာခေါင်ကနေစ စစ်ရမယ်။ လည်ချောင်း၊ နောက်ဆုံး အဆုပ် စစ်ရမယ်။ ဓါတ်မှန် ရိုက်ဘို့ လိုချင်လိုမယ်။ သလိပ်စစ်တာ ခိုင်းချင်ခိုင်းမယ်။ ချောင်းဆိုး-ပျောက်ဆေး အားမကိုးပါနဲ့။ ပိုးသေတာ မပါဘူး။ အိပ်ပေါက်နဲ့ ဖါးကောက်သလို ဖြစ်နေမယ်။ ဘယ်မှ မသွားနိုင်သေးသူဆိုရင် Amoxacylin 500 mg တနေ့ ၂ ကြိမ် ၄-၅ ရက်သောက်ပါ။

Angina နှလုံးလား၊ ကျောက်ကပ်လား

September 09, 2010 8:01 AM
ကျွန်တော့် အသက် ၃ဝ ထဲမှာပါ။ စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်နေပါတယ်။ အခြေခံစိတ်က သိပ်မပျော်တတ်ပါ။ ဒေါသ ကြီးပါတယ်။ အဆိုးဆုံးက အလိုမကျ ဖြစ်လေ့ရှိတာပါ။ တစ်ရက်ကို ကွမ်းအယာ၂ဝ လောက် ဝါးပါတယ်။ အရက်ကတော့ causal drinker အဆင့်ပါ။ လုပ်ငန်းခွင်မှာရော စီးပွားရေးပါ အောင်မြင်ပါတယ်။ အိမ်ထောင်ရှိပြီး သားသမီးမရှိပါ။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး အသက်ရှူရတာ သိပ်အားမရပါ။ ရှိုက်ပြီး ရှူရပါတယ်။

သွေးအားနည်းနေတာကြောင့် folic acid သောက်ပါတယ်။ အသက်ရှူရတာ ပုံမှန်ဖြစ်သွားပေမယ့် ကျောဘယ်ဘက် နှလုံးနေရာမှာ အောင့်လာပါတယ်။ အရင်လိုလည်း အပင်ပန်း သိပ်မခံနိုင်ပါ။ နှလုံးခုန်သံကို တစ်ခါတစ်ခါ ပြန်ကြားရပါတယ်။ လက်မောင်းရင်းတော့ မအောင့်ပါ။ တစ်ခါတစ်ခါ ဘယ်ခြမ်းခါးနေရာမှာ အောင့်ပါတယ်။ ကျွန်တော် နှလုံးရောဂါ စနေပြီလားလို့ သံသယ ဝင်မိပါတယ်။ ငယ်ငယ်တုန်းက ကျောက်ကပ် ဖြစ်ဖူးထားတာကြောင့် ကျောက်ကပ် ပြန်ဖြစ်သလားလို့လည်း ထင်ပါတယ်။
၁။ နှလုံးရောဂါ ပထမဆင့်ရဲ့ လက္ခဏာတွေကို သိချင်ပါတယ်။
၂။ နှလုံးဖြစ်ရင် ကုလို့ ပျောက်မပျောက်လည်း သိချင်ပါတယ်
၃။ ကျောက်ကပ်ရောဂါ လက္ခဏာတွေလည်း သိခွင့်ရရင် သိချင်ပါတယ်။

ပဌမဆုံး ဒေါသစိတ်နဲ့ စပါမယ်။ ဒေါသဖြစ်တာ နော်မယ်ပါ။ ထိန်းနိုင်လေ ကောင်းလေပေါ့။ တခုသတိရှိဘို့က ထူးပြီး စိတ်တိုလာသလား။ ဒါနဲ့အတူ နှလုံးခုန်နှုန်း အရင်ကထက် များ-မြန်သလား။ မမော-မပမ်း၊ ဒေါသ မထွက်ချိန်မှာ တမိနစ် ၇ဝ-၈ဝ က ပုံမှန်ပါ။ စိတ်မပျော်တတ်တာ ကိုယ့်ကိုယ်ကို သိနေရင် အတော်ကောင်းပါတယ်။

သွေးအားနည်းတာ အမျာဒအားဖြင့် သံဓါတ်နည်းလို့ ဖြစ်ပါတယ်။ ဖေါလစ်အက်စစ်လည်းလိုတယ်။ ပိုလိုမှာက သံဓါတ်ပါ။ အသက်ရှူမဝတာ သွေးအားနည်းလို့လဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ယောက်ျားတွေမှာ သွေးအားနည်းတာ ရှားပါတယ်။ သွေးစစ်ကြည့်ပါအုံး Hb နည်းနေသလား ၁၃-၁၄ ရှိရင် ဆေးသောက်ဘို့ မလိုပါ။

“ကျောက်ကပ်ရှိတယ်” ဆိုတာ ကျောက်တည်တာကို ဗမာတွေက အရပ်ခေါ်ခေါ်ကြတာ များတယ်။ ကျောက်မဟုတ်ရင် ကျောက်ကပ်ရောင်တာကိုလည်း ခေါ်ကြသေးတယ်။ လက္ခဏာတွေလည်း မတူပါ။ ကျောက်တည်ရင် နာမယ်၊ ဓါတ်မှန် ရိုက်ရင် ပေါ်မယ်။ ရောင်တာဆိုရင် ကိုယ်ရောင် (မျက်နှာ၊ ခြေ-လက်) နဲ့ တွဲ ဖြစ်တတ်တယ်။ သွေးတိုးနဲ့လည်း တွဲတတ်တယ်။ ဆီးစစ်ရင် အနယ်-အမှုံပါတယ်။ သွေးလည်းတချို့မှာ ပါတတ်တယ်။

“ကျောဘက် နှလုံးနေရာ” ဆိုတာ သိပ်မရေရာဘူး။ လူက ဝသလား၊ ပိန်သလား၊ မပိန်ဘဲလည်း ဖြစ်တတ်တဲ့ တီဘီ မဟုတ်တာကို ရှင်းထုတ်သင့်တယ်။ ဓါတ်မှန် ရိုက်ဘူးသလား။ အသက်ရှူတာနဲ့ နောက်ကျောနာတာ ၂ ခု ဖြစ်နေလို့ပါ။

နှလုံးရောဂါ - အမျိုးမျိုးရှိတယ်။ နှလုံး-သွေးကြောကျဉ်းရောဂါ၊ နှလုံ-းကြွက်သားကြီရောဂါ၊ နှလုံး-အလုပ် မလုပ်တော့တာ၊ သွေးတိုးက ဆက်ဖြစ်ရတာ၊ နှလုံးရောင်တာ၊ နှလုံး-အဆို့ရှင်တွေ ရောဂါရတာတွေ ဖြစ်တယ်။ နှလုံးခုန် မမှန်တာ (နှေးတာ၊ မြန်တာ) လည်း ရှိသေးတယ်။ ခံစားရတာတွေက လုံးဝမတူကြဘူး။ မောတာ၊ ရင်တုံတာတွေက အများဆုံးဖြစ်တယ်။ ဘယ်ဟာ ဖြစ်ဖြစ် ကုလို့ ရတာတွေသာ ဖြစ်ပါတယ်။

နှလုံး-သွေးကြောကျဉ်းရောဂါ Angina ဆိုတာ အသက်ရလာသူ၊ ဝသူ၊ (ကိုလက်စထော) များသူတွေမှာ ဖြစ်တယ်။ ဆေးလိပ်သောက်ရင်၊ သွေးတိုးရှိရင်၊ အလုပ် မလုပ်ရသူတွေမှာ အဖြစ်များတယ်။ Angina က စိတ်ဖိအားများတာနဲ့ တဆက်ထဲ ဖြစ်တတ်တယ်။ ဖြစ်ရင် ရင်ပတ် တည့်တည့် ရင်ညွန့်ရိုးအောက်မှာ နာတာ။ အဖိခံထားရသလို၊ အညှစ်ခံရသလို၊ ပူလောင်သလို၊ တင်းကြပ်နေသလို နာတာမျိုး ဖြစ်တယ်။ ဗိုက်အလည်ခေါင်၊ နောက်ကျော၊ လည်ပင်း မေးရိုး၊ ပခုံး၊ ကူးပြီးနာတာလဲ ရှိတယ်။ ဇောချွေးပြန်အောင် နာတယ်။ အန်မယ်။ တခါနာရင် ၃-၅ မိနစ် ကြာတယ်။ စက္ကန့်ပိုင်းသာ နာတာမျိုးက ဒါမဟုတ်ပါ။ ၁၅-၂ဝ မိနစ်အတွင်း အရေးပေါ် ကုသမှုခံဘို့လိုတယ်။

အကြံပေးချင်တာကတော့ Medical chack up လုပ်ပါ။ အဆန်းအပြားတွေ မလိုသေးပါ။ Physician ဆီမှာ အရင်လုပ်ပါ။ ထင်မှတ်ထားတာ မှန်သမျှ စနစ်တကျ ဖယ်ထုတ်လိုက်ရင် ပူစရာတွေ တခုပြီးတခု ရှင်းသွားပါလိမ့်မယ်။ တွေ့တာ ရှိရင် ကုလိုက်ယုံဘဲပေါ့။ လိုသေးရင် မေးပါ။ အားမနာပါနဲ့။

Dr. တင့်ဆွေ
၉-၉-၂ဝ၁ဝ

Fistula-in-Ano (FIA) ဂရင်ဂျီနာFistula-in-Ano (FIA) ဂရင်ဂျီနာ

7 Sep 10, 13:03
Q: I would like to know about the disease called Fistula. Does it need to cure urgently or not? Your urgent reply will be highly appreciated. If you have time please explain in Burmese about Fistula.

မေးခွန်း
Thu, Aug 8, 2013 at 1:43 PM
ကျနော်က အစိုးရ ရုံး ဝန်ထမ်းတစ်ယောက်ပါ။ Fistula-in-Ano (FIA) ဂရင်ဂျီနာ ရောဂါရဲ့ sign က ဘယ်လိုပါလဲခင်ဗျာ။ ကန်တော့ပါဆရာ ကျနော်ရဲ့ စအိုဘေးကနေ အရေပြား ပွန်းသလိုမျိုး ဖြစ်နေပြီး စပ်ဖျင်းဖျင်းဖြစ်နေပါတယ်ဆရာ။ ဖြစ်တာ ၂ ရက်လောက်တော့ရှိနေပါပြီ။ ဝမ်းသွားရင်တော့ စအိုကနာတာတို့ဘာတို့ မရှိဘူးဆရာ။ ဒါပေမယ့် ခုနပြောတဲ့ စပ်ဖျင်းဖျင်း ဖြစ်တဲ့နေရာက ချိုင့်ခွက်လိုဖြစ်နေတယ်။ ကျနော်တာဝန်ကျတဲ့နေရာက မြို့နဲ့ဝေးတယ်။ တကယ်လို့ (FIA) ဂရင်ဂျီနာ ဖြစ်တယ်ဆိုလဲ မခွဲစိတ်ပဲ ဆေးသောက်ဆေးထိုး ကုလို့ရပါသလား။ နောက်ပြီး မြန်မာတိုင်းရင်းဆေးနဲ့ရော ကုလို့ ရပါသလား။ ခွဲရင် ပိုက်ဆံ အများကြီးကုန်တယ်လို့လဲ ကြားဖူးတယ်။


ဂရင်ဂျီနာဆိုတာ ရှေးကတည်းက ရှိခဲ့တယ်။ လူ ၁ သိန်းမှာ ၉ ယောက်နီးပါး ဖြစ်ကြတယ်။ ယောက်ျားက ၂ ဆ ဖြစ်တယ်။ အသက် ၄ဝ နီးနီး (၃၈့၃ နှစ်) မှာ အဖြစ်များဆုံးပါ။ ကလေးတွေမှာလည်း ဖြစ်ပါတယ်။ ဆေးပညာဖခင်ကြီး ဟပ်ပိုကရေးတီးစ် (ဘီစီ ၄၆ဝ-၃၇ဝ) က ညွှန်းခဲ့ဘူးသလို၊ ပြင်သစ် ဘုရင် လူဝစ်-၁၄ (၁၆၃၈-၁၇၁၅) မှာ ဒီရောဂါ ရှိခဲ့တယ်။

ဝမ်းသွားပေါက် စအိုဘေးမှာ အနာပေါက်ရင် ကြီးကြီး-သေးသေး မပေါ့ပါနဲ့။ မရှက်ပါနဲ့။ ဖိထိုင်တော့ ပြည်- မန်းရည်-ငန်းရည်က ကောင်းကောင်း မထွက်နိုင်ဘူး။ ဒီတော့ အနာက အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်သွားရင် ဝမ်းတွေကို လှောင်ထားတဲ့ အစာဟောင်းအိမ်အထိ ရောက်ပြီး၊ အထဲပေါက်တခု ဖြစ်လာမယ်။ အဲလို တူးမြောင်းလို ဖြစ်လာတာကို ဗမာလို အမျိုးမျိုးခေါ်နေကြတယ်။ မြန်မာအဘိဓာန်က “ဂရင်ဂျီနာ” ရော “ဘရင်ဂျီနာ” လို့ပါ ရေးပါတယ်။ ဆရာတော် အရှင်သြဘာသာဘိဝံသ စီရင်တဲ့ သုတေသန သရုပ်ပြ အဘိဓာန် မှာ ဘဂန္ဓလာ “ဂယင်ဂျီနာ” လို့ ပုံနှိပ်ထားတယ်။ မြောင်းကနေ ဘေးကို လက်တံတွေ ထွက်နိုင်သေးတယ်။ ကွန်ကရစ်တွေနဲ့ မံထားတဲ့ မြောင်းမျိုး မဟုတ်ဘဲ၊ အနာ နုတ်ခမ်းသားလို မကျက်နိုင်တဲ့ အသားနုတွေသာ ဖြစ်တယ်။ စအိုအနားမှာ အပြင်ပေါက်က တခုမက ရှိသလို အထဲပေါက်ကလည်း များနိုင်တယ်။ များလွန်လွန်းလို့ တချို့ ကရွတ်ခွေနဲ့ ထိုင်ရတယ်။

စအိုဘေးမှာ အနာပေါက်လို့ မဟုတ်ဘဲလဲ ဖြစ်သေးတယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ (FIA နောက်တမျိုး)၊ တီဘီ၊ ကင်ဆာ၊ ဓါတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia ပိုးဝင်တာတွေကနေပါ ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ ဂနိုရီးယား၊ Ulcerative colitis, Diverticulitis, Crohn’s disease တွေကြောင့်လည်း ဖြစ်နိုင်တယ်။

သေခြာကြည်ရင် အပြင်ပေါက်ကိုသာ မျက်စိနဲ့ မြင်ရမယ်။ ပြည်-မန်းရည်ဆိုတာ ထွက်လာလိုက် ပျောက်လိုက်၊ စအိုထဲ လက်ထည့် စမ်းနည်း PR exam လုပ်ရတယ်။ စအိုထိန်း ကြွက်သားဝိုင်းနဲ့ အဆက်အစပ်ကို စစ်ဆေးရမယ်။ Goodsall rule ဆိုတာကို ခွဲစိတ်ဆရာဝန်တိုင်း အားကိုးကြရတယ်။ “အပြင်က ပြွန်ပေါက်ဟာ စအိုပေါက် ရှေ့ပိုင်း တဝက်မှာရှိရင် အထဲ လမ်းဟာ မျဉ်းဖြောင့် စပုတ်တံလို သွားတယ်။” “စအိုပေါက် နောက်ပိုင်း တဝက်မှာရှိရင် မျဉ်းကောက်၊ မြင်းခွါပုံလို သွားမယ်။”

ဆင်တူရိုးမှား တခြား ရောဂါတွေနဲ့ ခွဲခြားရမယ်။ Fissure in ano (FIA) စအိုကွဲနာ၊ Internal piles အတွင်းလိပ်ခေါင်း၊ External piles အပြင်လိပ်ခေါင်း၊ Periproctal abscess ပြည်တည်နာ၊ Anal polyp စအိုအသားပို၊ Sentinel tag အဝစောင့် အသားပို။

အနာ-အနာတွေက ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ ပျောက်သွာတာ မဟုတ်ဘဲ မြုံနေတာပါ။ သူ့အလိုလို ပျောက်တယ် ဆိုတာ မရှိပါ။ ဆေးကုပါ။

ကျွန်တော်တို့လို ဆရာဝန်တွေ သင်ကြ-သုံးကြတဲ့ ခွဲစိတ်နည်းတွေထဲမှာ အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ အထက်တက် ကျက်စေတဲ့နည်းပါ။ ပဋိဇီဝဆေး အရင် ပေးရတယ်။ မခွဲခင် တညနဲ့ မနက်ထ ဝမ်းခြူပေး၊ ခါးထုံဆေးနဲ့ ခွဲပါတယ်။ ခွဲပြီးစမှာ ကရိကထတော့ များမယ်။ ၂-၃ ရက် ရာဘာပိုက် တခု ထည့်ထား ပေးပါမယ်။ လေလည်နိုင်အောင်ပေါ့။ အစာကို ရေ-အရည်၊ နောက် ဆန်ပြုတ်-စွပ်ပြုတ်၊ နောက်မှ ထမင်းစားခိုင်းတယ်။ ဝမ်းမဖြစ်အောင် ဆင်ခြင်ခိုင်းတာပါ။ နေ့တိုင်း ဆေးထည့်ပေးမယ်။ ကောင်းသွားပါလိမ့်မယ်။ အခြေခံရောဂါရှိရင်လည်း ကုရပါတယ်။

Fibrin glue injection ဆိုတဲ့ ဆေးထိုးကုနည်းလည်း သုံးလာကြတယ်။ Fistula plug က အဲဒါကို ပိုဆန်းသစ်ထားတဲ့ နည်းပါ။ ၈ဝ% အောင်မြင်တယ်လို့ ဆိုပါတယ်။ Endorectal advancement flap နည်းက အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal Fistula Plug နည်းကတော့ အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။

“မုဆိုး စိုင်သင်” ဆရာဝန်တွေလည်း အကောင်းဆုံး ထင်တာနဲ့ ကုပေး၊ ပိုကောင်းတာတွေ့ရင် ပြင်ကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၃

Wednesday, September 8, 2010

Q and A September 2010 (8)

1. ကျွန်တော်က ASD ရှိဖူးပါတယ်
2. HIV ပိုးရှိသူတယောက်ဟာ
3. He is not sick, no cough
4. ဆီး မကြာမကြာ သွားနေရတာက
5. ကွန်ဒုံး အသုံးပြုပုံမှာ ဆက်ဆံပြီးလျင်
6. ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့ပြီး
7. HIV ဟာ ခန္ဒာကိုယ်ထဲကို ဝင်ရောက်ပြီးရင်

Sep 26, 2010 at 10:34
ကျွန်တော်က ASD ရှိဖူးပါတယ်။ ခွဲထားတာလည်း ၂ နှစ်လောက်တော့ရှိပါပြီ။ ကျွန်တော်က ညဘက် အိပ်ရေး ပျက်တတ်တော့ နှလုံးရောဂါနဲ့ ဘယ်လို ဆက်စပ်ပါသလဲခင်ဗျာ။ ASD က ပြန်ပွင့်နိုင်ပါလားခင်ဗျာ။ နောက်ပြီတော့ Masturbation က နှလုံးကို ထိခိုက်စေနိုင်ပါသလား။
A: (ASD) ဆိုတာ Atrial septal defect ကို ပြောတာ ထင်ပါတယ်။ ခွဲထားပြီးရင် ကောင်းသွာတာပါ။ အပေါက် ဖြန်ဖြစ်တာ မရှိပါ။ အအိပ် ပျက်တာကြောင့် နှလုံးကို ရောဂါရလောက်အောင် မထိခိုက်တတ်ပါ။ Masturbation ဖြစ်ဖြစ်၊ လိင် ဆက်ဆံတာ ဖြစ်ဖြစ် နှလုံးအလုပ်၊ အသက်ရှူတဲ့ အလုပ်တွေကို သက်ရောက်ပါတယ်။ သက်ရောက်တယ် ဆိုပေမဲ့ နှလုံးရောဂါရှိသူ အိမ်ထောင်မပြုဘို့ ဆိုတာထက် ကိုယ်ဝန်ဆောင်၊ ကလေးမွေးတာမှာသာ ဂရုစိုက်ဘို့ ဆရာဝန်တွေက သတိပေးပါတယ်။ နှလုံးခုန်မြန်တာ၊ မောပမ်းတာ၊ ရင်တုံတာကိုသာ ကိုယ့်ကိုယ်ကို သတိပြုနေပါ။ အလောမကြီး သတိကြီးရင် ဘယ်အရာကိုမဆို လူကောင်းလို နေနိုင်-ပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ ခွဲပေးတဲ့ နှလုံး အထူးကု-ဆရာဝန်ကဘဲ ပြောပြနိုင်ပါမယ်။

26 Sep 10, 17:42
Q: HIV ပိုးရှိသူတယောက်ဟာ ကျန်းမာရေး လိုက်စားလျင် သူ့သဘာဝ သက်တမ်းစေ့ နေထိုင်နိုင်ပါသလား။
A: HIV ပိုးရှိသူ ကျန်းမာရေး လိုက်စားတယ်ဆိုတာ သိပ်ယေဘုယျ ကြနေတယ်။ ဒီရောဂါအကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ။ ဆေးစစ်နေရမှာ ပါတယ်။ ရှောင်စရာ-ဆောင်စရာတွေ ရှိပါတယ်။

24 Sep 10, 22:57
Q: He is not sick, no cough, no weight loss and no loss of appetite and then only found the mark in X-ray. Can it be decided it was TB?
A: Nowadays, TB becomes complex. A visibly strong man, an unexpected woman, a normal-looked child can be diagnosed TB. The parson can have one or two or all of Sputum test, X-ray, clinical exam positive. On X-ray, there are other non-TB lesions. Please consult Chest specialist.

24 Sep 10, 18:16
Q: ဆီးမကြာမကြာ သွားနေရတာက ဘာကြောင့်လဲဆရာ သွားရင်လဲ နည်းနည်းလေက များတယ် ညဘက်မှာတော့ ဘာမှ မဖြစ်ဘူးဆရာ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ အားလုံး နေကောင်းကြပါစေ။
A: ဆီးများတာက ရေ-အရည် သောက်တာ များလို့သာ မဟုတ်ဘဲ များတဲ့ အကျင့်လို ဖြစ်နေရင် ဆီးချို စစ်ပါ။ ဆီးချိုက သွားချင်တိုင်း ဆီးထွက်တာဘဲ။ မနာဘူး။ ညမှာပါ ထထ သွားရတယ်။ ဆီးလမ်း ပိုးဝင်ရင် ခဏခဏ သွားချင်တယ်။ ကြာတော့ ဆီးမရှိဘဲနဲ့တောင် သွားချင်နေတယ်။ သွားရင် နာမယ်။

24 Sep 10, 17:27
Q: ကွန်ဒုံး အသုံးပြုပုံမှာ ဆက်ဆံပီးလျင် လိင်တံ မပျော့ခင်မှာ ချွတ်ရမယ်လို့ ဖတ်ရပါတယ်။ မူလအနေအထား ရောက်မှ ချွတ်ရင် ဘယ်လို ဖြစ်တက်ပါလဲ သိချင်ပါတယ်။
A: သုတ်ရည်က မတော်တဆ ထွက်ကျပြီး မ အင်္ဂါထဲဝင်မှာ စိုးလို့သာ ဖြစ်ပါမယ်။ Orgasm ရပြီးတာနဲ့ ချွတ်ပါ။ မ-အင်္ဂါကနေ ထုတ်တော့မယ် ဆိုတာနဲ့ ကွန်ဒွန်ရဲ့အရင်းကို လက်နဲ့ ကိုင်နေရင်း ကျားအင်္ဂါကို ထုတ်ပါလို့ ပြောတာလဲ ဒါ့ကြောင့်ပါ။ ရောဂါ ကူးစက်စေမှာ စိုးလို့ပြောတာ မဟုတ်ပါ။ ကိုယ်ဝန်တားဘို့ ရည်ရွယ်ချက်အတွက် ဖြစ်ပါတယ်။

24 Sep 10, 16:26
Q: ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့ပြီး ဒီတိုင်းပဲ အလွယ်တကူ လက်နဲ့ပဲ အရင်းက လှန်ပြီး ခွာချွတ်ခဲ့ရင်ရော အန္တရာယ် ရှိနိုင်ပါသလား သိပါရစေ။
A: (ကွန်ဒွန်) ကို ချွတ်ရာမှာ နှစ်ယောက်လုံးက HIV ဘီပိုး၊ စီပိုး မရှိသူ၊ ကလေးခြာချင်လို့သာ သုံးသူတွေက လက်နဲ့ ကိုင်လို့ ရပါတယ်။ ဘယ်အခြေအနေမျိုးမှာ ဖြစ်စေ ကိုင်တဲ့သူလက်မှာ အနာအဆာ မရှိရင်လဲ လက်နဲ့ ကိုင်လို့ ရပါတယ်။ သန့်ရှင်းရေး ပုံမှန် ဂရုစိုက်သူများကတော့ တစ်ရှူးနဲ့ ကိုင်ကြတယ်။

24 Sep 10, 16:33
Q: HIV ဟာ ခန္ဒာကိုယ်ထဲကို ဝင်ရောက်ပီးရင် နှစ်တော်တော်ကြာအောင် ရောဂါပုံစံတွေ မပြဘူးဆိုတာ အများဆုံး ဘယ်လောက် ကြာအောင် မပြပဲနေတာပါလဲ ခင်ဗျာ။ ကျွန်တော် သိသလောက်ကတော့ ရောဂါဝင်ပြီးရင် 4–5 နှစ်ဆို AIDS ဖြစ်သွားပြီလို့ သိရပါတယ်။ အဲလို ရောဂါလက္ခဏာ မပြတဲ့သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိလဲ၊ ဗဟုသုတ အနေနဲ့ သိပါရစေ။
A: ခန္ဒာကိုယ်ထဲကို HIV ဝင်ပြီး ဘယ်လောက်ကြာမှ ရောဂါလက္ခဏာတွေ ပြသလဲဆိုတာ Clinical latency ခေါ်တယ်။ ၂ ပါတ် ကနေ အနှစ် ၂ဝ လို့ ဆိုပါတယ်။ စအိုကနေ ကွန်ဒွန် မသုံးသူတွေက တခါပြုတိုင်း ၃-၅% ဖြစ်စေဘို့ များလာနေတယ်။ ဗဂျိုင်းနာကနေ ကွန်ဒွန် မသုံးတာ၊ ပါးစပ်မှာ သုံးတာတွေထက် မြန်တယ်။ တကြိမ် ဆက်ဆံမှု ရှိပြီးနောက် ၂-၆ ပါတ်နေရင် အများစုက HIV antibody test positive ဖြစ်တယ်။ ၆ လနေရင် လူတိုင်းမှာ positive ဖြစ်တယ်။

Organic Food (အော်ဂဲနစ်)

“လူသည် အစုံစား သတ္တဝါဖြစ်သည်။ အသား-ငါး၊ အသီး-အရွက်၊ ပဲစားသည်” လို့ မြန်မာတွေက ပြောတယ်။ သူများတွေက “လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့ လိုသည်” လို့ ပြောကြတယ်။ အတူတူပါဘဲ။ အသားစား-မစား ရှုဒေါင့်ကနေ ပြောတာနဲ့ ကျန်းမာရေးနဲ့ သင့်-မသင့် ဒေါင့်ကနေ ပြောတာသာ ကွာတယ်။

“ထမင်း ဘယ်ကရသလဲ၊ ထမင်းအိုးထဲက ရတယ်” လို့ ရှေးလူကြီးတွေက ရီစရာ ပြောခဲ့ကြတယ်။ အခုလည်း “စားတဲ့ အစား-အစာတွေက ဘယ်က လာသလဲ” လို့ ခေတ်လူတွေက မေးလာနေကြပြီ။ ကိုယ့်နယ်မြေ-ဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုး-မွေးမြူရေး ခြံတွေကလား၊ စားကျက်-မြက်ခင်းမွေးတွေလား၊ မြေသြဇာ-ပိုးသတ်ဆေးတွေ သုံးသလား။ ပြောသေးတယ် “ခင်ဗျား ဘာစားသလဲ ဆိုတာ ခင်ဗျားရဲ့ အဆင့်အတန်းဘဲ” တဲ့။ အဆင့်ရှိချင်ရင် Go organic လုပ်ပါ။

(အော်ဂဲနစ်) ဆိုတာဘာလဲ။ ကျောင်းစာ သင်ဘူးသူတွေတောင်မှ ခေါင်းရှုတ်ရတဲ့ စာလုံးပါ။ Organic ကို Carbon ပါတာတွေကို လေ့လာတဲ့ ဓါတုဗေဒ လို့သာ သင်ရတယ်။ "စားစရာလဲ မဟုတ်ပါလား။" နောက်မှ သိလာတာက ဈေးလည်းကြီး၊ သီးသီး သန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။ ဘာ ကွာလို့လဲ။

“(အော်ဂဲနစ်) လုပ်ပါ၊ (ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်-ဆတ်ဆတ် ခြံထွက်စားပါ။” “ကိုယ်သိတဲ့ ခြံသမား-လယ်သမားဆီကဟာ ဝယ်စားတာ ကောင်းတယ်။” ဆိုကြပေမဲ့ အဲလို စားနိုင်တာ အမေရိကားမှာ အခုမှ ၃% ဘဲ ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ် ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုး ပြောကြတယ်။ ဈေး မနဲပေမဲ့ အဆီ နဲတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။

“(အော်ဂဲနစ်) အစာက ဈေးပိုကြီးတာကိုး” လို့ ပြောနေသူတွေက SUV (လပ်ဇူရီ-ဆလွန်း) ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင်ကောင်းဘို့သာ Show of wealth လုပ်နေကြပြီး၊ Show of health မလုပ်ကြတာ ဖြစ်နေကြတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေး မပါတာက ကျန်းမာရေးအရ ကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက Hormones ဟော်မုန်း သာမက Antibiotics ပဋိဇီဝဆေးတွေ ပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ် မထင်ပါနဲ့။ MRSA ဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီ (အစ်ရှူး) ခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ Biological origin ဇီဝ-အခြေခံ နဲ့ (အင်-အော်ဂဲနစ်) က Mineral ဓါတ်ဆား-အခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့ အစစ် သဘော ဆန်ဆန် မြင်လာကြတယ်။

Organic foods ဆိုတာ အတုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင် ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုက လူတွေဘဲ။

ပိုးသတ်ဆေး သုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ Salmonella ပိုး ပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ စားနေတဲ့ အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်” လို့ ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် “ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိဟ်ုကြီးကိုပါ သတ်နေတာ” တဲ့။ အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီအရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချည် ဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် High-fructose syrup အချိုရည်နဲ့ ဆားတွေ များလို့ပါ။ လူတယောက်မှာ လိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

(အော်ဂဲနစ်) နွားနို့ Organic milk ဆိုတာ ဘာလဲ။ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ် လွင့်လွင့် သန့်သန့်ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။

ဒါကြောင့် Organic farming မွေးမြူရေး၊ Organic clothing အဝတ်အစား၊ Organic gardening ဥယျာဉ်၊ Organic Rocks ကျောက်၊ Organic living နေထိုင်နည်း၊ Organic store ဆိုင်၊ Organic products ကုန်ပစ္စည်း၊ Organic growth ဘဏ္ဍာရေး၊ စုံနေအောင် ရှိနေပြီ။ အော်ဂဲ မနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Dr. တင့်ဆွေ
၈-၉-၂ဝ၁ဝ

Tuesday, September 7, 2010

Q and A September 2010 (7)

1. ကျွန်တော့ လိင်အဂါင်္မှာ ရေယုန် ထွက်ဖူးပါတယ်
2. လူက အရမ်း မဝပေမယ့် ဗိုက်က ပူနေတယ်
3. ကွန်ဒုံးကို အသုံးပြုပီးရင်
4. ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့ပြီး
5. အမျိုးသမီးတစ်ဦးဟာ အရွယ်ရောက်သည့် အချိန်မှစပြီး

Sep 23, 2010 at 10:48 PM
Q: ကျွန်တော့ လိင်အဂါင်္မှာ ရေယုန် ထွက်ဖူးပါတယ်။ အခု Online ထဲမှာ ဖတ်ကြည့်နေရင်း နဲ့တွေ့တာတခုက လိင်အဂါင်္မှာ ရေယုန် ထွက်ဖူးရင် ဆစ်ဖလစ်ရောဂါ ရှိနိုင်တယ်လို့ ရေးထားပါတယ်။ နောက်ပြီး ပေါင်ခြံမှာလဲ ဆီးကြွတ်လေးတွေ ရှိပါတယ်။ ရောင်နေတာတော့ မဟုတ်ပေမဲ့ ကောင်းကောင်းကိုင်လို့တော့ ရပါတယ်။ အဲ့ဒါလေး ရှင်းပြပေးပါ။

A: ရေယုံက ဆစ်ဖလစ်နဲ့ မဆိုင်ပါ။ ဗိုင်းရပ်စ် တမျိုးကဖြစ်တာပါ။ များသောအားဖြင့် လိင်ကတဆင့် ကူးစက်ရောဂါ တခု ဖြစ်တယ်။ ပေါင်ခြံက ဖြစ်နေတာကို ရေးပြတာ မရှင်းသေးပါ။ ကြွက်နို့လား၊ အကြိတ်လား၊ ဘယ်လောက်ကြာပြီလဲ။ လိုအပ်မယ် ထင်ရင် ဓါတ်ပုံရိုက် ပို့နိုင်ပါတယ်။ အလင်းရောင် ကောင်းကောင်းမှာ ရိုက်ပါ။

24 Sep 10, 09:08
Q: လူက အရမ်း မဝပေမယ့် ဗိုက်က ပူနေတယ်။ ငယ်ငယ်ကတည်းကပါ။ နေ့ခင်း အိပ်လို့လားမသိဘူး။ ကလေး မွေးထားတာ ၁ နှစ်လောက်ပဲ ရှိသေးတော့ ဘယ်လို လေ့ကျင့်ခန်းမျိုး လုပ်သင့်ပါလဲ။

A: ကလေးဖွါးပြီးသူတွေ တခြားလုပ်နေကြ လေ့ကျင့်ခန်းတွေ လက်လှမ်းမီရာ၊ စိတ်ပါတာ၊ လုပ်နိုင်ပါတယ်။ တခုခုကိုတော့ မညွှန်းလိုပါ။ ဆေးပညာအရ လုပ်စေချင်တာက Pelvic floor exercise ဖြစ်ပါတယ်။ လေ့ကျင့်ခန်းရော၊ အစား အသောက် ဂရုစိုက်တာပါ လုပ်သင့်ပါတယ်။

24 Sep 10, 11:56
Q: ကွန်ဒုံးကို အသုံးပြုပီးရင် tissue နဲ့ကိုင်ပြီး ချွတ်ရတယ်လို့ စာတော်တော်များများမှာ ဖတ်ရပါတယ်။ အဲ့လိုမျိုး မချွတ်မိပဲ သူ့အတိုင်းပဲ ကိုင်ပြီး ဆွဲလှန်ချွတ်မိရင် ဘယ်လိုဖြစ်တက်လဲသိပါရစေ။

A: (ကွန်ဒွန်) ကို ချွတ်ရာမှာ နှစ်ယောက်လုံးက HIV ဘီပိုး၊ စီပိုး မရှိသူ၊ ကလေးခြာချင်လို့သာ သုံးသူတွေက လက်နဲ့ ကိုင်လို့ ရပါတယ်။ ဘယ်အခြေအနေမျိုးမှာ ဖြစ်စေ ကိုင်တဲ့သူလက်မှာ အနာအဆာ မရှိရင်လဲ လက်နဲ့ကိုင်လို့ ရပါတယ်။ သန့်ရှင်းရေး ပုံမှန် ဂရုစိုက်သူများကတော့ တစ်ရှူးနဲ့ ကိုင်ကြတယ်။

24 Sep 10, 16:26
Q: ပြည့်တန်ဆာနဲ့ ဆက်ဆံခဲ့ပြီး ဒီတိုင်းပဲ အလွယ်တကူ လက်နဲ့ပဲ အရင်းက လှန်ပြီး ခွာချွတ်ခဲ့ရင်ရော အန္တရယ်ရှိနိုင်ပါသလား သိပါရစေ။ HIV ဟာ ခန္ဒာကိုယ်ထဲကို ဝင်ရောက်ပြီးရင် နှစ်တော်တော် ကြာအောင် ရောဂါပုံစံတွေ မပြဘူးဆိုတာ အများဆုံး ဘယ်လောက် ကြာအောင် မပြပဲ နေတာပါလဲ။ ကျွန်တော် သိသလောက်ကတော့ ရောဂါဝင်ပြီးရင် ၄-၅ နှစ်ဆို AIDS ဖြစ်သွားပြီလို့ သိရပါတယ်။ အဲလို ရောဂါလက္ခဏာ မပြတဲ့သူ ဘယ်နှစ်ရာခိုင်နှုန်းလောက် ရှိလဲ ဗဟုသုတအနေနဲ့ သိပါရစေ။

A: ခန္ဒာကိုယ်ထဲကို HIV ဝင်ပြီး ဘယ်လောက်ကြာမှ ရောဂါလက္ခဏာတွေ ပြသလဲဆိုတာ Clinical latency ခေါ်တယ်။ ၂ ပါတ်ကနေ အနှစ် ၂ဝ လို့ဆိုပါတယ်။ အခုထိ တိတိကျကျ ပြောမရသေးပါ။ စအိုကနေ ကွန်ဒွန် မသုံးသူတွေက တခါပြုတိုင်း ၃-၅% ဖြစ်စေဘို့ များလာနေတယ်။ ဗဂျိုင်းနာကနေ ကွန်ဒွန် မသုံးတာ နဲ့ ပါးစပ် သုံးတာတွေထက် မြန်တယ်။ တကြိမ် ဆက်ဆံမှု ရှိပြီးနောက် ၂-၆ ပါတ်နေရင် အများစုက HIV antibody test positive ဖြစ်တယ်။ ၆ လနေရင် လူတိုင်းမှာ positive ဖြစ်တယ်။

Sep 7, 2010 at 5:27 PM
အသက် ၃ဝ နှစ် အိမ်ထောင်သက် ၃ နှစ် ရှိပြီး အမျိုးသမီးတစ်ဦးဟာ အရွယ်ရောက်သည့် အချိန်မှစပြီး ယခုအချိန်ထိ ရင်သား နှစ်ဖက်စလုံးမှာ တစ်လုံးထက်မကသော အကြိတ်များ ရှိနေပါတယ်။ ၎င်းအကြိတ် တွေဟာ ကြီးထွားခြင်း နာကျင်ခြင်း မရှိပါ။ ဖျစ်ညှစ်ရင်တော့ နာပါတယ်။ ၎င်းအကြိတ်တွေဟာ ကင်ဆာ မဟုတ်ဘူးလို့ ယူဆပါတယ်။ သို့သော် -
(၁) တချိန်ချိန်မှာ ကင်ဆာအဖြစ် ပြောင်းလဲနိုင်ပါသလား။
(၂) ၎င်းအကြိတ်တွေကို ကြေသွားအောင် မရှိတော့အောင် လုပ်လို့ရပါသလား။ လုပ်နည်းလေးကို သိချင်ပါတယ်

ရင်သားအကြိတ်ဆိုတာ တခြားအကြိတ်မှန်သမျှလိုဘဲ ကင်ဆာနဲ့ ကင်ဆာမဟုတ်တာ ၂ မျိုးရှိတယ်။ အသက် ၃ဝ၊ ဖြစ်တာလဲ ကြာပြီဆိုရင် မေးတဲ့သူပြောတာ မှန်မယ်။ ကင်ဆာဖြစ်မှာ မဟုတ်ပါ။ နှစ်ဖက်လုံးလည်းရှိ၊ တလုံးမကလည်း ဖြစ်နေတာ ရှားတော့ ရှားပါတယ်။ များတာလဲ ကင်ဆာနဲ့ မနီးစပ်ပါ။

ကင်ဆာအဖြစ် ပြောင်းမလား။ သီအိုရီအရ လုံးဝ-လုံးဝ မဖြစ်ဘူးလို့တော့ မပြောနိုင်ပါ။ မဖြစ်ဘူးလို့ ပြောတာ-ရေးတာ တွေက များတယ်။ ကင်ဆာ မဟုတ်တဲ့အကြိတ်ကို ခွဲထုတ်ရပါတယ်။ ဆေးနဲ့ မရပါ။ မစမ်းစေချင်ပါ။ ခွဲရတာ စိုးရိမ်စရာ ဘယမှမရှိပါ။ ထုံဆေးနဲ့ခွဲတာပါ။ အမာရွတ် ရုပ်မဆိုးအောင်လည်း နေရာအပေါ်မူတည်ပြီး၊ များသေားအားဖြင့် ရနိုင်တယ်။

Monday, September 6, 2010

Q and A September 2010 (6)

1. ၁၃ နှစ်သားလောက်တည်းက မျက်တွင်းကျပြီး၊ မျက်ကွင်းညိုပါတယ်
2. သမီး Chickenpox ဖြစ်နေပါတယ်
3: ယောက်ကျား မရှိတော့ပဲနဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့ သူတွေဟာ

Sep 16, 2010 at 8:09 PM
Q 1: ကျနော်က ငယ်ငယ်တည်းက ၁၃ နှစ်သားလောက်တည်းက မျက်တွင်းကျပြီး၊ မျက်ကွင်းညိုပါတယ်။ အခုချိန်ထိပါ။ သူများတန်းတူ အလုပ်လုပ်နိုင် ကစားနိုင်ပါတယ်။ ဒါပေမဲ့ အဲလို ကစားပြီး အလုပ်များများလုပ်ပြီး အပြင်ထွက်တာများရင် ပင်ပန်းတာများရင် တခြား ဘာမှ ထွေထွေထူးထူး မဖြစ်ပဲ။ မျက်တွင်း ပိုကျပြီး မျက်ကွင်းများ ပိုညိုလာပါတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါတယ်။ အစားအစာ အိပ်ချိန်လည်း သူများထက် ပိုအိပ်ပါတယ်။ ဒါပေမဲ့ အဲဒါက ပျောက်မသွားပါဘူး။ မနက်ကို အိပ်ရေး ဘယ်လောက်ဝဝ မျက်တွင်းက နည်းနည်းကျပြီး ညိုချင်ပါတယ်။ နေ့လည် ညနေလောက်ဆို ပိုသိသာလာပါပြီ။ ကျန်းမာရေး ကောင်းနေပေမဲ့ အဲလိုဖြစ်နေတော့ စိတ်ညစ်ပါတယ်။ မိန်းမနဲ့ နေစဉ်က ပိုဆိုးပါတယ်။ အခု Overseas ကို ရောက်နေပါတယ်။ ကာမဆန္ဒလည်း အားလျော့ပါတယ်။ တခြား မောင်နှမတွေလည်း ကျနော်လို နည်းနည်းဖြစ်ပါတယ်။ ကျနော် အနေနဲ့ ဓါတ်တခုခု ချို့ယွင်းလိုပဲ ဖြစ်ဖြစ် မျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ် အရှင်း ပျောက်မသွားတောင် ဘယ်လို နေထိုင် စားသောက်ရမယ်၊ ဘယ်ဆေးကို စားသောက်ရမယ်၊ နံမည်နှင့်တကွ ဖော်ပြ ပေးစေလိုပါတယ်။

မျက်တွင်းကျတာနဲ့ မျက်ကွင်းညိုတာ ဘာလို့ဖြစ်သလဲကို အထူးပြုရေးထာတဲ့ ဆေးစာမျက်နှာက အကြောင်ရင်းပေါင်း ၄ဝ တိတိ ရေးထားတယ်။ ဒါပေမဲ့ မေးတဲ့သူနဲ့ သက်ဆိုင်မှာ ၁ ခုထဲသာ တွေ့ရပါတယ်။ မျိုးရိုးအရ ဖြစ်နေတာ ထင်ပါတယ်။

တခြား အကြောင်းရင်းတွေကို ကြည်ပါအုံး။ ဝမ်းလျှော-အန်လို့ Dehydration ရေ-ဆားဓါတ် နည်းတာ၊ အအိပ်ပျက်တာ၊ နာတာရှည် ဝေဒနာ ခံစားနေရတာ၊ အစာ အာဟာရ ချို့တဲ့တာ၊ ပင်ပန်းလွန်းတာ၊ ကိုယ်အလေးချိန် အလွန်ကျတာ၊ မျက်စိ ခိုက်မိတာ၊ Rhyns syndrome မွေးရာပါ မျက်စိ-ကျောက်ကပ်-အရိုး တွဲပြီး ချို့ယွင်းနေတာ၊ Cockayne syndrome မွေးရာပါ အရပ်ပု-နေရောင်မခံနိုင်-အရွယ် စောပြီးအိုစာတဲ့ ရောဂါ၊ Krause syndrome ရက်မစေ့မွေးပြီး မွေးရာပါရောဂါ၊ Whistling face syndrome မွေးရာပါ ဦးနှောက်ပါ ချို့ယွင်းတဲ့ရောဂါ၊ မျက်ရည်အိတ်-အကြိတ်ရောဂါ၊ Horner Syndrome အာရုံကြော ရောဂါ၊ မေးတဲ့သူနဲ့ ဘာတခုမှ မဆိုင်ဘူး ထင်ပါတယ်။

ကျန်းမာရေး ကောင်းနေတာ ကုသိုလ်ပါ။ စိတ်မကျစေချင်ပါ။ ကျစရာအကြောင်း မရှိပါ။ မျက်ကွင်းညိုတဲ့ ကျွန်တော့် သား တယောက်ကို ငယ်ငယ်လေးက ဆရာတော်တပါးကနေ၊ ကြီးလာတော့ မိတ်ဆွေတယောက်ကနေ နိမိတ် ဖတ်ကြတယ်။ ဖတ်ပုံက အတူတူလောက်ဘဲ။ ထူးခြား-ထူးချွန်မယ်တဲ့။ တခြားကလေးတွေထက် ထူးခြားတာတော့ အမှန်ဘဲ။

ဒိထက် အကြံပေးရရင် အအိပ်-အစားမှန်ပါစေ။ ORS ဓါတ်ဆားရည် သောက်ပေးပါ။ ဗီတာမင် ဘီ အုပ်စုဆေး ပုံမှန် သောက်ပါ။ ဇနီးနဲ့ ပြန်ဆုံချိန်မှာ ကာမဆန္ဒကိစ္စ လိုနေသေးရင် ထပ်ပြောကြသေးတာပေါ့။ ထပ်ပြောချင်တာက စိတ်ဓါတ် ကျစရာ အလျဉ်းမရှိပါ။

Q 2: သမီး ခု Chickenpox ဖြစ်နေပါတယ်။ အသက်က၂၄ ပါ။ သမီးခု့ ကို လာလည်တာပါ။ မြန်မာနိုင်ငံမှာ သမီး အဲဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူး ဆရာ။ သမီး ဆေးခန်းတော့ ပြထားပါတယ်။ သူတို့ ပေးတာတွေက
Acyclovir 400 mg 2 tablets 5 times daily after food
Chlorpheniramine meleate 4 mg 1 tablets 1 day
Mefenamic Acid 500 mg 1 tablets 3 days
Calamine Lotion တွေပါဆရာ။ သမီး ဘာတွေများ ရှောင်သင့်ပါသလဲ။ ဆောင်ရန်-ရှောင်ရန်လေးတွေ သိချင်လို့ပါ။ ဒီက ဆရာဝန်ကို သမီးမေးတော့ ရေများများ သောက်လို့ပဲ ပြောပါတယ်။ သမီး တစ်ကယ်စိတ်ညစ်နေလို့ပါ။ သမီး စာတွေ လိုက်ဖတ်တော့ လူကြီးတွေမှာ အဲဒါက သေတတ်တယ်လို့ ပြောလို့ပါ။

ပေးထားတဲ့ ဆေးတွေ အတော်ကို စုံလင်ပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့။ လူကြီးမှာ အဖြစ်နည်းပေမဲ့ နဲနဲပိုဆိုးတတ်တယ်။ တချို့မှာ ဗက်တီးရီးယား ထပ်ဝင်လို့ အနာ၊ အနာရင်းတာတွေ ဖြစ်တတ်တယ်။ ယားလို့ ကုပ်တာနေ ဝင်တာပါ။ အားနဲ နေသူတွေနဲ့ ကိုယ်ဝန်ဆောင်နေသူများ နူမိုးနီးယားဖြစ်တတ်တယ်။ HIV လို ခုခံအား မကောင်းရင် အသဲရောင်၊ ဦးနှောက်ရောင်၊ ကျောက်ကပ်ရောင် ဖြစ်တတ်တယ်။ ရေအေးနဲ့ တနေ့ ၂-၃ ကြိမ်ချိုးပါ။ အယား သက်သာချင်ရင် ချိုးရေထဲ baking soda ထည့်ချိုးပါ။ လက်သည်း တိုနေပါစေ။ အပူ-အစပ် ရှောင်ပါ။ လိမ်မော်ရည် မသင့်ပါ။ တကိုယ်ရေ သန့်ရှင်းရေး ပိုဂရုစိုက်ပါ။

September 18, 2010 3:13 PM
Q 3: ယောက်ကျား မရှိတော့ပဲနဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့ သူတွေဟာ မိန်းမအင်္ဂါ အပျိုအတိုင်း ပြန်ဖြစ်တယ်ဆိုတာ ဟုတ်လားဆရာ။

“မ-အင်္ဂါ အပျိုအတိုင်း” ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လို လက်ခံသလဲ။ အရင်က ဆက်ဆံဘူးမှတော့ Medical Anatomy ဆေးပညာအရရော Forensic science မှုခင်းအရပါ အပျိုလို့ မပြောနိုင်တော့ပါ။ Society and Culture လူမှုရေးပိုင်းမှာတော့ “မအိုသေးတဲ့သူ အပျိုလေးနဲ့တူ” ဆိုတာကို လက်ခံကြပါတယ်။

“ပြန်ဖြစ်တယ်” ဆိုတာ ခန္ဓာဗေဒပိုင်းနဲ့ စိတ်ပိုင်း နှစ်မျိုးမှာ သက်ရောက်မှု ရှိနိုင်တာတော့ အမှန်ပါ။ အပျိုစစ် လက္ခဏာတွေ ထဲက တချို့အပိုင်းတွေ ပြန်အားကောင်းလာစေနိုင်တယ်။ ဥပမာ (ဗဂျိုင်းနား) နံရံတွေဟာ အထဲကို လိင်အင်္ဂါဖြစ်ဖြစ် Toy ဖြစ်ဖြစ် ထိုးသွင်းတာ မလုပ်တာ ကြာရင် ကျဉ်းလာမယ်။ နောက်ပြီး Vagina မွေးလမ်းကြောင်း၊ Uterus သားအိမ်၊ Bladder ဆီးအိမ်၊ Rectum အစာဟောင်းအိမ်တွေကို ခုခံ၊ ပင့်တင်ပေးနေတဲ့ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ပြန်ပြီး အားကောင်း လာနိုင်တယ်။ Pelvic floor exercise လေ့ကျင့်ခန်း လုပ်သူဆိုရင် နဂိုအနေ လောက်အထိ ပြန်ရှိလာနိုင်တယ်။

အိမ်ထောင်သည်များ တဦးနဲ့တဦး မဆက်ဆံတာကြာရင် အထူးသဖြင့် အသက်ရလာတဲ့ အမျိုးသမီးတွေမှာ ပြန်ပြီး ဆက်ဆံတဲ့အခါ နာကျင်တဲ့အထိ သူ့လမ်းကြောင်းက ကျဉ်းနေတတ်တယ်။ တကယ် အပျိုရည် ပျက်ခဲ့တုံးကလိုမျိုး ပြန်ဖြစ်တယ်လို့ ပြောရင် မမှားတန်ရာဘူး။

စိတ်ပိုင်းကလဲ နုပျိုမှု ဖြစ်စေနိုင်ပါတယ်။ “ငါ အပျိုမှ မဟုတ်တော့တာဘဲ” လို့ သဘောထားသူနဲ့ မထားသူ မတူကြပါ။

DTS
18-9-2010

Sunday, September 5, 2010

Q and A September 2010 (5)

1. မျက်လုံး အားတိုးဆေး စားရုံနဲ့
2. ကျွန်တော်အခု ဗိုက်က နာနာနေပါတယ်
3. Can I do blood donation?
4. ကိုယ်ဝန်စရှိပြီး နောက်တကြိမ် ဆက်ဆံရင်ရော ရပါသလား
5. သမီးမှာ နှာစေး အမြဲလိုလို စေးနေတတ်ပါတယ်

11 Sep 10, 11:23
ဆရာရှင့် minus power ရှိတဲ့ မျက်စိဝေဒနာရှင် တစ်ယောက်ဟာ မျက်လုံးအားတိုးဆေး စားရုံနဲ့ Power လျှော့နိုင်ပါသလားရှင်။

ဆောရီး။ မျက်မှန်တပ်ရသူတွေအတွက် အနုတ်ဖြစ်ဖြစ်၊ အပေါင်းဖြစ်ဖြစ် အားဆေးဆိုတာ မရှိပါ။ မျက်စိအားဆေးလို့ အများ အလွယ်ခေါ်နေကြတာက ဗီတာမင် အေ၊ တမျိုးထဲရှိတယ်။ ဒါပေမဲ့ ကြက်မြက်သင့် ဆိုတဲ့ ညနေ အလင်းရောင် နည်းလာချိန်မှာ မျက်စိ ကောင်းကောင်း မမြင်ရတဲ့ ရောဂါအတွက်သာ ကောင်းတယ်။ ကောင်ယုံ မကပါ ပျောက်စေပါတယ်။ ကလေးတွေဆိုရင် တံတောင်ဆစ်၊ ဒူးနေရာတွေမှာ အသားအရေ ကြမ်းပြီး ကြာဆူးတွေ ထနေတာလည်း ဗီတာမင် အေ နည်းတာဘဲ။ မျက်မှန်တပ်ရသူတွေ အရွယ်နဲ့အမျှ ပါဝါက တက်တက်လာတတ်တယ်။ အသက်ရလာရင်တော့ ပြန်သက်သာလာနိုင်တယ်။

Sep 11, 2010 at 2:49 PM
ကျွန်တော် အသက်(၂၃)နှစ်ရှိပါပြီ။ နိုင်ငံခြားမှာ ၃ နှစ် ကျောင်းတက်ရမှာဖြစ်ပြီး အခု နောက်ဆုံးနှစ်ကို စတက်နေရပါပြီ။ ကျွန်တော်အခု ဗိုက်ကနာနာနေပါတယ်။ မနက်ခင်းအစော အိပ်ယာထရင် ဗိုက်က ပိုပြီးနာတက်ပါတယ်။ ပြီးတော့ ထမင်းစားရင်၊ အစပ်တွေစားလိုက်ရင် ထမင်း ဆက်စားလို့ မရတော့ပါဘူး။ ဗိုက်နာရင် တစ်ခါတစ်ခါ နောက်ကျောသို့ အဲဒီအနာက ပေးပို့တက်ပါတယ်။ တစ်ခါတစ်လေ နောက်ကျောပါနာပါတယ်။ တစ်ခါတစ်ခါ နံရိုးပါ နာတက်ပါတယ်။ ညာဘက် အောက်ဆုံး နံရိုး နားလေးကပါ။ ကျွန်တော် ဗိုက်နာတဲ့ နေရာက (ချက်) အနီးနားလေး အပေါ်ပိုင်းတစ်ဝိုက်မှာ ကပ်နာပါတယ်။ တစ်ခါတစ်လေ ချက်အပေါ်ဘက်မှာ နာတက်ပါတယ်။ စပြီးတော့ ခံစားမိတဲ့ အချိန်က(၆) လပိုင်း အစလောက်မှာပါ။ စဖြစ်တုန်းကတော့ သတိမထားမိဘူး (အဲဒီတုန်းက လေချဉ် အရမ်း တက်တာတော့ သတိထားမိပါတယ်)။ နောက်ပိုင်း အစားအသောက်လည်း မဆင်မခြင်စားနဲ့ တဖြည်းဖြည်း ရောဂါ ဝေဒနာက ပိုပိုဆိုးလာပါတယ်။ နောက်ပိုင်း ခန္ဓာကိုယ်ဝိတ်ပါ ကျလာပြီး ပိန်သွားပါတယ်။ အခု ဒီက ဆရာဝန်နဲ့ ပြကြည့်တော့ အစာအိမ်အနာ ဖြစ်တာလို့ပြောပါတယ်ခင်ဗျာ။ ဆေးတွေ ရေးပေးပါတယ်။ ၅ မျိုး လောက် ရှိပါတယ်။ တစ်ပတ် သောက်ခိုင်းပါတယ်။ ဆေးနာမည်တွေတော့ မရေးပေးတော့ဘူး။ ရုရှားလိုတွေ မိုလို့ပါ။ အခု တစ်ပတ် ပြည့်လို့ ရပ်ထားပါတယ်။ ဒါပေမဲ့ အခုထိတော့ ကောင်းကောင်း မသက်သာသေးပါဘူး။ ဗိုက်က နာနေတုန်းပဲ ရှိပါသေးတယ်။ အခု အစားအသောက်လည်း ဆင်ခြင်နေရပါတယ်။ ဘာဖြစ်နိုင်တယ်၊ ဘာအကျိုးတွေ သက်ရောက်နိုင်တယ်။ ဘာဆေးတွေ သောက်ဖို့ လိုအပ်တယ်၊ ဘာတွေစားဖို့၊ ဂရုစိုက်ဖို့ လိုအပ်တယ်၊ အကျယ်တဝံ့နဲ့ ရှင်းပြပေးစေချင်ပါတယ်။

ဟုတ်ပါမယ်။ အစာအိမ်လေနာ ဖြစ်ဘို့များပါတယ်။ ဒါပေမဲ့ သေသေခြာခြာ စစ်ဆေးမှုတွေလုပ်ပြီးမှ ဟုတ်-မဟုတ် ပြောတာ ကောင်းပါမယ်။ ပြောပြတဲ့ နာတယ်ဆိုတဲ့ နေရာအားလုံး ဒီရောဂါမှာ အကြုံးဝင်ပါတယ်။ ဆန်းသလိုရှိတာက “ညာဘက် အောက်ဆုံး နံရိုး နားလေးကပါ” ဆိုတာ ဖြစ်နေတယ်။ အသဲနေရာ ဖြစ်နေလို့ပါ။ ဆီးဝါ-မဝါ သတိပြုပါအုံး။

"Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်။" ကို ထည့်ပေးလိုက်ပါတယ်။

သိပ်မစိုးရိမ်ပါနဲ့။ ဖတ်ပြီး၊ လုပ်သင့်တာ၊ လုပ်လို့ရတာတွေ လုပ်ပါ။ နောက်လိုသေးရင် ပြောပါအုံး။ အားနာစရာမလိုပါ။ အဝေးနေရသူ ကိုယ့်လူမျိုးတွေအတွက် စာနာစိတ် အပြည့်ရှိပါတယ်။ ကျန်းမာ-ချမ်းသာပါစေ။

14 Sep 10, 11:59
Dear Respected Sir,
I am 36 years old and my body weight is 80 KG = 176 lb and my blood pressure is 140/90. I would like to do blood donation. Can I do blood donation? Kindly explain me detail about blood donation with Myanmar language to my mail. Your quick reply will be highly appreciated.

အောက်က စာ ၂ ပုဒ်က ကျွန်တော် ရေးတာ မဟုတ်ပါ။ http://health.ngoinmyanmar.org/ ထဲမှာ တင်ထားတာတွေသာ ဖြစ်ပါတယ်။ အများကြီး အထောက်အကူပေးပါလိမ့်မယ်။ မေးတာကို တိုက်ရိုက် ခပ်တိုတို ဖြေရရင် - သွေးလှူဘဏ်က စစ်ဆေးလို့ လက်ခံရင် လှူနိုင်ပါတယ်။ လှူမဲ့သူမှာ သွေးအား ကောင်းနေရင်၊ ဘီပိုး၊ စီပိုး၊ HIV ပိုးမရှိရင် ဝမ်းမြောက်ဝမ်းသာ လက်ခံပါလိမ့်မယ်။ သွေးအားကောင်းတယ်ဆိုတာ သွေးဖိအား BP နဲ့ တိုက်ရိုက် မသိနိုင်ပါ။ ၄ လတခါ လှူနိုင်ပါတယ်။

Myths about blood donation
Health benefits of blood donor

Sep 14, 2010 at 1:49 PM
ဟုတ်ဆရာ ခုလိုပြောပြတာ ကျေးဇူးတင်ပါတယ်။ သမီး ဆေးဆိုင်မှာ မေးကြည့်တော့ တကယ်လို့ ဆက်ဆံပြီး ကိုယ်ဝန် ရှိတယ်ထင်လို့ ရာသီမလာသေးရင် သူက သောက်လဲ သောက်လို့ရတယ်။ မိန်းမကိုယ်ကလဲ ထည့်လို့ရတယ်လို့ ပြောပါတယ်ဆရာ. အဲဒီဆေး သုံးသင့်ပါသလား။ နောက်တခုမေးချင်တာက ကိုယ်ဝန်စရှိပြီး နောက်တကြိမ်ဆက်ဆံရင် ရောရပါသလား။ အခုလောလောဆယ် သေချာအောင် ဆီးစစ်ဆေး ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ပစ္စည်းနဲ့ စစ်ကြည့်မလို့ပါ။ တကယ်လို့ ရှိနေရင် အဲဒီဆေး သုံးသင့်ပါသလား။ ရာသီလရမဲ့ရက် ကျော်နေတာ ၁၅ ရက်လောက် ရှိပါပြီ။

Ecee2 = Levonorgestrel ဆေးက အရေးပေါ် ကိုယ်ဝန်တားဆေး Emergency contraceptive ဖြစ်တယ်။ လိင်ဆက်ဆံအပြီး၊ ၃-၅ ရက် အတွင်း သုံးနိုင်ပါတယ်။ ပုံမှန် တားဆေးအဖြစ် မသုံးရပါ။ သောက်ဆေးရော ထည့်ဆေးပါ ရှိတယ်။

ကိုယ်ဝန် ရှိလာပေမဲ့ နောက်တကြိမ် မကပါ၊ ကိုယ်ဝန်ရင့်တဲ့အထိ အတူနေလို့၊ ဆက်ဆံလို့ ဖြစ်ပါတယ်။ တနေ့ကဘဲ တယောက်က မေးသေးတယ်။ Positions during pregnancy ကိုယ်ဝန်ရှိတုံး ဘယ်လို သတိထား ဆက်ဆံရမယ်၊ ဘယ် (ပိုဇေရှင်) တွေ သုံးသင့်တယ် ဆိုတာ ဖြေခဲ့ရပါသေးတယ်။ တိုက်ရိုက် ပွင့်ပွင့် လင်းလင်း မေး-ဖြေတာမျိုးမို့ (ဘလော့ခ်) မှာ မတင်ပါ။

Sep. 14, 2010 at 1:18 PM
သမီးမှာနှာစေး အမြဲလိုလို စေးနေတတ်ပါတယ်။ အရင်ကတော့ နည်းနည်းကြာမှ ဖြစ်တတ်တာပါ။ မနက် မိုးလင်းလို့ ရေကိုင်ရင် နှာချေပါတယ်။ နောက်တော့ ကောင်းသွားတတ်ပါတယ်။ အခုတလောမှာတော့ ဆက်တိုက်ကို တစ်နေ့လုံး နှာချေ၊ နှာရည်ယို နေတတ်ပါ။ ဆေးအနေနဲ့ အရင်ကတည်းက Cetrizine ကို တစ်လုံးပဲ သောက်ပါတယ်။ ခါတိုင်းဆို ပျောက်သွားတတ်ပြီး ချက်ချင်း ပြန်မဖြစ်တတ်ပါဘူး။ အခုတလောမှာတော့ ဆေးသောက်လည်း ခဏပဲ သက်သာပြီး၊ ပြန်နှာစေးတာပါပဲဆရာ။ အအေးခံလို့လည်းမရပါ၊ နည်းနည်း အေးတာနဲ့ နှာချေတော့တာပါပဲဆရာ။ အထွေထွေကု သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ထဲမှ ဘယ်ဆရာဝန်နဲ့ ပြသင့်ပါသလဲ။ ဘာဆေးသောက်သင့်ပါသလဲ။ သမီးအထင် ဓာတ်မတည့်တာတော့ ဖြစ်မည်မထင်ပါ။ ဓာတ်မတည့်စေမယ့် အရာများ သမီးပတ်ဝန်းကျင်မှာ မရှိလို့ပါ။ (ခန့်မှန်းကြည့်တာပါဆရာ)။ သမီးရဲ့ နှာခေါင်းကတော့ တော်တော် Sensitive ဖြစ်တာ အရင်ကတည်းကပါ။

ရေးပြီးသာ ၃ ပုဒ် ထည့်ပေးလိုက်ပါတယ်။ လိုသေးရင် မေးပါ။
Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း
Allergic rhinitis အလာဂျီ နှာခေါင်း

Saturday, September 4, 2010

Q and A September 2010 (4)

1. I would like to know about the disease Fitsula
2. အသားပို ထွက်ရခြင်း အကြောင်း သိလိုပါတယ်
3. ဝက်တွေက ဘာရောဂါတွေ ဖြစ်တတ်သေးလဲ
4. အခုအချိန်မှာ HIV ဆေး သောက်ဘို့ မလိုဘူးဆိုတာ ဟုတ်ပါသလား
5. ကျွန်တော့် မိန်းမမှာ ကိုယ်ဝန် ၃ လလောက် ရှိနေပါတယ်


7 Sep 10, 13:03
I would like to know about the disease of Fitsula. Does it need to cure urgently or not? Your urgent reply will be highly appreciated.

Fistula is called Fistula in ano or FIA. There is one more FIA which means fissure in ano. Both are diseases of the anal region. Fistula is worse than fissure.
Fistula is formation of a canal between two different surfaces. In this case, one opening is on the skin beside the anus and the inner one opens into the rectum, the reservoir of stool.

The patient first has a small ulcer or a boil around the anus. It disappears and recurs. After months or years it spreads inside and reaches the rectum. The canal is formed. It won’t disappear with medical treatment and surgery is the treatment of choice. One may have more than one FIA.

This is just an urgent reply and if you need and if I have time then, I will write in Burmese soon.

This is just an urgent reply and if you need and if I have time then, I will write in Burmese soon.

Sep 8, 2010 at 3:43 AM
Q: အသားပို ထွက်ရခြင်း အကြောင်း သိလိုပါတယ်။ ခု အသက် ၄ဝကျော်မှ နေရာ အချို့မှာ ထွက်လာပါတယ်၊ ရင်းနှီးတဲ့ ဆရာဝန်တယောက် က "ဝ" လာယင် ဖြစ်တတ်တယ် လို့ ပြောပါတယ်။ ဘယ်လို ကာကွယ်ရ မလဲ။ အန္တရာယ် ရှိ-မရှိ။ ထပ်တိုး မလာအောင် ဘယ်လိုလုပ်ရမလဲ။ ခွဲစိတ်ပီး ကုပီးနောက်ပိုင်း ထပ်ဖြစ်နိုင်လား။ မခွဲပဲ ဘယ်လိုလုပ်လို့ရမလဲ ဆိုတာ ဖြေကြားပေးစေလိုပါတယ်။

A: အသားပို ဖြစ်တဲ့နေရာ၊ အရွယ်အစား၊ သိခြင်ပါသေးတယ်။ ရောဂါနာမည် အတိအကျ သိမှ ပြောလို့ ကောင်းမယ်။ မှန်းကြည့်ရတာတော့ Benign tumor ကင်ဆာ မဟုတ်တဲ့ အလုံး-အကြိတ် တမျိုးမျိုးဖြစ်နိုင်တယ်။ များသောအားဖြင့် Excision ခွဲထုတ်ရတာပါ။ ကြာနေရင် ပိုကြီးလာတာသာ ဖြစ်နိုင်တယ်။

Q: အသားပို ထွက်လာတဲ့ နေရာက ညာဘက် ဂျိုင်းမှာ တစ်ခု၊ ရင်ဘက်မှာ တစ်ခု၊ နဖူးမှာ တခု၊ လည်ပင်းမှာ သေးသေး လေးတွေ ၄ ခုလောက် ရှိနေတာပါ။ ဂျိုင်းက အသားပိုက နဲနဲ ကြီးတယ် (ခန့်မှန်း သံပုရာသီးအစေ့ လောက်)။ နာခြင်းတော့ မရှိပါ။ အသက်က ၄၃ နှစ် ပါ။ ကိုယ်အလေးချိန် ၁၇၅ ပေါင်၊ အရပ် ၅ပေ ၆လက်မ၊ BMI အရဆိုယင် ဝနေတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်က သင်္ဘောသားပါ။ ဒီ September လ ကုန်လောက် ရန်ကုန်ပြန်ယင် ဘယ်ဆရာဝန် (ခွဲစိတ် အထူးကု or အရေပြားအထူးကု) နဲ့ ပြရမလဲဆိုတာ သိချင်ပါတယ်။ ဘာဆက်လုပ် ရမလဲဆိုတာ ကိုလဲ ဖြေကြားပေးပါ။

အသားပိုလို့ ဆေးစာလိုမဟုတ်ဘဲ ခေါ်တာကို ရောဂါနာမယ် သိဘို့ လိုနေသေးတယ်။ ဖြစ်နိုင်တာတွေကတော့ Lipoma အဆီကြိတ်၊ Cyst အဆီ-အရည်အိတ်၊ Wart ကြွက်နို့၊ Papilloma အသားပို၊ Enlarged lymph node တက်စေ့ကြီးခြင်း၊ Corn ငါးမျက်စိ (အသားမာ)၊ Mole မှဲ့၊ Skin cancer အရေပြားကင်ဆာ၊ စတာတွေဖြစ်တယ်။ ကြွက်နို့ နဲ့ မှဲ့ ကို တမျိုး ကုရတယ်။ ကင်ဆာကလွဲရင် ခွဲမှပျောက်တယ်။ ခွဲတာကို ခွဲစိတ်-အထူးကုသာမက ရိုးရိုး-ဆရာဝန်တွေကလည်း လုပ်ပေးနိုင်ပါတယ်။ ချုပ်ရိုး-အမာရွတ် လှချင်ရင် အတွေ့အကြုံများတဲ့ ဆရာဝန်ဆို ပိုကောင်းပါတယ်။ အရေပြားအထူးကု မလိုတတ်ပါ။ ခွဲပြီး ပြန်ဖြစ်တာထက် တနေရာမှာ အသစ်ဖြစ်တာ ဖြစ်နိုင်ပါတယ်။ မခွဲခင် မဆွပါနဲ့။ ဘာဆေးမှ မလိမ်းပါနဲ့။ စားပြစ်တယ်ဆိုတဲ့ဆေး ဆိုတာမျိုး ရှောင်ပါ။

6 Sep 10, 22:58
ဝက်တွေက ဘာရောဂါတွေ ဖြစ်တတ်သေးလဲ ကျွန်တော်သိချင်လို့ပါ နည်းနည်းလောက်ရှင်းပြလို့ရရင် ရှင်းပြပေးပါ။
ဝက်တွေကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ Aphthous fever (Foot-and-mouth disease) ကလေးတွေကို ကူးရင် ဆိုးတယ်။ Swine pox (Variola suilla) ဆိုးသည်။ သေစေနိုင်တယ်။ Swine erysipelas အနာ၊ Anthrax ဒေါင့်သန်းရောဂါ၊ Rabies ခွေးရူး၊ Actinomycosis အသားဆိပ်သင့်ခြင်း၊ Bacillus botulinus အသားဆိပ်သင့်ခြင်း၊ Balantidium coli ဝမ်းကိုက်ခြင်း၊ Helminths သံကောင်၊ Metagonimus ovatus သံကောင်၊ Strongyloides stercoralis သံကောင်၊ Metastrongylus elongates သံကောင်၊ Gnathostoma hispidum သံကောင်ရောဂါတွေ ဖြစ်ပါတယ်။

2010/9/10
ဆရာ
HIV ဖြစ်နေတဲ့ ကျွန်မရဲ့ မောင်လေးက အထွေထွေအထူးကု ဆရာဝန်တစ်ယောက်ကို ပြကြည့်တော့ သူက အားဆေးဘဲ ပေးပါတယ်။ HIV နဲ့ပတ်သက်တဲ့ဆေးကို မပေးသေးဘူး၊ ကိုယ်ခံအား ကောင်းနေသေးလို့ အဲဒီဆေးက သောက်ဘို့ မလိုသေးဘူးလို့ ပြောပါတယ်။ မောင်လေးကို ကြည့်ရတာလည်း ဝဝဖြိုးဖြိုးပါဘဲ။ အခုအချိန်မှာ HIV ဆေး သောက်ဘို့ မလိုဘူးဆိုတာ ဟုတ်ပါသလားဆိုတာကို သိချင်ပါတယ်ဆရာ။ Thank you so much in advance.

HIV ပိုးရှိနေသူတွေ ဘယ်တော့ ဆေးသောက်ရမလဲ။
ကြွမ်းကျင်သူ အားလုံး သဘောတူထားတဲ့ အချက်ကတော့ CD4 cells တွေ ၂ဝဝ ထက် အောက်မကျခင် ဆေး ပေးသင့်တယ် ဆိုတာ ဖြစ်တယ်။ တချို့ဆရာဝန်တွေက ၂ဝဝ နဲ့ ၅ဝဝ ကြားမှာ စပေးကြတယ်။ ဒီသတင်း အချက် အလက်က နိုင်ငံတကာကို ခြုံပြောတာပါ။ နေရာဒေသ အလိုက် သက်ဆိုင်ရာ ဆရာဝန်တွေ ဆုံးဖြတ်ပါလိမ့်မယ်။

Sep 7, 2010 at 4:18 PM
ကျွန်တော့် မိန်းမမှာ ကိုယ်ဝန် ၃ လလောက် ရှိနေပါတယ်။ နောက်ပြီး ဆရာပြောတဲ့ Ovarian Cyst ဖြစ်မယ်ထင်တယ် ဆရာ။ ဘယ်ဘက်ခြမ်း ဝမ်းဗိုက်အောက်နားမှာ အလုံးတစ်လုံး တွေ့ရပါတယ်ဆရာ။ Ultrasound ရိုက်ကြည့်တော့ 7.7 x 3.8 လောက်ရှိတယ် ပြောပါတယ်။ ကျွန်တော့်ချစ်သူ အရမ်းကံဆိုးပါတယ်ဆရာ။ ကျွန်တော့် ရင်သွေးလေးကော၊ ချစ်သူကိုရော safe ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ပြောပါအုံး ဆရာ။ အဲဒီနှစ်ခု ဖြစ်နေတာကြောင့် ဘယ်လို နေထိုင်ရမယ်၊ ဘယ်လိုကုရမလဲ ပြောပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့် -

Ovarian cyst နဲ့ ကိုယ်ဝန်တွဲနေတာဆိုရင် Cyst ကို အသေအခြာ ကြည့်ရမယ်။ ဘယ်လောက် ကြာကတည်းက ရှိနေတာလည်း။ မွေးပြီးအောင် စောင့်ရင် မရဘူးလား။ ဖြေးဖြေး ကြီးတာမျိုးဆိုရင် စောင့်မယ်။ များသောအားဖြင့် ကြီးနှုံး အတော် နှေးပါတယ်။ သားအိမ်နဲ့ မွေးလမ်းကို ဖိနေ-ပိတ်နေသသလား။ မဖိရင်-မပိတ်ရင် မွေးပြီးမှ အဲဒါကို ကုမယ်။ မွေးလမ်းကို ဖိ-ပိတ်နေအုံးတော့ ၉ လကိုယ်ဝန်အထိ သားအိမ်ကိုဖိတာ ခံနိုင်ရင် ခွဲမွေးနိုင်သေးတယ်။ Physical disturbance ရုပ်ပိုင်း-အစိုင်အခဲတခု အနေနဲ့သာ ပြဿနာပေးနေတာပါ။ သူရှိနေလို့ ကိုယ်ဝန်နဲ့ သန္ခေကို တခြား ရောဂါတွေလို သက်ရောက်မှု၊ ကူးစက်မှု လုံးဝမရှိပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

Boil မွေးကျွတ်နာ

3 Sep 10, 20:37
အမွေးကျွတ်နာက မှိုကြောင့်ဖြစ်တာလား ဆရာ။ ဘာဆေးတွေ လိမ်းသင့်လဲဆရာ ကျေးဇူးပြုပြီး ဖြေပေးပါဦး။

မွေးကျွတ်နာ ကို အနာစိမ်းလို့လဲ ခေါ်တယ် အင်္ဂလိပ်လို Boil ခေါ်ပြီး ဆေးစာလို Folliculitis ခေါ်တယ်။ အရေပြားထဲက Follicle မွေးညင်းပေါက်တွေကို ပိုးဝင်လို့ ခေါ်တာပါ။ ဒါကိုဖြစ်စေတဲ့ ပိုးအမျိုးအစားဟာ ဗက်တီးရီးယား Staphylococcus Aureus ဖြစ်တယ်။ အဲလို အနာလေးတွေ စုဝေးပြီး ပေါင်းစပ်တဲ့အနာ ဖြစ်လာရင်တော့ Carbuncle အနာပဆုပ် (ဖတ်ရင် အနာ့ပဆုပ်) ခေါ်တယ်။

သိပ်နာတယ်။ ရောင်နေမယ်။ ရဲနေမယ်။ ပူနေမယ်။ ပြည်ဖြစ်လာတယ်။ အရွယ်အစာ သေးသေးလေးကနေ ဆီးဖြူသီး လောက်အထိ ရှိနိုင်တယ်။ ဘေးက အရေပြာလည်း နီပြီး ရောင်နေမယ်။ အနာရဲ့အလယ်ထိပ်မှာ ဖြူဝါဝါ အရောင်လေး မြင်ရတာ ပြည်တည်နေလို့။ ဒါဆို ပြည်ကို ခွဲထုတ်ပေတော့။ တချို့ ဖျားမယ်။ ဆိုင်တဲ့နေရာတွေမှာ Lymph nodes တက်စေ့တွေ ရောင်မယ်။ မပျောက်နိုင်ရင် နာတာရှည်အနာ ဖြစ်လာမယ်။

ဆီးချို၊ အဝလွန်တာ၊ အစာအာဟာရ နည်းတာတွေနဲ့ ဆက်စပ်နေတတ်တယ်။ အနာပဆုပ်ပေါက်ရင် ဆီးချို ရှိ-မရှိ စစ်ပါလေ။ တချို့ပြင်းတဲ့ဆေး ပေးနေတုံးလည်း ဖြစ်တတ်သေးတယ်။ အနာပေါ်မှာ ဆားရည်ပူပူ၊ ဆားမီးပူတိုက်တာ တင်ပေးရင် ခံရတာ သက်သာပြီး ပြည်မြန်မြန်မှည့်တယ်။ နောက်ဆုံး ပြည်ကို ခွဲထုတ်ရတာပါဘဲ။

Antibiotic ပဋိဇီဝဆေး ပေးရမယ်။ ဒီပိုးကို နိုင်တဲ့ဆေး ရွေးတတ်ရမယ်။ ဗက်တီးရီးယားတွေကို နိုင်တာ သိတဲ့အတိုင်း ပနယ်စလင်တွေဘဲ။ ဒါပေမဲ့ မွေးကျွတ်နာ ဖြစ်စေတဲ့ အကောင်အတွက် Antistaphylococcal Penicillins ဆိုပြီး သပ်သပ် ရှိတယ်။ Cloxacillin, Dicloxacillin, Oxacillin နဲ့ Nafcillin တို့ ဖြစ်တယ်။

1. Cloxacillin စားဆေး
• အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်း = 250 mg every 6 hours for 7 to 14 days (Maximum 4 g/day)
• နူမိုးနီးယား = 500 mg every 6 hours for up to 21 days (Maximum dose: 4 g/day)
• အရေပြားအနာများ = 500 mg every 6 hours for 7 days (Maximum dose: 4 g/day)
• ဆီးအိမ်ပိုးဝင်ခြင်း = 250 mg every 6 hours for 3 to 7 days (Maximum dose: 4 g/day)

2. Dicloxacillin စားဆေး
• လေပြွန်ရောင်ခြင်း = 250 to 500 mg every 6 hours for 10 days
• အာခေါင်ရောင်ခြင်း = 250 mg every 6 hours for 10 days
• နူမိုးနီးယား = 500 mg every 6 hours for up to 21 days
• အရေပြားအနာများ = 500 mg every 6 hours for 7 days
• အသက်ရှူလမ်း အပေါ်ပိုင်းပိုးဝင်ခြင်း = 250 mg every 6 hours for 7 to 21 days

3. Oxacillin Injection ထိုးဆေး
• အသင့်အတင့်ဆိုးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 250-500 mg I.V. every 4-6 hours
• ဆိုးဝါးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 1 gram I.V. every 4-6 hours

4. Nafcillin ထိုးဆေး
• အရေပြားအနာများ = 1 to 2 g IV every 4 to 6 hours for 7 days

• Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducation.blogspot.com/2010/04/blog-post.html

Dr. တင့်ဆွေ
၎-၉-၂ဝ၁ဝ

Friday, September 3, 2010

Q and A September 2010 (3)

1. နွားကျင်ငယ် သောက်ရင်
2. သွားရည်မကြာခဏကျပါတယ်
3. အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည်မမှီတဲ့ ကလေးတွေ မွေးတတ်တယ်လို့
4. အသားဝါ-စီကို ကုဖို့ ဆိုရင် ဆူပါဆလွန်းကား တစ်စီးစာလောက်
5. ဝမ်းသွားရင် သွေးပါတာ ဘာရောဂါကြောင့်ပါလဲ
6. ကလေး (ယောက်ျား) အသက် ၃ နှစ်ခွဲလောက်ရှိပါပြီ

16 Aug 10, 14:32
နွားကျင်ငယ်သောက်ရင် ရောဂါတွေ ပျောက်တယ်ဆိုတာ ဟုတ်လားဆရာ နာတာရှည် ရောဂါတွေအတွက် သောက်ကြည့်သင့်ပါသလား
16 Aug 10, 16:32
DTS: နွားကျင်ငယ် အကြောင်း ဆေးကျောင်းမှာ မသင်ရပါ။

20 Aug 10, 08:21
သားကြီးအသက်(၁)နှစ်(၈)လပါ။ သွားရည်မကြာခဏကျပါတယ်။ ဘယ်လိုလုပ်ရမှာဆိုတာ ကျေးဇူးပြုပြီး အကြံပေးစေချင်ပါတယ်။
20 Aug 10, 10:52
DTS: ကလေး သွားရည်ကျတာ လျှာမျာ ဖြူနေသလား။ မှက်ခရုဖြစ်နေတတ်တယ်။ ဖြစ်နေရင် လူကြီးရဲ့ လက်တချောင်းကို အဝတ်သန့်သန့်လေးပတ်ပြီး ကလေးလျှာကိုက ဖြူနေတာတွေ ရှင်းပေးပါ။ ရဲနေရင် ဆေးပြာခေါ်တဲ့ Gentian Violet လိမ်းပါ။

2010/9/2 Ye Zaw Htun
ဆရာခင်ဗျား ကျွန်တော်အသက်က (၂၇)နှစ်ပါ။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ထက် (၂)နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည်မမှီတဲ့ ကလေးတွေ မွေးတတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလားခင်ဗျား။ ကျွန်တော်တို့က နောက် တစ်နှစ်ခွဲလောက်နေမှ လက်ထပ်မှာပါ။ ကျေးဇူးတင်စွာဖြင့်
Dear
လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။ ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။ ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။
အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening နဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis စမ်းနည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေး အသေမွေးနှုံး Stillbirth များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အားကောင်းဆေးသွင်း မွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk မယူခြင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။ လိုသေးရင် မေးပါ။

Sep 3, 2010 at 9:12 AM
ကျွန်တော်က မြန်မာပြည်၊ ရန်ကုန်မြို့က အစိုးရ အောက်ခြေဝ န်ထမ်းတစ်ယောက်ပါ။ ကျွန်တော့်မှာ အသည်းရောင်အသား(c) ရှိတယ်လို့ 2005 ခုနှစ်က ရန်ကုန် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှာ သွေးလှူရင်းသိခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သွေးလှူခွင့် မရတော့ပါ။ အသည်းရောင် အသားဝါဆေးတွေက ဈေးအရမ်းကြီးတယ်လို့ ပြောကြပါတယ်။ ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ရေးထားတဲ့ အသည်းရောင် အသားဝါစီ ဆိုတဲ့ စာအုပ်ထဲမှာလဲ အသည်းရောင် အသားဝါစီကို ကုဖို့ ဆိုရင် ဆူပါဆလွန်းကား တစ်စီးစာလောက်ဘဲ ကုန်ကျမယ်လို့ ရေးထားပါတယ်။ ကျွန်တော်တို့အတွက် ကိုယ်ပိုင်ကား ဆိုတာ အိမ်မက်ပါ။ ဒါကြောင့် အခြားစရိတ်စက သက်သာစွာနဲ့ ကုသလို့ ရနိုင်မယ့် နည်းလမ်းလေးများရှိရင် ညွှန်ကြား ပြသ ပေးစေလိုပါတယ် ခင်ဗျာ။

ဆရာခင်မောင်ဝင်း ပြောတာ မှန်တယ်။ တခြားနိုင်ငံတွေမှာလည်း ဈေးကြီးတာဘဲ။ ကာကွယ်ဆေးလည်း မပေါ်သေးဘူး။ တခြားဆေးနည်းတွေ ဥပမာ အာယုဗေဒ၊ ဟာဘယ်၊ စတာတွေ ရှိတော့ ရှိတယ်။ ဈေးလည်း မကြီးဘူး။ ခက်တာက ဆရာဝန်တွေ အနေနဲ့က အာမခံဘို့ ခက်တယ်။ အသဲကို မထိခိုက်အောင် နေရ-စားရလိမ့်မယ်။ ဆေးပညာကလည်း တိုးတက်နေပါတယ်။ ပိုကောင်း-ပိုဈေးချိုတာ ပေါ်လာနိုင်ပါတယ်။ ဆရာသိရရင် ရေးပါမယ်။ ကိုယ်-စိတ် ကျန်းမာ-ချမ်းသာပါစေ။

6 Sep 10, 10:28
မရိုသေစကားပြောရရင် ဝမ်းသွားရင် သွေးပါတာ ဘာရောဂါကြောင့်ပါလဲ ဆရာ။ ဘယ်လိုကုသသင့်လဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ ခင်ဗျာ။

ဖြစ်နိုင်တာတွေ အမျိုးမျိုးရှိတယ်။ ဝမ်းကိုက်တာ နဲ့ လိပ်ခေါင်းက အများဆုံးဖြစ်တယ်။ နောက်ပြီး အစာလမ်းကနေ သွေးယိုတာ၊ အစာဟောင်းအိမ်-ကင်ဆာ၊ နောက် ရှာရှားပါးပါးလေးတွေ ရှိသေးပါတယ်။

ဝမ်းကိုက်တာကတော့ ဝမ်းသွားရင် နာမယ်၊ ဝမ်းကိုညှစ်သွားရမယ်။ ဝမ်းခဏခဏသွားတယ်။ အကျိအချွဲလဲ ပါမယ်။ တမျိုးက ဖျားတာလည်း ပါသေးတယ်။ ရက် မကြာဘူး။ ဆေးနဲ့ ကုသပုံကို ဆရာ့ဆိုဒ်ထဲမှာ ရှာလို့ရပါတယ်။ မရရင်တော့ ပြော။

လိပ်ခေါင်းကို သပ်သပ်ရေးထားတာ ရှိတယ်။ ရှာမရရင်တော့ ပြောပါ။ ခပ်တိုတိုပြောရင် ဖြစ်တာ ကြာတယ်။ သွေးက လောလောလတ်လတ်သွေး အရောင် နီတယ်။ ချွဲမပါဘူး။ နာချင်မှ နာတယ်။ ဝမ်းသွားတိုင်း အသားစလိုတခု ထွက်ထွက်လာတယ်။ ပြီးရင် ပြန်ဝင်မယ်။ ဖြစ်တာကြာရင် ပြန်မဝင်ဘူး။ ဝမ်းသွားတဲ့အကြိမ် မများဘူး။ ချုပ်တောင် ချုပ်တတ်သေးတယ်။

အစာလမ်းကသွေးယိုတာမှာ တမျိုးက မျက်စိနဲ့တောင် မမြင်ရဘူး။ မြင်ရတာဆိုရင် အရောင်က ရင့်နေတယ်။ အနီ မဟုတ်တော့ဘူး။ ညိုမဲမဲကနေ မဲနက်နေတတ်တယ်။ အစာအိမ်မှာ အနာရှိမယ်။ ဒါမှမဟုတ် အစာအိမ်အထက် အစာဆင်းပြွန် အဖျားမှာ သွေးပြန်ကြောတွေ ဖေါင်းနေတာကနေ ပေါက်ယိုတာ။ အသဲ မကောင်းသူတွေမှာ ဖြစ်တတ်တယ်။ ကုသရတာတွေ မတူဘူး။

လိုသေးရင် မေးပါ။ ကျန်းမာ-ချမ်းသာ၊ ဝမ်းမှာ သွေးမပါပါစေ။

September 07, 2010 11:30 AM
ဆရာခင်ဗျား၊ ကလေး (ယောက်ျား) အသက် ၃ နှစ်ခွဲလောက်ရှိပါပြီ၊ ကိုယ်အလေးချိန် ၁၃ ကီလိုခွဲ ၁၄ ကီလို လောက်ပဲ ရှိတာ၊ ကိုယ်အလေးချိန် ကျတယ်လို့ ပြောနိုင်ပါသလားဆရာ။ ကလေးက ပိန်တယ်ဆရာ။ လူကြီးတွေလိုပဲ ဝမ်းမာတယ်။ အဲဒီအရွယ်တွေကို ဘယ်လို အားဆေးတွေ အမြဲတမ်း တိုက်သွားသင့်ပါသလဲ။ ထိုင်းက ဆေးရုံတွေမှာ မွေးပြီးကတည်းက ကာကွယ်ဆေးတွေ ပုံမှန်ထိုးပါတယ်။ ဒါပေမဲ့ မြန်မာပြည်သားကလေးတွေကို ထိုင်းဆေးခန်းတွေက ကာကွယ်ဆေး ကောင်းကောင်းဆိုရင် မထိုးပေးပါဘူး။ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ဘယ်လို ကာကွယ်ဆေးတွေကိုလည်း ထိုးပေးသင့်ပါသလဲ။ ဘယ်လို ပြုစုပျိုးထောင်ပေးသင့်တယ်ဆိုတာကိုလည်း ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

ဒီအသက်ဆိုရင် ၁၅ ကီလိုရှိရင် ကောင်းတယ်။ အခု အလေးချိန် မများတာထက် ကျသွားတယ်-မကျဘူးက အရေးကြီး ပါတယ်။ အရင်တခါ (၁ ပါတ်၊ ၁လ) တိုင်းတုံးကထက် နည်းသွားတာ မကောင်းလှပါ။

ကလေးအားဆေး ဆိုတာ ဗီတာမင် ဘီ အုပ်စုသာ ဖြစ်တယ်။ နာမယ်အမျိုးမျိုးရှိတယ်။ Burplex, B-Complex, Becosule, Polybion စသဖြင့်။ ဘီ အပြင် ကလေးအတွက် အေ (ငါးကြီးဆီ) မများစေဘဲ တိုက်ဘို့ လိုတယ်။ နောက် (ကယ်လ်စီယမ်) ကလေးသောက်လည်း အရိုးအတွက် လိုတတ်တယ်။ ဈေးလည်းမကြီး၊ ဆေးကုပ္မဏီကောင်းတာ ဝယ်ပါ။ တကယ်လို့ ကလေးက အစားပျက်၊ မစားချင်တာပါဖြစ်နေရင် Cipon လိုဆေးပေးပါ။ စားချင်စိတ် ရှိလာမယ်။ နဲနဲ ပိုအိပ်မယ်။ ဝလာမယ်။ ဗီတာမင် ဘီ ကိုသာ ကြာကြာ တိုက်ရမယ်။ ကြီးတဲ့အထိပေါ့။

အားဆေးထက်မက အရေးကြီးတာက အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် ရောဂါတခုခု ရှိမနေအောင် စစ်ရမယ်။ ဒီအရွယ်မှာ တီဘီ မဟုတ်တာ သိဘို့ လုပ်ရမယ်။ မွေးစက BCG (ဘယ်ဘက် ပခုံးမှာ) ထိုးခဲ့ပေမဲ့ ရှားရှားပါးပါး တီဘီ ဖြစ်နိုင်တယ်။ အာဂန္တုရောဂါ ရှိ-မရှိ သိဘို့။ ရှိရင် ကုဘို့ လုပ်ပါ။ ရာသီအလိုက်ဖြစ်တဲ့ ကူးစက်ရောဂါမျိုး၊ အသက်ရှူလမ်းက လည်ချောင်း-လည်ပင်နာ၊ အဆုပ်ရောင် ဆိုတာတွေက ကလေးတွေ အဖြစ်များတယ်။

ကလေးတွေအတွက် ဆေးရွေးမှ သင့်တယ်။ ပဋိဇီဝဆေး ခေါ်တဲ့ ဗက်တီးရီးယား နိုင်ဆေးတွေကိ့ လူကြီးတွေလို ပေးလို့ မသင့်ဘူး။ Septrin, Amozacillin, Ampicillin တွေက သင့်တယ်။ Tetracycline, Chloramphenicol မသုံးပါနဲ့။ အနာ-အဖျား-အရောင်ကျဆေး Paracetamol သာသုံးပါ။ ပြင်းတာတွေ မတိုက်ပါနဲ့။

ဝမ်းချုပ်နေတာအတွက် ရေနေ့တိုင်း ပိုသောက်ပါစေ။ ရေအပြင် ဖျော်ရည်၊ သံပုရာရည်၊ သကြားရည်၊ မန်ကျီးမှည့်ဖျော်ရည် တိုက်ပေးပါ။ အသီးအရွက်-အသီးအနှံ နေ့တိုင်း ကြွေးပါ။ တကယ်လို့ ဝမ်း တရက် မသွားတာဖြစ်ရင် မြန်မာဝမ်းနုတ်ဆေး ဖြစ်ဖြစ်တိုက်ပါ။ Ducolax ဝမ်းခြူတောင့် ဖြစ်ဖြစ် ထည့်ခြူပေးပါ။ မဝယ်အားလည်း ဆပ်ပြာ ပြော့ပြော့လေး သူ့ စအိုပေါက် နဲ့ အနေတော် ၂ လက္မ လောက်ကို ထည့်ခြူပါ။ Ducolax က စားဆေးလည်းရှိတယ်။ ကလေးတွေက ဝမ်းပျက်တာ အဖြစ် များလို့ ဝမ်းပျက်ရင် ဓါတ်ဆားရေ သောက်ပါစေ။

Thursday, September 2, 2010

Q and A September 2010 (2)

1. ကျွန်တော် ကျားလိင်အင်္ဂါထိပ် အကြားစပ်အခြေ ပေါ်လေးမှာ
2. ကျွန်မအသက် ၃၇ ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်
3. ကိုယ်ဝန်ရှိရင် ရာသီ မလာတော့တာ
4. ကျွန်တော့်ချစ်သူမှာ အခုတစ်လော ဗိုက်ခဏခဏအောင့်လို့
5: ဘယ်ရင်အုံရဲ့ အောက်ခြေနားကနေ တခါတလေ စူးပြီး အောင့်ပါတယ်

Q 1: ကျွန်တော် ကျားလိင်အင်္ဂါထိပ် အကြားစပ်အခြေ ပေါ်လေးမှာ ကိုင်ကြည့်ရင်မသိပေမယ့် သေချာကြည့်ရင် မိတ်လို အနီစက်လေးတွေ မြင်နေရတယ်။ တစ်နှစ်နီးပါး ရှိပါပြီ၊ မယားပါဘူး၊ မနာပါဘူး။ HIV လက္ခဏာတွေ ကြည့်လိုက်တော့ HIV ရှိရင် ကြွက်နို့ပေါက်တယ်လို့ ဖတ်ရတယ်ဆရာ။ အဲဒါ ကျွန်တော့မှာလဲ ကြွက်နို့ ပေါက်နေတယ်။ ခြေညှို့မှာ ပေါက်နေတယ်။

A: ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်နေမှ လိင်ကတဆင့် ကူးစက်ရောဂါအမျိုးအစားမှာ ပါတယ်။ ကြွက်နို့တိုင်းက HIV နဲ့ မဆိုင်ပါ။ ပြောတဲ့ အနီစက်က ဖတ်ရတာကို မှန်းရင် ရောဂါ ဟုတ်ပုံမရပါ။ ဆက်ဆံတာလုပ်ရင် အကာအကွယ် သုံးပါ။ ကြွက်နို့က ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ ဆရာ့ ဆိုဒ်မှာ ကြွက်နို့အကြောင်းရေးထားတာ ရှိပါတယ်။ အနီစက်လေးတွေဆိုတာ ရောဂါဟုတ်ပုံမရပါ။ တော်တော့ဆေး သွားမလိမ်းနဲ့။ နူးညံ့တဲ့နေရာဖြစ်လို့။ လိုသေးရင်ပြောပါအုံး။

Q: ပြီးတော့ ဒီအနီစက်လေးတွေက တစ်ယောက်တည်း အာသာဖြေရင်းက ဖြေပြီးတော့လည်း ရေမဆေးတာကနေ စပြီးတော့ ပေါ်လာတယ် ဆရာ။ ပျောက်နိုးနိုးစောင့်နေတာ တစ်နှစ်နီးပါး ရှိနေပြီဆရာ။ သူက စမ်းကြည့်တော့လည်း ဖုထစ်လေးတွေ မဟုတ်ဘူးဆရာ။ ဒါပါပဲဆရာ၊ လိုအပ်ရင် ဆက်မေးပါရစေဆရာ။

A: အသက် ဘယ်လောက်လဲ။ ကျားလိင်အင်္ဂါ ဘယ်နေရာမှာဖြစ်ဖြစ် တခုခုဖြစ်ရင် STDs လိင်ကတဆင့်ကူးစက်ရောဂါကို အရင် ဖယ်ထုတ်ရတာ အမှန်ပါ။ STDs ထဲမှာ HIV အပါအဝင်ဖြစ်တယ်။ ကြွက်နို့လဲပါသေးတယ်။ ဒါပေမဲ့ ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်တာ မဟုတ်ရင် ဒါမျိုး မဟုတ်ပါ။

အနီစက် သက်သက်ဆိုရင်။ မနာဘူး၊ မယားဘူးဆိုရင် စိုးရိမ်စရာ၊ ဆေးကုစရာ မလိုသေးပါ။ လူ့အရေပြားမှာ အရွယ် ရလာရင် တမျိုးတမည် ပြောင်းတာမျိုးလည်းရှိတယ်။ အဖြူစက်၊ အနီစက်၊ မှည့်ခြောက်လိုလို စသဖြင့် နေရာတကာမှာ အသက်ရလေ ပေါ်လာလေလည်း ဖြစ်တတ်တယ်။ အသက်ကြောင့်ဆိုတာထက် အသက်ရလေ အတွေ့ အကြုံ အပါအဝင် သက်ရှိနဲ့ရော သက်မဲ့နဲ့ပါ ထိတွေ့တာ၊ ပွတ်တိုက်တာ၊ များများလာတယ်။ ကျားလိင်အင်္ဂါမှာလည်း ကွမ်းသီးခေါင်း အကားဆုံး နေရာမှာ ခပ်တိုတို အတက်လေးတွေ စီစီရီရီ၊ တပါတ်လုံး ပေါက်လာတာမျိုးလည်း အရွယ်အရ ဖြစ်ရနိုင်တယ်။ ဆက်ဆံတာ များလာသူတွေမှာ ဖြစ်တာမျိုးပါ။ တချို့က ဒါမျိုး အခုခိုးပြီး၊ အမွှေးပါ (နိုင်လွန်၊ ပလပ်စတစ်) ကွင်းလေးတွေကို ဆက်ဆံတဲ့အခါ ထူးခြားစေတယ်လို့ ကြော်ညာပြီး ရောင်းကြတာပေါ့။ မေးတဲ့သူမှာ ထူးလာတာ ရှိရင်တော့ ပြောပါအုံး။ ဥပမာ များလာတယ်၊ ယားတယ်၊ နာတယ်၊ အသီးထလာတယ် စသဖြင့်ပေါ့။

Q 2: ကျွန်မအသက် ၃၇ ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ ကလေး မယူသေးပါ။ အိမ်ထောင်ကျတာ (၅)နှစ် ကျော်ပါပြီ။ ကျွန်မ သိချင်တာက ရာသီလာပြီး တပတ်လောက်နီးပါးကို အရည်ကြည်တွေ ဆင်းပါတယ်ဆရာ။ ဘာအရောင်၊ အနံ့မှ မရှိပါဘူး။ ဖြစ်တာကလည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ ဖြစ်လိုက်-ရပ်လိုက်ပါ။ အခုနောက်ပိုင်း နည်းနည်း ပိုများလာလို့။ ဘယ်လို ဖြစ်နိုင်ပါသလဲဆရာ။ တခြား ဘာလက္ခဏာမှ မဖြစ်ပါဘူး။ ရာသီသွေးဆင်တာ ပုံမှန်ပါ။ ကျွန်မက ရှက်တတ်တော့ ဆေးခန်း မသွားခြင်ဘူး။ ဆရာရှင်းပြပေးပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

A: ဖြစ်နိုင်တာ ၂ ခု စဉ်းစားလို့ ရပါတယ်။ ရာသီဖြစ်စဉ်မျာ ဖြစ်လေ့ရှိတတ်တဲ့ ဟော်မုန်းနဲ့ တခြား အပြောင်းအလဲကြောင့် ဆင်းတာ ဖြစ်နိုင်တယ်။ ရောဂါမဟုတ်ပါ။ နောက်တခုက ပိုးတခုခုဝင်တာ။ ဒီအထဲမှာ လိင်ကတဆင့် ကူးစက်နိုင်တာလည်း ပါနိုင်တယ်။ ဆေးညာအရ ပြောတာပါ။ မဟုတ်တာပါရင် စိတ်မရှိပါနဲ့။ အနေအထိုင်ကြောင့်ပါ ပိုးဝင်တတ်သေးလို့ပါ။ ပိုးဝင်တာ ဆိုရင် တခြား လက္ခဏာတွေပါ တွဲနေနိုင်တယ်။ ဆီးစပ်နာတာ၊ အဖြူဆင်းတာ၊ ယားတာ၊ ဆက်ဆံရင် နာတာ စသဖြင့်။ ခပ်လွယ်လွယ် ရမ်းကုဆန်ဆန် ဆေးနည်းပေးရရင် Metronidazole စားဆေး ၁ ခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅ ရက်သောက်ပါ။ ဆေးက တချို့ သောက်ရင် ခေါင်မူးတာ၊ အစားပျက်တာ ဖြစ်တတ်တယ်။ တချို့ ဘာမှ မဖြစ်ဘူး။ မရသေးရင် Vaginal exam စမ်းသပ်မှု လိုနိုင်တယ်။

Q 3: ဒေါက်တာရှင့် တစ်ခုသိချင်လို့ပါ။ ကိုယ်ဝန်ရှိရင် ရာသီ မလာတော့တာ အားလုံးသိကြပါတယ်။ အဲဒီမှာ သမီး သိချင်တာက ရာသီမလာခင်မှာ ကိုယ်ဝန်ရှိနေပြီဆိုပါတော့ ဒါဆိုရင် ရာသီ လုံးဝမလာတော့ဘူးလား ဆရာ။ ဒါမှမဟုတ် အဲဒီ ရာသီ အချိန်မှာလာပြီး နောက်တစ်လမှ ကိုယ်ဝန်ကြောင့် မလာတော့တာမျိုး ရှိပါသလားဆရာ။ ရှင်းရှင်း လင်းလင်း သိချင်လို့ ဖြေကြားပေးပါ ဒေါက်တာ။

A: ဆရာ အလုပ်နဲနဲ များသွားလို့ ဖြေစရာ ရေးစရာတွေ နောက်ကျတယ်။ အခုမေးခွန်းလဲ တခုအပါအဝင်ပေါ့။ ဆောရီး။ အဲ့ ဖြေမယ် လုပ်ရော မေးတာက သိပ်မရှင်းဘူး ဖြစ်နေပြန်ရော။ မေးတဲ့လူကို ပြန်မေးပါရစေ။ မှန်းသမ်း ဖြေပြီးမှ တလွဲဖြစ်မှာစိုးလို့။

Q: ဒီလိုပါဒေါက်တာ ဥပမာလေးနဲ့ ဆရာရှင်းအောင်ပြောပြပါ့မယ်။ သမီးက ဒီလမှာပေါ့ဆရာ ရာသီမလာခင်မှာ အမျိုးသားနဲ့ ဆက်ဆံရာက ကိုယ်ဝန်ရှိတယ် ဆိုကြပါတော့။ ဒါဆိုရင် ဒီလရာသီလာချိန်မှာ ချက်ချင်း ရာသီ မလာတော့ဘူးလား ဆရာ။ ဒါမှမဟုတ်ပဲ ဒီလမှာရာသီလာပြီး နောက်တစ်လမှာမှ မလာတော့တာမျိုး ရှိပါသလားဆရာ။

ရှင်းလိုက်သမှ မျက်စိထဲ တန်းမြင်သလိုပါဘဲ။ ရာသီမလာတော့တဲ့ လကတည်းက ကိုယ်ဝန်ရတာ ဖြစ်ပါတယ်။ ရာသီပါတ် တခု (၁ လ) အတွင်း၊ လလယ်ရက်မှာ မ-မျိုးဥတခုထွက်နေတယ်။ အပျိုဖေါ်ဝင်ကနေ သွေးဆုံးတဲ့အထိ။ အဲဒီ မ-မျိုးဥနဲ့ ကျား-သုတ်ပိုးတို့ တွေ့ဆုံ-ပေါင်းစပ်ကြရင် သန္ဓေဆိုတာ ဖြစ်လာတယ်။ ဆက်တည်သွားရင် ကလေးရမယ်။ အကြောင်း တခုခုရှိရင်၊ ဖျက်ရင် ပျက်မယ်။ ဒီအထိ မေးတဲ့သူလည်း ရှင်းနေမှာပါ။ တကယ်မေးချင်တဲ့အပိုင်း ဆက်ပြောပါတယ်။

လအစ (သွေးဆင်းပြီးပြီးချင်းရက်) ကနေစပြီး သားအိမ် အတွင်းဆုံးလွှာဟာ ပါးပါးလေးရှိရာကနေ တရက်ဆို တရက် ထူထူလာတယ်။ လကုန်ရင် (ကိုယ်ဝန် မဖြစ်ဘူးဆိုရင်) နောက်ဆုံး အထူဆုံးအဆင့်မှာ ပျက်စီးပြီး ကွာကျ-ပျက်ကျတဲ့ သွေးနဲ့ (တစ်ရှူး) အပျက်အစီးတွေဟာ သားအိမ်အဝ ကထွက်၊ ဗဂျိုင်းနားထဲ ရောက်ပြီးသကာလ အပြင်ကို ယိုစီး လာတာကို ရာသီဆင်းတယ်လို့ ခေါ်တာဘဲ။ စောစောကပြောတဲ့ လအလယ်ရက်မှာ ထွက်လာတဲ့ မ-မျိုးဥဟာ တကယ်လို့ ကျား-သုတ်ပိုးနဲ့ တွေ့တယ်ဆိုရင် သားအိမ် အတွင်းဆုံးအလွှာက ပုံမှန်ဖြစ်စဉ်လို ဆက်ပြီး ထူထူလာမှာ မဟုတ်တော့ဘဲ ကိုယ်ဝန် တည်နိုင်အောင် ပြင်ဆင်မှုတွေကိုသာ လုပ်ပါတော့တယ်။ ဒါ့ကြောင့် လကုန်ရက်အထိ အထူဆုံး ဆိုတာ ဖြစ်လာမှာ မဟုတ်တဲ့အတွက် ပျက်စီး-ယိုစီးတာတွေ မဖြစ်နိုင်တော့ပါ။ ကလေးမ ကိုယ်ဝန်ရပါပြီ။ (ကွန်ဂရက်ကျူလေးရှင်း)။

Q 4: 2010/8/19
ဒေါက်တာခင်ဗျာ ကျွန်တော့်ချစ်သူမှာ အခုတစ်လော ဗိုက်ခဏခဏအောင့်လို့ မိန်းခလေးတို့ ဖြစ်တတ်တဲ့ ရောဂါဆိုပြီး မြန်မာဆေးများကို သောက်ပါတယ်။ အဲလိုနဲ့ မထူးခြားတာနဲ့ ဆေးခန်းပြတယ်။ ဆေးခန်းကပေးတဲ့ ဆေးတွေကို သောက်သော်လည်း မပျောက်သွားပါ။ အဲ့ဒါနဲ့ ဆေးခန်းကိုထပ်ပြပါတယ်။ ဆေးခန်းကဆရာဝန်က ကွဲကွဲပြားပြား သိရအောင် ဓာတ်မှန်ရိုက်ဘို့ပြောပါတယ်..ဓာတ်မှန်ရိုက်တဲ့အခါ သားအိမ်မှာ ကွမ်းသီးလုံးလောက်ခန့် ပေါ်နေတာ တွေ့တယ်။ ဘာဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောသေးပါ။ ဆရာဝန်က ဆေးသောက်လို့ မပျောက်ရင် သာအိမ်ကို ထုတ်ပစ်ရင် ထုတ်ပစ်မယ်ပြောပါတယ်။ အဲ့လိုထုတ်ပစ်ရင် ကျန်းမာရေးအခြေအနေ ကိုပြောပြပေးစေချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်နဲ့ လက်ထပ်ဘို့ကိုလည်း အားလုံးတိုင်ပင်စီစဉ်ပြီးသွားပါပြီ။ အခုဒီကိစ္စပေါ်လာသည့်အတွက် ကျွန်တော့် ချစ်သူမှာ အရမ်းအားငယ်နေရပါတယ်။ သားအိမ်ထုတ်ပြီသွားရင် အိမ်ထောင်ပြုလို့ မရတော့ဘူးလား။ သူမှာ ဆက်ဆံချင်တဲ့စိတ်တွေ ကုန်သွားမှာလား။ လိလ်ဆက်ဆံလို လုံးဝမရတော့ဘူးလား။

ပဌမဆုံး ရောဂါအမည်တတ်တာ တိကျဘို့ လိုသေးတယ်။ သားအိမ်မှာ အလုံးတခုခု ဖြစ်တယ်ဆိုတာ တမျိုးမက ဖြစ်နိုင်တယ်။ ကလေးမရှိသူ။ အပျိုကြီးလို အမျိုးသမီးတွေမှာ Fibroid/Myoma ခေါ်တဲ့ သားအိမ်ကြွက်သားက ဖြစ်တဲ့ အလုံး အဖြစ်နိုင်ဆုံးပါ။ ခွဲရမှာပါ။ အလုံးသပ်သပ် ထုတ်တာနဲ့ ရတယ်။ ကလေးတောင် ဆက်ယူလို့ ရနိုင်သေးတယ်။ ဆက်ဆံစိတ်ကို ဘာမှ မထိခိုက်ပါ။ ဆရာ့ဆေးခန်းလေးမှာ တယောက် အဲလိုဖြစ်တာ ထုတ်ပေးထားတယ်။ ၃လက္မခွဲ ပတ်လည်ရှိတာ။ အခု နောက်ကလေး မွေးခါနီးနေပြီ။

Endometriosis ဆိုတဲ့ရောဂါက တမျိုးပါ။ သူကနာတာဖြစ်တတ်တယ်။ စောစောက ရောဂါတွေက အနာတတ်ဘူး။ ဖြစ်တဲ့နေရာတော့ ကွာတာပေါ့။ ဆေးသောက်ဘို့ညွှန်ရင် ဒါဖြစ်နိုင်နေတယ်။ Myoma ရောဂါက ခွဲတာသက်သက်သာ လုပ်နိုင်တယ်။

နောက်တမျိုးကတော့ ကင်ဆာပေါ့။ အများဆုံးက သားအိမ်အဝမှာ ဖြစ်ကြတယ်။ အဆင့်လိုက်ပြီး ခွဲတာ၊ ဆေးပေးတာ၊ ဓါတ်ကင်တာ လုပ်ပါလိမ့်မယ်။

ဘယ်ရောဂါဖြစ်ဖြစ် ခွဲတာ သက်သက်ဆိုရင် သားအိမ်တခုထဲ ထုတ်မှာလား၊ သားအိမ်အဝရောလား၊ မ-မျိုးဥအိမ်ကော ပါသလား အပေါ်မူတည်ပြီး သွေးဆုံး-သားဆုံး၊ စိတ်နည်းတာ ဖြစ်ပါမယ်။ မျိုးဥအိမ်က ဟော်မုန်းထုတ်လို့ သူ့အပေါ် မူတည်တယ်။

ရောဂါနာမယ် Diagnosis သေခြာရင် ပြောပါအုံး။ စိတ်နည်းတာအတွက် အထောက်အကူပြုတာတွေ လုပ်ပေးနိုင်ပါတယ်။ လူနာ အသက်၊ ခံစားနေရတ့ လက္ခဏာတွေ၊ Ultrasound ရိုက်သေးလား။ ရာသီဖြစ်စဉ် စတာတွေ သိဘို့ လိုသေးတယ်။

Q 5: ကျွန်တော့ ဘယ်ရင်အုံရဲ့ အောက်ခြေနားကနေ တခါတလေ စူးပြီး အောင့်ပါတယ် ဆရာ။ အရမ်း ပြင်းပြင်းထန်ထန်ကြီး မဟုတ်ပါဘူး။ အောင့်နေတယ်လို့ သိသာရုံပါပဲ။ အမြဲအောင့်တာလဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကတော့ နေ့တိုင်း နီးပါး အောင့်တယ်လို့ ခံစားရပါတယ်ဆရာ။ အခု မအောင့်တာ ၂ ရက်ရှိပါပြီ။ အဲ့ဒါ ဘာကြောင့် ဖြစ်နိုင်ပါလဲ။ ဘယ်လို စမ်းသပ်၊ ကုသဖို့ လိုမလဲဆိုတာ သိချင်ပါတယ်။ ကျွန်တော့် အသက်က ၂၉ နှစ်ထဲမှာပါ။ computer အမြဲ သုံးရပါတယ်။ အထိုင် များပါတယ်။ ဒါပေမယ့် အလုပ်သွားပြန် တစ်နေ့ကို ၁ နာရီလောက် လမ်းလျှောက်ဖြစ်ပါတယ်။ တခြား လေ့ကျင့်ခန်းတော့ မလုပ်ဖြစ်ပါဘူး။ တစ်နေ့ကို ၆ နာရီလောက် အိပ်ချိန်ရှိပါတယ်။ မနှစ်တုန်းက သွေးစစ်တော့ ဘီပိုး တွေ့ပါတယ်ဆရာ။ အခုတော့ မစစ်ဖြစ်ပါဘူး။ လူက ကျန်းမာပါတယ်။ စားလည်း စားနိုင်ပါတယ်။ အရပ် ၅ပေ ၅လက်မ မှာ ကိုယ်အလေးချိန် ပေါင် ၁၄ဝလောက် ရှိပါတယ်ဆရာ။

နောက်မေးခွန်းတစ်ခုက ကျွန်တော့် ချစ်သူ က အသက် ၂၆ ထဲမှာပါ။ သူက တစ်နေ့ကို အိပ်ချိန် ၈ နာရီ လောက် ရှိပါတယ်။ အရပ် ၅ပေ၃ မှာ ကိုယ်အလေးချိန် ၉၅လောက် ရှိပါတယ်။ စားလည်း စားနိုင်ပါတယ်။ ဒါပေမယ့် သူက ပုံမှန်ထက်နည်းနည်း ပိန်နေပါတယ်။ အဲ့ဒါ ဝလာအောင် ဘယ်လို လုပ်ရပါမလဲ ဆရာ။ ဘာဆေးသောက်သင့်ပါလည်း။ ကျွန်တော် မနေ့က ဆေးဆိုင်ကနေ CYPON အမျိုးအစား ဆေးကဒ်ဝယ်လာပါတယ်။ GENO PHARMACEUTICALS LTD က ထုတ်တာပါ။ ၁ဝလုံး တစ်ကဒ်ကို ၃ဝဝကျပ်ပဲ ပေးရပါတယ်။ အဲ့ဒါ တိုက်ဖို့ သင့်တော်ပါလား ဆိုတာလည်း သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။ သန့်ဇော်မင်း

ရင်အုံအောင့်တာ ပြဿနာ မရှိလောက်ပါ။ အထဲက ဟုတ်ပုံမရဘူး။ အထဲမှာ နှလုံး နဲ့ အဆုပ်တွေ ရှိကြတယ်။ နှလုံးဖြစ်ရင် မတရား နာတာ. အလည်တည့်တည့်လောက်က နာတာ။ အဆုပ်ဆိုရင်လည်း ချောင်းဆိုးတာ၊ သလိပ်ထွက်တာ၊ ဖျားတာ စတာတွေ ရှိအုံးမယ်။ အပြင်က ကြွက်သား၊ အရေပြားကနေ တခါတလေ ဖြစ်တာမျိုး နေမှာပါ။ နာရင် အနာ-အကိုက် ပျောက်ဆေး တခုခု လိုတဲ့ အချိန်လောက် သောက်ပါ။

သတိထားရမှာက ဘီပိုး။ ၆ လ တခါ အသဲအထူးကု ဆရာဝန် ပြပါ။ သူ့ကြောင့် ဆိုရင်လည်း အသဲ အလုပ်လုပ်တာကို သတိထားရမယ်။ အသဲခြောက်ရင် မျက်စိ၊ ဆီး ဝါမယ်။ အသားအရေ မွဲခြောက်ခြောက် ဖြစ်လာမယ်။ သွေးယိုတတ်တယ်။ ဝမ်းအရောင် ပျော့တယ်။ အားယုတ်တယ်။ ကြာရင် ဗိုက်စူ ရေဖျင်း ဖြစ်လာတတ်တယ်။

အမျိုးသမီး။ ဝလာစေချင်ရင် ဖတ်ဘို့-လုပ်ဘို့၊ ရေးပြီးသားတခု ကူးထည့်ပေးလိုက်ပါတယ်။ ကျန်းမာ-ချမ်းသာကြပါစေ။

၂၄-၈-၂ဝ၁ဝ
Weight gain လှယုံမက ဝချင်သေးရင်

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...