Sep 12, 2010 at 11:04 AM
ကျွန်တော့် သား အသက် ၃ နှစ်။ လသားကတည်းက ဝမ်းပျက် ဝမ်းလျောနဲ့ ခဏခဏ ဆေးရုံတက်ရတယ်။ ARTI နဲ့ ၂ ခါ ဆေးရုံတက်ရတယ်။ ၂ နှစ်ကျော်လောက်ကစပြီး၊ ကျန်းမာရေး ကောင်းသွားပါတယ်။ ဆေးရုံကတော့ Down's syndrome လို့ ပြောပါတယ်။ အခုတော့ အရမ်းသွက်လက်ပါတယ်။ TV ကြော်ငြာတွေ လှုပ်ရှားမှု အကုန်မှတ်မိတယ်။ လိုက်လုပ်တယ်။ နောက်ပြောင်တတ်တယ်။ ဒါပေမဲ့ စကားမပြောဘူးဆရာ။ ဝူးဝူးဝါးဝါးပဲ အသံထွက်တယ်။ အဲဒါ ဘာဖြစ်လို့လဲ။ ဆရာဝန်နဲ့ ပြလို့ရလား။ ဘယ်လိုဆရာဝန်နဲ့ ပြရမလဲ။ ဆေးကုလို့ကော ကောင်းလား သိချင်ပါတယ်။
မွေးရာပါ-ချို့ယွင်းချက်တွေဟာ မျိုးဗီဇ၊ သားအိမ်ထဲရှိစဉ် ပတ်ဝန်းကျင်၊ ကြီးထွားဖြစ်စဉ် အမှားများ၊ ရောဂါပိုးဝင်ခြင်း နဲ့ (ခရိုမိုဇုမ်း) ဖေါက်ပြန်မှု၊ တခုခုကနေ ဖြစ်ကြရတယ်။ Down syndrome က နောက်ဆုံး အကြောင်းကြောင့် ဖြစ်ပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ အကြောင်း ၄ ပါးထဲက ကံကိုဘဲ ရိုးမယ်ဖွဲ့ကြမယ် ထင်ပါတယ်။
(ဒေါင်းန်-ဆင်ဒရုမ်း) ကို ၁၈၆၂ ခုနှစ်တုံးက အင်္ဂလိပ်ဆရာဝန် John Langdon Down ကနေ စသိခဲ့တာမို့ ဂုဏ်ပြုပြီး၊ ဒီနာမယ် ပေးတာပါ။ (ခရိုမိုဇုန်း) နံပါတ် ၂၁ မှာ ပြဿနာ ဖြစ်တာလို့ သိလာရတယ်။ (၁) ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်၊ (၂) ရုပ်ပိုင်း-တည်ဆောက်မှုနဲ့ (၃) မျက်နှာ-အသွင်တို့မှာ ကွဲလွဲနေလိမ့်တယ်။ ဗိုက်ထဲမှာ ရှိကတည်းက ရေမြွှာရည်ကို စစ်ဆေးတာ Amniocentesis နဲ့ သိခဲ့နိုင်တယ်။ သိရင် တချို့ နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ပြုတယ်။
ရောဂါနဲ့ မွေးလာတဲ့ ကလေးတွေမှာ Cognitive ability ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်ဟာ သိပ်မဆိုးသူနဲ့ ပိုဆိုးသူ ရှိတယ်။ တယောက်နဲ့ တယောက် မတူဘူး။ ဥာဏ်ရည်ကို နဲ့ IQ တိုင်းရင် အများအားဖြင့် ဒီကလေးမျိုးတွေက ၃၅-၅ဝ-၇ဝ သာရှိကြတယ်။ Mosaic Down syndrome ကလေးဆိုရင် Chromosome #21 မှာ အပိုတခု ပါနေလို့ ပေါင်း ၄၇ ခု ရှိနေမယ်။ သူတို့က ဥာဏ်ရည်သာတယ်။ IQ ၁ဝ-၃ဝ ပိုမယ်။ ကလေးအကောင်းက ၁ဝဝ ပါ။
ကလေး ၁ဝဝဝ မွေးရင် ၁ ယောက်လောက် ရှိနိုင်တယ်။ မိခင်က အသက်ကြီးရင် ပိုဖြစ်တာ တွေ့ရတယ်။ မအေ အသက် ကြီးတိုင်း ဖြစ်မယ်လို့ ပြောချင်တာတော့ မဟုတ်ပါ။
ကလေးကို မြင်တာနဲ့ သိနိုင်တယ်။ မေးရိုး သေးပြီး မျက်နှာဝိုင်းကြတယ်။ လည်ပင်း တိုတယ်။ လျှာထွက်နေတာ များတယ်။ မျက်လုံးကလည်း မက်မွန်သီးအစေ့လိုနဲ့ ခပ်စောင်းစောင်းနေတယ်။ မျက်ဝန်း ကျဉ်းတယ်။ ခြေတံ-လက်တံ တိုတယ်။ လက္ခဏာကြည့်ရင် လက်ဝါးမှာ ကန့်လန်းစဉ်း ၂ခု အစား၊ ၁ ခုထဲဘဲ ရှိတယ်။ ကြွက်သားတွေက အားပြော့တယ်။ ခြေမနဲ့ ခြေညှိုး ဝေးနေတယ်။ ဒီကလေးမျိုးမှာ တခြား ချို့ယွင်းချက်တွေပါ ရှိနေတတ်တယ်။ မွေးရာပါ နှလုံးရောဂါ၊ အစာမြို ခက်ခဲတာ၊ နားပိုးဝင်တာ၊ လည်ပင်းကြီးအလုပ် ထိခိုက်တာ၊ အိပ်ရင် ခက်ခဲတာတွေ ဖြစ်တတ်တယ်။ တချို့ကလေးမှာ အတက်ရောဂါ (ဝက်ရူးပြန်)၊ (လူကီးမီးယား) တခုခု ရှိနေတတ်တယ်။
စကားအရာမှာ နားလည်တာနဲ့ ပြန်ပြောတတ်တာ မတူဘူး။ အများအားဖြင့် နှေးကြတယ်။ လမ်းလျှောက်တတ်တာ တချို့ ကလေးက ၂ နှစ်၊ တချို့ ၄ နှစ်။ အနုစိတ်-ကြွက်သား အလုပ်တွေမှာလဲ နှေးတယ်။ ငယ်တုံးရော ကြီးတဲ့အခါပါ (ကျား = ၅ ပေ ၁၊ မ = ၄ ပေ ၉) အရပ်ပုတယ်။ ကြီးရင် ဝလာတာ များတယ်။ ယောက်ျားလေးဆိုရင် အိမ်ထောင်ကျပြီး ကလေး မရတာ ဖြစ်တတ်တယ်။ ကလေး တဝက်လောက်မှာ မျက်လုံး နှစ်ဖက်က ပြိုင်တူ မလှုတ်ရှားဘူး။ မျက်မှန် တပ်ရမှာ များတယ်။
ကလေး ငယ်စဉ်ကတည်းက ဂရုစိုက်ပေးသင့်တယ်။ ဆေးကုတာအပြင် မိသားစု၊ ပါတ်ဝန်းကျင်၊ အထူးသင်ကြားမှုတွေ လုပ်ရမယ်။ ရုပ်ပိုင်း-ချို့ယွင်းနေတာတွေကိုတော့ လုံးဝ ပျောက်သွားအောင် လုပ်မရပေမဲ့ ပညာပိုင်းမှာ ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကံတရားဘဲ ထပ်ပြောရအုံးမှာဘဲ။ လုပ်ပေးဘို့ လိုတာတွေရှိတဲ့ တိုင်းပြည်မှာ၊ လုပ်ပေးနိုင်တဲ့ မိဘတွေ ကနေ မွေးသူတွေဆိုရင် ကံဆိုးထဲက ကံကောင်းသူတွေလို့ ပြောရမှာပါ။
တကယ်တော့ သူတို့တတွေထဲမှာ ထူးချွန်လို့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သူတွေ ရှိတယ်။ ၁၉၉၆ တုံးက မင်းသား Pascal Duquenne နဲ့၊ ၂ဝဝ၃ မှာ မင်းသမီး Paula Sage တို့ဟာ ဆုတွေတောင် ရခဲ့ကြတယ်။
နာဇီခေတ်က Action T4 (Aktion T4) ဆိုတာ ဂျာမန်-ဆရာဝန်တွေကနေ ကုလို့မရတဲ့ ဝေဒနာလို့ သတ်မှတ်ပြီးသကာလ၊ စနစ်တကျ ထောင်နဲ့ချီပြီး သတ်ပြစ်ခံရသူတွေထဲမှာ ဒီရောဂါရှိသူတွေလည်း ပါတယ်။ ဟစ်တလာ နဲ့အတူ နာဇီဝါဒ ကျဆုံးမှသာ သိကြရတယ်။ အဲလိုဘဲ စနစ်ဆိုးတွေ ကျဆုံးမှ သိကြရအုံးမှာတွေရှိတာ သေခြာတယ်။
Dr. တင့်ဆွေ
၁၂-၉-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
