7 Sep 10, 13:03
Q: I would like to know about the disease called Fistula. Does it need to cure urgently or not? Your urgent reply will be highly appreciated. If you have time please explain in Burmese about Fistula.
ရှေးကတည်းက ဒီအနာ ရှိခဲ့တယ်။ ဆေးပညာဖခင်ကြီး Hippocrates (ဘီစီ ၄၆ဝ-၃၇ဝ) က ညွှန်းခဲ့ဘူးသလို၊ ပြင်သစ် ဘုရင် လူဝစ်-၁၄ (၁၆၃၈-၁၇၁၅) မှာ ဒီရောဂါ ရှိခဲ့တယ်။ လူ ၁ သိန်းမှာ ၉ ယောက်နီးပါး ဖြစ်ကြတယ်။ ယောက်ျားက ၂ ဆ ဖြစ်တယ်။ အသက် ၄ဝ နီးနီး (၃၈့၃ နှစ်) မှာ အဖြစ်များဆုံးပါ။ ကလေးတွေမှာလည်း ဖြစ်ပါတယ်။
ဝမ်းသွားပေါက် Anus စအိုဘေးမှာ Boil, Ulcer အနာပေါက်ရင် ကြီးကြီး-သေးသေး မပေါ့ပါနဲ့။ မရှက်ပါနဲ့။ ဖိထိုင်တော့ ပြည်- မန်းရည်-ငန်းရည်က ကောင်းကောင်း မထွက်နိုင်ဘူး။ ဒီတော့ အနာက အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်သွားရင် ဝမ်းတွေကို လှောင်ထားတဲ့ Rectum အစာဟောင်းအိမ်အထိ ရောက်ပြီး၊ အထဲပေါက်တခု ဖြစ်လာမယ်။ အဲလို Canal တူးမြောင်းလို ဖြစ်လာတာကို ဗမာလို အမျိုးမျိုးခေါ်နေကြတယ်။ မြန်မာအဘိဓာန်က “ဂရင်ဂျီနာ” ရော “ဘရင်ဂျီနာ” လို့ပါ ရေးပါတယ်။ ဆရာတော် အရှင်သြဘာသာဘိဝံသ စီရင်တဲ့ သုတေသန သရုပ်ပြ အဘိဓာန် မှာ ဘဂန္ဓလာ “ဂယင်ဂျီနာ” လို့ ပုံနှိပ်ထားတယ်။ မြောင်းကနေ ဘေးကို လက်တံတွေ ထွက်နိုင်သေးတယ်။ ကွန်ကရစ်တွေနဲ့ မံထားတဲ့ မြောင်းမျိုး မဟုတ်ဘဲ၊ အနာ နုတ်ခမ်းသားလို မကျက်နိုင်တဲ့ အသားနုတွေသာ ဖြစ်တယ်။ စအိုအနားမှာ အပြင်ပေါက်က တခုမက ရှိသလို အထဲပေါက်ကလည်း များနိုင်တယ်။ များလွန်လွန်းလို့ တချို့ ကရွတ်ခွေနဲ့ ထိုင်ရတယ်။
စအိုဘေးမှာ အနာပေါက်လို့ မဟုတ်ဘဲလဲ ဖြစ်သေးတယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ (FIA နောက်တမျိုး)၊ တီဘီ၊ ကင်ဆာ၊ ဓါတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia ပိုးဝင်တာတွေကနေပါ ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ ဂနိုရီးယား၊ Ulcerative colitis, Diverticulitis, Crohn’s disease တွေကြောင့်လည်း ဖြစ်နိုင်တယ်။
သေခြာကြည်ရင် အပြင်ပေါက်ကိုသာ မျက်စိနဲ့ မြင်ရမယ်။ ပြည်-မန်းရည်ဆိုတာ ထွက်လာလိုက် ပျောက်လိုက်၊ စအိုထဲ လက်ထည့် စမ်းနည်း PR exam လုပ်ရတယ်။ စအိုထိန်း ကြွက်သားဝိုင်းနဲ့ အဆက်အစပ်ကို စစ်ဆေးရမယ်။ Goodsall rule ဆိုတာကို ခွဲစိတ်ဆရာဝန်တိုင်း အားကိုးကြရတယ်။ “အပြင်က ပြွန်ပေါက်ဟာ စအိုပေါက် ရှေ့ပိုင်း တဝက်မှာရှိရင် အထဲ လမ်းဟာ မျဉ်းဖြောင့် စပုတ်တံလို သွားတယ်။” “စအိုပေါက် နောက်ပိုင်း တဝက်မှာရှိရင် မျဉ်းကောက်၊ မြင်းခွါပုံလို သွားမယ်။”
ဆင်တူရိုးမှား တခြား ရောဂါတွေနဲ့ ခွဲခြားရမယ်။ Fissure in ano (FIA) စအိုကွဲနာ၊ Internal piles အတွင်းလိပ်ခေါင်း၊ External piles အပြင်လိပ်ခေါင်း၊ Periproctal abscess ပြည်တည်နာ၊ Anal polyp စအိုအသားပို၊ Sentinel tag အဝစောင့် အသားပို။
အနာ-အနာတွေက ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ ပျောက်သွာတာ မဟုတ်ဘဲ မြုံနေတာပါ။ သူ့အလိုလို ပျောက်တယ် ဆိုတာ မရှိပါ။ ဆေးကုပါ။
Ksharsutra/Ksharsootra ဆိုတဲ့နည်းကို တခြားဆေးပညာက သုံးတယ်။ သစ်ပင်-ပန်းပင်တွေကနေ ရတာတွေနဲ့ ဆေးဖေါ်ပြီး (medicated setone) ဆေးအပ်ချည် အနေနဲ့ ထည့်ပေး-ခြည်ပေးနည်း ဖြစ်ပါသတဲ့။
MBBS ဆရာဝန်တွေ သင်ကြ-သုံးကြတဲ့ ခွဲစိတ်နည်းတွေထဲမှာ အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ အထက်တက် ကျက်စေတဲ့နည်းပါ။ ပဋိဇီဝဆေး အရင် ပေးရတယ်။ မခွဲခင် တညနဲ့ မနက်ထ ဝမ်းခြူပေး၊ ခါးထုံဆေးနဲ့ ခွဲပါတယ်။ ခွဲပြီးစမှာ ကရိကထတော့ များမယ်။ ၂-၃ ရက် ရာဘာပိုက် တခု ထည့်ထား ပေးပါမယ်။ လေလည်နိုင်အောင်ပေါ့။ အစာကို ရေ-အရည်၊ နောက် ဆန်ပြုတ်-စွပ်ပြုတ်၊ နောက်မှ ထမင်းစားခိုင်းတယ်။ ဝမ်းမဖြစ်အောင် ဆင်ခြင်ခိုင်းတာပါ။ နေ့တိုင်း ဆေးထည့်ပေးမယ်။ ကောင်းသွားပါလိမ့်မယ်။ အခြေခံရောဂါရှိရင်လည်း ကုရပါတယ်။
Fibrin glue injection ဆိုတဲ့ ဆေးထိုးကုနည်းလည်း သုံးလာကြတယ်။ Fistula plug က အဲဒါကို ပိုဆန်းသစ်ထားတဲ့ နည်းပါ။ ၈ဝ% အောင်မြင်တယ်လို့ ဆိုပါတယ်။ Endorectal advancement flap နည်းက အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal Fistula Plug နည်းကတော့ အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။
“မုဆိုး စိုင်သင်” ဆရာဝန်တွေလည်း အကောင်းဆုံး ထင်တာနဲ့ ကုပေး၊ ပိုကောင်းတာတွေ့ရင် ပြင်ကြရပါတယ်။
Dr. တင့်ဆွေ
၉-၉-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
