ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, September 8, 2010

Gallbladder သည်းခြေအိတ်

7 Sep 10, 13:01
Q: သည်းခြေအကြောင်း သိချင်ပါတယ်။ လူတယောက်အတွက် သည်းခြေဟာ အတော်ကို အရေးပါပါသလား။ သည်းခြေ ထုတ်ရမဲ့ အခြေအနေမျိုးရော ရှိတတ်ပါလား။ ရှိခဲ့ရင် အသက်ရှင်ဖို့ နည်းလမ်း နဲတယ်လို့ ပြောတာ ဟုတ်ပါသလား။

လူတိုင်းမှာ သည်းခြေအိတ် Gallbladder တခုစီ ရှိတယ်။ အသဲ Liver အောက်မှာ ကပ်နေတယ်။ အသဲဆိုတာ ဗိုက်-အပေါ်ခြမ်း၊ ညာဘက်မှာပါ။

မြန်မာနိုင်ငံက ဆေးပညာ-ပါမောက္ခတဦးရဲ့ စာတပုဒ်ကို စိတ်ထိခိုက်စွာ ဖတ်ရဘူးပါတယ်။ “ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်။ အမေးခံရသူက လူနာရဲ့ ဘယ်ဘက် နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့။ ဟဲ့ ဟဲ့- အဲဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်။ သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ။ နောက်ဆုံးနှစ် ဆေးကျောင်းသူက ဖြေပါသတဲ့။”

သည်းခြေအိတ်ဟာ သည်းခြေရည် ပြည့်နေရင် ၁ x ၃ x ၄ လက္မအရွယ် ရှိတယ်။ သည်းခြေရည် Bile ဟာ အစိမ်းရင့်ရောင် ရှိပြီး၊ အလွန်မတန် ခါးတယ်။ အရည်ကို အသဲကနေ ထုတ်ပေးပြီး၊ သည်းခြေအိတ်မှာ လှောင်ထားတာပါ။ လှောင်ထားရင်း ပျစ်ပျစ်လာစေတယ်။ သည်းခြေပြွန်ကလဲ အသဲကလာတဲ့ ပြွန်နဲ့ Y သဏ္ဌာန်၊ လောက်လေးခွပုံ ဆက်နေတာပါ။ သရက်ရွက် ကလာတဲ့ နောက်ပြွန်တခုနဲ့ အဲလိုပုံမျိုးဘဲ ပေါင်းပြီး၊ အူသိမ်ရဲ့ အစဆုံးပိုင်း ကွေးကွေးလေးထဲ ဝင်နေတယ်။ စားလိုက်တဲ့ အစာထဲမှာ ဆီ-အဆီ ပါလာရင် (ဘိုင်းလ်) ထွက်လာပြီး ခြေဖျက်ပေးတယ်။

ကြက်မှာ သည်းခြေအိတ်ပါတာ ဆေးပညာမသင်-မဖတ်ဘူလည်း သိနေကြတယ်။ မိန်ရှင်မတွေက ပိုသိတယ်။ မြင်း၊ သမင်၊ ကြွက် နဲ့ ငှက်တွေမှာတော့ ဒီအင်္ဂါ မပါကြဘူး။

သည်းခြေရောဂါထဲမှာ Gallstone ကျောက်တည်တာက ရှေ့ဆုံးက ဖြစ်ပါတယ်။ ကင်ဆာလည်း ဖြစ်နိုင်တယ်။ Porcelain gallbladder ဆိုတာ (ကယ်လစီယမ်) ထုံးဓါတ်တွေ များလာလို့ ကြွေလိုဖြစ်လာတဲ့ ရောဂါကို ခေါ်တယ်။ အသက် ၄ဝ ကျော်ရင်၊ အထူးသဖြင့် အမျိုးသမီးတွေမှာ ဝရင် ပိုဖြစ်တယ်။ ဒါ့ကြောင့် ဆေးကျောင်းသားတွေ အလွယ် မှတ်နိုင်အောင် Female, fat, forty လို့ သင်ပေးတယ်။ ကျောက်ရှိလာရင် အိတ်က ရောင်လာလို့ နာမယ်။ အသဲရောင်လို့ နာတာနဲ့ မှားတတ်တယ်။ အစာ မကျေသလို ခံစားရမယ်။ ကျောက်က ပြွန်ကို ပိတ်နေရင်လည်း အလွန်ကို နာတယ်။ ခွဲရပါတော့မယ်။

ကျောက်က သေးသေးဆိုရင် အစာအာဟာရနည်းနဲ့ ပျောက်နိုင်တယ်လို့ တခြားဆေးနည်းက ဆိုတယ်။ သူ့နည်းက ရောင်လို့ နာရင် ၂ ရက် ၃ ရက် အစား မစားခိုင်းဘူး။ ရေသာ သောက်ပါတဲ့။ နောက်ရက်ကြမှ အသီးအနှံနဲ့ သစ်သီး ဖျော်ရည် တိုက်တယ်။ သစ်တော့သီးကို ညွှန်းတယ်။ ရောဂတ် (ဒိန်ချဉ်)၊ သံလွင်ဆီ၊ ဒီဆီကနေ သည်းခြေရည်ထွက်အောင် နိုးဆွပေးတယ်။ အရည်အသွေး ကောင်းတဲ့ အသီးအနှံဆီ High quality vegetable oil ကို သည်းခြေရောဂါအတွက် စားသုံးခိုင်းတယ်။ အစာကို နည်းနည်းနဲ့ ခဏခဏ စားသင့်တယ်တဲ့။

သည်းခြေအိတ် ခွဲတယ်ဆိုတာ ခွဲထုတ်တာပါ။ မစိုးရိမ်ပါနဲ့ အသဲက (ဘိုင်းလ်) အရည်ကို ဆက်ထုတ်ပေးပြီး၊ အူသိမ်ထဲ တိုက်ရိုက် ဝင်လာနေအုံးမှာပါ။ သည်းခြေအိတ်ကို ခွဲထုတ်လိုက်ရတာက အူအတက်ခွဲသလို မလိုတာ ထုတ်ရသလို မျိုးတော့ မဟုတ်ပါ။ သတိထားစရာတွေ ရှိပါတယ်။ သည်းခြေအိပ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့ လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ သည်းခြေအိတ် မရှိရင် ဘာဖြစ်နိုင်လဲ၊ အဲလိုလူတွေ ဘာစားရမလဲ သိချင်ရင် “Q and A Cholecystectomy သည်းခြေအိပ် ထုတ်ထားသူ” ကို ဖတ်ပါ။

Gall stone သည်းခြေကျောက် http://dts-medicaleducation.blogspot.com/2010/09/gall-stone.html

Dr. တင်ဆွေ
၈-၉-၂ဝ၁ဝ