Sunday, October 31, 2010

Cockroach Diseases ပိုးဟပ် နဲ့ ရောဂါများ

29 Oct 10, 15:18
ပိုးဟတ်ကြောင့် မည့်သည့် ရောဂါများ ရတတ်ပါသလဲ။
ကမ္ဘာမှာ ပိုးဟပ် ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲ့ သူတို့ အသွင်သဏ္ဌာန်က ပြောင်းသွားတယ်လို့ မရှိဘူး။ မျောက်လိုကနေ လူဆိုတာ ဖြစ်လာတယ်။ ပိုးဟပ် အမျိုးအစား များတယ်။ သြစတေးလျမျိုးက ၉ cm ရှည်ပြီး၊ ၃ဝ grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပရွက်ဆိတ် သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံး ဖြစ်တယ်။ အတောင် အကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မ အထိ ရှိတယ်။ Hissing noise, Chirping noise လို အသံ ထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar က ပိုးဟပ်တွေဘဲ။

အဆုပ်ဆိုတာ မပါဘူး။ အမက တသက်မှာ တခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုတ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့နေရာ ကြိုက်တဲ့ အကောင်လဲ ရှိပါတယ်။

ပိုးဟပ်တွေနဲ့ ဆက်စပ်နေတဲ့ ရောဂါ ခန့်မှန်းခြေ ရောဂါ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လို့ Terminix International က ပိုးမွှားပညာရှင် Stoy Hedges က ပြောထားတယ်။ Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu ပြောတာက ရောဂါတွေ သယ်ဆောင် ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။

ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသဲရောင်၊ Bubonic plague အကြိတ်-ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ သိသာတာက Allergic (အလာဂျီ) နဲ့ Asthma ပန်းနာလူနာ ၅ဝ% က ဒီအကောင်နဲ့ မတည့်ဘူး။

ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက် သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။ ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့ နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်ပေလာစေတယ်။

ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာက Smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antenna နှာမောင်းလို နေရာက လာတာပါ။

ပိုးဟပ်တွေက အသက်ပြင်းတယ် ပြောရမယ်၊ သူတို့ သက်တမ်း ၁ နှစ်သာ ရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်နိုင်တယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော် ခံနိုင်တယ်။ အနုမြူစစ်ပွဲ ဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။

Dr. တင့်ဆွေ
၃၁-၁ဝ-၂ဝ၁ဝ

Friday, October 29, 2010

Sleeping မအိပ်ဘဲနေ အသက်-မရှည်

“မေးပါများ-စကားရ၊ သွားပါများ-ခရီးရောက်၊ မအိပ်မနေ-အသက်ရှည်” ဆိုတာ ဒိသာပါမောက္ခက “အညံ့ဆုံး တပည့်” မောင်ပေါက်ကျိုင်းကို သင်ပေးလိုက်တာပါ။ စာသာ ညံ့တယ် ဘုရင်ဇာတာ ပါတော့ ဘုရင်ဖြစ်လာရော။ အိမ်ထောင်ရေး ကံမကောင်းတော့ ဖေါက်ပြားတဲ့ မိဖုရားနဲ့ ညားတယ်။ မောင်ပေါက်ကျိုင်းဟာ တနေရာမှာ မညံ့ပါ။ “မယားထိ ဓါးကြည့်” မိဖုရားနဲ့ ဖေါက်ပြားဘို့ လာတဲ့ နဂါးကို ဓါးနဲ့ ပိုင်းနိုင်လိုက်တယ်။

ဆရာဝန်တွေကတော့ “အိပ်မှ အသက်ရှည်မယ်” လို့ ပြောချင်တယ်။ “အသက်သာမက မှတ်ဥာဏ်လဲ တိုးစေပါတယ်။” အိပ်ပျော်နေရင် Automatic pilot နဲ့ လေယာဉ်ကို အလိုအလျှောက်စက်နဲ့ ပျံနေသလိုမျိုး ဖြစ်တယ်။ လူတွေ အိပ်တာကို သေခြာ လေ့လာရင် စိတ်ဝင်စားစရာတွေ များလှတယ်။ အိပ်ပျော်သွားရင် ဦးနှောက်ကလဲ အနားယူ နေလိမ့်မယ် ထင်တာ မဟုတ်ပါ။ Rapid Eye Movement (REM) ဆိုတာကို ကြားဘူးနားဝ ရှိကြပါလိမ့်မယ်။ ၁၉၅၃ မှာ ဇီဝကမ္မဗေဒ ပညာရှင် Eugene Aserinsky က စသိလာတာပါ။ အိပ်ပျော်ပေမဲ့ ဦးနှောက် လျှပ်စစ် လှုတ်ရှားမှု လှိုင်းတွေဟာ နိုးနေတုံးကလိုဘဲ ရှိနေတယ်။ လှိုင်းမြန် နဲ့ လှိုင်းနှေးသာ ကွာခြားတာမို့ အိပ်ပျော်နေပေမဲ့ တခုခုတော့ လုပ်နေတယ်ဆိုတာ သိလာရတယ်။

အိပ်စက်တာဟာ လူကို ရုပ်ကျန်းမာအောင် လုပ်ပေးတာမက စိတ်ကိုပါ အလုပ် လုပ်နေစေတယ်။ အိပ်ရင် မှတ်ဥာဏ်ကို တည်ငြိမ်စေတယ်။ မှတ်စရာတွေထဲက အနှစ်ကို ရွေးပြီး၊ ကာလတာရှည် မှတ်မိနေအောင်လဲ လုပ်တယ်။ အဲလို သိမ်းထားတဲ့ စိတ်လှုပ်ရှားစရာ၊ သတိရစရာတွေဟာ အိပ်တာနဲ့ ပိုတောင် ကောင်းစေပါသေးတယ်။ ကြာရင်တော့ ဖြေးဖြေး လျှော့လျှော့ သွားပေမဲ့ အရေးပါတာတွေ ကျန်နေစေပါတယ်။ “နဖူးပေါ်လက်တင် စိတ်ကူးယဉ် ပြီးရင်၊ အိပ်ပျော်အောင် အိပ်ပါလေ။”

အိပ်နေတုံး ဦးနှောက်ထဲက သတင်းအချက်အလက်တွေကို Processing ပြုပြင်-ဆန်းစစ်မှုတွေ လုပ်ပေးယုံမက လိုအပ်ရင် အဖြေပါ ရှာပေးသေးတယ်။ Memory consolidation ခေါ်တဲ့ မှတ်ဥာဏ် စုစည်းမှုကို ဖြစ်စေတာကို ၆ နာရီ အိပ်စက်နိုင်မှ ရစေနိုင်ပါတယ်။ တည မအိပ်ရရင် တညစာ မှတ်ဥာဏ် လျှော့သွားစေနိုင်တယ်။

အိပ်စက်ခြင်းရဲ့ Dynamic Activity လှုတ်ရှားမှုဖြစ်စဉ်ကို အဆင့် ၅ ဆင့်ခွဲတာမှာ အချိန်တဝက်က အဆင့် ၂ မှာ နေတယ်။ REM က နံပါတ် ၅ ဖြစ်ပြီး၊ အိပ်ချိန်ရဲ့ ၂ဝ% ယူတယ်။ ကလေးတွေဆိုရင် ၅ဝ% က REM မှာ ရှိတယ်။ လေ့လာမှုများလို့ပါ။ အဆင့် ၁ က ပြန်နိုးဘို့၊ ပြန်နှိုးဘို့ လွယ်တယ်။ မျက်လုံးက ဖြေးဖြေးလေး လှုတ်ရှားနေတယ်။ တချို့မှာ ကြွက်သားကြုံ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုးလာရင် အာရုံတချို့သာ အမှတ်ရလိမ့်မယ်။ “တရေးနိုးသော် အကြံပေါ်” ဆိုတာ မှန်တယ်။

အဆင့် ၂ ရောက်ရင် မျက်စိလှုတ်ရှားမှု ရပ်သွားပြီး၊ ဦးနှောက်လှိုင်းတွေက နှေးလာတယ်။ အဆင့် ၃ ရောက်ရင် နှေးတဲ့ အထဲမှာ သေးတဲ့ မြန်တဲ့လှိုင်းတွေ ရောနေတယ်။ အဆင့် ၄ မှာ Delta waves ကိန်းဂဏန်း-လှိုင်းတွေ ဖြစ်လာတယ်။ ၃-၄ အဆင့်တွေမှာ အနိုးရခက်ပြီ၊ အိပ်မောကျချိန် ခေါ်တယ်။ မျက်စိလဲ မလှုတ်၊ ကြွက်သားလဲ မလှုတ်ဘူး။ နိုးလာရင် ရုတ်တရက် အထာမကျ ဖြစ်နေမယ်။ အိပ်မောကျနေချိန်မှာ ကလေးတွေ အိပ်ရာထဲ သေးပါတယ်။ ကြောက်စရာ အိပ်မက်ဆိုး၊ ဆောင်းအိပ်မက်မျိုး၊ အိပ်ရင်း လမ်းလျှောက်မျိုး ဖြစ်နိုင်တယ်။

REM ရောက်ရင် အသက်ရှူတာ မြန်တာ၊ မမှန်တာ၊ တိမ်တာ ဖြစ်လာမယ်။ မျက်လုံးက မြန်မြန် ဆန်ဆန် ဟိုဟို ဒီဒီ လှုတ်ရှားမယ်၊ ခြေ-လက် ကြွက်သားတွေက ယာယီ မလှုတ်တော့ဘူး။ နှလုံးခုန်တာ မြန်လာမယ်။ BP သွေးဖိအား တက်လာမယ်။ ယောက်ျားဆိုရင် လိင်အင်္ဂါ သန်မာတတ်တယ်၊ ဒီအဆင့်မှာ နိုးလာရင် အဆီအငေါ်မတည့်တဲ့၊ ရှုတ်ထွေးတဲ့ အိပ်မက်တွေနဲ့ နိုးလာလိမ့်မယ်။ “အိပ်မှုန်စုံမွှား” ဆိုတာမျိုး။

ပဌမ REM က အိပ်ပျော်သွားပြီး ၇ဝ-၉ဝ မိနစ်အကြာဖြစ်တယ်။ လုံးဝအိပ်ပျော်တာက ပျမ်းမျှ ၉ဝ-၁၁ဝ မိနစ် ကြာမယ်။ ပဌမ တရေးမှာ REM အတို၊ နောက် အရှည်ဖြစ်မယ်။ ဆက်အိပ်ရင် ကြာလေလေ ရှည်လေလေ။ မနက်ပိုင်းမှာ Stages 1, 2 နဲ့ REM မှာ အချိန်ကုန်တယ်။ အိပ်တာက မိနစ်ပိုင်းလောက်သာ ဆိုရင် နောက်ဆုံး မိနစ်က အရာတွေကို မမှတ်မိဘူး။ အဲလို အိပ်ပျော်လို့ မမှတ်မိခြင်း Amnesia ဟာ ဖုန်းနဲ့ပြောတာမျိုး၊ ညဥ့်နက်သန်းကောင် ပြောတဲ့ စကားမျိုးတွေကို မေ့နေတယ်။ နာရီနိုးစက် မကြားဘူး။

ဆေးရုံဟာသတခု “သူနာပြု-ဆရာမက လူနာကို နိုးပြီး၊ အိပ်ဆေး တိုက်တယ်” ဆိုတာ ကြားဘူးကြလိမ့်မယ်။ ဆေးဝါး၊ စားတဲ့အစာ နဲ့ ဦးနှောက်ထဲက Neurotransmitter signals အချက်အလက်တွေကနေ အိပ်တာ၊ နိုးတာတွေ အပေါ်ကို လွှမ်းမိုးတယ်။ ကော်ဖီလို Caffeinated drinks နဲ့ Diet pills ခေါ်တဲ့ ပိန်ဆေး၊ နောက်ပြီး Decongestants အလာဂျီဆေး တွေကြောင့် Insomnia အိပ်မရတာ ဖြစ်စေတယ်။ စိတ်မကျဆေး Antidepressants အတော်များများကနေ REM sleep ကို နှိမ်စေတယ်။

ဆေးလိပ် စွဲသူတွေ အိပ်တာ နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲ REM sleep ကိုလဲ နဲစေတယ်။ Nicotine withdrawal ကြောင့် ၃-၄ နာရီနဲ့ ပြန်နိုးတယ်။ အရက်သောက်သူများ၊ တရေးနိုးလို့ အရက်နဲ့ ပြန်အိပ်နိုင်အောင် Night cap ညတခွက် ထပ်သောက်ပြီး ကျိုးစားရင် ခပ်ပေါ့ပေါ့တော့ အိပ်ပျော်စေမယ်။ ဒါက REM နဲ့ Deeper stages ထဲကနေ ခိုးယူလိုက်တာပါ။

REM အဆင့်မှာ ကိုယ်အပူချိန်ကို သမမျှတအောင် သိပ်မလုပ်နိုင်လို့ ပူချင် ပူ၊ အေးချင် အေးနေမယ်။ Anesthesia မေ့ဆေး ပေးထားသူ၊ Coma သိလစ်နေသူတွေဟာာ နိုးနေသလိုဖြစ်တယ်။ သူတို့ကို နိုးလိုက်လို့ မရဘူး၊ ပုမှန် အိပ်စက်မှုမျိုးလို များပြား-တက်ကြွတဲ့ ဦးနှောက်လှိုင်းမျိုး မရှိဘူး။ သိပ်နှေး၊ သိပ်အားနည်းပြီး မသိသာဘူး။

ပုံစံတကျ အိပ်စက်တာမျိုးမှာ အိပ်မက်မက်နေတာ ၂ နာရီ ကြာတတ်တယ်။ ပညာရှင်တွေတောင်မှ အိပ်မက်ကို သိပ် နားမလည် ကြသေးဘူး။ အိပ်မက်ဆိုတာ ဦးနှောက် ရဲ့ (ကောတက်စ်) ကနေ REM မှာ အဆီအငေါ်မတည့် လာနေတဲ့ ပို့လွှတ်မှုတွေကို အဓိပ္ပါယ်ဖေါ်ဘို့ ကျိုးစားတာလို့ ယူဆတယ်။ Sigmund Freud ပြောတာက အိပ်မက် ဆိုတာ Unconscious desires သတိလက်လွှတ် မဖြစ်စေဘို့ Safety valve လုံခြုံမှုပေးတဲ့ အဆို့ရှင်ပါတဲ့။

REM ဆိုတာက ဦးနှောက်ရဲ့ အောက်နားမှာရှိတဲ့ Pons ဆိုတဲ့နေရာက အချက်ပြ Signals တွေ ပေးတာကနေ စတယ်။ ဒိနောက် Thalamus ဆိုတာကနေ သင်ကြား တတ်မြောက်မှု၊ တွေးခေါ်မှု၊ အစီအစဉ်ကျအောင် လုပ်တတ်မှုတွေကို လုပ်ပေးတဲ့ Cerebral cortex ကို ရောက်လာတယ်။ တချိန်ထဲမှာ Spinal cord ကနေလာတဲ့ အချက်ပေးမှုတွေကို Pons ကနေ တန့်ပေးထားလို့ ခြေတွေ၊ လက်တွေ ယာယီ မလှုတ်နိုင်မရှားနိုင်တဲ့ Paralysis လေဖြတ်သလို ဖြစ်စေတယ်။ ဒီအခြေအနေမှာ နှောင့်ယှက်မှု လုပ်လိုက်ရင် ပုံမှန် မဟုတ်တာ ဖြစ်လာစေမယ်။ REM sleep behavior disorder လို့ ခေါ်တယ်။ အိပ်မက်ထဲကဟာကို ဆက်လုပ်နေပါလိမ့်မယ်။

အိပ်စက်တာနဲ့ ရောဂါ ဆက်စပ်တာတွေ ရှိတယ်။ ဥပမာ Stroke နှလုံးရောဂါ နဲ့ ပန်းနာတွေက ညပိုင်းတို့ မနက်ထတို့မှာ အဖြစ်များတယ်။ အိပ်တာဟာ Epilepsy အတက်ရောဂါကိုပါ တမျိုးတမည် ဖြစ်စေနိုင်တယ်။ REM က တက်မှာကို ကာကွယ်ရာ ကျစေတယ်။ အိပ်စေတာကို ဖြစ်စေတဲ့ အာရုံကြောအစုအဝေး Neurons က ခုခံအားစနစ်နဲ့ ဆက်နေတယ်။ တုပ်ကွေး ဖြစ်သူတွေ ပိုအိပ်ချင်တာက အိပ်နေရင် ခုခံနိုင်စွမ်း ပိုစေတယ်လို့ ယူဆနိုင်တယ်။ အိပ်နေရင် (အင်နာဂျီ) မကုန်စေဘူး။ Depression and Schizophrenia စိတ်ဝဒနာသည်တွေက အအိပ်ပျက်ကြတယ်။ အအိပ်ပျက်များသူတွေမှာ Paranoia ကြောက်စိတ်၊ လန့်စိတ်၊ Hallucinations mania သူများ မမြင်-မကြားတာတွေ အပေါ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာစေနိုင်တယ်။

စာတပုဒ် ဖတ်ပြီးတဲ့နောက် ဆက်ပြီး အချက်အလက်တွေကို စုစည်း ခိုင်မာအောင် လုပ်တာမျိုးက မသိစိတ်ကနေ လုပ်ပေးတာပါ။ စာဖတ်နေတုံးကထက် ပိုသေးတယ်။ ဒါကို Tip-of-the-tongue phenomenon ခေါ်တယ်။ ဆိုပါစို့ ရုပ်ရှင် ကြည့်ပြီးပြီးချင်း ပြန်အမှတ် မဖေါ်နိုင်တာကို ခဏကြာရင် ဗြုံးကနဲ ဖေါ်နိုင်လာတယ်။ ရေထဲ ခဲတလုံး ပြစ်ချလိုက်သလို ချပြီးတဲ့ နောက်လဲ ဆက်ဖြစ်နေတာမျိုးလိုဘဲ။ ညမအိပ်ခင် စာတွေ ဘယ်လောက် ကျက်ထားထား မအိပ်ဘဲ၊ စာမေးပွဲ သွားဖြေရင်တော့ မမှတ်မိတာ များလိမ့်မယ်။

REM sleep ကနေ Learning လေ့လာမှုကို လှုံ့ဆော်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့လာမှုတင် မကဘူး၊ ကျွမ်းကျင်မှုကိုပါ သက်ရောက်စေသေးတယ်။ အားကစားသမားတွေ၊ စန္ဒယားတီးခတ်သူတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ (ဗီဒီယို-ဂိမ်း) စွဲသူတွေ အိပ်လိုက်ရမှ သူတို့ရဲ့ ပညာတွေဟာ ပိုပြီး ကျွမ်းကျင်လာစေတယ်။ တိတိကျကျ ပြောရရင် ၃၃့၅% ပိုလာ စေတယ်၊ မှားတာလဲ ၃ဝ% နည်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတခုက ဆိုတယ်။ ဒါကို ဆက်စဉ်းစားရင် Learning လေ့လာမှု ဆိုတာ Practicing လေ့ကျင့်မှု ရပ်ထားပေမဲ့ ဆက်လုပ်နေသေးတယ်။

နေ့ခင်းမှာ လေ့လာတာတွေ၊ စိတ်ကူးတာတွေ ရှိမှသာ အိပ်စက်တာကနေ ထူခြား-တိုးတက်မှုတွေ လုပ်ပေးနိုင်ပါတယ်။ “ကာလနဂါး” လိုသာ အိပ်နေရင်တော့ အကျိုးထူးမှာ မဟုတ်ပါ။

Dr. တင့်ဆွေ
၂၉-၁ဝ-၂ဝ၁ဝ

Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ

29 Oct 10, 09:32
ဆရာရှင့် ဆေးပြင်းတွေ သောက်ရင် ကျောက်ကပ် ပျက်စီးတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန် တားဆေးတွေ ကရော ကျောက်ကပ်ကို ပျက်စီးစေပါသလား။ ပြီးတော့ ဘယ်လိုအကြောင်းတွေက ကျောက်ကပ်ကို ပျက်စီးစေပါသလဲရှင့်။

ဆေးမှန်သမျှ ဘေးထွက်-ဆိုးကျိုး အမျိုးမျိုးရှိတယ်။ သက်ရောက်မှု၊ ထိခိုက်မှုနေရာတွေ မတူကြဘူး။ ကျောက်ကပ်တခုထဲ ကွက်ပြီး ရေးပါမယ်။

နှလုံး၊ အသဲ၊ ကျောက်ကပ် မကောင်းတော့တာကို ဆေးစာလို ပြောရင် Failure “ကျရှုံးသွားတယ်” လို့ ပြောပါတယ်။ ကျောက်ကပ် ဘာလို့ ကျရှုံးသလဲ။
1. Nephrons ခေါ်တဲ့ Filtering capacity စစ်ထုတ်တာ လုပ်ပေးတဲ့နေရာကို သွားထိခိုက်လို့ ဖြစ်ရတယ်။ အမြန်အဆန် ဖြစ်တာက Injury ထိခိုက်လို့၊ Poisoning အဆိပ်သင့်လို့ ဖြစ်တယ်။ ဖြေးဖြေးဖြစ်တာက Diabetes ဆီးချို နဲ့ High blood pressure သွေးတိုးရောဂါတွေ ဖြစ်တယ်။ သွေးတိုးကျ ဆေးတွေထဲက ACE inhibitors and ARBs ဆေးအုပ်စုတွေက ကျောက်ကပ်ကို တခြားဆေးတွေထက် အကာအကွယ်ပေးနိုင်တယ်။ မျိုးရိုး လိုက်တတ်တာလဲ မှတ်သားမိတယ်။
2. Glomerular Diseases ခေါ်တဲ့ ရောဂါတွေကြောင့်လဲ ကျောက်ကပ် ပျက်စီးစေနိုင်တယ်။
a. Autoimmune diseases,
b. Infection-related diseases, and
c. Sclerotic diseases တွေပါတယ်။
ကျောက်ကပ်ထဲက သွေးကြော သေးသေး လေးတွေ စုဝေးနေတဲ့နေရာကို ထိတာပါ။ ဆီးစစ်ရင် ဆီးထဲမှာ Proteinuria အနယ်ပါနေမယ်။ Hematuria သွေး ပါနေမယ်။ ဒီရောဂါကို ကုတဲ့အခါ Immunosuppressive drugs or Steroids တွေပေးရပြန်တယ်။
3. Inherited and Congenital Kidney Diseases မွေးရာပါ၊ မျိုးဗီဇကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေလဲ ကျောက်ကပ် ပျက်စီးစေတဲ့ရောဂါတွေထဲမှာ ပါတယ်။ ဥပမာ Polycystic kidney disease (PKD) ရောဂါ။

Immunosuppressive drugs ဆိုတဲ့ ရောဂါပြီးစနစ်ကို သက်ရောက်စေတဲ့ ဆေးအမျိုးအစားကလဲ ကျောက်ကပ်ကို ထိတယ်။ Glucocorticoids, Cytostatics, Antibodies, Drugs acting on immunophilins တွေနဲ့ တခြား ဆေးတွေ ဖြစ်တယ်။ ဒီဆေးမျိုးတွေက ကျောက်ကပ်၊ နှလုံး၊ အသဲ၊ ရိုးတွင်းခြင်ဆီ လဲရသူတွေကို ပေးတာပါ။ နောက်ပြီး Rheumatoid arthritis, Multiple sclerosis, Myasthenia gravis, Systemic Lupus Erythematosus, Crohn's disease, Pemphigus, Ulcerative colitis ဆိုတဲ့ ရောဂါတွေ အတွက် ပေးတယ်။ နာတာရှည် အလာဂျီနဲ့ ဆက်နေတဲ့ ပန်းနာရောဂါမှာလဲ သုံးတတ်တယ်။

မူးယစ်ဆေးတွေဖြစ်တဲ့ Heroin, Inhalants, MDMA, PCP တွေသုံးရင်တော့ သိသာတယ်။ ကျောက်ကပ် ကောင်းကောင်း ဖွံ့ထွားမှု မရှိသေးတဲ့ ကလေးငယ်တွေမှာ Vasoactive or Diuretic drugs (Furosemide) ဆိုတဲ့ ဆီးသွားစေမဲ့ဆေးတွေ ကလေး ပေးရင်ဖြစ်ဖြစ် မအေကနေတဆင့် ရတာဖြစ်ဖြစ်၊ Postnatal anuria ဆိုတဲ့ ဆီးမသွားရောဂါအထိ ရစေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေက ကျောက်ကပ်ကို ထိခိုက်စေတယ်လို့ မှတ်မှတ်သားသား မရှိပါ။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ ဆေးတွေထဲမှာ ကျောက်ကပ်ကို ထိခိုက်တာတွေ ပါတယ်။ ဆရာဝန်ကနေ ညွှန်းမှ ဝယ်ရတာတွေထဲမှာလဲ ပါတယ်။
• Diclofenac အနာ-အကိုက်ပျောက်ဆေး၊
• Furosemide or Frusemide (Lasix) ဆီးအတင်းသွားစေတဲ့ဆေး၊
• Amicip, Amikacin sulphate, Amikacin, Amoxicillin, Ampicillin, Carbenicillin, Cloxacillin, Colistin, Dicloxacillin, Gentamicin, Gentamicin, Kanamycin, Nafcillin, Neomycin, Neomycin, Netilmicin, Oxacillin, Penicillin G, Penicillin V, Piperacillin, Polymyxin B, Streptomycin, Streptomycin, Ticarcillin, Tobramycin ပဋိဇီဝဆေးတွေ
• Cox Kit တီဘီဆေး၊

အများသိ၊ အမြဲသောက် ဆေးတွေထဲက အနာ-အကိုက်-အဖျား သက်သာဆေး Pain killers တွေကို သတိထား စေချင်တယ်။ Non-Steroidal Antiinflammatory Drugs (NSAID) လို့ ခေါ်တယ်။
1. ကျောက်ကပ်ထဲ ဝင်တဲ့ သွေး စီးဆင်းမှု၊
2. စစ်ယူပေးနှုန်း၊
3. (ဆိုဒီယမ်) နဲ့ (ပိုတက်စီယမ်) တွေ စွန့်ထုတ်ပေးမှု၊ ဆိုတာတွေအပေါ် သက်ရောက်စေတယ်။

သက်ကြီးလူနာ ၇၅ ယောက်ကို Paracetamol 1000 mg IV ထိုးပြီးစမ်းသပ်လို့ ပြောနိုင်တာပါ။ အဆိုးကြီးတော့ မဟုတ်ပါ။
နဂိုအခံကိုက ကျောက်ကပ် မကောင်းသူတွေမှာသာ ပိုသိသာတယ်။ ကိုယ်ရောင်တာ၊ အရည်တွေ အောင်းနေတာ ဖြစ်လာတယ်။ မသိသာလှပါဘူး ၅% လောက်သာ မျက်စိနဲ့ မြင်ရတယ်။ ဆေးဖြတ်လိုက်ရင် ပြန်ကောင်းပါတယ်။

လိုတော့လဲ “ဆေးခါးကြီး” သောက်ကြရတာဘဲ မဟုတ်ပါလား။

Dr. တင့်ဆွေ
၂၉-၁ဝ-၂ဝ၁ဝ

Tuesday, October 19, 2010

Chikungunya ဆင်ဖြူတော် တုပ်ကွေး

နာမယ် အခေါ်က တကျောင်း-တဂါထာ၊ စာလုံးပေါင်းရတာကလဲ တရွာ-တပုဒ်ဆန်း၊ အသံကလည်း မှန်းထွက်ရတဲ့ တုပ်ကွေး ရောဂါ။ (မြန်မာတိုင်းမ်) ကတော့ “ဂျပန်တုပ်ကွေး” သုံးတယ်။ အိန္ဒိယက Times of India ၁၉-၁ဝ-၂ဝ၁ဝ သတင်းစာရဲ့ ကျန်းမာရေး သတိပေးချက်မှာ မျောက်ပုံနဲ့ ဖေါ်ပြပြန်သေးတယ်။ ရေဒီယိုတွေကရော၊ မြန်မာလိုရေးကြတဲ့ ဆိုဒ်တွေကပါ အများဆုံး သုံးနေကြတာကတော့ “ဆင်တုပ်ကွေး” တဲ့။ အများညီရင် “ဤ” ကို “ကျွဲ” လို့ ဖတ်ကြတယ် မဟုတ်လား။ ဒီစာဖတ်ပြီး “ကျွဲတုပ်ကွေး” လို့တော့ မလုပ်လိုက်ကြပါနဲ့။

အင်္ဂလိပ်လို Chickungunya လို့ အမှတ်မထင် မှားပေါင်းထားတာ ဖတ်ရသေးတယ်။ အပြစ်တင်ဘို့ မရှိပါ။ အင်္ဂလိပ် စကားလုံးလည်း မဟုတ်ဘူး။ အသံထွက်လဲ သူတို့လို မှန်အောင်ထွက်ဘို့ မလွယ်ဘူး။ အင်္ဂလိပ်တွေကလဲ ဗမာတွေလို ပါဘဲ၊ ကိုယ်နဲ့ အဆင်ပြေတာ လုပ်တာပါဘဲ Chicken guinea လို့မှားကြသလို အခု CHIKV လို့ အလွယ်ခေါ် ခေါ်နေကြတယ်။

(မြန်မာတိုင်းမ်) သတင်းခေါင်းစဉ်မှာ “ချီကန်ကင်ညာ” လို့ ဖတ်ရပြန်တော့ စကားလုံးရဲ့ (အောရီဂျင်နယ်လ်) နဲ့ဆို အထင် မှားဦးမယ်။ Chikungunya ဆိုတာ (တန်ဇန်နီးယား) အရှေ့တောင်ပိုင်း နဲ့ (မိုဇမ်ဘစ်) မြောက်ပိုင်းနေ လူတွေသုံးတဲ့ Makonde စကားဖြစ်ပါသတဲ့။ Kenya (ကင်ညာ) ရဲ့တောင်ဘက်ကျပါတယ်။ ၁၉၅၂ တုံးက အဲဒီ တောင်ကုန်းလွင်ပြင်မှာ ကူးစက်-ရောဂါ စခဲ့ရာကနေ ဒီနာမည်ရခဲ့တယ်။

ဘယ်လိုခေါ်ခေါ်၊ ဘယ်လိုထွက်ထွက်၊ ဘယ်လိုပေါင်းပေါင်း ရောဂါအကြောင်းကတော့ လွဲမရပါ။ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ ခြင်ကနေကူးတယ်။ တိတိကျကျပြောရရင် Alphavirus နဲ့ Aedes mosquitoes ခြင်တွေဖြစ်တယ်။ သွေးလွန်-တုပ်ကွေးနဲ့ ဆင်တယ်။ “ဒါ့ကြောင့် ဆင်-တုပ်ကွေး လုပ်ကြသလားမသိ။” ခေတ်မီအောင် “ဆင်ဖြူတော် တုပ်ကွေး” ခေါ်လိုက်မယ်။

ပိုးရှိတဲ့ခြင် အကိုက်ခံရပြီးနောက် ၂-၅ ရက်အတွင်း ဖျားမယ်။ အဖျား ဒီဂရီ ၁ဝ၂ အထိ တက်နိုင်တယ်။ (ဆဲလ်စီယပ်စ်) နဲ့ ဆိုရင် ၄ဝ ဒီဂရီပေါ့။ ကိုယ်လက် ကိုက်ခဲတယ်။ အဆစ်တွေနာတာ ထူးခြားတယ်။ သွေးလွန်-တုပ်ကွေးနဲ့ ဆင်တာက Petechial, Maculopapular rash သွေးခြည်ဥ နဲ့ အနီပြင် ထွက်တတ်လို့။ တချို့ ခေါင်းကိုက်နိုင်တယ်၊ မျက်စိနာနိုင်တယ်၊ အားယုတ်နိုင်တယ်၊ ပျို့-အန်ချင်မယ်၊ အိပ်မရတာ ဖြစ်နိုင်တယ်။ ၂ ရက်ဆိုရင် အဖျားကျပြီ။ ၅-၇ ရက်ဆို ပျောက်ပါပြီ။ အဖျားပျောက်တဲ့ နောက်မှာပါ အဆစ်က ဆက်နာနေ သေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ကိုယ်ဝန်မှာဖြစ်လဲ ပြဿနာ ထူးမဖြစ်ပါ။

ကျန်းမာရေးဌာနအတွက် Serological tests သွေးစစ်ပြီး ဗိုင်းရပ်စ် ဟုတ်မဟုတ် လုပ်ရသေးတယ်။ မကူးအောင်က ခြင်မကိုက်အောင်သာ ဂရုစိုက်ရတာပါ။ ဆေးကုရတာ လက္ခဏာ သက်သာဆေးသာ ရှိတယ်။ ကာကွယ်ဆေး မရှိသေးပါ။ ငယ်သူတွေက နာလံထတာ မြန်ပါတယ်။

Chikungunya ဗိုင်းရပ်စ်ကို Biological weapon ဇီဝပိုးမွှား လက်နက်အနေနဲ့ စမ်းသပ်မှုတွေ လုပ်ဖူးတယ်။ အရင်ကပါ။

Dr. တင့်ဆွေ
၁၉-၁ဝ-၂ဝ၁ဝ

Friday, October 15, 2010

Keloid အရုပ်ဆိုးတဲ့ အမာရွတ်

October 14, 2010 6:25 PM
Q: ကျနော့်မှာ ရင်ဘက် နို့နှစ်ခုရဲ့ အလယ် အထက်နားမှာ အမာရွတ်တစ်ခု ရှိပါတယ်။ ကျနော် မမှတ်မိခင် အချိန် ကတည်းက အနာပေါက်ပြီး အမာရွတ် ကျန်ခဲ့တာလို့ အမေကပြောပါတယ်။ အခုကျနော်အသက် ၂၅ ရှိပါပြီ။ အနာရွတ်က တဖြေးဖြေး ကြီးလားတယ်။ တခါတလေကျရင် နာသလိုခံစားရတယ်။ ပေါင်မှာလည်း အနာရွတ် တခုရှိတယ်။ အဲတာက ဘာမှ မပြောင်းလဲဘူး။ ရင်ဘက်ကဟာက ကြီးလာတယ်။ အရင်တုံးက တစ်လက်မတောင် မရှိဘူး။ အခုဆိုရင် နှစ်လက်မ လောက် ရှိတယ်။ အနာရွတ်က ဖေါင်းကြွနေတော့ ဘယ်လိုမှ ကြည့်မကောင်းဘူး ဖြစ်နေတယ်။ အန္တရာယ်ရှိလား။ ကင်ဆာလိုဖြစ်မှာ ကြောက်တာ။ ပြီးတော့ အမာရွတ်ကို ခွဲစိတ် ထုတ်လိုက်လို့ ရလား။ ဖြစ်နိုင်ရင် ခွဲစိတ်ထုတ်လိုက်ချင်တယ်။

A: မှန်းကြည့်ပြီး ပြောပါ့မယ်။ Keloid ဆိုတာ ဖြစ်နေမယ်။ စာခေါင်းစဉ်ကို “အရုပ်ဆိုးတဲ့ အမာရွတ်” လို့ တပ်ထားတော့ အမာရွတ်မှာ လှတာကော ရှိလားမေးလိမ့်မယ်။ Indiana Jones ထဲက မင်းသား Harrison Ford ကြည့်မလား၊ Cleopatra မင်းသမီး Elizabeth Taylor လည်ပင်းမှာ အမာရွတ်ပါတယ်၊ Catherine Zeta-Jones သတိထားမိလား ဘယက်ဖြစ်ဖြစ်၊ လည်စည်း ဖြစ်ဖြစ် စီးထားတာ လည်ပင်းမှာ ဒေါင်လိုက် အမာရွတ် ရှိလို့ပါ။ Sandra Bullock, Sharon Stone အကုန်လုံး အချော အလှတွေ မဟုတ်ပါလား။

အနာတခု ကျက်ရင် အမာရွတ် ဖြစ်တယ်။ အမာရွတ်မှာ Collagen ဆိုတာပါတယ် သူ လိုတာထက် ပိုများနေတာပါ။ ကြည့်ရင် အထက်ပိုကြွနေတယ်၊ တောက်ပြောင်နေမယ်။ အရောင်ကနေ နီညိုညိုရှိမယ်၊ ရာဘာခဲလို မာတင်းတင်း ရှိတယ်။ မျက်နှာပြင် မချောပါ။ ကင်ဆာ-မဟုတ်တဲ့ အကြိတ်အုပ်စုဝင် ဖြစ်တယ်။ မကူးစက်နိုင်ဘူး။ နာနိုင်တယ်၊ ယားနိုင်တယ်။ ဒီဘက် နားမှာ ဖြစ်ပေမဲ့ ဟိုဘက် နားမှာ လာမဖြစ်ပြန်ပါ။

Hypertrophic scar ဆိုတဲ့ အရောင် ပိုရင့် နေတဲ့ ရိုးရိုး အမာရွတ်နဲ့ ခွဲခြားရမယ်။ ရိုးရိုးဆိုတာမျိုးက အနာနေရာထက် ဘေးကို ပိုကျယ်မနေဘူး။ ဒီအကောင်က ဘေးကို ပိုရောက်ရောက်လာတယ်။

ဘာလို့ ဖြစ်တာလဲ။ သူများတွေတော့ မပြောတတ်ဘူး၊ ဆရာဝန်တွေ သိပ်နားမလည်သေးပါ။ ကျား-မ ဆတူ ဖြစ်တယ်။ အသက် သိပ်ငယ်သူတွေနဲ့ လူအိုတွေမှာ အဖြစ်နဲတယ်။ အသား သိပ်မဖြူသူတွေ ပိုဖြစ်တယ်။ အမျိုးထဲ တယောက်ထဲ မဖြစ်တာ တွေ့ရတယ်။ အဖြစ်များနေရာတွေက ရင်ပတ်၊ ကျော၊ ပခုံး၊ နား၊ တင်ပါး၊ မျက်နှာမှာ မေးရိုးကလွဲရင် သိပ်မဖြစ်ပါ။

ဆေးကုရတာ မလွယ်တဲ့ အစားထဲမှာ ပါတယ်။
• lntra-lesional corticosteroids (ကီးလွိုက်) ထဲ (စတီရွိုက်) ဆေးထိုးနည်းပါ။ ၇ဝ% လောက်က အကျိုးရှိတယ်။ ပြန်ဖြစ်တာလဲ ၅ဝ% လောက်ရှိပါတယ်။
• Excision ခွဲထုတ်နည်းကိုလည်း ဆေးထိုးနည်းမရတာကို စမ်းသင့်တယ်။ Triamcinolone or Interferon injections ထိုးဆေး တခုခုကို မခွဲခင်၊ ခွဲနေတုံးနဲ့ ခွဲအပြီးမှာ ပေးသင့်ပါတယ်။
• Silicone gel sheeting နည်းကိုတော့ ယားလို့၊ နာလို့ဆိုတဲ့ ခံစားနေရတာ သက်သာဘို့အတွက် သုံးနိုင်တယ်။
• Cryosurgery ဆိုတဲ့ အေးခဲနည်းနဲ့ ကုတာလဲ ရှိပါတယ်။ ဒီနည်းက အရောင်ပျော့သွားတာ ဖြစ်လာတတ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလည်း လုပ်ပါတယ်။ ခွဲပြီးမှ ဆက်လုပ်တာလဲ ရှိတယ်။
• Pulsed dye laser လေဆာနည်းလဲ ရှိတယ်။
• Interferon ဆိုတာ ကိုယ်ခန္ဓာကနေ ရောဂါပိုးတွေကို ခံတိုက်တဲ့ ရောဂါပြီးစနစ်က ထုတ်ပေးနေတဲ့ (ပရိုတင်း) တမျိုးပါ။ ဒီဆေးမျိုးလဲ ထိုးတယ်။
• Fluorouracil Injections ထိုးဆေးနည်း။

အလှအပတွက် Body piercing ကွင်းတပ်သူများ သတိထားပါ။ တနေရာမှာ (ကီးလွိုက်) ရှိနေသူဟာ ခွဲတာ-စိတ်တာ လုပ်စရာ ရှိရင် ရှောင်လို့ဖြစ်ရင် ရှောင်သင့်ပါတယ်။

Dr. တင့်ဆွေ
၁၆-၁ဝ-၂ဝ၁ဝ

Aerotitus အမြင့်ပျံ နားများ

Oct 14, 2010 at 9:49 AM
Q: ဆရာရှင့် လေယာဉ်စီးတိုင်း နားကိုက်တတ်ပါတယ်။ အရင်ကဆို ပိုဆိုးပါတယ်။ စစီးပြီး သိပ်မကြာခင် နားအတွင်းထဲက ကိုက်ပါတယ်။ နားထဲ နားကြပ်ထဲ့ထားပြီး သီချင်းနားထောင်ရင် နည်းနည်းသက်သာသလို ခံစားရပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ လေယာဉ်ဆင်းတဲ့အချိန်ဆို အရမ်းကိုက်ပါတယ်။ ကျန်တဲ့အချိန်နားနဲ့ ပါတ်သက်ပြီး ဘာမှ မဖြစ်ပါဘူး။ လေယာဉ်ဆင်းရင် အရမ်းနာလာပြီး ပေါက်များထွက်မလား ထင်ရပါတယ်။ အသက်က ၂ဝပါ။ သွေးအားတော့ နည်းပါတယ် ၉ဝ-၆ဝ လောက်ပုံမှန်ပါ။

A: သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်ရင် ဒါမှမဟုတ် ဝတ္ထုဖတ်ရင် “ရေထဲမငုပ်ခင် ငါ့နား အသားကျအောင် စောင့်ရအုံးမယ်။” ဆိုတာမျိုး ကြားဘူး-ဖတ်ဘူးကြမယ် ထင်တယ်။ လေယာဉ်စီးလို့ ဖြစ်တာက ပိုများပါတယ်။ တောင်ပေါ်ခရီး ကားစီး- ကားမောင်း သူတိုင်းလဲ ဖြစ်ကြတယ်။ အထက်ရောက်လေလေ နားထဲမှာ ကလိကလိ-တကျိကျိ ဖြစ်လာလေ။ အမြင့်တက်ရင် Pop ဖြစ်တာ လူတိုင်းပါ။ ဆင်းတော့လဲ တခါ ဖြစ်တာဘဲ။ အထက်ရောက်ပြီးရင် ပြန်မဆင်းချင်သူတွေမှာ ဒီရောဂါ ရှိကြပုံမရဘူး ထင်တယ်။

နားထဲမှာ လေဖိအား ပြောင်းလာလို့ ဖြစ်ပါတယ်။ နား (၃) ခန်းရှိတာမှာ အလယ်ခန်းက နှာခေါင်းရဲ့ နောက်ဖက်နဲ့ ဆက်နေတယ်။ Eustachian Tube ဆိုတဲ့ ပြွန်လေးနဲ့ပါ။ သူကနေ လေဖိအားကို သမမျှတနေအောင် လုပ်ပေးတဲ့အခါ နားပွင့်သွားတဲ့ အသံလေး ကြားရ-သိရတာ ဖြစ်တယ်။ နားအူလာရင် တခုခုကို မျိုချတာနဲ့ click or popping sound ကြားလာတယ်။ လေယာဉ်မယ်တွေ ဝေတဲ့ ချိုချဉ်-သကြားလုံးကို ဆေးလုံးလို့ မှတ်ယူပါလေ။

ခရီးသည်ရော၊ လေယာဉ်မယ်ရော (ပိုင်းလော့) တွေပါ ခံစားကြတာက “အမြင့်ပျံ-အနာများ” ဖြစ်ပါတယ်။ နာတာက နား နဲ့ သွားတွေပါ။ လေယာဉ် Cabin ထဲက ဖိအားပြောင်းလာနေလို့ ဖြစ်ပါတယ်။ နားမှာဖြစ်သူ နာယုံမက နားမကြားတော့ဘူး။ အမြင့်ပျံရင်း သွားနာတာကို Barodontalgia လို့ ခေါ်ပါတယ်။ ခရီးသည်တွေထက် (ပိုင်းလော့) တွေမှာ ပိုဖြစ်တယ်။

တချို့က အတက်၊ တချို့အဆင်းမှာ နားနာကြတာကို Aerotitus လို့ ခေါ်တယ်။ ၃ ယောက်မှာ ၁ ယောက် ဖြစ်တတ်တယ်။ Eustachian Tube မှာ တခုခု ဖြစ်နေသူတွေ ပိုဆိုးမယ်။ ငယ်ကတုံးက နားရောဂါ ရှိခဲ့ဘူးသူတွေမှာ ပိုဖြစ်တတ်တယ်။ Ear infection, Sinus infection ပြောတာပါ။ လေက နားထဲကနေ ပြွန်ကတဆင့် ထွက်လမ်း ကျဉ်း-ပိတ် နေတော့ ဖိအားတွေ များလေလေ၊ နာလေလေ ခံစားရတယ်။ အတက်ကြ အပြင်ဘက်၊ အဆင်းမှာ အတွင်းဘက်ကို တွန်းဖိနေတယ်။

ဘာလုပ်ရမလဲ။ နားမကောင်း၊ အလာဂျီရ၊ ဆိုင်းနပ်စ် ဖြစ်နေရင် လေယာဉ် မစီးသေးပါနဲ့။

မဖြစ်မနေ သွားရမယ်ဆိုရင် -
• Decongestant ဆေးသုံးပါ။ ခရီးမထွက်ခင် ၆ နာရီခြား၊ တရက်အနည်းဆုံး ကြိုသောက်ထားပါ။
• လေယာဉ်ပေါ်ရောက်တာနဲ့ Nasal decongestant spray ကို နားထဲ ပန်းထည့်နိုင်ပါ။ အဲ့ ဆေးဆိုတာကို Security တွေ သဘောပေါက်အောင်တော့ ရှင်းပြရလိမ့်မယ်။ 9/11 နဲ့ 911 က အမျိုးတော်တာကိုး။
• နောက်ပြီး (ပရီမီယာ-လိခ်) ဘောလုံးပွဲက ဆရာကြီးတွေလို Chewing gum အဆက်မပြတ် ဝါးနေပါလေ။
• လေယာဉ် မဆင်းခင် နာရီဝက်မှာ တခါ Nasal spray ကို ၄ မိနစ်တကြိမ် ပန်းပါအုံး။
• လေယာဉ်ပျံနေတုံး မအိပ်ဘဲနေတာ ပိုကောင်းတယ်။ စာအုပ်ကောင်းကောင်း ယူသွား။
• Paracetamol ဆေးကိုလဲ အားကိုးပါ။
• အသုံးများ Decongestants တွေကတော့ Ephedrine, Levo-methamphetamine, Naphazoline, Oxymetazoline, Phenylephrine, Phenylpropanolamine, Propythexadrine, Psedoephedrine, Synephrine, Tetrahydrozoline တွေ ဖြစ်တယ်။ ဆိုင်တိုင်းမှာ ဝယ်လို့ရတယ်။
• Ear plugs နားကြပ်ထည့်ထားတာ အကျိုးများတယ်။ Pop သီချင်းလဲ နားထောင်လို့ရတယ်။

“Ooh yeah
Last night I took a walk in the snow
Couples holding hands, places to go
Seems like everyone but me is in love
Santa, can you hear me?”

Dr. တင့်ဆွေ
၁၅-၁ဝ-၂ဝ၁ဝ

Thursday, October 14, 2010

Osteoarthritis အဆစ်နာ

October 14, 2010 6:45 PM
Q: ကျွန်မ (့) မှ စာရေးသားပါတယ်။ ဒူးနာ (ညာဘက်) အတွက်တိုင်ပင်ပါရစေ။ ၃-၄ လ ကာလ ခန့် ရှိနေပါပြီ။ ခိုင်လုံသော အကြောင်းရင်း ရှာမတွေ့ဘဲ ခံစားနေရပါသည်။ ဆောင့်ကြောင့်ထိုင်ပါက ဒူးခွက် အောက်နေရာတွင် စူးအောင့်ပြီး နာကျင်ပါတယ်။ နေ့ စဉ်လှုပ်ရှားမှုမှာ မှန်တန်းသာဖြစ်ပါတယ်။ လေးထပ်ရှိ အိမ်ခန်းသို့ နေ့စဉ် အတက်အဆင်း ၁ ကြိမ် ပုံမှန်ရှိပြီး ရုံးအားရက်မှာတော့ ၂-၃ ကြိမ် ရှိတတ်ပါတယ်။ လုပ်ငန်းခွင်မှာက နှစ်ထပ် အဆောက်အအုံမို့ မပြောပလောက် ပါလို့ ယူဆပါတယ်။ လှေခါး အတက်အဆင်း များသော်လည်း ပိုနာကျင်ခြင်းတော့ မရှိပါ။ ယခုအချိန်ထိ ဆေးရုံဆေးခန်းသို့ မသွားသေးပါ။

ဝန်ခံရပါလျှင် (့) တွင် ယခုလို ဝေဒနာမျိုးအတွက် အားမကိုးနိုင်ကြောင်း ကျွန်မအပါအဝင် လူအများ အတွေ့အကြုံက ရှိနေတဲ့အတွက်ပါ။ ဆွေမျိုးနှင့် သူငယ်ချင်းများ အဆိုအရ ဤဒူးနာမှာ မီးယပ်သွေးဆုံး (သို့ ) ဆုံးခါနီးတို့ ဖြစ်လေ့ရှိကြောင်း မှတ်သားရပါတယ်။ ယခုအသက် ၅၂ နှစ် ရှိပါပြီ။ အချိန်နှင့် ပမာဏမမှန်သော်လည်း ရာသီဆင်းနေမြဲပါ။ လည်ပင်းကြီးရောဂါ ဖြစ်ပွါးခဲ့ဘူးပါတယ်။ လွန်ခဲ့သော ၁၂ နှစ်ကပါ။ အရပ် ၅ ပေ ၆ လက္မ။ အလေးချိန် ၁၆ဝ ပေါင်။ Thomson OSTEOGARD: Each capsule contains 400 mg of Glucosamine sulfate dipotassium chloride equivalent to 300 mg of fully reacted Glucosamine sulfate from USA. Adult dose: 1 to 2 capsules, 3 times daily Made in Malaysia ဆေးဘူးပေါ်က ဖေါ်ပြထားချက်ပါ။ ဆေးကို အညွှန်းအတိုင်း သုံးနေတာ ၁ လခန့် ရှိတော့မယ်။ ထူးခြားမှု မရှိသေးပါ။ အချိန်ပေးနိုင်တဲ့အခါမှာ ညွှန်ကြားပေးပါရှင့်။

A: ရေးပြတာတွေ ဖတ်ယုံနဲ့ ပြောရရင် Osteoarthritis ဆိုတဲ့ အဆစ်ရောဂါတခု ဖြစ်နိုင်ပါတယ်။ အဆစ်မှာ ရှိနေတဲ့ အရိုးနု Cartilage အားနည်း-ပျက်စီးလာနေလို့ပါ။ အရိုးနုဆိုတာက အရိုးနဲ့ အဆစ်ကြား (ကူရှင်) လိုလုပ်ပေးနေတာပါ။ “အိုနာ” လို့ အားမနာတမ်း ပြောရင် ဖြစ်နေသူ ဗွေမယူစေလိုပါ။ အားမငယ်ပါနဲ့ အဆစ်နာ အမျိုးပေါင်း ၁ဝဝ ကျော်ထဲ သူက အများဆုံးပါ။ ၄၅ အောက် အမျိုးသား၊ ၅၅ ကျော်ရင် အမျိုးသမီး အဖြစ်များတယ်။ အသက်ရလာတာနဲ့ အရိုးနုတွေမှာ ရေခမ်းလာတယ်။ (ပရိုတင်း) လဲ ဒီလိုဘဲ။ (ကူရှင်) တာဝန် မထမ်းဆောင်နိုင်တော့ဘူး။ ဆိုးလွန်းသူတွေမှာ အရိုးနုဆိုတာ မရှိသလောက် ဖြစ်လာတယ်။

အဆစ်ကို အသုံးချလေလေ၊ ထိစပ်မှုက မချောတော့လို့ ကလိခံရတာမို့ ရောင်လာတော့မယ်။ ဖေါင်းလာ၊ နာလာပြီပေါ့။ အရင်လို အဆစ်ကို သုံးလို့မရ ဖြစ်လာမယ်။ အမျိုးထဲ တယောက်မက ဖြစ်တာတွေ့ရတယ်။ အိုနာမဟုတ်သူတွေကတော့ တခြား အခြေအနေ-ရောဂါ တခုခုကနေ ဆက်ဖြစ်လာတာမျိုး။ ဆိုပါစို့ ကိုယ်အလေးချိန်များသူ၊ အဆစ်ကို ခဏခဏ ထိခိုက်မိသူ၊ ခွဲစိတ်ခံရသူ၊ ဂေါက်၊ ဆီးချို၊ ဟော်မုန်းရောဂါ စတာတွေရှိသူ။

အဆိုးထဲက အကောင်းလဲ ရှိပါတယ်။ (ရူမတွိုက်)၊ (လူးပတ်စ်) အဆစ်နာရောဂါတွေလို ဖြစ်တဲ့နေရာတင် မကဘဲ တခြား နေရာတွေကိုပါ ရောဂါ မရဟေပါ။ နာပုံ-နာနည်းက ညနေပိုင်း ပိုဆိုးတယ်။ တနေကုန် လှုတ်ရှားထားပြီးပြီကိုး။ အဲ့ မလှုတ်ရှားဘဲ အကြာကြီး နေပြန်ရင်လဲ နာပြန်သေးတယ်။ ဆိုပါစို့ ရုပ်ရှင်-ပြဇာတ် ထိုင်ကြည့်အပြီး။ ဝေဒနာသယ် တယောက်နဲ့ တယောက်တော့ မတူကြဘူး။ ဆိုးသူတွေ လမ်းလျှောက်တာ ထော့နင်းနင်းဖြစ်တယ်။ တချို့မှာ ဒူးက ငေါထွက်နေတယ်။

လည်ပင်းရိုး၊ ခါးရိုးမှာလဲ လာဖြစ်တာဘဲ။ ထိပွတ်မှုများရာကနေ Bony spurs အရိုးစွန်းထွက်လာတတ်တယ်။ ခါးမှာ အဲဒါ လာဖြစ်ရင် ကိုယ်တခြမ်း နာမယ်၊ ထုံကျင်ကျင် ဖြစ်လာတယ်။ အဆစ်သေးသေးမှာ ဖြစ်ရင် Node အဖုအထစ်မျိုး လက်ထိပ်တွေမှာ ဖြစ်လာတယ်။

• သွေးစစ်လို့ ဘာမှမထူးဘူး။
• X-rays ရိုက်ရင် အရိုးနုပါးလွှာနေတာ၊ အဆစ်ကြားနေရာ ကျဉ်းနေတာ၊ အရိုးချွန် ဖြစ်နေရင်လဲ မြင်ရမယ်။
• Arthrocentesis ဆိုတဲ့ အဆစ်ထဲ အပ်စိုက်ပြီး အရည်ကို စစ်ဆေးနိုင်သလို တပါထဲ အဆစ်ထဲ Corticosteroids ဆေးထိုးနိုင်တယ်။ စစ်ဆေးတာက ဂေါက်၊ ရောဂါပိုးဝင်တာ ရှိ-မရှိ သိအောင် စစ်တာပါ။
• Arthroscopy လုပ်တာကတော့ အဆစ်ထဲ ကရိယာထဲ့ပြီး အဆိုးတာတွေ လျှောက်ကြည့်တာပါ။ လိုအပ်ရင်တော့ တခါထဲ ခွဲတာပါလုပ်ပေးတယ်။

ဆရာဝန်မလိုဘဲ ကိုယ်တိုင်လုပ်စရာတွေ လုပ်ကိုလုပ်ရပါမယ်။ အဆစ်အလုပ်ကို တတ်နိုင်သမျှ လျှော့ချပါ။ အလေးချိန် လျှော့ချပါ။ ခန္ခာကိုယ် လှချင်သူတွေလို မဟုတ်ပါ။ အလေးချိန် တပေါင်ကျယုံနဲ့ ရောဂါကို သက်သာစေတယ်။ လေ့ကျင့်ခန်း (ရေကူး၊ လမ်းလျှောက်၊ မပြေးတဲ့ စက်ဘီးစီး၊ မလေးတဲ့ အလေးမ၊) လုပ်ပါ။ ပြီးချိန်မှာ နာတဲ့အဆစ်ပေါ် အပူအရင်ကပ်ပြီးနောက် အအေးကပ်ပေးပါ။ Physical therapists ပညာရှင်တွေအကူအညီယူနိုင်တယ်။

• စားဆေး၊ Aspirin, Ibuprofen, Acetaminophen ဆေးတွေနဲ့ စနိုင်တယ်။ ဒီဆေးရိုးရိုးတွေက ဆေးအဆ လုံလောက်အောင် သောက်ရင် တခြားဆေးလက်မှတ်နဲ့ ဝယ်ရတဲ့ ဆေးတွေနဲ့မခြား သက်သာစေနိုင်ပါတယ်။
• အနာသက်သာဆေး သာမက ကြွက်သားပြော့ဆေးမျိုးလဲ လိမ်းနိုင်တယ်။ Capscaicin (ArthriCare, Zostrix), Salycin (Aspercreme), Methyl saliculate (Ben-Gay, Icy Hot), Menthol (Flexall)
• Diclofenac (Voltaren Gel) လိမ်းဆေး Diclofenac patch (Flector Patch) ကပ်ဆေးတွေလဲ သုံးနိုင်တယ်။
• Glucosamine ဆေးက အဆစ်တွေ အနားမှာရှိနေတဲ့ဓါတ်ပါ။ စားတဲ့အစာတွေမှာ ပါနေတာပါ။ နဲနေသူတွေကို ဆေးအဖြစ် ပေးနိုင်တယ်။ Glucosamine နဲ့ Chondroitin ဆေးပေးတာက အနာဆိုးသူတွေအတွက် သိပ် မထိရောက်တာ တွေ့ရတယ်။
• Fish-oil capsules (Omega-3 capsules) သုံးနိုင်ပါတယ်။
• Cortisone (စတီရွိုက်)။ ဒီရောဂါမှာတော့ စားဆေးထက် ထိုးဆေးသုံးတယ်။ ချက်ချင်း သက်သာတယ်။ ခဏခဏထိုးတာတော့ သိပ်မကောင်းပါ။
• Hyaluronic acid (Synvisc, Hyalgan) ထိုးဆေးကိုလဲ အဆစ်ထဲ ထိုးနိုင်တယ်။
• Surgery ခွဲစိတ်တာက တခြားနည်းတွေနဲ့လဲ မရ၊ နာတာကလဲ ဆိုးလှသူတွေအတွက်ပါ။
• Total knee replacement သိပ်ဆိုးသူတွေ ဒူးအစားထိုးရတယ်။

မေးခွန်းကို ဓါတ်မှန်မရိုက်၊ Arthroscopy စတာတွေ မလုပ်ဘဲ မှန်းပြောနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ တဆက်ထဲ Arthritis အဆစ်နာ နဲ့ Rheumatism လေးဘက်နာတွေပါ ဖတ်စေချင်ပါတယ်။

Dr. တင့်ဆွေ
၁၄-၁ဝ-၂ဝ၁ဝ

Monday, October 11, 2010

Scar (1) အမာရွတ် (၁)

Q: ဆရာရှင့် ကျွန်မခြေသလုံးနှင့်ဒူးမှာ အမာရွတ်များ ရှိနေပါတယ်။ ငယ်စဉ်ကတည်းက ဆော့ကစားရင်း ဖြစ်ခဲ့တာတွေပါ။ အဲဒါ ဘယ်လို ပျောက်ကင်းအောင် လုပ်လို့ရပါသလဲရှင်။ ကျွန်မက Multinational company တခုမှာ အလုပ် လုပ်ပါတယ်။ အလုပ်ခွင်မှာ သူများနည်းတူ Fashionable ဖြစ်အောင်ဝတ်လို့ မရတော့ စိတ်အားငယ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မိမိကိုယ်ကို Confidence နည်းစေပါတယ်။ နည်းလမ်းများရှိရင် ညွှန်ကြားပေးပါရှင်။

A: လူ့ခန္ဓာမှာ ဒဏ်ရာကြောင့် ရောဂါကြောင့် (ဆဲလ် နဲ့ တစ်ရှူး) တွေ ထိခိုက်ပျက်စီးသွားရင် Healing process ပြန်ပြီး ကုစားမှုဆိုတာ သူ့အလိုလို ရှိနေပါတယ်။ အရေပြားဆိုတာ မှန်ဘီလူးနဲ့ ကြည့်ရင် အထပ်ထပ် ရှိတယ်။ Epidermis, Dermis နဲ့ Hypodermis ၃ ထပ်လို့ အကြမ်းပြောနိုင်တယ်။ အမာရွတ်ဆိုတာ Dermis အရေပြားရဲ့ အောက်အလွှာကို ထိခိုက်လို့ ဖြစ်တာပါ။ အပေါ်ယံသာ ဖြစ်ရင် အမာရွတ်ပေါ်တောင် မပေါ်ဘူး။ ပေါ်တာလဲ ကြာရင် နဂိုအနေ ပြန်ရောက်မယ်။

အသစ် ပြန်မဖြစ်နိုင်တဲ့ (တစ်ရှူး) တွေလဲ ရှိတယ်။ Cardiac muscle cells နှလုံးကြွက်သား နဲ့ Neurones အာရုံကြောတွေ ဖြစ်တယ်။ Heart attack ရပြီး၊ သွေးကြောပိတ်လို့ နှလုံးကြွက်သားမှာ ထိခိုက်ရင် သူ့အလုပ်သူ မလုပ်နိုင်တော့တာ ဖြစ်တယ်။ လေဖြတ်ရင် သွားပြီ။

အနာကျက်ဘို့ အဆင့် ၃ ဆင့် ဆက်တိုက် ဖြစ်လာတယ်။ Inflammation ရောင်ခြင်း၊ Proliferation ပွါးခြင်း နဲ့ Maturation or Remodeling ကြီးရင့်ခြင်း (ပုံပြန်ဖေါ်ခြင်း) တို့ဖြစ်တယ်။ ပဌမအဆင့်မှာ ရောဂါပိုးတွေကို ခံတိုက်နေမယ်။ ပွါးတဲ့အဆင့်ကို “အသားနုတက်တယ်” လို့ အလွယ်ခေါ်တယ်။ ဆိုပါစို့ ခွဲစိတ်ကုသတဲ့ ဒါးချက် စလိုက်တာနဲ့ သွေးထွက် လာတယ်။ သွေးကို တိတ်စေမဲ့ အဆင့်တွေ တခုပြီးတခု လုပ်လာမယ်။ တခါထဲ ရောင်ရမ်းခြင်းဖြစ်စဉ် ဝင်လာတယ်။ ၆-၈ နာရီအတွင်းမှာ အနာကျက်ဘို့ဖြစ်စဉ် တကယ်စပြီ။ နောက်မှ Granulation အသားနုတက်တယ် ဆိုတာလာတယ်။ နောက်ဆုံးမှာတော့ Remodeling ပြန်ပုံဖေါ်ပါမယ်။

အမာရွတ်ဆိုတာ Fibrous tissue အရွတ်တစ်ရှူးတွေ ဖြစ်တယ်။ အမာရွတ်မှာ ပုံမှန်ရှိတဲ့ (Collagen) ပရိုတင်းမျိုး ဖြစ်ပေမဲ့ ခြင်းတောင်း ရက်ထားသလိုမျိုး မဟုတ်ဘဲ၊ လားရာ တခုထဲကို သွားနေတာမျိုး ဖြစ်လာတယ်။ ဒါ့ကြောင့် နဂိုအနေလောက် သိပ် မကောင်းတော့ဘူး။ ခရမ်းလွန်-ရောင်ခြည်ကို သိပ်မခံနိုင်ဘူး။ ချွေးထွက် (ဂလင်း) နဲ့ ကိုယ်အမွှေး ဆိုတာလဲ ပြန် မပေါက်တော့ဘူး။

Hypertrophic scars ဆိုတာမျိုးက အရေပြားရဲ့အထက်မှာ မောက်ကြွနေတာမျိုး။ နောက်ပြီး Acne ဝက်ခြံ၊ Chicken pox ရေကြောက်၊ Surgical scar ခွဲစိတ်ဒဏ်ရာ၊ Injuries ထိခိုက်ဒဏ်ရာတွေကနေ Atrophic scar ဆိုတာမျိုး ဖြစ်တတ်တယ်။ အရေပြားအောက်က အဆီနဲ့ ကြွက်သားတွေ ထိခိုက်မိလို့ ကြုံ့သွားတာမျိုး။ Keloid အမာရွတ်အသီး ဆိုတာ ဖြစ်ရင် အကြိတ်တခုလို ဖြစ်လာမယ်။ အရုပ်ဆိုးလှတယ်။ အမာရွတ်ထက်မက ဘေးလျှောက် ကြီးနေတာမျိုး။ အနေရလဲခက်၊ အကုရလဲ သိပ်ခက်တယ်။ ကင်ဆာမဟုတ်တဲ့ အကြိတ်အုပ်စုဝင် ရောဂါဘဲ။

Stretch marks အမာရွတ်စဉ်းကြောင်းတွေ ကတော့ ရုတ်တရက် ကြီးထွားလာတာကနေဖြစ်တာ။ ကိုယ်ဝန်ဆောင်တာ၊ အရွယ်ရောက်ချိန် ကြီးထွာလာတာမျိုး။ Acid Burn Scars ဆိုတဲ့ (အက်စစ်) ကြောင့်ဖြစ်တဲ့ အမာရွတ်ကလဲ အတော်ဆိုးတယ်။ အမာရွတ်ရိုးရိုးထက် အဆစ်နေရာ၊ အကွေး-အဆန့်လုပ်ရာ နေရာတွေမှာ လာဖြစ်ရင် Plastic surgery နည်းတွေ လုပ်ရတယ်။ အစားထိုးရတာတွေ လိုမယ်။

အနာ-ဒဏ်ရာဖြစ်တုံးက ဆိုးဝါးသလောက် အမာရွတ်က လိုက်ဆိုးတယ်။ ပျောက်ဘို့ဆိုတာ ဖြစ်တုံးက အရေပြား ဘယ်လောက်အထိ နက်သွားခဲ့သလဲ အပေါ် မူတည်တယ်။ မီးလောင်-အပူလောင် ဒဏ်ရာရရင် ဘယ်လောက် နက်သလဲ၊ ဘယ်လောက် မျက်နှာပြင် ကျယ်သလဲကို ဆုံးဖြတ်ရတယ်။ အနာ-ဒဏ်ရာတခုဟာ မကျက်သေးသ၍ အမာရွတ် မဖြစ်ပါ။ အမာရွတ် ဖြစ်လာတာ ရောဂါ ပျောက်သွားတာလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပါ။ ဘယ်လို ကုသမလဲ။ ဆေးပညာအရ ပြောရရင် အမာရွတ် ပျောက်အောင် လုပ်မရပါ။ သက်သာအောင် လုပ်နည်းတွေတော့ အမျိုးမျိုး ရှိနေပါတယ်။

Dermabrasion နည်း၊ Laser (လေဆာ) နည်း၊ Scar Revision နည်း။ Semiocclusive ointments, Silicone gel sheeting နည်း၊ Steroid injections (စတီရွိုက်) ထိုးဆေးနည်း၊ Needling နည်း၊ Pressure dressing နည်း၊ Collagen injections နည်း၊ Surgery ခွဲစိတ်နည်း၊ Radiotherapy ဓါတ်ကင်နည်း၊ Chemical peels နည်း။

ဆေးဆိုင်တွေမှာ ဝယ်ရတဲ့ဆေးတွေလဲ ရှိတယ်။ Mineral oil တွေပါတဲ့ လိမ်းဆေးတွေ၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ကြက်သွန်နီကထုတ်တဲ့ Mederma ဆေး၊ Lactic Acid Scar Care Products ကြော်ညာ၊ Hyaluronic Acid ကြော်ညာ၊ Scarring treatment and glycolic acid products ဆေးနည်း ကြော်ညာတာရှိသလို Acne scars ဝက်ခြံ-အမာရွတ် ပျောက်အောင် MD Forte (15% glycolic acid) ဆေးသုံးမိလို့ ပိုအရုပ်ဆိုးသွာတယ်လို့ ပြောသူလဲ ရှိတယ်။ Ayurvedic (အာယုဗေဒ) နည်း၊ Homeopathy (ဟိုမီယိုပက်သစ်) နည်းတွေလဲ ရှိပါတယ်။ ဘယ်ဟာမဆို “ပျောက်ဘို့ ခက်လေ ဆေးနည်း များလေ။”

အမာရွတ်တွေထဲမှာ ထူးခြားတာတွေ ရှိတယ်။ မျက်စိရဲ့ မျက်ကြည်လွှာမှာ Corneal ulcer အနာဖြစ်ပြီး ကျက်သွားလို့ ဖြစ်တဲ့ အမာရွတ်ကို အပြင်တိမ်လို့ ခေါ်တယ်။ မျက်လုံး အစားထိုးရတော့မယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်ရာကနေ ကျက်သွားတဲ့အခါ အနာတော့ ပျောက်ပါရဲ့ သားအိမ်ပြွန် ကျဉ်း-ပိတ်စေတာမို့ ကလေးမရနိုင်တာ ဖြစ်စေမယ်။

မေးတဲ့သူအတွက် အကြံပေးချင်တာက အမာရွတ် ပျောက်စေမယ် ဆိုတိုင်းတော့ မယုံပါနဲ့။ တပူပေါ် နှစ်ပူဆင့်သလို Confidence မနည်းပါနဲ့။ လူတွေဟာ တနေမှာ အားနည်းရင် တခြားနေရာမှာ ပိုအားသန်တတ်တယ်။ ရုပ်ရှင်တွေမှာ အမာရွတ်နဲ့ သရုပ်ဆောင်ဟာ (ဗီလိန်) လုပ်ရတာများတယ်။ ဒါပေမဲ့ Mel Gibson မင်းသားဟာ The Man Without a Face ထဲမှာ ဇာတ်လိုက်ပါ။ Harry Potter မှာလဲ အမာရွတ်နဲ့ မဟုတ်ပါလား။

မြန်မာပြည်မှာတော့ ဇာတ်ကောင်တွေကို အမာရွတ်တွေနဲ့ ရုပ်ဖျက်ပေးရတဲ့ မိတ်ကပ် အထူးဖန်တီးတဲ့ ပညာရပ် တခုလို့ ချီးကျူးတာ ဖတ်ရပါတယ်။ မြန်မာလို ဆေးကြော်ညာတခုကလဲ ရိုးသားပုံရတယ်။ “အမာရွတ်က အနာကျက်ကျက်ခြင်း ဆေးလိမ်းမှ ပျောက်ကင်းပါတယ်။ ဖြစ်တာကြာပြီးမှ လိမ်းမယ်ဆိုရင်တော့ ဇွဲနဲ့ လိမ်းသည့်တိုင် လုံးဝအရှင်း မပျောက်ကင်း နိင်ပါဘူးတဲ့။” “လေဆာနဲ့ ဖျက်ရင်တော့ ပျောက်တယ်။ ဘတ် ၇ဝဝဝ ပေးရတယ်။ ဘန်ကောက်မှာ သွားလုပ်တာ” တဲ့။ ဖတ်ရတဲ့ထဲမှာ “ပြောက်” လို့ ပေါင်းထားတယ်။ ပျောက်တာ မဟုတ်ဘဲ “အစက်-အပြောက်” လို့ ထင်သွားစေနိုင်ပါတယ်။

Dr. တင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ

Blood test သွေးစစ်ခြင်း

2010/10/10
Q: ကျွန်တော့် အမ အသက်က ၄၆ ပါ လွန်ခဲ့တဲ၂လ လောက်ကစပြီး လက်မ ယားပြီးတော့ လက်ချောင်းတွေ အကုန်ယားလို့ သွေးစစ်တာ ESR 40 ဟီမိုဂလိုဘင်က 7.5; WBC 6000 ပါ။ A few target cell လို့ ပါတယ်။ သွေးတော့ မဆုံးသေးပါဘူး။ စိုးရိမ်ရပါလား။

A: Erythrocyte sedimentation rate (ESR) ဆိုတာ သွေးနီဥ အနည်ထိုင်နှုံးဖြစ်တယ်။ Inflammation ရောင်ခြင်းဆိုတာ ဘယ်လောက် ဖြစ်နေသလဲကို သွယ်ဝှိုက်ပြီး သိစေနိုင်တယ်။ Westergren method လို့လဲ ခေါ်တယ်။ ကျား အသက် ၅ဝ အောက် = ၁၅၊ ကျား အသက် ၅ဝ အထက် = ၂ဝ၊ မ အသက် ၅ဝ အောက် = ၂ဝ၊ မ အသက်၅ဝ အထက် = ၃ဝ mm/hr မွေးစကလေးငယ် = ဝ-၂၊ ကလေး အရွယ်ရောက်ချိန် = ၃-၁၃။

တနာရီအတွင်း သွေးနီဥတွေ အောက်ဆင်း-အနယ်ထိုင် တဲ့ နှုံးပြောတာပါ။ သွေးနီဥမှာ သံဓါတ်ပါလို့ လေးတယ်။ သွေးကို သွေးပြန်ကြောထဲက ထုတ်၊ သွေးမခဲစေတဲ့ ဆေးနဲ့ရောပြီး၊ ဖန်ပြွန်ချောင်းကလေးတခုမှာ ထည့်ပြီး တည့်တည့် မတ်မတ် ထောင်ထားရတယ်။ တနာရီနေလို့ စစ်ကြည့်ရင် အနီရောင် အခဲပိုင်းက အောက်မှာနဲ့ အဝါရောင် အရည်ပိုင်းက အထက်မှာ မြင်ရတယ်။

ESR များနိုင်တာတွေက Anemia သွေးအားနဲနေတာ၊ Endocarditis နှလုံးရောင်နေတာ၊ Kidney disease ကျောက်ကပ် ရောဂါ၊ Osteomyelitis အရိုးရောဂါ၊ Pregnancy ကိုယ်ဝန်ဆောင်၊ Rheumatic fever, Rheumatoid arthritis လေးဘက်နာ၊ Syphilis ဆစ်ဖလစ်၊ Systemic lupus erythematosus ရောဂါ၊ Thyroid disease လည်ပင်းကြီး၊ Tuberculosis တီဘီ တို့ ဖြစ်တယ်။

ESR သိသိသာသာ များနေတဲ့ ရောဂါတွေကတော့ Systemic infection ရောဂါပိုး တကိုယ်လုံးပြန့်နေတာ၊ Giant cell arteritis ရောဂါ၊ Hyperfibrinogenemia သွေးရောဂါ၊ Multiple myeloma ရောဂါ၊ Macroglobulinemia - primary ရောဂါ၊ Necrotizing vasculitis ရောဂါ၊ Polymyalgia rheumatica ရောဂါ။

ESR သိသိသာသာ နဲနေတဲ့ ရောဂါတွေကတော့ Congestive heart failure နှလုံးရောဂါ၊ Hyperviscosity ရောဂါ၊ Hypofibrinogenemia ရောဂါ၊ အသဲနဲ့ ကျောက်ကပ်ရောဂါကြောင့် Low plasma protein ရောဂါ၊ Polycythemia ရောဂါ၊ Sickle cell anemia ရောဂါ၊

White Blood Cell (WBC) Count က သွေးဖြူဥ အရေအတွက် ဖြစ်တယ်။ ပုံမှန် 4,500-10,000 per microliter ရှိတယ်။ ဗက်တီးရီးယားပိုးဝင်ခြင်း၊ လူကီးမီးယား-ရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်း၊ လေ့ကျင့်ခန်း အပြင်းအထံ လုပ်ခြင်း၊ ဖိစီးမှုများခြင်း တို့မှာ များနေမယ်။ ကင်ဆာဆေး၊ ဓါတ်ကင်ခြင်း၊ ခုခံအားစနစ်-ရောဂါရှိခြင်းတို့မှာ နဲနေမယ်။ ကိုယ်ဝန် ရင့်ချိန်မှာလဲ များနေမယ်။ ဘေလုံး ထုတ်ထားသူတွေမှာ အမြဲ-နဲနဲ များနေမယ်။ မနက်ခင်းမှာ နဲပြီး ညနေမှာ နဲနဲ ပိုများနေမယ်။ မွေးစကလေးက ပိုများတယ်။ ဆေးဝါးတွေက အနဲ-အများ ဖြစ်စေတေတ်တယ်။

Hemoglobin (Hb) (ဟီမိုဂလိုဘင်) ဆိုတာ Red blood cell သွေးနီဥထဲက သံဓါတ်ထဲမှာ ပါတာကို ပြောတာပါ။ အသက်ရှူတဲ့ လေထဲက အောက်စီဂျင်က သူနဲ့လာ ပေါင်းရတယ်။ နည်းနေရင် သွေးအားနည်းတယ်လို့ ပြောနိုင်တယ်။
• လူကြီး ယောက်ျား = 13.8 to 18.2 g/dL (138 to 182 g/L, or 8.56 to 11.3 mmol/L)
• လူကြီး မိန်းမ = 12.1 to 15.1 g/dL (121 to 151 g/L, or 7.51 to 9.37 mmol/L)
• ကလေး = 11 to 16 g/dL (111 to 160 g/L, or 6.83 to 9.93 mmol/L)
• ကိုယ်ဝန်ဆောင် = 11 to 12 g/dL (110 to 120 g/L, or 6.83 to 7.45 mmol/L)

Target cells ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးနီဥ ကိုပြောတာပါ။ (HbC) ရောဂါ၊ Asplenia ရောဂါ၊ အသဲရောဂါ၊ Thalassemia သွေးရောဂါ၊ သံဓါတ်အလွန်နဲ သွေးအားနဲရောဂါ တွေမှာ တွေ့ရတယ်။ သွေးနဲ့ မဆိုင်ဘဲ ဟော်မုန်းနဲ့ ပါတ်သက်တာရယ် ခုခံအားနဲ့ ဆိုင်တာရယ်မှာလဲ ဒီနာမယ်ကို သုံးတာ ရှိသေးတယ်။

မေးတဲ့သူမှာ (အလာဂျီ) ရနေရင် သွေးဖြူဥထဲက Eosinophil ဆိုတာ များနေမယ်။ ပုံမှန်ဆိုရင် 350/mcL ထက် မများဘူး။ (ဟီမိုဂလိုဘင်) နဲနေတာရော၊ ESR များနေတာရော Target cells ရှိတာရောဆိုရင် သံဓါတ်အလွန်နဲ သွေးအားနဲရောဂါ ဖြစ်နိုင်တယ်။ ဆေးကုလို့ ရပါတယ်။ လူက ဖြူဖတ်-ဖြူရော် ဖြစ်နေမယ်။ မောမယ်။ အသက်ရှူ မဝဘူး။ အပင်ပန်း မခံနိုင်ဘူး။ သွေးသွင်းဘို့ လိုနိုင်တယ်။

ကျန်းမာချမ်းသာကြပါစေ။

Dr. တင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ

White blood cell count (WBC) သွေးဖြူဥ 4,300 - 10,800 cper cubic millimeter = 4.3 to 10.8 x 109 cells/liter
Red cell count (RBC) သွေးနီဥ 4.2 - 5.9 million cells/cmm = 4.2 to 5.9 x 1012 cells/liter
Hemoglobin (Hb) ဟီမိုဂလိုဘင် 13 - 18 grams per deciliter for men and 12 to 16 for women = 8.1 to 11.2 millimoles/liter for men, 7.4 to 9.9 for women
Hematocrit (Hct) 45% - 52% for men and 37% - 48% for women
Mean corpuscular volume (MCV) 80 - 100 femtoliters
Mean Corpuscular Hemoglobin (MCH) 27 - 32 picograms
Mean Corpuscular Hemoglobin Concentration (MCHC) 32% - 36%
Red Cell Distribution Width (RDW) 11 - 15
Platelet count 150,000 - 400,000/ cmm (150 to 400 x 109/liter)

Friday, October 8, 2010

HIV and CD4 and Viral load စီ-ဒီ-ဖိုး နဲ့ ဗိုင်းရပ်စ် အရောအတွက်

Sep 7, 2010 at 12:27 AM
Q 1: I am a seaman since 1989. I got HIV virus. In July 2010 I checked cd4 count and the result was 360. Please advice me. Do i need to take medicine and what medicine can I get? And cost of medicine? Now my health condition is good and I am working on board.
8 Oct 10, 15:16
Q 2: I want to know about ART and what is the situation in cd4 a/c and viral load. Now one of my friends has 1034 cd4 a/c and viral load 786. Please explain me how about her situation.

HIV/AIDS ရောဂါအကြောင်း ကောင်း-ဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်ပါတယ်။

လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတယ်။ အဲဒီဟာတွေထဲက Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ဖြစ်တယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို” တာဝန်ယူသလို ဖြစ်နေတယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအား ကျဆင်းလေဘဲ။ နောက်ဆုံးမတော့ ဘာဆို ဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

CD4 counts 500 -1500/mm3 အတွင်းရှိတယ်။ ပုံမှန်အရေအတွက်က ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200x106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ART ဆေး ပေးတယ်။ တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ- မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်တယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ပိုသေခြာတယ်။ HIV မဟုတ်တဲ့ တခြား ရောဂါ-အခြေအနေတွေမှာလည်း ဒီနည်း သုံးပါသေးတယ်။

HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။

CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ဆိုရင် ဆေးကုပါလို့ ဆိုတယ်။

အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”

Dr. တင့်ဆွေ
၇-၉-၂ဝ၁ဝ
၈-၁ဝ-၂ဝ၁ဝ

Thursday, October 7, 2010

Q and A October 2010 (7)

1. ကြည့်ရတာ တော်တော်ပိန်တယ်
2. စအိုကွဲနာ လက္ခဏာအတိုင်း
3. ချောင်းဆိုးနေတာ ၅ လလောက်တောင်ရှိပြီ
4. ရေယုံလို အနာမျိုးဟာ

Q: အခု ဝမ်းသွားရင် လုံးဝသွေးမပါတော့ပါဘူး။ ဒါကြောင့် (Glyvenol 400 = Tribenosidum 400mg) ဆေးကို ဘယ်လောက် ကြာကြာ ဆက်သောက်သင့်ပါသလဲ။ သွေးမကျတော့ဘဲ ဆက်သောက်ရင်ကော ဘယ်လိုဖြစ်နိုင်ပါသလဲ။ နောက်ထပ် ရောဂါတစ်ခု အူကျတယ် ထင်ပါတယ်။ မြန်မာပြည်က ဆရာဝန်တစ်ယောက် ဒီကိုလာတုန်းက သူ့ကို ပြကြည့်ပါတယ်။ သွေးကြော ကျတာလို့ ပြောပါတယ်။ ခွဲမှပျောက်ပါတယ်လို့ ပြောပါတယ်။ နေပူတဲ့အခါမျိုးဆိုရင် ဥက အောက်ကို တွဲကျပြီး အထဲမှာလည်း စမ်းကြည့်တော့ အကြောလိုအရာ ဥထဲကို ရောက်နေပါတယ်။ ဘယ်ဘက် အခြမ်းမှာပါ။ ဒီရောဂါနှစ်ခု ဆက်စပ်မှု ရှိနေပါသလား။ တစ်ခါတစ်ခါဆိုရင် ဘောကလည်း အောင့်ပါတယ်။ အခုတော့ ဘောင်းဘီဝတ်ပြီး ဆင်ခြင်နေပါတယ်။ အဲဒီအတွက်ရော ဘယ်လိုလုပ်သင့်ပါသလဲ။

A: ပြောတဲ့ဆေး သက်သာရင် နားထားနိုင်ပါတယ်။ လိပ်ခေါင်းက ဆေးသောက်တာနဲ့ ပျောက်တာ မဟုတ်လို့ပါ။
Q and A Hernia အူကျခြင်း အမေး-အဖြေ နဲ့
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်းတွေ ဖတ်စေချင်ပါသည်။

October 14, 2010 7:04 AM
Q: ကျနော့် အသက်က ၃၁ နှစ်။ လူနာတစ်ဦး ရေးထားတဲ့ စအိုကွဲနာ လက္ခဏာအတိုင်း ဖြစ်နေပါတယ်။ အရင်ကတော့ ဝမ်းချုပ်ရင် ဝမ်းသွားရခက်တယ်။ သွေးနည်းနည်းပါတယ်။ ၃ နှစ်လောက် ရှိပါပြီ။ ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ အခုတော့ ဝမ်းသွားတိုင်း သွေးပါပြီး၊ နာကျင်မှုခံစားရတာ ၁ လ ကျော်ရှိပါပြီ။ အရင်ကလိုပဲ ပျောက်မယ် ထင်ပြီး နေတာရယ်၊ (့) နိုင်ငံမှာ ပညာသင်ဖို့ ရောက်နေတာရယ်ကြောင့် ဆေးခန်းပြဖို့ ဘာသာစကား အခက်အခဲ ရှိပါတယ်။ ဆေးဝယ် သောက်ပါတယ်။ (Glyvenol 400 mg) ဖြစ်ပါတယ်။ သောက်တဲ့ နေ့ကနေစပြီး သွေးကတော့ မပါတော့ပါဘူး။ လေးရက်လောက်ကြာလာတော့ ဝမ်းသွားတာ ခက်ခဲမှု အရင်လို ပြန်ဖြစ်ချင်လာပါတယ်။ ဘယ်လို လုပ်ရရင် ကောင်းမလဲ။ ဒီနိုင်ငံမှာလည်း မခွဲချင်ဘူး။ အဲဒီဆေးရော ဆက်သောက်ရင် ပျောက်နိုင်သလား။ ဘေးထွက် ဆိုးကျိုး ဘာဖြစ်နိုင်ပါသလဲ။ အစာအိမ်ရောင် ရောဂါလည်း ဖြစ်ဖူးပါတယ်။ ဒီမှာ ၂ နှစ်၊ ၃ နှစ်လောက် နေရမှာ။ အဲဒီအချိန်အတွင်းမှာ ဒီအတိုင်း ဆေးသောက်ပြီး နေလို့ရော ရောဂါဘယ်လိုဖြစ်လာနိုင်သလဲ။

A: Glyvenol 400 = Tribenosidum 400mg ဆေးက စားဆေး၊ ထည့်ဆေး ရှိတယ်။ လိပ်ခေါင်း၊ သွေးကြောထုံး ရောဂါတွေ အတွက်သုံးတယ်။ စားဆေးကို တနေ့ ၂ ကြိမ်သောက်ရတယ်။ Procto-Glyvenol က လိမ်းဆေးဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုး ထူးမဆိုးပါ။ လိမ်းဆေးက လိမ်းစမှာ ပူလောင်တာ ခံစားရတယ်။

လိပ်ခေါင်း၊ ဘရင်ဂျီနာ၊ စအိုကွဲနာတွေကို ကုတာ ဆေးတခုထဲ မရပါ။ တခုစီသပ်သပ် ရေးထားပြီးသား ရှိပါတယ်။ အစားအသောက်၊ အနေအထိုင် ဂရုစိုက်ပါ။ ရောဂါအဆင့်အလိုက်လဲ ဆေးကုရတာကွာ သေးပါတယ်။
Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

Q: ကျမအသက်၂၂ နဲ့ ၂၃ ကြားမှာပါ။ အိမ်ထောင်ကျတာ ၁ဝ လ လောက်ရှိပါပြီ။ အိမ်ထောင် မကျမီက ကိုယ် အလေးချိန် ကီလို ၄၉ လောက်ရှိတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်း ၄၄ လောက်ပဲ ရှိတော့တယ်။ ကျမ အရပ်က ၁၆၂ လောက် ရှိတယ်။ ကြည့်ရတာ တော်တော်ပိန်တယ်။ အဲဒါ ကိုယ်ဝန်တားဆေးနဲ့ ပတ်သတ်မူရှိ မရှိသိချင်လို့ပါ။ ကျမ အိမ်ထောင် ကျကတည်းက သုံးတဲ့ဆေးက Mercilon 28 လုံးကဒ်ပါဆရာ။ ကျမနဲ့ မတည့်လို့ ပိန်တာများလား။ ကျမ ကီလိုကို ၅ဝ ကျော်လောက် ဖြစ်ချင်တယ်။ တစ်ချို့ တားဆေးတွေက တည့်ရင်ဝတယ်လို့ ကြားတယ်။ ပိန်တာဟာ တားဆေးနဲ့ မဆိုင်ရင်လည်း ဝလာအောင် ဘယ်လို အားဆေးမျိုး သုံးစွဲရမလဲ။ ကေသီပန်သုံးစွဲရင်ရော ဝနိုင်ပါသလားဆရာ။

A: Mercilon ဆေးက (Ethinylestradiol and Desogestrel) ဟော်မုန်း ၂ မျိုးတွဲ တားဆေးပါ။ ဘယ်တားဆေးမဆို သောက်တဲ့သူတွေ မတူတဲ့ ကိုယ်အလေးချိန်အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါကြောင့် ထင်ရင် ဆေးနာမယ်တမျိုး ပြောင်းသင့် ပြောင်းနိုင်တယ်။ တပ်အပ်သေခြာ ပြောတာတော့ မဟုတ်ပါ။

အလေးချိန် ကျစေတဲ့ တခြားအကြောင်းခံတွေ ရှာသင့်တယ်။ အရင်ဆုံး ရေးပြီးသား စာတပုဒ်ကို ဖတ်ပါအုံး။
How to gain weight လှယုံမက ဝချင်သေးရင်

အကြံပေးချင်တာက ဝစေတဲ့ ဆရာဝန်မညွှန်တဲ့ အရပ်ပြောဆေးတွေ မသုံးပါနဲ့။ တိရစ္ဆာန်တွေ သုံးတဲ့ဆေးတွေ သောက်နေကြတာ တွေ့ရတယ်။ အရမ်းကာရော ဝပါလေရော။ မြန်မာဆေးတွေအစွမ်း ပညာသယ်လို မသိပါ။

15 Oct 10, 16:46
Q: ကျနော်က ချောင်းဆိုးနေတာ ၅ လလောက်တောင်ရှိပြီ။ အခု (့) မှာ အလုပ် လုပ်နေတာပါ။ ဒီက ဆရာဝန်တွေ ကတော့ ဘာရောဂါမှ မဟုတ်ဘူးလို့ ပြောတယ်။ ရိုးရိုး အအေးမိလို့ ချောင်းဆိုးတာလို့ပဲ ပြောတယ်။ ဓာတ်မှန် ရိုက် ကြည့်တော့လည်း ဘာမှ မထူးခြားဘူးတဲ့။ သလိပ်ကိုတော့ မစစ်ကြဘူး။ ချောင်းဆိုးတာကလည်း အချိန်တိုင်း ဆိုးနေတာ မဟုတ်ဘူး။ အလုပ် ပင်ပင်ပန်းပန်း လုပ်တဲ့အခါ ဖြစ်ဖြစ်။ အရမ်း အေးတဲ့အခါတွေပဲ ဖြစ်ဖြစ် ချွဲသလိပ်ကော ပြည့်ကြပ် လာပြီးတော့ အရမ်းမောတယ်။ သလိပ်ထဲမှာလည်း သွေးတော့ မပါဘူး။ သလိပ်ကတော့ တခါမှ မမြင်ဖူးတဲ့ သလိပ်မျိုးပဲ။ အခဲလိုက် အခဲလိုက် ထွက်လာတယ်။ ဘာရောဂါ ဖြစ်နိုင်သလဲ။ ဘာလုပ်သင့်သလဲ။

A: ချွဲသလိပ်ကော ပြည့်ကြပ်တယ်၊ မောတယ်၊ သလိပ်က အခဲလိုက် အခဲလိုက် ထွက်တယ်ဆိုရင် တခုခုတော့ ဖြစ်နေတာပါ။ ဆရာဝန်လဲ ပြထားလို့ မစိုးရိမ်ပါနဲ့။ တခုခုဆိုတာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဗက်တီးရီးယား ဝင်တာ ဖြစ်နေမယ်။ (အလာဂျီ) ကနေတဆင့် ဆက်လာတာမျိုး ဖြစ်နိုင်တယ်။ ချွဲသလိပ်ထွက်စေတဲ့ Expectorant ချောင်းဆိုး ပျောက်ဆေး သောက်နိုင်တယ်။ Cold သက်သာဆေး တခုခုသောက်ပါ။ အိပ်ချင်စေတာများလို့ အားချိန်မှာ သောက်ပါ။ သလိပ် အရောင် ရှိရင် Ampicillin/Amoxacillin တခုခု 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 250 mg တနေ့ ၄ ကြိမ်၊ စုစုပေါင်း ၄-၅ ရက် သောက်ပါ။ မြန်မာ ကွမ်းရွက်ပုံ လျှက်ဆားလဲ အသုံးကျနိုင်ပါတယ်။ မနက်စောစော (ဂျင်း) ချင်း ပြုတ်ရည် သောက်နိုင်တယ်။

15 Oct 10, 20:27
Q: ပါးစပ်အနားတဝိုက်မှာ ပေါက်တဲ့ ရေယုံလို အနာမျိုးဟာ ဘာကြောင့် ဖြစ်တယ်ဘာ၊ ဆေးလိမ်းရမယ်ဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
A: ရေယုံသေခြာလား။ ရေယုံက နာမယ်၊ ဖြစ်တာ မကြာဘူး။ အဖုလေးတွေ ရှိမယ်။ ဗိုင်းရပ်စ် ကနေဖြစ်တာပါ။
Acyclovir, Famciclovir, Valacyclovir တခုခု သောက်နိုင်တယ်။ Penciclovir andacyclovir လိမ်းနိုင်တယ်။ ၂ မျိုးလုံး ဈေးကြီးတယ်၊ ရှားတယ်။ ရှာမရရင် Chloramphenicol/Tetracycline မျက်စဉ်း တခုခု လိမ်းနိုင်တယ်။ ဘာမှ မလုပ်လဲ ၁ ပါတ်မကြာ ပျောက်မှာပါ။ ပြန်ပေါ်တတ်တယ်။ ဖြစ်ဖြစ်ချင်း လက်နဲ့ ဖိထားပေးရတယ်။

Wednesday, October 6, 2010

Stammering စကားထစ်ခြင်း

Q: I am 33 yrs old man from Yangon. But now I am in (.....) for a visit. I am stammer. Please tell me how to cure my stammering voice. I am so disappointing about my stammering life. I am so tired to speak with others.

A: Stammering ဆိုတဲ့ စကားထစ်တာက Speech disorder စကား သာမက Communication and behavioral disorder ဆက်သွယ်မှု နဲ့ အမူအယာ ပြဿနာပါ တွဲနေတယ်။ အခက်အခဲ ရှိနေသူတယောက်ဟာ စကားပြောဘို့ ကြိုးစားရင်း မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ သူများနဲ့ မတူတာပါ ဖြစ်လာစေတယ်။ လူတွေ ၁% ဖြစ်ကြတယ်။ ယောက်ျားတွေက ၄ ဆ ပိုများတယ်။

ဘာလို့ ဖြစ်ရတာ အသေအခြာ မသိသေးပါ။ Genetics မျိုးဗီဇ နဲ့ Neurophysiology အာရုံကြော-ဇီဝကမ္မဗေဒ နှစ်ခုလို့ ယုံကြည်ကြတယ်။ သုတေသနတခုကတော့ Neurological coordination of speech အာရုံကြော ထိန်းညှိပေးနိုင်မှုပါ။ မိသားစုဘဝ၊ ငယ်ငယ်က ကြီးထွားလာပုံတွေကိုပါ လေ့လာတယ်။ အကြောင်းရင်းက တယောက်နဲ့ တယောက် မတူပါ။ ဖြစ်တာလဲ တယောက်ထဲမှာတောင် တယ်လီဖုန်းနဲ့ပြောတာ နဲ့ မျက်နှာချင်းဆိုင်ပြောတာ မတူတတ်ပါ။

Stammering ကို အင်္ဂလန်-ဥရောပ၊ Stuttering ကို အမေရိကား-သြစတြေးလျားမှာ သုံးတယ်။ ရောဂါလားလို့ မေးရင် Disease မဟုတ်ပါ။ Disorder သာ ဖြစ်ပါတယ်။ အဆီအငေါ်မတည့် ဖြစ်နေတာမျိုး။ Organic အင်္ဂါတခုခုမှာ ချို့ယွင်းတာလဲ မဟုတ်ပြန်ပါ။ ဖြစ်နေတဲ့သူ စိတ်သက်သာအောင် စကားလုံး ရွေးပြောနေတာတော့ မဟုတ်ပါ။ ကုသရာမှာ ရောဂါတွေလို ဆေးပေးနည်းနဲ့ မရတာကို ပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ Psycho speech disorder စိတ်နဲ့တော့ အသေအခြာ ဆိုင်ပါတယ်။

စကားထစ်တာဟာ ဖွံ့ဖြိုးမှုပြဿနာလဲ ဖြစ်တယ်။ ကလေးတိုင်းလိုလို ငယ်တုံးက စကား ခပ်ထစ်ထစ် ဖြစ်ဘူးကြတယ်။ ကလေး ၂ဝ% လောက်မှာ လာဖြစ်တယ်။ သက်သာ ပျောက်ကင်းနှုံးတော့ ကောင်းပါတယ်။ K, B, T, D, M ဆိုတဲ့ အသံထွက်မှာ လာခက်တယ်လို့ သတိထားမိသူတွေ ရှိတယ်။ မိဘတွေကနေ “စကား ဖြေးဖြေး ပြောကွာ၊ ထပ်ပြောစမ်း၊” စသဖြင့် အကျင့်လုပ် မေး-ပြောနေရင် ကလေးမှာ စိုးရိမ်စိတ် ကဲလာစေမယ်။ အမူအယာတွေ မတူတာလဲ ဒီသဘောဘဲ။ မျက်လုံး ပိတ်ချီ-ဖွင့်ချီ လုပ်တာ၊ ပါးစပ်ရွဲ့တာ။ မိဘတွေကို အပြစ်ဖို့တိုင်းလဲ မမှန်ပြန်ပါ။ ပျောက်နေပြီးမှ ပြန်ပေါ်တာလဲ ရှိတတ်တယ်။

သီချင်းဆို၊ ကဗျာရွတ်ရင် မထစ်ဘဲ သာမန်စကားပြောမှ ထစ်တာကို Copied style ခေါ်တယ်။ သရုပ်ဆောင်ရင် ပီပီပြင်ပြင် ပြောနိုင်-ဆိုနိုင်တယ်။ ဘာလို့လဲဆိုတော့ ကြိုတင် သတ်မှတ်-ရွေးချယ်ပြီးသားကို ရွတ်ဆို-ပြောပြရတာ မို့ပါ။ ရုပ်ရှင် အကျော်အမော်တွေထဲက မင်းသမီး Marilyn Monroe, Julia Roberts မင်းသား Bruce Willis, Hug Grant အဆိုတော် တွေထဲက Elvis Presley, Kylie Monogue တွေဟာ စကားအရာမှာ ပြဿနာရှိတဲ့သူတွေပါ။

စကားပြောရင် အသံတခုဖြစ်ဖြစ်၊ စကားတလုံးထဲဖြစ်ဖြစ် စကားစုဖြစ်ဖြစ် ထပ်နေ၊ ဆွဲနေ၊ ထစ်နေတယ်။ ကြားထဲ ရပ်နေမယ်။ ထပ်နေတာက "to-to-to-tomorrow" မျိုး၊ ဆွဲနေတာက "mmmmmmilk" မျိုး။ လူကြား-သူကြား စကား မကြွယ်သူတွေ အထစ်အငေါ့မျိုးနဲ့တော့ မတူပါ။

စကားထစ်တာက ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတုံးထိပ်နဲ့တူပြီး၊ သူ့အောက်ခြေမှာ စိတ်ပိုင်းဆိုင်ရာ အနုတ်သဘော ဆောင်မှု ရှိနေပါတယ်။ ရှက်စိတ်၊ သိမ်ငယ်စိတ်၊ ဒေါသ၊ စိုးရိမ်မှု၊ အပြစ်လို့ ခံစားနေမှုတွေ ရှိနေနိုင်တယ်။ သူ့ကိုယ်သူ ဂုဏ်ငယ် လာတယ်။ ကုသတဲ့အခါ ဒါကို ဂရုစိုက်ပေးရတယ်။ စိုးရိမ်စိတ်၊ ကိုယ့်ကိုယ်ကို အထင်မကြီးမှုတွေနဲ့ မဆိုင်ဘဲလဲ ဖြစ်ပါသေးတယ်။

စောစောကုသလေ ကောင်းလေ။ တခါထဲ ပျောက်တာမျိုးတော့ မဟုတ်ဘူး။ ဒီအဖြစ်ကို စပါယ်ရှယ်တွေက တရက်-တခါ၊ ဒါမှမဟုတ် တပါတ် ၂ ခါ၊ စုစုပေါင်း အခါ ၂ဝ လာခိုင်းတယ်။
• Fluency shaping therapy စကားကြွယ်ကြွယ်၊ ရှည်ရှည်၊ အဆက်အစပ်ရှိရှိ ပြောစေနည်းပါ။ လေးလေးပင်ပင်၊ ဆွဲဆွဲငင်ငင် ပြောစရာတွေပါလို့ စကားပြောနှုံးနှေးစေမယ်။ နောက်ပိုင်းရောက်တော့ နှုံးတက်လာစေရတယ်။
• Modification therapy စကားထစ်တာကို ပုံစံပြောင်းပေးနည်။ စိုးရိမ်မှုကို လျော့ပေးတာပါ။
o အဓိကနဲ့ သာမည အမူအယာ၊ ခံစားမှုတွေကို Identification အရင်ရှာကြည့်ရတယ်။
o နောက်တဆင့် ဒါတွေကို Desensitization ယဉ်ပါးစေအောင် ကျင့်ပေးမယ်။
o တတိယအဆင့်မှာ Modification အသွင်ပြောင်းစေမယ်။ သက်တောင့်သက်သာ ထစ်စေမယ်။ နားစေမယ်။ ထပ်အပြောခိုင်းမယ်။
o နောက်တဆင့်မှာ Stabilization သင်ထားတာတွေကို ပြန်လေ့ကျင့်ပြီး သူ့ဖါသာ နားတာစသဖြင့် လုပ်ခိုင်းမယ်။

Electronic fluency devices ကရိယာသုံးနည်းလဲ ရှိတယ်။ Altered auditory feedback သူပြောခဲ့တာကို အသံတမျိုးနဲ့ ပြန်နားထောင်စေတယ်။ တချို့တော့ တိုးတက်စေပါတယ်။ Anti-stuttering medications ဆေးပေးနည်းက ပြန်ဆန်းစစ်တဲ့အခါ မသုံးသိပ်မတည့်တာ တွေ့လာရတယ်။

လူတယောက် စကားထစ်နေတာကို ရှုံ့ချတာ၊ လူညံ့လို့ ပြောတာ၊ ပျက်ရယ်ပြုတာ လုံးဝ မလုပ်သင့်ပါ။ Professional advice ပညာရှင်အကြံမျိုး မဟုတ်တောင်မှ အားပေးသင့်တယ်။ “ဖြေးဖြေးဘဲ ပြောပါကွာ၊ ငါ နားထောင်နေမယ်။ မင်း စိတ်လို လက်ရ သက်တောင့် သက်သာရှိမှ ပြော။” “မင်း အရင်ကထက် တိုးတက်လာပြီဘဲ။” Self-therapy ကိုယ်တိုင် ပြုပြင်နည်း ရေးပါရစေ။
၁။ စကားကို မြန်မြန်မပြောပါနဲ့။
၂။ အသက်ရှူတာ ပုံမှန်သာ ရှူပါ။ စိတ်ပူ-ကြောက်ရွံ့တဲ့အခါ “Take a deep breath အသက်ပြင်းပြင်း ရှူလိုက်ပါ” လို့ ပေးတဲ့အကြံမျိုး ဒီနေရာမှာ လိုက်တာထက် မပိုစေပါနဲ့။
၃။ စကားကို ညင်ညင်သာသာ ပြောပါ။
၎။ Slow motion ရုပ်ရှင် အနှေးပြသလိုနဲ့ စပါ။ နုတ်ခမ်း-လျှာ ဖြေးဖြေးကလေးသာ လှုတ်ပါ။
၅။ ပြောမဲ့ စကားလုံးက ရှည်တယ် ဆိုပါစို့၊ ဘယ်အသံထွက်ကို ထိထိမိမိ ပြောရမလဲ One particular syllable ရွေးပြီး Add a bounce တမင်လုပ် ပြောပါ။
၆။ ကိုယ်ကြိုက်တဲ့ စာ-ကဗျာ ကို အသံခပ်ကျယ်ကျယ် ဖတ်ပါ။ ဖတ်နေတုံးမှာ အသက်ရှူတာ ပုံမှန်နဲ့ သက်တောင့် သက်သာ ရှိပါစေ။ အစမှာ ပုံမှန်အသံသာ ဖြစ်ပါစေ။
၇။ ကိုယ်ဖတ်သွားခဲ့တာကို ပြန်နားထောင်ကြည့်ပါ။
၈။ ရှည်တဲ့ သရသံ ၅မျိုး (5 Long Vowel Sounds = long /a/ as in gate; long /e/ as in need; long /i/ as in nice; long /o/ as in yoke; long /u/ as in you) ကို အချိန်ကြာပါစေ ဖြေးဖြေးချင်း ထွက်ပါ။ မြန်မာစာ သင်ပုန်းကြီးမှာ “အ၊ အာ၊ အား၊” ကနေ “အံ၊ အံ့၊ အံး” အထိ သရ (၂၁) လုံးရှိတယ်။ Vowel sound တွေကို Glottis ဆိုတဲ့ “အသံထွက်တဲ့ Vocal folds ၂ ခုနဲ့ ကြားက ကွက်လပ်နေရာ” အပေါ်မှာ လေဖိအား မသုံးဘဲ ထွက်ရတဲ့ အသံတွေကို ခေါ်ပါတယ်။

စကားထစ်သူတွေက ဥာဏ်ရည် ပိုထက်တယ်လို့ ထင်တာ မဟုတ်ပါ။ သူများတွေထက်တော့ ထူးပြီး ညံ့မနေပါ။ လူတော်တွေ အများကြီး၊ Alice's Adventures in Wonderland ဆိုတဲ့ နာမည်ကြီး ပုံပြင်စာအုပ်ကို ရေးခဲ့တဲ့ Charles Lutwidge Dodgson နောက်ပြီး၊ နိုင်ငံ့ ခေါင်းဆောင်ကြီးတွေထဲမှာ ရိုမင်-အင်ပါယာ Claudius ဗြိတိန်-ဝန်ကြီးချုပ် Winston Churchill တို့ဟာ Stammers တွေ ဖြစ်ကြတယ်။ လက်ရှိ နာမယ်ကြီးတွေထဲမှာ ဂေါက်သီး ဆူပါစတား Tiger Woods အမေရိကန် ဒုသမတ Joe Baiden တို့ဟာလည်း Stutters တွေ ဖြစ်ကြပါတယ်။ မထစ်ဘဲနဲ့တော့ ထစ်ချင်မနေနဲ့။

Dr. တင့်ဆွေ
၆-၁ဝ-၂ဝ၁ဝ

Q and A October 2010 (6)

1. အပျိုအတိုင်း ပြန်ဖြစ်တယ်ဆိုတာ ဟုတ်လား
2. ကိုယ်ဝန် ရှိတယ်ဆိုရင် ဘာလက္ခဏာတွေပြလဲ
3. Vacuum Aspiration နည်း သုံးလိုက်လို့
4. Calcification ဆိုတာ ဘာလည်း
5. အစာအိမ်နဲ့ ဒိန်ချင်နဲ့ တည့်လား

September 18, 2010 3:13 PM
Q: ယောက်ျား မရှိတော့ပဲနဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့ သူတွေဟာ မိန်းမအင်ဂါ အပျိုအတိုင်း ပြန်ဖြစ်တယ်ဆိုတာ ဟုတ်လား။

A: “မ-အင်္ဂါ အပျိုအတိုင်း” ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လို လက်ခံသလဲ။ အရင်က ဆက်ဆံဘူးမှတော့ Medical Anatomy ဆေးပညာအရရော Forensic science မှုခင်းအရပါ အပျိုလို့ မပြောနိုင်တော့ပါ။ Society and Culture လူမှုရေး ပိုင်းမှာတော့ “မအိုသေးတဲ့သူ အပျိုလေးနဲ့တူ” ဆိုတာကို လက်ခံကြပါတယ်။

“ပြန်ဖြစ်တယ်” ဆိုတာ ခန္ဓာဗေဒပိုင်းနဲ့ စိတ်ပိုင်း နှစ်မျိုးမှာ သက်ရောက်မှု ရှိနိုင်တာတော့ အမှန်ပါ။ အပျိုစစ် လက္ခဏာတွေ ထဲက တချို့အပိုင်းတွေ ပြန်အားကောင်းလာစေနိုင်တယ်။ ဥပမာ (ဗဂျိုင်းနား) နံရံတွေဟာ အထဲကို လိင်အင်္ဂါဖြစ်ဖြစ် Toy ဖြစ်ဖြစ် ထိုးသွင်းတာ မလုပ်တာ ကြာရင် ကျဉ်းလာမယ်။ နောက်ပြီး Vagina မွေးလမ်းကြောင်း၊ Uterus သားအိမ်၊ Bladder ဆီးအိမ်၊ Rectum အစာဟောင်းအိမ်တွေကို ခုခံ၊ ပင့်တင်ပေးနေတဲ့ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ပြန်ပြီး အားကောင်း လာနိုင်တယ်။ Pelvic floor exercise လေ့ကျင့်ခန်း လုပ်သူဆိုရင် နဂိုအနေ လောက်အထိ ပြန်ရှိလာနိုင်တယ်။

အိမ်ထောင်သည်များ တဦးနဲ့တဦး မဆက်ဆံတာကြာရင် အထူးသဖြင့် အသက်ရလာတဲ့ အမျိုးသမီးတွေမှာ ပြန်ပြီး ဆက်ဆံတဲ့အခါ နာကျင်တဲ့အထိ သူ့လမ်းကြောင်းက ကျဉ်းနေတတ်တယ်။ တကယ် အပျိုရည် ပျက်ခဲ့တုံးကလိုမျိုး ပြန်ဖြစ်တယ်လို့ ပြောရင် မမှားတန်ရာဘူး။

စိတ်ပိုင်းကလဲ နုပျိုမှု ဖြစ်စေနိုင်ပါတယ်။ “ငါ အပျိုမှ မဟုတ်တော့တာဘဲ” လို့ သဘောထားသူနဲ့ မထားသူ မတူကြပါ။

September 24, 2010 1:47 PM
Q: ကိုယ်ဝန် ရှိတယ်ဆိုရင် ဘာလက္ခဏာတွေပြလဲ။ ပြီးတော့ ရာသီပေါ်ချိန်မှာ မပေါ်ပဲ ၁၅ ရက်လောက် နောက်ကျရင်ရော ကိုယ်ဝန်ရှိတာလား။ တကယ်လို့ ကိုယ်ဝန်ရှိတယ် ဆိုရင်ရော၊ ရိုးရိုးဆရာဝန်နဲ့ ပြရင် သိနိုင်ပါသလား။

A: Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြား ပြောင်းလဲမှုများရှိမည်၊ သွင်ပြင် လက္ခဏာများနှင့် စိတ်ပိုင်း ဆိုင်ရာလည်း ပြောင်းလာသည်။

ကိုယ်ဝန်ကို နုသေးရင် ဆီးစစ်မှရတယ်။ ၁၂ ပါတ် (၃ လ) မရှိသေးဘဲ ဗိုက်ကနေ စမ်းမတွေ့နိုင်သေးပါ။ Vaginal exam လုပ်ရင် ၂ လလောက်ရှိရင်သိတယ်။

ကိုယ်ဝန်ကို အဆင်ပြေရာမှာ ပြနိုင်ပါတယ်။ OG ရှိရင်အပ်နိုင်တယ်။ Labor room/Nursing home မှာ အပ်နိုင်တယ်။ တောမြို့တွေမှာ ရိုးရိုးဆရာဝန်ဆီအပ်နိုင်တယ်။ တောမှာ LHV/Midwife တွေဆီမှာလဲ အပ်နိုင်ပါတယ်။ အပ်တဲ့ဆီကနေ တဆင့်တဆင့် လွှဲရင်တော့ လွှဲတဲ့ဆီ ဆက်သွားပါ။

October 8, 2010 1:39 PM
Q: ကျွန်မက ကိုယ့်ဟာကိုယ် ကိုယ်ဝန်ရှိမှန်း မသိတော့ ပုံမှန်လေ့ကျင့်ခန်း ကစားလိုက်တာ ကိုယ်ဝန်ပျက်သလို ဖြစ်သွားတယ်။ ဒါနဲ့ ဆေးခန်း သွားတော့ ဆရာဝန်က ကိုယ်ဝန်က ၁ လလောက်ပဲ ရှိသေးတယ် ပြောပြီး ဆေး ၃ လုံး သောက်ခိုင်းတယ်။ နောက်တစ်နာရီကြာတော့ Vacuum aspiration ခေါ်မလားပဲ လေဟာနယ်နည်း သုံးလိုက်တယ် ထင်တယ်။ အချိန်က ၁ဝ မိနစ်လောက်ပဲကြာတယ်။ နောက်တစ်ပတ် ပြန်လာဖို့ လည်း ရက်ချိန်း ပေးလိုက်တယ်။ ခုထိ ဆေးခန်းမသွားဖြစ်သေးဘူး။ အဲဒါ အန္တရာယ်ရှိ နိုင်လား။ နောက်ထပ် ကလေးယူမယ်ဆိုရင်ရော ဘာ effect တွေ ဖြစ်လာနိုင်သလဲ။ ဆေးခန်းက ပေးလိုက်တဲ့ ပိုးသတ်ဆေးကတော့ အကုန်သောက်ပြီးပြီ။ ဒါပေမယ့် တစ်ခါတစ်လေ သားအိမ်ရှိတဲ့ နေရာက နာတယ်လို ခံစားနေရလို့ အန္တရာယ်များ ရှိနိုင်လား။ ပြီးတော့ Vacuum Aspiration နည်း သုံးလိုက်လို့ သားအိမ်ကရော အရင်လို မဟုတ်တော့ပဲ ပျက်ယွင်းသွားပြီလား။

A: Vacuum aspiration နည်းနဲ့ ကိုယ်ဝန်ကို ဖျက်-ရှင်းနည်းက စိတ်ချရပါတယ်။ သားအိမ်ကို မထိခိုက်စေတတ်ပါ။ နောက် ကလေးယူလဲ ဖြစ်တယ်။ ကောင်းတာက ကိုယ်ဝန် ချက်ချင်း ဆက်မယူသင့်သေးပါ။ Follow up ခေါ်တာက သားအိမ် အခြေအနေကို ပြန်စစ်ဘို့ပါ။ နောက်ဆိုရင် သတိထားပေါ့။

15 Oct 10, 04:29
Q: Calcification ဆိုတာ ဘာလည်းဆရာ။

A: Calcification ဆိုတာ Calcium ဓါတ်ဆားတွေက Soft tisses တွေပေါ်လာပြီးစုပုံလာလို့ မာလာစေတာဖြစ်တယ်။ လူ့ကိုယ်ထဲမှာ ၉၉% သော ကယ်လစီယမ်က အရိုးနဲ့ သွားတွေမှာရှိပြီး ကျန်တာက သွေးထဲမှာ။ မျှခြေပျက်တဲ့အခါ သွေးလွှတ်ကြော၊ ကျောက်ကပ်၊ အဆုပ်၊ ဦးနှောက်တွေမှာ မလိုဘဲ လာပုံနေတတ်တယ်။ ဓါတ်မှန်ရိုက်ရင် အဖြူရောင် အနေနဲ့ပေါ်တယ်။

October 15, 2010 5:05 PM
Q: အစာအိမ်နဲ့ ဒိန်ချင်နဲ့ တည့်လား။ ကျွန်တော်အခု အိန္ဒိယနိုင်ငံမှာပါ။ ကျွန်တော်က အစာအိမ် မကောင်းပါဘူး။ ဒီကကျွေးတာတွေကလည်း ထမင်းကအစ အရမ်းပါတယ်။ သူတို့နိုင်ငံမှာ သဟီးလို့ခေါ်တဲ့ (ဒိန်ချင်)နဲ့ အစာအိမ်ရောဂါ ရှိတဲ့သူနဲ့ တည့်မတည့်သိချင်လို့ပါ။

A: Yoghurt (Yogurt) ခေါ် ဒိန်ချဉ်ဟာ နွားနို့ကို Fermentation အချဉ်ဖေါက်ထားတာ ဖြစ်တယ်။ နွားနို့ထဲက Lactose သကြားကနေ Lactic acid ဖြစ်လာတယ်။ လုပ်တုံးကတော့ ဗက်တီးရီးယားပါတယ်။ ၈ဝ ဒီဂရီအထိ အပူပေးလိုက်တော့ မလိုအပ်တဲ့ ဗက်တီးရီးယားတွေ သေစေလိုက်တယ်။ Curds လို ဒိန်ခဲဖြစ်မသွားဘဲ၊ ၄၅ ဒီဂရီအထိ အအေးခံလိုက်ပြီး၊ ဗက်တီးရီးယား (ကာလ်ချာ) ထည့်တယ်။ ၄-၇ နာရီထားရင် ဒိန်ချဉ် ရတယ်။ Protein, Calcium, Vitamin B2, B6, B12 တွေပါတယ်။ Antibiotic ပဋိဇီဝဆေးကြောင့်ရတဲ့ ဝမ်းလျှောတာအတွက် သူ့ကို ကြွေးသင့်တယ်။ မဆီပါတာလဲ မများပါ။

အစာအိမ်လေနာနဲ့ မသင့်လို့ မတွေ့ဘူးသေပါ။ ၂ဝဝ၉ မတ်လတုံးက အသစ်ပြုပြင်ထုတ်လုပ်ထားတဲ့ (ရောဂတ်) ကနေ အစာအိမ်အနာ၊ လေနာအတွက် ကာကွယ်ဆေးလို သုံးနိုင်တယ်လို့ ဂျပန်၊ ကျိုတို၊ အမျိုးသမီး တက္ကသိုလ်က Chemist ဖြစ်သူ Dr. Hajime Hatta ကနေ National Meeting of the American Chemical Society မှာ ထုတ်ပြောခဲ့ပါတယ်။ အခု ဂျပန်မှာ Dr. Piro နဲ့ ကိုရီးယားမှာ Gut နာမယ်တွေနဲ့ ရောင်းချနေပါတယ်။

Tuesday, October 5, 2010

Q and A October 2010 (5)

1. ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက
2. ချွေးအရမ်းထွက်နေပါတယ်
3. မျက်စိက အဝေးကိုဆိုရင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး
4. Adrenaline နဲ့ Hydrocortisone အကြောင်းကို ရှင်းပြပေးပါဦး။

Q: ဆရာရှင့် ခါတိုင်း ရာသီလာရက်ကတော့ လဆန်း ၉ ရက်နေ့ပါ။ အတူနေမိတဲ့ ရက်ကတော့ ဒီလ ၁ ရက်နေ့ကပါ။ ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက ဝယ်လို့ မလွယ်တာနဲ့ သူငယ်ချင်း တယောက်က ပြောတဲ့အတိုင်း သောက်လိုက်မိပါတယ်။ စိတ်ချရပါ့မလား သိချင်ပါတယ်။ သူပြောတာကတော့ ပြီးပြီးချင်းကို တနေ့တလုံး သောက်ရတဲ့ တားဆေးကဒ်က ဆေးကို ၄ လုံး တခါထဲသောက်ပြီးနောက် ၁၂ နာရီအတွင်းမှာ ၄ လုံး ထပ်သောက်ခိုင်းပါတယ်။ အဲလို သောက်လိုက်မိပါတယ်ရှင့်။ အဲဒါ စိတ်ချရပါသလားရှင် သိချင်ပါတယ်။ ၁ ရက်အတွင်း သောက်တာပါ။ သောက်တဲ့ ဆေးကတော့ Marvelon 28 ပါ။

A: ဆေး အမျိုးအစားအပေါ် မူတည်တယ်။ ဆက်ဆံအပြီး ၃-၅ ရက်အတွင်း သောက်ရတယ်။ လိုအပ်ရင် တိုက်ရိုက် အီးမေးလ် ရေးပါ။ Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။

11 Oct 10, 12:21
Q: ကျွန်တော် ချွေးအရမ်းထွက်နေပါတယ်။ နေရင်းထိုင်ရင်း ချွေးထွက်ပါတယ်။ စနေနေ့ညနေက နှာချေလို့ ပန်နဒေါ သောက်ပါတယ်။ ညဖက် အိပ်ယာထဲမှာလဲ ချွေးထွက်တယ်။ တနင်္ဂနွေလဲ နေကုန် ချွေးထွက်တယ်။ ရေသောက် လိုက်တာနဲ့ ချွေးထွက်ပါတယ်။ ကိုယ်ပူတယ်ထင်လို့ ရေမချိုးပဲ ရေပတ်တိုက်နေပါတယ်။ ဒီနေ့ တနင်္လာနေ့ ဆိုတော့ ၃ ရက်ရှိပါပြီ။ ရေမသောက်ရဲအောင်ပါပဲ။ ချွေးက ထွက်နေဆဲပဲ။ နေက တော်တော်ပူတယ်ဆရာ။

A: ချွေးထွက်များသူ-နည်းသူ မတူကြပါ။ မွေးရာပါလို ဖြစ်နေသူတွေ ရှိတယ်။ ရောဂါလို့ မခေါ်ပါ။ လူကြည့်တာနဲ့ ပခုံးပေါ်မှာ တဘက်သေးသေးတခု တင်ထားတတ်ကြတယ်။ လက်ကိုင်းပုဝါ အမြဲဆောင်တယ်။ အဲလိုမဟုတ်ဘဲ ကောက်ဖြစ်တာက တမျိုးစ။ ရာသီဥတုကြောင့်ဆိုရင် လူအများလဲ ဖြစ်ကြမှာဘဲ။ ဘာဘဲဖြစ်ဖြစ် ချွေးနဲ့အတူ ထွက်သွား-ကုန်သွားတဲ့ ရေ နဲ့ ဓါတ်ဆားတွေ ပြန်ဖြည့်ပေးရလိမ့်မယ်။ ဓါတ်ဆားဆိုတာ ဝမ်းလျှောရင် သောက်ရတဲ့ ဓါတ်ဆားထုပ်ပါဘဲ။ မဖြည့်ရင် အားယုတ်နေမယ်။ ကြွက်သားတွေ ပြော့နေမယ်။ ရေတော့ သောက်ရပါမယ်။ ရေလဲချိုးပါ။ နှာချေ-ခေါင်းကိုက် စသဖြင့် အတွက် သောက်ရတဲ့ ဆေးတွေမှာ Pain killer ဆိုတာပါမယ်။ ဒီဆေးမျိုးကလဲ ချွေးထွက်စေတယ်။

9 Oct 10, 14:48
Q: ကျနော်ရဲ့ မျက်စိက အဝေးကိုဆိုရင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ဆိုင်းဘုတ်တွေက ကြေငြာစာတွေတောင် ဖတ်ရတာဝါးနေပြီ။ ကျနော်က အခုမှ အသက် ၂၃ ပဲရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မဖြစ်ဘူးသေးဘူး။ ကျနော်က အမြဲတမ်း ကွန်ပျူတာ သုံးတယ်၊ ဂိမ်းတွေလဲဆော့ဖြစ်တယ်။ အခု နှစ်နှစ်အတွင်းမှာ အခု အလိုဝါးသွားတော့ ကျနော် ဘာလုပ်သင့်သလဲ။ မျက်မှန်တပ်သင့်လား။ မျက်စိအားတိုးဆေးတွေလဲ ရှိရင် ပြောပြပေးပါဦး။ ပြီးတော့ ဘာအစားအစာတွေ စားရမလဲ ဆိုတာကိုလဲ ပြောပြပေးပါဦး။ ကျနော့် မျက်စိ ပြန်ကောင်းနိုင်ပါ့မလား။

A: ကျွန်တော် မျက်စိအထူးကုဆရာဝန် မဟုတ်ပါ။ တီဗွီ၊ ကွန်ပြူတာ၊ (လက်ပတော့ပ်) အသုံးများရင် မျက်စိအမြင်ကို ထိခိုက်တာ အမှန်ပါ။ အချိန်အကြာကြီး သတ်သတ်-မှတ်မှတ် နေရာတခုမှာ Focal point အမြင်အာရုံ စိုက်ထားနေရရင် ဖြစ်တယ်။ မျက်စိဆိုတာ အနီး-အဝေး အားလုံးအတွက် သုံးရတာကိုး။ မျက်စိက မှန်ဘီလူးကို ထိန်းပေးတဲ့ ကြွက်သားတွေက တနေရာထဲမှာ အကြာကြီး ချိန်ကိုက်ထားနေရတော့ ရုတ်တရက် တခြားနေရာအတွက် ပြင်ဆင်ဘို့ ခက်လာတဲ့သဘောပါ။ ဒီတော့ အကျင့်ကို ပြင်သင့်တယ်။ ကြားချိန်မှာ နားတာ၊ အဝေးကို ကြည့်တာ လုပ်ပါ။ အများကြီး သက်သာလာမယ်။ အဲလိုနားတဲ့အတွက် ကိုယ့် ဂိမ်း-အလုပ်တွေမှာလဲ Fresh ဖြစ်လာတော့ ပိုကောင်း စေမယ်။ မျက်မှန်လဲ လိုနိုင်ပါတယ်။ မျက်မှန်ဆရာတွေဆီ သွားရင် သေခြာပေါက် မျက်မှန် အလုပ်ခိုင်းနိုင်တယ်။ မျက်စိအထူးကုဆရာဝန်ကို ပြတာ ကောင်းတယ်။ မျက်စိအားဆေး ဆိုတာ ဗီတာမင် အေ တခုသာ ရှိတယ်။ ဒါကလဲ ကြက်မျက်သင့် ဆိုတဲ့ အလင်းရောင်နဲချိန် (ညနေ) မှာ ကောင်းကောင်း မမြင်ရတာအတွက်သာ ကောင်းတယ်။ Vitamin A များတာတွေက အရောင်ရှိ အသီးအနှံတွေ၊ ကြက်ဥအဝါ၊ ငါးကြီးဆီ။

A: Adrenaline ဆိုတာ လူ့ကိုယ်ထဲက လိုရင် လိုသလို ထုတ်ပေးနေတဲ့ လူတွေ စသိခဲ့တဲ့ “ဟော်မုန်း” တခု ဖြစ်တယ်။ တိရစ္ဆာန်တွေမှာလဲ ရှိပါတယ်။ သူထွက်လာရင် နှလုံးခုန်နှုန်း မြန်လာတယ်။ ထိန့်လန့်စရာ၊ မထင်မှတ်တာ၊ အန္တရာယ်တခုခု ကျရောက်ရင် အလိုလို ထွက်လာတာမို့ ဆေးပညာ ဗဟုသုတ ရှိသူတွေက “လန့်လိုက်တာကွာ မင်းကြောင့် (အဒြီနလင်) ၂ စက်လောက် ထွက်သွားတယ်” လို့ ပြောတတ်ကြတယ်။ ဘိုလိုတော့ fight or flight လို့ ပြောတယ်။

ကျောက်ကပ်ရဲ့အထက်မှာ ဆက်-ကပ်နေတဲ့ ၃ လက္မလောက်အရွယ် Adrenal glands ဂလင်းတွေကနေ Adrenaline ၈ဝ% နဲ့ Noradrenaline ၂ဝ% ထုတ်ပေးတယ်။ Epinephrine လို့လဲ ခေါ်သေးတယ်။ (ဆင်ပသက်တစ်) အာရုံကြော စနစ်ရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ အာရုံကြော (ထရန်စမစ်တာ) လဲ ဖြစ်သေးတယ်။ လေပြွန်က ကြွက်သား-အနုစားတွေကို ကျယ်စေပြီး၊ သွေးလွှတ်ကြော သေးသေးလေးတွေကိုတော့ ကျုံ့စေတယ်။

Cardiac arrest ခေါ်တဲ့ နှလုံးရပ်သွားတာ၊ Cardiac dysrhythmia နှလုံးခုန် မမှန်တာ၊ Cardiac output နှလုံးသွေး ထုတ်နိုင်စွမ်း လျှော့နည်းတာ မျိုးအတွက် ဆေးဖြစ်တယ်။ (အလာဂျီ) အပြင်းအထံဖြစ်တာကြောင့် Anaphylactic Shock (ရှော့ခ်) ဖြစ်ရင် Adrenaline ထိုးဆေးနဲ့ အရေးပေါ် ကုပေးရတယ်။ Asthma ပန်းနာ ရုတ်တရက် ကြပ်ရင် ဒီဆေး ထိုးရတယ်။ ထုံဆေး Bupivacaine, Lidocaine ထိုးရာမှာ ဒီဆေးနဲ့ ရောရင် သွေးထွက် နဲစေမယ်။ ဆေးအရှိန်လဲ ကြာစေတယ်။

ဗိုင်းရပ်စ် တမျိုးကြောင့် Croup လို့ခေါ်တဲ့ Laryngotracheobronchitis လည်ချောင်းက လေပြွန် ရုတ်တရက်ကျဉ်းပြီး (ကန်တော့ပါရဲ့) Barking cough (ခွေး) ဟောင်သလို ချောင်းဆိုးတဲ့ရောဂါအတွက်လဲ (စတီရွိုက်) ဆေးနဲ့အတူ ဒီဆေး ပေးရတယ်။

သတိထားရတာက သူ့ကြောင့် Palpitation ရင်တုံ၊ Tachycardia နှလုံးခုန်မြန်၊ Tremor လက်တုံ၊ Hypertension သွေးဖိအားတက်၊ Anxiety စိုးရိမ်မှုဖြစ်၊ ခေါင်းကိုက်၊ Pulmonary edema ရုတ်တရက် အဆုပ်ရောင်တာတွေ ဖြစ်စေတယ်။

“Hydrocortisone ဟိုက်ဒရိုကော်တီဇုံး” ဆိုတာ (စတီရွိုက်) ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ ခက်တာက ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။ အရေပြားမှာ ယားယံတာ၊ နှင်းခူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် 0.5% or 1% Hydrocortisone ဆေးတွေ ဝယ်လို့ လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။

Ointment လိမ်းဆေးညှစ်ဘူး၊ Cream ခရင်မ်၊ Lotion လိမ်းဆေးရည်၊ Liquid အရည်၊ Gel ဂျဲလ်၊ Spray စပရေး၊ Foam အမြှုပ်၊ Suppositories စအိုထဲထည့်ဆေး၊ Paste ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့ လာတယ်။ ဆေးနာမယ်တွေကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို မျှဉ်းဖြတ်ရတယ်။

Colitis ဆိုတဲ့ အူမကြီးရောင်တာအတွက် ညတိုင်း ဖြစ်ဖြစ် တနေ့ ၂ ခါဖြစ်ဖြစ် ၂-၃ ပါတ်ကြာ ပေးရတယ်။ Proctitis ဆိုတဲ့ စအို-အစာဟောင်းအိမ် ရောင်တာအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၃ ပါတ် ပေးတယ်။ Hemorrhoids လိပ်ခေါင်းအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၇ ရက်ပေးတယ်။

ဘေးထွက်ဆိုးကျိုး Side effects တွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်-ကွဲတယ်၊ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရေပြား အရောင်ပြောင်း၊ အစာမကျေ၊ အန်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ စိတ်ကျ၊ အမွှေးပေါက်တာပိုများ၊ ခိုက်မိရင် သွေးခြည်ဥပိုဖြစ်၊ ရာသီ ထိန်နိုင်တယ်။ ပိုဆိုးတာတွေကတော့ အရေပြားအနီကွက်၊ အသက်ရှူခက်၊ ရင်ကျပ်၊ အရေပြား အနာဖြစ်၊ သွေးယိုတာတွေ။

Fungal infection မှိုရောဂါ ရှိနေတုံး ဒီဆေး မသုံးရပါ။ ကျောက်ကပ်၊ အူ၊ နှလုံးရောဂါရှိနေသူ၊ ဆီးချို၊ လည်ပင်းကြီး၊ သွေးတိုး၊ ရေယုံ၊ တီဘီရောဂါရှိနေသူတွေ ဒီဆေးသုံဘို့ အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်လဲ သတိပြုပါ။ ဒီဆေးသောက်နေတုံး အရက်သောက် လျှော့ရမယ်။ ဆေးပေးထားသူတွေကို ဆားလျှော့စားဘို့၊ ပရိုတင်း နဲ့ ပိုတက်စီယမ် များများစားဘို့ ဆရာဝန်က ညွှန်ကြားမယ်။

Dr. တင့်ဆွေ
၁၂-၁ဝ-၂ဝ၁ဝ

Monday, October 4, 2010

Q and A October 2010 (4)

၁။ ခါတိုင်း ရာသီလာရက်ကတော့
၂။ ချွေးအရမ်းထွက်နေပါတယ်
၃။ မျက်စိက အဝေးကိုဆိုရင်

Q: ဆရာရှင့် ခါတိုင်း ရာသီလာရက်ကတော့ လဆန်း ၉ ရက်နေ့ပါ။ အတူနေမိတဲ့ ရက်ကတော့ ဒီလ ၁ ရက်နေ့ကပါ။ ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက ဝယ်လို့ မလွယ်တာနဲ့ သူငယ်ချင်း တယောက်က ပြောတဲ့အတိုင်း သောက်လိုက်မိပါတယ်။ စိတ်ချရပါ့မလား သိချင်ပါတယ်။ သူပြောတာကတော့ ပြီးပြီးချင်းကို တနေ့တလုံး သောက်ရတဲ့ တားဆေးကဒ်က ဆေးကို ၄ လုံး တခါထဲသောက်ပြီးနောက် ၁၂ နာရီအတွင်းမှာ ၄ လုံး ထပ်သောက်ခိုင်းပါတယ်။ အဲလို သောက်လိုက်မိပါတယ်ရှင့်။ အဲဒါ စိတ်ချရပါသလားရှင် သိချင်ပါတယ်။ ၁ ရက်အတွင်း သောက်တာပါ။ သောက်တဲ့ ဆေးကတော့ Marvelon 28 ပါ။
A: ဆေး အမျိုးအစားအပေါ်မူတည်တယ်။ ဆက်ဆံအပြီး ၃-၅ ရက်အတွင်း သောက်ရတယ်။ လိုအပ်ရင် တိုက်ရိုက် အီးမေးလ် ရေးပါ။ Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။

11 Oct 10, 12:21
Q: ကျွန်တော် ချွေးအရမ်းထွက်နေပါတယ်။ နေရင်းထိုင်ရင်း ချွေးထွက်ပါတယ်။ စနေနေ့ညနေက နှာချေလို့ ပန်နဒေါ သောက်ပါတယ်။ ညဖက် အိပ်ယာထဲမှာလဲ ချွေးထွက်တယ်။ တနင်္ဂနွေလဲ နေကုန် ချွေးထွက်တယ်။ ရေသောက် လိုက်တာနဲ့ ချွေးထွက်ပါတယ်။ ကိုယ်ပူတယ်ထင်လို့ ရေမချိုးပဲ ရေပတ်တိုက်နေပါတယ်။ ဒီနေ့ တနင်္လာနေ့ ဆိုတော့ ၃ ရက်ရှိပါပြီ။ ရေမသောက်ရဲအောင်ပါပဲ။ ချွေးက ထွက်နေဆဲပဲ။ နေက တော်တော်ပူတယ်ဆရာ။
A: ချွေးထွက်များသူ-နည်းသူ မတူကြပါ။ မွေးရာပါလို ဖြစ်နေသူတွေ ရှိတယ်။ ရောဂါလို့ မခေါ်ပါ။ လူကြည့်တာနဲ့ ပခုံးပေါ်မှာ တဘက်သေးသေးတခု တင်ထားတတ်ကြတယ်။ လက်ကိုင်းပုဝါ အမြဲဆောင်တယ်။ အဲလိုမဟုတ်ဘဲ ကောက်ဖြစ်တာက တမျိုးစ။ ရာသီဥတုကြောင့်ဆိုရင် လူအများလဲ ဖြစ်ကြမှာဘဲ။ ဘာဘဲဖြစ်ဖြစ် ချွေးနဲ့အတူ ထွက်သွား-ကုန်သွားတဲ့ ရေ နဲ့ ဓါတ်ဆားတွေ ပြန်ဖြည့်ပေးရလိမ့်မယ်။ ဓါတ်ဆားဆိုတာ ဝမ်းလျှောရင် သောက်ရတဲ့ ဓါတ်ဆားထုပ်ပါဘဲ။ မဖြည့်ရင် အားယုတ်နေမယ်။ ကြွက်သားတွေ ပြော့နေမယ်။ ရေတော့ သောက်ရပါမယ်။ ရေလဲချိုးပါ။ နှာချေ-ခေါင်းကိုက် စသဖြင့် အတွက် သောက်ရတဲ့ ဆေးတွေမှာ Pain killer ဆိုတာပါမယ်။ ဒီဆေးမျိုးကလဲ ချွေးထွက်စေတယ်။

9 Oct 10, 14:48
Q: ကျနော်ရဲ့ မျက်စိက အဝေးကိုဆိုရင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ဆိုင်းဘုတ်တွေက ကြေငြာစာတွေတောင် ဖတ်ရတာဝါးနေပြီ။ ကျနော်က အခုမှ အသက် ၂၃ ပဲရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မဖြစ်ဘူးသေးဘူး။ ကျနော်က အမြဲတမ်း ကွန်ပျူတာ သုံးတယ်၊ ဂိမ်းတွေလဲဆော့ဖြစ်တယ်။ အခု နှစ်နှစ်အတွင်းမှာ အခု အလိုဝါးသွားတော့ ကျနော် ဘာလုပ်သင့်သလဲ။ မျက်မှန်တပ်သင့်လား။ မျက်စိအားတိုးဆေးတွေလဲ ရှိရင် ပြောပြပေးပါဦး။ ပြီးတော့ ဘာအစားအစာတွေ စားရမလဲ ဆိုတာကိုလဲ ပြောပြပေးပါဦး။ ကျနော့် မျက်စိ ပြန်ကောင်းနိုင်ပါ့မလား။

A: ကျွန်တော် မျက်စိအထူးကုဆရာဝန် မဟုတ်ပါ။ တီဗွီ၊ ကွန်ပြူတာ၊ (လက်ပတော့ပ်) အသုံးများရင် မျက်စိအမြင်ကို ထိခိုက်တာ အမှန်ပါ။ အချိန်အကြာကြီး သတ်သတ်-မှတ်မှတ် နေရာတခုမှာ Focal point အမြင်အာရုံ စိုက်ထားနေရရင် ဖြစ်တယ်။ မျက်စိဆိုတာ အနီး-အဝေး အားလုံးအတွက် သုံးရတာကိုး။ မျက်စိက မှန်ဘီလူးကို ထိန်းပေးတဲ့ ကြွက်သားတွေက တနေရာထဲမှာ အကြာကြီး ချိန်ကိုက်ထားနေရတော့ ရုတ်တရက် တခြားနေရာအတွက် ပြင်ဆင်ဘို့ ခက်လာတဲ့သဘောပါ။ ဒီတော့ အကျင့်ကို ပြင်သင့်တယ်။ ကြားချိန်မှာ နားတာ၊ အဝေးကို ကြည့်တာ လုပ်ပါ။ အများကြီး သက်သာလာမယ်။ အဲလိုနားတဲ့အတွက် ကိုယ့် ဂိမ်း-အလုပ်တွေမှာလဲ Fresh ဖြစ်လာတော့ ပိုကောင်း စေမယ်။ မျက်မှန်လဲ လိုနိုင်ပါတယ်။ မျက်မှန်ဆရာတွေဆီ သွားရင် သေခြာပေါက် မျက်မှန် အလုပ်ခိုင်းနိုင်တယ်။ မျက်စိအထူးကုဆရာဝန်ကို ပြတာ ကောင်းတယ်။ မျက်စိအားဆေး ဆိုတာ ဗီတာမင် အေ တခုသာ ရှိတယ်။ ဒါကလဲ ကြက်မျက်သင့် ဆိုတဲ့ အလင်းရောင်နဲချိန် (ညနေ) မှာ ကောင်းကောင်း မမြင်ရတာအတွက်သာ ကောင်းတယ်။ Vitamin A များတာတွေက အရောင်ရှိ အသီးအနှံတွေ၊ ကြက်ဥအဝါ၊ ငါးကြီးဆီ။

Sunday, October 3, 2010

Q and A October 2010 (3)

1. Hydrocoele က မနာဘူးလို့ ဖတ်ဖူးပါတယ်
2. လိင်တံ သေးနေလို့
3. ဗိုက်ဆာရင် ခြေတွေလက်တွေပါ တုန်လာတယ်
4. ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတယောက်ကို
5. အပျို စစ်-မစစ်နဲ့ ဆိုင်ပါသလား
6. တားဆေးကဒ်က ဆေးကို ၄ လုံး

3/10/2010
Q: ကျွန်တော် ဆီးပူ ဖြစ်ပါတယ်။ ဆီး ခဏခဏ သွားပါတယ်။ ခါး အထက် နေရာ နားက နာပါတယ်။ Prostitute နဲ့ Oral sex လုပ်မိပါတယ်။ Condom နဲ့တော့ ဆက်ဆံပါတယ်။ ဒါနဲ့ ဆရာဝန် တယောက်နဲ့ ပြပါတယ်။ Antibiotics စားဆေးရော ထိုးဆေးပါ ပေးပါတယ်။ ဆီးပူနေတာရယ် ဆီးခဏခဏ သွားနေတာက ကောင်းသွားတယ်။ Right testis, right groin က နာနေပါတယ်။ ဆီး စစ်တော့လည်း Gonorrhea, Syphilis စတဲ့ STD တွေ မတွေ့ရဘူး။ HIV လည်း စစ်ပါတယ်။ ဒါနဲ့ Testis ကို Ultra sound ရိုက်ပါတယ်။ Both testes are symmetrical and normal size. Both have homogeneous normal echogenicity. No Focal lesions are detected. The epididymis are normal in size and in echogenicity. No evidence of cysts seen. There is a small amount of free fluid noted in right hemiscrotum. Comments: No focal lesions of testes detected. Mild right sided hydrocoele noted. ဒါနဲ့ ပြနေတဲ့ ဆရာက Operation လုပ်ရမယ်လို့ ပြောပါတယ်။ Hydrocoele က မနာဘူးလို့ ဖတ်ဖူးပါတယ်။ လောလောဆယ်လည်း အလုပ်ရှုပ်နေလို့ Operation လည်း မလုပ်နိုင်သေးပါဘူး။ သူတို့ ပြောသလို Hydrocoele လား။ တခြား ဘာရောဂါ ဖြစ်နိုင်ပါသလဲ။
A: ဆရာ့အမြင်အရ လောလောတယ် ခွဲဘို့ မလိုသေးပါ။ အစေ့နဲ့ ပေါင်ခြံနာနေတာ အရင် ပျောက်အောင်လုပ်သင့်တယ်။ Hydrocele ဆိုတာ ဘယ်တော့ ခွဲခွဲရတယ်။ Mild ဆိုတော့ ပိုလို့တောင် နေနိုင်သေးတယ်။ ဆီးအောင့်တာ၊ Exposure ရှိဘူးတာ၊ နာနေတာတွေရဲ့ အဆက်လဲ ဖြစ်နိုင်တယ်။ ပြလက်စ ဆရာဝန်နဲ့ ဆေးကုတာ ပြတ်အောင်လုပ်ပါ။ ခွဲတာကို နောက်မှလုပ်ပါ။ ကြာလို့လဲ Hydrocele က ဆိုးမလာနိုင်ပါ။ ပိုးရှိနေတုံးခွဲလို့ မကောင်းပါ။ တကယ်လို့ ဆရာဝန်နဲ့ ဝေးနေရင် ဆီးအတွက် သောက်ရတဲ့ဆေးတွေ ပြောပြရင် နောက်ဆေးကို ညွှန်လို့ရပါမယ်။
Q: ဆရာ ဆိုလိုချင်တာက နာနေတာ ပျောက်မှ ခွဲသင့်တယ်။ ကျွန်တော် ပြနေတဲ့ ဆရာဝန်က ခွဲပြီးမှ နာနေတာ ပျောက်မဲ့ သဘောကို ပြောနေတယ်။ ကျွန်တော်လည်း hydrocele မှန်း မသိပါဘူး။ ပျောက်ချင်နေတာပါ။ သူက နာနေတဲ့သဘောက hydrocele ကြောင့်လို့ ယူဆနေတယ် ထင်ပါတယ်။ နာနေတာ ပျောက်အောင် ဘာဆေး စားသင့် ထိုးသင့်ပါသလဲ။
A: Hydrocele မှန်ရင် မနာပါ။ သိပ်ကြီးလာတာတောင် အလေးချိန်ကြောင့် ခံစားရမှုသာ ရှိပါတယ်။ အကြော-အစေ့ ရောင်ရင် နာမယ်။ အစေ့အခြေက လိမ်နေရင်နာမယ်။ နာနေတာရဲ့ အကြောင်းရင်း သိမှ ဆေးပေးတာ မှန်မယ်။ အများအားဖြင့် အကြော-အစေ့ရောင်တာဖြစ်တယ်။ STD လိင်ကတဆင့်ရတာ ဟုတ်-မဟုတ် ဖြစ်တယ်။ ရေးပြီးသား စာတပုဒ် ထည့်ပေးလိုက်ပါတယ်။ Doxycycline ဒါမှမဟုတ် Ciprofloxacin ဆေး တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ အနာ-အရောင် သက်သာအောင် Ibuprofen တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ ဒီဆေးကိုတော့ မနာရင် ရပ်လိုက်ပါ။ ဒီဆေးကို အစာနဲ့ သောက်ရင် ကောင်းတယ်။ “Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း”

4/10/2010 at 20:25
Q: ကျနော့် လိင်တံ သေးနေလို့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေပါတယ်။ လိင်တံကြီးအောင် ဆေးထိုးချင်ပါတယ် ဘယ်မှာ ထိုးလို့ရမလဲ။
A: “Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅)” ကို ဖတ်ပါ။

4/10/2010 at 2:04 PM
Q: ကျွန်တော်အသက် (၃၅)နှစ်ပါ။ ညဘက်အိပ်ရင်းနဲ ရုတ်တရက်တရေးနိုးရင် နှလုံးက တလျှပ်လျှပ်နဲတုန်ပါတယ်။ ည ၁၂ နာရီမှ မနက် ၄နာရီအတွင်း နိုးတဲအချိန်တွေမှာ အဖြစ်များပါတယ်။ အဲဒီလိုဖြစ်တာ လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက် ကတည်းကပါ။ ပုံမှန်အချိန်တွေတော့ မဖြစ်ပါဘူး။ တခါတလေတော့ လေအောင့်သလိုမျိုး နှလုံးဘက်က စူးပြီးအောင့် တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် အသက်ကို အဝတောင်မရူရဲပါဘူး။ အသက် အရမ်းရူလိုက်ရင် အရမ်း အောင့်ပါတယ်။ ဖြည်းဖြည်းခြင်း ရူရင်းနဲ့ သက်သာသွားပါတယ်။ နောက်တခုက ဗိုက်ဆာရင် ခြေတွေလက်တွေပါ တုန်လာတယ်။ ရင်ထဲကပါ မကောင်းချင် ဖြစ်လာတယ်။ ဆေးမစစ်တာတော့ ကြာပါပြီ အိမ်ထောင်ရှိပါတယ်။ လောလောဆယ်တော့ အတူတူမနေပါဘူး အလုပ်က ပြည်ပမှာဖြစ်နေလို့ပါ။

A: အစာလမ်းမှာ လေနာဖြစ်တာပါ။ အဆာမခံပါနဲ့၊ အရေးပေါ်စားဘို့ အချို-ဘီစကစ် သွားလေရာ ယူသွားပါ။ နဲနဲခြင်း အကြိမ် များစားပါ။ အစာ အမျိုးအစား တူတာကို စားလေ့လုပ်တာ ကောင်းတယ်။ ထမင်း-ခေါက်ဆွဲ-ပူရီ-ပေါင်မုံ့-ပီဇာ၊ အမျိုးအစား စားနေကြကိုသာ စားပါ။ စားတဲ့အချိန်လဲ တူပါစေ။ ဆေးလဲသောက်ရလိမ့်မယ်။ ရေးပြီးသား စာ ၂ ပုဒ် ထည့်ပေးလိုက်ပါတယ်။
“လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်။ Peptic ulcer”
“Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း”

5/10/2010 at 23:55
Q: ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတယောက်ကို ဂျင်းနဲ့ ထန်းလျက်ဖျော်တိုက်တာ၊ ပြီးတော့ ရှမ်းပျိုမေတိုက်တာတို့က ကိုယ်ဝန်ကို ပျက်ကျစေနိုင်လားဆရာ။
A: မြန်မာဆေးနည်းတွေကို မသိတာက များတယ်။ ဒါလဲ ပါတယ်။ ဆောရီး။

5/10/2010 at 21:10
Q: မိန်းမတွေနို့ သီးခေါင်းကြီးပြီး အမဲရောင်ဖြစ်နေတာ အပျို စစ်-မစစ်နဲ့ ဆိုင်ပါသလား။
A: “Virginity အပျို တကယ်စစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၄)” ကိုဖတ်ပါ။

Q: ဆရာရှင့် ခါတိုင်း ရာသီလာရက်ကတော့ လဆန်း ၉ ရက်နေ့ပါ။ အတူနေမိတဲ့ ရက်ကတော့ ဒီလ ၁ ရက်နေ့ကပါ။ ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက ဝယ်လို့ မလွယ်တာနဲ့ သူငယ်ချင်း တယောက်က ပြောတဲ့အတိုင်း သောက်လိုက်မိပါတယ်။ စိတ်ချရပါ့မလား သိချင်ပါတယ်။ သူပြောတာကတော့ ပြီးပြီးချင်းကို တနေ့တလုံး သောက်ရတဲ့ တားဆေးကဒ်က ဆေးကို ၄ လုံး တခါထဲသောက်ပြီးနောက် ၁၂ နာရီအတွင်းမှာ ၄ လုံး ထပ်သောက်ခိုင်းပါတယ်။ အဲလို သောက်လိုက်မိပါတယ်ရှင့်။ အဲဒါ စိတ်ချရပါသလားရှင် သိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးပါနော်။ ၁ ရက်အတွင်း သောက်တာပါဆရာ။ သောက်တဲ့ဆေးကတော့ Marvelon 28 ပါဆရာ။
A: ဆေး အမျိုးအစားအပေါ်မူတည်တယ်။ ဆက်ဆံအပြီး ၃-၅ ရက်အတွင်း သောက်ရတယ်။ လိုအပ်ရင် တိုက်ရိုက် အီးမေးလ် ရေးပါ။ Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။

Saturday, October 2, 2010

Q and A October 2010 (2)

1. သားလေးက ၁ နှစ် ၂ လ ရှိပါပြီ
2. နှုတ်ခမ်းထောင့်မှာ အဖြူရောင် အဖုသေးသေးလေးတွေက
3. ဗိုက်ခွဲ မွေးထားသူတွေကော လုပ်လို့ရပါသလား
4. ကျွန်မ Ecee2 ကို ၁၃ ကဒ်ခန့် သုံးစွဲပြီးပါပြီ
5. What is the right or good healthy position of penis
6. ဖြစ်တာကတော့ ကျွန်တော့် ကောင်မလေးပါ

1 Oct 10, 13:37
Q: ကျွန်မ အသက် ၃၂ နှစ်ပါရှင့်။ Haemophilus influenza (Hib) နဲ့ Pneumococcal Conjugate (PCV7) က BCG (တီဘီ ကာကွယ်ဆေး) နဲ့ တူပါသလား။ USA မှာ BCG မရှိလို့ပါ။ သားလေးက ၁ နှစ် ၂ လ ရှိပါပြီ။ Hepatitis A ရော ထိုးဖို့ လိုပါသလား။ ဘယ်လို ဘေးထွက် ဆိုးကျိုးများ ဖြစ်လာ နိုင်ပါသလဲရှင့်။

A:
• Pneumococcal Conjugate (PCV7) က Pneumococcal pneumonia နူမိုးနီးယား၊ Bacteremia သွေးထဲပိုးဝင်ခြင်း၊ Meningitis ဦးနှောက်မြှေးရောင်ခြင်း ရောဂါတွေကို ကာကွယ်ဆေး ဖြစ်တယ်။
• Haemophilus influenzae type b (Hib) က Severe pneumonia ပြင်းထံတဲ့ နူမိုးနီးယား၊ Meningitis ဦးနှောက်မြှေး ရောင်ခြင်း ရောဂါတွေကို ကာကွယ်ဆေးဖြစ်တယ်။
• BCG ဆိုတဲ့ဆေးက TB ကာကွယ်ဆေးဖြစ်တယ်။ တီဘီ ရှားလွန်းတဲ့နိုင်ငံတွေမှာ မထိုးပါ။ Hepatitis A အပါအဝင် တခြား ကလေး ကာကွယ်ဆေးတွေလဲ အဲလိုဘဲ။ နိုင်ငံတခုနဲ့တခုသာမက ပြည်နယ်တွေ့ပါ ထိုး-မထိုး မတူကြပါ။

2 Oct 10, 17:32
Q: ဆရာရှင့် နှုတ်ခမ်းထောင့်မှာ အဖြူရောင် အဖုသေးသေးလေးတွေက ဘာကြောင့်ဖြစ်တာပါလဲဆရာ။ နှစ်နဲ့ချီ ကြာနေပါပြီ။ သေချာကြည့်မှမြင်ရပါတယ်။ လျာနဲ့ထိုးကြည့်ရင်း ကြမ်းပါတယ်။ အရမ်းလဲမများပါ။ ဘာဖြစ်တာလဲ သိပါရစေ။

A: နှုတ်ခမ်း တဖက်လား၊ နှစ်ဖက်လား၊ ဆားဝက်ခြံ ဆိုတာ ရေးထားတယ်။ ဖတ်ပါ။ လိုရင် ထပ်မေးပါ။
Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ http://dts-medicaleducation.blogspot.com/2010/07/blog-post_580.html

2 Oct 10, 00:59
Q: Pelvic floor exercise က ဗိုက်ခွဲမွေးထားသူတွေကော လုပ်လို့ရပါသလားဆရာ။ ကျွန်မက ဗိုက်ခွဲမွေးထားလို့ပါ။ အိပ်ထောက်မတင်နည်းကော လုပ်လို့ရပါသလားဆရာ။

A: ကလေးဗိုက်ခွဲမွေးရင် ဗိုက်ရှေ့နံရံ နဲ့ သားအိမ်ရှေ့ပိုင်းတွေကို ခွဲစိတ်-ပြန်ချုပ် လုပ်ရတာပါ။ Pelvic floor exercise က သားအိမ်ကို မ-ထိန်း-ပင့်တင် ပေးထားတဲ့ ဘေးက ကြွက်သားတွေကို လုပ်ရတာပါ။ ခွဲစိတ်ပြီး နာတာခံ ခံနိုင်ရည် ရှိကတည်းက လုပ်လို့ရပါပြီ။ ခွဲစိတ်အပြီး ဆေးရုံမှာတင် အသက်ရှူ လေ့ကျင့်မှု၊ ခြေ-လက်လှုတ်ရှားမှု၊ စတာတွေ လူနာ အခြေအနေ အလိုက် လုပ်ရပါသေးတယ်။ တခြား ကိုယ်ကာယ လေ့ကျင့်ခန်းတွေကိုတော့ ၁ လ ခွဲ နောက်မှာသာ လုပ်သင့်တယ်။ တခြားလေ့ကျင့်ခန်းတွေ လုပ်ရတာမျိုးဟာ တင်ပါးဆုံအတွင်းက အင်္ဂါတွေကို ညှစ်ထုတ်ပေးသလို မဖြစ်စေဘို့က အလွန်အရေးကြီးပါတယ်။ စိတ်ကနေ ထိန်းပေးထားရပါမယ်။

Oct 2, 2010 at 2:22 PM
Q: ကျမအသက်၂၂ နဲ့ ၂၃ ကြားမှာပါ။ ကျမ အိမ်ထောင်ကျတာ ၁ဝ လ လောက်ရှိပါပြီ။ အိမ်ထောင်မကျမီက ကျမ ကိုယ် အလေးချိန်ကီလို ၄၉ လောက်ရှိတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်း ကီလိုကျ ကျလာတာ ၄၄ လောက်ပဲ ရှိတော့တယ်။ ကျမ အရပ်က ၁၆၂ လောက်ရှိတယ်။ ကြည့်ရတာ တော်တော် ပိန်တယ်။ အဲဒါ ကိုယ်ဝန်တားဆေးနဲ့ ပတ်သတ်မူ ရှိ မရှိ သိချင်လို့ပါ။ ကျမ အိမ်ထောင်ကျကတည်းက သုံးတဲ့ဆေးက mercilon 28 လုံးကဒ်ပါ။ ကျမနဲ့ မတည့်လို့ ပိန်တာ များလားပေါ့။ ကျမ ကီလိုကို ၅ဝ ကျော်လောက် ဖြစ်ချင်တယ်။ တစ်ချို့ တားဆေးတွေက တည့်ရင်ဝတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။ ပိန်တာဟာတားဆေးနဲ့ မဆိုင်ရင်လည်း ဝလာအောင် ဘယ်လို အားဆေးမျိုး သုံးစွဲရမလဲ။ ကေသီပန် သုံးစွဲရင်ရော ဝနိုင်ပါသလား။

A:
• ကေသီပန်အကြောင်း ဆရာမသိပါ။
• မှန်ပါတယ်၊ ကိုယ်ဝန်တားဆေးတွေက တချို့ ပိန်၊ တချို့ ဝကြတယ်။ အခံဟော်မုန်း အနဲ-အများ မတူကြလို့ပါ။
• တားဆေး ပြောင်းသုံးနည်းက တခုဖြစ်ပါတယ်။ ဆေးနာမည် မတူတာ၊ ဆေးအမျိုးအစား မတူတာ ပြောင်းနိုင်တယ်။ ထိုးဆေး ပြောင်းသုံးနိုင်တယ်။ IUCD/Copper T သားအိမ်ထဲပစ္စည်းထည့်တာ လုပ်နိုင်တယ်။ ကွန်ဒွမ်နည်းသုံးနိုင်တယ်။
• နောက်တခုက အလေးချိန်ကျနေတာ တခြားအကြောင်းတွေ စစ်ရပါမယ်။ ဥပမာ တီဘီ။
• နောက်တခုက အစားအသောက်နဲ့ ကိုယ်အလေးချိန်တိုးနည်း။ ရေးပြီးသား စာတပုဒ် ထည့်ပေးလိုက်ပါတယ်။
Weight gain လှယုံမက ဝချင်သေးရင် http://dts-medicaleducation.blogspot.com/2010/05/weight-gain.html

3 Oct 10, 08:05
Q: ကျွန်မ Ecee2 ကို ၁၃ ကဒ်ခန့် သုံးစွဲပြီးပါပြီ။ ဒီပမာဏကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါသလဲရှင့်။ ကျွန်မ ကလေးမရမှာ စိုးရိမ်မိပါတယ်ရှင့်။

A: Ecee2 ရဲ့ ပုံမှန် ဘေးထွက်ဆိုးကျိုးတွေက ပျို့-အန်၊ အားယုတ်၊ ဗိုက်နာ၊ အစာမကျေ၊ ခေါင်းကိုက်၊ ရင်သားနာ၊ သွေးဆင်းများ၊ ရာသီရက်ပြောင်း၊ သွေးဖိအား Blood pressure တက်တာတွေ ဖြစ်တယ်။ မကြာခဏသုံးရင် ရာသီရက်မမှန်၊ ရာသီသွေး အနဲ-အများ မမှန်တာဖြစ်မယ်။ ဒီဆေးက မ-မျိုးဥထွက်မှာကို တားတဲ့ဆေး ဖြစ်တယ်။ အကြာကြီး သုံးသူတွေကို သုတေသနလုပ်ထားတာ မတွေ့မိသေးပါ။

Q: I'm 17, male. What is the right or good healthy position of penis in underwear? When my penis is erect, it points a little bend down towards the ground. In some photos I see that men put their penis up in underwear. I can’t do like that. I'm worried that this problem is caused by penis position in underwear. Please tell me what causes this. I do masturbate about 4 or 5 times in a week for 5 years. Again, another question is that the foreskin. When the penis is not erect, the foreskin covers the whole gland. When erect, it covers half. I can pull the foreskin towards the body until the whole gland is pop outside. Is the penis is normal for a guy?

A: You are a perfect man. I mean normal. Not all are the same. When it comes to penis, it can be straight or curve downward or upward. It is perfect if it can be used correctly i.e. urination and intercourse. It is not photo show if you are not playboy model. That organ should lie comfortable inside the under ware whatever it likes. Let him choose.

Masturbation is normal. In most of the men and boy children the foreskin covers 2/3 of the glens. It is also OK if ½. Those who underwent circumcision it my cover less. The more it covers the better for protection. It should uncover the whole when necessary. You need to clean it more than the others.

Sep 28, 2010 at 10:48 PM
Q: ဖြစ်တာကတော့ ကျွန်တော့် ကောင်မလေးပါ။ အသက် ၂၇ နှစ်ပါ။ ချက်အောက်ဘယ်ဘက် ၄၅ ဒီဂရီ လက်လေးလုံး အကွာ လောက်မှာ နာတာလို့ ပြောပါတယ်။ အတွင်းထဲက နာတာမျိုးလို့ ပြောပါတယ်။ Google မှာ ပုံရှာကြည့်တော့ Fallopian tube နေရာလောက်ကလို့ ထင်တယ်။ နာတာက ၄ ရက်လောက် ရှိပြီလို့တော့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ဝဝ၈ ၁ လပိုင်းလောက်တုန်းကလည်း တစ်ခါ အဲလိုမျိုး ဖြစ်ဖူးသေးတယ်။ အဲတုန်းက ဆေးခန်းပြတာ ဆရာဝန်က ဥပြွန် ရောင်တယ်လို့ ပြောပြီး သောက်ဆေးပေးလိုက်ပါတယ်။ ဒီကြားထဲမှာ သံချဆေး ၃ ရက် သောက်လိုက်သေးတယ်။ အဲဒါဟာ ဘာရောဂါ ဖြစ်နိုင်လဲဆရာ။ ပြီးတော့ ဘာကြောင့် ဖြစ်တာလဲ၊ ဘာဆေးတွေ သောက်ဖို့ လိုအပ်သလဲ ဆိုတာနဲ့ ဆောင်ရန်-ရှောင်ရန်လေးတွေ ပြောပေးပါ။

A: အမျိုးသမီး အတော်များများ အဲဒါမျိုး ဖြစ်တတ်ပါတယ်။ မျိုးဥ ဖြစ်ဖြစ် ပြွန်ဖြစ်ဖြစ် သားအိမ်ဖြစ်ဖြစ် မျိုးပွါးလမ်း တနေရာမှာ ရောင်တာပါ။ အဖြူဆင်းမယ်။ တချို့ နဲနဲ ဝါမယ်-စိမ်းမယ်။ ဆင်းတာက တချို့ ယားမယ်။ တချို့ အနံ့ရှိတယ်။ တချို့ ကျဲတယ်။ တချို့ ပြစ်တယ်။ ဆေးသောက် ပျောက်ပါတယ်။ ခဏခဏဖြစ်ရင်တော့ နောင် ကလေးရစေမှာကို ထိခိုက်တတ်တယ်။

ဆေးက Metronidazole စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ထပ်ဖြစ်တတ်တယ်။ ထပ်သောက်ပါ။ မရသေးရင် Vaginal tablet မွေးလမ်းထဲထည့်ဆေး ထည့်ရတယ်။ Nistatin ဒါမှမဟုတ် Clotrimazole တမျိုးကို တညတခါ ၅-၆ ည ထည့်ပါ။ STD လိင်ကတဆင့် ကူးစက်တာဆိုရင် နောက်ထပ် စားဆေးလိုသေးတယ်။ အများဆုံးက ပြောထားပြီး ဆေး ၁ မျိုး။ ၂ မျိုးနဲ့ ကောင်းပါတယ်။ နာတာအတွက် Ibuprofen စားဆေး တခါသောက် ၁ ပြား၊ နာမှ သောက်ပါ။ တနေ့ ၃ ကြိမ် သောက်လို့ရတယ်။ အစာနဲ့ သောက်ပါ။ လိုသေးရင် မေးပါခင်ဗျား။

Friday, October 1, 2010

Q and A October 2010 (1)

1. မကြာခဏ ချောင်းဆိုးတယ်
2. အသက်ရှူ မဝလို့ပါ ဆရာ
3. ဒီလမှာ ရာသီ လာတာ
4. ပန်းသေတော့မယ်လို ခံစားရပါတယ်
5. When I sleep with my wife

2010/9/28
Q: သူငယ်ချင်း တယောက်က မကြာခဏ ချောင်းဆိုးတယ်။ နည်းနည်း အေးလာတာနဲ့ ဆိုးတယ်။ ဆေးခန်း ပြရမှာလည်း ကြောက်တော့ ဆေးလေးဘဲသောက် ပြီးနေတယ်။ ပျောက်သွားရင် မသောက်တော့ဘူး။ မကြာခဏ ဘာကြောင့် ချောင်းဆိုးလည်း၊ အဲဒီလို မဖြစ်အောင် ဘာတွေ ရှောင်ရမလည်း၊ ဘယ်လိုဆေးတွေများ သောက်သင့်သလည်း။ သူငယ်ချင်းက မိန်းကလေးပါ။ နောက်တခုက သူ့ မျက်လုံးတွေဟာ ငိုရင် မျက်ရည် မထွက်ဘူး။ မျက်ရည်ထွက်တဲ့နေရာ ပိတ်နေတယ်လို့တော့ ပြောတယ်။ မျက်ရည် မထွက်တော့ သူငိုတဲ့အခါတိုင်း ခေါင်းမှုး၊ ခေါင်းကိုက်ဖြစ်တယ်။

A: ချောင်းဆိုးတာ ကြာတယ်၊ ခဏခဏ ဖြစ်တယ်ဆိုရင် ဆေးစစ်ရမယ်။ Chest specialist အထူးကု ပြပါ။ Physician အထူးကုကိုလဲ ပြနိုင်ပါတယ်။ အနဲဆုံး ဆရာဝန်တဦးဦး ပြပါ။ အာခေါင်ကနေစ စစ်ရမယ်။ လည်ချောင်း၊ နောက်ဆုံး အဆုပ် စစ်ရမယ်။ ဓါတ်မှန် ရိုက်ဘို့ လိုချင်လိုမယ်။ သလိပ်စစ်တာ ခိုင်းချင်ခိုင်းမယ်။ ချောင်းဆိုး-ပျောက်ဆေး အားမကိုးပါနဲ့။ ပိုးသေတာ မပါဘူး။ အိပ်ပေါက်နဲ့ ဖါးကောက်သလို ဖြစ်နေမယ်။ ဘယ်မှ မသွားနိုင်သေးသူဆိုရင် Amoxacylin 500 mg တနေ့ ၂ ကြိမ် ၄-၅ ရက်သောက်ပါ။

မျက်ရည် မထွက်တာက မျက်ရည်လမ်း ပိတ်နေတာ ဖြစ်နိုင်တယ်။ မျက်ရည်လမ်း ပြန်ဖွင့်ပေးလို့ ရပါတယ်။

2010/9/30
Q: အသက်ရှူမဝလို့ပါ ဆရာ။ သတိထားမိတာ ၂ လ ၃လရှိပါပြီ။ ကျွန်တော် ဘာဆေးသောက် ဘယ်လို လုပ်ရမလဲဆိုတာ အကြံဥာဏ်ပေးစေချင်ပါတယ်။

A: နှာခေါင်းထဲမှာ အလုံးလို တခုခုရှိနေသလား။ မှန်ထဲကြည့်ပါ။ တယောက်ယောက်ကို ကြည့်ခိုင်းပါ။ ရာသီဥတု အပြောင်း အလဲမှာ ဖြစ်တတ်တယ်။ နှာရည်ယိုသလား။ ဘာဘဲဖြစ်ဖြစ် Antihistamine စားဆေး။ ရှူဆေး သုံးရတယ်။ ဆေးဆိုင် တိုင်းမှာ ရှိပါတယ်။ နောက်တခုက သွေးအားနည်းနေရင်လဲ ဖြစ်တတ်တယ်။ အသားအရေ ဖြူရော်နေသလား။ လိုအပ်ရင် Hb စစ်ပါ။

September 30, 2010 9:06 AM
Q: ဆရာ ဒီလမှာ ရာသီ လာတာ ၁၆ ရက်နေ့ကပါ။ အခု ၂၉ ရက်နေ့ မှာ ရာသီပြန်လာနေလို့ပါ။ လမကုန်သေးပဲ ရာသီ လာတာ ဘာဖြစ်လို့ပါလဲ။ Ecee2 သောက်လို့လား။ စိုးရိမ်ရပါသလား။

A: ဆေးကြောင့်ပါ။ ရာသီရက်လဲ ပြောင်းသွားလိမ့်မယ်။ နောက်ဆိုရင် ကြိုတင်မှု ကောင်းကောင်းလုပ်ပေါ့။

1 Oct 10, 10:47
Q: ကျွန်တော့် အသက် ၂၅ နှစ်ပြည့်ပါပြီ။ ကျွန်တော်ကိုယ်ကို ပန်းသေတော့မယ်လို ခံစားရပါတယ်ခင်ဗျား။ လိင်တံက အရင်လိုမျိုး သိပ်မမတ်တော့ပါဘူးခင်ဗျား။ ကျွန်တော် Viagra ဆေးသောက်လို့ ရပါသလား။

A: ဒီအသက်မှာ ဒီအဖြစ်မျိုး အလွန်မတန် ရှားပါတယ်။ ပန်းညှိုးချင်တာရဲ့ အကြောင်းတွေ ပြင်လိုက်ရင် ဆေးမပါဘဲ ကောင်းနိုင်ပါမယ်။ ရေးထားတာ ရှိပါတယ်။ ရှာမတွေ့ရင် ပြောပါ။ Viagra သောက်လို့တော့ ရပါတယ်။

Oct 1, 2010 at 4:41 AM,
Q: I have one problem. When I sleep with my wife I finish very fast. Sometime as I touch to her organ my liquid comes out. If I can put my organ into hers I can’t play more than 30 seconds. I am working overseas and my wife also is working with me. We married 6 months ago. So my wife was not satisfied.

A: Don't worry. You are a normal man. It happens in early days and weeks. I hope you can read Burmese fonts there. So I included the article and 3 Q-and-As. Please try to correct. If you still have problem, ask me then.
Early ejaculation သုတ်လွှတ်စောခြင်း

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...