ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Friday, October 15, 2010

Keloid အရုပ်ဆိုးတဲ့ အမာရွတ်

October 14, 2010 6:25 PM
Q: ကျနော့်မှာ ရင်ဘက် နို့နှစ်ခုရဲ့ အလယ် အထက်နားမှာ အမာရွတ်တစ်ခု ရှိပါတယ်။ ကျနော် မမှတ်မိခင် အချိန် ကတည်းက အနာပေါက်ပြီး အမာရွတ် ကျန်ခဲ့တာလို့ အမေကပြောပါတယ်။ အခုကျနော်အသက် ၂၅ ရှိပါပြီ။ အနာရွတ်က တဖြေးဖြေး ကြီးလားတယ်။ တခါတလေကျရင် နာသလိုခံစားရတယ်။ ပေါင်မှာလည်း အနာရွတ် တခုရှိတယ်။ အဲတာက ဘာမှ မပြောင်းလဲဘူး။ ရင်ဘက်ကဟာက ကြီးလာတယ်။ အရင်တုံးက တစ်လက်မတောင် မရှိဘူး။ အခုဆိုရင် နှစ်လက်မ လောက် ရှိတယ်။ အနာရွတ်က ဖေါင်းကြွနေတော့ ဘယ်လိုမှ ကြည့်မကောင်းဘူး ဖြစ်နေတယ်။ အန္တရာယ်ရှိလား။ ကင်ဆာလိုဖြစ်မှာ ကြောက်တာ။ ပြီးတော့ အမာရွတ်ကို ခွဲစိတ် ထုတ်လိုက်လို့ ရလား။ ဖြစ်နိုင်ရင် ခွဲစိတ်ထုတ်လိုက်ချင်တယ်။

A: မှန်းကြည့်ပြီး ပြောပါ့မယ်။ Keloid ဆိုတာ ဖြစ်နေမယ်။ စာခေါင်းစဉ်ကို “အရုပ်ဆိုးတဲ့ အမာရွတ်” လို့ တပ်ထားတော့ အမာရွတ်မှာ လှတာကော ရှိလားမေးလိမ့်မယ်။ Indiana Jones ထဲက မင်းသား Harrison Ford ကြည့်မလား၊ Cleopatra မင်းသမီး Elizabeth Taylor လည်ပင်းမှာ အမာရွတ်ပါတယ်၊ Catherine Zeta-Jones သတိထားမိလား ဘယက်ဖြစ်ဖြစ်၊ လည်စည်း ဖြစ်ဖြစ် စီးထားတာ လည်ပင်းမှာ ဒေါင်လိုက် အမာရွတ် ရှိလို့ပါ။ Sandra Bullock, Sharon Stone အကုန်လုံး အချော အလှတွေ မဟုတ်ပါလား။

အနာတခု ကျက်ရင် အမာရွတ် ဖြစ်တယ်။ အမာရွတ်မှာ Collagen ဆိုတာပါတယ် သူ လိုတာထက် ပိုများနေတာပါ။ ကြည့်ရင် အထက်ပိုကြွနေတယ်၊ တောက်ပြောင်နေမယ်။ အရောင်ကနေ နီညိုညိုရှိမယ်၊ ရာဘာခဲလို မာတင်းတင်း ရှိတယ်။ မျက်နှာပြင် မချောပါ။ ကင်ဆာ-မဟုတ်တဲ့ အကြိတ်အုပ်စုဝင် ဖြစ်တယ်။ မကူးစက်နိုင်ဘူး။ နာနိုင်တယ်၊ ယားနိုင်တယ်။ ဒီဘက် နားမှာ ဖြစ်ပေမဲ့ ဟိုဘက် နားမှာ လာမဖြစ်ပြန်ပါ။

Hypertrophic scar ဆိုတဲ့ အရောင် ပိုရင့် နေတဲ့ ရိုးရိုး အမာရွတ်နဲ့ ခွဲခြားရမယ်။ ရိုးရိုးဆိုတာမျိုးက အနာနေရာထက် ဘေးကို ပိုကျယ်မနေဘူး။ ဒီအကောင်က ဘေးကို ပိုရောက်ရောက်လာတယ်။

ဘာလို့ ဖြစ်တာလဲ။ သူများတွေတော့ မပြောတတ်ဘူး၊ ဆရာဝန်တွေ သိပ်နားမလည်သေးပါ။ ကျား-မ ဆတူ ဖြစ်တယ်။ အသက် သိပ်ငယ်သူတွေနဲ့ လူအိုတွေမှာ အဖြစ်နဲတယ်။ အသား သိပ်မဖြူသူတွေ ပိုဖြစ်တယ်။ အမျိုးထဲ တယောက်ထဲ မဖြစ်တာ တွေ့ရတယ်။ အဖြစ်များနေရာတွေက ရင်ပတ်၊ ကျော၊ ပခုံး၊ နား၊ တင်ပါး၊ မျက်နှာမှာ မေးရိုးကလွဲရင် သိပ်မဖြစ်ပါ။

ဆေးကုရတာ မလွယ်တဲ့ အစားထဲမှာ ပါတယ်။
• lntra-lesional corticosteroids (ကီးလွိုက်) ထဲ (စတီရွိုက်) ဆေးထိုးနည်းပါ။ ၇ဝ% လောက်က အကျိုးရှိတယ်။ ပြန်ဖြစ်တာလဲ ၅ဝ% လောက်ရှိပါတယ်။
• Excision ခွဲထုတ်နည်းကိုလည်း ဆေးထိုးနည်းမရတာကို စမ်းသင့်တယ်။ Triamcinolone or Interferon injections ထိုးဆေး တခုခုကို မခွဲခင်၊ ခွဲနေတုံးနဲ့ ခွဲအပြီးမှာ ပေးသင့်ပါတယ်။
• Silicone gel sheeting နည်းကိုတော့ ယားလို့၊ နာလို့ဆိုတဲ့ ခံစားနေရတာ သက်သာဘို့အတွက် သုံးနိုင်တယ်။
• Cryosurgery ဆိုတဲ့ အေးခဲနည်းနဲ့ ကုတာလဲ ရှိပါတယ်။ ဒီနည်းက အရောင်ပျော့သွားတာ ဖြစ်လာတတ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလည်း လုပ်ပါတယ်။ ခွဲပြီးမှ ဆက်လုပ်တာလဲ ရှိတယ်။
• Pulsed dye laser လေဆာနည်းလဲ ရှိတယ်။
• Interferon ဆိုတာ ကိုယ်ခန္ဓာကနေ ရောဂါပိုးတွေကို ခံတိုက်တဲ့ ရောဂါပြီးစနစ်က ထုတ်ပေးနေတဲ့ (ပရိုတင်း) တမျိုးပါ။ ဒီဆေးမျိုးလဲ ထိုးတယ်။
• Fluorouracil Injections ထိုးဆေးနည်း။

အလှအပတွက် Body piercing ကွင်းတပ်သူများ သတိထားပါ။ တနေရာမှာ (ကီးလွိုက်) ရှိနေသူဟာ ခွဲတာ-စိတ်တာ လုပ်စရာ ရှိရင် ရှောင်လို့ဖြစ်ရင် ရှောင်သင့်ပါတယ်။

Dr. တင့်ဆွေ
၁၆-၁ဝ-၂ဝ၁ဝ