Monday, November 29, 2010

AIDS themes (အေ-အိုင်-ဒီ-အက်စ်) ဆောင်ပုဒ်များ

Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး”

(အေ-အိုင်-ဒီ-အက်စ်) ရောဂါတိုက်ဖျက်ရေး ဆောင်ပုဒ် AIDS themes တွေ ၁၉၈၈ ခုနှစ်ကတည်းက ရှိနေခဲ့တယ်။
World AIDS Day နေ့အတွက်သာ သုံးရမျိုး မဟုတ်ဘူး။ ဆောင်ပုဒ်တွေကို ၁ နှစ် ၂ နှစ် သုံးနိုင်ကြတယ်။ ဥပမာ Campaigning slogans တွေဖြစ်တဲ့ Stop AIDS - Keep the Promise ဆိုတာကို အစိုးရတွေ သူတို့ပေးထားတဲ့ ကတိ တည်အောင် တနှစ်ပတ်လုံး သုံးကြရတယ်။ G8 အစည်းအဝေးတွေအထိ ရောက်တယ်။

စကတည်းကနေ ၂ဝဝ၄ ခုနှစ်အထိ UNAIDS က သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး World AIDS Day campaign အတွက် တနှစ်တာဆောင်ပုဒ် Annual themes တခုစီ ရွေးချယ်ပေးတာ ၂ဝဝ၄ ခုနှစ်အထိ ဖြစ်တယ်။ ၂ဝဝ၈ ကြတော့ World AIDS Campaign's Global Steering Committee ကနေ World AIDS Day theme တနှစ်တွက် တခု ရွေးပေးလာတယ်။

၂ဝဝ၅ ကနေ ၂ဝ၁ဝ အတွက် Stop AIDS. Keep the Promise ဆိုတာ ရွေးထားတယ်။ တနှစ်တာအတွက် Sub-theme ဆောင်ပုဒ်ငယ်တခု ရှိသေးပြန်တယ်။

၁၉၈၈ ကတည်းကနေ သုံးခဲ့တဲ့ ဆောင်ပုဒ်တွေက -
1988 = Communication
1989 = Youth
1990 = Women and AIDS
1991 = Sharing the Challenge
1992 = Community Commitment
1993 = Act
1994 = AIDS and the Family
1995 = Shared Rights, Shared Responsibilities
1996 = One World. One Hope
1997 = Children Living in a World with AIDS
1998 = Force for Change: World AIDS Campaign with Young People
1999 = Listen, Learn, Live: World AIDS Campaign with Children & Young People
2000 = AIDS: Men Make a Difference
2001 = I care. Do you?
2002 = Stigma and Discrimination
2003 = Stigma and Discrimination
2004 = Women, Girls, HIV and AIDS
2005 = Stop AIDS. Keep the Promise
2006 = Stop AIDS. Keep the Promise – Accountability
2007 = Stop AIDS. Keep the Promise - Leadership
2008 = Stop AIDS. Keep the Promise - Lead - Empower - Deliver
2009 = Universal Access and Human Rights
2010 = Act Aware
2010 = Universal Access and Human Rights ဖြစ်တယ်။

“အားလုံး လက်လှမ်းမီရေး နဲ့ လူ့အခွင့်အရေး”ဆိုတာ ၂ဝ၁ဝ ခုနှစ်အတွက် ဆောင်ပုဒ် ဖြစ်တယ်။၂ဝ၁ဝ ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့ မရောက်ခင်ရက်တွေမှာ စိတ်ဝင်စားစရာ သတင်းတွေ ဖတ်ရတယ်။

မြန်မာပြည်က သတင်းတော့ သိကြတဲ့ အတိုင်းပါဘဲ။
• “အိပ်ခ်ျအိုင်ဗွီ ဝေဒနာသည်များကို ဒေါ်အောင်ဆန်းစုကြည်က အားပေးနှစ်သိမ့်”
• “မဖြူဖြူသင်း ကူညီနေသည့် HIV ဝေဒနာသည်များကို အာဏာပိုင်က နေခွင့်မပြု”
• “HIV/AIDS ဂေဟာနဲ့ ပတ်သက်လို့ စစ်အစိုးရ ရေးသားချက် ရန်တိုက်သလို ဖြစ်နေ”
• “အဖွဲ့ချုပ်က ကူညီနေသည့် AISD လူနာများကို ဧည့်စာရင်း ခွင့်ပြုပြီ”
• “ရန်ကုန်ရှိ ကဗျာဆရာ၊ သီချင်းရေး ဆရာနှင့် ပန်းချီဆရာများ စုစည်းပြီး တောင်ဒဂုံ ၃၇၆ မိသားစုဂေဟာမှ HIV/AIDS နှင့် အတူ နေထိုင်သူများကို ယနေ့ နေ့လည် လာရောက် အားပေးခဲ့သည်။”

Xinhua တရုပ် အစိုးရ သတင်းဌာနကတော့ ဘတ်စကက်ဘောသမား အကျော်အမော် (မက်ဂျစ်-ဂျွန်ဆင်) ကို “ကမ္ဘာ့ အေအိုင်ဒီအက်စ် မက်ဂျစ်” ဆု ပေးလိုက်တယ် လို့ ဖေါ်ပြလိုက်တယ်။ China Daily ကလဲ HIV/AIDS ဆောင်ရွက် နေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေကို တရားဥပဒေ အဆင့်အတန်း ရကြတော့မယ်လို့ ရေးသားတာ တွေ့ရပါသေးတယ်။

မြန်မာ့အလင်း သတင်းစာမှာ ၂ဝ၁ဝ ခုနှစ် ဒီဇင်္ဘာ ၁ ရက်၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့
“အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကျဉ်လို့၊ ကာကွယ်ကုသစောင်ရှောက်စို့” Stop AIDS. Keep the Promise” “Avoid Stigma and Discrimination: Towards Universal Access” ဆိုပြီး ဖေါ်ပြထားတယ်။ ကမ္ဘာသုံး နဲ့တော့ မလွဲပါ။ ဒါပေမဲ့ "အားလုံး လက်လှမ်းမီရေး” လဲ မပါဘူး။ “လူ့အခွင့်အရေး” ဆိုတာလဲ ပျောက်နေတယ်။

“လူ့အခွင့်အရေး” နဲ့ “အေအိုင်ဒီအက်စ်” ကို တွဲပြီး သိမြင်လာကြတာက ၂ဝဝ၃ အေပြီလ ၆ ရက်နေ့ ကျူးဘားနိုင်ငံ ဟဗားနာ မှာ လက်တင်အမေရိကား ဒုတိယအကြိမ် HIV/AIDS ကွန်ဖရင့် ကျင်းပပြီး နောက်မှာ ဖြစ်ပါမယ်။

“လူ့အခွင့်အရေး” ဆိုတာ မကြိုက်တာလား မပြောတတ်ဘူး။ အဲလို အစိုးရမျိုးနဲ့ နေရတဲ့ ဝေဒနာသည်တွေ “နူရာ-ဝဲစွဲ၊ လဲရာ-သူခိုးထောင်း” ဆိုသလို၊ “ကုမရသေးတဲ့ ရောဂါ ဝင်ပါတယ်ဆိုမှ အစိုးရက ထောင်းတာပါ ခံနေကြရတယ်။”

"သူခိုးနဲ့ တူသော အစိုးရဘေးက ဝေးကြပါစေ။"

Dr. တင့်ဆွေ
၂၉-၁၁-၂ဝ၁ဝ

Saturday, November 27, 2010

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
o ရံပုံငွေရှာဘို့၊
o တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
o အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။

• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအဝင် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂ဝဝ၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂ဝ၁ဝ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။
• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ဝင်ငွေနည်း နဲ့ ဝင်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တဝက်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။
• HIV/AIDS ကပ်ရောဂါ တိုက်ဖျက်ဘို့ “လူ့အခွင့်အရေး” ဟာ အခြေခံကျတယ်။ လူ့အခွင့်အရေး ချိုးဖေါက် ခံရတာဟာ HIV ပြန့်နှံ့အောင် အားပေးတာဘဲ။ အပယ်ခံတွေ ဥပမာ မူးယစ်ဆေး ထိုးသူတွေနဲ့ လိင်နဲ့ အသက် မွေးရသူတွေကို အန္တရာယ်ပိုပြီး ကျရောက်စေတယ်။ လူတဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးရင် HIV ရှိပေမဲ့ ခွဲခြားခံရမှု ကင်းကင်းနဲ့ အသက်ရှင် နေနိုင်စေမယ်။
• တယောက်ချင်းဖြစ်ဖြစ်၊ ကွန်မြူနတီလိုက်ဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်ဖြစ်၊ HIV/AIDS ရောဂါ ကာကွယ်၊ စောင့်ရှောက်၊ ကုသရေးမှာ တကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီဘို့အတွက် လူ့အခွင့်အရေး ကာကွယ်ပေးဘို့ World AIDS Day ကမ္ဘာ့ AIDS နေ့ဟာ အခွင့်အလမ်းတခု ဖြစ်တယ်။
• သင် ဘာလုပ်နိုင်သလဲ။ အနီရောင် ဖဲပြားလေး ဝတ်ထားပြီး အသိပညာဖြန့်ပေးပါ။
• အနီရောင် ဖဲပြားလေးဟာ နိုင်ငံတကာ AIDS ရောဂါ အသိကြွယ်စေဘို့ စာနာစိတ်နဲ့ လူတိုင်း ဝတ်ဆင်ကြတဲ့ အထိမ်းအမှတ် သင်္ကေတ ဖြစ်တယ်။ သူများတွေကိုလဲ HIV ကို စိုးရိမ်စေဘို့၊ ကူညီကြဘို့၊ ပါဝင်လာကြဘို့ တိုက်တွန်းရာ ကြစေတယ်။
• အနီရောင် ဖဲပြားလေးကို ဘယ်သူကမဆို အလွယ်တကူ ကိုယ်တိုင် လုပ်ပါ။ တရားဝင် ပြုလုပ်သူဆိုတာ မရှိပါ။
• တကယ်လို့ ဒိထက်ပိုပြီး စိတ်ဝင်စားတယ်ဆိုရင် နီးစပ်ရာ အစီအစဉ်တွေမှာ ပါဝင်ပါ။ တကမ္ဘာလုံးမှာ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပါတယ်။ ကိုယ်တိုင်လဲ တီထွင်လုပ်နိုင်ပါတယ်။

HIV/AIDS ဟာ ကပ်ရောဂါ
HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ Pandemic diseases တွေထဲက တစ်မျိုး ဖြစ်တယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး နှစ်မျိုးရှိတယ်။ HIV-1 ဟာ ပိုမို ပြင်းထန်တယ်၊ ကူးစက်လွယ်တယ်။ ကူးစက်ခံရရင် လူ့ခန္ဓာကိုယ်တွင်းက ခုခံမှုစနစ် Immune System မှာရှိတဲ့ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီးတယ်။ ကူးစက်ခံရတဲ့ CD4 Cell တွေကို CD8 Cell တွေက ရန်သူပိုးမွှားလို့ ထင်မှတ်ပြီး မှားယွင်း တိုက်ခိုက်လို့ CD4 Cell တွေ လျော့နည်းစေတယ်။ ကျန်းမာတဲ့လူမှာ CD4 Cell အရေအတွက် 1200 cells/μl ရှိတယ်။

HIV ဆိုတာ ဘာလဲ
HIV (Human Immunodeficiency Virus) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့ Virus ပိုး ဖြစ်တယ်။

AIDS ဆိုတာ ဘာလဲ
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး ကူးစက်ခံရလို့ ရလာရတဲ့ “ရောဂါလက္ခဏာ အစုအပေါင်း” ဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ် မရှိဘူး။ Opportunistic infections အခွင့်သာလို့ ဝင်လာတဲ့ ကူးစက်ရောဂါတွေကြောင့် အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။

ဘယ်တော့ AIDS ဖြစ်လာသလဲ
HIV ပိုးဝင်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁ဝ နှစ်ကြာမှ AIDS ဖြစ်လာတယ်။

HIV ကူးစက်နိုင်တဲ့ နည်းလမ်းများ
1. ပိုးရှိသူ နှင့် လိင်တူ-လိင်ကွဲ ဆက်ဆံခြင်း၊ လူနာ ၉ဝ% က လိင်ဆက်ဆံရာက ကူးတယ်။ ၆ဝ-၇ဝ% က လိင်တူဆက်ဆံလို့ ကူးတယ်။
2. ပိုးပါတဲ့ သွေးသွင်းခြင်း (၉ဝ% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ တကတူး ဆေးမင်ကြောင် ထိုးခြင်း၊ ဓါတ်အပ် စိုက်ခြင်း၊ ကွင်းတွေတပ်ဆင် အလှပြင်ခြင်း၊
3. ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း (၁၅-၃ဝ%) တို့ ဖြစ်တယ်။

အဆင့်များ
Stage I ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
Stage II သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
Stage III ဝမ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုးဝင်တာ၊ နူမိုးနီးယား၊ အဆုပ်တီဘီ ဖြစ်လာတာ။
Stage IV ဦးနှောက်မှာ Toxoplasmosis ရောဂါ၊ အစာမြိုပြွန်-လေပြွန်-အဆုပ်မှာ Candidiasis မှိုရောဂါ၊ Kaposi's Sarcoma ရောဂါ ဝင်လာတာ။ ဒီလိုရောဂါတွေက လူကောင်းတွေဆိုရင် ကုသရတာလွယ်တယ်။ CD4 positive T cell count အရေအတွက်က 200 per mm3 of blood ထက်နည်းမယ်။ WHO ကနေ Antiretroviral (ARV) therapy ဆေးကုဘို့ ညွှန်းတယ်။

ဆေးကုသခြင်း
• HIV ကို လုံးဝ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။
• ဗိုင်းရပ်စ် ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့ ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ဆေးတွေသာ ရှိတယ်။
• HIV ပိုးကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဘို့၊
• ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဘို့၊
• လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဘို့၊
• လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။

HIV ကူးစက်မှု ရှိ-မရှိ၊ အကောင်း-အဆိုး စစ်ဆေးခြင်း
HIV antibody ကို အလျှင်အမြန် စစ်ဆေးပေးတဲ့ ကိရိယာ (Rapid HIV test) ကို အလွယ်တကူ ရနိုင်တယ်။ အခြား စစ်ဆေးနိုင်တဲ့ စမ်းသပ်နည်းတွေကတော့ ELISA, Western Blot နည်းတွေ ဖြစ်တယ်။ ပိုးဝင် ပြီးချိန်က HIV antibody စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window period လို့ ခေါ်တယ်။ ဒီကာလမှာ HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး အခြားသူတွေကိုတော့ ကူးစက်နိုင်စွမ်း ရှိတယ်။ ၉၉% သော HIV ကူးစက် ခံရသူများဟာ ၃ လ အကြာမှာ HIV antibody စစ်ဆေး တွေ့ရှိနိုင်တယ်။

ရောဂါပိုး ဝင်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ဘူး။ HIV antibody test ကို စစ်ရင် လွန်ခဲ့တဲ့ (၃) လ မတိုင်ခင်က အခြေအနေကိုပဲ ပြတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံးက သွေးစစ် သင့်ကြတယ်။

HIV/AIDS ရောဂါ အကောင်း-အဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်တယ်။

CD4 Count
လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတဲ့ထဲမှာ Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ပါတယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို” တာဝန် ယူသလို ဖြစ်တယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအားကျလေဘဲ။ နောက်ဆုံး ဘာဆိုဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

ပုံမှန် CD4 counts 500-1500/mm3 အတွင်းရှိတယ်။ ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200 x 106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ARV ဆေးကို တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်သေးတယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ဆိုတာ ပိုသေခြာတယ်။ CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ရင် ဆေးကုပါ။

HIV ရှိရင် CD4 အရေအတွက် ကျဆင်းတယ်။ ARV ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ Viral load (VL) ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) က CD4 လောက်တော့ မတိကျပါ။

အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”

Condom (ကွန်ဒွမ်)
လိင်ဆက်ဆံမှု ပြုတိုင်း Latex condom (ကွန်ဒွမ်) ကို စနစ်တကျ သုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။ ၉၈% ထိရောက်တယ်။ (ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။
1. ကိုယ်ဝန်ရမှာကို တားဘို့နဲ့
2. HIV အပါအဝင် STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ ရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) ရောဂါ မှန်သမျှတွေကို ကူးစက်မလာအောင် ကာကွယ်ဘို့ ဖြစ်တယ်။
ဒါပေမဲ့ Genital warts လိင်လမ်း ကြွက်နို့ နဲ့ Genital herpes လိင်လမ်း ရေယုံတွေကိုတော့ မကာကွယ်နိုင်ဘူး။

(ကွန်ဒွမ်) ကို သုံးတာလဲ စဉ်ဆက် မပြတ်စေရဘူး။ အသုံးပြုနည်းလဲ မှန်ရမယ်။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို (ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာ ကျန်နေပါစေ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။

Latex condoms ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် Water-based lubricants ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံး ဖြစ်တယ်။ ဆီအခြေခံ Oil-based lubricants, Petroleum jelly, Vaseline (ဗက်ဆလင်း)၊ Hand lotion, Baby oil ကအစ တခြား ဘယ်ဆီ အမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant က အဝတ်အစားကို စွန်းထင်းစေတယ်။

Ejaculation သုတ်ရည် ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မကျခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန် မနေစေပါနဲ့။ တယုတယ ကိုင်ပြီး ချွတ်ပါ။

မထိရောက်မှု
ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ် သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင် ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရတယ်။

(ကွန်ဒွမ်) အရည်အသွေး
ခပ်ညံ့ညံ့ နိုင်ငံတွေမှာ မတော်တဲ့လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များတယ်။ အမေရိကားမှာ Food and Drug Administration (FDA) က အသိအမှတ်ပြုမှ ရောင်းခွင့်ရှိတယ်။ ဥရောပ မှာတော့ CE Mark ပါရတယ်။ တကမ္ဘာလုံးမှာ ဆိုရင် International Organization for Standardization (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ ဒါမျိုးတွေ မပါပေမဲ့ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ် ဆိုတာ သတ်မှတ် ပေးထားတယ်။

အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ Latex condom ကို အများဆုံး သုံးတယ်။ သူနဲ့ မတည့်သူတွေက Polyurethane Condom သုံးရတယ်။ Female Condom အမျိုးသမီး သုံးလဲ ရှိတယ်။ Polyurethane နဲ့ လုပ်ထားတာပါ။ ကွင်း ၂ ခုပါတယ်။ Invisible Condom မမြင်နိုင်တဲ့ (ကွန်ဒွမ်) ဆိုတာ ကနေဒါမှာ ထုတ်လုပ်ဘို့ ကြိုးစားနေတယ်။ အရည်တမျိုးကနေ Barrier gel ဖြစ်လာစေပြီး အကာကွယ် လုပ်ပေးမှာမျိုး ဖြစ်တယ်။ ရောဂါပိုးတွေကိုရော သုတ်ပိုးကိုပါ သေစေမယ်။ Spray on Condom ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေး ပါတယ်။ Foam ဒါမှမဟုတ် Cream အနေနဲ့ သုတ်ထား ပေးတာမျိုး။ ကိုယ်ဝန် မရမှာကို ပိုသေခြာအောင် လုပ်တာပါ။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင်
ရောဂါကာကွယ်ဘို့ သုံးသူက (ကွန်ဒွမ်) အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း Emergency contraceptive (EC) လုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခု သုံးနေသူတွေလဲ တကယ်လို့ ကိုယ့်အဖေါ်ရဲ့ အကြောင်း မသိရင် ရောဂါတွေ ကာကွယ်ဘို့ (ကွန်ဒွမ်) ကိုပါ သုံးရပါမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေး သောက်ရပါမယ်။

လိင်လမ်းတမျိုး (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း (စအို) အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့နဲ့ Group အုပ်စုလို အဆန်းအပြား ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက် အသစ် ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ တစ်ရှူးနဲ့ပတ်ပြီး၊ အမှိုက်ပုံးထဲ ပြစ်ပါ။ Toilet ထဲ မပြစ်ရပါ။ Biodegradable မဟုတ်ပါ။

HIV ပိုးရှိတဲ့ သူနဲ့ အတူနေခြင်း
HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ အရမ်းကာရောတော့ မဟုတ်ပါ။
• အိမ်မွေး တိရစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြမ်းပိုးတွေကနေတဆင့် မကူးစက်နိုင်ပါ။
• ပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိတဲ့ အရေပြားမှာ ပွန်းပဲ့တာ မရှိရင်တော့ အရေပြားကို ဖောက်ပြီး မဝင်နိုင်ဘူး။
• Social kiss သာမန် နမ်းရုံနဲ့တော့ မကူးပါ။ Lip kiss ပါးစပ်ခြင်းနမ်းတဲ့အခါ ပါးစပ်မှာ အနာရှိနေရင်၊ သွားဖုံးသွေး ယိုနေရင်၊ ကြမ်းကြမ်းတမ်းတမ်း နမ်းလို့ ပွန်းပဲ့ပြီး သွေးထွက်လာရင် ကူးစက် နိုင်တယ်။
• ဒဏ်ရာ အနာတရ၊ ပွန်းပဲ့နာမျိုးရှိနေသူမှာ အဲဒီနေရာကို ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် ကူးစက်နိုင်တယ်။
• ရောဂါရှိတဲ့ လူမမာကို ပြုစုတဲ့အခါ လူနာရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ အနာက ထွက်တဲ့ အရည်၊ ချွဲ၊ သလိပ်) တွေထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါနိုင်လို့ ကိုင်တွယ်တဲ့အခါမှာ လက်အိတ်နဲ့ ကိုင်တွယ်ပါ။ ပြီးရင်လဲ လက်ကို ချက်ချင်း ဆေးပါ။
• ဒဏ်ရာတွေ အနာတွေ ရှိရင် လုံအောင် ပတ်တီး စီးထားပါ။
• သွားတိုက်တံ၊ လက်သည်းညှပ်၊ နဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေကို မျှပြီး မသုံးပါနဲ့။
• ဆေးထိုးအပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ်နဲ့။ အပ်တွေကို ကလေးရှိရာ နေရာတွေမှာ မထားပါနဲ့။

HIV positive ကိုယ်ဝန်ဆောင်
HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၁၅-၃ဝ% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက -
(၁) ကိုယ်ဝန်ဆောင်နေတုံး၊
(၂) မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး (၁ဝ-၂ဝ%) နဲ့
(၃) နို့တိုက်နေတုံး (၁ဝ-၁၅% ထပ်ဆောင်းတယ်) ကနေ ဖြစ်နိုင်တယ်။

ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ ကောင်းကောင်း စားဘို့ လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊) မဝင်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% သာရှိလို့ ဆေးကုပါ။

ဒီလိုဖြစ်တဲ့ သား-အမိကို ချက်ချင်း ဆေးကုရမယ်။ ARV (Nevirapine or Zidovudine) ဆေးပေးရမယ်။ Nevirapine ဆေးကို မွေးဖွါးနေတဲ့မိခင်ကို တလုံး၊ ကလေးကို ၇၂ နာရီအတွင်း ၁ လုံးပေးရမယ်။ Zidovudine ဆေးကို ကိုယ်ဝန် ဆောင်နေတုံး မမွေးခင် ၆ လမှာ ပေးထားရင် ကူးစက်တာ နည်းစေတယ်။

အမေရိကားမှာ ဒီဆေးကို စသုံးခဲ့ပြီး၊ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ ပေးတယ်။ ဘာအကာအကွယ်မှ လုပ်မထားရင် ကလေးဖွါးနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁ဝ-၂ဝ% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့် ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ Episiotomy မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။

ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်တယ်။ မအေကို ဆေးကုသမှု ခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူး။

ကလေးတွေမှာ အများအားဖြင့် အသက် ၈ လခန့်မှာ ရောဂါလက္ခဏာတွေ ပေါ်လာ တတ်တယ်။ တစ်ခါတစ်လေ မွေးပြီး မကြာခင် စပေါ် နိုင်တယ်။ လက္ခဏာတွေက -
• ကလေးကြီးထွားမှု မရှိခြင်း၊ ကြီးထွားမှု နှေးကွေးမယ်၊
• အသည်း၊ ဘေလုံး၊ အကျိတ်များ ကြီးထွားနေမယ်၊
• မကြာခဏ ဖျားခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။

သံမဏိ စည်းမျဉ်း ၅ ချက်
1. အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ်ပြီး ဆုံးဖြတ်ချက် မချပါနဲ့။
2. အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
3. HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားကြပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်း ကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
4. သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည်” လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့ သဘောနဲ့ မပြောပါနဲ့။
5. စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။

ဒီလိုရောဂါအတွက် အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-ဝပ်ကားစ်” တွေ ဖြစ်နိုင်ကြပါတယ်။ ဆရာဝန်တွေမှ မဟုတ်ပါ၊ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းပါ။

Dr. တင့်ဆွေ
၂၇-၁၁-၂ဝ၁ဝ

Tuesday, November 23, 2010

Pulmonary eosinophilia ဆိုတာ ဘာကိုပြောတာလဲ သိပါရစေ

23 Nov 10, 10:08
Pulmonary Eosinophilia ဆိုတာ အဆုပ်ရောင်-အဆုပ်နာနေတုံး သွေး နဲ့ တစ်ရှူးတွေထဲမှာ Esinophils ဆိုတဲ့ သွေးဖြူဥတမျိုး ပိုများနေတာပါ။ ဒီဟာတွေ များစေတာက အတွင်းနဲ့ အပြင်ကြောင့် ဆိုပြီး ဖြစ်နိုင်တယ်။

၁။ အပြင်အကြောင်းတွေကတော့ Loeffler syndrome ရောဂါ၊ သန်ကောင်၊ Tropical pulmonary eosinophilia- အပူပိုင်းအဆုပ်ရောဂါတမျိုး၊ Fungal infections မှိုရောဂါ၊ Bronchocentric granulomatosis ရောဂါ၊ Asthma ပန်းနာ၊ sulfonamides, Nonsteroidal anti-inflammatory drugs, L-tryptophan, antidepressants, and contraceptives ဆေးတွေကြောင့် စသဖြင့်ဖြစ်စေတယ်။

၂။ အတွင်းအကြောင်းတွေထဲမှာ Acute eosinophilic pneumonia ရက်တို နူမိုးနီးယား၊ Chronic eosinophilic pneumonia ရက်ရှည် နူမိုးနီးယား၊Idiopathic hypereosinophilic syndrome ရောဂါ၊ Churg-Strauss syndrome ရောဂါ၊ Eosinophilic granuloma ရောဂါတွေပါတယ်။

ရောဂါလက္ခဏာတွေကတော့ ရင်ပတ်နာမယ်၊ ချောင်းခြောက်ဆိုးမယ်၊ အသက်ရှူရင် အသံထွက်မယ်၊ ကိုယ်နဲနဲပူမယ်၊ အသက်ရှူမဝဖြစ်မယ်၊ အနီပြင်ထွက်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ အရေပြားယားမယ်၊ အသက်ရှူနှုံးမြန်မယ်။

ဆေးကုသတာတွေထဲမှာ အောက်စီဂျင်ပေးတယ်၊ Salbutamol, Albuterol လေပြွန်ကျယ်ဆေးတွေ ထိုး-တိုက်မယ်။ စတီရွိုက် ပါတဲ့ရှူဆေး ပေးနိုင်တယ်။ စတီရွိုက်စားဆေး တခါတလေ ပေးနိုင်တယ်။ Albendazole, Mebendazole, Praziquantel, and Ivermectin သန်ကောင်ဆေး၊ Itracanazole, Flucanazole and Amphotericin –B မှိုဆေးတွေ လိုတဲ့လူတွေကို ပေးမယ်။

Wednesday, November 10, 2010

Kidney Stones Home Remedies ကျောက်ကပ် ကျောက်တည်တာ အိမ်မှာ သက်သာအောင်

ကျွန်တော် မလေးရှားမှာ အလုပ်လုပ်နေပါတယ် လွန်ခဲ့တဲ့ တစ်နှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ (အာလ်ထွာ-ဆောင်း) ရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သုံးလုံးရှိနေပါတယ်။ အရွယ်အစားက သေးလို့ မခွဲပဲ ထုတ်လို့ရတယ်လို့ ပြောပါတယ်။ 4 mm ကနေ10 mm ကြားလောက်ရှိပါတယ်။ ကုန်ကျစရိတ်က လုပ်အားခနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျောက်ကပ်မှာ ကျောက်တည်ရင်ဘယ်နည်းဘယ်ပုံနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါသလဲ။ ပြီးတော့ ဈေးသက်သာတဲ့ ကုသနည်း။ ဆိုးကျိုးနည်းတဲ့ ကုသနည်း၊ နောက်ပြီး နောက်ထပ် ၆ လ လောက်ကြာမှ မြန်မာပြည် ပြန်ပြီး ကုသမယ် ဆိုရင်ရော အန္တရာယ်ရှိနိုင်ပါသလား။

• ရေများများ သောက်ပါ။ တနေ့ ၃ လီတာ။
• သံပုရာရည် ဖျော်သောက်ပါ။
• အုံးရည် သောက်ပါ။
• ပျားရည်နဲ့ ပင်စိမ်းရွက် ဖျော်သောက်ပါ။
• လိမ်မော်သီး-ရည်၊ သလဲသီး-သလဲစေ့ စားပါ။
• ရွှေဖရုံ၊ မုံလာဥဝါ၊ မက်မွန်သီး၊ ကန်ဇွန်းဥ၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး၊ ဖရဲသီး၊ စားပါ။
• မုံလာရွက်-ဖျော်ရည် သောက်ပါ။
• ဗိုလ်စားပဲ Kidney beans စားပါ။
• ဗီတာမင် ဘီ ၆ တနေ့မှာ 100 to 150 mg သောက်ပါ။
• ဗီတာမင် အေ မနည်းစေနဲ့။
• အစပ်၊ တည်ချဉ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂျုံအပြည်နဲ့လုပ်တဲ့အစာတွေ၊ ပဲ၊ ပဲပုတ်၊ ဟင်းနုနွယ်၊ ပန်းမုံလာ၊ မုံလာဥဝါ၊ လျှော့စားပါ။
• အရက်၊ ကာဗွန်ထည့်ထားတဲ့ ရေနဲ့ ဖျော်ရည်တွေ ရှောင်ပါ။
• အသား၊ ဆား လျှော့စားပါ။
• Calcium ဆေး မစားနဲ့။
• ကိုယ်လက် လှုတ်ရှားပါ။

1. နာတာခံနိုင်နေရင် ကိစ္စမရှိသေးပါ။ နာလာရင် အရေးပေါ်သောက်ဘို့ Buscopan ဆေးပြားနဲ့ Buscopan ထိုးဆေးက ချက်ချင်း သက်သာစေမယ်။ ခရီးသွားရင် ဆောင်ထားသင့်တယ်။
2. ဇောချွေးပြန်အောင်နာရင် လူကိုယ်အလေးချိန်လိုက်ပြီး ထိုးဆေး ၂-၃-၄ လုံး တခါထဲ ရောထိုးရတယ်။ ၅-၁ဝ မိနစ်အတွင်း သက်သာသွားမယ်။ ခဏအိပ်ပျော်သွားမယ်။
3. ကျောက်ပျော်စေဘို့ အိန္ဒိယမှာ Cystone တိုင်းရင်းစားဆေး သုံးကြတယ်။ ဈေးလဲချိုတယ်။

Dr. တင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ

Friday, November 5, 2010

Q and A November 2010 (5)

1. ချက်ရဲ့ ဘယ်ဖက်နားကို တခါတလေ ထိမိရင် နာနာနေပါတယ်ရှင်
2. ပန်းသေ (သို့) ပန်းညိုး ဖြစ်နေပြီလားဆိုပြီး
3. ဒါပေမဲ့ ဒူးတွေ နာပါတယ်
4. သွေးသားပြောင်းလဲမှုက
5. အခုကိုယ်ဝန်ဆောင်နေပါတယ်

Q: သမီး ချက်ရဲ့ ဘယ်ဖက်နားကို တခါတလေ ထိမိရင် နာနာနေပါတယ်ရှင်။ ဘာရောဂါများ ဖြစ်နိုင်မလဲဆိုတာ သိရပါမလား ရှင်။ တခါတခါ ထိမိရင် နာပါတယ်ရှင်။ အလုပ်ချိန်ကြောင့် အအိပ်အစား မမှန်ပါဘူး ဆရာ၊ ဝမ်းလဲ ချုပ်တက်ပါတယ်။ သမီး အစာမကြေလို့ anticid အရည် ဝယ်သောက်ပါတယ် အဲဒီ့နောက်ပိုင်းမှာ ဖြစ်တာပါ။
ဗိုက် ဘယ်ဘက်ခြမ်းက နာတာ သိပ်စိုးရိမ်စရာ မရှိလှပါ။ အထက်ပိုင်းဆိုရင် အာအိမ်၊ အောက်ပိုင်းဆိုရင် ဝမ်းသွားတဲ့နေရာ ဖြစ်တယ်။ ချက် အထက်-အောက် ပြောတာပါ။ ထိလို့နာတာနဲ့ မထိဘဲနာတာ မတူပါ။ မိန်းကလေးဆိုရင် ရာသီ-မွေးလမ်း ဆိုတာတွေပါ ထည့်စဉ်းစားရမယ်။

A: မစမ်းသပ်ရတာမို့ မှန်းပြီး ရမ်းကုရတော့မှာဘဲ။ ဝမ်းမှန်အောင် လုပ်ပါ။ ရေများများသောက်ပါ၊ အသီးအရွက်-အသီးအနှံ များများ စားပါ။ လိုအပ်ရင် မန်ကျီးမှည့်ဖျော်ရည် သောက်ပါ။ သင်္ဘောသီးမှည့်စားပါ။ ဝမ်းလွယ်စေတဲ့ ဗမာဆေးသောက်ပါ။ အစာစားတာ အချိန်မှန်ပါစေ။ အမျိုးအစားလဲ မှန်တာကောင်းတယ်။ အလုပ်ကြောင့် ထမင်းစားချိန်မရရင် ဘီစကစ်၊ နွားနို့၊ ချော့ကလက် တခုခုစားလိုက်ပါ။ Antacid ဆေးကို အစာခြေအရည် များသူတွေ သောက်ရတယ်။ နာတာကို သက်သာစေဘို့ Diclofenic, Buscoapn စားဆေးတခုခု ဆောင်ထားပြီး၊ နာချိန်မှာ သောက်ပါ။ အမြဲသောက်စရာမလိုပါ။ မိန်းကလေးဖြစ်လို့ ဖြူဆင်းတာ ရှိ-မရှိ (လိုရင်) ပြောပါ။ ရာသီမမှန်တာရှိလဲ (လိုရင်) ပြောပါ။

2010/11/27
Q: မေးခွန်းမေးဖို့ ရန်အတွက် အခုလို အခွင့်အရေးရတာကို ကျေးဇူးတင်ပါတယ်။ ကျမရဲ့ အမျိုးသားက အသက်၃၆ နှစ် ရှိပါပြီ။ အိမ်ထောင်သက် ကတော့ ၇ နှစ်ရှိပါပြီ။။ သမီး ၁ ယေက် ရှိပါပြီ။ သမီးမွေးကတည်းက ဘာဆေးမှမစားပဲနဲ့ ကလေး မရပါဘူး။ နောက်၁ ချက်က ၂ လကျော်ရှိသွားပါပြီ လိင်ဆက်ဆံဖို့ အတွက် (့) က မရဘူး ဖြစ်နေပါတယ်။။ အဲ့ဒါ သူက ပန်းသေ (သို့) ပန်းညိုး ဖြစ်နေပြီလားဆိုပြီး စိတ်ဓာတ်ကျပါတယ်။
၁) တကယ်လို့ ပန်းသေတယ်ဆိုရင် ကျန်းမာရေးထိခိုက်တတ်ပါသလား။
၂) ပုံမှန် ပြန်ဖြစ်လာအောင် ဆေးတွေ ရှိပါသလား။

A: ဆရာရေးထာတာတွေ ဖတ်ပြီးပြီလား။ ပန်းသေ-ပန်းညှိုးတွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။

2010/11/27
Q: ကျွန်မ အစ်မေက ၄၈ နှစ်မှာ အရေပြားရောဂါဆန်း ဖြစ်ပြီး ပယ်တီစလုံး ဆေးတွေ အများကြီး သောက်ထားပါတယ်။ အခုတော့ ၅၅ နှစ်ပါ။ ဆေးတော့ မသောက်ရတော့ပါဘူး။ ဒါပေမဲ့ ဒူးတွေ နာပါတယ်။ ဘာဆေးများ သောက်သင့်ပါလဲ။

A: ဒူးနာတာ ဘယ်လောက်ကြာပြီလဲ။ တဖက်ထဲလား။ ဘယ်လောက်အထိ နာသလဲ။ အဲဒါအတွက် ဘယ်ဆေး သောက်နေသလဲ။

November 27, 2010 9:01 AM
Q: သွေးသားပြောင်းလဲမှုက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ ရှိနိုင်လဲ။ နောက် တကိုယ့်လုံး ယားယံပြီး ယားယံပြီး ရင် အမဲစက်အဖက်တွေထွက်ထွက်လာပါတယ်။ ဒါက ဘာရောဂါကို ဦးတည်နေပါသလဲ ခင်ဗျား။
A: သွေးသားပြောင်းလဲမှုဆိုဆာ ဘာကို တိတိကျကျ ပြောချင်တာပါလဲ။ ယားယံပြီး ရင် အမဲစက်အဖက်တွေ ထွက်တာ ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်နေတာ ဘယ်လောက်ကြာ၊ ဆိုတာတွေ သိရမှ ပြောရတာ ကောင်းပါမယ်။

2010/11/27
သမီး အခုကိုယ်ဝန်ဆောင်နေပါတယ်။ ဆရာကိုစာပို့ ပြီးနောက်ပိုင်းမှ သိရတာမို့  ဘယ်လိုဆေးမျိုး တွဲဖက်ပြီး သုံးသင့်တယ်ဆိုတာ နည်းလမ်းလေးပေးပါအုံးနော်။ ပျော်ပေမယ့် နောက်ဆက်တွဲအတွက် စိုးရိမ်လို့  ကောင်းကောင်း အိပ်မပျော်ဘူးဆရာ။ ကိုယ်ဝန်က တစ်လပဲ ရှိသေးပါတယ်။

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ကို ဖတ်ပါ။

Thursday, November 4, 2010

Q and A November 2010 (4)

1. ဆက်ဆံပြီးတိုင်း နာနာနေလို့
2. မခွဲတာနဲ့ ခွဲတာ ဘယ်ဟာ ပိုကောင်းမလဲ
3. နားရောဂါ ခံစားနေရတာ
4. ကျီးပေါင်းတက်နေတယ်
5. သွေးကြောထုံးတာလို့ ပြောပါတယ်
6. Metronidazole သောက်ဆေးက
7. ပေါင်ကြားက အရေပြားက ခဏခဏ

November 22, 2010 6:30 PM
အိမ်ထောင်သက် ၃နှစ်ရှိပါပြီခင်ဗျာ။ ကျွန်တော်က အသက် ၂၇ နှစ်နဲ့ အမျိုးသမီးက ၃၅ နှစ်ပါ။ အရင်က ဆက်ဆံပြီးရင် တစ်ခါတစ်လေမှ အမျိုးသမီးက ဗိုက်နာတတ်ပေမယ့် နောက်ပိုင်း နာတာ စိတ်လာပါတယ်။ ပြီးတော့ တစ်ခါတစ်လေမှာ နာတာက လေအောင့်သလို နာတတ်ပါသေးတယ်။ လေဆေး သောက်လိုက်ရင် ပျောက်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ ဆက်ဆံပြီးတိုင်း နာတတ်ပါတယ်။ ရေနွေးအိပ် ကပ်ရပါတယ်။ နာတာကလဲ ဝမ်းဗိုက်တပြင်လုံး နာတာပါ။ နားနဲ့ကပ် နားထောင်ကြည့်ရင် အထဲမှာ လေသံတွေလို ကြားရတတ်ပါသေးတယ်။ နာပုံနာနည်းက လေနာသလို ဖြစ်ပေမယ့် ဆက်ဆံပြီးတိုင်း နာနာနေလို့ အတွေး ပွားစရာဖြစ်နေပါတယ်။ ကျွန်တော်တို့က (့) မှာ နေပါတယ်။ ကလေး မရနိုင်သေးလို့ ဒီက ဆရာဝန်နဲ့တွေ့ပြီး စမ်းသပ်မှုလေးတွေ လုပ်ချင်ပါတယ်။ ဘယ်လို မေးရမလဲ။ မီးဖွားအထူးကုလား၊ သားအိမ်အထူးကုလား။

ဆန်းတော့ ခပ်ဆန်းဆန်းဘဲဗျ။ ဆက်ဆံပြီးနောက်မှ နာတာဆိုရင် ဆက်ဆံနေတုံးနာတာမျိုးနဲ့ မတူဘူး။ ဆက်ဆံနေချိန် နာတာဆိုရင် မွေးဖွါးလမ်းမှာ ပိုးတခုခုဝင်နေလို့ဖြစ်တယ်။ အခုက လေလို့ ထင်တာ ဖြစ်တော့ဖြစ်နိုင်ပါမယ်။ ဒါပေမဲ့ ဒီအချိန်မျိုးမှာ နာတာက နဲနဲဆန်းနေတယ်။ လေဆိုရင် ဒီအချိန်မဟုတ်ဘဲ ဆာချိန်၊ စားပြီးချိန်စဖြင့် နာမယ်။ နားနဲ့ကပ် နားထောင်လို့ လေသံကြားရတာတော့ စိုးရိမ်စရာမရှိပါ။ အစာအိမ်၊ အူတွေက အမြဲလိုလို လှုတ်ရှားနေတယ်။ အစာ စားပြီးချိန်နဲ့ ဝမ်းပျက်ချိန် ပိုများများ လှုတ်ရှားတယ်။
နာတာက အောင့်သလိုလား၊ ရစ်နာတာလား၊ ခန့်မှန်းခြေ ဘယ်နှစ်မိနစ်လောက် ကြာတတ်သလဲ။ ဝမ်း-လေ မှန်ပါသလား။ လေနာ မိသားစုရာဇဝင် ရှိသလား။
နောက် ကလေးမရတာက စိတ်အားတော့မပျက်ပါနဲ့။ ကြိုးစားရလိမ့်မယ်။ ရှိရင်တော့ Fertility clinic ဆိုရင် အတိအကျဘဲ။ နောက်တမျိုးက OG သားဖွါးမီးယပ်အထူးကု။ စမ်းသပ်မှုတွေ အမျိုးမျိုးလုပ်ရတယ်။ Infertility ကလေးမရနိုင်ခြင်း ကို ဖတ်စေချင်တယ်။

23 Nov 10, 10:23
အဆီကျိတ်တွေက မခွဲတာနဲ့ ခွဲတာ ဘယ်ဟာ ပိုကောင်းမလဲဆရာ။
အဆီကျိတ် Lipoma or Cyst တွေကို ခွဲမှသာ ပျောက်ပါမယ်။ မခွဲသေးရင် ကြီးကြီးလာနိုင်တယ်။ ကြီးမှခွဲတော့ အနာကြီးမယ်။ ကြီးလာရင် သူ့အောက်ကို သွားဖိတာ ဖြစ်လာနိုင်တယ်။ ကင်ဆာကို မပြောင်းပါ။

23 Nov 10, 14:00
ကျွန်တော်နားရောဂါ ခံစားနေရတာ ၂ လကျော် ၃ လလောက် ရှိပါပြီး။ ဆေးထည့် ဆေးသောက်တော့ပျောက်ပြီ။ ဒါပေမယ့် နားအူးတာက ကျန်နေတယ်။ နားအူးတာ တစ်ခါတစ်ခါ နှလုံးတောင် ခုန်တယ်ဆရာ။

နားရောဂါဖြစ်တုံးက ဘယ်နေရာကို သွားထိသလဲ။ Ear drum နားစည်ခေါ်တာ မထိရင် ပြဿနာမကြီးပါ။

24 Nov 10, 19:03
ကျွန်တော့်အမေ ဇက်ကြောဘက်မှာ ကျီးပေါင်းတက်နေတယ်လို့ပြောပါတယ်။ ဘယ်ဘက် မျက်လုံး အကြောတောင် လိုက်လာပါတယ်။ အဲဒါ ဘယ်လိုကုသသင့်ပါသလဲ။ ဘယ်ဆေးရုံမှာ ကုသသင့်ပါသလဲဗျာ။ ကုန်ကျစရိတ်ကကော ဘယ်လောက်ရှိနိုင်မလဲ။
ဖြစ်တဲ့သူ အသက်။ ဘယ်လိုစစ်ဆေးလို့ ဒီရောဂါနာမည်သိရတာလဲ။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

24 Nov 10, 20:28
ကျွန်တော့် ခြေထောက်တကောက်ကွေးမှာ သွေးကြောကကြီးနေပါတယ်။ သူငယ်ချင်းတွေကတော့ ရပ်ပြီး အလုပ်လုပ်ရလို့ သွေးကြောထုံးတာလို့ပြောပါတယ်။ တစ်ခါခါ ယားတက်ပါတယ်။ ဘယ်လိုကုသရပါမလည်းလို့ လမ်းညွန်ပေးပါအုံး ခင်ဗျား။
ဖြစ်တဲ့နေရာက ဘယ်လောက်များ-ကြီးသလဲ။ တကြောထဲလား။ များသလား။ ဖြစ်တဲ့သူ အသက်။
Varicose veins သွေးကြောထုံးခြင်း ကို ဖတ်ပါ။

25 Nov 10, 14:46
ဆရာရှင့် Metronidazole သောက်ဆေးက အစာနဲ့ နီး(သို့ )ဝေး ဘယ်လိုသောက်ရမယ်။ မတည့်သောအစာရှိရင် သိချင်ပါတယ်ရှင့်။
Metronidazole သောက်ဆေးကို အစာနဲ့နီးရင် ပျို့ချင်တာ၊ မူးချင်တာ သက်သာစေတယ်။ တချို့မှာ ထမင်းစား ပျက်တတ်တယ်။ ဆေးရပ်ရင် ပြန်ကောင်းပါတယ်။

25 Nov 10, 18:42
ကျွန်တော်ရဲ့ ပေါင်ကြားက အရေပြားက ခဏခဏ သူ့ အလိုလို ကွဲတယ်။ ၁ ပတ်လောက်နေရင် ပြန်ကောင်းသွားတယ်။ အဲဒါ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာဆေးကို စွဲသောက်ရမှာလဲဆိုတာ ကျေးဇူးပြု ဖြေကြားပေးပါ။ အများအားဖြင့်က ညာဘက်ပါ။ ၁ စင်တီခန့်ပါ။ နောက်ပြီးတော့ လိင်တံ ထိပ်ဖျားက အရေပြားကလဲ သူ့ အလိုလို ကွဲတတ်ပါတယ်။ ၂ ပတ်ခန့် ကြာရင် သူ့ အလိုလို ကောင်းတတ်ပါတယ်။ စဖြစ်တာက လွန်ခဲ့တဲ့ ၇ နှစ်ခန့်ကပါ။
အရေပြားကွဲတာ မမြင်ရဘဲ ပြောရရင် ဗီတာမင် အေ နဲ့ စီ သောက်ပါ။ အလှဆီစစ်စစ်လိမ်းပါ။ ဗီတာမင် အေ ကိုတနေ့ ၁ ကြိမ်၊ စီ ကို တနေ့ ၂ ကြိမ် သောက်ပါ။

Wednesday, November 3, 2010

Q and A November 2010 (3)

1. အသားတွေ ယားယားနေပါတယ်ရှင်
2. Aspirin 80mg ကို တနေ့ ဘယ်နှစ်ကြိမ် သောက်နိုင်ပါသလဲ
3. သမီးရဲ့ အသက်က ၁၉နှစ် ပြည့်ပြီးပါပြီ
4. ကိုယ်ဝန်ဘယ် နှစ်လမှာ စရှောင့်သင့်လဲဆိုတာကို သိပါရစေရှင့်
5. ကျွန်မ သားလေးက ၂ လသားပါ
6. အရမ်းဖျားပြီး အန်တယ်၊ ဝမ်းအရမ်း သွားရင်
7. မိန်းကလေးရောဂါများအကြောင်း သိလိုပါသည်ရှင့်
8. ဦးနှောက်ခွဲစိတ်မှုက သေရေးရှင်ရေး မဟုတ်ရင် လုပ်သင့်ပါသလား
9. လက်ချောင်းဟာ ပြန်တည့်အောင်လုပ်လို့ ရပါသလား
10. ရေကူးတာ ကြာသွားလို့ အအေးမိပါတယ်

24 Nov 10, 20:46
Q: ကျွန်မ အသားတွေယား ယားနေပါတယ်ရှင်။ လေအေး ထိရင်ပိုယားပါတယ်။ မကုတ်ရင် အဖုမတွေ့ရဘူး။ ကုတ်မှ အဖုလေးတွေ ထွက်လာပါတယ်။ ကုတ်မိရင် ပိုယားလို့မဆုံးတော့ပါဘူး။ ပခုံးမှ ပေါင်အထိ ယားပါတယ်။

A: ဖြစ်တဲ့သူ အသက်။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးသောက်နေလဲ။ သက်သာလား။ (အလာဂျီ) ဖြစ်တာပါ။ မတည့်တာပေါ့။ မတည့်တယ်ဆိုတာ ရာသီဥတု၊ အစားအသောက်၊ အနံ့အသက်၊ ဆေးဝါးတွေကနေ ဖြစ်စေတတ်တယ်။ တယောက်နဲ့ တယောက် မတူကြဘူး။

ဖြစ်ရင် ယားမယ်။ အနီပြင်ထွက်မယ်။ ဒိထက်ဆိုးသူတွေမှာ ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာမယ်။ ဂဏာမငြိမ်ဖြစ်မယ်။ စိတ်ရှုတ်လာမယ်။ အသက်ရှူတာ၊ နှလုံးခုန်တာ ပြောင်းလာမယ်။ သတိချို့ယွင်းလာမယ်။ အဆိုးဆုံးက (ရှော့ခ်)ရမယ်။ ယားတဲ့အဆင့်ဆိုရင် စားဆေးနဲ့ရတယ်။ (အင်တီဟစ်တမင်း) Antihistamine (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) ဆေး တခုခု သောက်ရတယ်။ နာမည်တွေ အမျိုးမျိုးနဲ့ လာမယ်။

Hydroxyzine 25 mg တနေ့ ၃-၄ ကြိမ်သောက်နိုင်တယ်။ စိတ်ငြိမ်စေချင်ရင်၊ အိပ်စေချင်ရင် 50 to 100 mg တနေ့ ၄ ကြိမ်အထိ သောက်ပါ။ ဘေးထွက်ဆိုးကျိုးတွေက ခေါင်မူး၊ အိပ်ချင်၊ မျက်စိဝါး၊ အာခေါင်ခြောက်၊ ခေါင်းကိုက်၊ မျက်လုံး-မေး-လျှာ-လည်ပင်း ကြွက်သားတွေ လှုတ်ခြင်း၊ လက်တုံ၊ စိတ်မရှင်း၊ တက်ခြင်း။

Cetirizine ဆေးကို အများဆုံး သုံးတယ်။ (အလာဂျီ) ရရင် ကိုယ်ထဲက အလိုလိုထွက်လာတဲ့ Histamine ကြောင့် လူဟာ နှာခြေ၊ ယားယံ၊ မျက်ရည်ယို၊ နှာရည်ယို၊ ဖြစ်မယ်။ အအေးမိ လက္ခဏာတွေပါဘဲ။ တချို့မှာ အနီပြင်တွေ ထွက်မယ်။
ဒီဆေး သောက်ရင် ကားမမောင်းသင့်ဘူး တွေးတောတာကို ထိခိုက်တယ်။ အရက် ရှောင်ရမယ်။

FDA က ကိုယ်ဝန်ဆောင်တွေအတွက် pregnancy category B သတ်မှတ်တယ်။ ကလေးကိုမထိခိုက်ပါ။ နို့တိုက်နေရင်လဲ နို့ထဲပါစေမယ်။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေးသောက်နိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေက နှလုံးခုန် မြန်စေတယ်။ အားယုတ်တယ်၊ အအိပ်ပျက်တတ်တယ်။ စိတ်လှုတ်ရှားမှု ပိုတယ်။ စိတ်မရှင်းဖြစ်မယ်၊ မျက်စိကြည့်တာကို သက်ရောက်တယ်။ ဆီးသွား နည်းစေတယ်။ အာခေါင်ခြောက်တယ်။ ဝမ်းချုပ်တတ်တယ်။

ယားတဲ့နေရာကို Calamine lotion လိမ်းနိုင်တယ်။ တော်တော့ဟာကို ဆေးမသောက်ဘဲ သက်သာစေနိုင်တယ်။

2010/11/25
Q: ဆရာရှင် Aspirin 80mg ကို တနေ့ ဘယ်နှစ်ကြိမ် သောက်နိုင်ပါသလဲ။ Aspirin က အဆစ်ရောင် ကျစေပါသလား။

A: Aspirin က သတ္တိ သုံးမျိုး ရှိတယ်။ ၁။ ကိုယ်ပူတာ ကျစေတယ်။ ၂။ ရောင်နေတာ လျော့စေတယ်။ ၃။ နာတာ-ကိုက်တာ သက်သာစေတယ်။

Aspirin dosage for Aches and Fever ကိုယ်ပူ၊ ကိုက်ခဲ၊ နာကျင်၊ အဆစ်နာ၊ = လူကြီး 300-1000 mg တနေ့ ၄ ကြိမ်။ အတိုး-အလျော့ လုပ်နိုင်သည်။
Heart Health နှလုံးရောဂါအတွက် = Aspirin တနေ့ 75 mg daily မှ 325 mg အထိပေးသည်။
Acute MI ရက်တို နှလုံး-အဆို့ရှင် မကောင်းသည့်ရောဂါ = တနေ့ 160 မှ 325 mg daily ရက် ၃ဝ ဆက်တိုက်သောက်ပါ။ လိုအပ်လျင် နောက်ထပ် ရက် ၃ဝ ဆက်သောက်ပါ။
Anticoagulant သွေးမခဲစေလိုခြင်း = တနေ့ 75mg

2010/11/30
Aspirin 80 mg ကို တနေ့ ၃ကြိမ်သောက်တာ အရောင်မကျသေးပါ။ Ibuprofen ပြောင်းသောက်ရမလား ဆရာ။ ဘယ်လောက် mg သောက်ရမလဲ။ Aspirin က အဆစ်ရောင်ကျစေပါသလားဆရာ။ ESR 53 ဖြစ်နေလို့။ လက်ဆစ်ရောင် တာကျချင်လို့ဆရာ။ Ibuprofen ကလဲ တခါသောက် ဘက်လောက် mg သောက်ရမလဲ။

Aspirin က သတ္တိ သုံးမျိုး ရှိတယ်။ ၁။ ကိုယ်ပူတာ ကျစေတယ်။ ၂။ ရောင်နေတာ လျော့စေတယ်။ ၃။ နာတာ-ကိုက်တာ သက်သာစေတယ်။
Aspirin dosage for Aches and Fever ကိုယ်ပူ၊ ကိုက်ခဲ၊ နာကျင်၊ အဆစ်နာ၊ = လူကြီး 300-1000 mg တနေ့ ၄ ကြိမ်။ အတိုး-အလျော့ လုပ်နိုင်သည်။
Aspirin dosage for Heart Health နှလုံးရောဂါအတွက် = တနေ့ 75 mg daily မှ 325 mg အထိပေးသည်။
Aspirin dosage for Acute MI ရက်တို နှလုံး-အဆို့ရှင် မကောင်းသည့်ရောဂါ = တနေ့ 160 မှ 325 mg daily ရက် ၃ဝ ဆက်တိုက်သောက်ပါ။ လိုအပ်လျင် နောက်ထပ် ရက် ၃ဝ ဆက်သောက်ပါ။
Aspirin dosage for Anticoagulant သွေးမခဲစေလိုခြင်း = တနေ့ 75mg

လူကြီးအတွက် အများဆုံး Ibuprofen တခါသောက် 800 milligrams တနေ့ ၄ ကြိမ်၊ စုစုပေါင်း တနေ့ 3200 mg per day

Nov 25, 2010 at 7:11 AM
Q: သမီးရဲ့ အသက်က ၁၉နှစ် ပြည့်ပြီးပါပြီ။ သမီးက (့) မှာနေပါတယ် ညညဆို အိပ်ဖို့က တော်တော်ခဲယဉ်းတယ်ဆရာ။
မီလီဖိုက် ၂ လုံး သောက်တောင် အိပ်မပျော်ဘူး။ ကူညီပါအုံး စိတ်လှုပ်ရှားမူ ရှိရင်လဲအိပ်မရဘူး။ ပြီးတော့ သူများတွေလို တက်ကြွမူလဲ မရှိဘူး။ အမြဲတမ်း စိတ်ပင်ပန်းတယ်။ စိတ်အလိုမကျဘူး။ နောက်ပြီးတော့ဆရာ သမီးရဲ့ ခြေလက်တွေက ကိုက်တယ်။ ညအိပ်ခါနီး ပိုဆိုးတယ်ဆရာ။

A: (မီလီဖိုက်) ဆေးက စိတ်ငြိမ်ဆေးဖြစ်မယ်ထင်တယ်။ ဆေးနာမည် စာလုံးပေါင်း သိရမှ သေခြာမယ်။ (ဗေလီယမ်) လိုဆေး ဖြစ်မယ် ထင်တယ်။ တခါတလေ သောက်တာ ကိစ္စမရှိပါ။ ဆေးက စွဲသွားတတ်တယ်။ ရေးပြတာကို ဖတ်တော့ စိတ်ကို တခုခု လုပ်ပေးစရာ လိုနေတယ်။ စိတ်လှုတ်ရှားမှု များတာ၊ စိတ်ပင်ပန်းတာ၊ အိပ်မရတာ၊ တက်ကြွမှု နည်းတာတွေ။ စမ်းသပ်တာ မလုပ်ရတာမို့ မှန်းပြီးဘဲ အကြံပေးပါမယ်။

တစ်အချက် စိတ်မပျက်ပါနဲ့။ ငါကောင်းလာမယ်လို့ လုံးဝမှတ်ထင် ယုံကြည်လိုက်ပါ။ ဒီအရွယ်၊ ဒီလိုနေရာမှာ နေရသူတွေမှာ ဒီလိုခံစားရတာမျိုး ဖြစ်တတ်ပါတယ်။

စိတ်ကို ကုသရာမှာ (ကောင်ဆယ်လိန်း) ဆိုတဲ့ အမေး-အဖြေလုပ်တာ ပါတယ်။ ဒီတော့ အချိန်ရရင် ဆရာ့ဆီ အီးမေးလ် ရေးပြီး စိတ်ထဲဖြစ်ပေါ် ခံစားရတာ မှန်သမျှ ရေးပါ။ ပြန်ဖြေရင်း ကုသမှု လုပ်ပါမယ်။ ကိုယ်ရေးအခြေအနေ၊ ရာသီ စတာတွေပါ ရေးပြလို့ရတာမျိုးလဲ ထည့်ရေးပါ။ အလုပ်ချိန်လဲပါပါစေ။ ဒါမှ ဆေးနဲ့ အလုပ်ချိန် ကိုက်အောင် ညွှန်းရမှာ။

ခြေလက် ကိုက်တာအတွက် အနာသက်သာဆေး တမျိုးမျိုးသောက်ပါ။ Paracetamol, Ibuprofen ဆေးပြားကို တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်အထိ သောက်နိုင်တယ်။ Ibuprofen ဆိုရင် ဆေးနဲ့ အစာနီးပါစေ။

ဘာသာရေးအရ စိတ်ငြိမ်စေတာမျိုး အားကိုးနိုင်တယ်။ စာဖတ်နိုင်ရင်လဲ ကောင်းတယ်။ ဘာစာဖြစ်ဖြစ် မအိပ်ခင် ဖတ်ပါ။
နှလုံးခုန်နှုန်း သိချင်တယ်။ လက်ကောက်ဝတ်မှာ လက်မဘက်က ခုန်နေတာကို ဖါသာစမ်းပါ။ တမိနစ်မှာ ဘယ်လောက်လဲ။ ဘယ်ဘက်ရင်ပတ်က နှလုံးခုန်တာလဲ စမ်းနိုင်ပါတယ်။ ပုံမှန် တမိနစ်မှာ ၇ဝ-၈ဝ ရှိတယ်။

ပူပင်စရာမျိုး တတ်နိုင်သလောက် လျှော့ပါ။ အပျော်ရှာပါလို့ ပြောချင်တာ မဟုတ်ပါ။ ဘာမဆို စိတ်က အရေးပါတယ်။ ဦးဆောင်တယ်။ သက်သာရရတယ်ဆိုတာလဲ စိတ်ဘဲ။ ခံစားနေတာလဲ စိတ်ဘဲ။ စိုးရိမ်စိတ်ရှိရင်လဲ ပြောပြပါ။ ပြောနိုင်တာဘဲ ပြောပါ။ ဆရာဝန်ကို ပြောပြလိုက်ရတဲ့အတွက် သောက မပိုစေချင်ပါ။ အဝေးကနေ ဆေးမန်းနဲ့ ကုလိုက်တယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာ-ချမ်းသာပါစေ။

24 Nov 10, 22:59
Q: ဆရာရှင့် ကျွန်မ အမျိုးသားနှင့် လိင်ဆက်ဆံတိုင်း ပြီးမြောက်သည်းအဆင့်ကို ရောက်ပါသည်ရှင့်။ ကိုယ် ဝန်ဘယ် နှစ်လမှာ စရှောင့်သင့်လဲဆိုတာကို သိပါရစေရှင့်။

A: သီအိုရီအရ ပြောရရင် ကိုယ်ဝန်နုစဉ် (၃ လအထိ) ဆက်ဆံတာက ပျက်စေမလား၊ ပိုးဝင်မလား စိုးရိမ်နိုင်ပြီး၊ နောက်ဆုံး ၃ လ မှာ ဆက်ဆံရင် စောစောမွေးတတ်တယ်လို့ မှန်းကြတယ်။ ယေဘုယျပြောရရင် ရှောင်ရမဲ့ ကာလ မရှိပါ။ လက်တွေ့ကို ပြောရရင် (ပိုဇေရှင်) ရွေးဘို့ လိုတယ်။ တိုက်ရိုက် အီးမေးနဲ့မေးရင် ရေးထားတာကို ပို့ပေးပါမယ်။ အများဖတ်စာ အနေနဲ့တော့ တင်ဘို့ မသင့်လို့ ထင်လို့ပါ။

25 Nov 10, 12:42
Q: ဆရာရှင့် ကျွန်မသားလေးက ၂ လသားပါ။ ရေကျက်အေးကို လုံးဝမသောက်ပါ။ အရင်က ပျားရည်နဲ့ဖျော်ပြီး တိုက်တော့ သောက်ပါတယ် အခုပျားရည်ကုန်တော့။ ရေကိုလုံးဝ မသောက်တော့ ဝမ်းက ၂ ရက် ၁ ခါလောက်ပဲ သွားပြီး အရမ်းညစ်ရပါတယ်။

A: ဒီအရွယ်လေးတွေက အကျင့်ကို လိုက်တယ်။ ချိုတာကို အကျင့်ရနေခဲ့လို့ပါ။ ပြန်ပြင်ပေးရမယ်။ တဖြေးဖြေး ပြင်ပါ။ ပျားရည် မရသေးရင် သကြား၊ ဂလူးကို့စ် နဲနဲနဲ့ ဖျော်ပါ။ တဖြေးဖြေး အချိုလျှော့ပေးပါ။

ရေအဝင်နည်းရင် ဝမ်းချုပ်မယ်။ ဝမ်းချုပ်နေရင် ဝမ်းခြူပါ။ ဝမ်းနုပ်ဆေး မတိုက်ပါနဲ့။ စအိုလေးထဲကို ဝမ်းခြူတောင့် Ducolax ရှာရရင် ထည့်ပါ။ ကလေးအရွယ်-လူကြီးအရွယ် လာတယ်။ ကလေး ဆိုတာတောင် အသက်မတူလို့ အတောင့်ကို ကလေးစအိုနဲ့ အနေတော်အောင် ပြုပြင်ပါ။

ဆေးဆိုင်က ရှာမရရင် ဆပ်ပြာကို အနေတော်ပုံ လုပ်ပါ။ ၂ လက္မမလောက်ဆို ရတယ်။ ရေနဲ့ နူးပြီး စအိုထဲ ထည့်ပါ။

ဆရာမ အသိရှိရင်လဲ ရာဘာ-ဆီးခြူပိုက် အငယ်စားကို ကလေးစအိုထဲ ၂ လက္မမလောက် သွင်းပြီး ကြက်ဆူဆီ၊ (ပါရဖင်ဆီ) တခုခုကို ဆေးထိုးပိုက်နဲ့ ၁ဝ-၁၅-၂ဝ စီစီ ထည့်ပေးနိုင်တယ်။ အဆီရှာရ ခက်သေးရင်လဲ ဆပ်ပြာရည် ခပ်နွေးနွေး (ကိုယ်အပူချိန်လောက်) ကို ၂ဝ-၃ဝ စီစီထည့်ပြီး ဝမ်းခြူနိုင်တယ်။ ၃-၁ဝ မိနစ်ပိုင်းအတွင်း ဝမ်းရှိတာ ထွက်လာလိမ့်မယ်။

8 Nov 10, 08:26
ကလေးငယ်တစ်ယောက်ဟာ အရမ်းဖျားပြီး အန်တယ်၊ ဝမ်းအရမ်း သွားရင် ဘာရောဂါများ ဖြစ်ပါသလဲဆရာ။ ဆရာဝန်က ပြောတယ် သွေးဖေါက်ကြည့်တော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်လို့ပြောတယ်ကျေးဇူးပြုပြီးရှင်းပြပေးပါ ကလေးက အသက် ၈ နှစ်ရှိ ပါတယ်။

သွေးဖေါက်ကြည့်တာက သွေးမှုံ (platelet) နဲနေတာဆိုရင် သွေးလွန်တုပ်ကွေးဖြစ်မယ်။ ဖျားတာ၊ အန်တာ၊ ကိုက်ခဲတာတွေ အပြင် ဆိုးရင် သွေးယိုလာမယ်။ နှာခေါင်း၊ သွားဖုံးကနေယိုနိုင်တယ်။ ဆီးထဲလဲ ပါတတ်တယ်။ အများဆုံးက သွေးခြည်ဥလေးတွေ ထွက်တယ်။ သွေးမှုံ (platelet) နဲတာအပေါ် မူတည်ပြီး ဆေးရုံတက်ခြင် တက်ရမယ်။ သွေးသွင်းခြင် သွင်းရမယ်။ သွေးမှုံကိုသာ သွင်းမှာ။ လိုအပ်ရင် Drip သွင်းရမယ်။ သိပ်မဆိုးရင် သွေးယိုတာ၊ သွေးဖိအားကျတာ စောင့်ကြည့်ရမယ်။ ရေများများ၊ ဓါတ်ဆားရည်တိုက်ရမယ်။

7 Nov 10, 09:07
ဆရာရှင့် မိန်းကလေးရောဂါများအကြောင်း သိလိုပါသည်ရှင့် အထူးသဖြင့် သားအိမ်အလုံးတည်သည့် ရောဂါ ရှိ-မရှိကို ဘယ်လို သိနိုင်ပါသလဲ။ အဲဒီရောဂါအစမှာ ဘယ်လိုခံစားရသလဲဆိုတာ ဖြေကြားပေးစေလိုပါသည်ရှင့်။

သားအိမ်အလုံးတည်တာမှာ အနည်းဆုံး ၂ မျိုးဖြစ်နိုင်တယ်။ သားအိမ်ကနေဖြစ်တာနဲ့ မျိုးဥအိမ်ကဖြစ်တာ။ အပျိုကြီး၊ အိမ်ထောင်ရှိပေမဲ့ ကလေးမရှိသူ၊ ကလေးနည်းသူတွေမှာ သားအိမ်က အသားလုံးဖြစ်တတ်တယ်။ မျိုးဥအိမ်အလုံးက အရွယ်-အခြေအနေ မရွေးဖြစ်တတ်တယ်။ ရာသီဖြစ်စဉ်အပေါ် သက်ရောက်တာ ရှိသလို တချို့မှာ မသက်ရောက်ဘူး။ အများဆုံးက ကြီးလာတာတောင် မနာဘူး။ သိသာလာမှာက ဗိုက်-ဆီးစပ်မှာ ကိုယ်ဝန်လိုဘဲ အလုံးစမ်းရတာဖြစ်တယ်။ ကြီးကြီးလာမယ်။ နှစ်နဲ့ချည်ကြာတယ်။ ဗိုက်နဲ့ မွေးလမ်းကြောင်းစမ်းသပ်မှုကနေ သိသာတယ်။ အကောင်းဆုံးက Ultrasound ရိုက်ရတယ်။

7 Nov 10, 03:51
ဦးနှောက်ခွဲစိတ်မှုက သေရေးရှင်ရေး မဟုတ်ရင် လုပ်သင့်ပါသလားခင်ဗျာ။ ဦးခေါင်းပိုင်း ခွဲစိတ်ပြီးရင် လူနာက အကောင်း ပြန်မဖြစ်တော့ဘူးဆိုတာ ဟုတ်ပါသလား။

ဦးနှောက်ကို ခွဲစိတ်ရတဲ့ ရောဂါ သိရမှာ ပြောနိုင်ပါလိမ့်မယ်။ ဦးနှောက်အထူးကုဆရာဝန်ကသာ ဖြေနိုင်မှာပါ။ အခြေခံအားဖြင့် ဆရာဝန်ကနေ ခွဲတာ နဲ့ မခွဲဘဲနေတာကို အကောင်း-အဆိုး ဆုံးဖြတ်ပါတယ်။

Nov 6, 2010 at 1:22 PM
ကျွန်တော်တို့က (့) ကပါ။ သူငယ်ချင်း တယောက်ဟာ လက်ခလယ် လက်ချောင်း ကျိုးတော့ အစိုးရ ဆေးရုံ သွားပြတာ ဆရာဝန်ခွဲပေးပြီး ပြန်ဆက်တော့ မတည့်ဘဲလွဲနေပါတယ်။ ကွေးဆန့်လို့တော့ မရတော့ပါဘူး။ နည်းနည်းတော့ ထုံကျင်ပါတယ် တစ်နှစ်လောက်တော့ကြာပါပြီ။ အဲ့ဒါ လက်ချောင်းဟာ ပြန်တည့်အောင်လုပ်လို့ရပါသလား။ ဒါမှမဟုတ် ဒီထက်ပိုပြီး ဘယ်လို ဆိုးကျိုးတွေဖြစ် လာနိုင်ပါသလဲ ပြောပြပေးပါခင်ဗျာ။

တနှစ်ရှိတာကို ပြန်ပြင်ဘို့ မလွယ်ပါ။ ကျိုးတဲ့နေရာက တစ်ရှူး (အရိုး-အရွတ်-အကြော) တွေ အမာရွတ်လို ဖြစ်သွားပြီ။ ခိုင်သွားပြီ။ မတည့်လဲ မတည့်တဲ့အတိုင်း ခိုင်သွားပြီ။ လက်ခလယ်လို ခပ်သေးသေးဆိုတော့ ပိုကျဉ်းမြောင်းတယ်။ ထုံတာကလဲ အာရုံကြောလေးတွေ ထိခိုက်သွားလို့ပါ။ အကွေး-အဆန့်မရတာက အဆစ်ကိုပါ သွားထိခိုက်လို့ ဖြစ်တယ်။ ဒါ့အပြင် လက်ဖဝါးဖက်မှာ ဖြစ်ရင် ကွေးတာကိုလုပ်တဲ့ အရွတ်ကြော၊ လက်ဖမိုးဖက်ဆိုရင် ဆန့်တာလုပ်တဲ့ အရွတ်ကြော ထိခိုက် သွားတတ်တယ်။ အကွေး-အဆန့် လေ့ကျင့်ခန်းလုပ်ပါ။ သက်သာလာလိမ့်မယ်။ ပြန်တည့်အောင်၊ ပြန်အလုပ် လုပ်နိုင်အောင် ရချင် ရနိုင်ပါတယ်။ Bone/Physio specialist အရိုး-အကြောအထူးကုနဲ့ သေခြာလုပ်ရမယ်။ လေ့ကျင့်ခန်း ဖါသာလုပ်ပါ။ ပူတဲ့ ဗမာလိမ်းဆေးလဲ လိမ်းပေးပါ။
8-11-2010

November 08, 2010 2:01 PM
စဖြစ်တာက ရေကူးတာ ကြာသွားလို့ အအေးမိပါတယ်။ ဖျားမှာစိုးလို့ဆေးတွေသောက်ပေမဲ့ အအေးမိပြီးဖျားပါတယ်။ ဆေးခန်းပြပါတယ်။ နှာစေး၊ ချောင်းဆိုး ကျန်ပါတယ်။ နှာစေးတာက မသက်သာပဲ နှပ်ညှစ်တိုင်း နှာရည်အဝါရောင်တွေ ထွက်လာပါတယ်။ နားကလည်း ကိုက်လာ၊ မျက်စိကလည်းအောင့်၊ သွားနာသလိုလည်း ဖြစ်လာပါတယ်။ ဘယ်ဘက် ခေါင်း တခြမ်းလုံးက လေးပြီး ခေါင်းငုံ့လိုက်ရင် ကျဉ်သလိုမျိုးဖြစ်လို့ ၂ ရက်အကြာမှာ နား၊ နှာခေါင်း ဆရာဝန်နဲ့ သွားပြပါတယ်။ ENT ဆရာဝန်က ခရင်းခွလိုပုံစံမျိုးနဲ့ နားရဲ့အနောက်ပိုင်း အရှေ့ပိုင်းကို စမ်းသပ်ပါတယ်။ နားရဲ့ အရှေ့က အသံပိုကြားရပြီး နားအနောက်ပိုင်းက အသံတိုးတိုးပဲ ကြားရပါတယ်။ ခေါင်းပေါ်ကိုတင်ပြီး စမ်းတော့ အသံ လုံးဝ မကြားရတော့ပါဘူး။ နားထဲနဲ့ နှားခေါင်းထဲကိုလည်း ကိရိယာနဲ့ ကြည့်ပါတယ်။ အားလုံးကြည့်ပြီးသွားတော့ အာရုံကြော အားနည်းလို့ နှားခေါင်းကဖြစ်တာက နားကို သွားထိတယ်လို့ ပြောပါတယ်။ အအေးမမိဖို့လည်း မှာပါတယ်။

VIT B DENK (Vitamin B 1 100mg & B 6 200 mg)
NEUROGIN (Organic Ginkgo biloba leaf extract (EGb 761) 60 mg)
ALLERDAY 120 (Fexofenadine hydrochloride 120mg)
VITACEE (Vitamin C 500 mg)
FLUMOX (Amoxicillin and flucloxacillin capsules) ဒီဆေးတွေပေးထားပါတယ်ဆရာ။ ရန်ကုန်ကပါဆရာ။ ဘာဖြစ်တယ် ဆိုတာ သေသေချာချာလည်း သိချင်လို့ပါ။ နာတာရှည်ရောဂါမျိုး ဖြစ်မှာ ကြောက်လို့ပါ။

မပူပါနဲ့ အအေးမိရာကနေ ခေါင်းခွံမှာ အထဲရှိနေတဲ့ လေခိုအခေါင်းတွေအထိ ပိုးဒဏ်ခံရလို့ပါ။ အသံလှိုင်းပို့တာကို သွားထိခိုက်တာပါ။ ပြန်ကောင်းမှာပါ။ ဆေးတွေ ပေးတဲ့အတိုင်း သောက်ပါ။ နွေးနွေးထွေးထွေး နေပါ။ ရေများများ သောက်ပါ။ အစာ ကောင်းကောင်းလဲ စားပါ။ မျှတစာကို ပြောတာပါ။ ခဏခဏ အအေးမိရင်တော့ သတိထားပါ။ လမ်းတွေဆို့တာ ဖြစ်သွားတတ်တယ်။ လိုအပ်သေးရင် နှာခေါင်းထဲ ပန်းရတဲ့ဆေး ပေးပါလိမ့်မယ်။ ရေနွေးငွေ့ရှူတာလဲ ကောင်းတယ်။
၈-၁၁-၂ဝ၁ဝ

Tuesday, November 2, 2010

Q and A November 2010 (2)

၁။ ကိုယ်ဝန်ရမှာ စိတ်ပူနေပြီး စိတ်မချမ်းမသာ
၂။ ကျွန်မ သားလေးက ၂ လသားပါ
၃။ အမေမှာ အသဲကြီးရောဂါရှိပါတယ်
၎။ ခေါင်းတွေ ခဏခဏမူးနေတတ်ပါတယ်
၅။ အတူ မနေတော့ရင်ကော တားဆေးကပ်ကို မသောက်ပဲ
၆။ လိင်အဂါင်္မှာ အရေပြား ရှည်နေခြင်းဟာ

Nov 12, 2010 at 2:58 PM
Q: ကျွန်တော်က အသက် ၂၅ ပြည့်ပြီး ယခုတိုင် ပညာသင်ကြားလျှက်ရှိသော ကျောင်းသားတစ်ယောက်ပါ။
ကျွန်တော့် ချစ်သူနဲ့ တစ်ခါတစ်ရံ လိင်စိတ်ပြည့်ဝအောင် သူမ လက်နဲ့သုံးတာမျိုး သူမအဂါင်္ကို ထိတိုက်ပွတ်မိတာမျိုး လုပ်မိပါတယ်။ လိင်ဆက်ဆံတဲ့ပုံမျိုး အထိ စည်းမကျော်ကြပါဘူး။ လိင်တံကို သူမလက်၊ သူမ မအင်္ဂါကို ကျွန်တော့လက်ဖြင့် ဖြစ်ဖြစ် ပွတ်တိုက်ပြီး သုတ်ရည် ထွက်သည်အထိ လုပ်ခဲ့ကြဖြစ်တာ နှစ်ခါ သုံးခါ မကတော့ပါ။ ယခု ကျွန်တော့် သုတ်ရည်များ သူမ အဂါင်္ကိုပါ ပေသွားတဲ့အတွက် ကိုယ်ဝန်ရမှာ စိတ်ပူနေပြီး စိတ်မချမ်းမသာ ဖြစ်နေကြလို့ပါ။

A: ဖြစ်ဘို့ အခွင့်အလမ်း အတော်ကြီး နည်းပါတယ်။ တကယ်လို့ ပေစွန်းတာဖြစ်သွားရင် ချက်ချင်း ရေဆေးနိုင်တယ်။ အကြံပေးချင်တာက တဆင့်တဆင့် တက်လာတတ်တာမို့ အကာအကွယ် ယူထားစေချင်တယ်။ သူ့ကို ဆေးသောက်ခိုင်းတာ၊ ကွန်ဒွန်သုံးတာ တခုခုပေါ့။ ပိုအဆင်သင့်မှာက ရက်ရွေးပါ။ သူ ရာသီမလာခင် ၅-၇ ရက်နဲ့၊ လာပြီး ၅-၇ ရက်အတွင်းဆိုရင် ကိုယ်ဝန်မရနိုင်ပါ။

19 Nov 10, 12:54
Q: ကျွန်မသားလေးက ၂ လသားပါ။ အခု မနက်ပိုင်းနဲ့ နေ့လည်ဆို လုံးဝ မအိပ်ပါဘူးရှင့်။ အိပ်ရင်လည်း မိနစ် ၂ဝ က အများဆုံးပဲ။ အဲတာဘာဖြစ်လို့ပါလဲရှင့်။ ဝမ်းသွားရင်လည်း အရမ်းညစ်ရပါတယ်။ ဝမ်းမသွားတာ ၂ ရက် ရှိပါပြီ။

A: ဒီအရွယ်မှာ အိပ်ချိန်-နိုးချိန် မမှန်သေးပါ။ မှန်လာပါလိမ့်မယ်။ ဝမ်းညှစ်တာတော့ ပြင်ရမယ်။ ရေများများတိုက်ပေးပါ။ မိခင် တခါ ရေသောက်ရင် သူ့ကိုတခါ တိုက်ပါ။ ဝမ်း တရက်မသွားရင် ဝမ်းခြူပါ။ ဝမ်းနုပ်ဆေး မတိုက်ပါနဲ့။ ဝမ်းခြူတောင့် ဝယ်လို့ လွယ်ပါတယ်။ Glycerine အလှဆီအတောင့်မျိုး။ ဝယ်မရလဲ ဆပ်ပြာနုနုကို ရေနဲ့နှူးပြီး အနေတော်လေးလုပ်၊ လက်နဲ့ စအိုထဲကို ၂ လက္မလောက် ဝင်အောင် သွင်းပေးရင်ရတယ်။ အလှဆီ၊ ကြက်ဆူဆီကိုလဲ ပိုက်ကလေးနဲ့ သွင်းပေးလဲ ရတယ်။

19 Nov 10, 15:48
Q: ကျွန်တော့် အမေမှာ အသဲကြီးရောဂါရှိပါတယ်။ နောက်ပြီး တီဘီလဲ ရှိပါတယ်။ အသက်က ၆ဝ နားကပ်နေပါပြီ။ ဆရာဝန်က အသဲကြီးတာ ၁ လဆေးသောက်ရမယ်တဲ့။ နောက်ပြီးတာနဲ့  တီဘီ အတွက်ကို ဆက်သောက်ရမယ်တဲ့။ အဲဒါ သက်သာအောင်ဘယ်လိုနေထိုင်ရမလဲ။ ဆေးတွေက ပျင်းတော့ အမေ့အတွက် အဆင်မပြေမှာ စိုးလို့ ပါ။

A: အသဲ ကြီးနေတာ အမျိုးအစား သိဘို့လိုသေးတယ်။ အဆီများတာလား ရောင်တာလား၊ ရောင်တာကလဲ အကြောင်း တခုမက ဖြစ်နိုင်တယ်။ ဆေး ၁ လ သောက်ဘို့ခိုင်းတာ တွက်ရင် ဆိုးပုံမရပါ။ တီဘီ ဆေးတွေက သိပ်ကြီးမပြင်းပါ။ ဆရာဝန်က ချိန်ဆပါလိမ့်မယ်။ အသဲအတွက် အဆီလျှော့စေပါ။ ရေ-အရည် များများသောက်စေပါ။ တီဘီ အတွက် အစားကောင်းကောင်း စားစေပါ။ လေကောင်းလေသန့် ရပါစေ။

2010/11/19
Q: ကျွန်တော်က အသက် ၂၅ နှစ်ဝန်းကျင်ပါ။ ဖြစ်နေတာက ဒီရက်ပိုင်းအတွင်း ခေါင်းတွေ ခဏခဏမူးနေတတ်ပါတယ်။ အရင်ကတော့ မဖြစ်ဖူးပါဘူး။ အခု ကွန်ပျူတာလေး ခဏသုံးရင်တောင် မူးနေပါတယ်။ ဇာတ်ကြောလည်း ထိုးလာပါတယ်။ ငယ်ငယ်ကတည်းကဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲဒါက ကျွန်တော် သူများတွေလို လူကို ဇောက်ထိုး နေလို့ မရပါဘူး။ အဲဒီလိုနေပြီးလို့ ပြန်ထလာရင် ခေါင်းတွေ အရမ်းမူးပြီး ချာလပတ်ရမ်းနေပါတယ်။ တော်တော်လေးကြာမှ ပြန်ကောင်းသွားတာပါ။ နောက်ပြီး ကားစီးရင်လည်း မူးတတ်ပါတယ်။ ငယ်ငယ်ကလေးထဲက မူးတတ်တယ်။ အခုက ကွန်ပျူတာလေး ခဏသုံးယုံနဲ့ မူးနေတယ်ဆိုတော့ အခြေအနေများ ပိုဆိုးသလားလို့ပါ။

A: ဖတ်ကြည့်ရတာ အမူးရောဂါလို့ ပြောနိုင်တယ်။ ဟုတ်တယ် ခေါင်းဇောက်ထိုး၊ ကားစီးမူးတာတွေက ဆက်နေတဲ့ ခံစာ့းမှုဖြစ်တယ်။ Vitamin B6 သောက်ပါ။ ကားစီးမူးတာအတွက် Dramamine သောက်ပါ။ Blood pressure check လုပ်ပါ။ ရောဂါကြီး မဟုတ်ပါ။ ပျောက်ဘို့တော့ ခက်တယ်။ နားအတွင်းထဲက Balance ထိန်းတဲ့နေရာ ကောင်းကောင်း အလုပ်မလုပ်လို့ ဖြစ်တာပါ။

2010/11/19
Q: ကျနော့် ကောင်မလေးနဲ့ အတူနေနေတုန်း အထဲကပူပြီးတော့ ခဏနေတော့ သူဆီက သွေးတွေ ထွက်လာပါတယ်။ အဲဒါ ဘာဖြစ်တာပါလဲ။ တားဆေးကပ်ကလဲ တကပ်ကုန်သွားရင် ရက်မခြားပဲ ဆက်တိုက် ဆက်သောက်ရပါသလား။ အတူ မနေတော့ရင်ကော တားဆေးကပ်ကို မသောက်ပဲ ရပ်လိုက်လို့ရပါသလား။ တကပ်မကုန်သေးပဲနဲ့ ရပ်လိုက်လို့ ရပါသလား။ ရပ်လိုက်တာနဲ့ကော သွေးဆင်းပါသလား။

A: သွေးထွက်တာကို မေးမြန်း-ဆန်းစစ်ပြီးမှ ပြောလို့ မှန်မယ်။ ဆေးကပ်ကို အရင်သောက်ရမဲ့ ၂၁ လုံးကုန်တာနဲ့ သွေးဆင်းတဲ့အထိ ရပ်ထားပါ။ ဆင်းပြီးရင် တခါဆက်သောက်ပါ။ ၂၈ လုံးကပ်ဆိုရင် နောက်သောက်ရမဲ့ အရောင်ရင့်ဆေး သောက်နေတုံး ပြန်လာနိုင်တယ်။ တလလုံး အတူမနေရင် ရပ်ထားနိုင်တယ်။ ဆေးတကပ်ဆိုတာ တလတွက်သာ ဖြစ်တယ်။ တကပ် မကုန်ခင် ရက်လိုက်ရင် ရက်မမှန်ဘဲ သွေးဆင်းလာလိမ့်မယ်။

2010/11/19
Q: လိင်အဂါင်္မှာ အရေပြား ရှည်နေခြင်းဟာ ဆိုးကျိုးရှိပါသလား။

A: ဆိုးကျိုး မရှိပါ။ သန့်ရှင်းရေး ပိုလုပ်ပေးပါ။

2010/11/17
Q: ချစ်သူ ၂ ယောက် ခရီးအတူ သွားမိလို့ အတူနေဖြစ်တယ်။ Emergency pill (12hr -12hr) ဆေး သောက်မယ်ဆိုရင် ဘယ်လိုမျိုး သောက်သင့်ပါသလဲ ခင်ဗျ။ အဲဒီဆေးက အများဆုံး ၃-၅ ရက်အထိပဲ စိတ်ချရမယ်ဆိုရင် ၃ ရက်မြောက်မှာ တကဒ် (၂လုံး)၊ ၇ ရက်မြောက်မှာတခါ (၂ လုံး) အဲလိုမျိုး သောက်ရမှာလား ဆရာ။

A: မဟုတ်ပါ။ အမြန်ဆုံး ၁ ခါ၊ ၁၂ နာရီခြားပြီး ၁ ခါသောက်ပါ။

Nov 20
သမီးက အအေးနဲနဲမိတာနဲ့ နှာခေါင်းက အသက်ရူလို့ မရတော့ဘဲ ပိတ်သွားပါတယ်။ မျိုးရိုး လိုက်တာလား မသိဘူးဆရာ။ ထိပ်ကပ်နာဖြစ်မှာ စိုးရိမ်ပါတယ်။ အမေ့အဖေ၊ အမေ၊ သမီး၊ သုံးယောက်လုံး ဆောင်းတွင်းဆိုရင် ပိုဆိုးပါတယ်ဆရာ။
နှာခေါင်းထဲကို ထည့်တဲ့ဆေးရေ သုံးမှသာ အသက်ပြန်ရှူလို့ရပါတယ်ဆရာ။ သမီး အသက်ရှူကြပ်ရင် အမြဲသူံးဖြစ်တာက peyinchin ဆိုတဲ့ဆေးပါ။ ဘေးထွက်ဆိုးကျိုး ကြောက်လို့ပါဆရာ။ ဖြေပေးပါဦးနော်

Piyenchin Opthalmic Drops (Bi Yan Jing)
Smoke, Smag and Glare ကြောင့် အလာဂျီရလို့ rhinitis နှာစေးတာ၊ eyes itching, conjunctivitis မျက်စိယား၊ မျက်စိနာတာအတွက် မျက်စဉ်းဖြစ်ပါတယ်။ ၁-၂ စက် တနေ့ ၄ ကြိမ် ခပ်ရတယ်။ ၆ နှစ်အထက်သာသုံးရတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျားဆီးကြိတ်ရောဂါရှိသူတွေ မသုံးရပါ။ ရေတိမ်ရှိသူ မျက်စိအထူးကုကိုပြပြီးမှ သုံးပါ။

Napholazine Hydrochloride, Boric Acid, Sodium Borate, Benzoalkium chloride, Sodium Edta Sterile water တွေ ပါတယ်။ Food and Drug Administration ကနေ စမ်းသပ်မှု မရှိသေးပါ။

Monday, November 1, 2010

Q and A November 2010 (1)

1. ရာသီလာတာ မမှန်ဘူး
2. လိင်ဆက်ဆံခြင်း အဆင့်ထိ မရောက်ခဲ့ဘူးပါဘူး
3. သုတ်ရေ ခြောက်သွေ့ နေစဉ်မှာ မေ့ပြီး
4. Hi Doctor
5. ecee2 ကို ဖြစ်ပြီး တန်းသောက်ရတာလား
6. မိန်းကလေးရောဂါ ရှိရင်လည်း ၂ ကြောင်း ပြတယ်လို့ သိရပါတယ်

November 09, 2010 7:52 PM
Q: ရာသီလာတာ မမှန်ဘူး။ တခါစောတယ်။ တခါနောက်ကျတယ်။ ဘာကြောင့်လဲ။ လာရင်လဲ သွေးခဲလေးတွေပါတယ်။ တစ်ခါလေဆို အသားစိုင်လေးလိုလဲပါတယ်။ လာရင် ဗိုက်ကိုက်တယ်။ အသက် ၂၅ အိမ်ထောင်မရှိ။

A: ရာသီဆိုတာ မမှန်တတ်ပါ။ အိမ်ထောင်လဲမရှိ၊ ဆက်ဆံမှုလဲ ကင်းနေသူဆိုရင် စဉ်းစားစရာ ဘောင်ကျဉ်းပါတယ်။ ဗိုက်ကိုက်တာ၊ ဆီးစပ်နာတာလဲ လူအတော်များများမှာ လာဖြစ်တယ်။ Ibuprofen, Paracetamol, Diclofenic, Buscopan ဆေး တမျိုးမျိုး နာတဲ့ရက်တွေမှာ သောက်ပါ။ သွေးခဲဆိုတာတော့ ဖြစ်မယ်။ အသားဆိုင်လို့ ထင်မှတ်တာ နေမယ်။ ကိုယ်ဝန်ပျက်မှသာ အသားစလိုပါတယ်။ အတုံးအခဲတွေတော့ သူလိုကိုယ်လိုလူတွေမှာ ပါတယ်။ ရာသီရက်-လ မှန်ချင်ရင် အများသုံး ကိုယ်ဝန်တားဆေး ၁ ရက် ၁ ပြားသောက်။ ဟော်မုန်း ၂ မျိုးတွဲပါဆေးကို ၃-၄ လ ဆက်သောက်ပါ။

November 09, 2010 9:10 PM
Q: လက်မှာ ကိုယ့်ရဲ့  အမျိုးသား သုတ်ရေ ခြောက်သွေ့နေစဉ်မှာ မေ့ပြီး ချစ်သူမိန်းကလေးကို မာစတာဘေးရှင်း လုပ်ပေးမိရင် ကိုယ်ဝန်ရနိုင်ပါသလား။ ကိုယ်ဝန်ရှိ-မရှိ ဘယ်လို စောစောသိမလဲ။

A: သုတ်ပိုးက အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်နေတယ်ဆိုတာ သူနေရတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်တယ်။ မြင်ရတာလဲ မဟုတ်လို့ မေးတဲ့သူရဲ့ဖြစ်စဉ်တုံးက အထဲဝင်-မဝင် ပြောမရပါ။ ကောင်းတာက ၅ ရက်အတွင်းဆိုရင် အရေးပေါ် တားနည်း သုံးပါ။ မလာရင် Urine for pregnancy test ဆီးစစ်ပါ။

Nov 9, 2010 at 2:27 PM
Q: ကျွန်တော်က အသက် ၂၄ နှစ်ရှိပါပြီ။ အလုပ်က interior design ဆွဲပါတယ်။ အညောင်းထိုင်တဲ့ အလုပ်မျိုးပါ။ ဒီမနက် ၁ဝ နာရီလောက်မှာ ပုံဆွဲရတာ ညောင်းလို့ မတ်တတ်ရပ်ပြီး တစ်ဖက်ကိုအလှည့် (ခါးချိုးတာ မဟုတ်ပါ) ရုတ်တရက် ဘယ်ဘက် ရင်ဘတ် အောင့်သွားတယ် လေကို တအားရှုသွင်းထားရင် တင်းတင်း အောင့်အောင့် ကြီးဖြစ်နေပါတယ်။ ဘယ်ဘက် ဘက်မောင်း လည်ပင်းတွေပါ အောင့်လာသလိုမျိုး ခံစားရပါတယ် (အရင်က မခံစားဖူးပါ) ဘယ်လိုရောဂါ ဖြစ်နိုင်ပါသလဲ။ ဘယ်လို စစ်ဆေးကုသမှုမျိုး ခံယူသင့်ပါသလဲ။

A: သိပ်မစိုးရိမ်ပါနဲ့။ ပြောတဲ့အတိုင်း လှုတ်ရှားလိုက်စဉ်က ကြွက်သားနဲ့ အာရုံကြော နာသွား-ထိသွားတာပါ။ အကြီးအကျယ် မထိခိုက်စေနိုင်ပါ။ လောလောဆယ် အနာသက်သာဆေး Pain killer တခုခုကို အစာနဲ့ နီးနီးသောက်ပါ။ Neurobion စားဆေးကိုလဲ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်သောက်ပါ။ နာတဲ့နေရာကို ဗမာဆေး ပူတာတခုခုလဲ လိမ်းလို့ရပါတယ်။

Nov 10, 2010 at 10:03 AM
Q: Hi Doctor, Kindly find attached, Pls help me.

A: တစ်အချက် စိတ်မပျက်ပါနဲ့။ ကျားအင်္ဂါကြီးအောင် လေစုပ်ကရိယာသုံးတဲ့ နောက်ဆက်တွဲ ကိုယ်တိုင်သုံးသူတဦးရဲ့ အတွေ့အကြုံကို သိရလို့ ကျေးဇူးတင်ပါတယ်။ ခွဲစိတ်တာ မလုပ်ခင် တခြားနည်းနာတွေ လုပ်စေချင်တယ်။ ဆရာရေးတဲ့ ဒီအကြောင်းအရာ စာတွေ ဖတ်ပြီးပြီလား။ Viagra ဆေးက အင်မတန် ထိရောက်ပါတယ်။ သုံးဘူးသလား။ အဲဒီနိုင်ငံမှာ နာမယ်တမျိုးနဲ့လဲ ရောင်နိုင်တယ်။ (အင်တာနက်) ကနေရှာလဲရမှာပါ။ အိန္ဒိယမှာ Vigora, Biovigora, Kamagra စသဖြင့် နာမယ်တွေနဲ့ ရောင်းတာ ဈေးမဆိုးပါ။ ၅ဝ-၁ဝဝ အားလာတယ်။ ၅ဝ ဆိုရင်ကို ရနိုင်ပါတယ်။ အရေးကြီးတာက စိတ်ခိုင်မာပါ။ လိုသေးရင် မေးပါ။

၁။ ခွဲစိတ်တာကို သိပ်စိတ်မစောစေချင်ပါ။ ခွဲစိတ်နည်းကို တော်တော့ တိုင်းပြည်တွေမှာ မလုပ်ကြပါ။
၂။ Viagra ဆေးက လိုတဲ့ အချိန်မှာသာ သောက်ရမယ်။ အမြဲသောက်နေစရာ မလိုပါ။ မိန်းမနဲ့ အတူနေမယ်ဆိုရင် အချိန် မတိုင်ခင် ၁၅ မိနစ်၊ နာရီဝက် ကြိုသောက်ပါ။ တရက်ထဲမှာ နောက်ထပ်သောက်စရာ မလိုပါ။ ကြားရက်မှာလဲ သောက်စရာ မလိုပါ။ ၅ဝ အားသာ သောက်ပါ။ အသက် သိပ်ကြီးသူတွေသာ ၁ဝဝ အားလိုတယ်။ အမြဲအတူနေချင်တိုင်းလဲ လိုချင်မှ လိုပါလိမ့်မယ်။ ဆေးရဲ့ ဘေးထွက် ဆိုးကျိုး မပြောပလောက်ပါ။ ဆေးသောက်ပြီး မကြာခင် မျက်နှာ ခပ်ရှိန်ရှိန်း ဖြစ်လာတယ်။ သွေး ပိုလျှောက်စေလို့ပါ။ နှစ်တွေနဲ့ချီ ဆေးသောက်သူတွေ ဘေးတွေ့တယ်ဆိုတာ သိပ်မကြားရသေးပါ။ လိုသေးလဲ မေးပါ။

Q: ဆရာ ecee2 ကို ဖြစ်ပြီး တန်းသောက်ရတာလားဆရာ။ ၁၂ နာရီကြား ဆေးနှစ်လုံးစလုံး သောက်ပြီး အဲဒီနေ့ တန်းဖြစ်ရင် ထပ်သောက်ရလားဆရာ။ ဆေးတစ်လုံး သောက်ပြီး နောက်တစ်လုံး မသောက်ခင် ကြားကော ဖြစ်လို့ရလား ဆရာ။

A: ၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ progesterone or oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။

၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။

၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။

၎။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးရမယ်။

November 09, 2010 5:40 PM
Q: ကျွန်တော်တို့ စုံတွဲက လိင်ဆက်ဆံခြင်း အဆင့်ထိ မရောက်ခဲ့ဘူးပါဘူး။ ဒါပေမယ့် oral sex နဲ့ အခြားသော နည်းလမ်း တွေနဲ့ သုတ်ထွက်အောင်တော့ လုပ်ခဲ့ကြပါတယ်။ အလွန်ဆုံးပြောရရင် ကျွန်တော့် သုတ်ရည်နဲ့ သူ့ vagina နဲ့ ထိမိကောင်း ထိမိနိုင်ပါတယ်။ ဒါပေမယ့် အတွင်းလမ်းကြောင်းထဲအထိတော့ မဝင်ပါဘူးခင်ဗျ။ ဒါပေမယ့် အခု သူက ရာသီ မလာတာ ဆယ့်ငါးရက်ကျော်နေပါပြီ ခင်ဗျ အထက်ပါအကြောင်းအရာတွေက ကိုယ်ဝန်ရရှိစေနိုင်ပါလား ရာသီ မလာတာကရော ဘယ်လို အကြောင်းများကြောင့်လဲ။ ကိုယ်ဝန်ရရှိသွားရင် အမြန်ဆုံးဘယ်လို နည်းလမ်းများနဲ့ သိရှိနိုင်ပါလဲခင်ဗျာ။

A: ကိုယ်ဝန်ဟုတ်-မဟုတ် အသေအခြာ မပြောနိုင်ပါ။ Urine for pregnancy test နဲ့ စမ်းပါ။ မျဉ်း ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။

November 09, 2010 11:58 AM
ကျမ အသက် ၃၃ နှစ် ရှိပါပြီ။ အိမ်ထောင်ကျတာ ၁ နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီ ၁ ပါတ်ထဲမှာမှ ဖြစ်တာပါ။ ရာသီ မလာတာ ၁ လကျော်လောက်တော့ ရှိပါပြီ။ ဆီးစစ်ကြည့်မလို့ နောက်ထပ် ၁ ပါတ်လောက် စောင့်ကြည့် နေသေးတဲ့ အချိန်ပါ။ ကျမမှာ ငယ်ငယ်လေးထဲက လူကြီးတွေက ပြောတာ မိန်းကလေးရောဂါ သွေးအားနည်းတာ ရှိတယ်လို့ ပြောဘူးပါတယ်။ အမျိုးသားနဲ့ သောကြာနေ့ ညက ဆက်ဆံတာ ကျမက မှောက်လိုက် မိပါတယ်။ (ဒူးထောက်တာ မဟုတ်ပါဘူး) ဆက်ဆံပြီးတော့ သွေးဆင်းပါတယ်။ သွေးဆင်းတာက အများကြီး မဟုတ်ပါဘူး။ ခါတိုင်း ဆက်ဆံပြီးတော့ သုတ်ရည် ပြန်ထွက်သလိုပါပဲ။ ၁ ခါ တည်းထွက်တာပါ။ စိတ်ထဲမှာ သုတ်ရည်လို့ပဲ ထင်နေတာ။ ပက်လက်ကျတော့ မဆင်းပါဘူး။ ဆီးစစ်ကြည့်ရင် မိန်းကလေးရောဂါ ရှိရင်လည်း ၂ ကြောင်း ပြတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ ကိုယ်ဝန်ပျက်ကျရင်ရော လနုရင်ရော ဘယ်လို လကဏာမျိုးပါလဲ။

ကိုယ်ဝန်ရှိ-မရှိ Urine for pregnancy test စမ်းတော့ ၂ ကြောင်းပြရင် ကိုယ်ဝန်ရှိတာပါ။ တခြား အကြောင်း တွေကြောင့် ၂ ကြောင်း မပြနိုင်ပါ။ သွေးအားနည်းတာဆိုရင် အသားအရေ ဖြူရော်ရော်နေမယ်။ မောတတ်တယ်။ တကယ်လို့ ကိုယ်ဝန် ရှိနေပြီး သွေးနဲနဲလေးဆင်းတာ ကိစ္စမရှိတတ်ပါ။ ပျက်တာဆိုရင် သွေးများများ ဆင်းလာမယ်။ ဆီးစပ် နာမယ်။ ဆင်းတာက တဖြေးဖြေး အတုံးအခဲလို ဆင်းလာမယ်။ အဲဒါဆိုရင် နာလာမယ်။ ခါးကိုက်မယ်။ သာမန်အားဖြင့် မှောက်လျှက် ဆက်ဆံတာကြောင့် ပျက်တာဖြစ်ခဲပါတယ်။ ဒူးထောက်အနေအထားလဲ အဲလိုပါဘဲ။ ကောင်းတာက ဆီးစစ်ပါ။ လိုသေးရင် မေးပါ။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...