ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, November 10, 2010

Kidney Stones Home Remedies ကျောက်ကပ် ကျောက်တည်တာ အိမ်မှာ သက်သာအောင်

ကျွန်တော် မလေးရှားမှာ အလုပ်လုပ်နေပါတယ် လွန်ခဲ့တဲ့ တစ်နှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ (အာလ်ထွာ-ဆောင်း) ရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သုံးလုံးရှိနေပါတယ်။ အရွယ်အစားက သေးလို့ မခွဲပဲ ထုတ်လို့ရတယ်လို့ ပြောပါတယ်။ 4 mm ကနေ10 mm ကြားလောက်ရှိပါတယ်။ ကုန်ကျစရိတ်က လုပ်အားခနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျောက်ကပ်မှာ ကျောက်တည်ရင်ဘယ်နည်းဘယ်ပုံနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါသလဲ။ ပြီးတော့ ဈေးသက်သာတဲ့ ကုသနည်း။ ဆိုးကျိုးနည်းတဲ့ ကုသနည်း၊ နောက်ပြီး နောက်ထပ် ၆ လ လောက်ကြာမှ မြန်မာပြည် ပြန်ပြီး ကုသမယ် ဆိုရင်ရော အန္တရာယ်ရှိနိုင်ပါသလား။

• ရေများများ သောက်ပါ။ တနေ့ ၃ လီတာ။
• သံပုရာရည် ဖျော်သောက်ပါ။
• အုံးရည် သောက်ပါ။
• ပျားရည်နဲ့ ပင်စိမ်းရွက် ဖျော်သောက်ပါ။
• လိမ်မော်သီး-ရည်၊ သလဲသီး-သလဲစေ့ စားပါ။
• ရွှေဖရုံ၊ မုံလာဥဝါ၊ မက်မွန်သီး၊ ကန်ဇွန်းဥ၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး၊ ဖရဲသီး၊ စားပါ။
• မုံလာရွက်-ဖျော်ရည် သောက်ပါ။
• ဗိုလ်စားပဲ Kidney beans စားပါ။
• ဗီတာမင် ဘီ ၆ တနေ့မှာ 100 to 150 mg သောက်ပါ။
• ဗီတာမင် အေ မနည်းစေနဲ့။
• အစပ်၊ တည်ချဉ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂျုံအပြည်နဲ့လုပ်တဲ့အစာတွေ၊ ပဲ၊ ပဲပုတ်၊ ဟင်းနုနွယ်၊ ပန်းမုံလာ၊ မုံလာဥဝါ၊ လျှော့စားပါ။
• အရက်၊ ကာဗွန်ထည့်ထားတဲ့ ရေနဲ့ ဖျော်ရည်တွေ ရှောင်ပါ။
• အသား၊ ဆား လျှော့စားပါ။
• Calcium ဆေး မစားနဲ့။
• ကိုယ်လက် လှုတ်ရှားပါ။

1. နာတာခံနိုင်နေရင် ကိစ္စမရှိသေးပါ။ နာလာရင် အရေးပေါ်သောက်ဘို့ Buscopan ဆေးပြားနဲ့ Buscopan ထိုးဆေးက ချက်ချင်း သက်သာစေမယ်။ ခရီးသွားရင် ဆောင်ထားသင့်တယ်။
2. ဇောချွေးပြန်အောင်နာရင် လူကိုယ်အလေးချိန်လိုက်ပြီး ထိုးဆေး ၂-၃-၄ လုံး တခါထဲ ရောထိုးရတယ်။ ၅-၁ဝ မိနစ်အတွင်း သက်သာသွားမယ်။ ခဏအိပ်ပျော်သွားမယ်။
3. ကျောက်ပျော်စေဘို့ အိန္ဒိယမှာ Cystone တိုင်းရင်းစားဆေး သုံးကြတယ်။ ဈေးလဲချိုတယ်။

Dr. တင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ