Friday, December 31, 2010

Frozen shoulder အေးခဲသွားတဲ့ ပခုံး

ပခုံးမှာ ရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder “ပခုံးခဲသွားတယ်” လို့ တင်စားခေါ်တယ်။ တကယ် ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာ ရောင်ရာကနေ (ပလာစတာ) လိုလဲ ဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလဲ ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြော ရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄ဝ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုတ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီး ဟော်မုန်း များသူ၊ နှလုံး-သွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေခြာအောင် လုပ်ပါတယ်။

ကုသရာမှာ -
• Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊
• Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊
• Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။
• Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။
• ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။
• လေ့ကျင့်ခန်းကလဲ အတော်အရေးပါတယ်။
• လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုတ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။
• Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ် တခု ပြောင်း သုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန်လုပ်တာတောင်မှ ပြန်မကောင်းတာလဲ ရှိတတ်တယ်။ မကုတာထက် အများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင်ပါတယ်။

Intra-articular injection Shoulder
Choice of steroid
- Hydrocortisone acetate 0.002
- Methylprednisolone acetate 0.001
- Prednisolone tebutate 0.001
- Triamcinolone acetate 0.004
- Triamcinolone hexacetonide 0.0002

နှစ်သစ်မှာ အဆစ်နာ ကင်းကြပါစေ။

Intra-articular injection in the shoulder joint http://www.youtube.com/watch?v=iVpTKBeeAJs

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁ဝ

Thursday, December 30, 2010

Q and A December 2010 (11)

1. ဘယ်လောက်စားစား မဝဘူး ဖြစ်နေတယ်
2. ချောင်း အရမ်း ဆိုးနေလို့ပါ
3. ကျနော် ခံစားနေရတာက နှုတ်ခမ်းခြောက်ခြင်း ဖြစ်နေပါတယ်
4. ကျားအင်္ဂါထိပ် ကွမ်းသီးလုံးမှာ
5. Acute myeloid leukemia က သိသိချင်း ကုရင်
6. ကျွန်မ Urine pregnancy test ကိုဝယ်ခဲ့တာ

December 29, 2010 5:21 PM
ကျွန်တော်က ဘယ်လောက်စားစား မဝဘူး ဖြစ်နေတယ်ခင်ဗျ။ အစားတွေလည်း စုံအောင်စားပါတယ်။ ထမင်း၊ အဆီ၊ ပေါင်မုန့်၊ သီးရွက် အစုံပါပဲ။ ဒါပေမယ် ဝမလာဘူးခင်ဗျ။ မဝဘူးဆိုတာထက် အသားမတိုးလာတာပါ။ ငယ်ငယ် တုန်းကတော့ တီဘီ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် မဆိုင်လောက်ဘူးထင်တာပဲ။ ငယ်ငယ်ကတည်းက ပိန်နေတာ အခုထိပါပဲ။ လူက under weight ဖြစ်နေပါတယ်။ သန်ကောင်နဲ့ ဆိုင်မယ်ထင်လို့ သန်ကောင်အကြောင်း ပြောပေးပါခင်ဗျ။ သန်ချဆေးတော့ ကိုယ်ဘာသာ တစ်ခေါက်ဝယ်သောက်ဖူးပါတယ် (Fugacar)ပါ။ ဘာမှ မထူးသလိုပဲ။ သန်ကောင် ရှိ-မရှိ ဘယ်လိုသိနိုင်မလဲခင်ဗျ။ သမာရိုးကျ သောက်ဆေးတွေ ညွှန်းစေချင်ပါတယ်။ အခြား အကြောင်းချက်များ ရှိရင်လဲ ပြောပြပေးစေချင်ပါတယ်ခင်ဗျ။

Fugacar ဆိုတာ Mebendazole သန်ချဆေး ဖြစ်ပါတယ်။ ရေးပြီးသား စာ ၂ ပုဒ် ထည့်ပေးလိုက်ပါတယ်။ ကျန်းမာ-ဝဖြိုးပါစေ။ သန်ကောင် ရှိ-မရှိ ဝမ်းစစ်တာနဲ့သိတယ်။ Stool RE-ME လုပ်ပါ။

Chronic allergies နာတာရှည် (အလာဂျီ) နှင့် သန်ကောင်
How to gain weight လှယုံမက ဝချင်လည်း ဝချင်ကြပါရင်

Dec 30, 2010 at 6:52 AM
ကျတော် အသက်က ၂၃(ကျား) ပါ။ (့) မှာ နေပါတယ်။ ချောင်း အရမ်း ဆိုးနေလို့ပါ။ ၃ ပတ်ကျော်ကျော် လောက်ရှိပါပြီ။ ခုနောက်ပိုင်း သလိပ်နဲနဲပါလာတယ်။ သွေးတွေ ဘာတွေတော့ မပါဘူး။ သောက်တဲ့ဆေးကတော့ ၃ မျိုးရှိပါပြီ။ တစ်ခု မပျောက် တစ်ခုထပ်သောက်ပေါ့။ ၂ မျိုးကတော့ မမှတ်မိတော့ပါဘူး။ ခုနောက်ဆုံး သောက်ထားတာတော့ Fluza ပါ ခုထိ မသက်သာသေးလို့ အဆုတ်သန့် မြန်မာဆေးတွေ သောက်နေတယ်။ အရင်က ဒီလောက်ကြာကြာ ချောင်းဆိုးလေ့ မရှိပါဘူး။ ဒီတစ်ခါမှ တော်တော်ကြာနေလို့။ ဒီကရာသီဥတုကလဲ အေးတယ်။ အစကတော့ အဆုတ် အအေးပတ်တယ်လို့ပဲ ထင်ပြီး ဆေးသောက်လိုက် ပြန်ကောင်း သွားမယ်ထင်နေတာ စိုးရိမ်လာလို့ အကူအညီ တောင်းတာပါ။ မနက် တစ်ကြိမ် ညတစ်ကြမ် ရေနွေးနဲ့ဆား ရောပြီး ပလုပ်ကျင်းတယ်။ ရေနွေးပဲ သောက်နေတယ်။ မြန်မာဆေး ဒေါ်ထူးထူး အဆုတ်သန့်ဆေးပဲ သောက်နေတယ်။ ညအိပ်ရင် ရင်ဘတ်နဲ့ လည်ပင်းကို ပရုပ်ဆီလိမ်း အိပ်တယ်။

၁။ အရင်က ဓါတ်မှန်ရိုက်ဘူးလား။ တီဘီ ရှိသူနဲ့ နီးနီးကပ်ကပ်နေဘူသလား။ ရာသီဥတုလဲ ဖြစ်နိုင်တယ်။
၂။ ဆေးနာမည်ကြည့်ရတာ အအေးမိသက်သာဆေးသာဖြစ်မယ်။
၃။ ချောင်းဆိုး ပျောက်ဆေးဆိုတာ ၃ မျိုးရှိတယ်။
(က) လည်ချောင်းယားပြီးဆိုးတာပျောက်ဆေး။
(ခ) ရင်ကြပ်-ပန်းနာ သက်သာဆေး နဲ့
(၈) ချွဲထွက်ဆေးဖြစ်တယ်။

ဖြစ်နေတာနဲ့ကိုက်မှ သက်သာမယ်။ ဒီအထဲမှာ အိပ်ခြင်၊ မူးယစ်တာတွေ ဥပမာ Codine ပါတာမျိုးလဲ ရှိတယ်။ ပါတာ ဖြစ်နေရင် အလုပ်နဲ့ အချိန်ကြည့်သောက်ပါ။ အထူးသိဘို့က ချောင်းဆိုးတယ်ဆိုတာ ရောဂါမဟုတ်ဘူး ရောဂါ လက္ခဏာသာ ဖြစ်တယ်။ ဒါ့ကြောင့် (၁) ရောဂါကိုမကုဘဲ မပျောက်နိုင်ဘူး။ (၂) ချောင်းဆိုပျောက်ဆေးဟာ လက္ခဏာသာ သက်သာစေတယ်။

ဒီလို ရက်ကြာနေရင် ပိုးတခုခုဝင်နေတာကို သံသယရှိရမယ်။ ပိုးသေဆးသောက်ရမယ်။ Antibiotic ပြောတာပါ။ ရှာလို့ရမလားတော့ မသိဘူး၊ ရတာကိုသောက်ဘို့ အမျိုးအစားစုံ ရေးလိုက်ပါမယ်။

Amoxacillin 250-500 mg
Tetracycline 250-500 mg
Erythromycin 250-500 mg
ဘယ်ဟာရရ၊ ၂၅ဝ မီလီဂရမ်ဆို တခါသောက် ၁ ပြား-တောင့်၊ တနေ့ ၄ ကြိမ်။ ၅ဝဝ ဆိုရင် ၂ ကြိမ်၊ စုစုပေါင်း ၅-၇ ရက် သောက်ပါ။ တမျိုးသောက်လို့ ၃ ရက်နေလို့ မသက်သာရင် နောက်တမျိုးကို ပြောင်းနိုင်တယ်။

အအေးမိတာ သက်သာဘို့လဲ ရတာသောက်နိုင်ပါတယ်။ အထောက်အကူသက်သက်သာဖြစ်တာ သတိပြုပါ။ ချင်း (ဂျင်း) ပြုတ်ရည်လဲ သောက်နိုင်ပါတယ်။ ရှာတော့ရမယ် မထင်ဘူး ကွမ်းရွက်လဲ ကောင်းတယ် ဆားနဲ့သောက်သောက်၊ ကွမ်းရွက်ပုံလျှက်ဆားဖြစ်ဖြစ် ကောင်းပါတယ်။

တကယ်လို့ သလိပ်ပါထွက်ရင် သလိပ်အရောင်က ပိုးအမျိုးအစားလိုက်ရှိမယ်။ ပျောက်ခါနီးရင် သလိပ် ပိုထွက်လာမယ်။ ဒါကောင်းတဲ့ သဘောဘဲ။ သလိပ်က အထဲမှာ အောင်းနေတာ မကောင်းဘူး မနက်ထမှာ ပိုထွက်တတ်တယ်။ ထွက်ပါစေ။ မထွက်ရင် ထွက်အောင် လုပ်ပေးရတတ်တယ်။ အန်ခြင်အန်တတ်သေးတယ်။

ချုပ်ပြောရရင် ပိုးသေဆး သေခြာသောက်၊ ချောင်းဆိုပျောက်ဆေးစသည်က အထောက်အကူပေးမယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ ကရိယာရှိရင်တော့ အဆင်ပိုပြေတာပေါ့။ မရှိလဲ ရေနွေးတည်၊ ပူပူကနေ ထွက်နေတဲ့အငွေ့ကို မျက်နှာကို အပေါ်ကနေ မိုးထားပြီး အသက်ရှူပေးပါ။ ရေနွေးထဲ ပရုပ်ဆီထည့်ခြင်လဲထည့်။

နွေးနွေးထွေးထွေးနေပါ။ စားနိုင်သလောက် အာဟာရမျှတအောင်စားပါ။ အစာကြောင့် ချောင်းဆိုမယ်ဆိုတာ သိပ်အရေးမပါဘူး။ လိုအပ်ရင် ဓါတ်မှန်ရိုက်၊ သလိပ်စစ်ရတယ်။ လိုသေးရင် မေးပါ။

၃ဝ-၁၂-၂ဝ၁ဝ

Dec 30, 2010 at 7:02 PM
အသက် ၃၂ နှစ်ပြည့်ပါပြီ။ ကျနော် ခံစားနေရတာက နှုတ်ခမ်းခြောက်ခြင်း ဖြစ်နေပါတယ်။ ဖြစ်တာကတော့ ၂ လ ကျော်ရှိနေပါပြီ။ (့) မှာ နေပါတယ်။ အလုပ်က မနက် ၈-နာရီမှ ညနေ ၇ နာရီ အထိ နေပူတဲ့ ပတ်ဝန်းကျင်မှာ လုပ်ရပါတယ်။ ဖြစ်စမှာ နှုတ်ခမ်းရိုးရိုးခြောက်သလို ဖြစ်ပြီး တင်းနေပါတယ်။ တဖြည်းဖြည်း အပေါ်နှုတ်ခမ်း နည်းနည်းစီ ဖြစ်ရာကနေပြီး အောက်နှုတ်ခမ်းမှာပါ ဖြစ်လာပါတယ်။ ဒါကြောင့် အနားမှာရှိတဲ့ နှုတ်ခမ်း-အဆီကို တို့ပါတယ်။ တို့ထားတဲ့အချိန်မှာ သက်သာပြီး နောက်ထပ် ၄-နာရီလောက်ကြာတော့ ပြန်တင်း လာပါတယ်။ ပိုးတစ်ခုခု ရှိနေမယ်ထင်လို့ တခါတရံ အိပ်ခါနီးမှာ ထိုင်းနိုင်ငံထုတ် Septidine contained Povidone Lodine 10g ဆိုတာကို လိမ်းပြီးအိပ်ပါတယ်။ ပါးစပ်ထဲဝင်မှာ စိုးလို့ တရက် နှစ်ရက် လိမ်းပြီး နောက်မလိမ်းတော့ပါ။ ထူးပြီးလဲ မသက်သာပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်က မြန်မာဆရာဝန်တစ်ဦးနှင့် ပြသခဲ့ပါတယ်။ ဆရာဝန်မှ (၁) Neoromin (၂) Folic Acid (၃) Vitermin C တို့ကို ၁ဝ-ရက်စာပေးသောက်ပါတယ်။ လိမ်းဆေးအဖြစ် India နိုင်ငံထုတ် (၁) Herperax Ointment composed Acydlovir USP 5% w/w နှင့် (၂) CARDID B Cream တို့ကို လိမ်းခိုင်းပါတယ်။ ဒါလဲ မသက်သာပါဘူး။ ဒါပေမယ့် လောလောဆယ် ဘာဖြစ်တာမှန်းမသိလို့ အဲဒီလိမ်းဆေးတွေကိုဘဲ ၂ နာရီ တစ်ခါလောက် လိမ်းပေးနေပါတယ်။ အထူးသဖြင့် နံပတ် (၁) Herperax ကို လိမ်းဖြစ်ပါတယ်။ ထူးခြားတာကတော့ ဆေးလိမ်းပြီးရင် နည်းနည်းပူပါတယ်။ ပြီးရင် ရေနှင့် ထိပြီးရင် အလွှားလိုက် အဖတ်ဖြူဖြူလေးတွေ အလိပ်လိုက် ကွာလာတာပါဘဲ။ ကျနော် ရေကိုလည်း တစ်နေ့ကို 2 to 3 Liter လောက်နေ့တိုင်းသောက်ပြီး ဝမ်းကိုလည်း တစ်ရက် သုံးခါလောက် သွားပါတယ်။ (၁) ဘာရောဂါ ဖြစ်နိုင်လဲဆရာ (၂) ဘာဆေးတွေ မီဝဲရပါမလဲဆရာ (၃) ဘာတွေကို ဆင်ခြင်ရင် ပျောက်မှာပါလဲ။ ကျနော် လက်ထပ်ခါနီးဖြစ်နေပြီမို့ လက်ထပ်မယ့် မိန်းကလေးက ကူးစက်ရောဂါ ဖြစ်နေမှာကို စိုးရိမ်နေပါတယ်။

• အပူချိန်များတဲ့ ပတ်ဝန်းကျင်က ပြဿနာဖြစ်နေတယ်။ အရင်က အဲလို မနေခဲ့ရလို့ ဖြစ်နိုင်တယ်။ ရှောင်လွှဲလို့ မရရင် တတ်နိုင်တာနဲ့ ကုစားရမှာပေါ့။
• ဗီတာမင် စတာတွေ ပုံမှန်တော့ သောက်ပါ။ ဘီ နဲ့ စီ သောက်တာ အကျိုးပေးပါမယ်။ အေ ကိုလဲ သောက်ပါ။ ဘီ-စီ တို့လို အကြာကြီး မလိုပါ။
• လိမ်းဆေးအနေနဲ့ Lip guard ကောင်းပါတယ်။ Glycerine အလှဆီလဲသုံးပါ။
• အနာလို ဖြစ်ချင်တော့မှ တခြားဟာတွေထက် ကော်မျက်စဉ်း တခုခု၊ ဥပမာ Chloramphenicol or Tetracycline Ointment လိမ်းနိုင်တယ်။ ပါးစပ်ထဲဝင်လို့ ကိစ္စမရှိပါ။
• အာနာဖြစ်ချင်ရင် အရုပ်တော့ဆိုးမယ် Gentian Violet ဆေးပြာရည် လိမ်းနိုင်တယ်။ ပါးစပ်ထဲဝင်လို့ရတယ်။
• ဖြစ်တဲ့နေရာ တဝှိုက်မှာ အမြဲလိုလို စိုနေပါစေ။ ရေဖြစ်စေ အဆီဖြစ်စေ။ လက်ကိုင်ပုဝါမှာ ရေနဲ့ဆားရောတာထဲ စိမ်ပြီး အုပ်ပေးတာလဲ ကောင်းပါတယ်။
• Povidone ဆေးက အနာမှန်သမျှကို လိမ်းနိုင်ပါတယ်။ ပါးစပ်ထဲဝင်လို့ သိပ်တော့မကောင်းပေမဲ့ အဆိုးကြီး မဟုတ်ပါ။
• Herperax ဆေးက ရေယုံဖြစ်မှ သုံးရတယ်။
• Candid-B cream ဆေးကို candidiasis မှိုရောဂါအနာအတွက် သုံးတယ်။

January 02, 2011 1:24 AM
ကျားအင်္ဂါထိပ် ကွမ်းသီးလုံးမှာ ကြားစူးလေးတွေလိုလို ရေယုန်လိုလို မိတ်ဖု အသေးစားလေးတွေလိုလိုဟာတွေက ဘာပါလဲခင်ဗျာ။ ယားယံ နာကျင်ခြင်း လုံးဝမရှိပါ လွန်ခဲ့တဲ့ လေးငါးနှစ်ထက်စာရင် အနည်းငယ် ကြီးလာသယောင် ရှိပါတယ်။ လိင်ဆက်ဆံဖူးခြင်းလည်း မရှိသေးပါ။ ဒါဟာရောဂါလား၊ ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ၊ ဘာ ဆက်လုပ်သင့်လဲ သိချင်ပါတယ်။ အဆင်ပြေတဲ့ဓါတ်ပုံတစ်ပုံလည်း ထည့်ပေးလိုက်ပါတယ်။

ပုံကိုကြည့်ရတာ သိပ်ကြီးတော့ မရှင်းသေးဘူး။ တပါတ်လုံးမှာ ရှိသလား။ ရေယုံတော့ မဟုတ်ပါ။ ကြွက်နို့နဲ့လဲ သိပ်မတူပါ။ လိင်ဆက်ဆံဘူးတာလဲ မရှိရင် STD မဟုတ်နိုင်ပြန်ပါ။ ဖြစ်တဲ့သူရဲ့ အသက် မသိရသေးပါ။ အရွယ်ရလာရင် ကွမ်းသီးခေါင်း အရစ်တလျှောက်မှာ အတက်ကလေးတွေ အစီအရီ ပေါ်လာနိုင်တယ်။ ရောဂါမဟုတ်ပါ။ တပါတ်လုံးမှာ ဖြစ်တယ်။ လိုတာတွေ ထပ်ပြောပါအုံး။

၂-၁-၂ဝ၁၁

December 31, 2010 11:34 PM
၁။ Acute myeloid leukemia က သိသိချင်း ကုရင်ပျောက်နိုင်ပါသလား၊ သူငယ်ချင်းတစ်ယောက်မှာ ဖြစ်နေလို့ သိသိချင်း ရန်ကုန် သွေးရောဂါဌာနမှာ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့လမ်းညွှန်ချက်အတိုင်း ကုသနေတာ တစ်လလောက်ရှိပါပြီ။ သိပ်မထူးခြားသေးပါ။ သူ့အပြောအရတော့ KOREA က ခဲနဲ့ပတ်သက်တဲ့ Electronic စက်ရုံတစ်ခုမှာ လွန်ခဲ့တဲ့ ၄ နှစ်က ၄ လ လောက် ဝင်လုပ်ခဲ့ဘူးတယ်ပြေားပါတယ်။ ရောဂါကခုမှ ပေါ်တာပါ။
၂။ ကျွန်တော့်မှာ မိခင်နို့တစ်ခုဘဲ တိုက်နေတဲ့ ၄ လ အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သူအမေက နို့အလွန် ကောင်းပါတယ်။ တခြားရောဂါမရှိပါ။ ကျွန်တော့် ညီမက မီးဖွားတာ တစ်ပါတ်လောက်ရှိပါပြီ။ နို့သိပ်မထွက်ပါ။ ဆေးရုံမှာ ကလေး မီးဖွားဖွားခြင်း နို့မထွက်တော့ ကလေးဝါမှာစိုးလို့ ကျွန်တော့် မိန်းမ နို့တိုက်လို့ရလား မေးတော့ ကလေး ဆရာဝန်က မတိုက်ရဘူး ပြောပါတယ်။ ကလေးက နို့ဘူးလဲ မစို့တတ်ပါ။ ခွက်ကို သေချာသန့်စင်ပြီး ဇွန်းနဲ့ တိုက်ရပါတယ်။ အလုပ်ရှုပ်ပါတယ်။ မိန်းမနို့ ဘာလို့တိုက်မရတာလဲ။ အဲဒီကလေး ဘယ်နှစ်လမှာ မိန်းမနို့တိုက်လို့ရမလဲ သိချုင်ပါတယ်။ လေးစားစွာဖြင့် ကိုဇော်လင်း ရန်ကုန်

၁။ Acute myeloid leukemia
• Myeloid Leukemia ဆိုတာ လူကြီး၊ ကလေး၊ ရက်တို၊ နာတာရှည် ရိုးတွင်းခြင်ဆီ ကင်ဆာတမျိုးဖြစ်ပါတယ်။
• မျိုးရိုးလို့ ပြောဘို့ ခက်တယ်။
• ယောက်ျားတွေပိုဖြစ်တယ်။
• ဖြစ်စေနိုင်တဲ့ carcinogens တွေရှိတယ်။ benzene (ဘင်ဇင်း)၊ ဆေးလိပ် နဲ့ ionizing radiation ဓါတ်ရောင်ခြည်တွေ ပါတယ်။ အသက်ကြီးမှဖြစ်တယ်။ တချို့မှာ ကင်ဆာဆေးကြောင့်ဖြစ်တယ်။
• အားယုတ်၊ ကိုယ်ပူ၊ (အင်ဖက်ရှင်) ဝင်၊ ညချွေးထွက်၊ သွေးယို၊ စတာတွေဖြစ်လို့ ဆေးလာကုရင်း စစ်တော့ ဒီရောဂါ တွေ့လာတတ်တယ်။
• Complete blood count (CBC) သွေးစစ်ရင် အဖြေထွက်မယ်။ သွေးဖြူဥတွေများလွန်းနေမယ်။ သွေးနီဥနဲ့ သွေးမှုံတွေနည်းနေမယ်။ bone marrow သွေးရိုးတွင်းခြင်ဆီစစ်ရမယ်။
• Chemotherapy ဆေးကုနည်းလုပ်ပေးမယ်။ Radiotherapy နဲ့ Biological therapy လဲလုပ်တတ်တယ်။
• ဆေးကုရင် လက္ခဏာတွေ သက်သာစေမယ်၊ ရောဂါလျှော့စေမယ်။ ပျောက်လဲပျောက်နိုင်တယ်။
• အစာစားတာမှာ အသီးအနှံတွေ အစိမ်းမစားရဘူး။ ချက်ပြီးသားစားရမယ်။ အသားလဲ နူးအောင်-ကျက်အောင်ချက်ရမယ်။ အလုပ်ပင်ပန်းတာမလုပ်ရဘူး။

၂။ တခြားမိခင်နို့ ကလေး မတိုက်ခိုင်းတာ ဆရာမသိပါ။ သူများနို့တိုက်ရင် တကယ့် မအေမှာ နို့ထွက်တာ မကောင်းမှာ စိုးလို့လား မပြောတတ်ပါ။

၂-၁-၂ဝ၁၁

January 02, 2011 1:23 AM
ကျွန်မ Urine pregnancy test ကိုဝယ်ခဲ့တာ Clear blue လို့ နာမည်တပ်ထားတဲ့ အမျိုးအစားကိုရခဲ့ပါတယ်။ အညွှန်းမှာ test up to 4 days before your period is due လို့ ရေထားပါတယ်။ ဒီအဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်လို့ ရှင်းပြ ပေးပါရှင်။ အညွှန်းပါအရ If testing early, use the first urine of the day. Hold the colour change tip in the urine stream for 5 seconds. The tip will quickly showing that urine is being absorbed. Continue to hold the Tip in the urine for the full 5 seconds. A blue line will appear in the Control Window to show that the test has worked. Read your result after 2 minutes. The Request Window will show a clear result. If your result is 'Not Pregnant' and your period does not start you will need to test again. Refer to leaflet. လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စနစ်တကျ ဘယ်လိုစစ်ရမလဲဆိုတာကို လည်းကျေးဇူးပြုပြီး ဖြေကြားပေးပါရှင်။

• နှစ်မျိုးရှိတယ်။ Clearblue Easy Fertility Monitor မျိုးဥအိမ်ကနေ မျိုးဥ ထွက်-မထွက်စမ်းတာ နဲ့ Clearblue Easy Digital Pregnancy Test ကိုယ်ဝန် ရှိ-မရှိစမ်တာ ဖြစ်တယ်။
• ဒုတိယအစား ကိုယ်ဝန်စမ်းတာအတွက် မနက်အစာမစားခင် သွားတဲ့ဆီး ခံထားပါ။ တခြားအချိန် သွားတဲ့ဆီးလဲ ရတော့ ရပါတယ်။ အပြာရောင် အဖျားပိုင်း (အချွန်ပိုင်း) ကို ဆီးထဲမှာ ၅ စက္ကန့်ကြာ စိမ်ထားပါ။ အဖြေဖတ်ရတဲ့ အကွက်လေးမှာ ခပ်ပြာပြာမျဉ်းလေး စပေါ်လာမယ်။ ၂ မိနစ်နေရင် အဖြေရေးတာ မြင်လာရမယ်။ Pregnant ကိုယ်ဝန်ရှိသည်။ ဒါမှမဟုတ် Not Prgenant ကိုယ်ဝန်မရှိ။
• စမ်းတာ ရက်စောနေလို့ အဖြေက ကိုယ်ဝန်မရှိလို့ ပေါ်ပေမဲ့ စိတ်မချသေးရင် ဒါမှမဟုတ် ရာသီလဲ မလာသေးရင် နောက် ရက်ခြာပြီး တခါ ထပ်စမ်းပါအုံး။

၂-၁-၂ဝ၁၁

Age Spots အသက် နဲ့ အစက်

30 Dec 10, 13:28
Hi Sayar please advise how to reduce getting black spots on skin when getting age. Thanks

လူတိုင်း အိုလာရင် ဇာတာသက်သာမက အပိုတွေ တိုးလာတာတွေ များလှတယ်။ ဒါတွေထဲမယ် လူမြင်ရာ ကိုယ်ပေါ်မှာ အညိုစက်၊ အနက်ပျောက်တွေလဲ ပါတယ်။ ဒါ့ကြောင့် Age Spot လို့ခေါ်ကြပါတယ်။ Liver spots လို့ပါ ခေါ်သေးတယ်။ “အသဲ-အသက် အစက်” တွေပေါ့။ အသဲရောဂါနဲ့တော့ ဘာမှမဆိုင်ပါ။ အရောင် ဆင်တာတော့ ရှိတာပေါ့။ ဒီလိုသာ ခေါ်ကြကြေးဆိုရင် (ခရုသင်း) ကို Brain spots လို့ ခေါ်ပါလား။

ဘယ်အရာမဆို စက္ကန့်မလတ် ပြောင်းလဲနေတယ် မဟုတ်လား။ အသစ်တိုးလာမယ်၊ အိုင်မင်းလာမယ်။ ပျက်စီးလာမယ်။ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကိုပါ တရားခံ ရှာနိုင်ပါတယ်။ အသက် ၄ဝ ဆိုတာ အသန်ဆုံးအရွယ်လို့ သတ်မှတ်သူတွေ ရှိတယ်။ ဒီအသက်က ကျော်လာရင်တော့ အရေပြား (ဆဲလ်) တွေ အသစ်ပြန်ဖြစ်တာက နှေးလာတယ်။

ဒီအစက်တွေက ဘာမှ ဝတ်ဆင်-ဖုံးအုပ်မထားရာ နေရာတွေမှာသာ များတယ်။ ပြားချပ်နေတယ်။ အနား သတ်သတ် မှတ်မှတ် ရှိတယ်။ တလက္မရဲ့ ရှစ်ပုံတပုံ ကနေ တလက္မလောက်အထိ ရှိတယ်။ ပုံသဏ္ဌာန်က အမျိုးမျိုး။

အရပ်သုံး ပြောရမလား၊ ကြော်ညာတွေ ပြောရမလား ဆေးနည်းတွေ ရှိတယ်။
• Cabbage မုံလာထုပ်ကိုအရည်လုပ်ပြီးလိမ်းပါ။ Raw carrot မုံလာဥနီ အစိမ်း စားပါတဲ့။
• Potato paste အာလူးကို ပြစ်ချွဲအောင်လုပ်ပြီး လိမ်းပါတဲ့။
• Tomotto smash ခရမ်းချည်သီးကို ချေပြီး လိမ်းပါတဲ့။
• Turmeric powder နနွင်းမှုံ့နဲ့ သုံပုရာရည်ရော လိမ်းပါတဲ့။
• Fresh turmeric လတ်ဆတ်တဲ့ နနွင်းနဲ့ Neem တမာရွက်ကို ရောချေပြီး လိမ်းပါတဲ့။
• နွားနို့အစိမ်းနဲ့ ဆားနဲနဲရောလိမ်းပါတဲ့။
• Sandalwood oil နံ့သာဆီနဲ့ Olive oil သံလွင်ဆီ ရောလိမ်းပါတဲ့။
• Olay Total Effects 7 in 1 Anti-Aging Moisturizer ကြော်ညာတာ ရှိပါတယ်။

ဒီလို အစက်-အပျောက်တွေက ဘာအန္တရာယ်မှ မပေးပါ။ ကင်ဆာကို မဖြစ်စေပါ။ ဆေးစာမှာ “ကင်ဆာ မဟုတ်သော အသစ်ဖြစ်ပွါးခြင်း အုပ်စု” ထဲမှာ ထည့်ထားတယ်။ ဆရာဝန်တွေကိုလာ ပူဆာရင်တော့ Electrosurgery, Laser, Cryotherapy နည်းတမျိုးမျိုးနဲ့ လုပ်ပေးပါမယ်။ ပြန်ဖြစ်သူတွေကို High-protection sunscreen lotion (SPF 15 or greater) နဲ့ ကုရတယ်။

အသက်ရလာချိန် အသက်ကြောင့် ဖြစ်တာကို သက်သာ-ပျောက်ကင်းချင်စိတ်ဟာ တဖက်က ကြည့်ရင် ကောင်းပါတယ်။ နုပျို-သစ်လွင်ခြင်စိတ်ဟာ တက်ကြွ-လန်းဆန်းတာပါ။ စိတ်ပျိုရင် ကိုယ်လဲ နုတယ် မဟုတ်ပါလား။

Dr. တင့်ဆွေ
၃ဝ-၁၂-၂ဝ၁ဝ

Paronychia ကျမမှာ ခြေစွယ် ငုတ်ငုတ်နေလို့ပါ

December 30, 2010 1:08 AM
ကျွန်မရဲ့ ခြေမက ခြေစွယ်ငုတ်ငုတ်နေပါတယ်။ ခြေစွယ်က ရှည်လာရင် အသားကိုသွားသွားစိုက်ပြီး ထိုးနေပါတယ်။ ပြီးရင်ရောင်လာပြီးတော့ ပြည်တည်ပါတယ်။ တိုအောင်ညပ်လဲ ပြန်ရှည်လာရင် အဲဒီအတိုင်း ပြန်ဖြစ်ပါတယ်။ ဆရာဝန် ပြတော့ ထုံဆေးထိုးပြီး ခြေသည်းခွံကို ဆွဲထုတ်ပါတယ်။ အဲဒါလဲ ရှည်လာတော့ ပြန်ဖြစ်ပါတယ်။ ၂ ခါတောင် အဲလို လုပ်ပြီးပါပြီ။ ရှည်လာတော့ ပြန်ဖြစ်ပါတယ်။ ၂ နှစ်လောက် ရှိပါပြီ။ လမ်း ၃ဝ က ခြေဆွယ်ဖော်တဲ့ဆီမှာလဲ ခဏခဏ သွားဖော်ပါတယ်။ မပျောက်ပါဘူး။ ဘယ်လိုလုပ်ရပါမလဲ။

ခြေစွယ်ငုတ်တာကို Paronychia ခေါ်တယ်။ ဟုတ်တယ် ဖြစ်တတ်ပါတယ်။ နှစ်မျိုးရှိတယ်၊ ရက်တိုနဲ့ နာတာရှည်။ အသားနုနဲ့ ခြေသည်း-လက်သည်း အပြန်အလှန်၊ အထက်-အောက် တိုးဝင်ကြတာပါ။ အသားနုနုက ဖေါင်း-ရောင်လာမယ်။ ပိုးဝင်လာနိုင်တယ်။ ပိုးကလဲ နှစ်မျိုး။ (ဗက်တီးရီးယား) နဲ့ (Yeast or Mold) ဖန်းဂတ်စ် (မှို)။

1. Acute paronychia ရက်တိုအမျိုးအစားကို ဒီလိုလုပ်ပါ။
• တနေ့ကို ရေနွေးနဲ့ ၃-၄ ခါ အုပ်ပေးပါ။
• Manicuring ခြေသည်းပြင်တာ၊ Finger sucking လက်သည်းကို ပါးစပ်နဲ့ ကိုက်တာ၊ ကိုယ့်ဖါသာလှီးတာ ရှောင်ပါ။
• ပဋိဇီဝဆေး တခုခုသောက်ပါ။
• Miconazole မှိုဆေးလိမ်းပါ။ Ketoconazole or Fluconazole မှိုဆေးသောက်ပါ။
• Diabetes ဆီးချို စစ်ဆေး-ကုသပါ။
• ပြည်တည်လာရင် ပြည်ခွဲထုတ်ပါ။
• ပိုးသေအောင် လုပ်ပြီးနောက်မှသာ ခွဲစိတ်ကုသပါ။

Acute paronychia ရက်တိုအမျိုးအစား၊ ဒါးမသုံးဘဲ ခွဲနည်း
o အနာကို အရက်ပြန်၊ အိုင်အိုင်ဒင်း ၂% လိမ်းပြီး၊
o ဖေါင်းကြွနေတာကို Metal probe or Elevator နဲ့ Separation မတင်ပြီး ပြည်-မန်းရည်ထွက်အောင် လုပ်တယ်။
o ခြေသည်းရဲ့ အဖျားပိုင်း ၃ ပုံ ၁ ပုံကို ကပ်ကြေးနဲ့ ဖြတ်ပေးတယ်။ အသားဆိုင်ကို မလှီးပါ။
o Antibiotics ပဋိဇီဝဆေး oral ၅-၇ ရက် အသောက်ခိုင်းပါမယ်။
o အနာကို Cipladine/Iodine/Betadine လိမ်းပြီး ပတ္တီးစည်းပေးမယ်။
o မေးခိုင်းကာကွယ်ဆေး ATT ထိုးပေးပါမယ်။
o ၂ ရက်နေရင် ပတ္တီးဖြေပြီး၊ ဆားရည်နွေးမှာ စိတ်ခိုင်းပါမယ်။ တခါလုပ် ၁ဝ-၁၅ မိနစ်၊ တနေ့ ၃-၄ ခါ။

Acute paronychia ရက်တိုအမျိုးအစား၊ ဒါးသုံး ခွဲစိတ်နည်း
o အနာကို အရက်ပြန်၊ အိုင်အိုင်ဒင်း ၂% လိမ်းမယ်၊
o 1% Lidocaine (Xylocaine) Digital anesthetic block ထုံဆေးထိုးမယ်။
o ဒါးနံပါတ် 11-15 blade ကို သုံးမယ်။
o ခြေသည်း-လက်သည်းနဲ့ ဝေးရာဆီကို ဒါးချက်သွားမယ်။
o ဖေါင်းနေတာကို ခွဲပြီး အောက်က ပြည်-မန်းရည်ထွက်စေမယ်။
o ဒါးရာကို လိုအပ်ရင် ခြေသည်း-လက်သည်း အခြေထိ ရောက်ပါစေမယ်။
o ခြေသည်းရဲ့ အဖျားပိုင်း ၃ ပုံ ၁ ပုံကို ကပ်ကြေးနဲ့ ဖြတ်ပေးမယ်။
o အနာကို Cipladine/Iodine/Betadine လိမ်းပြီး ပတ္တီးစည်းပေးမယ်။
o Antibiotics ပဋိဇီဝဆေး ၅-၇ ရက် သောက်ခိုင်းပါမယ်။
o ၂ ရက်နေရင် ပတ္တီးဖြပြီး အနာနေရာကို ဆားရည်နွေးမှာ စိတ်ခိုင်းပါမယ်။ တခါလုပ် ၁ဝ-၁၅ မိနစ်၊ တနေ့ ၃-၄ ခါလုပ်ပါ။
o မေးခိုင်းကာကွယ်ဆေး ATT ထိုးပါမယ်။

2. Chronic paronychia နာတာရှည်အမျိုးအစား ဖြစ်နေရင် -
ပိုးမဝင်အောင် ဂရုစိုက်ပါ။ ဖိနပ်မပါဘဲ လမ်းသွားတာ၊ စိုထိုင်းတာ ရှောင်ပါ၊ အပြင်က ပြန်လာရင် ချက်ချင်း ခြေဆေးပါ။ လိုအပ်ရင် ခြေအိတ် ပြောင်းသုံးပါ။ (ကော်တွန်) ခြည်ထည်ကိုသာ သုံးပါ။

Eponychial Marsupialization ခေါ် ခွဲစိတ်နည်း
o ခွဲမဲ့နေရာကို ဆပ်ပြာ-ရေနဲ့ဆေးကြောပါ။ အရက်ပြန်၊ အိုင်အိုဒင်းလိမ်းမယ်။
o 1% lidocaine (Xylocaine) ထုံဆေးထိုးမယ်။
o သွေးထွက် သက်သာအောင် Tourniquet နည်းသုံးတယ်။
o Crescent-shaped incision ဖေါင်းကြွနေတဲ့ အသားစိုင်ရဲ့ ဘေးပါတ်လည် ၁ မီလီမီတာအကွာ လခြမ်းပုံ ဒါးရာ ပေးမယ်။
o ခြေသည်း-လက်သည်း ပုံပြောင်းနေရင် လှီးရတတ်တယ်။
o ခြေသည်းအကောင်းရဲ့ အပြင်ပိုင်းကိုပါ အစ-အဆုံး ပါပါစေ။ ဆေးထည့်၊ ပတ္တီးစည်းပေးမယ်။
o မေးခိုင်းကာကွယ်ဆေး ATT ထိုးပါမယ်။

Antibiotics ပဋိဇီဝဆေးတွေ
o Clindamycin (Cleocin) တခါသောက် 150-450 mg တနေ့ ၃-၄ ကြိမ်၊
o Amoxicillin and Clavulanic acid (Augmentin) တခါသောက် 500mg တနေ့ ၂-၃ ကြိမ်၊
o Antifungals Cream and Lotion လိမ်းဆေး တနေ့ ၂ ကြိမ်၊ ၂-၆ ပါတ်။
o Ketoconazole (Nizoral) တခါသောက် 200-400 mg တနေ့ ၄ ကြိမ်၊

Dr. တင့်ဆွေ
၃ဝ-၁၂-၂ဝ၁ဝ

Tuesday, December 28, 2010

Q and A December 2010 (10)

1. Ortho Micronor (Noretbindrone 0.35mg) တားဆေးကဒ်ကို ဘယ်လိုသောက်ရပါမလဲ
2. ရာသီလာရင် လေရော ရောလာနေပါတယ်
3. တစ်ချို့က ခရုသင်း၊ သမင်ဖြူ ဟုပြောကြပါသည်
4. Pseudo vulgaris ဆိုတာ ဘာရောဂါလဲ
5. အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေပါ မငြိမ်တော့ဘူး
6. စအိုဝ မှာ အသားပိုလို့ ခေါ်ရမလာမသိဘူး
7. ကိုယ်ဝန်ရှိနေပြီ ကလေးယူလို့ မဖြစ်သေးဘူး

Dec 29, 2010 at 5:49 AM
Q 1: ဆရာရှင့် ORTHO MICRONOR (Noretbindrone 0.35mg) တားဆေးကဒ်ကို ဘယ်လိုသောက်ရပါမလဲ။ ရာသီလာပြီးမှ သောက်ရမှာလား မလာခင်သောက်ရမှာလား။ သောက်နည်းသိချင်ပါတယ်။

• Ortho Micronor® Tablets (0.35 mg Norethindrone) ဆိုတာ Progestin hormone ဟော်မုန်း တမျိုးထဲသာပါတဲ့ ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ၉၅-၉၉့၅% ထိရောက်တယ်။
• ရာသီလာ မမှန်တာ၊ ခေါင်းကိုက်တာ၊ ရင်သား တင်းတာ၊ ပျို့တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်တယ်။ တချို့မှာ ဝက်ခြံထွက်တာ၊ ဝလာတာဖြစ်တယ်။ တချို့ မျက်နှာမှာ အညိုစက်မျိုး ပေါ်လာတတ်တယ်။
• Phenytoin, Carbamazepine, Rifampin ဆေးတွေနဲ့ တွဲမသောက်တာ ကောင်းတယ်။
• ဒီဟော်မုန်းကနေ မျိုးဥထွက်တာကို တားပေးတယ်။ သားအိမ်အဝက ထွက်နေကြ အကျိအချွဲကို ပိုပြီး စေးပြစ်စေလို့ သုတ်ပိုး ဝင်လာမှာကို ခက်ခဲစေတယ်။
• နေ့တိုင်း အချိန်တူမှာ ဆေးသောက်ရင် ပိုထိရောက်တယ်။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။
• ရာသီစလာတဲ့နေ့ စသောက်ပါ။ ဟော်မုန်း ၂ မျိုးတွဲဆေးလို ရာသီရက်ကို စောင့်-ကျော်စရာမလိုဘူး။
• ဆေးကို တကပ် ကုန်ရင် နောက်တကပ် ဆက်တိုက်သောက်ပါ။ ရက်မခြားစေနဲ့။
• သောက်နေကြအချိန်မှာ တိတိကျကျ သောက်ပါ။
• ၃ နာရီ နောက်ကျသွားမယ်၊ ဆေးသောက်ပြီး အန်ထွက်မယ်ဆိုရင် အဲဒီရက်ကနေ ၄၈ နာရီ အတွင်းမှာ ဆက်ဆံရင် (ကွန်ဒွမ်) သုံးပါ။ မေ့သွားရင် သတိရချိန်မှာ သောက်လိုက်ပါ။
• သတိထားဘို့က ကိုယ်ဝန်ကိုသာ တားနိုင်တယ် လိင်ကတဆင့် ကူးစက်ရောဂါမှန်သမျှ ဘာကိုမှ မတားဘူး။

၂၉-၁၂-၂ဝ၁ဝ

December 27, 2010 4:42 PM
Q 2: သမီးကအခု ၁၉ နှစ်ရှိပါပြီ။ သမီးအပျိုဝင်ကတည်းက ရာသီလာရင် လေရောရောလာနေပါတယ်။ အဲဒါဘာကြောင့်လဲ သမီးသိချင်လိုပါ။ တစ်ခါတစ်လေဆို လေရော ရောဆင်းလာရင် လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ဆေးခန်းပြရမှာလဲ သမီးရှက်လို့ သမီးဘယ်လိုလုပ်ရမလဲ။ လေရောသွေးရော ရောရော လာတာဆိုတော့ ဆိုးကျိုးများ ရှိနိုင်မလား။ ကြိုးတွေ ဘာတွေ ခုန်းလိုက်ရင်လဲ သွေးဆင်းဆင်းနေပါတယ်။ အချိန်မဟုတ်ဘဲဖြစ်နေ၊ အမြဲတန်းလိုလိုလဲ ဖြစ်နေတာ။ ဘယ်လို ဆေးတွေ သောက်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ။

လေဆိုတာ သေခြာလား။ ဖြစ်တတ်တာ ရှားတယ်။ ဒီအရွယ်လေးမှာ တခြားရောဂါလဲ ရှိမှာ မဟုတ်ဘူး။ မစိုးရိမ်ပါနဲ့။ အချိန်မဟုတ်ဘဲ ဆင်းတာလဲ ငယ်သေးရင် ဖြစ်တတ်ပါတယ်။ အဖြူဆင်းသေးလား၊ အနံ့ရှိလား။ ယားသလား။ ပိုးတခုခု ဝင်တာရှိရင် လေကို စဉ်းစားနိုင်လို့ပါ။ အဖြူဆင်းတာ နဲနဲလေး၊ ယားလဲမယား၊ အနံ့လဲကင်းရင် ဘာမှလုပ်စရာမလိုပါ။ သံသယရှိရင် Metronidazole တခါသောက် ၁ ပြာ၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ရတယ်။ ပိုးရှင်းသွားမယ်။ အသက်ကြီးသူ၊ ကလေး ခက်ခက်ခဲခဲနဲ့ ဖွါးဘူးသူတွေမှာ သားအိမ်နဲ့ လေရှိတဲ့နေရာ တခုခုကြားမှာ Fistula လမ်း ဖြစ်နေတဲ့ရောဂါ ရှိတယ်။ ဒီလောက်နဲ့ ဆေးခန်း မပြပါနဲ့အုံး။ လိုအပ်မှ အမျိုးသမီး OG နဲ့သာ တိုင်ပင်ပါ။ သွေးအားအတွက် Ferrous sulfate နဲ့ သွေးထွက်သက်သာဘို့အတွက် ဗီတာမင် စီ၊ ဘီ တွေကို သောက်ပါ။
၂၇-၁၂-၂ဝ၁ဝ

December 27, 2010 9:39 PM
Q 3: ကျွန်တော့် အသက်၃၈နှစ်ပါ။ အိမ်ထောင်မရှိ။ အလေးချိန် ၁၈ဝပေါင်ခန့်။ လူဝပြီး ချွေးအထွက်များပါသည်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကစပြီး တံတောင်ဆစ်အထက်(နှစ်ဘက်လုံး)၊ ခြေဖမိုး ၂ဘက်လုံး အရေပြားပေါ်တွင်
လက်မဝက်ခန့် အဖြူကွက်လေးများ ပေါ်လာပါသည်။ လည်ပင်းနေရာတွင်လည်း ၄င်းကဲ့သို့ အရောင်ဖျော့သော အကွက်များ ဖြစ်ပါသည်။ ယားယံနာကျင်တာမျိုး မဟုတ်သဖြင့် ကိုယ့်ဘာသာကိုယ် သတိမထားမိပါ။ တစ်ခြားသူများ ပြောသောအခါမှ သတိထားမိပါသည်။ အရေပြားဆရာဝန်နှင့်ပြကြည့်သော်လည်း ဘာမှသိပ်မပြောပါ။ ဆေးပေးသည့် အတိုင်း လိမ်းကြည့် စားကြည့် ပါသေးသည်။ နယ်ပြန်ရသဖြင့် ရေရှည်မလုပ်ဖြစ်ပဲ မေ့မေ့ပျောက်ပျောက် ပြန်ဖြစ် သွားပါသည်။ အကွက်များကတော့ ဒီအတိုင်းပဲဖြစ်နေပါသေးသည်။ တစ်ချို့က ခရုသင်း၊ သမင်ဖြူ ဟုပြောကြပါသည်။ (မည်သို့ ကွာခြားမှန်းတော့ မသိပါ) ဗိန္ဓောဆေး သမားများကလည်း စိန်ဓါတ်ပါသောဆေးဖြင့် ကုသနိုင်သည်ဟု ပြောကြပါသည်။ အရမ်းတော့ မစားရဲပါ။ ဖြစ်နိုင်လျှင် အင်္ဂလိပ်ဆေးဖြင့် ကုချင်ပါသည်။ မည်ကဲ့သို့သော ရောဂါမျိုး ဖြစ်နိုင်ပါသလဲဆရာ။ ကုလို့ကော ရပါရဲ့လားခင်ဗျား။ ကိုယ့်ဘာကိုယ်တော့ ယားနာလိုကူးစက်ရောဂါ မဟုတ်နိုင်ဟု ထင်မိသော်လည်း ကိုယ်နဲ့ တွေ့ဆုံဆက်ဆံရသည့်သူများအပေါ် အားနာမိပါသည်။

Leukodrerma သို့မဟုတ် Vitiligo ခရုသင်း ကိုဖတ်ပါခင်ဗျား။

December 28, 2010 at 7:14am
Q 4: Pseudo vulgaris ဆိုတာ ဘာရောဂါလဲခင်ဗျ။ ဘယ်လိုဖြစ်တာလဲ ၊ ဘယ်လို ကုသ လို့ သက်သာ (သို့) ပျောက်ကင်းနိုင်မလဲ၊ ဘာတွေကို ရှောင်ရမလဲ ဆိုတာ အသေအချာ သိလိုပါတယ်ခင်ဗျ။

Pseudo-Vulgaris ဆိုတာ “(ဗူလ်ဂါရစ်) ရောဂါအတု” ကို ခေါ်တယ်။ Pseudo ဆိုတာ အတုပါ။ Vulgaris ဆိုတာလဲ အမျိုးမျိုး ရှိသေးတယ်။ Ichthyosis Vulgaris, Pemphigus Vulgaris နဲ့ Acne Vulgaris တွေပါတယ်။ Autoimmune disease ခေါ်တဲ့ ကိုယ့်ရဲ့ရောဂါ ပြီးစေတဲ့အစွမ်းက ကိုယ့်ကို ပြန်သက်ရောက်နေတဲ့ ရောဂါအမျိုးအစားတခု ဖြစ်တယ်။ ဖြစ်တာ ရှားတယ်။ အနာတော့အနာဘဲ၊ မပျောက်နိုင်လှတဲ့ဝက်ခြံကလဲ ဒီအမျိုးထဲမှာ ပါတယ်။ ဆေးကုရာမှာလဲ လက်ဝင်တယ်။ အရေပြားအထူးကုတွေနဲ့ ကုသရပါမယ်။

December 25, 2010 6:55 AM
Q 5: အခုကျနော် အသက် ၂၈ ပါ။ ဆီးခဏခဏသွားချင်သလို ဖြစ်တယ် တခါတလေ သွားရင် များတယ်။ တခါတလေကျတော့လဲ နဲတယ်။ မိုးအေးလို့ရှိရင် ပိုဆိုးတယ်။ အဲဒါ ကျနော်မှာ အပြင်သွားခါနီးရင် ရေသိပ်မသောက်ရဲဘူး။ နောက်ပြီးတော့ အခုဖြစ်နေတာက အပြင်သွားပြီဆိုရင် ဝမ်းသွားချင်သလို ရှူးပေါက်ချင်သလို ဖြစ်နေတာပါ။ အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေပါ မငြိမ်တော့ဘူး။ အဲဒီလိုဖြစ်ပြီဆိုရင် ဝမ်းလဲသွားတတ်ပါတယ်။ အခုကျနော့်မှာ အပြင်သွားဖို့ကို ကြောက်နေတယ်။ အရင်တုန်းကတော့ အစာစားပြီးရင် အန်ချင်သလိုကြီးဖြစ်နေလို့ U Kyi Soe နဲ့ပြဖူးပါတယ်။ ဆီးလဲ စစ်ဖူးပါတယ်။ အဲတုန်းက အစာအိမ်မှန်ပြောင်းနဲ့ကြည့်ပါတယ် Result က အစာအိမ်နံရံ ရောင်တာလို့ ပြောပါတယ်။ တခြားဘာမှ မရှိပါဘူး။ ဆီးကလဲ ကောင်းပါတယ်။ ပိုးတွေဘာတွေ မရှိပါဘူး။ ဆေးကတော့ OMEZ Omepraszole 20mg, VOMETA Domperidon 10mg, Adamon Antispasmodic အဲဒါတွေသောက်ရပါတယ်။ ဖြစ်တဲ့အချိန်ပဲ ကျနော် သောက်ဖြစ်ပါတယ်။ စွဲပြီးတော့မသောက်ဖြစ်ပါဘူး။ အဲဒီဆေးတွေကစွဲသောက်လို့ကောရလား။ နောက်ပြီး ကျနော် အခုဖြစ်နေတာတွေက အစားကြောင့်လား စိတ်ကြောင့်လား ဘယ်လိုကြောင့်လဲ။

ရေးပြတာကိုဘဲ ကြည့်ပြောရရင် စိတ်မှာဖြစ်နေတာပါ။ စိတ်အတူးကုဆရာဝန်နဲ့ ကုသင့်ပါတယ်။ ပျောက်သွားမဲ့ရောဂါ ဖြစ်ပါတယ်။ စိုးရိမ်စိတ်ကဲနေတာပါ။ စိုးရိမ်မှုများလို့ ဆီး-ဝမ်းသွားတာကို သိပ်ဂရုစိုက်နေမိတယ်။ ဘာမဆို ပြီးပြည့်စုံချင် နေတယ်။ အကောင်းတွေချည်း ဖြစ်-ရှိနေချင်တယ်။ ဆေးကုလိုက်ပါခင်ဗျား။ စိတ်ချ၊ သက်သာ ပျောက်ကင်းပါလိမ့်မယ်။ ငါ ဆေးမကုရသေးဘူလို့တောင် စိတ်ထဲမထားရင် ချက်ချင်းသက်သာလာမယ်။

December 29, 2010 3:16 AM
Q 6: ဆရာကျွန်မ ( ) နိုင်ငံမှာနေပါတယ်။ ကျွန်မရဲ့ စအိုဝ မှာ အသားပိုလို့ ခေါ်ရမလာမသိဘူး ဖန်ဂေါ်လီလုံးလောက်ရှိတဲ့ အသီးလေးလဲ ထွက်နေပြီး စအိုအတွင်းထဲကို သွင်းလို့လည်းရတယ်။ နံနက် မစင်စွန့်တိုင်းလည်း။ အမျိုးသမီးများ လစဉ် သွေးဆင်းသကဲသို့ သွေးဆင်းတာ တစ်ပတ်ကျော် ရှိနေပါပြီ။ ဒါကြောင့် ကျွန်မ ခွဲစိတ်ရင်ကောင်းမလား သို့မဟုတ် သောက်ဆေးနဲ့ အဆင်ပြေမလား။
Q and A Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ ကို ဖတ်ပါ။

December 28, 2010 4:55 PM
Q 7: ကျနော်က အခု (့) မှာ နေပါတယ်။ ကျနော်မှာချစ်သူရှိပါတယ်။ ယူမယ်လို့လဲ ဆုံးဖြတ်ထားပါတယ်။ မယူရသေးဘူး။ ကိုယ်ဝန်ရှိနေပြီ ကလေးယူလို့ မဖြစ်သေးဘူး။ လက်မထပ်ရသေးဘူး။ ဘာသာရေးအရ မယူရဘူး။ ကိုယ်ဝန်က 41 ရက် ရှိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ပညာပေးပါ။ ဘယ်လို ဖျက်ချရ မယ်ဆိုတာ နည်းလမ်း ပေးပါအုံး ဆရာ။ ကူညီပါဆရာ။

Sorry! ဆရာရေးတာတွေ ဖတ်ရင် ဒီလိုလုပ်ဘို့ အကြံရော လက်ပါ လုပ်မပေးနိုင်တာ သိမှာပါ။ ဗဟုသုတ အတွက်တော့ နည်းဆိုတာတွေ အဆိုး-အကောင်းတွေ ရေးပါတယ်။ ကျန်းမာ-ချမ်းသာပါစေ။

Monday, December 27, 2010

Swine flu vaccine လူတုပ်ကွေး ကာကွယ်ဆေး အရွေးခက်နေခြင်း

“ကျနော်တို့မြို့မှာ လာထိုးပေးမယ့် လူတုပ်ကွေး ကာကွယ်ဆေးက ထိုင်ဝမ်နိုင်ငံက လုပ်တာတဲ့။ ဆေးရဲ့ဆိုဒ်အဖက် က ပြင်းထန်တယ်လို့ ကြားတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဗျာ။ ဆေးလည်း ထိုးချင်တယ်၊ ထိုးလည်း မထိုးရဲဘူး။”

အမေရိကားလိုဘဲ တိုင်ဝမ်နိုင်ငံက ဝက်တုတ်ကွေးအရေးမှာ တက်ကြွပါတယ်။ Adimmune Corporation ကုမ္ပဏီက တရားဝင် ကာကွယ်ဆေး ထုတ်ပါတယ်။ ၂ဝဝ၉ ဒီဇင်္ဘာ ၁၂ ရက်ကို တနိုင်ငံလုံး ကာကွယ်ဆေးထိုးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ တိုင်ဝမ်မှာ ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး၊ သေဆုံးမှု ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက အဲလို သေတယ်လို့ သံသယရှိရင် အားလုံးကို ရင်ခွဲစစ်ဆေးမှု မလုပ်မနေ လုပ်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၈-၁-၂ဝ၁ဝ နေ့ကဘဲ Adimmune ကနေ အရင် ဆေးတပုလင်း လူ ၄ဝ စာ ထုတ်တာကနေ ဆွစ် Novartis ကမ္ပဏီကဆေးလိုဘဲ၊ ၁ဝ ယောက်စာ ပုလင်း 10 doses per vial တွေ ထုတ်တော့မယ်လို့ ထုတ်ပြန်လာတယ်။

A H1N1 လို့လဲခေါ်ပြီး၊ Swine flu လဲခေါ်ကြတဲ့ တုပ်ကွေး ဗိုင်းရပ်စ် ကို ကြိုတင်ကာကွယ်ဘို့ ကာကွယ်ဆေးဟာ ၂ဝဝ၉ ခုနှစ်ထဲမှာ ၂ မျိုး ပေါ်နေပါပြီ။ တခုက လက်မောင်းမှာ ထိုးရတဲ့ Flu shot ထိုးဆေး နဲ့ နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးကို ဗိုင်းရပ်စ်ပိုး အသေတွေနဲ့ ထုတ်လုပ်ထားပြီး၊ ရှူဆေးကိုတော့ အားနည်း သွားအောင် လုပ်ထားတဲ့ ဗိုင်းရပ်စ်တွေနဲ့ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အပါအဝင်၊ အသက် ၆ လ အထက် သုံးနိုင်တယ်လို့ အခုထိ သတ်မှတ်ပါတယ်။ ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်မပါ၊ ၂ နှစ် ကနေ ၄၉ နှစ်ရှိသူတွေအတွက်လို့ သတ်မှတ်ပါတယ်။ မနှစ်ကထုတ်တဲ့ ကာကွယ်ဆေးတွေကို ဒီနှစ် ၂ဝ၁ဝ နှစ်ဝက်လောက်အထိ သုံးနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရောဂါပိုးဆိုတာ ဆေးပြီးတာ၊ ဆေးယဉ်ပါးတာမျိုး ဖြစ်လာတတ်လို့ ဒီဆေးနဲ့မရရင် နောက်ဆေးသစ် ထုတ်ဘို့ လိုချင် လိုမှာမို့ပါ။ မလိုချင်လဲ မလိုဘူး။ ဆေးပေါ်တဲ့နှစ် ၂ဝဝ၉ ကိုယူပြီး၊ ဆေးနာမယ်ကို 2009 H1N1 လို့ လုပ်ထား ပါတယ်။

ကြက်ဥနဲ့ မတည့်တဲ့လူတွေ ဒီဆေးနဲ့မတည့် ဖြစ်တတ်တယ်။ ထိုးဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့ နေရာမှာ နာတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်တယ်။ နဲနဲဖျားမယ်။ ကိုက်ခဲမယ်။ ၁ ရက် ၂ ရက် လောက်ပါဘဲ။ ရှူဆေးကတော့ နှာရည်ယို၊ ခေါင်းကိုက်၊ အန်ချင်၊ ကိုက်ခဲ၊ ကိုယ်ပူတာတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း ရှူဆေးကို ဆက် မသုံးတော့တာ တွေ့ရတယ်။ သိထားဘို့က ဒီထုတ်ပြန်ချက်တွေဟာ ဆေးကုမ္ပဏီတွေကနေ၊ တွေ့သိသလောက်ကို ပြောတာတွေသာ ဖြစ်တယ်။ မသိနိုင်တာတွေလဲ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အကြောက်ကြီး ကြောက်ဘို့တော့ မလိုပါ။

ဗမာပြည်မှာ အတော်ကြီး စိတ်မကောင်းစရာက ၄ သိန်းသော အစုတခုအတွက် ၄ဝ% သုံးနေချိန်မှာ သန်း ၅ဝ အတွက် Health expenditure ကျန်းမာရေး အသုံးစရိတ်က ၃% သာ သုံးနိုင်နေတယ်။ လူတွေရဲ့အရေးအရာမှာ အကောင်း-အဆိုး၊ အကျိုး-အပြစ် ဟိုဘက်-ဒီဘက် အပြန်-အလှန် ငြင်းခုံမှု လုပ်တာကို Healthy debate လို့ ခေါ်တယ်။ တိုင်းပြည်က Resource နည်းလွန်းလို့၊ မွဲလွန်းလွန်းလို့တော့ မဟုတ်ဘူး။ မလုပ်ချင်တာ နဲ့ မလုပ်တတ်တာ၊ တနည်းအားဖြင့် လုပ်တတ်တဲ့ လူတွေ လုပ်ခွင့်မရတာ နဲ့ စေတနာ ခေါင်းပါးသူတွေက နေရာရနေတာတွေကြောင့်ပါဘဲ။ ဆေးဝယ်ချင် ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အတုလဲ သိအောင် ရွေးနေရတာကိုက “သိုက်စာ ဘာသာပြန်ရ” သလို ခက်နေရတယ်။

၂-၁ဝ-ဝ၉ နေ့က WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာနတွဲပြီး၊ Planning meeting on Pandemic (H1N1) 2009 vaccine deployment စီမံကိန်း အစည်းအဝေးတခု နေပြည်တော်မယ် လုပ်ခဲ့တယ်။ ရလဒ်ကို ၂၁-၁ဝ-ဝ၉ နေ့က SEARO ကို ဆက်တင်ထားတယ်လို့ ဖတ်ရတယ်။ အားရှိကြပါလေ။ SEARO နိုင်ငံတွေထဲမှာ ဘဂ်လားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိဖ်၊ မြန်မာ၊ နီပေါလ်၊ သီရိလင်္ကာ၊ ထိုင်း၊ နဲ့ တီမော-လက်စ်တီ တို့ ပါဝင်တယ်။

မြန်မာ့လွတ်လပ်ရေးနေ့ သတင်းအရ တိုင်ဝမ်မှာ “လူတိုင်းကနေ ပြည်တွင်းဖြစ်ကိုဘဲ ထိုးချင်သလား နိုင်ငံခြားက သွင်းတာကိုဘဲ ထိုးမလား၊ ကိုယ့်ဖါသာ ဆုံးဖြတ်နိုင်တယ်” တဲ့။ နိုင်ငံခြားဖြစ်ဆိုတာ ဆွစ်ဇလန် Novartis ဆေးကုမ္ပဏီက လုပ်တာကို ပြောတာပါ။

ကျွန်တော်တို့ လူမျိုးတွေအဖို့လဲ ကိုယ့်ဖါသာကိုယ် ဆုံးဖြတ်ခွင့် အပြည့် ရှိကြပါတယ်။ တိုင်ဝမ်သားတွေ သိပ်အားမရတဲ့ တိုင်ဝမ် ကလာတဲ့ ဆေးကိုဘဲ ထိုးရမလား၊ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေး ရလဒ်တွေကို စောင့်နေမလား။ ၂ဝ၁ဝ မှာ သေရေး ရှင်ရေး၊ ရွေးစရာတွေထဲမယ် ဒါလဲပါတယ်။

Dr. တင့်ဆွေ
၁ဝ-၁-၂ဝ၁ဝ

Thursday, December 23, 2010

Eggs ကြက်ဥ အစရှာခြင်း

23 Dec 10, 03:12
ကျနော် ဝိတ်ကစားနေတော့ ကြက်ဥပြုတ် တစ်နေ့ ၃ လုံး ပုံမှန်စားပါတယ်။ ကြာရင် ဆိုးကျိုးရှိနိုင်မလားခင်ဗျာ။ ကြက်ဥကို တစ်ပတ် ၇ လုံးထက် ပိုမစားဖို့လည်း ဖတ်ဖူးလို့ ဖြေကြားပေးပါအုံး။

လူတွေဟာ ဟိုရှေးရှေးကတည်းက ဥမျိုးစုံးကို စားသုံးခဲ့ကြတယ်။ Chicken ကြက်ဥ၊ Duck ဘဲဥ၊ Goose ငန်းဥ၊ Quail ငုံးဥ၊ Roe ငါးဥ၊ နဲ့ Caviar ငါးကြီးဥ၊ Ostriches ငှက်ကုလားအုတ်ဥ အစုံပေါ့။ အာဖရိကားမှာတော့ Pheasant eggs ရစ်ဥ၊ Guineafowl eggs ရစ်တမျိုးဥ၊ သြစတြေးလျမှာ Emu eggs အီမျူးဥတွေကို စားကြတယ်။ Gull eggs စင်ရော်ဥကို နော်ဝေနဲ့ အင်္ဂလန်မှာ Delicacy ရသာမွန်လို့ ပြောပြီး လူကြိုက်များတယ်။

ကြက်ဥရဲ့အရောင်ဆိုတာ အကောင်အမျိုးအစားအပေါ် မူတည်တယ်။ ကြက်နားသီးဖြူရင် ဥကဖြူတယ်။ နီရင် ညိုမယ်။ အရောင်နဲ့ အာဟာရတန်ဘိုးက ဆက်စပ်မှု သိပ်မရှိပါ။ အထဲက အဝါနှစ်ဟာ လတ်ဆတ်နေချိန်မှာ သေးသေး၊ မာမာနဲ့ ဝိုင်းနေတယ်။ ကြာရင် အဖြူထဲကရေကို စုပ်ယူလို့ ကြီးလာ၊ ကျဲလာ၊ ကျယ်လာမယ်။ ကြက်စားတဲ့ အစာအပေါ် မူတည်ပြီး အနှစ်ရောင်က ပြောင်းသေးတယ်။

ကြက်ဥကို ပြုတ်ရင် မြင့်တဲ့နေရာမှာဆို ပိုကြာတယ်။ မီတာ ၁ဝဝ ပိုမြင့်ရင် ၃ စက္ကန့်၊ မီတာ ၁ဝဝဝ ပိုမြင့်ရင် ၂၈ စက္ကန့် ပိုကြာတယ်။ (62.2 - 65°C) အထိ အပူပေးလိုက်ရင် အဖြူက ခဲလာမယ်။ အဝါကတော့ နဲနဲပိုပူမှ (65 - 70°C) မှ ခဲမယ်။ အပူပေးတာ များရင် အရသာတော့ မပျက်ပါ။ ပရိုတင်းကိုတော့ နဲနဲထိခိုက်စေတယ်။ အပူများသွားရင် အဝါနှစ်ဘေးမှာ ခပ်စိမ်စိမ်းအလွှာ ပေါ်လာတယ်။ သံဓါတ်နဲ့ (ဆာလ်ဖါ) ဓါတ်ကြောင့် ဖြစ်ရတယ်။ ပြုတ်တဲ့ ရေထဲမှာ သံဓါတ် များနေရင်လဲ အဲလို ဖြစ်ပါတယ်။ ကျက်ပြီးမှ ရေအေးထဲ နှစ်ထားလိုက်ရင် အစိမ်းလွှာ ပျောက်တယ်။

ဥတွေကို ကိုင်တွယ်ထိန်းသိမ်းတာ အရေးကြီးတယ်။ စနစ်တကျ မရှိရင် သူ့ထဲမှာ ပါနေတဲ့ Salmonella ဗက်တီးရီးယားပိုး ကြောင့် Food poisoning အစာဆိပ်သင့်တာ ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တယ်။ အလွယ်ဆုံးနည်းက ဆားသုံးတဲ့နည်းပါ။ တရုပ်တွေက ဆားနဲ့ ရွံ့နဲ့ မံကြတယ်။ ဆားနဲ့ တလထားရင် အဝါနှစ်က ဆားပြည့်ဝသွားပြီး၊ လိမ်မော်ရောင် ဖြစ်လာမယ်၊ အဖြူရည်က ဒီအတိုင်း ကျန်နေမယ်။ ဒါကို ပြုတ်ပြီး Rice congee ဆန်ပြုတ်နဲ့ စားသုံးလေ့ရှိကြတယ်။

နောက်တနည်း ဥကိုပြုတ်၊ Vinegar ဗနီဂါရည်၊ ဆားနဲ့ ချင်းထဲစိမ်ပြီး Pickled eggs ကြက်ဥအချဉ်လုပ်ကြတယ်။ တချို့ Beetroot juice မုံလာဥနီ အရည်မှာ စိမ်ထားပြီး အရောင်လှအောင်လုပ်တယ်။ အချဉ်ဓါတ်က ဗက်တီးရီးယား ပွါးမှာကို တားဆီးနိုင်တယ်။ ဒီလိုလုပ်ထားတဲ့ ဥတွေက ရေခဲသေတ္တာမရှိဘဲ နှစ်နဲ့ချည်ပြီး အကြာကြီးထားလို့ခံတယ်။

ဥကို ဆား၊ ပြာ၊ ရွံ့၊ သံပုရာ-ရှောက်ရည် လိမ်းပြီး ထားရင် နှစ်တရာခံသတဲ့။ ကောက်ရိုးနဲ့ထားရင် လနဲ့ချည်ပြီး ထားနိုင်သတဲ့။ ကြာကြာထားတဲ့ဥက အဝါနှစ်ဟာ စိမ်းပုတ်ရောင်ဖြစ်လာစေတယ်။ (ဆာလ်ဖါ) နဲ့ (အမိုးနီးယား) ကြောင့် အနံ့တမျိုးလဲ ရစေတယ်။ အဖြူနှစ်ကလဲ ညိုမဲလာမယ်။ Transparent jelly (ဂျယ်လီ) ဖြစ်လာတယ်။

ကြက်ဥရဲ့ ထိပ်အကြီးပိုင်းမှာ Air cell လေခိုနေတယ်။ လေ နည်းရင် ကြက်ဥက လတ်ဆတ်တယ်။ လေများတာ မကောင်းပါ။ စကားသိပ်မပြောနဲ့။ ရေထဲလိုက်ထည့်ရင် ပေါ်နေလေလေ ကြက်ဥက ဟောင်းလေလေဘဲ။ ကြက်ဥကို ထားရင် အချွန်ပိုင်းက အောက်က ထားရတယ်။ အဝါနှစ်က လေရှိတာနဲ့ ဝေးအောင်လို့။

ကြက်ဥမှာ (ပရိုတင်း)၊ ဗီတာမင် (A, B2, B6, B9, B12, D, E) နဲ့ ဓါတ်ဆား သံဓါတ်၊ (ကိုလိင်း)၊ (ကယ်လ်စီယမ်)၊ (ဖေါ့စဖိတ်)၊ (ပိုတက်ဆီယမ်) တွေပါတယ်။ Choline ဆိုတာက ဦးနှောက်အတွက် ကောင်းတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တယ်။

ကြက်ဥ ခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆ဝ၊ အဖြူက ၁၅ ရတယ်။ (ကိုလက်စထော) ၃ဝဝ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL Cholesterol ဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီ နဲနဲလေးသာ ပါတယ်။

ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေ အပါအဝင် တချို့မှာ (အလာဂျီ) ရတယ်။ အဖြူကို မတည့်တာ များတယ်။ တချို့က မတည့်တာ မဟုတ်ပေမဲ့ မခံနိုင်တာ ဖြစ်တတ်တယ်။ ကြက်ဥကို ချက်-ပြုတ်လိုက်ရင် အဝါနှစ်ထဲက (ကိုလက်စထော) ကို Oxidization များစေလို့ Atherosclerosis သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။ အင်္ဂလန်မှာ နှလုံးရောဂါ ရှိသူတွေ ၇ ရက်တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိ စားနိုင်တယ် ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။

ကြက်ဥကို ပြုတ်-ကျော်-ချက်တာက အစာခြေဘို့ ပိုလွယ်စေပြီး Salmonellosis အစာဆိပ်သင်တာလဲ မဖြစ်စေဘူး။ အစိမ်းက အစာကျေခဲတယ်။ ကလေး ၉ လသားဆိုရင် အဝါနှစ်ကို အစာခြေနိုင်ပြီ။ နလံထသူတွေပါ စားသင့်တယ်။ အူမကြီး သိပ်မကောင်းသူတွေလဲ စားနိုင်တယ်။ ပိန်ချင်သူတွေ (ကာဗွန်ဟိုက်ဒရိတ်) နည်းလို့ ကြက်ဥ စားနိုင်တယ်။

ကြက်မတွေကို Polyunsaturated fats and kelp meal အစာတွေ ကြွေးပြီး နာမည်ကြီး Omega 3 ပါတဲ့ ကြက်ဥတွေ ဆိုင်တင်ရောင်းနေကြပြီ။ အင်္ဂလန်မှာ ကြက်ဥရောင်းရင် Egg Code ပါတော့ အင်တာနက်ကနေ Tracker ဆိုတာ ရှာရင် ဒီကြက်ဥဟာ ဘယ်လောက်ဝေးတဲ့ ကမ္ဘာ့ဘယ်နေရာကနေ လာသလဲဆိုတာ တန်းသိစေနိုင်တယ်။ မြန်မာပြည်က ပိုသာတယ်။ နာဂစ် မုန်တိုင်းမှာ ကွဲသွားတဲ့ ကြက်ဥအရေအတွက် အတိအကျကို သိတယ်တဲ့။

လူအများသုံး ကြက်ဥတွေကို Unfertilized မျိုးမစပ်ရသေးတဲ့ဥ ခေါ်ပြီး၊ အိမ်မွေးဥကို Fertile eggs မျိုးပေါက်နိုင်တဲ့ဥလို့ ခေါ်တယ်။ အဟာရဓါတ်က နဲနဲသာကွာတာပါ။ ဒါပေမဲ့ Pastured egg အိမ်မွေး ကြက်ဥဟာ (ဆူပါမားကက်) တွေမှာ ရောင်းနေတဲ့ စက်ရုံထုတ် ကြက်ဥတွေထက် ကောင်းတဲ့အကြောင်း (ကင့်ပိန်း) လုပ်ကြတယ်။ ၂ဝဝ၇ ခုနှစ်က Mother Earth News ရဲ့ ထုတ်ပြန်ချက်ထဲမှာ Cholesterol ၃ ပုံ ၁ ပုံ၊ Saturated fat ၄ ပုံ ၁ ပုံနည်းတယ်။ ဗီတာမင် ဒီ ၄-၆ ဆ၊ Vitamin A ၃ ပုံ ၂ ပုံ၊ Omega-3 fatty acids ၂ ဆ၊ Vitamin E ၃ ဆ၊ Beta carotene ၇ ဆ ပိုများတယ်လို့ ပါတယ်။ သူတို့ နှိုင်းတဲ့ ကိန်းဂဏန်းတွေက USDA နဲ့ ဖြစ်ပါတယ်။ တခြားဟာနဲ့ မမှားပါနဲ့။ US Department of Agriculture ကို ပြောတာပါ။

စကားပုံတွေထဲက “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတာ နက်နဲ ရှုတ်ထွေးလို့ အမှန်းရ ခက်တယ် ဆိုတာက ခုခေတ်မှာ အဲလို ခက်တယ်လို့ မထင်စရာ ကောင်းနေပြီ ထင်တယ်။ နိုင်မယ်ဆိုတာက အနိုင်ယူလိုက်တာဘဲ မဟုတ်လား။ မခံချင်သူတွေလဲ “ကြက်ဥပြုတ် သံတုတ်နှင့်ချ” ဆိုသလို သေးသေးလေးပေမဲ့ များများကြီး ခံနေကြရတာဘဲ မဟုတ်လား။

Dr. တင့်ဆွေ
၂၃-၁၂-၂ဝ၁ဝ

Wednesday, December 22, 2010

Palpitation Q and A စိတ်လှုပ်ရှားရင် ရင်တွေ အရမ်းတုန်ပြီး

22 Dec 10, 07:41
Q: နှလုံးနေရာက အနာပြည်တည်ရင်ကိုက်သလို တစစ်စစ်ကိုက်နေတာ ဘာဖြစ်လို့လဲဆိုတာ သိပါရစေ။ အသက်က ၂၈ ပါ။ ဘာမှ မစစ်ရသေးပါဘူး။ (့) မှာ အလုပ်လုပ်နေတာမို့ မြန်မာပြန်မှ စစ်ဖို့ပါ။ တခုခု စိတ်လှုပ်ရှားရင် ရင်တွေ အရမ်း တုန်ပြီး ကတုံကရင်နဲ့ နဲနဲလှုပ်လှုပ်ရှားရှားဆို မောတယ်။
22 Dec 10, 12:47
Q: I also get disease like lae lae. Can you please answer for us?

A: အသက်ငယ်ရွယ်သူများ ကျား-မ မရွေး ရင်ပတ်နေရာမှာဖြစ်တာ အများအားဖြင့် စိုးရိမ်စရာ မရှိပါ။
• လူကြီးလဲဖြစ်၊ ဝလဲဝ၊ မဝရင်တောင်မှ (ကိုလက်စထော) များသူ၊ သွေးတိုးရှိသူတွေသာ ရင်ပတ်နေရာ ပြဿနာ ရှိတတ်ပါတယ်။ သူတို့မှာ ဖြစ်တာကလဲ ရင်ညွန်ရိုး အောက်တည့်တည့်နေရာမှာ ပြုတ်တူနဲ့ အညှပ်ခံရသလို ဇောချွေးပြန်အောင်၊ အသက် ဆက်မရှူတော့နိုင်အောင် နာမှသာ အရေးတကြီးရောဂါ ဖြစ်နိုင်တယ်။
• မဟုတ်သူများ ရင်မှာ နာကျင်မှုဖြစ်တာ များသောအားဖြင့် ရင်ပတ်နံရံအကာမှာ တနည်းပြောရင် အပြင်မှာ လာဖြစ်တာ။ ကြွက်သား၊ အရွတ်မှာ တခုခုဖြစ်လို့ပါ။ သူ့အလိုလို ကောင်းပါတယ်။ အနာ-အကိုက် သက်သာဆေး တခုခုကို လိုတဲ့ အချိန်မှာသာ သောက်ဘို့လိုမယ်။ ဥပမာ Paracetamol, Ibuprofen, Diclofenic
• စိတ်လှုတ်ရှားရင် ရင်တုံတာ လူတိုင်းတော့ ဖြစ်ကြတယ်။ သူများထက် ပိုရင်တော့ ဆက်မေး၊ ဆက်စစ်စရာတွေ ရှိတယ်။ နှလုံးခုန်နှုန်း၊ လက်ကောက်ဝတ် လက်မဖက်က သွေးလွှတ်ကြော ခုန်နှုန်း၊ တမိနစ်မှာ ပုံမှန်အနေမှာ ဘယ်လောက်ရှိသလဲ။ ၇ဝ-၈ဝ က ကောင်းပါတယ်။ မမော-မပမ်း၊ ဒေါသ-ဝမ်းနည်းမရှိဘဲ၊ ဒိထက် များနေရင် မကောင်းပါ။
• ကျန်တာတွေ အကောင်းထားပြီး မောတုန်နေတာ သက်သက်ဖြစ်ရင် တကယ်လို့ နှလုံးခုန်တာလဲ မနှေးရင် Propranolol 20-25 mg တနေ့ ၁ ကြိမ် သောက်နိုင်တယ်။
• မောတာဆိုရင် တခုခုတော့ ရှိနေနိုင်တယ်။ မောတယ်ဆိုတဲ့ အကြောင်းရင်းတွေ များလှတယ်။ မိန်းကလေး၊ အမျိုးသမီးတွေ ဆိုရင် သွေးအားနည်းနေ-မနေကြည့်ရမယ်။ ရာသီဆင်းတာ များ-မများ။ ယောက်ျားတွေဆိုရင် သွေးယိုတာ၊ ငှက်ဖျားဖြစ်ဘူတာ စသဖြင့် မေးမယ်။ အသားအရေ၊ လျှာ၊ မျက်ခွံ ဖြူဖွေးဖွေးနေသလား။
• သွေးအား နည်းနေရင် ရင်တုံတာ၊ မောတာ၊ အသက်ရှူမဝတာ ဆက်ဖြစ်လာတတ်တယ်။ အမောမခံနိုင်ဘူး။ သွေးစစ်ရင် Hb (Hemoglobib) နည်းနေတာနဲ့ သိနိုင်တယ်။ နည်းရင် သံဓါတ်၊ ဖေါလစ်အက်စစ် ကြာကြာ သောက်ပါ။
• ရင်ခုန်များတာ-မြန်တာပါ ရောနေရင် နှလုံးနားထောင်ကြည့်ရမယ်။ ငယ်ငယ်က အာသီးရောင်၊ အဆစ်နာ ဖြစ်ဘူးလား မေးရမယ်။
• ယေဘုယျပြောရရင် ဆေးမစစ်ရသေးရင် အစာအာဟာရ မျှတအောင်စားပါ။ ဗီတာမင် Vitamin B Complex နဲ့ ဓါတ်ဆား Ferrous sulphate/Folic acid သောက်ပါ။ အအိပ်မပျက်စေနဲ့။
• နောက်တချက်က စိတ်၊ ဖိစီးမှု မများပါစေနဲ့။ အလုပ်မှာ နားနားနေနေလုပ်ပါ။ စိတ်တည်ငြိမ်မှုရှိပါ။ လိုအပ်ရင် Diazepam 5 mg ညမှာ တခါတလေ သောက်ပါ။ စာဖတ်တာ၊ ပျော်စရာ-ရီစရာ၊ တရားထိုင်ပါ။

၂၂-၁၂-၂ဝ၁ဝ

Tuesday, December 21, 2010

Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

20 Jul 10, 08:29
Q 1: အရိုးကျီးပေါင်း ကို ဘယ်လိုကုသရပါမလဲခင်ဗျာ။

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုတ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုတ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ “အုံးလွဲတယ်” ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ (Paresthesia) ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။

အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ Lifestyle ရောဂါလို့ ဆိုရမယ်။ ဒါ့ကြောင့် ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေး နိုင်တာတွေက Physiotherapy ကုတာနဲ့ (NSAIDs) အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် Surgery ခွဲစိတ်ရတယ်။

Alternative therapies တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။

အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထံ လှုတ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။ အရင်က “ပဒေါင်” အခု “ကယန်း” အမျိုးသမီးတွေ ဒီရောဂါ လုံးဝမဖြစ်ကြဘူး။

Dr. တင့်ဆွေ
၂၁-၇-၂ဝ၁ဝ

December 21, 2010 1:29 PM
Q 2: ဆရာရှင့် လည်ပင်းကျီးပေါင်းတက်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က စဖြစ်ပါတယ်။ ဆရာရဲ့  ကျီးပေါင်းအကြောင်း လည်း ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါဦး။ စိတ်ထင်တော့ ဆေးသောက်လို့ သက်သာတယ်လို့ဘဲ ထင်နေတယ်။ ခုဆေးမပေးတော့ဘူး။ အဲဒါ ဘာဆေးသောက်ရင် ကောင်းမလဲ သိချင်ပါတယ်။ ပထမ ဖြစ်တုန်းကလို လေဆာနဲ့လဲ ပြန်ကုချင်နေလို့  မြန်မာပြည်လည်း ပြန်ချင်နေပါတယ်။

• NSAIDs အနာသက်သာဆေး အဆင်ပြေတာကို ဆက်သောက်ပါ။
• ဘိန်းပါတဲ့ အနာသက်သာဆေး၊ Morphine and Morphine-like substances (Oxycodone, Hydrocodone)
• Muscle relaxants ကြွက်သားပြော့ဆေး၊ (Carisoprodol, Cyclobenzaprine, Metaxalone, Methocarbamol)
• Cortisone injections စတီရွိုက်ထိုးဆေး၊
• တခြားဆေးများ၊ Phenytoin (အတက်ကျဆေး)၊ Carbamazepine (အတက်ကျဆေး)၊ Amitriptyline (စိတ်ကျသက်သာဆေး)
• အာယုဗေဒနည်း လက်လှမ်းမီရင် သုံးပါ။ Cervirite, Rhus Tox, Causticum, Calcarea phos, Calcarea flour, Nux, Hypericum
• နာတဲ့နေရာကို အပူကပ်ပါ။ အပူကပ်ရင် မလွန်စေနဲ့။
• အသာအယာ နှိပ်ပါ။
• ခါးတဲ့ အစားအစာတွေ စားပေးပါ။
• လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။
• အလုပ်ကို နားနားနေနေ လုပ်ပါ။
• Neck collar ကော်လာ တပ်ထားပါ။
• Lifestyle ပြောင်းဘို့ လိုနိုင်တယ်။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

Misuse တလွဲမသုံးပါနဲ့ လုံးရာကပြားလိမ့်မယ်

September 1, 2009 7:46 PM
“လှရုံမက ဝချင်သေးရင်” မှာ မေးထားတာ။ ကျွန်တော် အခုလက်ရှိ Cyprotone အားဆေး သောက်တယ်ဆရာ။ ကောင်း မကောင်း ပြောပါ။ ကျွန်တော့် အသက်က (၂၅)နှစ်ပါ။ ဝိတ်ကစားတာ ၅ လလောက်ရှိပါပြီ။ ဆေးက ဆိုးကျိုး ရှိ-မရှိ သိချင်ပါတယ်။

Cyproterone ဆိုတာ Cyproterone acetate, Androcur, Cyprostat, Cyproteron, Procur, Cyprone, Cyprohexal, Ciproterona, Cyproteronum, Neoproxil, Siterone လို့ခေါ်တဲ့ Antiandrogen ဆေးဖြစ်တယ်။ Testosterone ခေါ်တဲ့ ကျား-ဟော်မုန်းရဲ့ အလုပ်တွေကို ဆန့်ကျင်စေတယ်။

ဒီဆေးကို အဓိကသုံးတာက Prostate cancer ကျားဆီးကြိတ်-ကင်ဆာ၊ Benign prostatic hyperplasia ကျားဆီးကြိတ် ကြီးရောဂါ၊ Priapism ယောက်ျားလိင်တံ ဒါမှမဟုတ် မိန်းမ အစိ သန်မာနေတာက ပြန်မလျှော့နိုင်တဲ့ ရောဂါ၊ Hypersexuality ကျား လိင်စိတ် ကဲလွန်းနေတာတွေမှာ ဖြစ်တယ်။ Hirsutism ခေါ်တဲ့ Male-to-female transsexual people ယောက်ျားကနေ မိန်းမဘဝ ပြောင်းစေတဲ့ နေရာမှာလဲ သုံးပါတယ်။ Precocious puberty ခေါ်တဲ့ အသက်ငယ် လွန်းချိန်မှာ အရွယ်ရောက်သူတွေအတွက်လဲ Leuprolide ဆေးမပေါ်ခင် အရင်က သုံးခဲ့တယ်။

ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ်။ အသဲကို ထိခိုက်စေတယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါသလောက် နဲနဲပေးတာ တော်သေးတယ်။ ဆီးချို ရှိနေရင် ဂရုစိုက်ရမယ်။ Hyperkalemia ပိုတက်ဆီယမ်ဓါတ်နည်းစေတယ်။ တချို့မှာ Depressive mood စိတ်ကျတာ ဖြစ်တတ်တယ်။ တချို့ ပြောင်းပြန်ဖြစ်သေးတယ်။ သူ့ကြောင့် Estrogen မ-ဟော်မုန်း နည်းစေတယ်။ ကြာရင် Osteoporosis အရိုးအားနည်းစေမယ်။ ဒီဆေး ပေးနေတာကို ယုတ်တရက် ရပ်လိုက်ရင်လဲ တမျိုးတမည်တွေ လာဖြစ်အုံးမယ်။ ကိုယ်ဝန်ရှိနေသူကို မပေးပါ။

ယောက်ျားတွေမှာသုံးရင် Gynecomastia ရင်သားတွေ ထွားလာမယ်။ Galactorrhea နို့ရည် ထွက်တတ်သေးတယ်။ Erectile dysfunction ပန်းညှိုးတာလည်း ဖြစ်တတ်တယ်။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

Grey hair ဆံပင်ဖြူတာ

December 19, 2010 2:58 PM
ကျွန်တော် အသက်က(၂၅)ပါ ဘာကြောင့် ဆံပင်ဖြူတာလဲ ဆိုတာကို သိချင်တာပါ။ ဘယ်လိုလုပ်ရင်ရော ပျောက်နိုင်မလဲ။ ဆံပင်ဖြူတာ မျိုးရိုး ဗီဇ နဲ့ရောဆိုင်ပါသလား၊ သွေးကြောင့်လား၊ ပူလို့လား၊ ကျွန်တော် ခန္ဓာကိုယ်က အရမ်းတော့ ပူတယ်။ နူတ်ခမ်းတွေတောင် ခြောက်ခြောက်နေတယ်။ ကျေးဇူးပြူပြီး စာပြန်ပေးပါ။

ကျွန်တော်တို့က ဆံပင်ကို ဖြူတယ် ပြောကြပေမဲ့ အင်္ဂလိပ်လိုကြ Gray/Grey လို့ သုံးတယ်။ တကယ်ကို ဖြူဖွေးနေတာကို White or Silver အဖြူရောင်၊ ငွေရောင်လို့ သုံးတယ်။ (ကာလာ-သီအိုရီ) အရပြောရင် မီးခိုးရောင် ဟာ မျက်စိကို အေးစေ၊ နွေးစေပါတယ်။

ဆံပင်ဖြူလာတာဟာ အသက်ရလာတာရဲ့ ပဌမလက္ခဏာလို့ ပြောနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ ဖြူကြတယ်။ ဘာလို့ ဖြူရသလဲ။ ဆံပင်အခြေကထွက်တဲ့ Melanin (Eumelanin and Pheomelanin) ဆိုးဆေးထွက်တာ ရပ်သွားလို့ပါ။ ဘာလို့ ဒီအကောင်က မထွက်ရတော့တာလဲ။ စိတ်ဖိစီးတာ၊ အာဟာရ နည်းတာတွေကို လက်ညှိုးထိုးနိုင်တယ်။ နောက်ထိုးရမဲ့ လက်ညှိုးက မိဘတွေကို၊ မျိုးဗီဇကြောင့်ပါ။ ကိုယ့်ကိုယ်ကို ထိုးစရာလဲ ရှိသေးတယ်။ ရေနွေးပူပူနဲ့ ခေါင်းလျှော်တာ၊ ရေခြောက်အောင် လျှပ်စစ်နည်းသုံးတာ၊ ဦးရေခွံ မသန့်တာတွေ ပါတယ်။ စိတ်ဝင်စာဘို့ ကောင်းတာက သေသွားသူတွေရဲ့ ဆံပင်လဲ ကြာရင် အရောင် ပြောင်းတယ်။ (မန်မီ) တွေကို စစ်တော့ သိလာရတာ။

ဟော်လီဝုဒ် အကျော်အမော်တွေထဲမှာ မင်းသား George Clooney နဲ့ John Slattery မင်းသမီး Helen Mirren နဲ့ Meryl Streep တို့က ဆံပင်ဖြူတွေပါ။ မင်းသမီး Jennifer Aniston က အသက် ၄ဝ ထဲဝင်မှ ဆံပင်ဖြူလို့ ငိုရသူတဲ့။ X-Men ထဲမှာ Ororo Munroe (Storm) အဖြစ် သရုပ်ဆောင်ရသူ Halle Berry က ဆံပင် ဆွတ်ဆွတ် ဖြူနေတယ်။

လူအဖြူတွေက ဆံပင်စောဖြူတယ်။ အာရှသား အညိုတွေက အလယ်အလတ်နဲ့ လူအမဲတွေက နောက်ကျမှ ဖြူကြတယ်။ ဆံပင်ပြောတာပါ အသားတော့ ဖြူမလာကြဘူး။

ရောဂါတွေထဲမှာ Albinism ဖြစ်တာ၊ Vitiligo ရှိတာ၊ Werner syndrome နဲ့ Vitamin B12 နည်းတဲ့ Pernicious anemia သွေးအားနည်းရောဂါတွေက ဆံပင်ဖြူတာနဲ့ တွဲနေတတ်တယ်။ ဆီးချို (၂) အမျိုးအစားနဲ့လဲ ဆက်နေတာ တွေ့ရတယ်။ Grave's, Hashimoto's, hyperthyroidism, hypothyroidism လည်ပင်းကြီး ရောဂါတွေက ဆံပင်ဖြူတတ်တယ်။ အမျိုးသမီးတွေ သွေးဆုံးချိန် စောရင်လဲ ဖြစ်တယ်။ ဆေးလိပ်သောက်တာလဲ ပါသေးတယ်။

ဖြူနေမှတော့ ဘာလုပ်ရမလဲ။ Dyeing ဆေးဆိုးပေါ့။ ဆံပင်ဖြူတာ သက်သာစေ-ပျောက်စေမဲ့ ဆေးပညာက လက်ခံတဲ့ ဆေးဝါး၊ အစားအစာနဲ့ ဗီတာမင် ဆိုတာ မရှိသေးပါ။

ဒါပေမဲ့ အစားအစာတွေမှာ ဆံပင်နက်စေတယ်လို့ အများ ယူဆကြတာတွေ ရှိတယ်။ Hijiki seaweed ပင်လယ်မှော်၊ Blackstrap molasses တင်လဲရည်၊ Black sesame seeds နှမ်းမဲ၊ Nettles ဖက်ယားပင်၊ Wheat grass ဂျုံပင်၊ Chlorophyll အစိမ်းရောင်တွေ ပါတယ်။ များတော့ မများစေနဲ့။ ရှောင်ရမဲ့ အစားတွေထဲမှာ အသား၊ နွားနို့ထွက်အစာ နဲ့ ဆား မများစေရပါ။

ဒန်းပန်းကို သဘာဝ အဆီအနှစ်လို့ မြန်မာတွေက လက်ခံသုံးနေခဲ့တာ ရှေးကတည်းပါ။ “တိုင်းပြည်ရဲ့ လည်ဆွဲ ရတနာ ပြည့်တန်ဆာ သီရိမာ ကို ရံရွေတွေက ဒေါင်းမြီးယပ်နဲ့ ခတ်ပေး၊ လက်သည်းကို ဒန်း ဆိုးပေး” လို့ ပုံဖေါ်တာ ဖတ်ဘူး လိမ့်မယ်။ ဆံပင်မှာလဲ Henna coloring ဒန်းဆိုးဆေးသုံး သဘာဝနည်းနဲ့ ပြန်မဲအောင် လုပ်နိုင်တယ်တဲ့။ Amla paste ဆီးဖြူသီးကထုတ်တာနဲ့လဲ လုပ်ကြတယ်။ Coconut oil and Lemon အုန်းဆီစစ်စစ်နဲ့ သံပုရာရည် ရောပြီး ဆံပင်နဲ့ ဦးရေခွံကို နှိပ်နယ်တာလဲ လုပ်နိုင်ပါတယ်။

တရုပ် ဆေးနည်း၊ အိန္ဒိယ ဆေးနည်း၊ အာယုဗေဒ နည်းတွေမှာ ဆံပင်အတွက်နည်းတွေ ရှိတယ်။ Neela, Bringaraja နဲ့ Vibhitaki တွေပါတဲ့ Ayurvedic hair oil အာယုဗေဒဆီ လိမ်းကြတယ်။ He Shou Wu, Polygonum multiflorum or Fo-Ti ခေါ်တဲ့ တရုပ် တိုင်းရင်နည်းဆေးကလဲ နာမယ်ကြီးတယ်။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

3-10-2011 Grey hair may become a thing of the past
Monday, 03 October 2011 06:07
၃-၁ဝ-၂ဝ၁၁ ဆံပင်ဖြူတာအတွက် တနေ့ဆေးတလုံး သောက်ဆေးကို L'Oreal ကုမ္မဏီကနေ ထုတ်လုပ်ရောင်းချပါတော့မယ်။

တနှစ်ကြာ သုတေသနလုပ်ပြီး သစ်သီးတွေကနေ ထုတ်လုပ်မဲ့ ဒီဆေးဟာ နောက် ၄ နှစ်ကြာရင် ဈေးကွက်ထဲ ရောက်လာမှာပါ။

ကုမ္မဏီအကြီးအကဲ Bruno Bernard ကနေ ပြောတာက “ရေပက်မဝင် အထောက်အထားတွေ ရှိထားပါပြီ။ အမျိုးသားတွေ အတွက်ရော အမျိုးသမီတွေ အတွက်ပါ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အစာအာဟာရ သုံးဆောင်သလို သဘောထားပြီး ဆေးသောက်နိုင်ပါတယ်။ ဈေးလဲ မကြီးပါဘူး။”

“အခု တကမ္ဘာလုံးက ဗော်လန်တီယာတွေနဲ့ စမ်းနေပါပြီ။ စမ်းသပ်မှု မပြီးသေးခင်တော့ ထိရောက်မှုကို ဈေးကွက်ထဲမှာ ၁ဝ နှစ်လောက် မသုံသေးဘဲး ပြောမရသေးပါ။”

သုတေသနလုပ်သူတွေကနေ tyrosinase-related protein 2 (TRP-2) ခေါ်တဲ့ (အင်ဇိုင်းမ်) မရှိရင် ဆံပင်ကို အရောင်ပေးတဲ့ ဆိုးဆေး (ဆဲလ်) တွေဟာ အသက်ကြီးလာတာနဲ့ သေဆုံးကြတယ်ဆိုတာကို အထူးပြုစာစောင်တွေမှာ ရေးနေပါပြီ။

Thursday, December 9, 2010

Zinc သွပ်ဓါတ်

Dec 10, 11:58
ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော့်ကို ဆရာဝန်တယောက်က ဇင့်ပါတဲ့အားဆေး သောက်ဖို့ ညွှန်းခဲ့ပါတယ်။ အဲ့ဒီ ဇင့်ဓါတ်ဆိုတာ ဘာလဲဆိုတာ သိပါရစေ။ ဇင့်ဆေးပြားရော သီးသန့်သောက်လို့ရပါသလား။

လူတွေအတွက် အားဆေးဆိုရင် အများအားဖြင့် (ဗီတာမင်) တွေလို့ သိကြတယ်။ ဒါအပြင် ဓါတ်ဆားတွေလဲ လိုပါတယ်။ ဥပမာ သွေးအား ကောင်းဘို့ သံဓါတ်ကို အတော်များများ သိကြတယ်။ လည်ပင်းကြီးရောဂါ မဖြစ်စေတဲ့ (အိုင်အိုဒင်း) ကိုလဲ တချို့သိကြတယ်။ အလားတူ မပါမဖြစ် လိုအပ်တဲ့ ဓါတ်ဆားမျိုးစုံထဲမှာ (သွပ်ဓါတ်) လဲပါတယ်။

လူရဲ့ဇီဝဖြစ်စဉ်မှာ လိုအပ်တဲ့ (အင်ဇိုင်း) ပေါင်း ၁ဝဝ လောက်မှာ သူပါတယ်။ ရောဂါပြီးစနစ်၊ (ပရိုတင်း) တည်ဆောက်မှု၊ အနာကျက်စေမှု၊ DNA မျိုးဇီဇတည်ဆောက်မှု နဲ့ (ဆဲလ်) တွေ ပွါးများမှုတွေမှာ သွပ်ဓါတ် ပါရတယ်။ အနံ့နဲ့ အရသာ အာရုံခံရာမှာလဲ သူ့အခန်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးငယ်ဘဝ၊ လူငယ်ဘဝတွေမှာ ပိုလိုတယ်။ အသက် ၆လအောက် ကလေး တယောက်မှာ တနေ့ကို 2 mg လိုပြီး၊ ၁၄ နှစ်သားရောက်ရင် 11 mg လိုတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန်တွေမှာ 13-14 mg လိုတယ်။

Zinc သွပ်ဓါတ် နည်းနေသူတွေမှာ ကြီးထွားမှု နှေးတယ်၊ အစားပျက်တယ်၊ ရောဂါပြီးစနစ်ကို ထိခိုက်တယ်။ ဆိုးသူတွေမှာ ဆံပင်ကြွတ်တယ်။ ဝမ်းလျောတယ်၊ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျတယ်၊ ပန်းသေတာ ဖြစ်တတ်တယ်။ ပိန်တယ်၊ အနာကျက်တာ နှေးတယ်၊ အရသာ ပျက်တယ်၊ စိတ် ထိုင်းမှိုင်းတာတွေလဲ ဖြစ်တတ်တယ်။

သွပ်ဓါတ်ဟာ Oysters (76.7 mg) ကမာ-မုတ် မှာ အများဆုံးပါတယ်။ Red meat အမဲ-ဆိတ်-ဝက်-သိုးသား၊ (8.9 mg)၊ ဝက်သား (4.2 mg)၊ ကြက်သား (2.7 mg)၊ ပဲတွေမှာ (1.3 mg)၊ အများဆုံးပါတယ်။ Whole grains ပြုပြင်မထားတဲ့ ဂျုံ-ဆန်-ပြောင်း အစေ့အဆံ၊ Milk products နို့နဲ့ နို့ထွက်စာ၊ Cereals အသင့်စားနိုင်တဲ့ မနက်စာ၊ Lean meats အဆီထုတ် အသား၊ Fish ငါး၊ Beans ပဲ၊ Eggs ဥ၊ Cashews သီဟိုဠ်သရက်စေ့၊ Almonds ဗာဒံစေ့၊ Nuts တခြားအစေ့အဆံတွေမှာလဲ ပါတယ်။

သံဓါတ်ဆေး များသူတွေမှာ သွပ်ဓါတ်နည်းစေတတ်တယ်။ သွပ်ဓါတ် များပြန်ရင်လဲ Copper ကြေးဓါတ် နည်းစေပြန်တယ်။

အအေးမိလို့ သောက်ရ-ငုံရတဲ့ Cold lozenges ဆေး၊ နှာခါင်းထဲ ထည့်ရတဲ့ ဆေးတွေထဲမှာ ပါနေတယ်။ Zinc-containing nasal gels or sprays ကို ကြာရှည်သုံးရင် အနံ့မရဖြစ်သွားတတ်တယ်။ သွတ်ဓါတ်လွန်ကဲသူ အဆိပ်သင့်သူတွေမှာ ပျို့-အန်ချင်တယ်၊ အစားပျက်မယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ခေါင်းကိုက်မယ်။

Quinolone antibiotics (Cipro) and Tetracycline (Achromycin) ဆေးတွေနဲ့ တချိန်ထဲ တွဲပေးတာ မကောင်းဘူး။ အဆစ်နာအတွက်ပေးတဲ့ Penicillamine ဆေးလဲ အဲလိုဘဲ။ Chlorthalidone and Hydrochlorothiazide ဆေးတွေက သွပ်ဓါတ်ကို များများ စွန့်ထုတ်စေတယ်။

သတ်သတ်လွတ် စားသူတွေမှာ သွပ်ဓါတ်ဟာ ၅ဝ% နည်းနေတတ်တယ်။ အရက်စွဲသောက်သူတွေမှာလဲ ၃ဝ-၅ဝ% နည်းနေတယ်။

သွပ်ဓါတ်ပါ ဆေးနာမည်တွေ ရေးပေးလိုက်ပါတယ်။
• Zinc Tablets
• Ferrous Fumarate 152+Folic acid 750mcg+Zinc sulphate
• Activecal-Forte Tablets = Calcitrol 0.25 mcg. + Calcium 500 mg. + Zinc 7.5 mg. + Magnesium 100 mg
• Haematinic with Zinc Tablets
• B complex with zinc capsules
• Multivitamin, minerals fortified with Methylcobalamin, Vitamin C and Zinc Tablets
• Boneshell Forte = Calcium 210mg + Calcitrol 0.25mcg + Calcium Citrate 1000mg + Zinc Sulpha 7.5mg
• Calcitrol 0.25 mcg + Calcium Citrate 250 + Zinc 7.5
• HG-CAL drugs = Calcium Citrate, Magnesium Hydroxide, Zinc Sulphate, Vitamin D3
• Zinc Sulfide, Zinc Sulphide
• Zinc Sulphate 20mg
• Carbonyl 100 mg + Folic Acid 1.5 mg + Vitamin B 12 15 mcg + Vit. C 75 MG + Zinc Sulphate 61.8 mg

Recommended Dietary Allowances (RDAs) for Zinc သွပ်ဓါတ် တနေ့တာ လိုအပ်ချက်
အသက် 0-6 months = 2 mg ထက်မနည်း၊ 4 mg ထက်မများသင့်၊
အသက် 7 months- 3 years = 3 mg ထက်မနည်း၊ – 5 mg ထက်မများသင့်၊
အသက် 4-8 years = 5 mg ထက်မနည်း၊ – 12 mg ထက်မများသင့်၊
အသက် 9-13 years = 8 mg ထက်မနည်း၊ – 23 mg ထက်မများသင့်၊
အသက် 14-18 years = 11 mg ထက်မနည်း၊ – 34 mg ထက်မများသင့်၊
အသက် 18 years and above = 11 mg ထက်မနည်း၊ – 40 mg ထက်မများသင့်၊
ကိုယ်ဝန်ဆောင်ချိန် Pregnancy = 12 mg ထက်မနည်း၊ – 34 mg ထက်မများသင့်၊

Dr. တင့်ဆွေ
၉-၁၂-၂ဝ၁ဝ

Q and A December 2010 (9)

1. ORTHO MICRONOR (Noretbindrone 0.35mg) တားဆေးကဒ်ကို ဘယ်လိုသောက်ရပါမလဲ
2. ရာသီလာရင် လေရော ရောလာနေပါတယ်
3. တစ်ချို့က ခရုသင်း၊ သမင်ဖြူ ဟုပြောကြပါသည်
4. Pseudo vulgaris ဆိုတာ ဘာရောဂါလဲ
5. အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေပါ မငြိမ်တော့ဘူး
6. စအိုဝ မှာ အသားပိုလို့ ခေါ်ရမလာမသိဘူး
7. ကိုယ်ဝန်ရှိနေပြီ ကလေးယူလို့ မဖြစ်သေးဘူး

Dec 29, 2010 at 5:49 AM
Q 1: ဆရာရှင့် ORTHO MICRONOR (Noretbindrone 0.35mg) တားဆေးကဒ်ကို ဘယ်လိုသောက်ရပါမလဲ။ ရာသီလာပြီးမှ သောက်ရမှာလား မလာခင်သောက်ရမှာလား။ သောက်နည်းသိချင်ပါတယ်။

• Ortho Micronor® Tablets (0.35 mg Norethindrone) ဆိုတာ Progestin hormone ဟော်မုန်း တမျိုးထဲသာပါတဲ့ ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ၉၅-၉၉့၅% ထိရောက်တယ်။
• ရာသီလာ မမှန်တာ၊ ခေါင်းကိုက်တာ၊ ရင်သား တင်းတာ၊ ပျို့တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်တယ်။ တချို့မှာ ဝက်ခြံထွက်တာ၊ ဝလာတာဖြစ်တယ်။ တချို့ မျက်နှာမှာ အညိုစက်မျိုး ပေါ်လာတတ်တယ်။
• Phenytoin, Carbamazepine, Rifampin ဆေးတွေနဲ့ တွဲမသောက်တာ ကောင်းတယ်။
• ဒီဟော်မုန်းကနေ မျိုးဥထွက်တာကို တားပေးတယ်။ သားအိမ်အဝက ထွက်နေကြ အကျိအချွဲကို ပိုပြီး စေးပြစ်စေလို့ သုတ်ပိုး ဝင်လာမှာကို ခက်ခဲစေတယ်။
• နေ့တိုင်း အချိန်တူမှာ ဆေးသောက်ရင် ပိုထိရောက်တယ်။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။
• ရာသီစလာတဲ့နေ့ စသောက်ပါ။ ဟော်မုန်း ၂ မျိုးတွဲဆေးလို ရာသီရက်ကို စောင့်-ကျော်စရာမလိုဘူး။
• ဆေးကို တကပ် ကုန်ရင် နောက်တကပ် ဆက်တိုက်သောက်ပါ။ ရက်မခြားစေနဲ့။
• သောက်နေကြအချိန်မှာ တိတိကျကျ သောက်ပါ။
• ၃ နာရီ နောက်ကျသွားမယ်၊ ဆေးသောက်ပြီး အန်ထွက်မယ်ဆိုရင် အဲဒီရက်ကနေ ၄၈ နာရီ အတွင်းမှာ ဆက်ဆံရင် (ကွန်ဒွမ်) သုံးပါ။ မေ့သွားရင် သတိရချိန်မှာ သောက်လိုက်ပါ။
• သတိထားဘို့က ကိုယ်ဝန်ကိုသာ တားနိုင်တယ် လိင်ကတဆင့် ကူးစက်ရောဂါမှန်သမျှ ဘာကိုမှ မတားဘူး။

၂၉-၁၂-၂ဝ၁ဝ

December 27, 2010 4:42 PM
Q 2: သမီးကအခု ၁၉ နှစ်ရှိပါပြီ။ သမီးအပျိုဝင်ကတည်းက ရာသီလာရင် လေရောရောလာနေပါတယ်။ အဲဒါဘာကြောင့်လဲ သမီးသိချင်လိုပါ။ တစ်ခါတစ်လေဆို လေရော ရောဆင်းလာရင် လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ဆေးခန်းပြရမှာလဲ သမီးရှက်လို့ သမီးဘယ်လိုလုပ်ရမလဲ။ လေရောသွေးရော ရောရော လာတာဆိုတော့ ဆိုးကျိုးများ ရှိနိုင်မလား။ ကြိုးတွေ ဘာတွေ ခုန်းလိုက်ရင်လဲ သွေးဆင်းဆင်းနေပါတယ်။ အချိန်မဟုတ်ဘဲဖြစ်နေ၊ အမြဲတန်းလိုလိုလဲ ဖြစ်နေတာ။ ဘယ်လို ဆေးတွေ သောက်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ။

လေဆိုတာ သေခြာလား။ ဖြစ်တတ်တာ ရှားတယ်။ ဒီအရွယ်လေးမှာ တခြားရောဂါလဲ ရှိမှာ မဟုတ်ဘူး။ မစိုးရိမ်ပါနဲ့။ အချိန်မဟုတ်ဘဲ ဆင်းတာလဲ ငယ်သေးရင် ဖြစ်တတ်ပါတယ်။ အဖြူဆင်းသေးလား၊ အနံ့ရှိလား။ ယားသလား။ ပိုးတခုခု ဝင်တာရှိရင် လေကို စဉ်းစားနိုင်လို့ပါ။ အဖြူဆင်းတာ နဲနဲလေး၊ ယားလဲမယား၊ အနံ့လဲကင်းရင် ဘာမှလုပ်စရာမလိုပါ။ သံသယရှိရင် Metronidazole တခါသောက် ၁ ပြာ၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ရတယ်။ ပိုးရှင်းသွားမယ်။ အသက်ကြီးသူ၊ ကလေး ခက်ခက်ခဲခဲနဲ့ ဖွါးဘူးသူတွေမှာ သားအိမ်နဲ့ လေရှိတဲ့နေရာ တခုခုကြားမှာ Fistula လမ်း ဖြစ်နေတဲ့ရောဂါ ရှိတယ်။ ဒီလောက်နဲ့ ဆေးခန်း မပြပါနဲ့အုံး။ လိုအပ်မှ အမျိုးသမီး OG နဲ့သာ တိုင်ပင်ပါ။ သွေးအားအတွက် Ferrous sulfate နဲ့ သွေးထွက်သက်သာဘို့အတွက် ဗီတာမင် စီ၊ ဘီ တွေကို သောက်ပါ။
၂၇-၁၂-၂ဝ၁ဝ

December 27, 2010 9:39 PM
Q 3: ကျွန်တော့် အသက်၃၈နှစ်ပါ။ အိမ်ထောင်မရှိ။ အလေးချိန် ၁၈ဝပေါင်ခန့်။ လူဝပြီး ချွေးအထွက်များပါသည်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကစပြီး တံတောင်ဆစ်အထက်(နှစ်ဘက်လုံး)၊ ခြေဖမိုး ၂ဘက်လုံး အရေပြားပေါ်တွင်
လက်မဝက်ခန့် အဖြူကွက်လေးများ ပေါ်လာပါသည်။ လည်ပင်းနေရာတွင်လည်း ၄င်းကဲ့သို့ အရောင်ဖျော့သော အကွက်များ ဖြစ်ပါသည်။ ယားယံနာကျင်တာမျိုး မဟုတ်သဖြင့် ကိုယ့်ဘာသာကိုယ် သတိမထားမိပါ။ တစ်ခြားသူများ ပြောသောအခါမှ သတိထားမိပါသည်။ အရေပြားဆရာဝန်နှင့်ပြကြည့်သော်လည်း ဘာမှသိပ်မပြောပါ။ ဆေးပေးသည့် အတိုင်း လိမ်းကြည့် စားကြည့် ပါသေးသည်။ နယ်ပြန်ရသဖြင့် ရေရှည်မလုပ်ဖြစ်ပဲ မေ့မေ့ပျောက်ပျောက် ပြန်ဖြစ် သွားပါသည်။ အကွက်များကတော့ ဒီအတိုင်းပဲဖြစ်နေပါသေးသည်။ တစ်ချို့က ခရုသင်း၊ သမင်ဖြူ ဟုပြောကြပါသည်။ (မည်သို့ ကွာခြားမှန်းတော့ မသိပါ) ဗိန္ဓောဆေး သမားများကလည်း စိန်ဓါတ်ပါသောဆေးဖြင့် ကုသနိုင်သည်ဟု ပြောကြပါသည်။ အရမ်းတော့ မစားရဲပါ။ ဖြစ်နိုင်လျှင် အင်္ဂလိပ်ဆေးဖြင့် ကုချင်ပါသည်။ မည်ကဲ့သို့သော ရောဂါမျိုး ဖြစ်နိုင်ပါသလဲဆရာ။ ကုလို့ကော ရပါရဲ့လားခင်ဗျား။ ကိုယ့်ဘာကိုယ်တော့ ယားနာလိုကူးစက်ရောဂါ မဟုတ်နိုင်ဟု ထင်မိသော်လည်း ကိုယ်နဲ့ တွေ့ဆုံဆက်ဆံရသည့်သူများအပေါ် အားနာမိပါသည်။

Leukodrerma သို့မဟုတ် Vitiligo ခရုသင်း ကိုဖတ်ပါခင်ဗျား။

December 28, 2010 at 7:14am
Q 4: Pseudo vulgaris ဆိုတာ ဘာရောဂါလဲခင်ဗျ။ ဘယ်လိုဖြစ်တာလဲ ၊ ဘယ်လို ကုသ လို့ သက်သာ (သို့) ပျောက်ကင်းနိုင်မလဲ၊ ဘာတွေကို ရှောင်ရမလဲ ဆိုတာ အသေအချာ သိလိုပါတယ်ခင်ဗျ။

Pseudo-Vulgaris ဆိုတာ “(ဗူလ်ဂါရစ်) ရောဂါအတု” ကို ခေါ်တယ်။ Pseudo ဆိုတာ အတုပါ။ Vulgaris ဆိုတာလဲ အမျိုးမျိုး ရှိသေးတယ်။ Ichthyosis Vulgaris, Pemphigus Vulgaris နဲ့ Acne Vulgaris တွေပါတယ်။ Autoimmune disease ခေါ်တဲ့ ကိုယ့်ရဲ့ရောဂါ ပြီးစေတဲ့အစွမ်းက ကိုယ့်ကို ပြန်သက်ရောက်နေတဲ့ ရောဂါအမျိုးအစားတခု ဖြစ်တယ်။ ဖြစ်တာ ရှားတယ်။ အနာတော့အနာဘဲ၊ မပျောက်နိုင်လှတဲ့ဝက်ခြံကလဲ ဒီအမျိုးထဲမှာ ပါတယ်။ ဆေးကုရာမှာလဲ လက်ဝင်တယ်။ အရေပြားအထူးကုတွေနဲ့ ကုသရပါမယ်။

December 25, 2010 6:55 AM
Q 5: အခုကျနော် အသက် ၂၈ ပါ။ ဆီးခဏခဏသွားချင်သလို ဖြစ်တယ် တခါတလေ သွားရင် များတယ်။ တခါတလေကျတော့လဲ နဲတယ်။ မိုးအေးလို့ရှိရင် ပိုဆိုးတယ်။ အဲဒါ ကျနော်မှာ အပြင်သွားခါနီးရင် ရေသိပ်မသောက်ရဲဘူး။ နောက်ပြီးတော့ အခုဖြစ်နေတာက အပြင်သွားပြီဆိုရင် ဝမ်းသွားချင်သလို ရှူးပေါက်ချင်သလို ဖြစ်နေတာပါ။ အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေပါ မငြိမ်တော့ဘူး။ အဲဒီလိုဖြစ်ပြီဆိုရင် ဝမ်းလဲသွားတတ်ပါတယ်။ အခုကျနော့်မှာ အပြင်သွားဖို့ကို ကြောက်နေတယ်။ အရင်တုန်းကတော့ အစာစားပြီးရင် အန်ချင်သလိုကြီးဖြစ်နေလို့ U Kyi Soe နဲ့ပြဖူးပါတယ်။ ဆီးလဲ စစ်ဖူးပါတယ်။ အဲတုန်းက အစာအိမ်မှန်ပြောင်းနဲ့ကြည့်ပါတယ် Result က အစာအိမ်နံရံ ရောင်တာလို့ ပြောပါတယ်။ တခြားဘာမှ မရှိပါဘူး။ ဆီးကလဲ ကောင်းပါတယ်။ ပိုးတွေဘာတွေ မရှိပါဘူး။ ဆေးကတော့ OMEZ Omepraszole 20mg, VOMETA Domperidon 10mg, Adamon Antispasmodic အဲဒါတွေသောက်ရပါတယ်။ ဖြစ်တဲ့အချိန်ပဲ ကျနော် သောက်ဖြစ်ပါတယ်။ စွဲပြီးတော့မသောက်ဖြစ်ပါဘူး။ အဲဒီဆေးတွေကစွဲသောက်လို့ကောရလား။ နောက်ပြီး ကျနော် အခုဖြစ်နေတာတွေက အစားကြောင့်လား စိတ်ကြောင့်လား ဘယ်လိုကြောင့်လဲ။

ရေးပြတာကိုဘဲ ကြည့်ပြောရရင် စိတ်မှာဖြစ်နေတာပါ။ စိတ်အတူးကုဆရာဝန်နဲ့ ကုသင့်ပါတယ်။ ပျောက်သွားမဲ့ရောဂါ ဖြစ်ပါတယ်။ စိုးရိမ်စိတ်ကဲနေတာပါ။ စိုးရိမ်မှုများလို့ ဆီး-ဝမ်းသွားတာကို သိပ်ဂရုစိုက်နေမိတယ်။ ဘာမဆို ပြီးပြည့်စုံချင် နေတယ်။ အကောင်းတွေချည်း ဖြစ်-ရှိနေချင်တယ်။ ဆေးကုလိုက်ပါခင်ဗျား။ စိတ်ချ၊ သက်သာ ပျောက်ကင်းပါလိမ့်မယ်။ ငါ ဆေးမကုရသေးဘူလို့တောင် စိတ်ထဲမထားရင် ချက်ချင်းသက်သာလာမယ်။

December 29, 2010 3:16 AM
Q 6: ဆရာကျွန်မ ( ) နိုင်ငံမှာနေပါတယ်။ ကျွန်မရဲ့ စအိုဝ မှာ အသားပိုလို့ ခေါ်ရမလာမသိဘူး ဖန်ဂေါ်လီလုံးလောက်ရှိတဲ့ အသီးလေးလဲ ထွက်နေပြီး စအိုအတွင်းထဲကို သွင်းလို့လည်းရတယ်။ နံနက် မစင်စွန့်တိုင်းလည်း။ အမျိုးသမီးများ လစဉ် သွေးဆင်းသကဲသို့ သွေးဆင်းတာ တစ်ပတ်ကျော် ရှိနေပါပြီ။ ဒါကြောင့် ကျွန်မ ခွဲစိတ်ရင်ကောင်းမလား သို့မဟုတ် သောက်ဆေးနဲ့ အဆင်ပြေမလား။
Q and A Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ ကို ဖတ်ပါ။

December 28, 2010 4:55 PM
Q 7: ကျနော်က အခု (့) မှာ နေပါတယ်။ ကျနော်မှာချစ်သူရှိပါတယ်။ ယူမယ်လို့လဲ ဆုံးဖြတ်ထားပါတယ်။ မယူရသေးဘူး။ ကိုယ်ဝန်ရှိနေပြီ ကလေးယူလို့ မဖြစ်သေးဘူး။ လက်မထပ်ရသေးဘူး။ ဘာသာရေးအရ မယူရဘူး။ ကိုယ်ဝန်က 41 ရက် ရှိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ပညာပေးပါ။ ဘယ်လို ဖျက်ချရ မယ်ဆိုတာ နည်းလမ်း ပေးပါအုံး ဆရာ။ ကူညီပါဆရာ။

Sorry! ဆရာရေးတာတွေ ဖတ်ရင် ဒီလိုလုပ်ဘို့ အကြံရော လက်ပါ လုပ်မပေးနိုင်တာ သိမှာပါ။ ဗဟုသုတ အတွက်တော့ နည်းဆိုတာတွေ အဆိုး-အကောင်းတွေ ရေးပါတယ်။ ကျန်းမာ-ချမ်းသာပါစေ။

Wednesday, December 8, 2010

Q and A December 2010 (8)

1. ရင်သားရဲ့ ညာဘက်ဘေးမှာ လက်မအရွယ် အလုံးလေးတွေ့ရလို့
2. လည်ပင်းမှာ အကျိတ်လေးတစ်ခု ဖြစ်နေတာ
3. မျက်လုံးထောင့်မှာ အပ်ဖျားလေးနဲ့ ထိုးလိုက်သလို နာသွားတာ
4. ဝမ်းသွားရင် တစ်ခါတစ်ခါ သွေးတွေချည်း သွားပါတယ်
5. နှာရည် တောက်တောက်ယိုပြီး၊ နှစ်ယောက်စလုံး စိတ်မသန်ဘူး၊ Asthma check up လုပ်ပြီး၊ ချောင်းဆိုးရင် တလကျော် ကြာတက်ပါတယ်
6. ကောင်မလေးရဲ့ အသားက ပုံမှန်ထက် ပိုပူနေတယ်

December 23, 2010 8:41 PM
သမီး အသက် ၃၁ နှစ်ရှိပါပြီ။ ညာဘက် ရင်သားရဲ့ ညာဘက်ဘေးမှာ လက်မအရွယ် အလုံးလေးတွေ့ရလို့ ဆရာဝန်တော့ မပြရသေးပါဘူး။ ခွဲစိတ် ခံရမှာကို အရမ်းကြောက်လို့ပါ။ စာတွေထဲမှာ ဖတ်ရသလောက်တော့ ကင်ဆာ သမီးအရွယ်မှာ မဖြစ်သေးဘူးလို့ ဖတ်ဘူးပါတယ်။ ကင်ဆာ ဟုတ်မဟုတ် ဘယ်လို သိနိုင်ပါသလဲ။ ကင်ဆာ မဟုတ်ဘူးဆိုရင် ဘယ်လို မခွဲမစိတ်ရပဲနဲ့ ပျောက်နိုင်ပါသလဲ။ တဆိတ်လောက် ဖြေကြားပေးရှင့်။

ဘာမှ မစိုးရိမ်ပါနဲ့။ ကြွက်ဝင်နေတာ ဖြစ်မယ်။ လန့်လဲ မသွားနဲ့အုံး။ ဒီအရွယ်တွေ အဖြစ်အများဆုံး ရင်သားအကျိတ်ကို Fibroadenoma F/A ခေါ်တယ်။ သေခြာ စမ်းရင် ဟိုပြေး၊ ဒီပြေး ရွှေ့နေလို့ Breast mouse လို့ပါ ခေါ်ကြတယ်။ ဖြစ်တဲ့သူတွေ အရွယ်ငယ်တယ်။ အသက် ၂ဝ-၃ဝ။ အိမ်ထောင် မကျသေးသူ။ ကျရင်လဲ ကလေး မရှိသူတွေ အဖြစ်များတယ်။ မနာဘူး။ ၁ လက်မရဲ့ ၃ ပုံ ၁ ပုံကနေ ၁ လက္မလောက် ရှိတယ်။ အဝိုင်း-ဘဲဥပုံရှိတယ်။ ပြေးနေတယ်။ အထက်၊ ဘေး၊ အောက် ဘာနဲ့မှ တွယ်ကပ်မနေလို့။ ဖြစ်တာလဲကြာတယ်။ တဖြေးဖြေး ကြီးလာမယ်။ ခွဲစိတ်ကုမှ ပျောက်တယ်။ ဘယ်ဆေး၊ ဘယ်နည်းနဲ့မှ မပျောက်ဘူး။ နောက်တနေရာမှာ တခါလာဖြစ်သူတွေလဲ ရှိတယ်။ အသက်ကြီးရင်လဲ ကင်ဆာ မဖြစ်ပါ။ မခွဲရင် ကြီးလာတာဘဲ ရှိတယ်။ ကြီးမှခွဲရင် အမာရွတ်ကြီးမှာပေါ့။

2010/12/24
ကျွန်တော်က အသက် ၂၇ ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ပါ။ ကျွန်တော့ လည်ပင်းမှာ အကျိတ်လေးတစ်ခု ဖြစ်နေတာ ၂ နှစ်လောက်ရှိပါပြီခင်ဗျာ။ ပိုလည်းကြီးမလာသလို နာလည်း မနာကျင်ပါဘူး။ ယင်းအကျိတ်ကို မခွဲမစိတ်ရပဲ ပျောက်ကင်း သက်သာသွားမယ့် နည်းလမ်းလေးများရှိရင် ပြောပြပေးစေချင်ပါတယ်။ ဒီအကျိတ် ပေါ်လာတာကတော့ ၂ နှစ် ကျော် လောက်ရှိပါပြီ။ အသားရေ တင်းခြင်း၊ နာကျင်ခြင်း စတဲ့ ခံစားချက်မျိုးလည်း တစ်ခါမှ မဖြစ်ပါဘူး။ ကြီးထွားလာခြင်းလည်း မရှိပါခင်ဗျာ။ လက်ဖြင့်ကိုင်ပြီး စမ်းသပ်ကြည့်လျှင် အဆီခဲကဲ့သို့ အရေပြား အောက်တွင် အနည်းငယ်ရွေ့လျားနိုင်ပါသည်။ အမြစ်တွယ် စွဲမြဲနေခြင်းမျိုးမရှိပါ။ ကျွန်တော့ အကျိတ်ပုံကိုလည်း Attachment နဲ့ တွဲထည့်ပေးလိုက်ပါတယ်။ မည်သို့ ကုသ ပျောက်ကင်းနိုင်သည်ကို ကျေးဇူးပြုပြီး သိလိုပါတယ်။

ရောဂါအဆိုး မဟုတ်ပါ။ Cyst ခေါ်တဲ့ အိတ်အကြိတ်၊ ဒါမှမဟုတ် Lipoma ခေါ်တဲ့ အဆီကြိတ် တခုခုဖြစ်တာပါ။ လက်နဲ့ သေခြာစမ်းမှာ တိကျမယ်။ မတိကျလဲ အရေးမဟုတ်ပါ။ ကုသရတာရော နောင်ဖြစ်နိုင်တာပါ အတူတူသာ ဖြစ်တယ်။
ခွဲရမှာပါ။ ထုံဆေးနဲ့သာ ခွဲရတယ်။ Excision လုပ်တယ်လို့ ခေါ်တယ်။ ခွဲ-ထုတ်ပြစ်လိုက်တာကို ဆိုတာပါ။ ကင်ဆာ မဖြစ်စေပါ။ မခွဲသေးရင် ကြီးလာမှာသာရှိတယ်။ တချို့တော့ ပိုးဝင်ရင် အနာလို ဖြစ်တယ်။ သိပ်ရှားပါတယ်။ ရိုးရိုးဆရာဝန်လဲ ခွဲပေးနိုင်ပါတယ်။ Minor operation သာဖြစ်ပါတယ်။

Dec 24, 2010 at 12:42 PM
ကျမရဲ့ ဘယ်ဖက် မျက်လုံးထောင့် (နှာခေါင်းဖက်) မှာ အပ်ဖျားလေးနဲ့ ထိုးလိုက်သလို နာသွားတာ ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာ စဖြစ်ပါတယ်။ ဒါပေမယ့် တကြိမ်ဘဲ ဖြစ်ပြီး မေ့ပျာက်သွားပါတယ်။ ကျမလဲ ထူးဆန်းတဲ့ အတွေ့အကြုံမို့ မှတ်မိနေပေမဲ့ အလေးမထားမိပါ။ နောက်တခါ ဒီလိုဘဲ ဖြစ်ပြန်တယ် အဲဒါ ဇွန်လမှာ ခုတခါ နိုဝင်ဘာမှာလည်းဖြစ်ပြန်တယ်။ စာကြည့်တဲ့ အခါမှာတော့ အရင်လိုတော့ မပြတ်သားပါ။ ဒါပေမယ့် ခုထိတော့ မျက်မှန်မလိုသေးပါ။ ဆရာဝန်ထံ သွားမယ် စိတ်ကူးပေမဲ့ ခုထိ မသွားဖြစ်သေးပါ ဘာဘဲပြောပြော ကိုယ့် မြန်မာဆရာဝန်က မြန်မာလို ရှင်းပြတာတော့ အကောင်းဆုံးပေါ့နော်။

ဒီလိုဖြစ်တာနဲ့တော့ ရောဂါနာမည် တပ်မရသေးပါ။ နာတယ်ဆိုတာ နာစေနိုင်တဲ့ အာရုံကြောကို တခုခုဖြစ်စေလို့ပါ။ ပိုးဝင်တာ၊ ခိုက်မိတာ၊ ရောင်တာ၊ ဖိမိတာ စသဖြင့်။ အပ်ဖျားနဲ့ထိုးသလိုဆိုတော့ နေရာကျဉ်းကျဉ်းလေးမှာလာဖြစ်တာ။ ရောဂါဝေဒနာ မဟုတ်ဘဲ ဖြစ်နိုင်တယ်။ မျက်စိအကြည့်နဲ့လဲ ဆိုင်တယ် ပြောမရသေးပါ။ အကြည့်မှာ အနီးဖြစ်ဖြစ် အဝေးဖြစ်ဖြစ် အားနည်းလာ မှုံလာမယ်။ မျက်ရိုက်ကိုတာ ဖြစ်လာမယ်။ ဒီတော့ ဘာမှ မစိုးရိမ်ပါနဲ့။ နာတဲ့ကိုက်တဲ့အခါ Pain killer တခုခုသာ သောက်ပါ။ ထူးခြားလာရင်လဲ ပြောပေါ့။
၂၄-၁၂-၂ဝ၁ဝ

Dec 24, 2010 at 3:35 PM
လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ကျွန်တော် ဝမ်းသွားရင် တစ်ခါတစ်ခါ သွေးတွေချည်း သွားပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ လေးငါးရက်လောက်မှ တစ်ခါလောက်သွားပါတယ်။ နှစ်ကြိမ် သုံးကြိမ်လောက် သွားပြီးတော့။ အခု နောက်ပိုင်း တစ်ခါတစ်ခါ အိမ်သာတတ်ပြီးလို့ရှိရင် သွေးစလေးတွေ တစ်ချက်တစ်ချက် တွေ့တတ်ပါတယ်။ အဲ့ဒါ လိပ်ခေါင်း လို့ ခေါ်ပါသလား။ အမြဲတမ်းတော့ သွေးပါနေတာ မဟုတ်ပါဘူး။ ပြီးတော့ စအိုမှာလဲ ဘာမှ မရှိပါဘူး။ ပုံမှန်ပါဘဲ။ ဗိုက်အောင့်တာ ဘာညာ ဘာမှ မခံစားရပါဘူး။ လူကောင်းလိုပါဘဲ။ တစ်ချက်တစ်ချက် သွေးပါတာဘဲ ရှိပါတယ်။ ကျွန်တော့် အသက်က သုံးဆယ်တစ်ထဲမှာပါ။ အဲ့ဒါ ဘယ်လိုလုပ်ရင် ပျောက်နိုင်မတုန်း။ ဘာဖြစ်တာတုန်း ဆိုတာ ဖြေကြားပေးစေလိုပါတယ်။ ကျွန်တော်နေတာက အိုင်ယာလန်မှာပါ။ ပြီးတော့ အသောက်အစားတော့ ကျွန်တော် နဲနဲ ရှိပါတယ်။ အဲ့ဒါနဲ့လဲ ဆိုင်မလားမသိဘူး။

1. ဖြစ်နိုင်တာတွေထဲမှာ လိပ်ခေါင်းကိုအရင် ဖယ်ထုတ်ရမယ်။ ဖြစ်စလူတွေမှာ ဝမ်းသွားတဲ့အခါ အသားစထွက်မယ်။ ပြီးရင် ပြန်ဝင်တယ်။ ရေသုံးနေရင် သတိထားမိမယ်။ ကြာရင် ပြန်သွင်းပေးမှ ဝင်တယ်။ သွေးပါတာက ဝမ်းချုပ်ရင် ပိုသိသာတယ်။ သွေးက အနီရောင်ဖြစ်မယ်။ တခြား အကျိအချွဲ မပါဘူး ဝမ်းသွားတဲ့ အကြိမ်လဲ ပုံမှန်ဖြစ်မယ်။
2. နောက်တမျိုးက ဝမ်းကိုက်တာ။ အကြိမ်များမယ်။ ဗိုက်နာပြီးသွားမယ်။ ရစ်နာတာ။ သွေးက အကျိအချွဲနဲ့ ရောနေမယ်။ သွေးက များလဲ မများဘူး။ မဲနေနိုင်တယ်။
3. နောက်တခု တနေရာရာက သွေးထွက်တာ။ များသောအားဖြင့် အစာလမ်းအောက်ကလာရင် သွေးကနီမယ်။ အစာအိမ်လို အထက်ကလာရင် သွေးက မဲမယ်၊ နက်နေနိုင်တယ်။ လေနာဖြစ်ဖြစ်၊ အသဲခြောက်တာဖြစ်ဖြစ်၊ အရက်များလို့ဖြစ်ဖြစ် တွဲနေတတ်တယ်။ မျက်စိ-အသား ဝါ-မဝါကြည့်ပါ။
4. တခြားနေရာတွေက ဥပမာ၊ သွားဖုံး၊ နှာခေါင်း စတဲ့ဆီက သွေးယိုတတ်သလား။ သွေးခဲစေတတ်တဲ့ အရာတွေ နည်းနေသူမှာ လာဖြစ်တယ်။ ဗီတာမင် စီ နဲ့ ကေ သောက်ရတယ်။
5. ဆေးစစ်စရာ မလုပ်သေးရင် ဗီတာမင် ဘီ၊ စီ သောက်ပါ။ သံဓါတ်ဆေး သောက်ပါ။ အစားအစာမှာ ဒီဓါတ်ပါတာ စားပေးရမယ်။ အရက်အတွက် အသဲအားဆေး တခုခုလဲသောက်ပါ။

December 23, 2010 10:13 AM
၁) သမီးက ၃၂နှစ်၊ စာရင်းကိုင်။ အမျိုးသား ၃၈၊ Supervisor အိမ်ထောင်သက် ၃ နှစ်ကျော်။ သမီး အရင်က Aircon ခန်းပါ ရုံးခန်းတခုမှာ သုံးနှစ်နီးပါး အလုပ်လုပ်ခဲ့ဘူးပါတယ်။ တနှစ် ကျော်လောက်ကစပြီး နှာမွှန်သော ဝေဒနာ စခံစားရပါတယ်။ နှာရည် တောက်တောက်ယိုပြီး၊ မျက်ရည်စီးကျလို့ လူကြားထဲ မသွားချင်ပါဘူး။ Fulmol သောက်တော့ ခဏသက်သာ ပေမယ့် ပြန်ဖြစ်တာပါပဲ။ ဆောင်းတွင်းဆိုရင် နှာပိတ်နေလို့ ကောင်းကောင်း မအိပ်ရဘူး။ နှာသီးနှစ်ဖက်စလုံးပိတ်နေလို့ အသက်ရှုရ အရမ်းခက်ပါတယ်။ Spray မသုံးဘူးပါ။ ယခု (့) မှာ အလုပ် လုပ်နေပါတယ်။ နှာမွှန်ခြင်း မခံစားရတော့ပါ။ ပြီးခဲ့တဲ့ June က တခေါက် ပြန်တော့ ပြန်ပြီး နှာမွှန်နေလို့ ဘယ်မှ မသွားရပါဘူး။ စိတ်အရမ်းညစ်ပါတယ်။ လူကြား မသွားရဲအောင်ပါပဲ။
၂) ပြီးခဲ့တဲ့လက Menstruation ဖြစ်တာ အရမ်းနာလို့ poly clinic ပြပါတယ်။ Mefenamic acid and Famotidine ပေးပါတယ်။ အခဲဆင်းတာ သက်သာသွားပါတယ်။ သမီးတို့ ကလေးယူဖို့ကြိုးစားတာ အခုထိ မထူးခြားပါဘူး။ တားဆေး မသုံးဘူးပါ။ Condom သုံးပါတယ်။ ဘာအားဆေး စားရမလဲ ညွှန်ကြားပေးပါ။ သမီးတို့ နှစ်ယောက်စလုံး လိင်ကိစ္စ စိတ်မသန်ဘူး ဖြစ်နေပါတယ်။
၃) ပြီးခဲ့တဲ့ နှစ်ရက်မှာ ချောင်းဆိုးပြီး အသက်ရှုခက်လို့ Poly clinic ပြတော့ Asthma check up လုပ်ပြီး Spray ရှု ခိုင်းပါတယ်။ Prednisolone 6 tabs ကို လေးရက်သောက်ခိုင်းထားပါတယ်။ အခု သက်သာသွားပါပြီ။ Spray သုံးစရာ မလိုတော့ပါဘူး။ ဘာတွေစားရမလဲ ရှောင်ရမလဲ မညွှန်ကြားဘူး။ နောက်ထပ် မဖြစ်ချင်လို့ ညွှန်ကြားပေးပါဆရာ။
၎) အမျိုးသားမှာတော့ သလိပ်ကပ်တာ ခံစားရပါတယ်။ တခါတရံ ချောင်းဆိုးရင် တလကျော်ကြာတက်ပါတယ်။

၁။ Allergic rhinitis အလာဂျီ နှာခေါင်း ကို ဖတ်ပါ။
၂။ Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း နဲ့ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများတွေကို ဖတ်ပါ။
၃။ နှာမွှန်-နှာပိတ်တာ နဲ့ ပန်းနာလိုဖြစ်တာ ဆက်စပ်နေတယ်။ ဘာနဲ့ အဆင်မပြေသလဲ ရှာပါ။ အေးတာလား၊ အနံ့အသက်လား၊ အစားအသောက်လား၊ စသဖြင့်။ Asthma ပန်းနာ ကိုလည်း ဖတ်ပါ။
၎။ သလိပ်-ချောင်းဆိုးအတွက် Antibiotic အရင်သောက်ပါ။ Amoxacillin 500 mg တနေ့ ၂ ကြိမ်။ ၅-၇ ရက်။ လိုအပ်ရင် (လူကပိန်လာမယ်၊ ညနေနဲနဲကိုယ်ပူမယ်၊ ချောင်းဆိုးကြာမယ်) ဓါတ်မှန်ရိုက်ပါ။ သလိပ်စစ်ပါ။

၂၄-၁၂-၂ဝ၁ဝ

ကျွန်တော့် ကောင်မလေးရဲ့ အသားက ပုံမှန်ထက် ပိုပူနေတယ် ဆရာ။ အတွင်းထဲမှာလည်း ပူနေတယ်လို့ ခံစားရတယ်လို့ ပြောပါတယ်။ အဲ့ဒါ သူမှာ နေမကောင်းများ ဖြစ်တော့မလား၊ ဘာများဖြစ်လို့လဲဆိုပြီး စိတ္တဇ ဖြစ်နေရတယ်။ အဲ့ဒီလိုမျိုး အသားပူတာက ဘာဖြစ်လို့လဲ ဆိုတာ သိချင်ပါတယ်။ ပုံမှန်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာလည်း ပြောပြပေးပါ။ နောက်ပြီး သူက မကြာခဏ နှာမွန်တယ်ဆရာ၊ အထူးသဖြင့် မနက်အိပ်ရာထ ချိန်ဆိုရင် ပိုပြီးဆိုးတယ်။ (အမြဲတမ်းတော့ မဟုတ်ပါဘူး ဆရာ) အဲ့ဒီလို အသားပူတာနဲ့ နှာမွန်တက်တာ၊ နောက်ပြီး ပိန်နေတာတွေက ကိုယ်တွင်းရောဂါ တစ်ခုခု ရှိနေလို့များလားဆိုတာ စိတ်ပူလို့ ပါဆရာ။

ပူနေတယ်လို့ ခံစားရတာ ရောဂါနာမယ် မဟုတ်ဘူး။ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ဖြစ်တဲ့လူလည်း နည်းတယ်။ တခြားဟာတွေပါ ကြည့်ရလိမ့်အုံးမယ်။ အတိအကျ မပြောနိုင်သေးပါ။ သွေးအား နည်းသလား။ လည်ပင်ကြီး ဟော်မုနုး အနည်း-အများ၊ နှလုံးခုန်နှုံး၊ စိတ်အခြေအနေ၊ ရာသီ၊ စတာတွေ သိခြင်ပါတယ်။ ပြောပြပါ ရောဂါဆိုး မဟုတ်ဘူးလို့။

နှာမွှန်တာကတော့ တမျိုးဖြစ်ပြန်တယ်။ (အလာဂျီ) သဘော ဖြစ်နိုင်တယ်။ အနံ့၊ အထိအတွေ့ တခုခုကို သူ မကြိုက်ဘူး။ စိတ်က မကြိုက်တာ မဟုတ်ဘူး။ ကိုယ်က-သွေးက မကြိုက်တာ။

ပိန်တာက မျိုးရိုးလည်း ဖြစ်နိုင်သလို၊ ရောဂါနဲ့လည်း ဆက်စပ်နိုင်တယ်။ ထူးပြီး ပိန်လာသလား။ ငယ်ကတည်းကလား။

ဆေးစစ်တာတွေ မလုပ်သေးရင် အသားအရည် ဖြူရော်ရော်နေသလား။ ရင်တုံသလား။ စိတ်တိုသလား။ နှလုံးခုန်တာက တမိနစ် ဘယ်လောက်လဲ။ ကိုယ့်ဖါသာ လက်ကောက်ဝတ်မှာ လက်မ အထက်နားကနေ စမ်းရင် သိပါတယ်။

Body hair တလွဲဆံပင်ကောင်းသူများ

30 Nov 10, 23:39
ကျွန်တော်တို့ လူသားများရဲ့ခန္ဓာကိုယ် အချို့နေရာတွေမှာ အမွေးအမှင် ထူထဲစွာ ပေါက်ရောက်ပေမယ့် အချို့ နေရာ တွေမှာကျတော့ မပေါက်ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။ နောက်ပြီးအချို့ အမွေးတွေဟာ အချို့ပေါက်ပေမယ့် အချို့ လူတွေမှာတော့ မပေါက်ပြန်ဘူး။ ဘယ်လိုအမွေးတွေဟာ လူတိုင်း ပေါက်ရောက်ပြီး ဘယ်အမွေးတွေ မပေါက်ပါသလဲ။ လူတစ်ယောက်မှာ အမွေးအမှင်ဟာ ပဓာနကျပါသလား။

လူတွေမှာ Hair ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး သုံးမျိုး သုံးစားရှိတယ်။ ပါးစပ်-နုတ်ခမ်း၊ လက်ဖဝါး-ခြေဖဝါး၊ နားနောက်၊ ချက်၊ လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေး သုံးမျိုးထဲက တမျိုးမျိုး ပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။ အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာ ပေါက်လာတဲ့ အမွေးတွေကို Body hair လို့ခေါ်သလို Androgens ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့ Androgenic hair လို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မပါ ရှိပေမဲ့ ယောက်ျားတွေမှာ ပိုများတယ်။

ဆံပင်ကလဲ Androgen ကို လိုက်ပြီး များတာ၊ ထူတာရှိတယ်။ မျိုးဗီဇက အထူ-အပါး၊ အနဲ-အများနဲ့ အရောင်၊ အမျိုးအစား ကိုပါ အများကြီး လွှမ်းမိုးတယ်။ အာရပ်တွေ ကုလားတွေက အမွေးလဲများ၊ အမွှေးလဲ ကြိုက်ကြတယ်။ သူတို့ကသာ မွှေးတာ၊ သူများတွေက အတော်မခံနိုင်ဘူး။ ဗမာပြည်ကသုံးတဲ့ မဆလာနဲ့ ကုလားပြည်ကသုံးတာ တူကို မတူဘူး။ ဗမာပြည်က ကုလားဟင်း ကောင်းမှကောင်း။ ဒီမှာ (ဖိုက်စတား) သွားမစားချင်နဲ့။

ဟော်မုန်း များလာတဲ့ အရွယ်ရောက်ချိန်မှာ Pubic hair ဆီးစပ်မွေးက အစဦးဆုံး ပေါက်လာတယ်။ ယောက်ျားလေးတွေဆိုရင် ပိုသိသာတယ်။ မျက်နှာ၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေထောက်၊ လက်မောင်း နေရာတွေမှာပါ များလာတယ်။ အရွယ်ရလာရင် အမွေးတွေ ရင့်-သန်-များ လာတယ်။

အမွေးများတာကို Hirsuitism ခေါ်တယ်။ Institute for Endocrinology and Reproductive Medicine သုတေသနအရ Testosterone androgen ဟော်မုန်း များတာနဲ့ အမွေးများတာ အသေအခြာ ဆက်စပ်မှုရှိတယ်လို့ သိရတယ်။ အမျိုးသမီး တွေမယ် မျက်နှာ၊ ရင်ပတ်၊ ဗိုက်တွေမှာ အမွေးများနေရင် ကျားဟော်မုန်းတွေ လိုတာထက် သိပ်များနေလို့ပါ။ မြေထဲပင်လယ်ဒေသ (ဂရိ၊ အီတလီ) နိုင်ငံသူတွေက တခြားမိန်းမတွေထက် အမွေးများကြတာ ပုံမှန်ပါ။

အမွေးဆိုတာ ကိုယ်အပူချိန်ထိန်းရာမှာ အသုံးကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ထူးခြားမှုလဲ ဖြစ်တယ်။ ဝန်ရိုးစွန်းဒေသမှာ နေတဲ့ အကောင်တွေ ကြည့်ပါလား။ နှုတ်ခမ်းမွေး နဲ့ လိင်အင်္ဂါတဝှိုက်က ဆီးစပ်မွေးတွေကတော့ အာရုံကြောတွေနဲ့ ဆက်စပ်နေလို့ အာရုံခံ အင်္ဂါများသဘော ဆောင်ကြတယ်။ ထိတာ ကလိတာနဲ့ စိတ်ကို တမျိုးတမည် ဖြစ်စေနိုင်တယ်။

ခန္ဓာကိုယ်မွေးဆိုတာ သန္ဓေသားဘဝ ကိုယ်ဝန် ၁ဝ ပါတ်လောက်မှာကတည်းက စခဲ့တယ်။ ၅ လ (၂၂ ပါတ်) အရွယ်ရှိရင် အမွေးအိတ် Hair follicles အရေအတွက် ၅ သန်းရှိနေပြီ။ နောက်ထပ် ဖြစ်မလာတော့ပါ။ ကျား-မ အပေါ်မူတည်ပြီးတော့ ပျက်စီးသွားတာတွေသာ ရှိလိမ့်မယ်။

အမျိုးသမီးတွေမှာ အမွေးများတာနဲ့အတူ ဝက်ခြံပေါက်တာ၊ ရာသီမမှန်တာ၊ ကလေးမရနိုင်တာတွေပါ တွဲနေတတ်တယ်။ ၄ဝ%လောက်မှာ Adrenal gland (အဒြီနယ်) အိတ်ကနေထွက်မဲ့ ကျားဟော်မုန်းများတာက (အင်ဇိုင်း) တမျိုး နည်းနေလို့ ဖြစ်တယ်။ Cortisone နဲနဲပေးကုတယ်။ မျိုးဥအိမ် Ovary ကနေဖြစ်ရတာဆိုရင် Birth control pills ကိုယ်ဝန်တားဆေးပေး ကုနိုင်တယ်။ ဆေးအမျိုးအစား ရွေးဘို့တော့ လိုတယ်။ ဥရောပမှာ Diane or Dianette ဆေးတွေ သုံးတယ်။ Ethinyl estradiol နဲ့ Cyproterone acetate တွေပါတယ်။

မကြာသေးခင်က သိလာရတာတခုကတော့ တချို့လူတွေမှာ ဆီးချိုထိန်းဆေး Insulin ကို ခံနိုင်ရည်ဖြစ်နေလို့ Ovaries မျိုးဥအိမ်၊ Adrenals (အဒြီနယ်)၊ နဲ့ Pancreas သရက်ရွက်တွေ အလုပ် လုပ်တာ ထိခိုက်စေတယ်။ အမွေးများသူတွေကို Androgen ဟော်မုန်း ဆန့်ကျင်ဆေး Spironolactone နဲ့ Aldactone ပေးတတ်တယ်။ Proscar ဆေးက အသစ်ဖြစ်တယ်။ ဒီဆေးတွေပေးရင် သွေးစစ်နေရမယ်။

အမွေးများနေတာ ဘာ့ကြောင့်လဲ။ ဟော်မုန်းများနေတာလား။ အမျိုးသမီးဆိုရင် ဒီဟော်မုန်း များတာက ဘယ်ကနေ လာတာလဲ။ နှစ်နေရာက ဖြစ်နိုင်လို့ Adrenals ကျောက်ကပ်အထက်နားကလား Ovaries မျိုးဥအိမ်ကလား။ လိုအပ်ရင် စနစ်တကျကုပါ။ ၆ လဆိုရင် သိသာပါမယ်။ သတိပြုဘို့က နောက်ဆက် ဖြစ်လာမှာတွေကိုသာ ကာကွယ်နိုင်ပြီး၊ ရှိပြီးသားတော့ ရမှာ မဟုတ်ဘူး။ ၂ နှစ်လောက်ကြာမှ အမွေးဖြစ်စဉ်အရ ရှိထားတာတွေ သက်သာလာပါမယ်။ ရှိပြီးသားတွေအတွက် Electrolysis လျှပ်စစ်နည်း၊ Laser လေဆာနည်းနဲ့ ကုရတယ်။

ချိုင်းမွေး မရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ပတ်မွေး ရှိတာ-များတာကို မကြိုက်သူများပေမဲ့ ထူးပြီးကြိုက်တဲ့သူတွေ ရှိတယ်။ တချို့က Don't go Brazilian ယောက်ျားတွေ အမြဲ ဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူ များတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်း ပြုပြင်တာ ရှောင်ပါ။ တချို့က Bleach အရောင် ဖြော့အောင်ဆေး သုံးတယ်။ ဈေးချိုတဲ့နည်းက Shave ရိတ်ရတာ။ Pluck or wax နည်းက ကုလားမတွေ အများဆုံး သုံးကြရတယ်။ အမျိုးသမီးများ ချိုင်းမွေး နဲနဲပါးပါး ရှိနေတာကို (မော်ဒယ်) မဟုတ်ရင် မရိတ်-မဖြတ်ပါနဲ့။

Hypertrichosis ဆိုတာက ကိုယ်ခန္ဓာမှာ အမွေးတွေ ပုံမှန်မဟုတ်ဘဲ များလွန်းနေတဲ့ အခြေအနေကို ခေါ်တယ်။ မွေးရာပါ ရှိသလို နောက်မှ ဖြစ်တာလဲ ရှိတယ်။ တကိုယ်လုံး များနေတာနဲ့ နေရာသတ်တခုခုမှာ များနေတာဆိုပြီး ၂ မျိုး ရှိတယ်။ အမွေးပေါက်တာကို သက်ရောက်တဲ့ ဟော်မုန်းနဲ့ မဆိုင်တဲ့နေရာတွေ ဥပမာ မျက်နှာလိုနေရာတွေမှာ များနေတာကို ပြောတာပါ။ နုတ်ခမ်းမွေးထားတဲ့ ပဌမဆုံး မြန်မာမင်းသား ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဝင်းဦးက ပါးပေါ်က မှည့်မှာ အမွေးရှည်ကို တသသထားတယ်။

ထူးထူးခြားခြား အမွေးများတဲ့ လူမျိုးက ရှားပြီး လူတွေကို စိတ်ဝင်စားစေတာမို့ ဆပ်ကပ်တွေမှာ သုံးတတ်ကြတယ်။ ဥပမာ Julia Pastrana “မုတ်ဆိပ်မွေးနဲ့ အမျိုးသမီး”၊ သူ့မှာ လက်ဝါးတွေမှာပါ အမွေးတွေ ပေါက်နေတယ်။ သူလို အမေရိကန်မှ မဟုတ်ပါ။ မြန်မာပြည်ကလဲ ဒီနေရာမှာ ကမ္ဘာကျော်ပါတယ်။ အင်္ဂလိပ်လက်ထက်က အင်းဝမှာ နေခဲ့တဲ့ (ရွှေမောင်း) မိသားစုဆိုတာ ရှိတယ်။ သူ့ရဲ့ ကလေး သုံးယောက်ထဲက သမီး (မဖုံး) နဲ့ သူ့သား (ဖိုးဆက်)၊ မြေး (မမဲ) တို့ဟာ Hypertrichosis ရောဂါ ရှိကြတယ်လို့ အိန္ဒိယဘုရင်ခံ John Crawford က မှတ်တမ်း တင်ထားတယ်။ ထိုင်း နိုင်ငံက Krao (1875) ကိုလဲ ထိုင်းလို Ape “လူဝံမ” လို့ ခေါ်ကြတယ်။

Hirsutism ဆိုတာကြတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ပတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ “တလွဲဆံပင်ကောင်းသူတွေ” ပေါ့။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Minoxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေ များလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁ဝဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။ သမိုင်းမှာ Petrus Gonzales မိသားစုက ၁၇ ရာစုမှာ အစောဆုံး မှတ်တမ်းတင် ခံရတယ်။ Fedor Jeftichew ကို Jo-Jo the Russian Dog Faced Boy “ခွေးမျက်နှာနဲ့လူ” လို့ ခေါ်တယ်။ Stephan Bibrowski ကို Lionel the Lion-Faced Man “ခြင်္သေ့မျက်နှာနဲ့လူ” လို့ ခေါ်တယ်။

အမေရိကားက Dime Museum ပြတိုက်မှာ ပြောစမှတ်တခု ရှိတယ်။
“မနေ့ညက ဟို မုတ်ဆိတ်နဲ့ မိန်းမ သေသွားတာ ကြားလား။”
“ကြားတယ်၊ စိတ်မကောင်းစရာ အစစ်ဘဲ။ သူ့မှာ မိန်းမနဲ့ ကလေး သုံးယောက် ကျန်ရစ်တယ်လေ။”

Dr. တင့်ဆွေ
၈-၁၂-၂ဝ၁ဝ

Tuesday, December 7, 2010

Q and A December 2010 (7)

1. ကိုယ်ဝန်ဆောင်တွေ နားထောင်သင့်တဲ့ mp3 လေးတွေ
2. နို့က ထွက်မလာတော့ပါဘူး
3. မိန်းမအင်္ဂါ ဘယ်ဘက်အခြမ်းမှာ
4. ဆေးသောက်ဖို့ မေ့သွားခဲ့ပါတယ်
5. ရာသီလာတာ ၂ လ ကျော်နေပြီ
6. Can we masturbate

2010/12/22
Q: သမီးကိုကျေးဇူးပြုပြီး ကိုယ်ဝန်ဆောင်တွေ နားထောင်သင့်တဲ့ mp3 လေးတွေပို့ ပေးပါနော်။ ကလေးအတွက် သင့်တော်တဲ့ mp3 ကို နားထောင်ချင်လို့ ပါ။

A: အသံဖိုင်၊ ဗီဒီယိုဖိုင်က အင်္ဂလိပ်လိုတော့ များသလား မမေးနဲ့။ အင်တာနက်မှာ ရိုက်ရှာရင် ရတယ်။ မြန်မာလိုတော့ ဆရာ မသိပါ။ အခုစာဖတ်ရမှ အကြံရသလိုတော့ ဖြစ်လာပြီ။ အချိန်ရတဲ့အခါ လုပ်ကြည့်အုံးမယ်။ ကျေးဇူးဘဲ။
စာနဲ့ရေးထားတာ ဆရာ့ ဆိုဒ်ထဲမှာ ရှိနေပါတယ်။ ကလေးတွေအတွက် သိပ်မရေးရသေးဘူး။

2010/12/22
Q: ကျွန်မ မီးဖွားပြီးတာ တလခွဲပဲ ရှိပါသေးတယ်။ ကလေးမွေးပြီး ပထမ ၂ ပါတ်မှာ နို့တွေ ထွက်ပါတယ်။ ကလေးက အမေနို့သီးခေါင်းကို မသောက်တာနဲ့ ညစ်ညစ်ပြီးတိုက်ပါတယ်။ နောက်ရက်တွေကျ အိပ်ရေးပျက်တာ မခံနိုင်တော့လို့ နို့မှုန့် ဖျော်တိုက်တာ ၂ ပါတ်လောက်ရှိသွားပါတယ်။ အဲဒီကျမှ နို့ပြန်ညစ်တိုက်တော့ နို့က ထွက်မလာတော့ပါဘူး။ တနေကုန် ညစ်တော့မှ ၁ မှတ်လောက်ပဲ ထွက်ပါတယ်။ နို့အုံထဲမှာလဲ နို့မရှိတော့ပါဘူး။ နို့ပြန်လိုက်အောင် ဘယ်လိုလုပ်ရပါမလဲ။

A: နို့ထွက်စေဘို့၊ ဟော်မုန်းရယ်၊ ကလေးစို့တာရယ်၊ အစာအာဟာရရယ် လိုတယ်။
ဆက်ကြိုးစားပြီး ကလေးကို အစို့ခိုင်းပါ။
Domperidone ဆေးကိုလဲ သုံးနိုင်တယ်။ အအန်ရပ်ဆေးဘဲ။
နောက်တနည်းက နို့စုပ်ကရိယာ Brest sucker/pump နဲ့ စုပ်ပေးနိုင်တယ်။
ဘယ်မှာနေလဲ မသိဘူး။ ဗမာတွေ အရပ်သုံးနည်းတွေလဲ လက်လှမ်းမီရင် လုပ်ပါ။ ကြောင်ပန်းရွက်၊ ဒန့်သလွန်ရွက်၊ နွားမြီးစွပ်ပြုတ် စတာတွေ လုပ်တာ အကျိုးမယုတ်စေနိုင်ပါ။

22 Dec 10, 04:27
Q: ဆရာရေ နားနဲ့မနာ ဖဝါးနဲ့နာပါ။ ကျမ မိန်းမအင်္ဂါ ဘယ်ဘက်အခြမ်းမှာ မွေးကျွတ်နာလိုမျိုး အဖုပေါက်နေတာ ၂ ရက် ရှိပါပြီရှင့်။ အဖုက ပိုကြီးလာတယ်။ မြန်မာဆေးတော့ လိမ်းထားပါတယ်။ သက်သာအောင် ဘယ်လို လုပ်ရမလဲရှင်။

A: အမျိုးသမီးတိုင်း Vagina (ဗဂျိုင်းနား) အဝမှာ တဖက်တချက်စီမယ် (ဘာသိုလင်) ဆိုတဲ့ အကြိတ်ရှိကြတယ်။ သူကနေ အရည်တမျိုး ထုတ်ပေးနေတာပါ။ ပုံမှန်ဆိုရင် စမ်း-ကြည့် မတွေ့နိုင်ဘူး။ ကြီးလာမှ ဒါမှမဟုတ်ရင် Bartholin's abscess အနာပြည်တည်လာမှ သိသာလာမယ်။ နာလာမယ်။
မနာဘဲ ကြီးတာသက်သက်ဆိုရင် Bartholin's cyst ဖြစ်မယ်။ Surgical excision ခွဲစိတ်ထုတ်ရတယ်။ ပြည်တည်လို့ နာတယ်ဆိုရင် Incision and drainage အနာခွဲသလိုမခွဲခင် Antibiotics ပိုးသေတဲ့ဆေး သောက်ရမယ်။ ဆေးက Cloxacillin 500 mg တနေ့ ၂ ကြိမ် နဲ့ အနာသက်သာဆေး Paracetamol/Ibuprofen တခုခု သောက်ရမယ်။ တခြားဆေးတွေ မလိမ်းတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အနာကိုခွဲရရင် ဒါတွေ ဆေးနေရမှာမို့ပါ။ အနာမှန်သမျှ ပူတာ လိမ်း-ကပ်ပေးရင် သက်သာပေမဲ့ ဖြစ်တဲ့နေရာက အပူမခံနိုင်ဘူး မဟုတ်လား။ Cyst ဆိုရင်တော့ ဆေးနဲ့မရပါ။

2010/12/22
Q: ကျွန်မ မမျှော်လင့်ဘဲ ချစ်ခဲ့မိတာကို စိတ်ပူနေမိတဲ့အတွက် ဒီလရဲ့  ၁၅ ရက်နေ့ကနေစပြီးတော့ Family planning pill ကို သောက်နေခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ၂၁-၁၂-၂ဝ၁ဝ မှာ ဒေါက်တာ့ အဖြေကြောင့် စိတ်ချသွားတဲ့ အတွက်ကြောင့်ရော အလုပ်အရမ်းများသွားခဲ့တဲ့ အတွက်ကြောင့်ရော ပုံမှန်ဆေး သောက်နေတဲ့အချိန် နေ့လည် ၁း၃ဝ မှာ ဆေးသောက်ဖို့ မေ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မ ဆေးဆက်သောက်တာကို ဘယ်လို ဆက်လုပ်ရမလဲ။

A: တနေ့ ၁ လုံး သောက်ရမဲ့ဆေးကို မေ့သွားရင်လဲ ဆက်သောက်ပါ။ နောင်ကို မနက်ခင်း သောက်တဲ့အလေ့ လုပ်ထားပါ။ တကယ်လို့ မနက်မှာ မေ့နေရင် နေ့ခင်-ညနေ သတိရတော့ ပြန်သောက်နိုင်တာပေါ့။ ဒီဆေးမျိုးက ဆေးရပ်လိုက်ရင် သွေးပြန်ဆင်းတယ်။ ရက်မမှန်တာမျိုး ဖြစ်စေတယ်။

December 22, 2010 9:06 AM
Q: ဆရာရှင့် တခုလောက်မေးခွင့်ပြုပါ။ သမီးမှာ ရာသီလာတာ ၂ လ ကျော်နေပြီ။ လုံးဝမရပ်သေးလို့ OG အထူးကုနဲ့လဲ ပြပြီး မသက်သာဘူး။ နည်းပဲနည်းသွားတယ်။ သူကသောက်ခိုင်းတာ Primolut-N ကိုသောက်ခိုင်းလို့ သောက်တာ ၄ ကဒ် ရှိသွားပြီ။ လုံးဝမရပ်ပဲ နည်းပဲနည်းသွားတယ်။ Ultrasound လဲရိုက်ပြီးပြီ။ ဘာမှမရှိဘူးတဲ့။ အဲဒါ သမီးဘာဆက်လုပ်ရမလဲ။ လမ်းညွှန်ပေးပါအုံး။ သူများတွေကတော့ပြောတယ် မတဲ့တဲ့ဆေး သောက်မိလို့တဲ့။ သမီး ဝချင်လို့ တားဆေးတော့ သောက်မိတယ်။

A: အသက်၊ အိမ်ထောင်ရေး၊ အိမ်ထောင်ရှိရင် ကလေး၊ တခြားခံစားရတာရှိရင် စတာတွေ ပြောပါအုံး။ အခုဆင်းနေတာ အရင်လက ထိန်သလား။
Q: အသက်က ၂၄ ပါ။ အပျိုပါ။ လတိုင်းလာရင် ၆ ရက် ပုံမှန်လာပါတယ်။ လာရင်လဲ များတယ်။ ပုံမှန်လာနေကျတခါမှ ထိန်တာ မရှိပါဘူး။ ခုမှ ၂ လကျော်ဖြစ်နေတာ။ နဲနဲဝမ်းနည်းတာတို့ စိတ်ညစ်တာတို့ ရှိရင်ပိုလာတယ်။

A: တားဆေးကြောင့် ဖြစ်တာပါ။
• Primolut N Tablets ဆေးက Norethisterone မ-ဟော်မုန်းဖြစ်တယ်။ သားအိမ်-အတွင်းနံရံအလွှာကို ပြုပြင်ပေးတယ်။ Dysfunctional bleeding ရာသီအပိုဆင်းနေသူကိုလဲ ပေးပါတယ်။ ဆေးကို ရပ်လိုက်တာနဲ့ ၂-၄ ရက်အတွင်း ရာသီလို သွေးဆင်းစေတယ်။ ဆေးသောက်နေတုံး ကိုယ်အပူချိန် နဲနဲလေး တက်တတ်တယ်။
• တားဆေးက တယောက်နဲ့ တယောက်မှာ သက်ရောက်တာ မတူပါ။ ဒီဆေးမျိုး မသောက်ပါနဲ့တော့။ အမှန်က တားဆေး သောက်နေချိန်မှာ ရာသီမဆင်းဘဲ ရပ်လိုက်မှ ဆင်းတယ်။ ခဏခဏ ရာသီရက် မမှန်သူတွေကို အပျိုဖြစ်ဖြစ် ပေးလို့ရတယ်။
• ဆေးသတ္တိကုန်တာနဲ့ သွေးဆင်းတာ ရပ်ပါလိမ့်မယ်။ စိတ်မပူပါနဲ့။
• တခြား သွေးဆင်းများတတ်တဲ့ အလေ့အထ ရှိသေးလား။ နှာခေါင်းသွေး-သွားဖုံးသွေး ယိုတာမျိုး။
• လိုလိုမယ်မယ် ဗီတာမင် စီ ၅ဝဝ မီလီကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်ပါ။
• တလမှာ ရာသီ ၆ ရက်ဆင်းတတ်သူမို့ သွေးအားနည်းနေနိုင်တယ်။ Iron supplement သံဓါတ်ဆေး အမြဲသောက်ပါ။ အမျိုးသမီးတွေ Folic acid နဲ့ Zinc တွေလဲ လိုတယ်။ ဒီ ၃ မျိုးတွဲထုတ်တဲ့ သွေးအားကောင်းဆေးလဲ ဝယ်လို့ရမှာပါ။
• ဝချင်ရင် တခြားနည်းတွေ ရှိပါတယ်။ ဆရာရေးတာလေးတွေ ဖတ်ဖြစ်မယ် ထင်ပါတယ်။

22 Dec 10, 10:58
Q: Can we masturbate during pregnancy?

A: Yes you can.

Monday, December 6, 2010

Q and A December 2010 (6)

1. ဓမ္မတာ လာနေရင် ကိုယ်ဝန်မရှိဘူးလား
2. ကိုယ်ဝန် ၂ လရှိပါပြီ အရမ်းအန်ချင်ပြီး
3. သမီးရဲ့ ကလေးပါ ယားနာတွေ ပေါက်နေပါတယ်
4. အသားတွေယား ယားနေပါတယ်ရှင်
5. Ibuprofen ကလဲ တခါသောက် ဘက်လောက် mg သောက်ရမလဲ
6. Aspirin 80 mg ကို တနေ့ ၃ကြိမ်သောက်တာ
7. အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီး
8. သစ်သီးတွေကို စားရင်ရော ဗိုက်တာမင်အေ ပြည့်နိုင်ပါသလား
9. ဘီပိုးရှိတဲ့သူဟာ ဘယ်လိုအစားအသောက်တွေကို

2010/12/16
Q 1: မိန်ခလေး တစ်ယောက် ကိုယ်ဝန် နှစ်လလောက်ရပြီဆိုရင် ဘာလက္ခဏာတွေ ပေါ်လာသလဲ ပြီးတော့ အဲဒီ မိန်ခလေးက ဓမ္မတာ မလာတော့ဘူးဆို ဟုတ်လားဆရာ။ ဓမ္မတာ လာနေရင် ကိုယ်ဝန်မရှိဘူးလားဆရာ။ သိချင်လို့ဖြေပေးပါဆရာ။

Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ဓမ္မတာလာနေရင် ကိုယ်ဝန်မဟုတ်ပါ။ ဒါပေမဲ့ ဓမ္မတာ ဟုတ်ရဲ့လား သေခြာပါစေ။ ကိုယ်ဝန်ပျက်လို့ သွေးဆင်းတာလဲ ရှိနိုင်တယ်။ ကိုယ်ဝန်ဆောင် ၇ဝ-၈၅% တို့မှာဖြစ်တတ်။ ရာသီမဆင်းတော့ပါ။ ဖြစ်တာတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားနာခြင်း၊ ထမင်းစားပျက်ခြင်း၊ ထူထူးခြားခြား တမျိုးမျိုးကို စားချင်စိတ်ဖြစ်တတ်တယ်။ အစာအိမ်ပြဿနာပေးနိုင်တယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ တချို့မှာ သွေးနဲနဲ ဆင်းမယ်၊ ရာသီလာတာ မဟုတ်ပါ။ အရင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးမယ်။ အနေအထိုင် ခက်ခဲမယ်။ အရေပြား ပြောင်းလဲမှုများရှိမယ်။ သွင်ပြင် လက္ခဏာတွေနဲ့ စိတ်ပိုင်း ဆိုင်ရာလည်း ပြောင်းလာတယ်။ တချို့မှာ အကြီးအကျယ် ပျို့-အန်တာဖြစ်တယ်။ ဆေးကုယူရမယ်။

ကိုယ်ဝန်ကို နုသေးရင် Urine for pregnancy test ဆီးစစ်မှရတယ်။ ၁၂ ပါတ် (၃ လ) မရှိသေးဘဲ ဗိုက်ကနေ စမ်းမတွေ့နိုင်သေးပါ။ Vaginal exam မွေးလမ်းထဲ လက်ထည့်စစ်ဆေးခြင်း လုပ်ရင် ၂ လလောက် ရှိကတည်းက သိနိုင်တယ်။ Ultrasound နဲ့ ရှိ-မရှိ သေခြာစေနိုင်တယ်။

2010/12/18
Q 2: သမီးအခုကိုယ်ဝန် ၂ လရှိပါပြီ အရမ်းအန်ချင်ပြီး တချိန်လုံးအိပ်ချင်နေပါတယ်။ အစာလဲမစားချင်ဘူး ပြီးတော့ဆရာ သမီးရဲ့အိမ်မှာ ပါပီလေးတစ်ကောင် ရှိပါတယ်။ ဆိုးကျိုးတွေဖြစ်နိုင်လား။ ဘာတွေ ဘယ်လိုနေရမယ်ဆိုတာ အကြံပြုပါအုံးနော်။

A: "ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း" ကို ဖတ်ပါ။ အိမ်မွေး အကောင်တွေနဲ့ ကိုယ်နဲ့ တည့်ရင် ကိုယ်ဝန်ကို ဘာမှမဖြစ်စေနိုင်ပါ။ တည့်တယ်ဆိုတာ Allergy (အလာဂျီ) မရတာကို ပြောတာ။

2010/12/15 tha zin
Q 3: ဆရာရှင့် သမီးအသားတွေယားတာ မပျောက်သေးပါဘုးရှင်။ ဆရာပေးတဲ့ Calamine lotion လိမ်းပါတယ်။ Citrizine ဆေးလဲ သောက်ပါတယ်။ အခုထက်ထိ မပျောက်သေးပါဘူးရှင်။ သမီးအသက်က 38 ပါ။ သမီးရဲ့ ကလေးပါ ယားနာတွေ ပေါက်နေပါတယ်။ သမီးအမျိုးသားပါ ယားနာတွေလိုပေါက်နေပါတယ်။ အဖုလေးတွေက တော်တော် ကုတ်လို့လဲ ကောင်းပါတယ်။ ညဘက်ဆို ပိုယားပါတယ်။ လက်ကြားတွေမှာပါ အဖုလေးတွေ ခလေးရော သမီးပါ ပေါက်လာပါတယ်။ သမီးကို ဆောင်ရန် ရှောင်ရန်နဲ့ သောက်ရမဲ့ဆေးတွေပါ ပေးပါ။ ယားလို့ကုတ်ပြီး ဆေးလူးရင် သက်သာပါတယ်။ နောက်နေ့ ပြန်ယားပါတယ်။ ဖြစ်နေတာ 3 ပတ်လောက်ရှိနေပါပြီ။ ဆရာဝန်သွားပြတော့ လိုးရှင်း ပေးပါတယ်။ သောက်ဆေးတွေ ပေးပါတယ်။ ဒါပေမဲ့ သောက်ဆေးက အစာအိမ်အတွက် ထိမှာစိုးလို့ အစာအိမ်အတွက် ဆေးပါ သောက်ရမယ်ဆိုလို့ သမီး မသောက်ပါဘူး။ (လိုးရှင်း) တော့ လူးပါတယ်။ Gentalic lotion ပါ သက်သာသလိုနဲ့ မပျောက်ပါဘူး။

A: ယားနာ ဖြစ်နေရင်တော့ စောစောကဆေးတွေနဲ့ မရပါ။ Sacbies ယားနာအတွက် ဝယ်ရမဲ့ဆေး တနေရာနဲ့တနေရာ မတူဘူး။
• Benzyl benzoate ဆေးရည်က ယားနာ (ဝဲ) နဲ့ သန်း ပျောက်တယ်။ ကလေးလဲလိမ်းနိုင်တယ်။ ပါးစပ်ထဲ မဝင်စေနဲ့။ ဆေးလိမ်းပြီး ဝတ်တဲ့ အဝတ်အစား တည၊ ဒါမှမဟုတ် တရက် မချွတ်ဘဲနေပါ။ နောက် ရေချိုးပါ။ ပျောက်တဲ့အထိ ထပ်လိမ်းပါ။
• Permethrin (Elimite) လိမ်းဆေး နေရာအနှံ့လိမ်းပါ။ မနက်လင်းရင်ရေချိုးပါ။ ကလေး ၂ လသားကနေ စသုံးနိုင်တယ်။
• 1% lotion of Lindane လိမ်းဆေး လိမ်းပါ။ ကိုယ်ဝန်ဆောင် မသုံးရပါ။ အသက် ၂ နှစ်အထက် သုံးနိုင်တယ်။
• Crotamiton lotion 10% and cream 10% (Eurax, Crotan) လိမ်းဆေး ကလေးမဟုတ်ရင် သုံးနိုင်တယ်။

24 Nov 10, 20:46
Q 4: ကျွန်မ အသားတွေယား ယားနေပါတယ်ရှင်။ လေအေး ထိရင်ပိုယားပါတယ်။ မကုတ်ရင် အဖုမတွေ့ရဘူး။ ကုတ်မှ အဖုလေးတွေထွက်လာပါတယ်။ ကုတ်မိရင် ပိုယားလို့မဆုံးတော့ပါဘူး။ ပခုံးမှ ပေါင်အထိ ယားပါတယ်။

A: ဖြစ်တဲ့သူ အသက်။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးသောက်နေလဲ။ သက်သာလား။

(အလာဂျီ) ဖြစ်တာပါ။ မတည့်တာပေါ့။ မတည့်တယ်ဆိုတာ ရာသီဥတု၊ အစားအသောက်၊ အနံ့အသက်၊ ဆေးဝါးတွေကနေ ဖြစ်စေတတ်တယ်။ တယောက်နဲ့ တယောက် မတူကြဘူး။

ဖြစ်ရင် ယားမယ်။ အနီပြင်ထွက်မယ်။ ဒိထက်ဆိုးသူတွေမှာ ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာမယ်။ ဂဏာမငြိမ်ဖြစ်မယ်။ စိတ်ရှုတ်လာမယ်။ အသက်ရှူတာ၊ နှလုံးခုန်တာ ပြောင်းလာမယ်။ သတိချို့ယွင်းလာမယ်။ အဆိုးဆုံးက (ရှော့ခ်)ရမယ်။ ယားတဲ့အဆင့်ဆိုရင် စားဆေးနဲ့ရတယ်။ (အင်တီဟစ်တမင်း) Antihistamine (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) ဆေး တခုခု သောက်ရတယ်။ နာမည်တွေ အမျိုးမျိုးနဲ့ လာမယ်။

Hydroxyzine 25 mg တနေ့ ၃-၄ ကြိမ်သောက်နိုင်တယ်။ စိတ်ငြိမ်စေချင်ရင်၊ အိပ်စေချင်ရင် 50 to 100 mg တနေ့ ၄ ကြိမ်အထိ သောက်ပါ။ ဘေးထွက်ဆိုးကျိုးတွေက ခေါင်မူး၊ အိပ်ချင်၊ မျက်စိဝါး၊ အာခေါင်ခြောက်၊ ခေါင်းကိုက်၊ မျက်လုံး-မေး-လျှာ-လည်ပင်း ကြွက်သားတွေ လှုတ်ခြင်း၊ လက်တုံ၊ စိတ်မရှင်း၊ တက်ခြင်း။

Cetirizine ဆေးကို အများဆုံး သုံးတယ်။ (အလာဂျီ) ရရင် ကိုယ်ထဲက အလိုလိုထွက်လာတဲ့ Histamine ကြောင့် လူဟာ နှာခြေ၊ ယားယံ၊ မျက်ရည်ယို၊ နှာရည်ယို၊ ဖြစ်မယ်။ အအေးမိ လက္ခဏာတွေပါဘဲ။ တချို့မှာ အနီပြင်တွေ ထွက်မယ်။ ဒီဆေး သောက်ရင် ကားမမောင်းသင့်ဘူး တွေးတောတာကို ထိခိုက်တယ်။ အရက် ရှောင်ရမယ်။

FDA က ကိုယ်ဝန်ဆောင်တွေအတွက် pregnancy category B သတ်မှတ်တယ်။ ကလေးကိုမထိခိုက်ပါ။ နို့တိုက်နေရင်လဲ နို့ထဲပါစေမယ်။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေးသောက်နိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေက နှလုံးခုန် မြန်စေတယ်။ အားယုတ်တယ်၊ အအိပ်ပျက်တတ်တယ်။ စိတ်လှုတ်ရှားမှု ပိုတယ်။ စိတ်မရှင်းဖြစ်မယ်၊ မျက်စိကြည့်တာကို သက်ရောက်တယ်။ ဆီးသွား နည်းစေတယ်။ အာခေါင်ခြောက်တယ်။ ဝမ်းချုပ်တတ်တယ်။

ယားတဲ့နေရာကို Calamine lotion လိမ်းနိုင်တယ်။ တော်တော့ဟာကို ဆေးမသောက်ဘဲ သက်သာစေနိုင်တယ်။

2010/12/2
Q 5: ဆရာရှင့် နံနက်အိပ်ရာထလျှင် လက်ချောင်းများ တင်းပြီး ကွေးမရပါ။ အဆစ်နေရာက ပူနေပါသည်။ သက်သာရန် မည်သည့် ဆေးများသောက်ရမည်နည်း။ ESR 53 ဖြစ်နေလို့။ လက်ဆစ်ရောင် တာကျချင်လို့။ Ibuprofen ကလဲ တခါသောက် ဘက်လောက် mg သောက်ရမလဲ။

A: Ibuprofen ကလဲ တခါသောက် ၁ ပြား၊ အစာနဲ့နီးသောက်။ တနေ့ ၃-၄ ကြိမ်သောက်ရတယ်။ တချို့ရောဂါတွေက ဒိထက်ပြင်းတဲ့ဆေးလဲ ပေးရတယ်။ ဘာအတွက် မေးတာလဲ မသိတော့ ခက်နေတယ်။ လူကြီးအတွက် အများဆုံး Ibuprofen တခါသောက် 800 milligrams တနေ့ ၄ ကြိမ်၊ စုစုပေါင်း တနေ့ 3200 mg per day

2010/11/30
Q 6: Aspirin 80 mg ကို တနေ့ ၃ကြိမ်သောက်တာ အရောင်မကျသေးပါ။ Ibuprofen ပြောင်းသောက်ရမလား။ ဘယ်လောက် mg သောက်ရမလဲ။ တနေ့ ဘယ်နှစ်ကြိမ် သောက်နိုင်ပါသလဲ။ Aspirin က အဆစ်ရောင် ကျစေပါသလား။

A: Aspirin က သတ္တိ သုံးမျိုး ရှိတယ်။ ၁။ ကိုယ်ပူတာ ကျစေတယ်။ ၂။ ရောင်နေတာ လျော့စေတယ်။ ၃။ နာတာ-ကိုက်တာ သက်သာစေတယ်။

Aspirin dosage for Aches and Fever ကိုယ်ပူ၊ ကိုက်ခဲ၊ နာကျင်၊ အဆစ်နာ၊ = လူကြီး 300-1000 mg တနေ့ ၄ ကြိမ်။ အတိုး-အလျော့ လုပ်နိုင်သည်။
Aspirin dosage for Heart Health နှလုံးရောဂါအတွက် = တနေ့ 75 mg daily မှ 325 mg အထိပေးသည်။
Aspirin dosage for Acute MI ရက်တို နှလုံး-အဆို့ရှင် မကောင်းသည့်ရောဂါ = တနေ့ 160 မှ 325 mg daily ရက် ၃ဝ ဆက်တိုက်သောက်ပါ။ လိုအပ်လျင် နောက်ထပ် ရက် ၃ဝ ဆက်သောက်ပါ။
Aspirin dosage for Anticoagulant သွေးမခဲစေလိုခြင်း = တနေ့ 75mg

2010/12/17
Q 7 A: ကျမ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီး ၁နာရီအတွင်းမှာပဲ Ecee-2 ၁ လုံးသောက်လိုက်တယ်၊ ၁၂ ခြားမှာ
နောက်တလုံး ပြန်သောက်ဖို့ မေ့သွားခဲ့တယ်။ ကိုယ်ဝန်ရနိုင်လားဆိုတာ သိချင်လို့ပါ။
Q 7 B: နောက်တစ်ကဒ် ecee-2 ထပ်ဝယ်ပြီး ၇၂ နာရီအတွင်းမှာပဲ ဆိုရင် နောက် ၂ လုံး သောက်လို့ ရသေးလား။

A: အတိအကျ ပြောမရပါ။ ဆီးစစ်ကြည့်လိုက်ပါ။
ရပါတယ်။ သွေးဆင်းတာ ပုံမမှန်ဖြစ်နိုင်တယ်။

18 Dec 10, 04:43
Q 8: ချက်ပြုတ်ရေး အခက်အခဲကြောင့် ဟင်းသီးဟင်းရွက် စားဖို့ အဆင်မပြေရင် သစ်သီးတွေကို စားရင်ရော ဗိုက်တာမင်အေ ပြည့်နိုင်ပါသလားခင်ဗျာ။ သက်သတ်လွတ်ကို အာဟာရပြည့်အောင် ဘယ်လိုစားရပါမလဲ။
A: သက်သတ်လွတ်အကြောင်း သပ်သပ် ရေးပါမယ်။ အရောင်ပါတဲ့ အသီးတွေမှာ ဗီတာမင် အေ ပါတယ်။ သင်္ဘောသီး၊ ကြက်ဥ အဝါမှာလဲပါတယ်။ မုံလာဥဝါကို ရေဆေးပြီး အစိမ်းစားနိုင်တယ်။

20 Dec 10, 20:34
Q 9: ဘီပိုးရှိတဲ့သူဟာ ဒိန်ချဉ်သောက်လို့ အဆင်ပြေပါသလား။ ဘီပိုးရှိတဲ့သူဟာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်ရပါသလဲ။ ကျွန်တော့်မှာ အဲဒီဝေဒနာ ခံစားနေရလို့ပါ။

အသဲမှာ ရောဂါဖြစ်ရင် ဆီ-အဆီ ကို အစာကောင်းကောင်း မခြေနိုင်လို့ လျှော့စားစေတယ်။ အဆိပ်အတောက်တွေလဲ ခြေဖျက်တာ အားနည်းနေလို့ ပြင်းတဲ့ဆေး၊ အစားနဲ့ အသောက်တွေ ရှောင်ခိုင်းတယ်။ နွားနို့လုပ်တဲ့ ဒိန်က ပြဿနာမရှိပါ။
ဘီပိုးတွေ့ထားယုံနဲ့တော့ အသဲမကောင်းတော့ဘူး မဟုတ်သေးပါ။
• ရေအများကြီး သောက်ပါ။ အရည် အများကြီး သောက်ပါ။
• Acetaminophen ဆေးရှောင်ပါ။ ဆေးနာမယ်တွေ အမျိုးမျိုးရှိတာ သိပါ။
• တခြား ဆေးတွေ သောက်ရင် Side-effects ဘေးထွက်ဆိုးကျိုးကို အရင်ဖတ်ပါ။ အသဲကို ထိခိုက်စေမယ်လို့ ပါရင် မသောက်ပါနဲ့။
• အရက်ရှောင်ပါ။ ဖြတ်ပါ။
• အာဟာရ ပြည့်ဝအောင် စားပါ။
o Balanced diet မျှတတဲ့အစာ ဖြစ်ရမယ်။
o အတော်များများက စားချင်စိတ် ကဲနေတတ်တယ်။ အဲလိုဖြစ်ရင် စိတ်အလို သိပ်မလိုက်ပါနဲ့။
o ကိုယ်လုပ်တဲ့ အလုပ်နဲ့ စားတာ မျှတပါစေ။
o အသီးအရွက်၊ အသီးအနှံတွေ စားလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ် ဖြစ်ပါစေ။ ပြုပြင်-စီမံတာတွေက စိတ်မချရတတ်ပါ။
• လေ့ကျင့်ခန်းလုပ်တာ မလွန်စေပါနဲ့။
• Liver tonic, Liver Extract ခေါ်တဲ့ အသဲအားဆေးတွေ အမျိုးမျိုးတော့ ရှိတယ်။
o အများဆုံးက ရိုးရာဆေး၊ အာယုဗေဒဆေး၊ ဟိုမီယိုပက်သစ်ဆေး၊ ဟာဗယ်ဆေးတွေ ဖြစ်တယ်။
o အိန္ဒိယမှာ ဈေးချိုချိုနဲ့ သုံးနိုင်တာက Liv-52 ဆေးဖြစ်တယ်။ Herbal နဲ့ Ayurvedic ဆေးဖြစ်တယ်။
o အရင်က ဗမာပြည်မှာ Tiovit ဆိုပြီး ထုတ်တာက အသဲအတွက်ကောင်းတဲ့ ဗီတာမင်တွေ ပါတယ်။

Dysuria ဆီးခဏခဏအောင့်လို့ပါရှင်

December 06, 2010 10:33 AM
ကျွန်မက မြန်မာပြည်မှာ မဟုတ်ပါဘူး။ အသက် ၃၁ နှစ် ထဲမှာပါ။ အိမ်ထောင်ကျတာ ၄ နှစ် ရှိပါတယ်။ ဒီဝေဒနာကို အိမ်ထောင် မကျခင်ကတည်းက ခံစားရတာပါ။ ခဏခဏ ဆီးကျင်ပါတယ်။ အဲ့လို ဖြစ်ရင် ဆီးစပ်ကလဲ အောင့်ပါတယ်။

ဆောင့်ကြောင့် ထိုင်မိလို့ ချက်ချင်း ပြန်ထရင် ဆီးစပ်က မခံမရပ်နိုင်အောင် အောင့်ပါတယ်။ ဆီးသွားတဲ့အခါလဲ အင်္ဂါစပ်က လိုလို အထဲကလိုလို ပူသလိုလို စူးသလိုလို ဘယ်လိုကြီးမှန်းကို မသိပါဘူး ခံစားရပါတယ်။ အလုပ်ကနေလဲ ခွင့် ခဏခဏ ယူရပါတယ်။ ဆေးခန်း သွားပြတိုင်း သူတို့က ပိုးဝင်တယ်လို့ ပြောပါတယ်။ Antibiotic တွေ သောက်ရပါတယ်။ သက်သာတဲ့အခါ ရှိသလို မသက်သာတဲ့ အခါလဲ ရှိပါတယ်။ နေပူထဲ သွားရင်လဲ ဆီးကျင်ပါတယ်။ ရေလဲ သူများထက်ကို ပိုသောက်ပါတယ်။ ရေသောက်တာ များလွန်းလို့ လူကလဲ ဝနေပါတယ်။ ညညဆိုလဲ ရေသောက်ပြီးမှ အိပ်ရပါတယ်။ တကယ်လို့ ညဘက်တွေ ဆီးထထ မသွားရင် မနက်နိုးလာရင် ဆီးကျင်ပါတယ်။ အဲ့လို ဆီးသွားပြီးတိုင်းလဲ ရေပြန်သောက် ရပါတယ်။ တစ်ညကို ၂ ခါ ၃ ခါ ထပြီး ဆီးသွားရပါတယ်။ ဆီးကျင်တဲ့ အခါမျိုးမှာ ကျွန်မ အတွင်းခံတောင် မဝတ်နိုင်ပါဘူး။ လူကလဲ အရမ်းကို မောပြီး နုံးပါတယ်။

အမျိုးသားနဲ့ ဆက်ဆံတဲ့ အခါမှာလဲ အခါတိုင်းနီးပါးလိုလို ဆက်ဆံပြီးတိုင်း ဆီးကျင်ခြင်းကို ခံစားရပါတယ်။ တစ်ခါတစ်ခါ အမျိုးသားနဲ့ မဆက်ဆံဖြစ်တာ တော်တော်ကို ကြာသွားတတ်ပါတယ်။ တစ်ပတ်မှာ တစ်ခါတောင် မနေဖြစ်ပါဘူး။ တစ်ခါ တစ်ခါ လနဲ့ချီပါတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေလို့  အမျိုးသားလဲ ကျွန်မ အပေါ်မှာ စိတ်ပျက်သွားမှာ စိုးမိပါတယ်။ ဒီလို ဝေဒနာ ခံစားရတဲ့ အချိန်ဆိုရင် အရမ်းကို ငိုရပါတယ်။ နာကျင်လွန်း သေချင်လောက်တဲ့ထိကို ခံစားရလွန်းလို့ ပါ။ နောက်ပြီး ကျွန်မရဲ့ မိန်းမကိုယ်ကလဲ မကြာခဏ ယားပါတယ်။ မခံမရပ်နိုင်အောင် ယားခြင်းမျိုးလဲ ရှိပါတယ်။ အမြဲတမ်း သန့်စင်ရည် နဲ့လဲ ဆေးပါတယ်။ တစ်ခါ တစ်ရံ အနံ့ဆိုးတဲ့ အရည်ကြည်လိုမျိုးလဲ ဆင်းပါတယ်။ ခုလို ဝေဒနာများကို နှစ်နဲ့ချီပြီး ခံစား နေရပါတယ်။ ဆေးခန်းသွားလဲ ခဏသာ သက်သာပြီး ပြန်ပြန် ဖြစ်ပါတယ်။ အနည်းဆုံး တစ်လမှာ သုံးကြိမ်လောက် ခံစားရပါတယ်။ ဒါကြောင့် ဘယ်လို ဝေဒနာမျိုး ခံစားနေရတယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးစေလိုပါတယ်။

အဖြူဆင်းတာကို သပ်သပ်ရေးထားတာ ပါးလိုက်ပါမယ်။ Vaginal discharge (Leucorrhoea) မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

ဆီးလမ်းပိုးဝင်တာဟာ အမျိုးသမီးတိုင်း တခါမဟုတ် တခါ ဖြစ်ကြရတယ်။ အပျိုလေးတွေရော၊ အိမ်ထောင်ကျခါစ၊ ဒါမှမဟုတ် လိင်ဆက်ဆံဘူးခါစ၊ ကလေးအမေတွေ အားလုံး ဖြစ်တတ်တယ်။ အိမ်ထောင်ကျခါစ ဖြစ်တာကို Honeymoon sickness လို့တောင် ခေါ်တယ်။

ထိပ်ဖျားက စရရင် Urethritis ဆီးလမ်းဝပြွန်ရောင်တာ၊ ဆီးအိမ်ကနေ အပြင်ထွက်စေတဲ့ပြွန် ဖြစ်တယ်။ အမျိုးသားတွေက ရှည်ပြီး၊ အမျိုးသမီးတွေမှာ တိုတယ်။ ဒါ့ကြောင့် အပြင်ကနေပိုးက ပိုပြီးလွယ်လွယ်နဲ့ ဝင်လာစေနိုင်တယ်။ STD လိင်ကတဆင့် ကူးစက်ပိုးတွေ အပါအဝင် တခြား ပိုးတွေလည်း ဖြစ်နိုင်တယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ ဗိုင်းရပ်စ် စုံတယ်။ စအိုနဲ့ နီးလို့ အစာလမ်းကပိုး ဆီးလမ်းကို ဝင်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ယောက်ျားတွေမှာ အဖြစ်နည်းတယ်။ အမျိုးသမီး တွေမှာ ဆီးလမ်းဝပြွန်ရောင်ရာကနေ Cystitis ဆီးအိမ်ပါ ရောင်လာစေတတ်တယ်။ လိင်ဆက်ဆံဖက် အဖေါ်ကိုပါ ကူးစက်နိုင်တယ်။

STD ထဲက Gonorrhea (ဂနိုရီးယား) ယောက်ျားမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာလည်း Urethra ဆီးထွက်ပြွန်၊ Vagina မွေးလမ်းကြောင်း၊ Cervix သားအိမ်ဝ၊ Uterus သားအိမ်၊ Ovaries and Fallopian tubes မျိုးဥအိမ်နဲ့ သားအိမ်ပြွန် တွေအထိ ရောက်နိုင်တယ်။ Chlamydia နဲ့ Herpes simplex virus တွေလည်းဖြစ်တယ်။ Trichomonas ဆိုတဲ့ Parasite (ပါရာဆိုက်) ကလည်းဖြစ်စေနိုင်တယ်။ Escherichia coli ဗက်တီးရီးယား ကြောင့်လည်းဖြစ်တယ်။

လက္ခဏာတွေကတော့ ဆီးသွားရင် နာမယ်၊ ဆီးပူမယ်။ ဆီးခဏခဏ သွားခြင်မယ်၊ ဆီးကို ဒရောသောပါး သွားခြင်မယ်။
ရောဂါလက္ခဏာ မပေါ်ဘဲ ပိုးရှိနေနိုင်တယ်။ Gonorrhea နဲ့ Chlamydia ကြောင့်ဆိုရင် ယောက်ျားမှာ တခုခုပါ ဆင်းနိုင်တယ်။ ဆေးမကုဘဲထားရင်၊ ဆေးပါတ်မလည်ရင် Urethra ကျဉ်းသွားစေတတ်တယ်။ ပြည်ထွက်လာနိုင်တယ်။ နောက်ပိုင်း အထက်တက်ပြီး Bladder ဆီးအိမ်၊ Kidneys ကျောက်ကပ်တွေ ရောင်လာနိုင်တယ်။

Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ယောက်ျားတွေ STD ဖြစ်ရင် Gonorrhea အတွက် Injection Ceftriaxone နဲ့ Chlamydia အတွက် Azithromycin ဒါမှမဟုတ် Doxycycline သောက်ရမယ်။ တခြားပိုးဆိုရင် Septein ဒါမှမဟုတ် Ciprofloxacin ဆေး သောက်ခိုင်းတယ်။ ဗိုင်းရပ်စ် ဆိုရင် Acyclovir ပေးတယ်။
• လိင်ဆက်ဆံပြီးရင်တောင်မှ ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။
• အမျိုးသမီးတွေ Cystitis ဆီးအိမ်ရောင်ရင် Antibiotic ပဋိဇီဝဆေးတွေ ပေးရတယ်။
o Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) 1 tablet 2 times a day for 4-5 days or ဆေးပြား တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Nitrofurantoin 100 mg ၁ ပြား ၂-၄ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
o Amoxacilin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o လိင်ဆက်ဆံဘက် အသစ်ကနေဖြစ်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။
• လေနာဆေး Antacid (Magnesium hydroxide) tablet ကို တခါသောက် ၁ ပြား တနေ့ ၃ ကြိမ်၊ ဆီး အက်စစ်ဓါတ်နည်းအောင်ပေးသေးတယ်။
• နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) ကို တခါသောက် ၁ ပြား တနေ့ ၂-၃ ကြိမ်၊

ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။

ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။ အမျိုးသမီးသုံး Feminine hygiene sprays and scented douches ဆိုတာတွေ မသုံးပါနဲ့။

ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။
• Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။
• Water ရေ များများ သောက်ပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။
• Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။
• Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။
• အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။
• Processed syrups (Packaged fruit juices, Sauces, pickles and artificial sweeteners) တွေကို အက်စစ် များနေသူတွေ ရှောင်သင့်တယ်။

Dr. တင့်ဆွေ
၆-၁၂-၂ဝ၁ဝ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...