ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, December 30, 2010

Q and A December 2010 (11)

1. ဘယ်လောက်စားစား မဝဘူး ဖြစ်နေတယ်
2. ချောင်း အရမ်း ဆိုးနေလို့ပါ
3. ကျနော် ခံစားနေရတာက နှုတ်ခမ်းခြောက်ခြင်း ဖြစ်နေပါတယ်
4. ကျားအင်္ဂါထိပ် ကွမ်းသီးလုံးမှာ
5. Acute myeloid leukemia က သိသိချင်း ကုရင်
6. ကျွန်မ Urine pregnancy test ကိုဝယ်ခဲ့တာ

December 29, 2010 5:21 PM
ကျွန်တော်က ဘယ်လောက်စားစား မဝဘူး ဖြစ်နေတယ်ခင်ဗျ။ အစားတွေလည်း စုံအောင်စားပါတယ်။ ထမင်း၊ အဆီ၊ ပေါင်မုန့်၊ သီးရွက် အစုံပါပဲ။ ဒါပေမယ် ဝမလာဘူးခင်ဗျ။ မဝဘူးဆိုတာထက် အသားမတိုးလာတာပါ။ ငယ်ငယ် တုန်းကတော့ တီဘီ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် မဆိုင်လောက်ဘူးထင်တာပဲ။ ငယ်ငယ်ကတည်းက ပိန်နေတာ အခုထိပါပဲ။ လူက under weight ဖြစ်နေပါတယ်။ သန်ကောင်နဲ့ ဆိုင်မယ်ထင်လို့ သန်ကောင်အကြောင်း ပြောပေးပါခင်ဗျ။ သန်ချဆေးတော့ ကိုယ်ဘာသာ တစ်ခေါက်ဝယ်သောက်ဖူးပါတယ် (Fugacar)ပါ။ ဘာမှ မထူးသလိုပဲ။ သန်ကောင် ရှိ-မရှိ ဘယ်လိုသိနိုင်မလဲခင်ဗျ။ သမာရိုးကျ သောက်ဆေးတွေ ညွှန်းစေချင်ပါတယ်။ အခြား အကြောင်းချက်များ ရှိရင်လဲ ပြောပြပေးစေချင်ပါတယ်ခင်ဗျ။

Fugacar ဆိုတာ Mebendazole သန်ချဆေး ဖြစ်ပါတယ်။ ရေးပြီးသား စာ ၂ ပုဒ် ထည့်ပေးလိုက်ပါတယ်။ ကျန်းမာ-ဝဖြိုးပါစေ။ သန်ကောင် ရှိ-မရှိ ဝမ်းစစ်တာနဲ့သိတယ်။ Stool RE-ME လုပ်ပါ။

Chronic allergies နာတာရှည် (အလာဂျီ) နှင့် သန်ကောင်
How to gain weight လှယုံမက ဝချင်လည်း ဝချင်ကြပါရင်

Dec 30, 2010 at 6:52 AM
ကျတော် အသက်က ၂၃(ကျား) ပါ။ (့) မှာ နေပါတယ်။ ချောင်း အရမ်း ဆိုးနေလို့ပါ။ ၃ ပတ်ကျော်ကျော် လောက်ရှိပါပြီ။ ခုနောက်ပိုင်း သလိပ်နဲနဲပါလာတယ်။ သွေးတွေ ဘာတွေတော့ မပါဘူး။ သောက်တဲ့ဆေးကတော့ ၃ မျိုးရှိပါပြီ။ တစ်ခု မပျောက် တစ်ခုထပ်သောက်ပေါ့။ ၂ မျိုးကတော့ မမှတ်မိတော့ပါဘူး။ ခုနောက်ဆုံး သောက်ထားတာတော့ Fluza ပါ ခုထိ မသက်သာသေးလို့ အဆုတ်သန့် မြန်မာဆေးတွေ သောက်နေတယ်။ အရင်က ဒီလောက်ကြာကြာ ချောင်းဆိုးလေ့ မရှိပါဘူး။ ဒီတစ်ခါမှ တော်တော်ကြာနေလို့။ ဒီကရာသီဥတုကလဲ အေးတယ်။ အစကတော့ အဆုတ် အအေးပတ်တယ်လို့ပဲ ထင်ပြီး ဆေးသောက်လိုက် ပြန်ကောင်း သွားမယ်ထင်နေတာ စိုးရိမ်လာလို့ အကူအညီ တောင်းတာပါ။ မနက် တစ်ကြိမ် ညတစ်ကြမ် ရေနွေးနဲ့ဆား ရောပြီး ပလုပ်ကျင်းတယ်။ ရေနွေးပဲ သောက်နေတယ်။ မြန်မာဆေး ဒေါ်ထူးထူး အဆုတ်သန့်ဆေးပဲ သောက်နေတယ်။ ညအိပ်ရင် ရင်ဘတ်နဲ့ လည်ပင်းကို ပရုပ်ဆီလိမ်း အိပ်တယ်။

၁။ အရင်က ဓါတ်မှန်ရိုက်ဘူးလား။ တီဘီ ရှိသူနဲ့ နီးနီးကပ်ကပ်နေဘူသလား။ ရာသီဥတုလဲ ဖြစ်နိုင်တယ်။
၂။ ဆေးနာမည်ကြည့်ရတာ အအေးမိသက်သာဆေးသာဖြစ်မယ်။
၃။ ချောင်းဆိုး ပျောက်ဆေးဆိုတာ ၃ မျိုးရှိတယ်။
(က) လည်ချောင်းယားပြီးဆိုးတာပျောက်ဆေး။
(ခ) ရင်ကြပ်-ပန်းနာ သက်သာဆေး နဲ့
(၈) ချွဲထွက်ဆေးဖြစ်တယ်။

ဖြစ်နေတာနဲ့ကိုက်မှ သက်သာမယ်။ ဒီအထဲမှာ အိပ်ခြင်၊ မူးယစ်တာတွေ ဥပမာ Codine ပါတာမျိုးလဲ ရှိတယ်။ ပါတာ ဖြစ်နေရင် အလုပ်နဲ့ အချိန်ကြည့်သောက်ပါ။ အထူးသိဘို့က ချောင်းဆိုးတယ်ဆိုတာ ရောဂါမဟုတ်ဘူး ရောဂါ လက္ခဏာသာ ဖြစ်တယ်။ ဒါ့ကြောင့် (၁) ရောဂါကိုမကုဘဲ မပျောက်နိုင်ဘူး။ (၂) ချောင်းဆိုပျောက်ဆေးဟာ လက္ခဏာသာ သက်သာစေတယ်။

ဒီလို ရက်ကြာနေရင် ပိုးတခုခုဝင်နေတာကို သံသယရှိရမယ်။ ပိုးသေဆးသောက်ရမယ်။ Antibiotic ပြောတာပါ။ ရှာလို့ရမလားတော့ မသိဘူး၊ ရတာကိုသောက်ဘို့ အမျိုးအစားစုံ ရေးလိုက်ပါမယ်။

Amoxacillin 250-500 mg
Tetracycline 250-500 mg
Erythromycin 250-500 mg
ဘယ်ဟာရရ၊ ၂၅ဝ မီလီဂရမ်ဆို တခါသောက် ၁ ပြား-တောင့်၊ တနေ့ ၄ ကြိမ်။ ၅ဝဝ ဆိုရင် ၂ ကြိမ်၊ စုစုပေါင်း ၅-၇ ရက် သောက်ပါ။ တမျိုးသောက်လို့ ၃ ရက်နေလို့ မသက်သာရင် နောက်တမျိုးကို ပြောင်းနိုင်တယ်။

အအေးမိတာ သက်သာဘို့လဲ ရတာသောက်နိုင်ပါတယ်။ အထောက်အကူသက်သက်သာဖြစ်တာ သတိပြုပါ။ ချင်း (ဂျင်း) ပြုတ်ရည်လဲ သောက်နိုင်ပါတယ်။ ရှာတော့ရမယ် မထင်ဘူး ကွမ်းရွက်လဲ ကောင်းတယ် ဆားနဲ့သောက်သောက်၊ ကွမ်းရွက်ပုံလျှက်ဆားဖြစ်ဖြစ် ကောင်းပါတယ်။

တကယ်လို့ သလိပ်ပါထွက်ရင် သလိပ်အရောင်က ပိုးအမျိုးအစားလိုက်ရှိမယ်။ ပျောက်ခါနီးရင် သလိပ် ပိုထွက်လာမယ်။ ဒါကောင်းတဲ့ သဘောဘဲ။ သလိပ်က အထဲမှာ အောင်းနေတာ မကောင်းဘူး မနက်ထမှာ ပိုထွက်တတ်တယ်။ ထွက်ပါစေ။ မထွက်ရင် ထွက်အောင် လုပ်ပေးရတတ်တယ်။ အန်ခြင်အန်တတ်သေးတယ်။

ချုပ်ပြောရရင် ပိုးသေဆး သေခြာသောက်၊ ချောင်းဆိုပျောက်ဆေးစသည်က အထောက်အကူပေးမယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ ကရိယာရှိရင်တော့ အဆင်ပိုပြေတာပေါ့။ မရှိလဲ ရေနွေးတည်၊ ပူပူကနေ ထွက်နေတဲ့အငွေ့ကို မျက်နှာကို အပေါ်ကနေ မိုးထားပြီး အသက်ရှူပေးပါ။ ရေနွေးထဲ ပရုပ်ဆီထည့်ခြင်လဲထည့်။

နွေးနွေးထွေးထွေးနေပါ။ စားနိုင်သလောက် အာဟာရမျှတအောင်စားပါ။ အစာကြောင့် ချောင်းဆိုမယ်ဆိုတာ သိပ်အရေးမပါဘူး။ လိုအပ်ရင် ဓါတ်မှန်ရိုက်၊ သလိပ်စစ်ရတယ်။ လိုသေးရင် မေးပါ။

၃ဝ-၁၂-၂ဝ၁ဝ

Dec 30, 2010 at 7:02 PM
အသက် ၃၂ နှစ်ပြည့်ပါပြီ။ ကျနော် ခံစားနေရတာက နှုတ်ခမ်းခြောက်ခြင်း ဖြစ်နေပါတယ်။ ဖြစ်တာကတော့ ၂ လ ကျော်ရှိနေပါပြီ။ (့) မှာ နေပါတယ်။ အလုပ်က မနက် ၈-နာရီမှ ညနေ ၇ နာရီ အထိ နေပူတဲ့ ပတ်ဝန်းကျင်မှာ လုပ်ရပါတယ်။ ဖြစ်စမှာ နှုတ်ခမ်းရိုးရိုးခြောက်သလို ဖြစ်ပြီး တင်းနေပါတယ်။ တဖြည်းဖြည်း အပေါ်နှုတ်ခမ်း နည်းနည်းစီ ဖြစ်ရာကနေပြီး အောက်နှုတ်ခမ်းမှာပါ ဖြစ်လာပါတယ်။ ဒါကြောင့် အနားမှာရှိတဲ့ နှုတ်ခမ်း-အဆီကို တို့ပါတယ်။ တို့ထားတဲ့အချိန်မှာ သက်သာပြီး နောက်ထပ် ၄-နာရီလောက်ကြာတော့ ပြန်တင်း လာပါတယ်။ ပိုးတစ်ခုခု ရှိနေမယ်ထင်လို့ တခါတရံ အိပ်ခါနီးမှာ ထိုင်းနိုင်ငံထုတ် Septidine contained Povidone Lodine 10g ဆိုတာကို လိမ်းပြီးအိပ်ပါတယ်။ ပါးစပ်ထဲဝင်မှာ စိုးလို့ တရက် နှစ်ရက် လိမ်းပြီး နောက်မလိမ်းတော့ပါ။ ထူးပြီးလဲ မသက်သာပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်က မြန်မာဆရာဝန်တစ်ဦးနှင့် ပြသခဲ့ပါတယ်။ ဆရာဝန်မှ (၁) Neoromin (၂) Folic Acid (၃) Vitermin C တို့ကို ၁ဝ-ရက်စာပေးသောက်ပါတယ်။ လိမ်းဆေးအဖြစ် India နိုင်ငံထုတ် (၁) Herperax Ointment composed Acydlovir USP 5% w/w နှင့် (၂) CARDID B Cream တို့ကို လိမ်းခိုင်းပါတယ်။ ဒါလဲ မသက်သာပါဘူး။ ဒါပေမယ့် လောလောဆယ် ဘာဖြစ်တာမှန်းမသိလို့ အဲဒီလိမ်းဆေးတွေကိုဘဲ ၂ နာရီ တစ်ခါလောက် လိမ်းပေးနေပါတယ်။ အထူးသဖြင့် နံပတ် (၁) Herperax ကို လိမ်းဖြစ်ပါတယ်။ ထူးခြားတာကတော့ ဆေးလိမ်းပြီးရင် နည်းနည်းပူပါတယ်။ ပြီးရင် ရေနှင့် ထိပြီးရင် အလွှားလိုက် အဖတ်ဖြူဖြူလေးတွေ အလိပ်လိုက် ကွာလာတာပါဘဲ။ ကျနော် ရေကိုလည်း တစ်နေ့ကို 2 to 3 Liter လောက်နေ့တိုင်းသောက်ပြီး ဝမ်းကိုလည်း တစ်ရက် သုံးခါလောက် သွားပါတယ်။ (၁) ဘာရောဂါ ဖြစ်နိုင်လဲဆရာ (၂) ဘာဆေးတွေ မီဝဲရပါမလဲဆရာ (၃) ဘာတွေကို ဆင်ခြင်ရင် ပျောက်မှာပါလဲ။ ကျနော် လက်ထပ်ခါနီးဖြစ်နေပြီမို့ လက်ထပ်မယ့် မိန်းကလေးက ကူးစက်ရောဂါ ဖြစ်နေမှာကို စိုးရိမ်နေပါတယ်။

• အပူချိန်များတဲ့ ပတ်ဝန်းကျင်က ပြဿနာဖြစ်နေတယ်။ အရင်က အဲလို မနေခဲ့ရလို့ ဖြစ်နိုင်တယ်။ ရှောင်လွှဲလို့ မရရင် တတ်နိုင်တာနဲ့ ကုစားရမှာပေါ့။
• ဗီတာမင် စတာတွေ ပုံမှန်တော့ သောက်ပါ။ ဘီ နဲ့ စီ သောက်တာ အကျိုးပေးပါမယ်။ အေ ကိုလဲ သောက်ပါ။ ဘီ-စီ တို့လို အကြာကြီး မလိုပါ။
• လိမ်းဆေးအနေနဲ့ Lip guard ကောင်းပါတယ်။ Glycerine အလှဆီလဲသုံးပါ။
• အနာလို ဖြစ်ချင်တော့မှ တခြားဟာတွေထက် ကော်မျက်စဉ်း တခုခု၊ ဥပမာ Chloramphenicol or Tetracycline Ointment လိမ်းနိုင်တယ်။ ပါးစပ်ထဲဝင်လို့ ကိစ္စမရှိပါ။
• အာနာဖြစ်ချင်ရင် အရုပ်တော့ဆိုးမယ် Gentian Violet ဆေးပြာရည် လိမ်းနိုင်တယ်။ ပါးစပ်ထဲဝင်လို့ရတယ်။
• ဖြစ်တဲ့နေရာ တဝှိုက်မှာ အမြဲလိုလို စိုနေပါစေ။ ရေဖြစ်စေ အဆီဖြစ်စေ။ လက်ကိုင်ပုဝါမှာ ရေနဲ့ဆားရောတာထဲ စိမ်ပြီး အုပ်ပေးတာလဲ ကောင်းပါတယ်။
• Povidone ဆေးက အနာမှန်သမျှကို လိမ်းနိုင်ပါတယ်။ ပါးစပ်ထဲဝင်လို့ သိပ်တော့မကောင်းပေမဲ့ အဆိုးကြီး မဟုတ်ပါ။
• Herperax ဆေးက ရေယုံဖြစ်မှ သုံးရတယ်။
• Candid-B cream ဆေးကို candidiasis မှိုရောဂါအနာအတွက် သုံးတယ်။

January 02, 2011 1:24 AM
ကျားအင်္ဂါထိပ် ကွမ်းသီးလုံးမှာ ကြားစူးလေးတွေလိုလို ရေယုန်လိုလို မိတ်ဖု အသေးစားလေးတွေလိုလိုဟာတွေက ဘာပါလဲခင်ဗျာ။ ယားယံ နာကျင်ခြင်း လုံးဝမရှိပါ လွန်ခဲ့တဲ့ လေးငါးနှစ်ထက်စာရင် အနည်းငယ် ကြီးလာသယောင် ရှိပါတယ်။ လိင်ဆက်ဆံဖူးခြင်းလည်း မရှိသေးပါ။ ဒါဟာရောဂါလား၊ ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ၊ ဘာ ဆက်လုပ်သင့်လဲ သိချင်ပါတယ်။ အဆင်ပြေတဲ့ဓါတ်ပုံတစ်ပုံလည်း ထည့်ပေးလိုက်ပါတယ်။

ပုံကိုကြည့်ရတာ သိပ်ကြီးတော့ မရှင်းသေးဘူး။ တပါတ်လုံးမှာ ရှိသလား။ ရေယုံတော့ မဟုတ်ပါ။ ကြွက်နို့နဲ့လဲ သိပ်မတူပါ။ လိင်ဆက်ဆံဘူးတာလဲ မရှိရင် STD မဟုတ်နိုင်ပြန်ပါ။ ဖြစ်တဲ့သူရဲ့ အသက် မသိရသေးပါ။ အရွယ်ရလာရင် ကွမ်းသီးခေါင်း အရစ်တလျှောက်မှာ အတက်ကလေးတွေ အစီအရီ ပေါ်လာနိုင်တယ်။ ရောဂါမဟုတ်ပါ။ တပါတ်လုံးမှာ ဖြစ်တယ်။ လိုတာတွေ ထပ်ပြောပါအုံး။

၂-၁-၂ဝ၁၁

December 31, 2010 11:34 PM
၁။ Acute myeloid leukemia က သိသိချင်း ကုရင်ပျောက်နိုင်ပါသလား၊ သူငယ်ချင်းတစ်ယောက်မှာ ဖြစ်နေလို့ သိသိချင်း ရန်ကုန် သွေးရောဂါဌာနမှာ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့လမ်းညွှန်ချက်အတိုင်း ကုသနေတာ တစ်လလောက်ရှိပါပြီ။ သိပ်မထူးခြားသေးပါ။ သူ့အပြောအရတော့ KOREA က ခဲနဲ့ပတ်သက်တဲ့ Electronic စက်ရုံတစ်ခုမှာ လွန်ခဲ့တဲ့ ၄ နှစ်က ၄ လ လောက် ဝင်လုပ်ခဲ့ဘူးတယ်ပြေားပါတယ်။ ရောဂါကခုမှ ပေါ်တာပါ။
၂။ ကျွန်တော့်မှာ မိခင်နို့တစ်ခုဘဲ တိုက်နေတဲ့ ၄ လ အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သူအမေက နို့အလွန် ကောင်းပါတယ်။ တခြားရောဂါမရှိပါ။ ကျွန်တော့် ညီမက မီးဖွားတာ တစ်ပါတ်လောက်ရှိပါပြီ။ နို့သိပ်မထွက်ပါ။ ဆေးရုံမှာ ကလေး မီးဖွားဖွားခြင်း နို့မထွက်တော့ ကလေးဝါမှာစိုးလို့ ကျွန်တော့် မိန်းမ နို့တိုက်လို့ရလား မေးတော့ ကလေး ဆရာဝန်က မတိုက်ရဘူး ပြောပါတယ်။ ကလေးက နို့ဘူးလဲ မစို့တတ်ပါ။ ခွက်ကို သေချာသန့်စင်ပြီး ဇွန်းနဲ့ တိုက်ရပါတယ်။ အလုပ်ရှုပ်ပါတယ်။ မိန်းမနို့ ဘာလို့တိုက်မရတာလဲ။ အဲဒီကလေး ဘယ်နှစ်လမှာ မိန်းမနို့တိုက်လို့ရမလဲ သိချုင်ပါတယ်။ လေးစားစွာဖြင့် ကိုဇော်လင်း ရန်ကုန်

၁။ Acute myeloid leukemia
• Myeloid Leukemia ဆိုတာ လူကြီး၊ ကလေး၊ ရက်တို၊ နာတာရှည် ရိုးတွင်းခြင်ဆီ ကင်ဆာတမျိုးဖြစ်ပါတယ်။
• မျိုးရိုးလို့ ပြောဘို့ ခက်တယ်။
• ယောက်ျားတွေပိုဖြစ်တယ်။
• ဖြစ်စေနိုင်တဲ့ carcinogens တွေရှိတယ်။ benzene (ဘင်ဇင်း)၊ ဆေးလိပ် နဲ့ ionizing radiation ဓါတ်ရောင်ခြည်တွေ ပါတယ်။ အသက်ကြီးမှဖြစ်တယ်။ တချို့မှာ ကင်ဆာဆေးကြောင့်ဖြစ်တယ်။
• အားယုတ်၊ ကိုယ်ပူ၊ (အင်ဖက်ရှင်) ဝင်၊ ညချွေးထွက်၊ သွေးယို၊ စတာတွေဖြစ်လို့ ဆေးလာကုရင်း စစ်တော့ ဒီရောဂါ တွေ့လာတတ်တယ်။
• Complete blood count (CBC) သွေးစစ်ရင် အဖြေထွက်မယ်။ သွေးဖြူဥတွေများလွန်းနေမယ်။ သွေးနီဥနဲ့ သွေးမှုံတွေနည်းနေမယ်။ bone marrow သွေးရိုးတွင်းခြင်ဆီစစ်ရမယ်။
• Chemotherapy ဆေးကုနည်းလုပ်ပေးမယ်။ Radiotherapy နဲ့ Biological therapy လဲလုပ်တတ်တယ်။
• ဆေးကုရင် လက္ခဏာတွေ သက်သာစေမယ်၊ ရောဂါလျှော့စေမယ်။ ပျောက်လဲပျောက်နိုင်တယ်။
• အစာစားတာမှာ အသီးအနှံတွေ အစိမ်းမစားရဘူး။ ချက်ပြီးသားစားရမယ်။ အသားလဲ နူးအောင်-ကျက်အောင်ချက်ရမယ်။ အလုပ်ပင်ပန်းတာမလုပ်ရဘူး။

၂။ တခြားမိခင်နို့ ကလေး မတိုက်ခိုင်းတာ ဆရာမသိပါ။ သူများနို့တိုက်ရင် တကယ့် မအေမှာ နို့ထွက်တာ မကောင်းမှာ စိုးလို့လား မပြောတတ်ပါ။

၂-၁-၂ဝ၁၁

January 02, 2011 1:23 AM
ကျွန်မ Urine pregnancy test ကိုဝယ်ခဲ့တာ Clear blue လို့ နာမည်တပ်ထားတဲ့ အမျိုးအစားကိုရခဲ့ပါတယ်။ အညွှန်းမှာ test up to 4 days before your period is due လို့ ရေထားပါတယ်။ ဒီအဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်လို့ ရှင်းပြ ပေးပါရှင်။ အညွှန်းပါအရ If testing early, use the first urine of the day. Hold the colour change tip in the urine stream for 5 seconds. The tip will quickly showing that urine is being absorbed. Continue to hold the Tip in the urine for the full 5 seconds. A blue line will appear in the Control Window to show that the test has worked. Read your result after 2 minutes. The Request Window will show a clear result. If your result is 'Not Pregnant' and your period does not start you will need to test again. Refer to leaflet. လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စနစ်တကျ ဘယ်လိုစစ်ရမလဲဆိုတာကို လည်းကျေးဇူးပြုပြီး ဖြေကြားပေးပါရှင်။

• နှစ်မျိုးရှိတယ်။ Clearblue Easy Fertility Monitor မျိုးဥအိမ်ကနေ မျိုးဥ ထွက်-မထွက်စမ်းတာ နဲ့ Clearblue Easy Digital Pregnancy Test ကိုယ်ဝန် ရှိ-မရှိစမ်တာ ဖြစ်တယ်။
• ဒုတိယအစား ကိုယ်ဝန်စမ်းတာအတွက် မနက်အစာမစားခင် သွားတဲ့ဆီး ခံထားပါ။ တခြားအချိန် သွားတဲ့ဆီးလဲ ရတော့ ရပါတယ်။ အပြာရောင် အဖျားပိုင်း (အချွန်ပိုင်း) ကို ဆီးထဲမှာ ၅ စက္ကန့်ကြာ စိမ်ထားပါ။ အဖြေဖတ်ရတဲ့ အကွက်လေးမှာ ခပ်ပြာပြာမျဉ်းလေး စပေါ်လာမယ်။ ၂ မိနစ်နေရင် အဖြေရေးတာ မြင်လာရမယ်။ Pregnant ကိုယ်ဝန်ရှိသည်။ ဒါမှမဟုတ် Not Prgenant ကိုယ်ဝန်မရှိ။
• စမ်းတာ ရက်စောနေလို့ အဖြေက ကိုယ်ဝန်မရှိလို့ ပေါ်ပေမဲ့ စိတ်မချသေးရင် ဒါမှမဟုတ် ရာသီလဲ မလာသေးရင် နောက် ရက်ခြာပြီး တခါ ထပ်စမ်းပါအုံး။

၂-၁-၂ဝ၁၁