Sun 1/23/2011 6:23 PM
ကျွန်တော် အသက်က ၃၁ ကျော်ပါပြီ။ အခု (့) မှာ ရောက်နေပါတယ်။ အရက်ကို ၂ နှစ်လောက် နေ့တိုင်း သောက်ပါတယ်။ မနှစ်က ၁ဝ လပိုင်းကစပြီး အရက်ဖြတ်လိုက်တာ ၃ လ လောက်ရှိပါပြီ။ ဘယ်ဘက် ခေါင်းအောက်ပိုင်းက ထိုးပြီး မကြာခဏ ကိုက်ပါတယ်။ စိတ်ဂနာမငြိမ် ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရင် သေချင်သလို ရူးချင်သလို ဖြစ်ပါတယ်။ ဗိုက်ကလဲ တဂွီဂွီနဲ့ လေထိုးသေးပါတယ်။ ဆေးခန်းသွားပြတော့ အာရုံကြော အားနည်းတယ် ဆိုပြီး ဒရစ်သွင်းပေးပါတယ်။ ပြီးတော့ ဗီတာမင် Flavetts Neuroforte နဲ့ Xana (Alprazolam) ဆေးတွေပေးပါတယ်။
ညဆိုရင် ၁၂ နာရီ လောက် အိပ်ပြီး မနက်ကြရင် ၉ နာရီလောက် နိုးပါတယ်။ ဝမ်းလည်း နည်းနည်းချုပ်ပါတယ်။ Pricolax ဆေး သောက်ရပါတယ်။ အဲဒီလိုဖြစ်ရင် ရူးချင်သလို ဖြစ်ပါတယ်။ တစ်ခါတစ်ခါ သတ်သေချင်စိတ်တောင် ပေါက်ပါတယ်။ စိတ်ကလည်း မကြည်၊ လူကလည်း မလန်းပါဘူး။ ဒီလ ၇ ရက် နေ့လောက်မှ စဖြစ်တာ။ အရင် ၁ လ ၂ လ လောက်ကတော့ နည်းနည်းတော့ ဖြစ်တယ်။ ဒီလောက် မဆိုးပါဘူး။ အခု တော်တော် ခံနေရလို့ပါ။
• အခုအရက်ဖြတ်ထားနိုင်တာ အတော်ချီးကျူးဘို့ ကောင်းတယ်။ Congratulations!
• ဆက်ထိန်းထားစေချင်တယ်။ စိတ်ပိုင်းကိုတော့ ကုရပါမယ်။
• Alprazolam (Niravam, Xanax, Xanax XR) ဆေးက စိတ်ကျလို့ဖြစ်ရတဲ့ စိုးရိမ်စိတ်ကဲတာတွေကို အများကြီး သက်သာစေတယ်။ အတော် ကောင်းပါတယ်။ ဒီဆေးကို ကျောက်ကပ်၊ အသဲ၊ ရေတိမ်ရောဂါ မရှိသူတွေကိုသာ ပေးတယ်။ အရက်နဲ့ မတည့်ပါ။ အရက်အရှိန်ကဲစေမယ်။ စိတ်ကျနေသူ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဖြစ်သူ၊ ဆေး-အရက်စွဲသူတွေကို ပေးဘို့ စိတ်အထူးကု-ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။
• အရက်ဆိုတာ တခါတလေ စိတ်အားငယ်စေတယ်။ စိတ်ဓါတ်ကျနေမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။
• တခါတလေ ကြမ်းတမ်းတယ်။ သူများကို ရန်လုပ်၊ အပြစ်တွေသာ တင်နေမယ်။
• သူများ သတ်ချင်စိတ် ဝင်လိုက် ကိုယ့်ကိုယ်ကို သတ်ချင်စိတ် ပေါ်လိုက် ဖြစ်ကြရတယ်။
• အကောင်းဆုံး အကြံပေးရရင် အရက်ကို ဖြတ်လိုက်ပါ။ စိတ်အထူးကု-ဆရာဝန်ကို ပြသပါ။ ကောင်းသွားမှာပါ။
• ဒီကြားထဲမှာ “ငါ အရက်ဖြတ်မယ်။ ရောဂါကိုကုမယ်” ဆိုတဲ့ အဆုံးအဖြတ်ကလွဲရင် တခြား အရေးပါတာတွေ မဆုံးဖြတ်ပါနဲ့။ မှားတာတွေ ဖြစ်တတ်လို့ နောင်တရပြီး စိတ်ဓါတ်ပိုကျစေနိုင်တယ်။
• အဲလိုလူမျိုး ကိုယ်တယောက်ထဲ မဟုတ်ဘူး။ လူရွယ်တွေ များမှ များဘဲ။ ဒိထက် ဆိုးသွားသူတွေလဲ တအား ပေါတယ်။
• ကိုယ့် ကျန်းမာရေးအတွက် မေးဘို့ အသိတရား ရှိနေတာကိုက ပျောက်မဲ့သူ ဖြစ်ပါတယ်။
• You can do that!
Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/