ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, September 3, 2013

Body building Amino acids (ပရိုတင်း)

29 Jan 11, 02:58
ခန္ဓာကိုယ် ကြီးထွားချင်လို့။ ဆေးနာမည် ရပြီ။ အကြံပေးပါအုံး။ စားဆေး ဝယ်သောက်ဖို့ တိုင်ပင်ကြည့်တာပါ။

ကြွက်သား သန်ချင်သူတွေ (ပရိုတင်း) လိုတယ်။ ကြွက်သား၊ အရိုး၊ အရေပြား၊ ဆံပင်၊ အင်္ဂါအစိတ်အပိုင်းတွေ အားလုံး (ပရိုတင်း) နဲ့ လုပ်ထားတာ ဖြစ်လို့ပါ။ ပျက်စီးတာ၊ သေတာတွေ ပြန်ပြင်-ပြန်ဖြစ်စေဘို့၊ ရောဂါခုခံနိုင်စွမ်းရှိဘို့ အတွက်လဲ လိုတယ်။ လူတိုင်းလိုအပ်တဲ့ (အင်ဇိုင်းမ်)၊ ဟော်မုန်း၊ Neurotransmitters နဲ့ Chemical messengers တွေလဲ သူနဲ့ လုပ်တာဘဲ။ လူတယောက်ရဲ့ကိုယ်အလေးချိန် ၇၅% က (ပရိုတင်း) နဲ့ ကျန်တာက ရေဖြစ်တယ်။ နှလုံးရောဂါ၊ အိပ်မရတဲ့ ရောဂါ နဲ့ ရေယုံတွေအတွက် အကူအညီ ပေးတယ်။

(ပရိုတင်း) ဆိုတာ (အမိုင်နို-အက်စစ်) ခေါ်ပြီး၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်တွေ ရောပါနေတယ်။ သက်ရှိတွေအတွက် အလွန်ကို အရေးပါလို့ သက်ရှိ-အုတ်ချပ် လို့ ခေါ်တယ်။

လူ့ခန္ဓာကိုယ်မှာ (၁) Amino acids ၂၂ မျိုးရှိတယ်။ မရှိမဖြစ်အုပ်စုနဲ့ (၂) မရှိလဲသိပ်ကိစ္စမရှိ အုပ်စုလို့ ခွဲထားတယ်။ ကိုယ်ခန္ဓာကနေ Essential amino acids ၁ဝ မျိုး (Alanine, Asparagine, Aspartic acid, Cysteine, Glutamic acid, Glutamine, Glycine, Proline, Serine and Tyrosine) တွေကို ထုတ်လုပ်ပေးတယ်။ ၁ မျိုး မထုတ်နိုင်ရင် မကောင်းတာ ဖြစ်လာမယ်။ လူတွေစားတဲ့ တခြား သကြား-ကော်ဓါတ်၊ အဆီတွေလို (အမိုင်နို-အက်စစ်) ပိုတာကို သိုမှီးမထားနိုင်ဘူး။ ဒါ့ကြောင့် နေ့တိုင်း စားတာထဲမှာ ပါကို ပါရတယ်။

အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစား၊ တိုဖူး၊ အစေ့အဆံ၊ ပဲပုတ်၊ ပဲနဲ့ အနှံတွေကနေ ရတယ်။ သက်သတ်လွတ် စားသူတွေမှာ နည်းနေတတ်တယ်။ ပိန်ချင်လို့ (မော်ဒယ်ဂဲလ်) တွေလို Crash diet စားသောက်နေသူတွေလဲ ဖြစ်မယ်။ အကြမ်းအားဖြင့် ကိုယ်အလေးချိန် ၁ ပေါင် ရှိသူဟာ တနေ့မှာ (ပရိုတင်း) ၁ ဂရမ်လိုတယ်။ ပုံမှန်အားဖြင့် သွေးထဲမယ် Proteins 6.0 - 8.0 gm/100 ml နဲ့ Albumin 4.0 to 5.5 gm/100m1 ရှိတယ်။ သိထားဘို့က အသားချည်း စားတာနဲ့တော့ မကျန်းမာနိုင်ဘူး။

မြန်မာနိုင်ငံသားတွေဟာ အသားကနေရတဲ့ (ပရိုတင်း) ရဲ့ ၇ဝ% ကို ငါးကနေ ရကြတယ်။ Japan International Cooperation Agency (JICA) ကနေ ကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်တွေ-ချောင်းတွေနဲ့ ဝေးရာမှာနေရသူတွေ Animal protein နည်းရောဂါဖြစ်မှာ သက်သာစေဘို့ (ပရောဂျက်) တခုလုပ်ပြီး ကူညီနေတာ ဖတ်ရတယ်။

(ပရိုတင်း) နည်းနေသူတွေမှာ ပိန်လာမယ်၊ အရေပြားအောက်မှာ အဆီမရှိ၊ အားယုတ်၊ သွေးဖိအားနည်းပြီး နှလုံးခုန်တာ နှေးနေမယ်။ Kwashiorkor (ကွာရှိယောကော) လို့ ခေါ်တယ်။ ဒီရောဂါဟာ (ပရိုတင်း) နဲ့ (ကယ်လိုရီ) ၂ မျိုး နည်းတဲ့ Protein-Calorie Malnutrition (PCM) ဖြစ်တယ်။ မစားချင်ဖြစ်၊ ဝမ်းပျက်၊ လှုတ်ရှားမှုနည်း၊ ကြီးထွားမှုနှေး၊ အရေပြား ခြောက်၊ ဆံပင်ကျဲ၊ အသဲမှာ အဆီဖုံး၊ ခြေသလုံးနဲ့ ဗိုက် ဖေါရောင်တာတွေ ဖြစ်လာတယ်။ မကုဘဲနေရင် နှလုံးနဲ့ ကျောက်ကပ်မှာပါ လာထိခိုက်မယ်။ နို့ဖြတ်ခါစ ၂ နှစ်သားတွေမှာ အဖြစ်များတယ်။

အရွယ်ရောက်မဲ့ အချိန်မှာ အရေးကြီးတယ်။ လူပျို-အပျိုရွယ် ရောက်ပြီးနောက် လူလုံး-လူဖန် သိပ်မပြောင်းတော့ပါ။ ကာယဗလမောင်-မယ်တွေ လုပ်ကြတာက တမျိုးဖြစ်တယ်။ လေ့ကျင့်တာအပြင် Steroid ဟော်မုန်းတွေ သုံးကြတယ်။ အတော်ကြီး သတိထားရမယ်။ ဒုက္ခရောက်ရသူတွေ ရှိတယ်။ ပြန်ပြင်လို့ မရတော့ဘူး။

(အွန်လိုင်း) ကရောင်းတဲ့ ဆေးမျိုးက ကြော်ငြာမှာ ဆေးညွှန်း ပါပါတယ်။ ဟော်မုန်းဆေး မဟုတ်ရင်တော့ သူတို့ ခိုင်းသလို သောက်လို့ ဆိုးကျိုး မဖြစ်လောက်ပါ။ တခုတော့ သတိပြုစေချင်တယ်။ စားနေတာထဲ (ပရိုတင်း) လုံလောက် နေရင်တော့ ဆေးနဲ့ ဖြည့်စရာ မလိုပါ။ တနေ့တာ ပိုနေတဲ့ Amino acids တွေကို Glucose (သကြား) အဖြစ် ပြောင်းပြစ်လိုက်မယ်။

မြန်မာပြည်မှာ ရောင်းတဲ့ တရုတ်-ကုမ္ပဏီထုတ် Moriamin Forte ဆေးမှာ Amino Acid နဲ့ Vitamin တွေ ပါတယ်လို့ ပြောတယ်။ L-Leucine, L-Isoleucine, L-Lysine, L-Phenylalanine, L-Valine, L-Threonine, L-Tryptophan, Methionine, 5-Hydroxyanthranillic acid, Vitamin A 2, Vitamin D2, Vitamin B1, Vitamin B2, Nicotinamide, Vitamin B6, Folic acid, Calcium Pantothenate, Vitamin B12, Vitamin C, Vitamin E တွေပါတယ်။ တခါသောက် ၁ တောင့်၊ တနေ့ ၂ ခါသောက်။

ဘုတလင်နယ် တွင်းတောင်ထွက် Blue Green Algae စိမ်းပြာ-ရေညှိကနေ ထုတ်တဲ့ Pluvimin အားဆေးထဲမှာ (ပရိုတင်း) မပါဘူး။ Vitamins A, B1, B2, B6, Niacin, C နဲ့ Iodine, Potassium, Iron, Magnesium, Calcium ဓါတ်ဆားတွေ ပါတယ်။ တချို့ Algae ထဲက အဆီထဲမှာ Unsaturated fatty acids ကောင်းတဲ့ အဆီတွေ ပါလို့ကောင်းတယ်။ Fish oil ငါးကနေရတဲ့အဆီမှာ Omega-3 fatty acids ပါတာဟာ ငါးက Algae ကို စားလို့ ဖြစ်တယ်။ ဒါ့ကြောင့် Algae ကို လူတွေကလဲ စားကြတယ်။

(ပရိုတင်း) နည်းရောဂါဟာ ဆိုးဝါးပေမဲ့ ရှားတယ်။ သူများတွေဆီမှာ ပြောတာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေး ပြဿနာနဲ့ သေဆုံးရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်။ မြန်မာနိုင်ငံမှာလို ဘယ်လောက် ဆိုးနေတာကို လူမသိအောင် လုပ်ထားတဲ့စနစ်အောက်မှာ နေရတဲ့တိုင်းပြည်တွေမှာ အတိမ်အနက် မသိကြရဘူး။ မသိစေအောင် လုပ်ထားတော့ ဘယ်လို ကုစားရမလဲ နည်းလမ်းလဲ ရှာလို့မရ ဆက်ဖြစ်၊ ဆက်သေနေကြတော့တယ်။

Moringa (Moringa oleifera) ဒန့်သလွန်ကို ဖွံ့ဖြိုးမှုနည်းတဲ့ တိုင်းပြည်တွေအတွက် (ပရိုတင်း) နည်းတာ သက်သာ စေအောင် စိုက်ပျိုး၊ စားသုံးသင့်တယ်လို့ Trees for Life, Church World Service နဲ့ Educational Concerns for Hunger Organization အစိုးရ-မဟုတ်တဲ့ အဖွဲ့ကြီး သုံးခုကနေ အကြံပြုထားတယ်။ ကလေးတွေ၊ နို့တိုက်-မိခင်တွေနဲ့ အလွန်သင့်တယ်။ Soy bean ပဲပုတ်လိုဘဲ Crude proteins and Amino acids တွေပါလို့ ဖြစ်တယ်။ ဒန့်သလွန်ရွက်ကို ထိုင်းနိုင်ငံမှာ သွေးတိုး-ကျဆေး လုပ်ရောင်းတယ်။ ရွှေတွေက (မက်လွန်း) လို့ ခေါ်ကြတယ်။ “မဟာ-ပရောဂျက်” ကြီးက ရတဲ့ ကြက်ဆူဆီကို ဆေးကုရာမှာ ဝမ်းနုတ်ဆေး အနေနဲ့သာ သုံးနိုင်လို့ “ဒန့်သလွန်-စီမံချက်” က တွက်ခြေကိုက်မယ်။

(ပရိုတင်း) နည်းရောဂါ ဖြစ်စေနိုင်တဲ့ အခြေအနေတွေက စစ်ဖြစ်တာ၊ သဘာဝဘေး ကျရောက်တာ၊ လူဦးရေ ထူထပ် လွန်းတာနဲ့ အစိုးရဆိုးတွေ ဖြစ်တယ်။ ဒီရောဂါဖြစ်တော့ ဥာဏ်ရည်နဲ၊ အသိဖွံ့ဖြိုးမှု နိမ့်ကျတာတွေ ဖြစ်တယ်။

“လူတွေ အသိနည်းလေ လိမ်လို့ကောင်းလေ ထင်တဲ့သူတွေဘေးကနေ ဝေးကြပါစေ။”

Dr. တင့်ဆွေ
၂၉-၁-၂ဝ၁၁