12 Jan 11, 03:02
နိုင်နိုင်: ဆရာ ကျမလွန်ခဲ့တဲ့ ၃လလောက်က Acid Reflux လို့ ဆေးသောက်ပြီးပါပြီ။ လည်ချောင်း အရမ်းနာခဲ့လို့ ဆေးခန်း သွားပြတာပါ Acid Reflux လို့ ပြောပါတယ်။ Hernia မသိမသာလေး ကြီးနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဆေး ၂ လ ပေးသောက်ပါတယ်။ အခုပြီးခဲ့တာ ၁ လကျော်နေပါပြီ။ ဒါပေမဲ့ ဗိုက်က တခါတလေမှပါ အစာမကျေသလို ခံစားရပါတယ်။ ဗမာ ဆေးနနွင်းခါးနဲ့ ပျားရည် သောက်နေပါတယ်။ ဗိုက်ကတော့ ပုံမှန်ဆာပါတယ်။ ဝမ်းလည်း ပုံမှန် သွားပါတယ်။ ဗိုက်လည်း မနာပါဘူး။ တခုပဲ မနက်သွားတိုက်ရင်နဲ့ ပျို့တဲ့အခါ အချဉ်ရည်တွေ ထွက်ပါတယ်။
စာတွေတော့ လိုက်ဖတ်ပေမဲ့ နားမည်လို့ပါ။ မိုက်ဂရိမ်းဖြစ်လို့ အရင်က အကိုက်ခဲပျောက်ဆေးလည်း ခဏခဏ သောက်ဖူးပါတယ်။ ဘာဆေးသောက်ထားရင် ကောင်းမလည်း အကြံဥာဏ်လေးလည်း ပေးစေချင်ပါတယ်။ 21 ရက်နေ့ အစာအိမ် အထူးကုနဲ့ တွေ့ဖို့ရှိပါတယ်။ ကျမအရမ်းစိုးရိမ်ပြီး ကြောက်နေလို့ပါ။ အဲ့ဒါဟာ ကင်ဆာ အဆင့်ထိ ဖြစ်နိုင်ပါသလားရှင်။ ကျေးဇူးပြုပြီး ပြောပြပေးစေချင်ပါတယ်။ ပြီးတော့ အခုတလော ပျို့လာတဲ့အခါ အချဉ်ရည်တွေ ထွက်လာပါတယ် ခဏခဏပါပဲ။
C-box မှာ ရှည်ရှည်မေးတာကို ဖြေလို့ အဆင်မပြေပါ။ တိုက်ရိုက် မေးပါ။
ကင်ဆာ မဖြစ်နိုင်ပါ။ ဖြစ်တဲ့သူ အသက်တော့ မသိရသေးပါ။
ဖတ်ပြီးပြီလားတော့ မသိဘူး “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါ။ လိုက်နာပါ။ အထူးကုဆရာဝန်က ဆရာရေးတာထက် ပိုပြီး ပြောပြ-ကုသ ပေးပါလိမ့်မယ်။
လေနာမဟုတ်ဘဲ Gastroesophageal reflux disease (GERD) ဖြစ်တတ်တယ်။ လူအတော်များများမှာ ဖြစ်တတ်တယ်။ အစာမြိုပြွန်နဲ့ အစာအိမ် ဆက်တဲ့နေရာလေးမှာ အဆို့ရှင်သဘောရှိတာက ပိတ်ရမဲ့အချိန်မှာ ကောင်းကောင်း မပိတ်တော့ အစာအိမ်ထဲ ရောက်ပြီးသား အစာတွေက အထက်ဆီ ဆန်တက်လာတယ်။ Endoscopy ဆိုတာနဲ့ စစ်မယ်။ ဆေးတွေ ပေမယ်။ ခွဲစိတ်တာက နောက် လိုမှ လုပ်ရတယ်။
Paraesophageal Hernia (Hiatal hernia) ဆိုတာလဲ အစာမြိုပြွန်က အထက်ဆီကို ကျွံတက်နေသလို ဖြစ်တာပါ။ လိုအပ်လာရင်တော့ ခွဲစိတ်ကုသရမယ်။
ကျန်းမာ-ချမ်းသာပါစေ။
တဆ
၁၂-၁-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/