Saturday, February 26, 2011

Japanese encephalitis ဂျပန်-ဦးနှောက်ရောင် ရောဂါ

Feb 26, 2011 at 10:24 AM
ဂျပန်-ဦးနှောက်ရောင် ရောဂါအကြောင်း အသေးစိတ်သိချင်လို့ပါ။ ၂ဝ၁ဝ ခုနစ်လပိုင်းက ကျမမောင်လေး ဒီရောဂါကို ခံစားခဲ့ရပါတယ်။

၁၉၃၄ တုံးက ဂျပန်-ပညာရှင် Hayashi ကနေ စတွေ့လို့ Japanese B encephalitis လို့ နာမယ်ပေးခဲ့တယ်။ အမျိုးကွဲ ၄ မျိုး ရှိတယ်။

ဂျပန်-ဦးနှောက်ရောင် ရောဂါ Japanese encephalitis virus (JEV) က (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ Arbovirus မျိုး ဖြစ်တယ်။ Culex tritaeniorhynchus နဲ့ Culex vishnui groups ခြင်ကနေကူးတယ်။ လူကနေ လူကို မကူးပါ။ ခြင်က စပါးခင်းတွေမှာ ပေါက်လို့ တောပိုင်းမှာ ရောဂါများတယ်။ မြင်း၊ ဝက်၊ ငှက်တွေကလဲ ပိုးသယ်ပေးနိုင်တယ်။ ဇွန်လကနေ စက်တင်္ဘဘာလအတွင်း ဖြစ်တာ များတယ်။

(အာစီယန်) ရောဂါလို့ ခေါ်ရမလားဘဲ။ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုစ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းလ်၊ ASEAN ၁ဝ နိုင်ငံလုံးမှာ ဖြစ်တယ်။ တရုပ်၊ တိုင်ဝမ်၊ ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ၊ နီပေါ၊ သိရိလင်္ကာ၊ သြစတေးလျ၊ ပါကစ္စတန်၊ ပါပူအာ-နယူးဂီနိ၊ ပစိဖိတ်ကျွန်းတွေမှာလဲ ဖြစ်တယ်။

ယောက်ျားလေးက မိန်းကလေးတွေထက် နဲနဲ (၁့၅း ၁့ဝ) ပိုဖြစ်တယ်။ ပိုးဝင်ရုံဝင်တာက လူရွယ်ပိုင်းမှာ အဖြစ်များပြီး၊ လက္ခဏာ ပေါ်တာက ကလေး (၂-၁ဝ နှစ်) တွေနဲ့ အသက်ကြီးသူတွေမှာ ပိုများတယ်။ လူ ၂၅ဝ ဖြစ်ရင် ၁ ယောက်သာ လက္ခဏာပြတယ်။

တခြား St. Louis encephalitis and West Nile encephalitis ဦးနှောက်ရောင် ရောဂါတွေနဲ့ ဆင်တူတယ်။ ပိုးရှိတဲ့ခြင် ကိုက်ခံရရင် နီးစပ်ရာ (လင့်ဖ်-နုတ်) တက်စေ့တွေဆီ ရောက်မယ်။ နောက် သွေးထဲကို ပိုးတွေ ရောက်မယ်။ နှလုံး၊ အဆုပ်၊ အသဲ နဲ့ တခြား နေရာတွေကို ပျံ့နှံ့မယ်။ ဦးနှောက်နဲ့ အာရုံကြောဆီ မရောက်ခင် ရက်နဲနဲနဲ့ ကောင်းသွားနိုင်တယ်။

ပိုးရှိတဲ့ခြင် ကိုက်ခံရပြီးနောက် ၄-၁၅ ရက်မှာ လာဖြစ်တယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချမ်း-တုံမယ်၊ ပျို့-အန်မယ်၊ ကြွက်သားတွေ နာမယ်။ လည်ပင်း တောင့်တင်းနေမယ်။ အားယုတ်နေမယ်၊ ကြာရင် စိတ်အခြေအနေ ထိခိုက်လာတယ်။ စိတ်ရှုတ်ထွေးနေမယ်၊ စိတ်မတည်ငြိမ်တာကနေ တက်တဲ့အထိ ဖြစ်နိုင်တယ်။ ကလေးတွေဖြစ်ရင် ၆ဝ% ကတက်တယ်။ လက်တုံတာ၊ အလိုလိုကိုယ်-လက်လှုတ်တာ၊ စကားမပြောချင်တာ၊ (ရီဖလက်စ်) တုံ့ပြန်မှု လွန်ကဲနေမယ်၊ မျက်စိအထဲမှာ ရောင်မယ်။ (ပိုလီယို) သူငယ်နာ-အကြောသေနဲ့ ဆင်တူတယ်။

ကံမကောင်းသူတွေမှာ ဦးနှောက်ထဲက Thalamus (သဲလ်မတ်စ်)၊ Basal ganglia (ဘေဆယ်လ်-ဂင်ဂလီယာ)၊ Brain stem (ဘရိန်း-စတမ်)၊ Cerebellum (ဆယ်ရီဘယ်လမ်) Hippocampus (ဟစ်ပိုကင်းမ်ပတ်စ်) နဲ့ Cerebral cortex (ဆယ်ရီဘရယ်-ကောတက်စ်) တွေကို ရောက်မယ်။

စစ်ဆေးရင် M protein နဲ့ E protein တွေတွေ့မယ်။ သွေးနဲ့ ခါးရိုးဆစ်ထဲက အရည် စစ်ဆေးတာနဲ့ ရောဂါကို သေခြာ စေရတယ်။ မွေးမဲ့ကလေးကို ကူးတာလဲ ဖြစ်နိုင်တယ်။

ဖြစ်လာသူထဲက ၅-၁ဝ% သေဆုံးနိုင်တယ်။ ဆင်းရဲတဲ့နေရာတွေမှာ ၃၅% သေဆုံးနိုင်တယ်။ တကမ္ဘာလုံး ၁ နှစ်ကို တသောင်း သေရတယ်။ အာရှမှာ တနှစ်ကို လူနာသစ် ၃ သောင်းကနေ ၅ သောင်း တွေ့နေရတယ်။ သေဆုံးနှုံး ၁ဝဝဝ မှာ ၃ ယောက်ကနေ ၆ဝဝ အထိရှိတယ်။

(ဗိုင်းရပ်စ်) က ဖြစ်တာမှန်သမျှ တိကျတဲ့ ကုသဆေး မရှိပါ။ ထောက်ကူမှုတွေသာ လုပ်ပေးရပါတယ်။ ကုသဆေးသစ် Rosmarinic acid, Arctigenin, Curcumin, Minocycline တွေလဲ စမ်းသပ်နေပါတယ်။

တခါဖြစ်ဘူးရင် တသက်စာ ကာကွယ်ပြီးသား ခံနိုင်ရည်ရသွားတယ်။ ကနေ့အထိပေါ်တဲ့ ကာကွယ်ဆေးက Genotype III virus ကို အခြေပြုထားတာဖြစ်တယ်။ အင်္ဂလန်မှာ ကာကွယ်ဆေး ၃ မျိုးသုံးတာထဲက IXIARO သာ တရားဝင် ဖြစ်တယ်။ ၂ ခါထိုးရမယ်။ နောက်ဆေးသစ်တွေလဲ စမ်းနေပါပြီ။

ဖြစ်တဲ့သူရဲ့နောင်အလားအလာဆိုတာ ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးအစား၊ အသက်၊ ကိုယ်ခံကျန်းမာရေး စတာတွေပေါ် မူတည်တယ်။ ဗဟိုအာရုံကြောစနစ် ထိသူတွေမှာ နောင်မှာလဲ နားအကြားချို့ယွင်းတာ၊ စိတ်လှုတ်ရှားမှုရှိနေတာ၊ ကိုယ်တခြမ်း အားနည်းတာတွေ ကျန်နေနိုင်တယ်။ ဖြစ်တဲ့သူထဲက ၃၃-၅ဝ%မှာ အာရုံကြောထိခိုက်မှု ကျန်နေတတ်တယ်။ ၁ နှစ်လောက်အထိ ကြာနိုင်တယ်။ တက်တာ၊ လှုတ်ရှားမှုချို့ယွင်းတာ၊ ၇၅%လောက်မှာ ၅ နှစ် အထိ နဲနဲလေး ကျန်နေနိုင်သေးတယ်။ ဗီတာမင် ဘီ၊ Nrurobion ဆေးတွေ သောက်နိုင်တယ်။ အထူးကုဆရာဝန်နဲ့ ပြသနေသင့်တယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...