ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, February 21, 2011

Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်း အကျိတ် တမျိုး

2/20/2011 8:42 AM
ကျနော့်အသက် ၂၆ နှစ်ပါ။ ကျနော့်လည်ပင်းမှာ လွန်ခဲ့တဲ့ ၈ လလောက်က အကျိတ်ပေါ်ပါတယ်။ အကျိတ်ဖြစ်တဲ့နေရာက အနည်းငယ် ကြီးနေရာကလွဲလို့ ဘာခံစားမှုမှမရှိပါ။ အကျိတ်ကလည်း လည်ပင်း ရဲ့ ညာဘက်မှာ ဆားငံသီးစေ့လောက် ရှိပြီး၊ ဒီတိုင်းကြည့်ရင် မမြင်ရဘဲ မော့ကြည့်မှ သိတာပါတယ်။ ဆရာဝန်ကြီးက Lipoma (အဆီကျိတ်) ဖြစ်တယ်လို့ ပြောပြီး ဆေးရုံတက် ခွဲဖို့ အကြံပေးပါတယ်။ ခွဲတာကတော့ ပြီးခဲ့တဲ့ ၁ ပါတ်ကခွဲတာပါ၊ ထုံဆေးနဲ့ ENT မှာခွဲပါတယ်။

ထုံဆေးနဲ့ ဆိုတော့ ဆရာဝန်ကြီးတွေ လုပ်ကိုင်ပြောဆိုနေတာ အကုန် ကြားရပါတယ်။ ဆရာဝန်ကြီးက Lipoma မဟုတ်ဘဲ muscles အောက် ရောက်နေတယ်လို့ ပြောသံကြားပါတယ်။ နောက် Biopsy လုပ်ပါတယ်၊ Biopsy Result က ကောင်းတယ် ဒါပေမဲ့ ပြန်ဖြစ်နိုင်တယ်၊ ပြန်ဖြစ်ရင်တော့ မေ့ဆေးနဲ့ ခွဲရမယ်လို့ ပြောပါတယ်။ Biopsy Result ရဲ့ conclusion မှာတော့ Cystic Lymphangioma neck လို့ ရေးထားပါတယ်။ ဆရာဝန်ကြီးကိုလဲ မေးဖို့ အခွင့်မကြုံတာမို့ ကျနော့် ရောဂါနဲ့ ရှောင်သင့်တာတွေ ပြောပြပေးပါ။

• Lymphangiomas (လင်ဖန်ဂျီယိုးမား) ဆိုတာ (လင့်ဖ်) သွေးပြန်ရည်လမ်းမှာ ပုံမှန်မဟုတ်ဖြစ်လို့ အကျိတ် ဖြစ်လာတာပါ။
• သွေးပြန်ရည်စနစ်ဆိုတာတာ လူတိုင်းမှာရှိတယ်။ တကိုယ်လုံးက (တစ်ရှူး) တွေထဲက ပိုနေတဲ့အရည်တွေကို သွေးပြန်ကြော စနစ်ထဲ လာထည့်ပေးနေတာဖြစ်တယ်။
• (လင်ဖန်ဂျီယိုးမား) က အရွယ်မရွေး ဖြစ်နိုင်တယ်။ ငယ်သူတွေက အဖြစ်များတယ်။ အသက် ၂ နှစ်အောက် လည်ပင်းမှာ ဖြစ်တာ ၉ဝ% ရှိတယ်။
• မွေးကတည်းက ဖြစ်တာလဲ ရှိတယ်။
• မွေးပြီးမှ ဖြစ်သူတွေမှာ (အင်ဖက်ရှင်) ရောဂါပိုးဝင်တာ၊ ခိုက်မိတာနဲ့ (လင့်ဖ်) လမ်းပိတ်တာတွေကြောင့် ဆက်ဖြစ်လာစေတယ်။
• အများဆုံးက Benign lesions ခေါ်တဲ့ ကင်ဆာမဟုတ်ရောဂါပါ။ ခပ်ပျော့ပျော့၊ ဖြေးဖြေးသာကြီးကြီးလာတယ်။
• Lipoma အဆီအကျိတ်၊ Sebacious cyst ချွေးထွက်အကျိတ်တွေနဲ့ သိပ်တူတယ်။
• Capillary အမျှဉ်၊ Cavernous lymphangiomas အခေါင်း နဲ့ Cystic hygromas (ဆစ်စတစ်-ဟိုက်ဂရိုးမား) ဆိုပြီး ၃ မျိုး ရှိနိုင်တယ်။ Hemangiolymphangioma သွေးပါတာက မွေးရာပါ။
• Capillary lymphangiomas တွေက (လင့်ဖ်) အမျှဉ်သေးသေးလေးတွေ ဖြစ်ပြီး အရေပြားအပေါ်ယံမှာ ရှိတယ်။
• Cavernous lymphangiomas တွေက (လင့်ဖ်) အကြော ခပ်ဖေါင်းဖေါင်းနဲ့ သူ့ဘေးက (တစ်ရှူး) တွေနဲ့ ရောနေတယ်။
• Cystic hygromas ဆိုတာ ကောက်ရိုးရောင် အရည် ပြည့်နေမဲ့ အိတ်သေးသေးလေးတွေ ဖြစ်တယ်။
• Hemangiolymphangioma မှာ သွေးပါမယ်။
• Microcystic lymphangiomas အသေးစားနဲ့ Macrocystic lymphangiomas အကြီးစား နဲ့ Mixed lymphangiomas အသေး + အကြီးစား လို့ ခွဲနိုင်သေးတယ်။
• လည်ပင်းက (ဟိုင်းဝိုက်) အရိုးနုရဲ့ အထက်နဲ့ အောက် ဆိုပြီး ခွဲစိတ်-ဆေးပညာမှာ စနစ်တကျ ပြောသေးတယ်။ အောက်တဖက်ထဲ၊ အထက်တဖက်၊ အောက်နှစ်ဖက်၊ အထက်နှစ်ဖက် နဲ့ အောက် + အထက် နှစ်ဖက်။
• အမျိုးအစားအလိုက် ကုရမယ်။ Aspiration စုပ်ထုတ်နည်း၊ Surgical excision ခွဲထုတ်နည်း၊ Laser လေဆာနည်း၊ Radiofrequency ablation ဓါတ်ရောည်ခြည်နည်း နဲ့ Sclerotherapy ဆေးထိုးနည်းတွေနဲ့ ကုနိုင်တယ်။
• ခွဲထုတ်တာ အကောင်းဆုံးနည်းဖြစ်တယ်။
• ခွဲစိတ်တာတောင် Cystic hygroma ဆိုရင် မကောင်းတဲ့ (တစ်ရှူး) တွေ ထုတ်ရတယ်။ ဒါပေမဲ့ မျက်စိနဲ့ခွဲလို့ မရတတ်ဘူး။ ဒါ့ကြောင့် ပြန်ဖြစ်တတ်တယ်။ လူနာအတော်များများ နှစ်ခါ ခွဲရတယ်။
• လည်ပင်းမှာ မဟုတ်ဘဲ ချိုင်းနဲ့ ရင်ခေါင်းအထဲမှာလဲ ဖြစ်တတ်တယ်။
• ခွဲစိတ်ထုတ်နည်း လုပ်တဲ့အခါ -
1. Meticulous surgical excision အထူးဂရုစိုက် ခွဲစိတ်နည်း ဆိုပြီး၊ လုပ်နိုင်တာ ကောင်းတယ်။
2. Local recurrences အရင်နေရာမှာ ပြန်ဖြစ်တာ၊
3. Fistula malformation မတူတဲ့ မျက်နှာပြင် နှစ်ခုအကြား လမ်း (ပြွန်) ဖြစ်တာ နဲ့
4. Infection (အင်ဖက်ရှင်) ရောဂါပိုးဝင်တာတွေ ကို သတိထားရမယ်။

Dr. တင့်ဆွေ
၂၁-၂-၂ဝ၁၁