ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Thursday, February 10, 2011

Nausea and Vomiting (1) ပျို့ချင်-အန်ချင် (၁)

9 Feb 11, 00:54
ဆေးလိပ်ဖြတ်ထားတာတော့ တစ်လလောက်ရှိပြီ။ အရက်တော့ သောက်ဖြစ်တယ်။ အမြဲတမ်း ပျို့နေတယ်။ ဘာတွေ ရှောင်ရမလဲ။ ကျနော် အသက် ၂၄ နှစ်၊ ယောက်ျားလေးပါ။

ပျို့တာ နဲ့ အန်ချင်တာ နှစ်မျိုးက ဆက်စပ်နေတယ်။ အတော်များများ နေ့တဓူဝ ဖြစ်ကြတာက ကားစီးရင် မူးပြီး အန်ချင်တာ၊ ကိုယ်ဝန်ဆောင်စ ခံစားရတာတွေ ဖြစ်မယ်။ ဆေးတွေကြောင့်လဲ ပါတယ်။ တချို့က မကြိုက်တဲ့ အနံ့ရတာ၊ အသံကြားတာ၊ တခုခုမြင်ရတာနဲ့ ပျို့ချင်တယ်။ အစားများလို့လဲ အန်တတ်တယ်။ ချောင်းဆိုးရင်းလဲ တပါထဲအန်နိုင်တယ်။

ဆေးပညာသင်သူတွေ အတွက်တော့ သိစရာတွေ စာရင်းရှည်ကြီးနဲ့ ရှိတယ်။ ဝေဒနာခံနေရလို့ မေးတဲ့သူက ဖတ်ရင်း ပျို့နေရတဲ့အထဲ ခေါင်းမူးပြီး စိတ်ရှုတ်နိုင်တယ်။ ဆောရီး။

၂ဝဝ၉ သုတေသန တခုအရ အစာလမ်းကြောင်း ရောင်လို့ဖြစ်တာ ၃၇% နဲ့ အများဆုံး၊ ဆေးတွေကြောင့်ဖြစ်တာက ၃% တွေ့ရတယ်။ ၁ဝ% ကို ဆရာဝန်တွေက အကြောင်းရှာမရဘူး။ ကိုယ်ဝန်ဆောင်စ ၈ဝ% မှာ ပျို့တာ၊ အန်တာအပါအဝင် ဟိုဟိုဒီဒီ ဖြစ်တာကို Morning sickness ခေါ်တယ်။ ဒီအထဲက Hyperemesis gravidarum အဆင့်ထိ ဆိုးလွန်းသူတွေ ဆေးရုံတက် ကုကြရတယ်။ ရှားရှားပါးပါး ကိုယ်ဝန်ဖျက်ပေးရမှာတောင် ရှိနိုင်တယ်။ နောက် တမျိုးက Disequilibrium လို့ခေါ်တဲ့ မျှခြေလွတ်သွားတာ။ မြင့်တာ၊ နိမ့်တာ၊ ကွေ့တာ၊ ကောက်တာကို လူက လိုက်မမီတာမျိုး ပြောတာပါ။

ပျို့ချင်-အန်ချင်စေနိုင်တာတွေကတော့
Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ၊ Acute gastritis အစာအိမ်ရောင်၊ Alcoholism အရက်၊ Appendicitis အူအတက်ရောင်၊ Bone Cancer အရိုးကင်ဆာ၊ Brain Tumor ဦးနှောက်ကင်ဆာ၊ Cholecystitis သည်းခြေလမ်းရောင်၊ Depression စိတ်ကျရောဂါ၊ Diabetic ketoacidosis ဆီးချိုထိန်းမရတာ၊ Extreme sunburn နေလောင်၊ Flu တုပ်ကွေး၊ Food poisoning အစာဆိပ်သင့်၊ Gallbladder disease သည်းခြေလမ်းရောဂါ၊ Gastroesophageal Reflux Disease (GERD) အစာမျိုပြွန်ရောဂါ၊ Gallstones သည်းခြေ-ကျောက်၊ Glaucoma မျက်စိ-ရေတိမ်၊ Head injury ခေါင်းခိုက်မိခြင်း၊ Heart Attack နှလုံးရောဂါ၊ Heat exhaustion အပူများခြင်း၊ Hepatitis အသဲရောင်ရောဂါ၊ Hydrocephalus ဦးခေါင်းကြီးရောဂါ၊ Infection (အင်ဖက်ရှင်)၊ Inflammatory bowel disease အူလမ်းရောဂါ၊ Kidney Failure ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း၊ Kidney Stones ကျောက်ကပ်-ကျောက်၊ Labyrinthitis နားအတွင်း-ရောင်ခြင်း၊ Listeria (လစ်စတားရီးယား) ပိုးဝင်ခြင်း၊ Malaria ငှက်ဖျား၊ Meningitis ဦးနှောက်မြှေးရောင်၊ Migraine (မိုင်ဂရင်း)၊ Motion sickness ကားမူးခြင်း၊ Multiple Myeloma သွေး-ကင်ဆာ တမျိုး၊ Pancreatitis သရက်ရွက်ရောင်၊ Peptic Ulcer အစာအိမ်-လေနာ၊ Salmonella (ဆာလ်မိုနဲလား) ပိုး၊ Small bowel obstruction အူသိမ်ပိတ်၊ Stomach Cancer အစာအိမ်-ကင်ဆာ၊ Stomach flu အစာအိမ်တုပ်ကွေး၊ Vertigo (ဗာတိုင်ဂို) အမူးရောဂါ၊ Viral Hepatitis အသဲရောင်-အသားဝါ၊ Yellow Fever အ၀ါရောင်-အဖျား ရောဂါတွေ ဖြစ်တယ်။

ဖြစ်စေနိုင်တဲ့ ရောဂါ (အေ-တူ-ဇက်) ရှိသလို အအန်ပျောက်ဆေးကလဲ (ကကြီး ကနေ အ) အထိရှိတယ်။ Amitriptyline, Antivert, Antrizine, Ativan, Aventyl, Benadryl, Bonine, Cannabinoids, Dimenhydrinate, Diphenhydramine, Droperidol, Lorazepam, Marijuana, Meclizine, Meclozine, Meni-D, Metoclopramide, Metozol, Nortriptyline, Octamide, Ondansetron, Pamelor, Prochlorperazine, Promethazine, Pyridoxine (Vitamin B6), Reglan, Reglan, Scopolamine, Transderm-Scop တွေ ဖြစ်တယ်။

ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင် လေကိုပါ မျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေ များလို့ အန်မယ်။ ကလေး ငယ်သေးလွန်းတော့ သူ့ အစာလမ်း အထိန်းက ကောင်းကောင်း မရင့်ကျက်သေးတော့ ပိုဖြစ်စေတယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ ဆေးတိုက်ဘို့ မလိုပါ။ တကယ်လို့ Forceful vomiting အတင်းထိုးအန်တာမျိုး ဖြစ်ရင်တော့ ရောဂါတခုခု ရှာရမယ်။ ကလေး ၂-၃ လအရွယ်မှာ အဲလို အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ် အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင် ခွဲစိတ်ကုသရတယ်။ ကလေးမှာဘဲ အန်လဲအန်မယ်၊ ငိုလဲငိုမယ်၊ ဝမ်းထဲမှာလဲ သွေးအနီရောင်ပါမယ် ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမှာပါဘဲ။ ဝမ်းလျှာတာနဲ့ အန်တာ ရောနေတယ်ဆိုရင် (ဗိုင်းရပ်စ်) ဝင်တာ ဖြစ်မယ်။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလဲ ရှိတယ်။ အချိန်မှန် အန်နေတာမျိုး။ ဘာလို့ဖြစ်လဲ သေခြာမသိဘူး။

အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေ ဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်တုံးကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည် ခမ်းနေမယ်၊ ဘယ်လိုခြော့ခြော့ မရဘူး။

အိမ်မှာတင် ဂရူစိုက်ဘို့ လိုတယ်။ အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင် တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့ သူတွေကို ကုသလိုပါဘဲ။ RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့ တိုက်မရရင် ထိုးပေးရတတ်တယ်။ Scopolamine skin patches (Transderm Scop) ဆေးကပ်ခွါကို အရေပြားမှာ ကပ်ထားလို့ ရတယ်။ Dramamine ဆေးက ကားမူးတတ်သူတွေ အတွက် ကြိုတင်သောက်ရင် အလွန်ကောင်းတယ်။

Dr. တင့်ဆွေ
၁ဝ-၂-၂ဝ၁၁