ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, February 9, 2011

Norfloxacin နဲ့ Doxycycline

Feb 9, 2011 at 7:53 AM
သမီးကို ဆရာဝန်တွေက Norfloxaxin ပေးတာများပါတယ်။ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးလေးလဲ ပြောပြပေးပါ။ ပြီးခဲ့တဲ့ တပတ်က Norfloxaxin နဲ့ Doxycycline သောက်ပြီး အခုအစာ အိမ်နာလို့ ဆက်ကုနေရပါတယ်။

Norfloxacin
(နော်ဖလောက်ဆာစင်) ဆေးက ဆီးလမ်းကို ဝင်လေ့ရှိတဲ့ ဗက်တီးရီးယားပိုးတွေကိုနိုင်တဲ့ ပဋိဇီဝဆေး ဖြစ်တယ်။ ယောက်ျား-ဆီးကျိတ်ရောင်တာနဲ့ ဂနိုရီးယားတွေကိုလဲ ပေးတယ်။ Fluoroquinolones အုပ်စုဝင်တခု ဖြစ်တယ်။ ဒါ့ကြောင့် တအုပ်စုထဲက တခြားဆေး (Ciprofloxacin, Levofloxacin, Moxifloxacin, Ofloxacin, Lomefloxacin) တွေကို မတည့်ရင် သူ့ကိုလဲ မတည့်ဖြစ်နိုင်တယ်။

• Urinary Tract Infection ဆီးလမ်းပိုးဝင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၇-၁ဝ-၂၁ ရက်၊
• Cystitis ဆီးအိမ်ရောင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ရှားပါးတဲ့ပိုးဆိုရင် ၇-၁ဝ ရက်။
• Pyelonephritis ကျောက်ကပ်ရောင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊
• Prostatitis ကျားဆီးကျိတ်ရောင်တာအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၂၈ ရက်၊
• Epididymitis ကျားအစေ့ရောင်တာအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊
• Gonococcal Infection ဂနိုးရီးယားဖြစ်ရင် 800 mg တကြိမ်ထဲ သောက်ပါ။ ဒါပေမဲ့ ဆေးပြီးတတ်လို့ Doxycycline ဆေး ၇ ရက်၊ ဒါမှမဟုတ် Azithromycin တကြိမ်ပေးတာ ပိုကောင်းတယ်။
• Campylobacter Gastroenteritis အူလမ်းရောင်ပြီး ဝမ်းပျက်ရောဂါအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။
• Salmonella Enteric Fever တိုက်ဖွိုက် ဖြစ်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်၊
• Salmonella Gastroenteritis (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ HIV ရှိသူဆိုရင် ၁၄ ရက်။
• Shigellosis ဝမ်းကိုက်ရောဂါ 400 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။
• Traveler's Diarrhea ခရီးသွားဝမ်းပျက်သူတွေ 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။

ဘေးထွက်ဆိုးကျိုး။ ဝမ်းပျက်၊ ဝမ်းချုပ်၊ ခေါင်းမူး၊ စိတ်ကူးရတာခက်၊ ဆီးသွားနဲမယ်။ အစားပျက်၊ ဗိုက်အောင့်၊ ဆီးနီ၊ ဝမ်းအရောင် ပျော့၊ မျက်လုံးဝါ၊ သွေးယိုလွယ်၊ အားယုတ်၊ ကိုယ်ပူ၊ တက်စေ့ရောင်၊ လည်ပင်းနာ၊ ပျို့၊ စိုးရိမ်စိတ်ဝင်၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ အအိပ်ခက်၊ မွေးလမ်းယား၊ ရှားရှားပါပါး တက်တတ်တယ်။ ကြွက်သား-အရွတ် Tendon ဥပမာ အသက်ကြီးသူတွေရဲ့ ဖနောင့်ကြောကို ထိခိုက်တတ်တယ်။

ဒီဆေးနဲ့အတူ Antacids အင်တီ-အက်စစ်၊ Vitamin or mineral ဗီတာမင်နဲ့ဓါတ်ဆား၊ Sucralfate, Didanosine ဝါးစာနိုင်တဲ့ ဆေးမျိုးတွေနဲ့အတူ ၂ နာရီအတွင်း တွဲမသောက်တာ ကောင်းတယ်။ ဆေးသောက်နေတုံး နေရောင်ကို ရှောင်ရင် ကောင်းတယ်။ နှလုံးခုန်-မမှန်တာရှိလို့ Quinidine, Disopyramide, Bretylium, Procainamide, Amiodarone, Sotalol ဆေးတွေ သောက်နေရသူတွေ သတိထားသောက်သင့်တယ်။

FDA ကနေ Pregnancy category C အဆင့်သတ်မှတ်ထားလို့ ကိုယ်ဝန်ရှိတုံး မသုံးတာကောင်းတယ်။ ကလေး နို့တိုက်နေရင်လဲ ရှောင်ပါ။ ဆေးသောက်ရင် ရေတဖန်ခွက်အပြည့်နဲ့ သောက်ပါ။ တနေ့လုံးလဲ ရေ-အရည်များများ သောက်တာ ကောင်းတယ်။ အစာမရှိတုံး သောက်သင့်တယ်။ (ကေဖင်း) ပါတဲ့ အစားအသောက်ဆိုရင် (ကေဖင်း) သတ္တိပိုပြစေနိုင်တယ်။

Doxycycline
(ဒေါက်ဆီဆိုက်ကလင်း) ဆေးဟာ Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေးဖြစ်တယ်။ ဗက်တီးရီးယားတွေကို မျိုးမပွါးစေအောင် လုပ်ပေးတယ်။ ဆေးကုမ္ပဏီတွေက ပေးတဲ့နာမယ်တွေက Adoxa, Alodox, Avidoxy, Doryx, Monodox, Oracea, Oraxyl, Periostat, Vibramycin Calcium, Vibramycin Monohydrate, Vibramycin, Vibramycin Hyclate, Vibra-Tabs တွေဖြစ်တယ်။

ဝက်ခြံ၊ Blemishes, Bumps, Acne-like lesions ခေါ်တဲ့ မျက်နှာမှာ ဝက်ခြံလို အနီဖုလေးတွေ ဖြစ်တာတွေ အတွက်လဲ သုံးတယ်။ ဂနိုးရီးယား၊ (ကလာမိုင်ဒီးယား) ဆစ်ဖလစ်၊ (ရှန်ကာရွိုက်)၊ ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက် ရောဂါတွေ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ Hemophilus influenzae, Streptococcus pneumoniae, Mycoplasma pneumoniae တွေကြောင့် ဖြစ်တဲ့ အသက်ရှူလမ်း ရောဂါ၊ Lyme disease (လိုင်မ်း) ရောဂါ၊ အရေပြား အနာ၊ Anthrax ဒေါင့်သန်းရောဂါတွေအပြင် ဂနိုးရီးယား ကြောင့် မဟုတ်တဲ့ ဆီးပြွန်ရောင်၊ Rocky mountain spotted fever အဖျား ရောဂါတမျိုး၊ (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ Brucellosis တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ Rickettsial infections (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ Q fever (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ Inclusion conjunctivitis မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။

ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။ ငှက်ဖျားဒေသမသွားခင် ၂ ရက်ကြိုသောက်ပါ။ ပြန်လာရင် ၄ ပါတ်အထိ ဆက် သောက်ပါ။ အားလုံးပေါင်း ၄ လထက်တော့ မပိုစေနဲ့။

ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ Inhalational anthrax လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။ Penicillin ဆေးနဲ့ မတဲ့သူတွေအတွက် အစားထိုးဆေးဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အစာမကျေ၊ အန်ချင်၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။

FDA ကနေ Pregnancy category D သတ်မှတ်ထားတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ တခြာနည်း (Condom, Diaphragm, Spermicide) တခုခုသုံးပါ။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကို မတည့်ရင် သူ့ကိုလဲ မတည့် ဖြစ်နိုင်တယ်။ ကျောက်ကပ် ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြာပြီး သောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသဲရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

Dr. တင်ဆွေ
၉-၂-၂ဝ၁၁