ကျနော်မေးချင်တာက ယောက်ကျား-မိန်းမ မရွေး တခြား ဘာရောဂါမှ မရှိဘဲ ထိုင်ရတာများလို့ e.g. ကွန်ပျူတာသမား၊ ဆေးလိပ်ခုံက မိန်းခလေးတွေတို တင်ပါးမှာ ဖြစ်တဲ့ အမည်းကွက်တွေ ပျောက်အောင် ဘာဆေးလိမ်းရမလဲ ပြောပြပေးပါ။ ဆေးနာမည်ပါ တခါတည်း ဖော်ပြပြပေးပါ။ ကျေးဇူးတင်ပါတယ်။
ကြာကြာ ဖိထိုင်ရလို့ အဖိခံရတဲ့ နေရာမှာ နဂိုအနေလို့ မဟုတ်တော့ဘဲ၊ ညို-မဲ-ထူ-ချပ်လာတာကို မေးတယ် ထင်ပါတယ်။ Skin Pressure Sore ခေါ်တယ်။ ဆေးစာမှာတော့ အနာဖြစ်မှသာ ဘာလုပ်ရမယ်ဆိုပြီး ရေးတယ်။ အဲလိုဖြစ်ကြသူတွေကို အထူးပြုစုမှု မလုပ်ရင် အတော်ကိုဆိုးတာ ဖြစ်နိုင်လို့ပါ။ အိပ်ယာထဲ အကြာကြီးလှဲနေရတဲ့ နာတာရှည်-လူနာတွေအတွက် (စပါရှယ်-နာ့စ်) ငှားပြီး ပြုစုကြရတာမျိုးပါ။ ဒီလိုဖြစ်တာ ကာကွယ်လို့ ရပါတယ်။ ကာကွယ်ချင်စိတ်၊ ကာကွယ်ဘို့ အသိစိတ်နဲ့ တကယ်လဲ လုပ်မှရမယ်။
ဘာလို့ ဖြစ်ရတာလဲ။ အဖိခံရတဲ့နေရာမှာ ရုပ်ပိုင်းဖိအားခံရလို့ သွေးကောင်းကောင်း မလျှောက်၊ သွေးလွှတ်ကြော၊ သွေးပြန်ကြောထဲက သွေးတွေ အထက်ဆန်-အောက်စုံ ကောင်းကောင်း မလုပ်နိုင်၊ အာရုံကြောတွေကလဲ သူ့အလုပ်သူ မလုပ်နိုင်၊ (လင့်ဖ်) သွေးပြန်ရည်ကြောတွေလဲ ဒဏ်ခံကြရတယ်။ ခံနိုင်သလောက်တော့ ခံသေးတယ်။ မခံနိုင်ရင် ရောဂါ အဆင့် ရောက်တော့တယ်။
Prolonged pressure အကြာကြီး အဖိခံရတာအပြင် Bruises or scrapes ကုတ်မိလို့ သွေးခြည်ဥလို့၊ Prolonged wetness on the skin အစိုမှာနေရတာ ကြာလို့၊ Burns အပူလောင်လို့၊ Sitting or lying on hard objects မာတဲ့အရာပေါ်မှာ နေရ-အိပ်ရလို့၊ Frostbite နှင်းခဲကိုက်လို့ ဆိုတာတွေကနေ ဖြစ်တာလဲ သဘောချင်း အတူဘဲ။
အကြာကြီး အဖိခံရရင် အရိုးအဖုလို နေရာက စဖြစ်တယ်။ အဲလိုနေရာကလဲ အရေပြားနဲ့ ပိုနီးကပ်နေတယ်။ အထက်ကဖိ၊ အောက်ကဖိ။ သွေးအလျှောက် နည်းတော့ အောက်စီဂျင်မဝ၊ ခံနိုင်ရည် ကျစေတယ်။ ခန္ဓာကိုယ်စနစ်ကနေ သွေးတွေ ပိုပို့ပေးလာတော့ ရောင်လာစေမယ်။ ရောင်တော့ ဖိအားထပ်ဖြစ်ရော။ ဖိအားက သွေးအလျှောက် နည်းစေပြန်တယ်။ “မီးခိုး-ကြွက်လျှောက်။ ပေါက်ပင်-ဘာလို့ကိုင်းရတယ်။” ဆိုတာနဲ့ အတူဘဲ။
ဆက်ဖြစ်လာမှာက နာမယ်။ မာလာ-ပူလာမယ်။ အရေပြား အရောင် ပြောင်းလာမယ်။ နောက် အပူဖူးပေါက်တာ ဖြစ်လာမယ်။ အရေပြား မာ-နီနေတယ်ဆိုတာ သေတာလို့ပြောရင် မမှားဘူး။ ဆက်ဖြစ်ရင် အပေါက်-အနာဖြစ်တော့မယ်။ အပေါ်က မြင်ရတာ သေးပေမဲ့ အောက်မှာ ကျယ်နေတတ်တယ်။ အရိုးထိရောက်နိုင်တယ်။ အရိုးကိုပါ ပိုးဝင်-ဖျက်ဆီး ခံနေရတာ ဖြစ်နိုင်တယ်။ ဖိနပ်ပေါက်တာလဲ ဒါဘဲ။
မဖြစ်အောင်လုပ်ရာမှာ ခပ်ပေါ့ပေါ့နဲ့ မရပါ။ မဖြစ်အောင်လုပ်ဘို့ဆိုတာ တယောက်ချင်းကနေ ကိုယ့်ပြဿနာကိုယ် သိဘို့ လိုတယ်။ အလုပ်လုပ်ကြရတာ မတူကြဘူးမဟုတ်လား။ မေးတဲ့သူ ပြောသလို ဆေးလိပ်သမ၊ ကွန်ပြုတာ-ထိုင်ရသူ၊ နာတာရှည်-လူမမာ၊ ဒဏ်ခံကြတာတွေမှာ မတူကြပါ။
အရေပြားကို သန့်နေ ခြောက်သွေ့နေအောင် လုပ်ပါ။ ခြောက်သွေ့တယ် ဆိုတာ အစိုမှာ အကြာကြီး မနေရတာ၊ အမြဲ စိုရွှဲနေတာ မဖြစ်ဘို့ ပြောတာပါ။ ရေငွေ့ဓါတ် ကင်းနေတာတော့ မကောင်းပါ။ အရေပြား ခြောက်သွေ့နေတဲ့နေရာကို အရက်နဲ့လဲ လိမ်းနိုင်တယ်။ မွေ့ယာသုံးတာလဲ သိပ်မမာစေနဲ့။ မွေ့ယာ ဆိုတာ ခါးနာတတ်သူတွေ အတွက်တော့ ရန်သူဘဲ။ လိုအပ်ရင် Lubricating cream သုံးပါ။ ရာဘာ-လေအိတ်-ကွင်းမျိုး သုံးနိုင်တယ်။
ဖြစ်စေတတ်တဲ့ အကြောင်းတရာတွေ အမျိုးမျိုး ရှိနိုင်တယ်။
1. Pressure ဖိအားဖြစ်နေတာ၊
2. Traction ဆွဲအားဖြစ်နေတာ၊
3. Friction ပွတ်တိုက်အားဖြစ်နေတာ၊
4. Moisture စိုထိုင်းမှုဖြစ်နေတာ၊
5. Inadequate nutrition အာဟာရချို့တဲ့နေတာ။
ဖြစ်လာတဲ့လက္ခဏာတွေ
1. နီ-ရောင်လာမယ်၊
2. အရေပြားပါးပြီး၊ ပွန်းပဲ့လာမယ်၊ အပူဖူးပေါက်မယ်၊
3. အရေပြားတလွှာလုံးပါးကုန်မယ်၊
4. အရေပြားအောက်က အဆီ၊ ကြွက်သား၊ အရိုး၊ အရွတ်အထိသက်ရောက်မယ်။
ကုသရမှာ ၅ မျိုး ရှိတယ်။
1. ဖိအားဖြစ်နေတာကို ဖယ်ရှားပါ။
2. သန့်ရှင်းရေး လုပ်ပါ၊
3. စပါယ်ရှယ်-အသုံးအဆောင် (ပေါင်ဒါ၊ အခုအခံ) သုံးပါ။
4. လျှပ်စစ်သုံးနည်း၊ အပူပေးနည်း၊ နှိပ်နယ်နည်း နဲ့ Hyperbaric O2 therapy အောက်စီဂျင်ပေးနည်းတွေ သုံးကြတယ်။
5. လိုအပ်ရင် ခွဲစိတ်ကုသပါ။
ဖြစ်လာမှတော့ ကုရတာက ကာကွယ်ရတာထက် ခက်တယ်။ အနာဖြစ်မလာအောင်၊ ဖြစ်တဲ့နေရာ သန့်ရှင်းနေအောင်၊ ပိုးဝင်မလာအောင် ရည်ရွယ်ရမယ်။ အာဟာရ Vitamin C နဲ့ Zinc ပြည့်ဝနေအောင် စားသောက်ပါ။ အလုပ်ကနေ ပြောင်းသင့်ရင် ပြောင်းပါ။ အနေအထားတော့ ပြောင်းရမှာ သေချာတယ်။ ပျက်အစဉ်-ပြင်ခဏ ဆိုပေမဲ့ ပျက်သွားတာဟာ အပြင်ရ ခက်လှတယ်။ ကံ၊ ဥာဏ်၊ ဝီရိယ၊ ဇွဲလုံ့လ ရှိရင်တော့ မရနိုင်တာ မရှိပါ။
Dr. တင့်ဆွေ
၇-၂-၁ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
