ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, March 28, 2011

Ginkgo Biloba တိုင်းရင်းဆေးတမျိုး

Mar 28, 2011 at 4:55 PM
Ginkgo Biloba ဆိုတာ ဘာဆေးလဲ သိချင်လို့ပါ။ ဘာအတွက် သောက်ရတဲ့ဆေး ဆိုတာလည်း သိချင်ပါတယ်။ ကျေးဇူးပြီး ဖြေပေးစေချင်ပါတယ်။

Herbal Medicine တရုတ်ဆေးနည်း၊ အိန္ဒိယ အာယုဗေဒဆေးတွေမှာ သုံးပါတယ်။ မြန်မာ တိုင်းရင်းဆေးထဲမှာ ပါ-မပါ မသိပါ။ Ginkgoes သစ်ပင်ဟာ ထူးခြားတဲ့ အပင်ကြီးမျိုးဖြစ်တယ်။ ပေ ၁ဝဝ-၁၅ဝ ကျော်အထိ မြင့်တယ်။ တရုတ်တွေ ဂျပန်တွေက Ginkgo nuts အစေ့ကို အစားအသောက်မှာ သုံးတယ်။ နှစ်သစ်လို၊ မင်္ဂလာပွဲလို အထူးပွဲလမ်းတွေမှာ သုံးကြတယ်။ များများစားမိရင်တော့ မကောင်းပါ။

Maidenhair tree, Kew tree, Japanese silver apricot နာမည် အမျိုးမျိုးခေါ်ကြတယ်။ Ginkgo leaves အရွက်ထဲမှာ Flavonoid glycosides and Terpenoids တွေပါလို့ ဆေးအသုံးကျတာ ဖြစ်တယ်။ တနေ့ကို 40–200 mg သုံးရတယ်လို့ ဆိုတယ်။ ရောဂါ ၉၆ ပါး တဝက်လောက် သုံးတယ်။
• Blood Clots သွေးခဲရောဂါ၊
• Dementia ဦးနှောက် ချို့ယွင်းရောဂါ၊
• Alzheimer’s disease ရောဂါဖြစ်မှာကို တားပေးတယ်။
• Memory မှတ်ဥာဏ်နည်းရောဂါ၊
• Hemorrhoids လိပ်ခေါင်း၊
• Altitude or motion sickness ကားမူးရောဂါ၊
• Depression စိတ်ဓါတ်ကျရောဂါ၊
• Glaucoma မျက်စိရေတိမ်၊
• Drug or alcohol dependency ဆေးစွဲ-အရက်စွဲရောဂါ၊
• Pre- and post-menopausal problems သွေးဆုံးရောဂါ၊
• Cerebrovascular insufficiency ဦးနှောက် သွေးအရောက်နည်းတာ၊
• Vitiligo ခရုသင်း၊

တရုတ်ဆေးနည်းမှာ Asthma ပန်းနာ-ရင်ကြပ်အတွက်လဲ သုံးတယ်။ Increase sexual energy လိင်အားများဘို့၊ ယောက်ျားတွေ ကလေးမရနိုင်တာ၊ ပန်းညှိုးတာ ကောင်းတယ်။ အသက်ပိုရှည်ဘို့လဲ သုံးတယ်။ ဆေးကြော်ညာတွေ အရတော့ အတော် ကောင်းတာတွေ ရေးထားပါသေးတယ်။ ဦးနှောက်ကို သွေးလျောက်တာ ပိုကောင်းစေတယ်၊ Cholesterol ကိုလက်စထော အတွက် ကောင်းတယ်။

Side effects ဘေးထွက်ဆိုကျိုး
• သွေးကျဲစေတဲ့ဆေး Clopidogrel, Ticlopidine, Warfarin, Heparin, Ibuprofen, Aspirin တွေနဲ့ သုံးတာ သိပ်မကောင်းဘူး။
• စိတ်မကျဆေး Antidepressants တွေနဲ့လဲ မတွဲသင့်ဘူး။
• Pregnant women ကိုယ်ဝန်ဆောင်ဆိုရင် ဆရာဝန်မခိုင်းဘဲ မပေးရဘူး၊
• ကလေးတွေ မသေခြာဘူး၊
• Increased risk of bleeding သွေးယိုစေနိုင်တယ်၊
• Gastrointestinal discomfort ဗိုက်မကောင်းတာ၊ ပျို့တာ၊ အန်တာ၊ ဝမ်းပျက်တာ၊
• Headaches ခေါင်းကိုက်တာ၊ Dizziness ခေါင်းမူးတာ၊
• Heart palpitations ရင်တုံတာ၊
• Restlessness ဂနာမငြိမ်ဖြစ်တာ၊
• Epilepsy အတက်ရောဂါရှိသူတွေ မသုံးသင့်ဘူး၊
• Diabetes ဆီးချိုရောဂါရှိသူတွေ မသုံးသင့်ဘူး၊
• Cyclosporine, Corticosteroids, Fentanyl, Theophylline, Methylphenidate, Azathioprine, Borage, Evening primrose, Wormwood, Metformin, Glyburide, Glimepiride, Glipizide ဆေးတွေနဲ့လဲ တွဲမပေးသင့်ဘူး။

Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁