ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, March 21, 2011

Hearing loss သောတအာရုံ

ကျွန်မ အသက် ၃၉ ရှိပါပြီ။ ကျွန်မ မိခင်က အသက် ၁၄ နှစ်လောက်မှာ နားစထိုင်းတာပါ။ ကျွန်မ အသက် ၁၇ နှစ်မှာ နားစထိုင်းတာပါ။ အသံမကြားတာ မဟုတ်ဘဲ ဦးခေါင်းထဲမှာ အသံတွေ အစုံကြားနေရတာပါ။ စကားပြောသံ လုံးဝ မဟုတ်ပါ။ ပုရစ်အော်သံလို၊ သင်္ဘော ခုတ်သံလို၊ မရိုးနိုင်တော့သော အသံပေါင်းစုံကို မခံနိုင်အောင်ကြားရတာပါ။ အဲဒီအသံတွေကြောင့် ကျွန်မ စိတ်ဆင်းရဲပြီး သတ်သေဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ အသက် ၂၃ လောက်မှာ ဝေဒနာကို အဆိုးဆုံး ခံစားခဲ့ရတယ်။

အင်္ဂလိပ်ဆေး၊ ပယောဂ ကုခဲ့တာ အစုံပါပဲ။ အခုဆို နှစ်ပေါင်း ၂ဝ ကျော်ပြီ။ ဒီရောဂါ သက်တော့သက်သာပါတယ်။ မပျောက်ဘူး။ သက်သာတယ်ဆိုတာ ဦးခေါင်းထဲက အသံတွေတိုးသွားပြီး ခံသာဖွယ် ရှိသွားတာကို ပြောတာပါ။ စိတ်ကုတဲ့ ဆရာဝန်နဲ့လည်း ကုဖူးပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ဒီအသက် အရွယ်ထိတော့ မရှိသေးပါဘူး။ သမီးတစ်ယောက် ရှိပါတယ်။ အိမ်ထောင်ရေး သောက၊ စီးပွားရေးသောက မရှိပါဘူး။ ပြီးတော့ ကျွန်မက ဘတ်စ်ကားမစီးနိုင်ဘူး။ ဘတ်စ်ကားစီးရင် ရုပ်ပျက် ဆင်းပျက် ဖြစ်အောင်ကိုမူးတယ်။ ကားပေါ်မှာ အန်တယ်။ အိမ်ကကားကို ဖြည်းဖြည်းနဲ့ မှန်မှန်လေး လီဗာ အလျှော့အတင်း သိပ်မလုပ်ဘဲ မောင်းမှ စီးနိုင်ပါတယ်။ ကားမူးတာက ဦးခေါင်းထဲမှာ အသံတွေဝီခေါ်ပြီး မူးတာပါပဲ။ ၉ နှစ်သမီး လောက်ကပေါ့။ မတ်တတ် ရပ်နေရင်း ဘိုင်းခနဲ မေ့လဲသွားဖူးတယ်။ နောက်တစ်ခါ ၁၇ နှစ်မှာတစ်ခါ အဲဒီလိုပဲ၊ မတ်တတ် ရပ်နေရင်း ဘိုင်းခနဲ မေ့လဲ သွားဖူးပါတယ်။ ဒီရောဂါ မပျောက်နိုင်ဘူး ဆိုရင်လည်း တည့်တည့်သာ ပြောပါဆရာ။

ကျွန်တော် နားရောဂါ-အထူးကု ဆရာဝန် မဟုတ်ပါ။ ရေးပြတာ အားလုံးကို ခြင့်ချိန်ပြီး ရယူပါ။ စိတ်ရောဂါ မဟုတ်ပါ။ နောက်ဆက်တွဲ ဖြစ်လာတဲ့ စိတ်ထိခိုက်မှုတော့ ရှိနေပါမယ်။ ဒါကလဲ အဆန်းကြီး မဟုတ်ဘာ။ ရက်တိုဖြစ်ဖြစ် နာတာရှည် ဖြစ်ဖြစ် ဘယ်ဝေဒနာ ခံစားနေရသူမဆို ဆက်ဖြစ်နိုင်တဲ့ သဘောဖြစ်ပါတယ်။

အသံလှိုင်းဟာ Tympanic membrane (Eardrum) နားစည်ကို လာထိတာနဲ့ ကြားမှာကို စတယ်။ နားစည် လှုတ်တာကနေ သူ့အတွင်းဘက် Middle ear အလည်နားပိုင်းက Malleus, Incus, Stapes အရိုးတွေကို သတင်းပို့ ပေးတယ်။ အတွင်းဆုံးနား Cochlea ထဲမှာ အရည် နဲ့ အမွှေးလေးတွေ ရှိနေတယ်။ အသံလှိုင်းကြောင့် အရည်နဲ့ အမွှေးနု လေးတွေ လှုတ်ရှားစေတယ်။ Auditory nerve အကြားအာရုံကြောကို သတင်းရောက်၊ ဦးနှောက်ကနေ ကြားစေ ဖြစ်လာတယ်။

နားမကြားရတာ အကြောင်း ၂ ခုရှိတယ်။
1. Conductive causes (ကွန်ဒတ်တစ်ဖ်) အသံသယ်ပို့လမ်း အကြောင်းရင်း၊
• Obstructed external ear canal နားမှာ Cerumen (Wax) နဖါလို တခုခုပိတ်နေတာ၊
• Perforated tympanic membrane နားစည်ပေါက်နေတာ၊
• Dislocated ossicle (Malleus, Incus, or Stapes) ခိုက်မိလို့ အထဲအင်္ဂါတွေ ရွေ့စောင်းသွားတာ၊
• Otitis media နားအလည်ပိုင်းရောင်တာ၊
• Otitis externa နားအပြင်ပိုင်းရောင်တာ။

2. Sensorineural causes (ဆင်ဆို-နူရယ်လ်) အာရုံနှင့် အာရုံကြော အကြောင်းရင်း၊
• Acoustic trauma အသံဆူညံတာ တာရှည်ကြားနေရလို့ Cochlea ထဲက အမွှေးနုလေးတွေ ထိခိုက်သွားတာ၊ ပုံမှန်သံ 20 Hz to 20,000 Hz ထက်မက 4000Hz အသံမျိုးကနေ ဖြစ်စေတယ်။
• Barotrauma (Pressure trauma) ရေငုတ်သူတွေလို ဖိအားများလို့ ဖြစ်တာ၊
• Head trauma ခေါင်းခိုက်မိလို့ Temporal bone နားထင်ရိုး ကျိုးတာ၊
• Ototoxic drugs ဆေးဝါးတွေကြောင့် ဖြစ်တာ၊ Gentamicin, Vancomycin, Erythromycins, Minocycline, Furosemide, Ethacrynic acid, Aspirin, Ibuprofen, Naproxen, Tobramycin, Methotrexate, Vicodin
• ရောဂါတွေကြောင့်ဖြစ်တာ၊ Sickle cell disease (ဆစ်ကယ်လ်-ဆဲလ်) ရောဂါ၊ Diabetes ဆီးချို၊ Leukemia (လူကီးမီးယား)၊ Polycythemia (ပေါ်လီဆိုင်သီးမီးယား)၊ Kidney problems ကျောက်ကပ်ရောဂါ၊ Acoustic neuroma အကြားအာရုံကြော အကျိတ်ဖြစ်တာ၊ နားထဲမှာလဲ အသံတွေကြားနေမယ်။ Influenza တုပ်ကွေး၊ Herpes simplex, Herpes zoster ရေယုံ၊ Suppurative labyrinthitis နားပြည်တည်၊ Meningitis ဦးနှောက် မြှေးရောင်၊ Mumps ပသိရောင်၊ Measles ဝက်သက်၊ Viral ဗိုင်းရပ်စ်၊ Syphilis ဆစ်ဖလစ်၊ Autoimmune disease ရောဂါပြီးစနစ် ရောဂါ၊
• Aging (Presbycusis) အသက်ကြီးလို့ ဖြစ်တာ။

မေးတဲ့သူမှာ နားအာရုံ ချို့ယွင်းရောဂါတွေထဲက Sensorineural hearing loss အမျိုးအစားဖြစ်မယ်။ Vestibulocochlear nerve (Cranial nerve VIII) ဦးနှောက်-အာရုံကြောနံပါတ် (၈)၊ Inner ear အတွင်းနာ နဲ့ Central processing centers of the brain ဦးနှောက်ထဲက အကြားအာရုံကို ဆောင်ရွက်ပေးရာနေရာ တခုခုမှာ ပြဿနာရှိလို့ပါ။ Cochlea ခေါ်တဲ့ နားအတွင်းပိုင်းက Organ of Corti နေရာမှာ အမွှေးနု (ဆဲလ်) တွေက ပုံမှန်မဟုတ်လို့ ဖြစ်ရတယ်။ မွေးတုံးက အကောင်း ရှိခဲ့ရာကနေ နောက်ပိုင်း ပြောင်းလာတာမို့ ဖြစ်တယ်။

ဆင်တူဆုံးက Ménière disease (မဲနီးယား) ရောဂါထင်တယ်။ နားအကြားရော ကိုယ်ကို ထိန်းနိုင်စွမ်း ချို့ယွင်းတာမျိုး ရောနေပြီး၊ Tinnitus ဆိုတဲ့ နားထဲမှာ အသံတွေ ဆူနေတာပါ ရှိမယ်။ တဖြးဖြေးနဲ့ နောက် လုံးဝ မကြားရတော့ဘူး။

Genetic မျိုးဗီဇမှာ Dominant ကဲတာ နဲ့ Recessive genes မကဲတာ ၂ မျိုးရှိတယ်။ Dominant gene ကြောင့် မိဘ တဦးထဲကနေ ကလေးကို ဖြစ်စေနိုင်တယ်။ Recessive gene ဆိုရင် မွေးတဲ့ကလေးတိုင်းကို မဖြစ်စေဘူး။

Sensorineural hearing loss ဖြစ်သူတွေကို Cochlear implants, Bone conduction implants, Electro-acoustic implants, Hearing aids တွေ တပ်ပေးတယ်။ Vitamins A, C, E နဲ့ Magnesium ဆေးတွေက အထောက်အကူ ပေးတယ်။

Motion sickness ကားမူးရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတာက နားဖြစ်တာနဲ့ တဆက်ထဲဘဲ။ ဒီလိုအမူးရောဂါမှာ အမျိုးမျိုးရှိတယ်။
1. Motion sickness caused by motion that is felt but not seen လှုတ်ရှားမှုကို မြင်ယုံသာ မြင်ရပြီး လူက မလှုတ်ဘဲ မူးတာ၊
2. Motion sickness caused by motion that is seen but not felt မမြင်ရဘဲ လူက လှုတ်ရှားနေလို့ မူးတာ၊
3. Motion sickness caused when both systems detect motion but they do not correspond နှစ်မျိုးလုံး တွဲဖြစ်တာ။

Natural သဘာဝနည်း၊
1. ကားစီးရင် ပြုတင်းကနေ အပြင်ကြည့်နေပါ။ ယာဉ်လှုတ်ရှားနေတာ သိနေအောင် ကြိုးစားပါ။ ညအချိန်ဆိုရင် ကားမီးကနေ ကြည့်လို့ရရင်ကြည့်၊ မရရင် အိပ်နိုင်အောင် ကြိုးစားပါ။
2. တော်တော် တန်တန် မူးတတ်သူဆိုရင် Chewing gum ချိုချဉ်၊ တခုခုကို ဝါးနေတာ သက်သာနိုင်တယ်။
3. Ginger ချင်း (ဂျင်း) မြစ်ကို သုံးတာလဲ တချို့မှာ ထိရောက်တာ တွေ့ရတယ်။

Chemical ဆေးသုံးနည်း၊
1. Dramamine (Dimenhydrinate), Stugeron (Cinnarizine), Bonine/Antivert (Meclozine) နဲ့ Promethazine ဆေးတွေ သုံးနိုင်တယ်။
2. Scopolamine ဆေးကို Transdermal patches 1.5 mg အရေပြားကပ်တာ၊ ဒါမှမဟုတ် 0.4 mg ဆေးပြား သောက်နိုင်တယ်။
3. အအန်ပျောက်ဆေးတွေ ဖြစ်တဲ့ Metoclopramide နဲ့ Prochlorperazine ဆေးတွေက ဒီလိုဖြစ်တာမှာ မသုံးမကျပါ။

Devices ကရိယာသုံးနည်း၊
1. ViBAN ကရိယာကို နေကာမျက်မှန်လို တပ်ဆင်တာ။
2. Acupressure wrist bands လက်ကောက်ဝတ်မှာ ပတ်ထားရတဲ့ ကရိယာ၊
3. LCD shutter glasses ကို အာကာသ-ယာဉ်မှူးတွေမှာ သုံးတယ်။

ဒီစာက မထူးရင် အထူးကု-ဆရာဝန်နဲ့ ပြသပါ။ အာရုံတခု အားနည်းသူဟာ တခြားနေရာမယ် ပိုတော်တတ်တယ်။

Dr. တင့်ဆွေ
၂ဝ-၃-၂ဝ၁၁