ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, March 18, 2011

Mosquitoes ခြင်မတွေ

17 Mar 11, 22:31
တောထဲမှာ ငှက်ရှိရင် ငှက်ဖျားမရှိဘူး၊ လူနေများရင် ငှက်ဖျားမရှိဘူးဆိုတာ ဟုတ်လား။ ဘယ်ချိန်ကိုက်တဲ့ ခြင်က ငှက်ဖျား ဖြစ်လဲ။

မိတ်ဆွေတဦး ရှိဘူးတယ်။ အိန္ဒိယသွေးပါတဲ့ မြန်မာနိုင်ငံသားမို့ စကားလုံးတိုင်း ဗမာလို မပီသဘူး။ နွေရာသီ ညနေခင်း “ဒီချင်းတွေ သိပ်ဆိုးတာဘဲ သတ်ပြစ်မှ” လို့ သူ့သားကို ပြောလိုက်တယ်။ နေရတာက ချင်း ဒုက္ခသည်တွေက အများစု ဖြစ်နေတယ်။ တော်သေးတာက “Good-night ထွန်းကွာ” ဆက်ပြောပါမှ ခြင်ဆေးနဲ့ ဆက်တွေးပြီး၊ အော့့် ခြင်ကို ပြောတာကိုးလို့ သိရတယ်။

ခြင်ကောင်တွေဟာ Nectar feeders ဝတ်ရည်စုပ် (အင်းဆက်) ကောင်တွေ ဖြစ်တယ်။ အထီးနဲ့ အမ အတော်မတူကြပါ။ ခြင်မက ပိုပြီး သန်မာတယ်။ ပိုလည်း အသက်ရှည်တယ်။ ခြင်ထီးတွေက သွေးမစုပ်သလောက် ဖြစ်ပြီး၊ အပင်တွေကိုသာ မှီခိုအသက်ရှင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ စိုထိုင်းမှု၊ အပူချိန်၊ (အမိုင်နို-အက်စစ်) နဲ့ မြင်နိုင်စွမ်းကို သုံးပြီး သားကောင် (လူကောင်) ကို ခပ်လှမ်းလှမ်းကနေ ရွေးခြယ်နိုင်ကြတယ်။

ခြင်မက ပိုပြီးသန်မာတယ်။ ပိုလည်း အသက်ရှည်တယ်။ သူများ ဒုက္ခပေးတယ်။ ခြင်ထီးတွေက သွေးမစုပ်သလောက် ဖြစ်ပြီး၊ အပင်တွေကိုသာ မှီခိုအသက်ရှင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ပါတ်ဝန်းကျင် စိုထိုင်းမှု၊ အပူချိန်၊ (အမိုင်နို-အက်စစ်) နဲ့ မြင်နိုင်စွမ်းကို သုံးပြီး သားကောင် (လူကောင်) ကို ခပ်လှမ်းလှမ်းကနေ ရွေးခြယ်နိုင်ကြတယ်။

ခြင်အမတွေဟာ သွေးမစုပ်ဘဲလဲ ရှင်နိုင်ပေမဲ့ ဥအတွက် (ပရိုတင်း) နဲ့ သံဓါတ်လိုတာမို့ Blood meal သွေးစုပ်ကြတယ်။ ခြင်က သွေးမစုပ်ခင် သူ့တံတွေး Saliva ကို အရင်ထုတ်တယ်။ လူ့သွေးဆိုတာ သွေးကြောတွေထဲက ထွက်ရင် ခဲတယ်။ ခြင်ရဲ့ တံတွေးက Anticoagulant သွေးမခဲစေတဲ့ သတ္တိပါတယ်။ ဒါ့ကြောင့် ခြင်ရဲ့ Saliva ကနေ သွေးခဲစေတတ်တဲ့ ရောဂါတွေကို ကုသဘို့ ကြိုးစားကြတယ်။

Toxorhynchites ခြင်မျိုးက သွေးမစုပ်ပေမဲ့ သက်သတ်လွတ် မဟုတ်ဘူး။ ဇာတ်တူသား စားကြလို့ ခြင်နှိမ်နင်းရေးမှာ သုံးပါတယ်။

ခြင်ကိုက်ခံရရင် စောစောပိုင်းမှာ ဘာမှ မခံစားရဘူး။ ဥပမာ ကလေးငယ်လေးတွေ။ လူ့ကိုယ်ခန္ဓာရဲ့ Immune system ရောဂါပြီး-စနစ်ကနေ Antibodies (အင်တီဘော်ဒီ) ခုခံအားတွေ ထုတ်လာတော့မှ နီတာ၊ ယားတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။ တချို့လူကြီးတွေ ခြင်ကိုက်တာ Desensitized ပြီးသလိုနေတယ်။ ကျူးကျော်ရပ်ကွက်နေသူတွေ ခြင်ထောင် မဝယ်နိုင်ကြဘူး။ တချို့ကြ ဆိုးဆိုးဝါးဝါး ဖြစ်ရတယ်။ Skeeter Syndrome လို့ ခေါ်တယ်။

လူကို ကူးစက်စေတဲ့ရောဂါတွေကို ခြင်ကနေသယ်ပေးလို့ Carriers ဒါမှမဟုတ် Vectors လို့ခေါ်တယ်။ ခြင်အမျိုးပေါင်း ၃ဝဝဝ လောက်ထဲမှာ ၃ မျိုးကတော့ လူတွေကို သေစေအောင် ဒုက္ခပေးတယ်။
1. Anopheles mosquitoes ခြင်မျိုးကနေ Malaria ငှက်ဖျားဖြစ်စေတယ်။ Protozoa (ပရိုတိုဇိုးဝါး) အမျိုးအစားလို့ ခေါ်တယ်။ တချို့ခြင်တွေက Filariasis ဆင်ခြေထောက်ပိုးကို သယ်ပေးတယ်။ Helminthiasis သန်ကောင် အမျိုးအစား ထဲမှာ ပါတယ်။ တချို့က Encephalitis ဦးနှောက်ရောင်ရောဂါ ရစေတယ်။ Virus (ဗိုင်းရပ်စ်) အမျိုးအစား ဖြစ်တယ်။
2. Aedes mosquitoes ခြင်မျိုးကနေ Yellow fever အသားဝါ-အဖျားရောဂါ၊ Chikungunya ဆင်ဖြူတော်-တုပ်ကွေး၊ West Nile virus (အနောက် နိုင်းလ်) ဗိုင်းရပ်စ်၊ St. Louis encephalitis (စိန့်-လူးဝစ်) ဦးနှောက်ရောင်တွေ ဖြစ်စေတယ်။ Dengue fever (DHF) သွေးလွန်-တုပ်ကွေးကို Aedes aegypti ခြင်က အများဆုံးဖြစ်စေပြီး Aedes albopictus ခြင်ကနေလဲ ဖြစ်တတ်တယ်။ သူ့ကို Asian tiger mosquito ခြင်ကြားခေါ်တယ်။ နေ့ခင်းကိုက်ခြင်လို့ နာမယ်တွင်တယ်။
3. Culex mosquitoes တွေက Filariasis ဆင်ခြေထောက် နဲ့ West Nile virus (အနောက် နိုင်းလ်) ဗိုင်းရပ်စ်၊ Japanese encephalitis ဂျပန်-ဦးနှောက်ရောင်၊ St. Louis encephalitis (စိန့်-လူးဝစ်) ဦးနှောက်ရောင် နဲ့ Avian malaria (အေဗီယန်) ကြက်ငှက်-ငှက်ဖျားရောဂါတွေ ဖြစ်စေတယ်။

ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်အမျိုးတွေ မတူဘူး။ မှတ်လို့ လွယ်အောင် “ငှက်ဖျားခြင်က တောသူ၊” “သွေးလွန်ခြင်က မြို့သူ” လို့ ဆိုခြင်တယ်။ ငှက်ဖျား ခြင်မတွေက တောတောင်၊ စိမ်းစမ်းတွေမှာ နေတာများတယ်။ သွေးလွန်တုပ်ကွေး ခြင်မတွေက မြို့တွေမှာ ရှိတာများတဲ့ ဆိုင်ကယ်-မော်တော်ကား တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံတွေ၊ နေရာတိုင်းမှာ ရှိတတ်တဲ့ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေ မှာနေကြတယ်။

ရိုးရိုးခြင်နဲ့ ငှက်ဖျားခြင် မတူကြပါ။ ရိုးရိုးခြင်က နားရင် သူ့ကိုယ်နဲ့ လူ့ကိုယ် မျဉ်းတပြေးထဲ ရှိတယ်။ ငှက်ဖျားခြင်က အမြီး ထောင်နေမယ်။ Antenna ဦးမှင်ဟာ Proboscis နှုတ်သီးထက် ရှည်တာက ရိုးရိုးခြင်၊ ဦးမှင်က နှုတ်သီးထက် တိုတာ-ထူတာက ငှက်ဖျားခြင်။ မြေကြီးနဲ့ နီးနီးမှာ ပိုကိုက်တယ်။ လူတွေလိုဘဲ ခြင်တွေမှာ ညာသန်-ဘယ်သန်လဲ ရှိသေးတယ်။

• သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်မက ဝီရိယကောင်းကြတယ်။ အများအားဖြင့် မနက်မလင်း-တလင်း ကိုက်တာ များတယ်။ မ-သဘာဝ ညကြရင် အိမ်တွင်းပုံးနေတယ်။
• ငှက်ဖျားဖြစ်စေတဲ့ ခြင်အများစုဟာ Active at dusk or dawn လင်းအားကြီးနဲ့ ညနေခင်းကိုက် Crepuscular နဲ့ Active at night ညကိုက် Nocturnal မျိုးတွေ ဖြစ်ကြတယ်။
• သိပ်ပူချိန်မှာ ခြင်တွေက အေးတဲ့နေရာတွေသွား နားနေလေ့ရှိတယ်။ မကိုက်ဘဲ နေတာတော့ မဟုတ်ပါ။
• ငှက်ဖျားဖြစ်စေတဲ့ Anopheles mosquitoes ခြင်တွေက အခန်းအောင်း Endophagic အမျိုး နဲ့ အခန်းပြင် Exophagic အမျိုးတွေ ရှိတယ်။
• လူကို ကိုက်ပြီး (သွေးစုပ်) ပြီးရင် တချို့ခြင်တွေက Rest indoors (Endophilic) အခန်းအောင်းကြတယ်။ တချို့ကလဲ Rest outdoors (Exophilic) အပြင်မှာ နေကြတယ်။
• ဒါ့ကြောင့် ခြင်နှိမ်နင်းရာမှာ နည်းအတူတူ မရဘူး။
o Nocturnal Endophagic Anopheles mosquitoes ညကိုက်-အခန်းအောင်ခြင်ကို ကာကွယ်ဘို့ Insecticide-treated bed nets (ITNs) ခြင်ဆေးသုံး-ခြင်ထောင် သုံးရမယ်။ အိမ်ဆောက်တာမှာ Window screens ခြင်ဇကာ တပ်ရမယ်။ အခန်းထဲကို Indoor spraying of residual insecticides ဆေးဖြန်းနိုင်တယ်။
o Exophilic vectors အမျိုးအစားခြင်တွေ နှိမ်နင်းဘို့ Breeding sites ခြင်ပေါက်ဖွါးရာကို အာရုံစိုက်ရတယ်။

လူကိုကိုက်တဲ့ခြင် Anthropophilic နဲ့ တိရစ္ဆာန်ကိုက်ခြင် Zoophilic ဆိုပြီးရှိတယ်။ ငှက်ဖျားခြင် အများဆုံးက လူကို ကိုက်တဲ့ အမျိုးအစား ဖြစ်ပြီး၊ ရောဂါအများစုဟာ အရွယ်ရောက်-ခြင်မတွေ ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၈-၃-၂ဝ၁၁