ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, March 2, 2011

Q and A March 2011 (1)

1. I got back pain since I was young
2. ရာသီ ၁ ခါဆိုရင် ပုံမှန်အားဖြင့် ၅ ရက်ပါ
3. အစာအိမ် သွေးကြောပေါက်ပြီး
4. ကိုယ်ဝန် ၂ လနဲ့ ၁ ပါတ်ရှိပါပြီ
5. ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါသလား
6. အင်္ဂါ ပတ်လည်တွင်လည်း အဖုလေးများ
7. သားအိမ်ကင်ဆာ ဖြစ်နေပါတယ်

2 Mar 11, 01:21
Q 1: I got back pain since I was young. Nowadays, this pain is from my back all the way to my right leg. I do some back exercise as well is not really effective. I don't really want to take painkillers.

Yes back pain is a kind of chronic illness. Painkillers help sometime and exercise does sometime. It recurs from time to time. To prevent recurrence the person has to strict rules in sitting, lying, sleeping and working positions. This is more important. But it looks you are having Sciatica. Physiotherapy may help you then. Please read and follow what I have written in “Back Pain ခါးကောင်းမောင်းသန်ကြစေ”

Feb 4, 2011 at 2:59 PM
Q 2: သမီးက ၁၈ နှစ်ပါ။ (့) နိုင်ငံမှာ ကျောင်းတက်နေပါတယ်။ မရိုသေ့စကား ရာသီ ၁ ခါဆိုရင် ပုံမှန်အားဖြင့် ၅ ရက်ပါ၊ အလွန်ဆုံး ၇ ရက်ပါပဲ။ ဒီလကျတော့ ပုံမှန် မဟုတ်ပါဘူး။ ဒီလမှန်းထားတဲ့ရက်မှာ မလာပါဘူး။ ဒါပေမဲ့ cycle က တစ်ခါတစ်လေ ရက် ၄ဝ လောက် ဖြစ်တတ်တော့ စဖြစ်တဲ့ရက်ရောက်တော့ ပုံမှန်ပေါ့လေဆိုပြီး နေလိုက်တယ်။ တကွက်လေးပဲ လာပါတယ်။ နောက် ၁ ရက်ကျတော့ မလာပါဘူး။ ဒါပေမဲ့ နောက်ထပ် ၁ ရက်ကျပြန်လာပါတယ်။ ဒီလိုဖြစ်နေတာ ၁၂ ရက် ၁၃ ရက်လောက် ရှိပါပြီ။ အခုထိ မကောင်းသေးပါ။ တစ်ခုခု ဖြစ်နေမှာ အရမ်းကြောက်တယ်။ နိုင်ငံခြား ရောက်နေလို့ ပိုကြောက်ပါတယ်။

ဒီအသက်အရွယ်မှာ ရာသီမမှန်တာ ရောဂါမဟုတ်ပါ။ စိတ်တော့ မရှိနဲ့ ဖို-မ ကိစ္စ ကင်းရှင်းတယ် မဟုတ်လား။ ဆက်ဆင်း နေသေးရင် ခဏစောင့်လိုက်ပါ။ စိုးရိမ်စိတ်၊ ကြောက်စိတ်ဆိုတာလဲ (နောမယ်) ပါဘဲ။ အခုလောက်နဲ့တော့ ဆေးခန်း ပြစရာ မလိုပါ။ တကယ်လို့ အဲလိုရာသီရက် မမှန်တာ ဆက်ဖြစ်နေသေးရင် ဟော်မုန်း ၂ မျိုးတွဲ တားဆေး တခုကို ၃-၄ လ သောက်နိုင်တယ်။ အဲဒီနိုင်ငံမှာ ရနိုင်တာတွေက Diosgenin, Pilkab နဲ့ Planotab တွေလို့ သိရတယ်။ Ferrous Sulphate နဲ့ Vitamin B, C ကိုလဲ ပုံမှန်သောက်ပါ။ စီကို လောလောတယ် 500 mg သောက်သင့်တယ်။ စိတ်-လူ ဖိစီးမှု မရှိစေနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလဲ လုပ်ပါ။

Feb 28, 2011 at 4:52 PM
Q 3: ကျနော်က (့) နိုင်ငံမှာ အလုပ်လုပ်ပါတယ်။ အသက်က ၂၈။ အိမ်ထောင်ကျတာတော့ ၅ လလောက်ရှိပါပြီ။ ၂ဝဝ၈ ခုနှစ် မတ်လမှာ ဘီယာနဲ့ ဂျင်းသုပ် တွဲစားမိလို့ အစာအိမ် သွေးကြောပေါက်ပြီး ဆေးရုံ နှစ်ရက်လောက် တက်ရပါတယ်။ နောက်ပိုင်း အရက် မသောက်ဖြစ်ပါ။ ၂ဝ၁ဝ မတ်လမှာ အနည်းငယ် ပြန်သောက်ဖြစ်ပြီး အသောက် များသွားတဲ့တရက် အစာအိမ်ရောင်ပါတယ်။ ဆေးခန်းပဲပြပြီး သက်သာသွားပါတယ်။ နောက် ၂ဝ၁ဝ ဇွန်လမှာလဲ အဲဒီအတိုင်း ထပ်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အရက် မသောက်တော့ပါ။ ၂ဝ၁ဝ အောက်တိုဘာမှာ မြန်မာပြည် ပြန်ဖြစ်ပါတယ်။ စစ်ကြည့်တော့ B ပိုးနဲ့ E ပိုး ရှိနေပါတယ်။ ဒီပြန်ရောက်တော့ အစာအိမ်ကုပေးတဲ့ ဆရာဝန်ကိုပဲ ပြကြည့်တော့ Liver, Gall Bladder, Spleen, Pancreas နှင့် Kidneys စစ်ဖို့ နဲ့ Silybinin 70mg တလစာလဲ ပေးလိုက်ပါတယ်။ နောက် ဘီပိုးပျောက်ဆေး တနေ့ တလုံးနဲ့ သုံးနှစ်သောက်ရမယ် ပြောပါတယ်။ ညအိပ်ခါနီးဆို လေပွ-လေထပါတယ်။ နောက်တခုက ဒူးကိုက်တာပါ။ ဒူးနှစ်ဖက်လုံး ဖြစ်တာပါ။ အဲဒါလဲ အိပ်ခါနီးဆို ဖြစ်ပါတယ်။ ဆေးလူး လိုက်ရင်တော့ အိပ်ပျော်သွားပါတယ်။ အလုပ်ကိုလဲ စက်ဘီးနဲ့သွားရ၊ အလုပ်မှာတော့ အထိုင်များပါတယ်။ တခါတရံ အကြောတွေ တွန့်တတ်ပါတယ်။

၁။ Silymarin ဆေးက အသဲအားဆေး ဖြစ်ပါတယ်။ အေ ပိုရှိသူတွေကို အများဆုံး အကျိုးရှိစေပြီး အသဲခြောက်တာ၊ အရက်အသဲ၊ အသဲအဆီဖုံးတာ ကောင်းပါတယ်။ ဘီ ပိုးအတွက်လဲ အထောက်အကူပေးပါတယ်။
၂။ ဘီ ပိုးကို သေခြာကုပါ။ ဆေးနာမယ်သိရရင် ပြောပါ။ “Hepatitis B ဘီ ပိုး လူပျိုမရှောင်၊ အပျိုမရှောင်၊ လင်ရော၊ မယားရော၊ ကလေးပါ ဒုက္ခပေးမဲ့အကောင်” ကို ဖတ်ပါ။ လိုက်နာပါ။
၃။ အစာအိမ်မှာ လေနာရှိနေတယ်။ အဲဒါလဲ သေခြာကုပါ။ အရက် လုံးဝမတည့်ပါ။ အကိုက်-အနာပျောက်ဆေးတွေလဲ မတည့်ပါ။ “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” နဲ့ “Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း” ကို ဖတ်ပါ။ လိုက်နာပါ။
၎။ ဒူးနာတာအတွက် အကိုက်-အနာပျောက်ဆေးတွေ ရွေးရပါမယ်။ Aspirin, Ibuprofen မသောက်ပါနဲ့။ Paracetamol တမျိုးသာ တည့်တယ်။ အပူကပ်၊ ဗမာဆေး လိမ်းတာကိစ္စ မရှိပါ။
၅။ အမျိုးသမီးကို ဘီ ကာကွယ်ဆေး ထိုးပါ။ ဆက်ဆံရင် (ကွန်ဒွမ်) သုံးပါ။

Mar 2, 2011 at 9:49 AM
Q 4: ကျွန်တော့် မိန်းမတွင် ကိုယ်ဝန် ၂ လနဲ့ ၁ ပါတ်ရှိပါပြီ။ ဒီကနေ့ ၂-၃-၁၁ မနက် ၂ နာရီအချိန်ခန့်တွင် သွေးဆင်းပါသည်။ အမြန်ဆုံး ဆရာဝန်ကို ပြသခဲ့ပါသည်။ ultrasound ဖြင့် စစ်ကြည့်သောအခါ သန္ဓေသားမှာ ကြီးမလာပဲ သေးငယ်ကာ ပျက်ချင်သလို ဖြစ်နေပါသည်။ ကျွန်တော်တို့ ကလေး မလိုချင်သောကြောင့် ဖျက်ချချင်နေသည်ဟု ထင်မိကာ သားအိမ်ဆေးဖြစ်မည်ဟု ပြောပါသည်။ တော်တော် ငိုလိုက်ရပါသည်။ ကျွန်တော်တို့ ကလေး လိုချင်မှန်း သိသောအခါ စိတ်မပူဖို့နဲ့ သောက်ဆေးပေးလိုက်ပါသည်။ ဆေးနာမည်တော့မသိပါ။ သားအိမ်အားဆေးလို့သာ ရေးထားပါသည်။ TURINAL လို့ ရေးထားပါတယ်။ ဘယ်လို ဆက်လုပ်ရင် ပြန်ကောင်းလာနိုင်မလဲဆိုတာနဲ့ ပြန်ကောင်းလာလို့ မွေးဖွားလာတဲ့ ကလေးမှာရော ဘယ်လို ပြဿနာတွေ ရှိနိုင်မလဲ ဆိုတာကို သိချင်ပါတယ်။

Turinal ဆေးက Progestogen ဟော်မုန်းဖြစ်ပါတယ်။ သားမပျက်စေဘို့၊ ကလေးစောမမွေးစေဘို့ ပေးတာပါ။ ကလေး အခြေအနေ သိပ်ပြောမရသေးပါ။ စောင့်ကြည့်ရပါမယ်။ ကိုယ်ရော စိတ်ပါ နားနေပါ။ အာဟာရမျှတပြည့်ဝတာ စားပါ။ OG နဲ့ ဆက်ပြပါ။ ဆက်ဆံတာကို ၂-၃ ပါတ် ရှောင်ထားပါ။ မွေးလမ်းကို ဆေးနဲ့ဆေးကြောတာ မလုပ်ပါနဲ့။ ရေများများ သောက်ပေးပါ။ သွေးဆင်းတာ များလာရင် ဆေးရုံပြပါ။

Feb 5, 2011 at 9:42 AM
Q 6: ကျွန်တော် သူနဲ့ ၂ဝ၁ဝ ခုနှစ် ၁၁ လပိုင်းတုန်းက အတူနေဖြစ်ပါတယ်။ ဓမ္မတာက ၁၁ လပိုင်းလလည် လာပါတယ်။ ၁၂ လ ပိုင်းလည်း လလည်ခန့်၊ ၂ဝ၁၁ ခုနှစ် ၁ လပိုင်း လကုန်လာပါတယ်။ လကုန်ရက် ပထမ တစ်ရက်လာပြီး နောက်နေ့ နည်းနည်း လာပါတယ်။ ပြီးတော့ တန့်သွားပါတယ်။ ပုံမှန်တော့ တစ်ခါလာရင် လေးရက်လောက်ကြာပါတယ်။ ၁ လပိုင်း လကုန်မှာ တစ်ရက်ခွဲ လောက်လာပြီး တန့်သွားတာပါ။ ကိုယ်တွေပူပြီး ဖျားပါတယ်။ ချောင်းဆိုး လည်ပင်းနာ ကိုယ်တွေ နာပါတယ်။ အဲ့ဒီနေ့က အင်နာဗွန်စီ သောက်ပါတယ် ဆေးခန်းသွားပြတော့ ဗီတာမင် စီ များတဲ့ ဆေးသောက်လို့ ရာသီလာတာ တန့်သွားတာလို့ ပြောပါတယ်။ စိုးရိမ်တာက ကိုယ်ဝန်ရှိမှာကို စိုးရိမ်တာပါ။ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါသလား။ ဆက်ဆံစဉ်တုန်းကတော့ ဘာမှ အကာအကွယ်မသုံးပဲ သုတ်ကို အပြင်ကို ထုတ်ခဲ့တာပါ။ ဆက်ဆံပြီး ၁၁ လပိုင်း၊ ၁၂ လပိုင်း၊ ၁ လပိုင်းအထိလာပြီးမှ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါသလား။ ဘယ်လို တားဆီးလို့ ရနိုင်ပါမလဲ။ တကယ်လို့များ ကိုယ်ဝန်ရှိနေပါက ဘယ်လိုတားဆီးလို့ ရမယ်ဆိုတာ အကြံပေးစေလိုပါတယ်။

၁။ ကိုယ်ဝန် မဟုတ်ဘို့ များပါတယ်။ နေမကောင်းလို့သာ လာရက်နည်းတာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိရင် ၁ ရက်မှ မလာပါ။
၂။ သေခြာချင်ရင် Urine for pregnancy test လုပ်ပါ။ အိမ်မှာတင် ကိုယ်တိုင်လုပ်လို့ရတဲ့ Kit မျိုး ဝယ်လို့ ရနိုင်မယ် ထင်ပါတယ်။ မရရင် ဓါတ်ခွဲခမ်းကို အမျိုးသမီးရဲ့ မနက်စောစောသွားတဲ့ ဆီးကို ပုလင်းသန့်သန့်လေးထဲထည့် ယူသွားပြီး စမ်းခိုင်းလဲ ရပါတယ်။ ဆီးက (၂-၃ စီစီ) နဲနဲလေးဘဲ လိုတာပါ။
၃။ ဆီးစစ်လို့ Positive တွေ့ရင်တော့ ဆရာအနေနဲ့ ဘာလုပ်ပါလို့ အကြံမပေးနိုင်ပါ။ ဆေးပညာသုတအတွက် နည်းလမ်း မျိုးစုံကို ရေးထားတာ ရှိပါတယ်။
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆) Different Methods of Contraception ပဋိသန္ဓေတားနည်းများ
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) Emergency contraception အရေးပေါ် တားဆေး
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၂) Abortion မလိုချင်တဲ့ ကိုယ်ဝန်
၎။ အကာအကွယ်ယူထားကြပါ။ အမျိုးသမီးက စားဆေးသောက်တာ၊ ထိုးတာနဲ့ အမျိုးသားက (ကွန်ဒွမ်) သုံးတာ၊ ရက်ရှောင်တာ။

Feb 4, 2011 at 12:10 PM
Q 7: ကျွန်တော်တို့မှာ အသက် (၃ဝ) ကိုယ်စီ ဖြစ်ပါတယ်။ လက်ထပ်ပြီးတာ ၁ နှစ် ရှိပါပြီ။ ကလေးမရသေးပါ။ (့) မှာ နေပါတယ်။ ကျွန်တော် အဖျားပျောက်ခါစ အချိန်မှာ ဆက်ဆံမိပါတယ်။ နောက်တစ်ရက်မှာ သူမရဲ့ အောက်နှုတ်ခမ်း အလယ်တည့်ထည့် အစွန်းမှာ အပူဖုလေး စဖြစ်လာပါတယ်။ အရင်ကတဲက ဆောင်းတွင်း ရောက်ရင် ဖြစ်နေကျပါ။ ယိုးဒယားကလာတဲ့ Keno (Oral paste) ကို ဆောင်ထားလေ့ ရှိပြီး အဲဒီဆေးနဲ့ပဲ သက်သာလေ့ ရှိပါတယ်။ နှုတ်ခမ်းနာ ဖြစ်ပြီး နောက်ရက်တွင် မိန်းမအင်္ဂါ ပတ်လည်တွင်လည်း အဖုလေးများ နှုတ်ခမ်းမှာကဲ့သို့ ၁ဝ ဖုလောက် ထပ်ထွက်လာ ပါတယ်။ နာလွန်းသဖြင့် လမ်းပင် မလျှောက်နိုင်ပါ။ ဆေးခန်းမှ ပေးလိုက်တာကတော့ နှုတ်ခမ်းနာအတွက် Combiderm cream ဖြစ်ပါတယ်။ အဲဒီဆေးနဲ့ ထည့်သော်လည်း မသက်သာခဲ့ပါ။ အခု နှုတ်ခမ်းမှ အနာကတော့ ခြောက်သွားပါပြီ။ အဖုလေးများ ပေါက်ထွက်သွားပါပြီ။ ပြည်လိုမျိုးတော့ မထွက်ပါ။ ချီးစ်လိုမျိုး ခပ်ပျစ်ပျစ် အရည်တွေ အမြဲလိုလို ဆင်းနေပါတယ်။ အနံ့တော့ မရှိပါ။ ဖြစ်စကတော့ Amoxil 500 mgကို တနေ့ ၃ ကြိမ်နဲ့ ၅ ရက် ဆက် သောက်ခဲ့ပြီးပါပြီ။ ယနေ့ နောက်ထပ် အဖုလေး ၂ လုံး ထပ်ထွက်လာပြန်ပါတယ်။ တခြား ကိုယ်အစိတ်အပိုင်းတွင် ထူးခြားသော နာကျင်ခြင်းများ မရှိပါ။ ကျွန်တော်တွင်လည်း ဘာမှ ထူးခြားသော လက္ခဏာများ မတွေ့ရသေးပါ။

၁။ အဖြစ်နိုင်ဆုံးက ပါးစပ်အနာပေါက်တာ နုတ်ခမ်းရေယုံပါ။ ဖျားတာလို အားနည်းနေချိန်မှာ ဖြစ်တတ်တယ်။ ပါးစပ်-ရေယုံက ဆေးမကူဘဲလဲ ပျောက်ပါမယ်။ ဖြစ်ဖြစ်ချင်းသိရင် လက်နဲ့ဖိပေးထားရတယ်။ နောက်ပိုင်းဆိုရင် Tetracycline, Chloramphenicol ကော်မျက်စဉ်းတခုခု လိမ်းနိုင်တယ်။ အလှပျက်မှာ မစိုးရိမ်ရင် Gential Violet ခရမ်းရောင်ဆေး လိမ်းနိုင်တယ်။

၂။ ကျန်တာကလဲ မွေးလမ်းရေယုံ ဖြစ်နိုင်တယ်။ ပိုဖြစ်နိုင်တာက မှိုပိုးဝင်တာပါ။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ရင် အဖြူရောင် ပြစ်တဲ့ (ချိစ်) လိုဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။
• Clotrimazole vaginal tablet မွေးလမ်းထဲထည့်ရန်ဆေး၊ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၃။ Combiderm cream ဆေးက Betamethasone dipropionate 5%, Clotrimazole 1% နဲ့ Gentamicin sulfate 01% တွေ ပါတယ်။ Eczemas နှင်းခူ နဲ့ တခြား အရေပြားမှာ (အလာဂျီ) ဖြစ်တာနဲ့ ပျောက်နိုင်ခဲ့တဲ့ ဗက်တီးရီးယား၊ မှို အနာတွေအတွက် လိမ်းဆေးဖြစ်တယ်။ ရေယုံ ကို မသုံးရပါ။ ဖြစ်နေသူမှာ တီဘီ၊ နဲ့ တခြား (ဗိုင်းရပ်စ်) ဝင်တာတွေအတွက်လဲ မသုံးရပါ။ ကိုယ်ဝန် ရှိနေသူတွေလဲ ရှောင်ရတယ်။

Feb 17, 2011 at 12:04 AM
Q 7: ကျွန်တော့် အမေမှာ သားအိမ်ကင်ဆာဖြစ်နေပါတယ်။ ဆေးတော့ တော်တော်လေး ကုပြီးပါပြီ။ ဆရာဝန် ပြောလိုက်တဲ့ ရှောင်ရန် အစားအစာတွေကို သိပ်မသိလို့ပါ။ ဘာတွေကို ရှောင်ရမလဲဆိုတာ အကျဉ်းချူပ်ပြီး ဖြေကြားပေးလို့ရမလား။ နောက်ပြီး တိုင်းရင်း ဆေးတွေကိုကော သုံးလို့ရမလားဆိုတာလေးကို ဖြေကြားပေးပါခင်ဗျ။ ဝက်ဆိုဒ်ထဲ မှာကော ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်မှာ ဖတ်နိုင်မလဲဆိုတာ သိချင်ပါတယ်။ အသိအကျလေး ဖြေကြားပေးပါ။ မြန်မာလို ဆိုဒ်ဆိုရင် ပိုပြီးအဆင်ပြောပါတယ်။

“Cervical Cancer (Ca Cx) သာအိမ်အဝ ကင်ဆာ”
“Cervical Cancer (Ca Cx) သားအိမ်အဝ ကင်ဆာ ကာကွယ်ဆေး (HPV)” တွေကို ဖတ်ပါ။
မြန်မာဆေးတွေ ကျွန်တော်မသိပါ။ ဆိုဒ်တွေ့ရင်တော့ ပြောပါမယ်။