ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, March 7, 2011

Q and A March 2011 (2)

1. ယားတာမှ တော်တော်ကို ယားတာ
2. ဝမ်းချုပ်တဲ့အခါ အိမ်သာတက်ရင် နာပါတယ်
3. ဆေးခန်းကိုလည်း သွားပြတာ နှစ်တောင် ပေါက်ပါတယ်
4. ဆီးသွားရင်းနဲ့ သွေး ပါလာပါတယ်ရှင့်
5. ကလေး ဝမ်းမသွားသည်မှာ
6. မျက်နှာမှာ အနီအမှတ် သေးသေးလေး (Spot) သာသာပါရှိပါတယ်
7. ကျွန်တော် BP က 150/90 ဖြစ်နေလို့
8. ဆီးကျန်သလိုလို ဆီးကို ခဏခဏ သွားချင်တယ်
9. စားမနိုင်တာပေါ့နော်။ အဲဒါ ဘာဖြစ်တာလဲ။ ဘယ်ဘယ်နေ့ကစပြီး တာဆေးစားသင့်ပါလဲ
10. လိင်အဂါင်္ထဲကနေ အဖြူရေ တချိ့ထွက်နေတာတွေ့တယ်

2011/3/3
Q 1: ကျွန်တော့် အသက် ၃၂ နှစ်ပါ။ စအိုဝ ဝန်းကျင် ကပ်ပါယ်အိပ်နဲ့ စအိုဝကြားနား ချုပ်ရိုးကြောင်းနား တစ်ဝိုက်မှာ ယားနေတယ်။ အနာမရှိဘူး။ ယားတာမှ တော်တော်ကိုယားတာ။ ယားနာလို ယားတဲ့သဘောမျိုး။ ပြီး တစ်စစ်စစ်နဲ့လဲ ယားတယ်။ အနာဖြစ်သွားမှာ စိုးလို့ မကုတ်ရဲဘူး။ တခါတခါ မနေနိုင်တော့လည်း ကုတ်ဖဲ့လိုက်ရတာပေါ့။ အခု နောက်ပိုင်း ယားတဲ့အချိန် ဆက်လာတယ်။ ၃ လ ၄ လ လောက်ရှိပြီ။ ဘာဖြစ်နိုင်သလဲလို့ သိချင်လို့။ လိပ်ခေါင်းတို့ ဘာတို့များ ဖြစ်နေမလားမသိဘူး။ ဝမ်းကတော့ ပုံမှန်ပါပဲ။ အထိုင်ကတော့ နည်းနည်းများတယ်။ ကွန်ပြူတာရှေ့ မှာပဲ ဆိုတော့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဖြေကြားပေးပါ။

ဖြစ်တဲ့နေရာကိုတော့ မစစ်ဆေးရသေးဘဲ ပြောတာကို မှန်းပြီး ဆေးနည်းပြောပါမယ်။
၁။ Calamine lotion လိမ်းပါ။
၂။ Citrizine ၁ ပြား၊ ည တကြိမ် သောက်ပါ။
၃။ လိမ်းဆေးက ၃ ရက်နဲ့ မသက်သာရင် Grisofulvin 250 mg တနေ့ ၂ ကြိမ် ၇-၁ဝ ရက်သောက်ပါ။
၎။ မရသေးရင် ပြောပါအုံး။

2011/3/3
Q 2: ကျမ အမျိုးသားက ကျမစအိုဝကို တစ်ခါဆက်ဆံခဲ့ပါတယ်။ ကြာခဲ့ပါပြီ။ အဲ့ဒီကစပြီး ကျမ စအိုဝမှာ အနာလိုလို အဖု သေးသေးလေးလို အရာလေး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေရာက ဝမ်းချုပ်တဲ့အခါ အိမ်သာတက်ရင် နာပါတယ်။ ဝမ်းက အရမ်းကြီးလည်း မချုပ်ပါဖူး။ တခြားအချိန်ဆို ဘာမှမဖြစ်ပါဖူး။ ကြာရင် ပျောက်မယ်ထင်ပြီး ဘာမှ အရေးမထားခဲ့ပါဖူး။ အဲ့လိုဖြစ်နေတာ တော်တော် ကြာနေပါပြီ။ မနက် Green tea သောက်ပြီး ညပိုင်း အချိန်လောက် ဝမ်းသွားတော့ ဝမ်းနည်းနည်း ချုပ်ပါတယ်။ Green tea သောက်ပြီးရင် အဲ့လိုဖြစ်တက်ပါတယ်။ ဝမ်းသွားတော့ စအိုက အရမ်း နာနေပါတယ်။ ကြည့်လိုက်တော့ အဲ့ဒီအနာက မန်ကျဉ်းစေ့ အရွယ်လောက်ရှိနေပြီ။ အရင်ကနဲ့ စာရင်တော်တော်လေး ကြီးလာပါတယ်။ အဲ့ဒါ ဘာဖြစ်တာပါလဲ။ စိုးရိမ်ရပါသလား။ အဲ့ဒီအနာ ပျောက်အောင် ဘာဆေးတွေ သုံးရပါ့မလဲ။

ဖြစ်နိုင်တာတွေ စဉ်းစားပါတယ်။ အနာကို သေခြာမစစ်ရလို့ မှန်းပြောတာ ဖြစ်ပါတယ်။
၁။ FIA စအိုကွဲနာ ဖြစ်နိုင်တယ်။ ဝမ်းချုပ်လို့သာ ဖြစ်တာပါ။ စအိုအနားအနာမှန်သမျှ ဝမ်းချုပ်ရင် မကောင်းပါ။ ရေများများ သောက်ပါ။ အသီးအနှံ၊ အသီးအရွက်တွေ စားပါ။ လိပ်ခေါင်းအကြောင်း ရေးထားတာထဲမှာ အစားအစာ ရွေးဘို့ ရေးထားပါတယ်။ ရှာမတွေ့ရင် ပြောပါ။ Fibre ပါတဲ့ အစာတွေလို့ ခေါ်တယ်။ "FIA စအိုကွဲနာ" ကို ဖတ်ပါ။

၂။ လိပ်ခေါင်းလဲ စဉ်းစားရမယ်။ တခါတလေ သွေးထွက်နိုင်တယ်။ ကြာရင် ပိုသိသာလာမယ်။ သူလဲ ဝမ်းမချုပ်ဘို့ ကြိုးစားပါ။ "Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ" ကို ဖတ်ပါ။

၃။ လိင်ကတဆင့် ကူးစက်ရောဂါ စဉ်းစားရမယ်။ Doxycline 100 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ နာတာသက်သအောင် Paracetamol နဲ့ Ibuprofen တခုခု သောက်ပါ။ နောက်ဆေး ဆိုရင် အစာနဲ့ နီးပါစေ။

၎။ စအိုဆက်ဆံတာရဲ့ အဆိုး-အကောင်း ရေးထားပါတယ်။ "အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁) Anal Practice ဆက်ဆံရာတွင် စအိုကို အသုံးပြုခြင်း" ကို ဖတ်ပါ။

၅။ မပျောက်သေးရင် ထူးခြားတာနဲ့အတူ ပြန်မေးပါ။

2011/3/4
Q 3: ကျတော်ရဲ့ အရေပြားနှင့် ပက်သက်တဲ့ပုံကို ပို့ပေးလိုက်ပါတယ်။ ဒီအရေပြားမှာ မြင်တွေ့နေရတဲ့ လက္ခဏာတွေဟာ ဘာလဲလို့လည်း သိချင်ပါတယ်။ ဖြစ်တာလည်း ၄ နှစ်ဝန်းကျင်လောက်ရှိပါပြီ။ ဆေးခန်းကိုလည်း သွားပြတာ နှစ်တောင် ပေါက်ပါတယ်။ သူတို့ပေးတဲ့ စားဆေးက "လော်ရာတဒင်း" ပါ။ ဒါပေမယ့် မပျောက်ပါဘူး။ အပူနဲ့ ပက်သက်တဲ့ ရောဂါလို့တော့ ပြောပါတယ်။ ရင်ဘတ်နဲ့ အထက်ပိုင်းမှာ ဘာမှမပေါ်ပါဘူး။ ကျန်တဲ့နေရာ အတော် များများမှာ ပေါ်ပါတယ်။ ထူးခြားတာက ခြေကျင်းဝတ်ကနေ ခြေဖျားအထိ နေရာတွေမှာဘဲ အလွန်တရာ ယားယံပါတယ်။ ကျန်တဲ့နေရာတွေ လုံးဝယားယံခြင်း မရှိပါဘူး။ တကယ်လည်းပဲ ခန္ဓာကိုယ် အပူရှိန် တက်လာတဲ့အခါ ဒီအဖုအပိန့် လက္ခဏာဟာ ပေါ်လာပါတယ်။ နေ့စဉ်နဲ့အမျှပါပဲ။

Allergy မတည့်တာကနေဖြစ်တဲ့ Urticaria အဖု-အပိန့်တွေ ဖြစ်ပါတယ်။ ယားတယ်။ ဖြစ်ခြင်တဲ့အခါမှာသာ ဖြစ်တယ်။ ဖြစ်ချင်တဲ့ဆိုတာ မတည့်တာနဲ့ ကြုံရင်ပြောတာပါ။ နေရာလဲ မရွေးပါ။ မိနစ်ပိုင်း၊ နာရီပိုင်းတာကြာမယ်။ ဆိုးရင် ရက်ဆက်သွားမယ်။ မတည့်တာဆိုတာ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရာသီဥတု၊ အစားအသောက်၊ အနံ့အသက်၊ အထိအတွေ့။ ဒါတွေကလဲ သူများမှာ ဘာမှ မဖြစ်ပေမဲ့ မတည့်သူမှာသာ ဖြစ်တယ်။

ကုသဘို့က ဘာနဲ့မသင့်လဲ သိရမယ်။ ရှာပါ။ ခက်တာက အဲလိုရှာလို့ မသိသူက များတယ်။

ဖြစ်နေတာ သက်သာဘို့ လိမ်းဆေးနဲ့ စားဆေးရှိတယ်။ Calamins lotion, Caladryl lotion, Mezincal lotion စတဲ့ လိမ်းဆေး တခုခုလိမ်းနိုင်တယ်။ ဆေးနာမယ်တွေ အမျိုးမျိုးနဲ့လာတယ်။

စားဆေးက Citrizine, Avila, Burmeton စတဲ့ Antihistamine ဆေးဖြစ်တယ်။ ဒီဆေးအုပ်စုက ထိုးဆေးလဲလာတယ်။ သိပ်ယားနေသူကို ထိုးဆေး ထိုးပေးရမယ်။ စားဆေးတွေက နဲနဲ အိပ်ချင်တာက များတယ်။ ဖြစ်ရင်ဖြစ်သလောက်သောက်ရတယ်။

ပိုဆိုးနေသူတွေကို Cortisone (Prednisolone) စားဆေးပါ ပေးရသေးတယ်။ ဒီဆေးကြ သတိထားပေးရတယ်။ Course တိကျရတယ်။ ဆေးကို သက်သာတာနဲ့ လျော့လျော့ပေးရတယ်။ သွေးတိုးရှိသူမပေးရဘူး။ တချို့ ရက်ကြာကြာ သောက်ရရင် နဲနဲ ကိုယ်ရောင်တတ်တယ်။

Allergy အကြောင်းရေးတာ ပို့လိုက်ပါတယ်။

အဖြစ်များတဲ့သူက နောင်လဲ သတိထားရမယ်။ ဆက်စပ်တဲ့ရောဂါတွေရှိတတ်တယ်။ ဥပမာ ပန်းနာ၊ နှင်းခူနာ၊ မိသားစု-ရာဇဝင်။ လူအနေရခက်တာက လွဲရင်တော့ တခြား စိုးရိမ်စရာ ဘာမှမရှိပါ။

2011/3/4
Q 4: သမီးအသက် ၂၉ နှစ် အိမ်ထောင်ကျတာ လပိုင်းပဲ ရှိပါသေးတယ်။ ဒီနေ့ ပထမဆုံးအကြိမ် ဆီးသွားရင်းနဲ့ သွေး ပါလာပါတယ်ရှင့်။ တစ်ရှူးတွင် တော်တော်ပျစ်ပျစ်ပေလာပါတယ်။ ဓမ္မတာလာပြီးတာ တစ်ပတ်ကျော်ပါပြီရှင့်။ ဆီးသွားရင်းနဲ့ ပြီးခါနီးတွင် ကျင်ပြီး အောင့်လာပြီး သွေးတွေထွက်လာပါတယ်။ ဆီးမကုန်သေးသလိုလဲ ခံစားရပါတယ်။ ဆက်သွားဖို့ ညှစ်ကြည့်တော့လဲ သွေးပဲ ထွက်လာပါတယ်။ ဘာလုပ်ဖို့သင့်သလဲ မသိလို့ပါ။ မိသားစုနဲ့အဝေးမှာ တစ်ယောက်ထဲ ကျောင်းတက်ရင်း အလုပ်လုပ်နေသူမို့ ဒီနိုင်ငံမှာဆေးကုရင် ကုန်ကျစရိတ် အရမ်းများပါတယ်ရှင်။ မြန်မာပြည် ပြန်သင့်ရင်ပြန်ရအောင် အကြံတောင်းခံပါတယ်ရှင်။

ဒီစာဖတ်ပြီး လိုက်နာပါ။ လိုသေးရင်မေးပါ။
Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း

2011/3/4
Q 5: ကျွန်တော့် ကလေး ဝမ်းမသွားသည်မှာ ၃ ရက်လောက် ရှိနေပါဖြင့် စိုးရိမ်စရာ။ ရှိပါသလားလို့ သိချင်ပါတယ်။ ကလေးက ၃ လ သားပါ မိန်းကလေးပါခင်ဗျာ။

ဒီအရွယ်မှာ ဝမ်းသွားတာ သိပ်မစိုးရိမ်ပါနဲ့။ ဆေးလဲ အရမ်းမတိုင်ပါနဲ့။ မိခင်နို့စို့တာဆို ပိုတောင်မှ စိုးရိမ်စရာမရှိပါ။ ရေပိုတိုက်ပါ။ နို့စို့ပါစေ။ သွားတာအကြိမ်များရင် ရေပိုတိုက်ပါ။ ငယ်ထိပ် ခွက်နေရင် ဓါတ်ဆားရေပါတိုက်ပါ။
၁-၂ ရက်မှာ မပျောက်ရင် Lomotil, Lopramide ၁ ခြမ်း၊ ၁ စိတ် ၂-၃ ခါတိုက်ပါ။

2011/3/5
ဝမ်းသွားတာ မဟုတ်ပါ ဝမ်း မသွားတာပါ ၃ ရက်လောက်ရှိနေလို့ပါ။

Sorry! I was in a hurry.
ကလေးငယ် ဝမ်းမသွားတာ မကောင်းပါ။ ဝမ်းနုတ်ဆေးထက် ပိုကောင်းတာက ဝမ်းခြူတာ ဖြစ်ပါတယ်။ ဝမ်းခြူဆေးတောင့် ဝယ်လို့ရရင် ဝယ်ပါ Docolax စတဲ့ နာမယ်နဲ့ လာတယ်။ လူကြီး-ကလေး နှစ်မျိုးရှိတယ်။ စအိုလေးထဲ ထည့်ပေးရတာပါ။ ဝမ်းမရလဲ ဆပ်ပြာကို လက်သန်းလုံးလောက် ၂ လက္မလောက်ကို ရေနဲ့ ပျော့အောင်-စိုအောင်လုပ်ပြီး ထည့်ပေးပါ။ ဝမ်းဆွဲဆရာမ-သူနာပြုအသိရှိရင်လဲ ဆီးခြူပိုက်ကို စအိုထဲမှာ ၂ လက္မလောက် ဝင်အောင်ထည့်ပြီး Glycerine အလှဆီ ဒါမှမဟုတ် Castor oil ကြက်ဆူဆီ ၁ဝ စီစီလောက် ဆေးထိုးအပိုက်နဲ့ သွင်းပေးနိုင်တယ်။ ဆပ်ပြာရည် ခပ်နွေးနွေးနဲ့လဲ ဝမ်းခြူနိုင်တယ်။ ကလေးကို ရေများများ တိုက်ရမယ်။

2011/3/4
Q 6: ကျွန်မကတော့ (့) မှာ နေပါတယ်။ သမီးလေးကို လွန်ခဲ့တဲ့ ၁၂-၂-၂ဝ၁၁ မှာ (့) မှာပဲ မွေးပါတယ်။ အစက ရိုးရိုး မွေးလို့ ရတယ်ဆိုပြီး နောက်ပိုင်း မမွေးနိုင်တော့လို့ ခွဲမွေးခဲ့ရပါတယ်။ သမီး မွေးတုန်းက မျက်နှာမှာ အနီအမှတ် သေးသေးလေး (spot) သာသာပါရှိပါတယ်။ ဒါလည်း နောက်ပိုင်းမှ သေချာ ပြန်ကြည့်ရတာပါ။ အခုဆိုရင် မျက်နှာမှာ အနီရောင် ရဲရဲ အကွက်ကြီး ဖြစ်နေပါတယ်။ မွေးပြီးပြီးချင်း ၂ ရက် လောက်မှာ ထင်ထင်ရှားရှား မရှိသေးပါဘူး။ စာ (အမှတ်)ထင်ပြီး စိုးရိမ်နေပါတယ်။ ထူးခြားတာက ကလေးကို ကျွန်မတို့အခန်းထဲမှာ သူနာပြုဆရာမက အေးလို့ဆိုပြီး ဖန်ချောင်းနဲ့ အပူပေးတာ ပဲရှိပါတယ်။ မီးပူများ ထိသွားလားဆိုပြီး မေးတော့ မထိဘူး ပြောပါတယ်။ ဒါနဲ့ ကလေးအထူးကုနဲ့ နောက်ထပ်ဆေးခန်းမှာ သွားပြပါတယ်။ ဆရာဝန်က စောင့်ကြည့်ဖို့ (သေးသွားလား၊ ကြီးသွားလား) နဲ့ မပျောက်သွားရင် ၄ နှစ်အရွယ်လောက်မှ Plastic ဆာဂျရီ လုပ်ဖို့ ပြောပါတယ်။ သူကတော့ ကလေးရဲ့ ရောဂါကို အောက်ပါအတိုင်း ရေးပေးလိုက်ပါတယ်။ (Capillary, Haemangioma) ကျွန်မလည်း ကလေးကို ကြည့်ရတိုင်း စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဓါတ်ပုံကို ပူးတွဲထည့်ပေးလိုက်ပါတယ်။ မြန်မာပြည်က မိဘတွေကတော့ ကလေးပုံကို ကြည့်ပြီး အနီရောင်လေးက ဖောင်းလာလား၊ ပိုရဲလားသလားလို့ မေးပါတယ်။ သူတို့မေးတဲ့အတိုင်းပါပဲ။ သူတို့ကတော့ ဒွတ်လို့ ပြောပါတယ်။ လှံကောင်ကို မိအောင်ဖမ်းပြီး ကလေးမျက်လုံး မထိအောင် လှံမကို အကိုက်ခိုင်းလို့ ပြောပါတယ်။

ဓါတ်ပုံပို့ပေးတာ အများကြီး အထောက်အကူ ရပါတယ်။ ဟုတ်ပါမယ်။ သွေးကြောမျှဉ်လေးတွေများနေတဲ့ မွေးရာပါ ဖြစ်တယ်။ မစိုးရိမ်ပါနဲ့ ကြီးလာရင် ပျောက်ပါတယ်။ ၂ နှစ်ကနေ ၅ နှစ်လဲ ကြာတတ်တယ်။ ဆက်တွဲဖြစ်လာစရာ မရှိပါ။ တရက်ထက် တရက် သက်သာလာနေမှာပါ။

ဘာမှ မလုပ်ပါနဲ့။ အပေါ်ယံသာ လူမြင်လှစေချင်ရင် သနပ်ခါးလိုသာ လိမ်းပါ။ ဆေးမလိမ်းပါနဲ့။ ဘာအကောင်မှလဲ မလုပ်ပါနဲ့။ သွေးကြော သေးသေးလေးတွေ ဖြစ်လို့ သွေးထွက်လိမ့်မယ်။ အမာရွတ် ကျန်နေမယ်။ အလိုလိုပျောက်တာက ကြာလေလေ ရှိခဲ့မှန်းတောင် မသိရအောင် ကောင်းတာပါ။

တချို့ကိုတော့ ကြီးလို့မှ မပျောက်ရင် လေဆာနဲ့ ကုနိုင်တယ်။ အခုဟာ အဲဒါမျိုးနဲ့ မတူပါ။ ထူးခြားလာတာရှိရင်တော့ ပြောပါအုံး။

2011/3/6
Q 7: ကျွန်တော် အသက်က ၂၆-၂၇ ကြားပါ။ အိမ်ထောင်မရှိပါ။ အခု (့) မှာနေပါတယ်။ ညာဘက် နားထင် ကြောတွေရယ် ညာဘက် ပါးရယ် ညာဘက် မေးရိုးအောက်နဲ့ နားရွက်အောက်တွေမှာ ကိုက်တာ နာတာပါ။ ဖြစ်တာက လွန်ခဲ့တဲ့ ၃ ရက်လောက်ကပါ။ ဆက်တိုက် ဖြစ်နေလည်း မဟုတ်ဘူး။ နာလိုက် ပျောက်လိုက်ပဲ။ အရင်တစ်လ လောက်ကတော့ တစ်ခါဖြစ်ဖူးသေးတယ်။ အဲဒီတုန်းက တစ်ခါပဲနာပြီး နောက်ရက် ပျောက်သွားတယ်။ ဝမ်းချုပ်ပြီး အပူတွေများနေလို့ ဖြစ်မယ်ထင်ပြီး မနေ့ကတော့ ဝမ်းနှုတ်ဆေးစားပြီး မနက်စောစောထပြီး ရေမိုးချိုး ခေါင်းလျှော် လုပ်လိုက်တာ တစ်နေကုန် ဘာမှမဖြစ်ဘူး။ အဲ ညနေပိုင်းလောက်နဲ့ ညပိုင်းလောက်မှ နာချင်သလိုလို ကိုက်ချင်သလိုလို ပြန်ဖြစ်လာတယ်။ အခု မနက်ကျတော့ ပြန်ကိုက်လာလိုက် ပျောက်လိုက်နဲ့။ နည်းနည်းလည်း ရောင်နေတယ်။ အခုလိုဖြစ်နေတာက သွေးတိုးတာနဲ့ ဆိုင်လား။ ဘာဖြစ်လို့လဲဆိုတော့ ဇန်နဝါရီလကုန်လောက်က ဆေးစစ်တာမှာ ကျွန်တော် BP က 150/90 ဖြစ်နေလို့ သွေးကျဆေးကို တစ်ရက် ၂ ကြိမ်နဲ့ ၂ ရက် သောက်ခိုင်းတယ်။ သောက်ပြီး ပြန်တိုင်းခိုင်းတယ်။ ပြန်မတိုင်းဖြစ်ဘူး။ အခုဖြစ်တဲ့ရက်ပိုင်းမှာ စားဖြစ်တဲ့ဟင်းတွေကလည်း ဝက်သားတို့ မျှစ်ချဉ်တို့ ဖြစ်နေလို့လေ။ အခုလိုဖြစ်တာ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်။ ဘာဆေးတွေသောက်ရမလဲနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေပါ ပြောပြပေးပါ။

ပြောတဲ့နေရာတွေမှာ တဖက်သပ်သပ်သာ ဖြစ်တာဆိုရင် ပသိရောင် ဆခ်ါတဲ့ တံတွေးထွက် အကျိတ်ရောင်တာတခု စဉ်းစားရမယ်။ အဲဒါက ပိုးသေဆေး သောက်ရတယ်။ နာလိုက် ပျောက်လိုက်တော့ မဟုတ်ဘူး။ တဆက်ထဲဖြစ်တယ်။ ရောင်နေမယ်။ ပိုးသေဆေး ဆိုတာ ပနယ်စလင် နဲ့ ပနယ်စလင် အုပ်စုဆေး ဥပမာ Ampicillin, Amoxacillin တွေ ဖြစ်တယ်။ 250 mg 4 times a day or 500 mg 2 times a day ၄-၅ ရက် သောက်ပတယ်။ အနာ-အကိုက် သက်သာဆေး Paracetamol ကိုပါ ရောသောက်ရတယ်။

နောက်ခု ဖြစ်နိုင်တာက သွေးတိုး။ 150/90 ဆိုတာ Normal upper limit ဖြစ်လို့ စိုးရိမ်စရာ မရှိပါ။ ဒိထက် မတက်ဘို့သာ အမြဲ ဂရုစိုက်ရမယ်။ BP မကြာမကြာ စစ်ရမယ်။ အငန် ရှောင်-လျော့ရမယ်။ တချို့လူတွေက သွေးဖိအား သိပ်တက်နေတာတောင် ဘာမှ မခံစားရဘူး။ တချို့က နဲနဲတက်တာနဲ့ ခေါင်းကိုက်၊ ခေါင်းမူး စတာတွေ ဖြစ်ပါတယ်။

Painkiller တခုခုသောက်ပါ။ Ibuprofen, Paracetamol. Diclofenic, Meferenic acid, Aspirin စတာတွေ ဖြစ်တယ်။ အစာနဲ့ နီးနီး သောက်ရတယ်။ အစာအိမ်လေနာ မရှိမှ သောက်ရမယ်။ ဝမ်းချုပ်တာ မကောင်းပါ။ ဗမာဆေးဖြစ်ပါတယ်။ သွေးတိုးနဲ့ အငန်ပါတဲ့ ဆေး-အစာ မသင့်ပါ။ Body weight မများစေနဲ့။

2011/3/6
Q 8: ကျွန်တော့် အသက်က 26 ပြည့်ပြီး 27 ထဲပါမှာ။ ဆီးသွားရင်အောင့်သလိုလို၊ ဆီးကျန်သလိုလို ဆီးကို ခဏခဏ သွားချင်တယ်။ ယားယံတယ်။ ဆီးလမ်းအဝမှာအနာလိုလိုမျိုးလည်းဖြစ်တယ်။ ပြီးတော့ မိတ်ဖုလိုမျိုး သေးသေးလေး အပူစေ့မျိုးလည်း လိင်တံ အရေပြားအဖုံးနဲ့ ကွမ်းသီးခေါင်းမှာ တွေ့ရပါတယ်။ တခါတလေလည်း သိသာတယ်။ တခါတလေလည်း မသိသာဘူး။ စအိုအနာကတော့ ရိုးရိုးနေတာတင်ကို ခုသလို ကျိမ်းသလို ဖြစ်နေတာပါ။ နဲနဲလည်း စပ်ဖျင်းဖျင်းဖြစ်ပါတယ်။ ဝမ်းသွားရင် အရမ်း မဟုတ်တောင် အောင့်တောင့်တောင့်လေး ဖြစ်ပါတယ်။ လမ်းလျောက်ရင် စအိုနဲ့ လိင်တံအရင်း အောက်နားနေရာက ခုသလိုလို နာသလိုလို အောင့်သလိုလို ခံစားနေရပါတယ်။ ကပ်ပယ်အိတ် ကလည်း အောင့်သလို နာသလိုဖြစ်ပါတယ်။ ငှက်ဖျားကိုပဲ ၃ ခါလောက် ဖြစ်ဖူးပါတယ်။ ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ နောက်ဆုံး ဆေးပြောင်းပေးလိုက်မှပဲ ထပ်မဖြစ်တော့ဘူး။ 2007 လောက်တုန်းကတော့ ဆီးပူ ဆီးအောင့်သလို တခါ ဖြစ်ဖူးပါတယ်။ ဆီးကိုထပ်ထပ်သွားချင်နေတာပါပဲ။ စအိုအနာကတော့ လက်ရှိနေလို့ထိုင်လို့ နဲနဲ အနှောင့်အယှက် ပေးတာပေါ့။ ခုတာလိုကျိမ်းတာလို စပ်တာလို နဲ့ပါ။ ဝမ်းသွားရင်တော့ အနာနေရာက တော်တော်လေးယားပါတယ်။

ရောဂါအခြေအနေကို ပိုသိလာရလို့ ပြောရတာ ပိုကောင်းပါတယ်။ ရောဂါပိုးဝင်နေတာ တခုပါ။ ဆီးလမ်းရော စအိုလမ်းပါ ဆက်နေပုံရတယ်။ သောက်ပြီးပြီလားတော့ မသိပါ။ ပိုးသေဆေး သောက်ရပါမယ်။ ဆေးနာမယ် အမျိုးမျိုးရှိတယ်။ ရှာလို့ရတာ သောက်ရပါလိမ့်မယ်။ ဒီဆေး တခုခုသောက်ပါ။
• Ciprofloxacin (Cipro) 500 mg တနေ့ ၂ ကြိမ် ၇-၁ဝ ရက်၊
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၁၄-၂၁ ရက်၊
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၁၄-၂၁ ရက်၊

2011/3/6
Q 9:
1. ထမင်းလေးနဲနဲစားတာနဲ့ ဗိုက်တင်းသွားတယ်။ စားမနိုင်တာပေါ့နော်။ အဲဒါ ဘာဖြစ်တာလဲ။ အသက် ၂၅၊ မိန်းခလေး၊ ဘယ်လောက်ကြာလဲ ဆိုတော့ ဘယ်လောက်မှ မကြာပါဘူး။ အမြဲတမ်း ပုံမှန်ပါပဲ။ ကျန်တာလည် ဘာမှမဖြစ်ပါဘူး။
2. မိန်းခလေးတယောက်က ခလေးမလိုချင်ဘူးပေါ့။ ဒီနေလို မင်္ဂလာဆောင်တယ်ပေါ့။ ယောက်ျားနဲ့ နေပြီး ဘယ်ဘယ်နေ့ကစပြီး တာဆေးစားသင့်ပါလဲ။ ဒီနေ့ယူ ဒီနေ့ စားသောက်ရမှာလား။ ပြီးတော့ ချစ်သူနဲ့ နှစ်ရက်လောက် အတူနေချင်တယ်။ ဒါပေမယ့် ဘယ်လို တားထားရမှာလည်း။ ဘယ်လို နေသင့်ပါလည်း။

ထမင်းစားပြီး သူများတွေလိုမဟုတ်ဘဲ ဗိုက်တင်းတာဆိုရင် အစာကျေချက်တာ နှေးလို့၊ အစာအောက်ဆင်းတာ နှေးလို့ ဖြစ်နိုင်တယ်။ ဆေးအမြဲသောက်ဘို့ထိ မလိုသေးပါ။ လောလောတယ် Digestive enzyme ဆေးတခုခုကို ထမင်းစားပြီးတာနဲ့သောက်သင့်တယ်။ ရက်အကြာကြီး မသောက်ရပါ။ ဆိုပါစို့ ၄-၅ ရက်။ ဆေးနာမည် အမျိုးမျိုးရှိတယ်။ ဘယ်နိုင်ငံမှာ မသိလို့ ပြောမရပါ။ နောက်ပြီး ထမင်းစားပြီးတာနဲ့ ၅ မိနစ်လောက် နားနေသင့်တယ်။ လှဲနေနိုင်လဲ ရတယ်။ အေးအေးသက်သာ ထိုင်နေလဲရတယ်။ လူရော၊ စိတ်ပါ နားရပါမယ်။ တခါစားလို့ အများကြီး မစားနိုင်ရင် အကြိမ်ခွဲစားနိုင်တယ်။ ကျေလွယ်တဲ့ အစာမျိုး ရွေးစားတာ ကောင်းတယ်။ ကျော်တာမျိုး၊ စီးတာမျိုးက ကျေခဲတယ်။ မြန်မာ လျှက်ဆားလဲ ကောင်းပါတယ်။

ဒုတိယ မေးခွန်းအတွက် စာတပုဒ် ပို့လိုက်ပါတယ်။ မေးစရာ လိုသေးရင် မေးပါ။ Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)

2011/3/7
Q 10: ကျနော်က (့) နိုင်ငံမှာ အလုပ်လုပ်နေတာပါ။ သူငယ်ချင်းက အခုတလော သူဆီးသွားပြီးရင် အောင့်အောင့် နေတယ်တဲ့။ ပြီးတော့ အခါတလေ လိင်အဂါင်္ထဲကနေ အဖြူရေ တချိ့ထွက်နေတာတွေ့တယ်တဲ့။ ဆေးစာအုပ်တချို့ ဖတ်ဖူးပုံအရ ဆိုရင် ဂနို ပုံစံမျိုးလို့ ပြောရမလားခင်ဗျ။ သူကမပွေတက်ပါဘူး။ ဒါပေမဲ့ သူ့ရီးစားနဲ့ ဆက်ဆံပြီးတာ တလ ကျော်လောက် ၂ လ လောက်တော့ ရှိပြီလို့ပြောတယ်။ သူက အဲဒီအတွက် အရမ်းစိုးရိမ်နေတယ်။ ကိုယ်လက် ကိုက်ခဲတာတွေတော့ မရှိဘူးတဲ့။

“Gonorrhea ဂနိုရောဂါ” ကို ဖတ်ပါ။