ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, March 19, 2011

Q and A March 2011 (5)

1. ဘယ်ဘက်ရင်သားမှာ ကြက်ဥလုံးလောက်ရှိတဲ့ အလုံးကို စမ်းမိပြီး
2. လိပ်ခေါင်းရောဂါဆိုတာ ဘယ်လိုပါလဲ
3. တောင့်တင်းလိုက် ပြန်လျော့လိုက် ဖြစ်နေတယ်
4. ကွန်ပျူတာ ထိုင်ကြည်ရင်လည်း ခဏနေဖြစ်လာတော့တာပါပဲ
5. ကျွန်တော့်ရဲ့ နို့အုံတွေက ပုံမှန်မဟုတ်ဘူးလို့ထင် ရပါတယ်

Mar 17, 2011 at 2:55 PM
Q 1: ကျွန်မ အသက်က ယခု (၃၂) ထဲမှာပါ။ အသက် (၃ဝ) လောက်က ကိုယ်ကာယ လေ့ကျင့်ခန်း သင်တန်းတစ်ခု တက်ပါတယ်။ ပက်လက် အနေအထားမှာ ဝိတ်ပြားများနှင့် တွန်းတင် လေ့ကျင့်ခန်း ယူတဲ့အခါ ရင်သားပေါ် တန်းဝိတ် ပိတာကြောင့်ရော အလေ့အကျင့် မရှိတာကြောင့်ရော ရင်သားတွေ အရမ်းနာလာခဲ့ပါတယ်။ ၂ ရက်လောက်အကြာမှာ ဘယ်ဘက်ရင်သားမှာ ကြက်ဥလုံးလောက်ရှိတဲ့ အလုံးကို စမ်းမိပြီး မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလာခဲ့တာကြောင့် ဆေးခန်းသွားပြရပါတယ်။ ခွဲစိတ်ဆီ တစ်ခါတည်းပြမိတော့ ဆရာဝန်က အကျိတ်နဲ့ ရေအိတ် တစ်ခုခု ဖြစ်နိုင်တယ် ခွဲလိုက်တာ ကောင်းတယ် ပြောပါတယ်။ ခွဲရမှာကြောက်တာနဲ့ အထွေထွေအထူးကုကို ပြောင်းပြကြည့်ပါတယ်။ အဲဒီမှာ ရင်သားဓာတ်မှန်နဲ့ အာလ်ထရာဆောင်း ရိုက်ကြည့်ပြီး by literal cysts လို့ မှတ်ချက်ထွက်ပြီး ဘယ်ဘက်ရင်သားက ရေအိတ်ဟာ 1.5 x 15 cm ရှိပါတယ်။ အိုဂျီနဲ့ ပြပါတယ်။ Eposoft တစ်မျိုးတည်းကို ပုံမှန်သောက်ခိုင်းပြီး ခွဲစိတ်ဖို့ မလိုတဲ့အကြောင်းနဲ့ ကြီးလာရင် အပြင်ကနေပဲ စုပ်ထုတ်နိုင်တယ်ပြောလို့ ဒီအတိုင်းထားတာ ၁ နှစ်ကျော်ကျော် နှစ်နှစ်နီးပါး ရှိခဲ့ပါပြီ။ အိမ်ထောင်ပြုပြီး အမျိုးသားက နိုင်ငံရပ်ခြားမှာမို့ အတူ လိုက်နေရင်း အလုပ်လုပ်ဖို့နဲ့ နောက်တစ်နှစ်လောက်ကြာမှ ကလေးယူဖို့ ပြောပါတယ်။ အခုလောလောဆယ်မှာ ကတ်ဆေး သုံးနေပါတယ်။ ပဋိသန္ဓေတားဆေး ဘယ်ဆေးမဆိုဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို အားပေးတယ်ဆိုတာ ဘယ်အတိုင်းအတာထိပါသလဲ။ ရင်သား အရည်အိတ်ဟာ ကြီးမလာဘဲ ပုံမှန်အတိုင်းပဲ ရှိနေတယ်ဆိုပေမဲ့ ရင်သား နာကျင်မှုကတော့ eposoft ဆေးမသောက်ရင် သိသိသာသာကို နာကျင်ခံစားရပါတယ်။ သမီးအသက်အရွယ် ရင်သားမှာ ဖြစ်နေတဲ့ အရည်အိတ်အခြေအနေနဲ့ ကတ်ဆေးသုံးပြီး တစ်နှစ်လောက် နေခြင်းဟာ ပြသနာရှိနိုင်ပါသလား။ နောက် အသက် (၃ဝ) ကျော်နေပြီမို့ ကတ်ဆေး တစ်နှစ်လောက် သုံးရင်ရော သားသမီးယူတဲ့အခါ အခက်တွေ့နိုင်ပါသလား။ သားသမီးယူ နို့ချို တိုက်ကျွေး လိုက်ရင်ရော အရည်အိတ်ဟာ ပျောက်သွားမှာလား၊ ဆက်လက် တည်ရှိနေဦးမှာလား နဲ့ မခွဲမစိတ်ဘဲ ဒီတိုင်းထားထားခြင်းရဲ့ ရေရှည်အကျိုးဆက်ဟာ ဘာတွေ ဖြစ်လာနိုင်လဲ။

• ရင်သားမှာ အလုံးက ကြက်ဥလုံးလောက် 1.5 x 15 cm ဆိုတာ ရင်သားရောဂါ မဟုတ်ဘဲ ထိခိုက်မိရာကနေ ဖြစ်တာ ဖြစ်ဘို့ များတယ်။
• by literal cysts ဟုတ်ဘဲ Bilateral cysts လို့ရေးတာဖြစ်မယ်။ အဲဒါမှန်ရင် ၂ ဘက်လုံးမှာဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။
• ကိုယ်ဝန်ရှိလာရင် ရင်သား ပြောင်းလဲလာမယ်။ အလုံး-အကျိတ်ရှိနေလို့ နို့ထွက်ပြွန်-အိတ် အရေအတွက် နည်းစေမယ်။ ကိုယ်ဝန်ကနေ အလုံးအပေါ် သက်ရောက်မှု အသေအခြာ ပြောမရသေးပါ။
• Biopsy လုပ်မှသာ တိကျတဲ့ရောဂါ နာမည်သိရမယ်။ ဒီတော့မှာ ပြောရတာ မှန်မယ်။
• ဆရာထင်တာတော့ အကာ Wall ရှိတဲ့အလုံး၊ အထဲမှာ အရည် တမျိုးမျိုးရှိနေမယ်။ အရည်က သွေးဟောင်းလဲ ဖြစ်နိုင်တယ်။ ဝါကျင့်ကျင့်အရည်လဲ ဖြစ်နိုင်တယ်။ သူကနေ ဘေးက အာရုံကြောကိုဖိရင် နာနိုင်တယ်။
• ကင်ဆာကိုတော့ ပြောင်းသွားမယ် မထင်ပါ။
• အဆင်မသင့်ရင် ပိုးဝင်နိုင်တယ်။ ပိုးဝင်ရင် နို့နာလိုနေမယ်။ ပိုနာမယ်၊ ပိုကြီးမယ်၊ ကိုယ်နဲနဲ ပူနိုင်တယ်။ ပြည်တည်ခြင် တည်မယ်။ အဲလိုဖြစ်လာရင် အနာခွဲသလို ခွဲရလိမ့်မယ်။
• အခုအနေမှာ (ကိုယ်ဝန်လဲမရှိ၊ ပြည်လဲ မတည်ချိန်မှာ) ထုံဆေးနဲ့ ခွဲထုတ်တာ အကောင်းဆုံး ဖြစ်တယ်။
• ခွဲပြီးလဲ ကိုယ်ဝန်ရချိန်၊ နောက်ပိုင်း အချိန်တွေမှာပါ ရင်သားတဖက် ငယ်နေမယ်။
• EPO Soft Capsule ဆေးက Evening primrose oil နဲ့ Vitamin E oil ဆေးဖြစ်တယ်။ ဆေးညွှန်းအရတော့ အဆီဓါတ် ညှိပေးတယ်၊ ရောဂါလက္ခဏာတွေ သက်သာစေတယ်။ အထူးသဖြင့် ဥတုရာသီကြောင့် ဖြစ်တာမျိုး ပြောတာတဲ့။ ဆရာ့ အထင်တော့ အလုံး မပျောက်စေနိုင်ပါ။
• တားဆေးဆိုဟာ ရင်သား-ကင်ဆာ အားပေးတာတော့ မဟုတ်ပါ။ ဒီဆေးမျိုးတွေ သုံးသူတွေနဲ့ မသုံးသူတွေကို ယှဉ်ကြည့်ရင် ဆေးသုံးသူတွေမျာ ပိုတွေ့တာကို ဆိုလိုတာ ဖြစ်တယ်။ ဆေးကြောင့် ဖြစ်တယ်လို့ ပြောမရပါ။ ကင်ဆာ မှန်သမျှ ဘာ့ကြောင့်လို့ တိတိကျကျ မသိရသေးပါ။
• တားဆေး သုံးပြီးရင် သားသမီးယူလို့ ရပါတယ်။ အချိန်စောင့်ရတာ တဦးနဲ့တဦး၊ ဆေးအမျိုးအစား၊ ဆေးဘယ်လောက် သုံးထားတွေအပေါ် မူတည်တယ်။

2011/3/18
Q 2: လိပ်ခေါင်းရောဂါဆိုတာ ဘယ်လိုပါလဲ။ ဝမ်းကိုက်တာနဲ့ ဘာကွာပါလဲ။ အင်္ဂလိပ်လို ဘယ်လို ခေါ်ပါသလဲ။ နှစ်မျိုးစလုံး ဖြစ်လာပြီဆိုရင်ရော ဘာဆေးစားသင့်၊ ဆေးနာမည်ပါ တခါတည်း သိရရင် သိပ်ကောင်မှာပါ။ ဘယ်လို ကုသသင့်ပါသလဲ။ အသက် ၄၅၊ အမျိုးသား။

ဒီစာ ၂ ပုဒ် ဖတ်ပါ။
1. Dysentery ဝမ်းကိုက်ရောဂါ
2. Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ

2011/3/17
Q 3: ကျတော့် အသက်က ၂၃ ရှိပါပြီ။ ယောက်ျားလေး တန်ဆာက တောင့်တင်းမှု နည်းနေတယ်။ လိင်စိတ် တက်ကြွ လာချိန်မှာလည်း လိုအပ်တဲ့ တောင့်တင်းမှု မရှိဘူးဖြစ်နေပါတယ်။ မာကျော တောင့်တင်းလည်း ခနပဲ။ ပြီးလည်း လျော့ရဲရဲ ပုံစံ ပြန်ဖြစ်သွားတယ်။ အရင်က အဲလိုမဖြစ်ဘူး။ ၄-၅ လလောက်ပဲ ရှိသေးတယ်။ ကျတော်လဲ သတိမထားမိဘူး။ နောက် ကောင်မလေးနဲ့ အတူနေမှသာ လိုအပ်တဲ့ တောင့်တင်းသန်မာမှုကို မရရှိမှန်းသိတယ်။ ခနသာ တောင့်တင်းလိုက် ပြန်လျော့လိုက် ဖြစ်နေတယ်။

1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၇) ကို ဖတ်ပါ။

16 Mar 11, 15:37
Q 4: ကျွန်မ စာကြည့်များတဲ့ ကျောင်းသူပါ။ ကွန်ပျူတာလည်း အချိန်အများကြီး သုံးရပါတယ်။ စာကြည့်ရင် ကွန်ပျူတာ ကိုင်ရင် အခု သတိထားမိလာတာက နောက်ကျော လက်ပြင်ကြွက်သားတွေထဲက မခံရပ်နိုင်အောင် ပူလာတာပါပဲ။ မျက်မှန် အဝေးကြည့်လည်း တပ်ရပါတယ်။ စာကြည့်ရင်တော့ အနီးမို့မြင်ရလို့ဆိုပြီး မျက်မှန်မတပ်ပါဘူး။ အသက် ၃ဝ ကျော်ပါပြီ။ အခုမှ အဲလိုဖြစ်တာ သတိထားမိ လာတာပါ။ စာကို အမှီမပါဘဲ မတ်မတ်ထိုင်ကြည့်ရင် ခဏနေရင် ပူလာတော့တာပါပဲ။ နောက်ကျော တက်တာမျိုးလဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ခြောက်လကစ သတိထားမိလာတာပါ။ ခုကျောင်းတစ်လပိတ်လို့ ခဏနားပြီး စာပြန်ကြည့်တော့လည်း အဲလိုပဲပြန်ဖြစ်နေပါတယ်။ ဆက်တီမှာမှီပြီး စာကြည့် နေရပါတယ်။ ကွန်ပျူတာ ထိုင်ကြည်ရင်လည်း ခဏနေဖြစ်လာတော့တာပါပဲ။ ဘာဖြစ်လို့အဲလိုဖြစ်တာလဲ။ ဘယ်စာဖတ်ပြီး ဘာတွေကို ရှောင်ရမလဲ။ မျက်မှန်က တပ်ကာစကတည်းက ပါဝါကို တိုးတာ အဆင်မပြေလို့ အရင်ပါဝါပဲ ပြန်ချပြီး သုံးနေပါတယ်ရှင့်။

၁။ မျက်စိ-မျက်မှန် သေခြားစမ်းပါ။ မျက်မှန်ဆိုင်မှာ စမ်းတာလောက်နဲ့ မလုံလောက်ပါ။ မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မျက်စိထဲက ပုံရိပ်ထင်တဲ့ရောနဲ့ ထင်လာတဲ့အရုပ်က တထပ်ထဲမကျရင် ပြေပြတာတွေ ဖြစ်တတ်တယ်။
၂။ သွေးဖိအား Blood pressure လဲ စစ်ပါ။ မျက်စိအားဆေးဆိုပြီး ဗီတာမင်အေ နဲ့ မရလောက်ပါ။
၃။ ကွန်ပြူတာသုံးသူတွေနဲ့ မျက်စိအကြောင်း မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။
၎။ Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ ကို ဖတ်ပါ။

March 16, 2011 5:59 PM
Q 5: ကျွန်တော့် အခု အသက် ၂၄ နှစ်ပါ။ ကျွန်တော့်ရဲ့ နို့အုံတွေက ပုံမှန်မဟုတ်ဘူးလို့ ထင်ရပါတယ်။ သာမာန်ထက် တော်တော် ပိုကြီးနေတယ်လို့ ပြောလို့ရတယ်။ နို့ အုံထဲမှာလဲ အကြိတ်လို အခဲရှိတယ်။ လူက ဝတယ်။ ဖြစ်တာကတော့ ၂ ဘက်လုံးပဲ ဖြစ်တာ။ ဘယ်လောက်ကြာပြီလဲဆိုတော့ ၁၇ လောက်ကပေါ့။ နို့က စူလာပြီး အထဲမှာ အလုံးခဲလို ဖြစ်လာတယ်။ လူပျို ဖြစ်တာလို့ ပြောတယ်။ အဲ့ဒါပြီးတော့ အကျိတ်က မပျောက်တော့ဘူး နာတာတွေ ဘာတွေတော့ မရှိပါဘူး။ အကျိတ်ကို ညှစ်ရင်တော့နာတယ်။ နို့ ၂ ဘက်လုံး အရွယ်က တူတူလောက်ပဲ ထင်ရတယ်။

• နှစ်ဖက်ကို မှန်ထဲမှာ ယှဉ်ကြည့်ပါ။ နို့ကိုလဲ လက်နဲ့ အနှံ့ စမ်းပါ။ ထူးခြားနေတာ တွေ့သလား။ တနေရာရာလား။ တဖက်ထဲလား။ တခုလုံးလား။ တစုံလုံးလား။ အကျိတ်ဆိုရင် နေရာ၊ အရွယ်အစား၊ ပုံပန်း၊ နာ-မနာ၊ ရွေ့ရ-မရ၊ တခြား ထူးခြားမှု ဘာရှိသလဲ။ ဥပမာ ချိုင်းမှာ အစေ့ရှိတာ၊ လိင်စိတ် အပြောင်းအလဲ။ လူဝလာ-ပိန်လာ စသဖြင့်။ တိုက်ရိုက်မေးရင် တိုက်ရိုက်ဖြေပါမယ်။
• ဒါဆိုရင် ဟော်မုန်း အပြောင်းအလဲနဲ့ ဆိုင်ပါမယ်။ အရွယ် ပြောင်းတာသာမက ဆေးဝါး၊ အစား-အသောက်ထဲမှာ ဟော်မုန်း ပါနေသလားသိပါ။ ပြုပြင်ပါ။ ကိုယ်မသိဘဲ ဝယ်စားတာတွေမှာ ပါတာလဲ ဖြစ်တတ်တယ်။
• လူမဝစေအောင် အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်း၊ အားကစား လုပ်ပါ။ နို့ကို ခဏခဏ မကိုင် မစမ်းပါနဲ့။ လိုအပ်ရင် ဆရာဝန်ပြပါ။

အန္တရာယ်တော့ မဖြစ်နိုင်ဘူးမဟုတ်လား။ ဖြစ်တာတော့ တော်တော်ကြာပါပြီ။ ဘာမှတော့ မဖြစ်ဘူး။ ဒါပေမဲ့ နို့ က ကြီးနေလို့ ပြီးတော့ အထဲမှာလဲ အဆီခဲလိုလို ဖြစ်နေလို့ ခွဲဖို့ တွေ ဘာတွေများလိုမလားလို့ပါ။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေ ဆင်ခြင်ပြီး အားကစားလုပ်ပါမယ်။