ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, March 27, 2011

Q and A March 2011 (7)

1. DNA စစ်ချက်ဆိုတာ ဘာကိုခေါ်ပါသလဲ
2. မိသားစု ဆရာဝန်လို ဖြစ်နေခဲ့တယ်
3. ကျမလည်း ဝမ်းချုပ်တယ်
4. HIV ပိုးရှိတဲ့ မိခင်နဲ့ ကလေးဟာ တစ်ကုတင်တည်းမှာ
5. သူများ မိန်းကလေးတွေလို သမီးလဲ လှချင်လို့ပါ
6. ခြေသလုံး ကြွက်သားကနေ ခါးအထိ နာကျင်ပါတယ်
7. မျက်လုံးက ကွန်ပျူတာ အမြဲကြည့်နေရပါတယ်
8. ကိုယ်ဝန်ပျက် ကျသွားပါတယ်
9. အစာစားပြီးတိုင်း အန်ပါတယ်
10. ခေါင်း အရမ်းမူးတော့တာပဲ

2011/3/24
Q 1: DNA စစ်ချက်ဆိုတာ ဘာကိုခေါ်ပါသလဲခင်ဗျာ။

• DNA testing မျိုးဗီဇစမ်းတာကို ဆေးစာမှာ DNA profiling လဲခေါ်တယ်၊ DNA typing လဲခေါ်တယ်၊ Genetic Fingerprinting လဲခေါ်တယ်။
• Forensic Science မှုခင်းဆေးပညာမှာပါတယ်။
• လူတယောက်ရဲ့ DNA Makeup ကို ကြည့်ပြီး သူ့ဘယ်သူဆိုတာ သိနိုင်လို့ Identifier ခေါ်တယ်။
• နောက်ဆေးစစ်နည်းတခု ဖြစ်တဲ့ Full Genome Sequencing ဆိုတာနဲ့ မတူပါ။
• လူတဦးနဲ့တဦး DNA sequences တွေဟာ ၉၉့၉% တူကြပေမဲ့ Monozygotic twins အသွင်တူ-အမွှာကလွဲရင် ကွဲပြားတာကို ခွဲခြားလို့ရတယ်။
• DNA profiling technique နည်းကို ၁၉၈၄ ခုမှာ အင်္ဂလန် ပညာရှင်ကနေ စတွေ့ခဲ့တယ်။
• DNA profiling process ကို အများဆုံးသုံတာက Buccal swab ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့ သုတ်ယူပြီး စမ်းပါတယ်။ နိုင်ငံတကာ TV channels တီဗွီကြည့်ခွင့်ရတဲ့သူတွေ မြင်ဘူးကြပါလိမ့်မယ်။ အီရတ် ခေါင်းဆောင် ဆဒမ်-ဟူစိန်ကို ဖမ်းမိတဲ့အချိန်မှာ မီးထိုးထားပြီး ပါးစပ်ဟပေးနေရတဲ့ပုံကို။
• Blood သွေး၊ Saliva သွားရည်၊ Semen သုတ်ရည်၊ ဒါမှမဟုတ် တခြား (သွားပွတ်တံ၊ မုတ်ဆိတ်ရိပ်ဒါး) တနေရာရာကနေ ရနိုင်တဲ့ Fluid အရည်၊ Tissue (တစ်ရှူး) ကိုလဲ စစ်ဆေးနိုင်တယ်။
• RFLP analysis, PCR analysis, STR analysis နဲ့ AmpFLP နည်းတွေရှိတယ်။
• အမေ-အဖေ စစ်မစစ် စမ်းတာကို DNA family relationship analysis ခေါ်တယ်။

2011/3/24
Q 2: အသက် ၂၉ ရှိပါပြီ။ ဒီမှာ အလုပ်လုပ်တာ ၃နှစ်ကြာသွားပါပြီ။ ဆေးခန်းမသွားပဲ ဘာဆေးတွေ သောက်သင့်လဲဆိုတာ အွန်လိုင်းက ရှာရင်းကနေ ဆရာ့ ဝဘ်ကို တွေ့သွားတာဟာ ကံကောင်းစေခဲ့ပါတယ်။ သိတဲ့ သူငယ်ချင်းတွေ အားလုံးကို ရှယ်လိုက်ပြီး အပတ်တိုင်း တကူးတက အမေးအဖြေနဲ့ ဆောင်းပါးတွေကို တက်ဖတ်ကြတယ်။ ပြီးတော့ ကိုယ့်ရှေ့ လာညဉ်းပြတဲ့ သူငယ်ချင်း တွေကိုလဲ ဆရာ့ထဲက ဘယ်လို ဆေးညွှန်းတယ် စသဖြင့် ပြန်ရှယ်ပေးဖြစ်တယ်။ မမှားအောင်တော့ သူတို့ကို မပြောခင် စာပြန်ဝင်ဖတ်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးပြီးသား မိသားစုဆရာဝန်လို ဖြစ်နေခဲ့တယ်။ စာတွေဟာ လူကြီးဖတ်ဖို့ မသင့်တာ ပါချင်ပါလိမ့်မယ်၊ ဒါပေမယ့် ဆရာ့ကို ရင်းနှီးပြီးသား ဖြစ်နေတဲ့အတွက်ရယ် စာပေဟန်ကြီး မဖွဲ့တတ်တာတွေရယ်ကြောင့်မို့ ပါခဲ့ရင် ခွင့်လွှတ်ပေးပါဆရာ။

ကုသိုလ် အတူလုပ်ကြသလိုပေါ့။ ကောင်းတယ်။ ကိုယ့်လူမျိုးတွေကို တတ်နိုင်တာလေးကို တတ်နိုင်သလောက် ဘယ်နေရာ ရောက်ရောက် လုပ်ပေးကြရမှာဘဲ။ မိသားစု-ဆရာဝန် ဆိုတာ သဘောကျပါတယ်။ စာတပုဒ်မှာ အရုပ်ထည့်တော့ Family doctor တခုကို တွေ့မှာပေါ့။ မိသားစု-စိတ်ဓါတ်ရှိတာ ကောင်းပါတယ်။

2011/3/24
Q 3: ကျမလည်း ဖေဖေါ်ဝါရီ (၆) ရက်ကပဲ ဖွားမြင်ခဲ့ပါတယ်။ ရေမွှာပေါက်တာ မသိပဲ ရေချိုးနေလိုက်မိတာ နည်းနည်း နောက်ကျသွားပြီး ကလေးက ရေမွန်းသွားလို့ ဆေးရုံမှာ (၁၁) ရက် ထားလိုက်ရသေးတယ်။ ခွဲမွေးလိုက်ရတယ်။ ခုတော့ လူကြီးကော ကလေးကော နေကောင်းကြပါတယ်။ ကျမသမီး ဝမ်းသွားပြီးတဲ့အခါ သွေးစလေးတွေ နည်းနည်း ပါလာတာတွေ့ရတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ နောက် ကျမလည်း ဝမ်းချုပ်တယ်။ ရေတော့ သောက်ပေးတယ်။ ဝမ်းလွယ်အောင် တခြားဘာလုပ်ရင် ကောင်းမလဲ။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးဖွါးပြီး အမျိုးသမီးတွေ လိပ်ခေါင်းဖြစ်တတ်ပါတယ်။ ဒါကနေ သွေးယိုတာဖြစ်နိုင်ပါတယ်။ ဝန်းချုပ်ရင် ပိုဖြစ်တယ်။ ကိုယ်ဝန် (သားအိမ်) နေသားကျရင် လိပ်ခေါင်းက ဆက်မတိုးတော့ပါ။ ဖြစ်ခဲ့တာ ကျန်နေတာ ဖြစ်ပါမယ်။ ရေများများ သောက်ပါ။ အသီးအရွက်-အသီးအနှံ များများစားပါ။ မန်ကျီးမှည့်၊ သင်္ဘောသီးစားပါ။ မရသေးရင် Milk of Magnesia or Cream of Magnesia ဆေးအဖြူရည်ကို ဟင်းခပ်ဇွန်း ၂ ဇွန်း ညအိပ်ရာဝင် သောက်ရင် နောက်နေ့ ဝမ်းပျော့စေတယ်။ နေ့တိုင်းသောက်စရာတော့ မလိုပါ။ ကလေးမှာ သွေးပါတာ စောင့်ကြည့်ပါ။ ဆေးအရမ်းမတိုက်ပါနဲ့။

2011/3/24
Q 4: HIV ပိုးရှိတဲ့ မိခင်နဲ့ ကလေးဟာ တစ်ကုတင်တည်းမှာ အမြဲအတူအိပ်ရင် ကလေးမှာ ကူးစက်နိုင်လား။

HIV ပိုးဟာ သွေး၊ နို့၊ သုတ်ရည်စတာလို ကနေ နောက်တယောက်ရဲ့ သွေးထဲကို ဝင်မှသာ ကူးစက်ပါတယ်။ အတူအိပ်ပေမဲ့ အတူအိပ်သူ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အဲလိုကူးစရာလမ်း မရှိရင် မကူးစေပါ။

2011/3/25
Q 5: သမီးက အသက် ၂၁ နှစ်ရှိပါပြီ။ နိုင်ငံခြားက ဟိုတယ်မှာ အလုပ်လုပ်နေတာပါ။ ရင်သား ကြီးအောင် ဘာလုပ်ရမလဲ။ သမီးက ရင်သား လုံးဝမရှိပါဘူး။ သူများတွေကို အားကျတယ်။ ဆေးလိမ်းမယ် ဆိုရင် ဘာဆေး သုံးရမလဲ ဆိုတာ ပြောပြပေးပါ။ ဆေးလဲ မထိုးချင်ဘူး။ သူများမိန်းကလေးတွေလို သမီးလဲ လှချင်လို့ပါ။

ရေးပြီးသားစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ လိုသေးရင်မေးပါ။ ပိုပြီး လှလာပါလိမ့်မယ်။
1. Beauty of Breast ရင်သားအလှ
2. Breast Massage ရင်သား နှိပ်နယ်ခြင်း
3. Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ

2011/3/25
Q 6: ကျနော့် အသက်က ၂၉ နှစ်ပါ။ အိမ်ထောင်လည်း ရှိပါတယ်။ သွေးတိုးလည်း ရှိပါတယ်။ ဒူးကတော့ မနာပါ။ ဘယ်ဘက် ခြေထောက် တစ်ချောင်းလုံး အကြောကိုက်နေတာ ၂ နှစ်လောက် ရှိပါပြီ။ ဆရာဝန်နဲ့ ပြကြည့်တော့ အကြော ညပ်တယ်လို့ ပြောပါတယ်။ လမ်းလျှောက်လို့ မိနစ် ၂ဝ လောက် ကြာသွားရင်လည်း ခြေသလုံးကြွက်သားက ကျင်ပြီးတော့ နာနေပါတယ်။ ခြေသလုံး ကြွက်သားကနေ ခါးအထိနာကျင်ပါတယ်။ ထိုင်နေရင်တော့ ဘာမှ မဖြစ်ပါဘူး။ ဘယ်လို နေထိုင်ပြီး ဘာဆေးတွေ သောက်ရဘယ်ဆိုတာကို ညွှန်ပြပေးစေချင်ပါတယ်။

ခြေသလုံးနေရာသာ ဖြစ်ရင်၊ တဖက်ထဲဆိုရင် တမျိုးစဉ်းစားရမယ်။ ခါးနဲ့ဆက်နေတာသိရလို့ ခါးဂရုစိုက်ဘို့ ခါးနာ အကြောင်းလဲ ဖတ်ပါ။ အနေအထိုင်သိထားရပါမယ်။ Calcium နဲ့ Painkillers (Ibuprofen, Paracetamol, Aspirin) သောက်ပါ။ BP တိုးတဲ့သူမှာ အစာအိမ်နာ မရှိရင် Aspirin နဲ့ သင့်ပါတယ်။ Back Pain ခါးကောင်းမောင်းသန်ကြစေ ကို ဖတ်ပါ။

2011/3/25
Q 7: ကျွန်မ အသက်က၂၅ နှစ်ပါ။ ကွန်ပျူတာ အမြဲကြည့်နေရပါတယ်။ အခု ညာဘက် မျက်လုံးထောင့် နှာခေါင်း ဘေးက ယားနေတာ ပျောက်သွားလိုက် ပြန်ယားလိုက်နဲ့ ဖြစ်နေပါတယ်။ ယားလွန်းလို့ ကုတ်ရင် အောင့်ပြီး နှာခေါင်း အနီးတစ်ဝိုက် ယောင်လာပါတယ်။ မျက်စဉ်းဆေးတွေလည်း ရန်းမထည့်ရဲလို့ မြန်မာပြည်က ပါလာတဲ့ (တက်ထရာ ဆိုက်ကလင်း) မျက်စဉ်းဆေးတော့ ထည့်ခဲ့ပါတယ်။ အဲဒါနဲ့  မပျောက်လို့ ပါ။ ဒီမှာက ဆရာဝန်ပြရင် စမ်းသပ်ခ ဈေးကြီးပြီး မပျောက်ပဲ ငွေကုန်မှာ စိုးလို့ ပါ။

မျက်ရည်ကျသလား၊ မျက်ဝတ်ထွက်သလား။ မျက်လုံးက နီနေသလား။ မျက်စိ အကြည့်ရခက်သလား။

2011/3/25
Q 8: သမီး အသက် ၃၂ (့) မှာ စာရင်းကိုင်လုပ်ပါတယ်။ Last Tuesday က ကိုယ်ဝန်ပျက် ကျသွားပါတယ်။ ကိုယ်ဝန် ရှိမှန်း လုံးဝ မသိပါဘူး။ ရာသီ ပုံမှန်လာ နေပါတယ်။ Urine test 2 ကြိမ် စစ်ပါတယ် အဲဒီတုန်းက ကိုယ်ဝန် မရှိသေးဘူး။ Feb 5 မှာ ရာသီ လာပါတယ်။ March 14 မှာ ရာသီလာပါတယ် ဒီ Period နှစ်ခု ကြားမှာလည်း သွေးနည်းနည်း ဆင်းနေပါတယ်။ March 14 မှာ ရာသီ စလာတော့ 14 and 15 ရက်နေ့မှာ လုံးဝ မနာဘူး။ 16, 17 & 18 ရက်နေ့မှာ အလွန်အမင်း နာလာလို့ Mefenamic တနေ့ သုံးလုံး သောက်ပါတယ်။ ရေနွေးအိတ် ကပ်ပါတယ်။ 19 ရက် နေ့မှာ မနာတော့ပါဘူး။ ရာသီရပ်စပြုနေပါပြီ။ 19 ရက်နေ့မှာဘဲ Clinic သွားပြပါတယ်။ အတွင်းဘက်ကို နှိုက်စမ်းပြီး သားအိမ်က ပုံမှန် အနေအထားလို့ ပြောပြီး ပိုသေချာအောင် Woman and children's hospital ကို လွှဲလိုက်ပါတယ်။ 22 ရက်နေ့ နေ့လည် 3-4 နာရီကြား office မှာ ခုံကနေ ထလိုက်တာ သွေး အခဲလိုက် ဆင်းလာတယ်။ Wash room ကို ၅ ခါ သွားရပါတယ်။ သွားတိုင်း သွေးခဲ ဆင်းပါတယ်။ နာကျင်မှု မရှိသလို ပေါ့ပါးသွားတယ်လို့ ခံစားရပါတယ်။ အခဲဆင်းတာ ရပ်သွားပါတယ်။ အရည်ကတော့ ဆင်းနေတုန်းပဲ။ ၂၄ ရက်နေ့ Hospital ကို အသွားမှာ အခဲပြန်ဆင်းလာပါတယ်။ ဆရာဝန်က အတွင်းဘက်ကို နှိုက်စမ်းသလို Camera ကို သားအိမ် အတွင်းထည့်ပြီး ကြည့်ပါတယ် အဖြူစက် တွေ့ရတယ်လို့ ပြောပါတယ်။ Cancer လို့ သံသယ ရှိပုံရတယ်ဆရာ။ ပြီးတော့ Urine test မှာ နှစ်လိုင်းပေါ်နေတယ်။ ဒါပေမယ် ကလေးက Naturally ထွက်ကျသွားပြီလို့ ပြောပါတယ်။ အတွင်းမှာ ဘာမှ မကျန်တော့လို့ Operation လုပ်ဆရာ မလိုဘူးပြောပါတယ်။ Co-amoxiclav 625mg ကို တနေ့ နှစ်လုံး 1 week သောက်ခိုင်းပါတယ်။ Afer 2 week ကျရင် တခေါက်ပြန်ပြရပါမယ်။ ကလေးရနိုင်ပါသေးလား။ ဘယ်လို ဖြည့်စွက်စာ စားရပါမလဲ။ Cevit, Folic acid and Furamin-BC ကိုရော ဆက်သောက်ရမှာလား။ နောက်တကြိမ် ရာသီ လာရင် သောက်ရန် Mefenamic acid 250gm and Antacid double strength tablet ကို ပေးထားပါတယ်။ သားအိမ်ခြစ်စရာ လိုပါသလား။

Sorry for abortion!
ကင်ဆာလို့ သံသယရှိတယ်ဆိုတာ ဆရာဝန်ကပြောတာလား၊ ကိုယ်ကထင်တာလား။ အဖြူစက်ဆိုတာ မှန်းမရပါ။ ကလေး တခါပျက်ပြီးလဲ ကလေးရနိုင်ကြပါတယ်။ ဆင်းစရာရှိတာ မကုန်ရင် သားအိမ်ခြစ်တာ၊ စုတ်ထုတ်တာ တခုခုလုပ်ပါလိမ့်မယ်။ မကုန်သေးရင် ဗိုက် (ဆီးစပ်) တာပြီး နဲနဲ ဆင်းနေမယ်။ ကုန်သွားရင် ဘာမှလုပ်စရာမလိုပါ။ ရာသီထိန်ရက်တိုတာမို့ ဆင်းစရာလဲ များမှာ မဟုတ်ပါ။ အားဆေးတွေ သောက်တာ ကောင်းပါတယ်။ Furamin BC နဲ့ Folic acid သာ အရေးကြီးပါတယ်။ အစားအစာ ပုံမှန်စားပါ။ သိတဲ့အတိုင်း မျှတစာခေါ်တယ်။

2011/3/26
Q 9: ကျနော့် မိန်းမ ကိုယ်ဝန်ရှိနေတာ ၂ လရှိနေပါပြီ။ အစာစားပြီးတိုင်း အန်ပါတယ်။ နေ့တိုင်းအန်နေတာပါ။ သူ့မှာ ခဏခဏ ခေါင်းကိုက်တဲ့ရောဂါရှိပါတယ် ခေါင်းကိုက်တဲ့အခါတိုင်းလည်း ပျို့အန်တတ်ပါတယ်။ အရည်သောက်သောက် အစာစားစား ပျို့အန်ပါတယ်။ ဘာဆေးတွေသောက်ပြီးတော့ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို -

Morning sickness ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း ကို ဖတ်ပါ။

2011/3/26
Q 10: ကျမ Computer သုံးတာပဲဖြစ်ဖြစ် ၁ နာရီ၊ ၂ နာရီ စာရင်းတွက်တာပဲ ဖြစ်ဖြစ် မိနစ် ၃ဝ၊ ၁ နာရီ သုံးပြီးရင် ခေါင်း အရမ်း မူးတော့တာပဲ။ အခု အဲလိုဖြစ်တာ ၂ လ လောက်ရှိပြီ။ သုံးပြီးတာနဲ့ ခေါင်းမူးလာတယ်။ အဲ့ဒါ မျက်လုံး အားနည်းတာ ပါလား။ ကျမ မျက်မှန် မသုံးပါဖူး။ အခုမျက်မှန်သုံးဖို့ လိုအပ်ပါသလား။ ဘယ်လိုလုပ်ရပါ့ မလဲ။ အလုပ်ကြောင့်မို့ အဲ့ဒါတွေ မလုပ်မဖြစ်လုပ်ရတာမို့ပါ။

သိရသလောက်နဲ့တော့ မျက်မှန်ဟာ အဖြေပါလို့ မပြောနိုင်သေးပါ။ သွေးဖိအား စစ်ရမယ်။ သွေးအား နည်း-မနည်း သိခြင်သေးတယ်။ ခေါင်းကိုက်တာကော ရှိသလား။ အမူးရောဂါ တခြားဟာလဲ ထည့်စဉ်းစားရမယ်။ မျက်မှန်ဆိုင်မှာ သွားစမ်းရင်တော့ ပါဝါနဲနဲလေးဖြစ်ဖြစ် အတပ်ခိုင်းဘို့ များတယ်။ မျက်စိအတွက်ဆိုရင် မျက်စိ အထူးကုဆရာဝန်ကို တိုင်ပင်တာ အကောင်းဆုံးပါ။