ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, March 31, 2011

Q and A March 2011 (8)

1. သန္ဓေတားမယ်ဆိုရင် ဘယ်လိုတားသင့်ပါသလဲ
2. နှာခေါင်းမိုးက ရွာပါတယ်
3. ပေါင်ကြားနဲ့ နှုတ်ခမ်းသားတွေ ယားပါတယ်
4. ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာတဲ့
5. အဲဒါ birds nets သောက်လို့ရပါသလား

2011/3/22
Q 1: ကျွန်တော့် ဇနီးက နှလုံးသွေးကြော ကျဉ်းတဲ့ရောဂါအခံ ရှိတယ်။ အဲဒါကြောင့် သားဆက်ခြား (သန္ဓေတားမယ်) ဆိုရင် ဘယ်လို တားသင့်ပါသလဲ။ သောက်ဆေး၊ ထိုးဆေးနဲ့ရော သင့်တော်ပါသလား။ ကျွန်တော် ကြားဖူးတဲ့ ရာသီလာပြီး ၇-ရက် နဲ့မလာခင် ၇-ရက်ဆိုတာကရော အတူတူနေရတာကို ပြောတာလား။ တစ်ချို့ကလည်း အဲရက်တွေ ရှောင်ပြီး ကြားရက်တွေမှာ နေရတာလို့ ပြောပါတယ်။ အဲဒါလေးပါရှင်းပြပေးပါ။ နောက်ပြီး ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာ (tester) ကရော ဘယ်လိုသုံးတာလဲ။ အချို့ကတော့ အနီ ၂ ရစ်ဆို ရှိတယ်ပေါ့နော်။ အချို့ကကြတော့ရှိရင် အပြာ ၂ ရစ်ပြတယ်လို့ ပြောကြတယ်။ ဘယ်ဟာက မှန်ပါသလဲ။

• နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါအခံရှိတယ်ဆိုရင် ဟော်မုန်း ၂ မျိုးတွဲ တားဆေးမသင့်ပါ။
Progestin-only contraceptives ဟော်မုန်း ၁ မျိုးထဲဆေးက ပိုကောင်းပါမယ်။
• Copper T (IUCD) ပစ္စည်းထည့်တာက အကောင်းဆုံးဖြစ်ပါတယ်။ သူထဲမှာ ဆေးမပါလို့ သက်ရောက်စရာမရှိပါ။
• Condom (ကွန်ဒွမ်) သုံးတာလဲ ကောင်းပါတယ်။
• ရက်ရှောင်နည်းကိုလဲ သုံးနိုင်ပါတယ်။ Calendar method ပြက္ခဒိန်နည်း ကိုဖတ်ပါ။
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်းကို ဖတ်ပါ။ ရှာရတာ မလွယ်ရင် ပြောပါ။

Mar 22, 2011 at 2:42 PM
Q 2: နာခေါင်း နာရည်ယိုခြင်းကို ၂ဝ၁ဝ အောက်တိုဘာ ကနေ စပြီး ခံစားနေရတာ၊ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ အနားက ဆေးခန်းတွေလဲ သွားဖြစ်ပါတယ်။ Your Nose is the type of sensitive and one kind of Flu ဆိုပြီး Cetirizine နဲ့ တခြားဆေး (မမှတ်မိတော့ပါ) ကို တွဲပေးတတ်ကြပါတယ်။ ဆေးကို ၄ ရက်မှ ၇ ရက် အထိ သောက်ခိုင်းပါတယ်။ ရက်နဲနဲပဲ သက်သာပြီး ပြန်ဖြစ်တာပါဘဲ။ အနံ့တမျိုးမျိုးရတိုင်း နှာထထချေပါတယ်။ မြန်မာဆေး စွဲသောက်ကြည့်တယ် မသက်သာပါ။ စိတ်ကျသလိုပါ ခံစားလာခဲ့ရပါတယ်။ အပြင်သွားရင်လဲ ဘယ်အချိန် နှာထချေမလဲ နှာရည်ယိုနေတာကို သူများတွေ ကြောက်နေမလား စသဖြင့် ရုပ်ဝါဒသမားတွေ ကြားမှာ စိတ်ဓာတ် ကျလာပါတယ်။ အနီးကပ်က လူကိုတောင်မှ အင်တာကွန်း နဲ့ပဲ စကားပြောဖြစ်လာပါတော့တယ်။ လုပ်ဖော် ကိုင်ဖက်တွေ ခန့်မှန်းတာကတော့ Nasal Rhinitis ဖြစ်နိုင်တယ်တဲ့။ အဲ့လို ခံစားနေရင်းနဲ့ ဒီလ March 2011 မှာတော့ အထွတ်အထိပ်လို့ ပြောရလောက်အောင် နှာခေါင်းမိုးက ရွာပါတယ်။ လည်ချောင်းအထိပါ နာလာတာနဲ့။ Poly Clinic မှာ ပြလိုက်ပါတယ်။ သူ့ရဲ့မှတ်ချက်က Flu + Allergic Rhinitis ပါတဲ့။ အွန်တဲ့ ဆေးတွေက Nasal Spray (Fluticasone Propionate 005% for 2times /a day/ 1 month), Loratadine Tablet 10mg 2 weeks, Chlorphenamine Meleate 4mg 2 weeks, Dequalinium choloride 025mg 5days (for sore throat) ပါ။ အခု ဆရာဝန်နဲ့ တွေ့ပြီးတာ တပတ်ရှိသွားပါပြီ။ သိသိသာသာ သက်သာပါတယ်။ ဆေးတွေနဲ့ ဖြန်းဆေးရဲ့ side effect ကို သိပါရစေ။ Sensitive Nose ပတယောက်အနေနဲ့ နေထိုင်သင့်တဲ့ နည်းလမ်း တွေကိုလဲ သင်ပြပေးပါ။ စိတ်ထဲမှာ ဆိုက်ကို ရနေပါတယ်၊ သူငယ်ချင်း တယောက်က ပြောလာတယ် ဖြန်းဆေးကြောင့် နှလုံကို ထိခိုက်ပြီး နာခေါင်းရောဂါ ပျောက်သွားချိန်မှာ နှလုံးရောဂါကို ဆက်ကုနေရပါတယ်လို့ ဆိုလာပါတယ်။

1. Fluticasone Propionate ဆေးရဲ့ ဘေးထွက်ဆိုးကျိုး = Headache ခေါင်းကိုက်၊ Throat infection လည်ချောင်း ပိုးဝင်၊ Nasal irritation နှာခေါင်း အနေရခက်၊ Sneezing နှာခြေ၊ Cough ချောင်းဆိုး၊ Nausea ပျို့၊ Vomiting အန်၊ Nosebleeds နှာခေါင်းသွေးထွက်။
2. Chlorpheniramine Maleate ဆေးကို မျက်စိရေတိမ်မှာ လုံးဝမသုံးရ၊ အစာအိပ်လမ်းကျဉ်း လေနာရှိသူမသုံးရ၊ ယောက်ျား ဆီးကျိတ်ကြီးသူ၊ ပန်းနာရှိသူ၊ MAO ဆေးပေးရသး၊ မွေးစကလေး၊ နို့တိုက်မိခင်၊ မသုံးရ။ ဘေးထွက်ဆိုးကျိုး = နှလုံးခုန်နှေး၊ ရင်တုံ၊ နှလုံးခုန်မြန်၊ စိတ်ရှုတ်ထွေး၊ တက်၊ ထိန်းညှိရတာခက်၊ ခေါင်းမူး၊ အိပ်ခြင်၊ စိတ်ပျော်၊ စိတ်လှုတ်ရှား၊ သတိလစ်ခြင်၊ အားယုတ်၊ ခေါင်းကိုက်၊ စိတ်မူမှန်၊ အိပ်မရ၊ စိတ်တို၊ စိတ်မငြိမ်၊ နားအတွင်းရောင်၊ မျက်စိကြည့်မကောင်း၊ အရုပ်နှစ်ခုမြင်၊ နှာခေါင်း-အာခေါင်ခြောက်၊ နှာပိတ်၊ လည်ချောင်းနာ၊ နားထဲ အသံတွေကြား၊ အစားပျက်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ရင်ခေါင်းအောင့်၊ ဆီးသွားရခက်၊ ဆီးအောင့်၊ ရာသီစောဆင်း၊ အစာပိုစားခြင်၊ လူဝ၊ ရင်ကျပ်၊ အသက်ရှူခက်၊
3. Dequacaine ဆေးရဲ့ ဘေးထွက်ဆိုးကျိုး = ၁၂ နှစ်အောက်ကလေး မပေးရ၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် ဆင်ခြင်သင့်၊ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ကနေ (အောက်စီဂျင်) ကို သယ်ပို့တာမှာ ခက်ခဲစေ၊
4. Loratadine ဆေးရဲ့ ဘေးထွက်ဆိုးကျိုး = ခေါင်းကိုက်၊ အာခေါင်ခြောက်၊ နှာခေါင်းသွေးယို၊ လည်ချောင်းနာ၊ ပါးစပ်မှာအနာပေါက်၊ အအိပ်ပျက်၊ အိပ်ချင်နေ၊ စိတ်လှုတ်ရှား၊ အားယုတ်၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ မျက်စိနီ-ယား။

• Rhinitis နှာခေါင်းရောဂါ
• Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
• Allergic rhinitis အလာဂျီ နှာခေါင်း
• Allergy သို့မဟုတ် မတည့်အတူနေ တွေကိုလဲ အချိန်ရရင် ဖတ်စေခြင်ပါတယ်။

Mar 23, 2011 at 9:20 PM
Q 3: လွန်ခဲ့တဲ့ ၂ပတ်က ရာသီလာပါတယ်။ ရာသီလာတော့ ပေါင်ကြားနဲ့ နှုတ်ခမ်းသားတွေ ယားပါတယ်။ ကုတ်လိုက်မိတယ်။ အဲဒီကနေစပြီး အသားနီ လန်သွားသလိုဖြစ်ပြီး ဘေးပတ်လည် နီရဲပြီး အလာ့ဂျစ်လိုဖြစ်ပြီး နှုတ်ခမ်းသား အကြီးရော အသေးရော အစေ့နေရာပါ ယားလာပါတယ်။ ယားတာက စစ်ကနဲ စစ်ကနဲ အပ်နဲ့ထိုးသလို ဖြစ်ပြီး မနေနိုင်အောင် ယားတာပါ။ နဲနဲတောင် အထိမခံပါဘူး။ ညအိပ်လို့တောင် မရပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့က generlog ဆိုတဲ့ဆေးကို လိမ်းလိုက်မိတယ်။ ဆေးထဲမှာတော့ triamcinolone acetonide 1 mg လို့ ရေးထားပါတယ်။ အစားနဲနဲ မှားလိုက်တာနဲ့ အလာ့ဂျစ်ဖြစ်တတ်ပါတယ်။ အနီရောင်ပြင်လိုက် အင်ပြင်လို တကိုယ်လုံး ဖြစ်တတ်တာပါ။ အဲအခါ အဲဒီဆေးကို လိမ်းလိုက်ရင် ပျောက်သွားပါတယ်။ အဲဒါကြောင့် ခုလဲ သက်သာမလားလို့ လိမ်းကြည့်လိုက်မိတယ်။ pharmacist ကို သွားမေးကြည့်ပါတယ်။ သူက canesten vaginal tablet ကို ထည့်ဖို့ ပေးလိုက်တယ်။ အဲဆေးမှာ clotrimazole 05g လို့ ရေးထားပါတယ်။ သူက ဒါ ၁ရက်ပဲ သုံးရတဲ့ဟာလို့ ပြောပါတယ်။ အဲဒါနဲ့ ညဘက် အိမ်ပြန်ရောက်တော့ အိပ်ခါနီးမှာ အဲဆေးတောင့်ကို ထည့်ပြီး အပြင်ကလဲ ပေါင်ကြားနဲ့ အစေ့နေရာကို လိမ်းဆေးလိမ်းပြီး အိပ်လိုက်တယ်။ ပြီးခဲ့တဲ့ ၁ ပတ် လုံးမှာတော့ နဲနဲနဲနဲနဲ့ အဲလိုဖြစ်နေတုန်းပဲ အရှင်းမပျောက်သေးဘူး။ စဖြစ်ဖြစ်ချင်းတုန်းက လောက်တော့ မဆိုးတော့ပါဘူး။ ဆေးရောင်းတဲ့ ဆိုင်ကိုပဲသွားပြီး ထပ်ပြောပြလိုက်တယ်။ အဲဒီဆေးပဲ ထပ်ပေးတယ်။ ဒါပေမယ့် ဒီတခါကျတော့ မနက် ၁ လုံး ည ၁ လုံး ၃ ရက်ထည့်ရမယ်တဲ့။ ဆေးက ၁ လုံးကို 01g ဖြစ်သွားတယ်။ ဒါနဲ့ ညကျတော့ ၁ လုံး ထည့်အိပ်လိုက်တယ်။ မနက်ကျတော့ ၁ လုံးထည့်လိုက်တယ် ရုံးမသွားခင်မှာ။ ဒါပေမယ့် ဒီတခါတော့ အထဲသေချာ မရောက်လို့လား မသိဘူး အဝနားမှာ တစ်ဆို့ဆို့ဖြစ်နေတယ်။ တနေကုန် အဲလိုဖြစ်ပြီး အဝနားမှာ နာနေရော။ ဆေးတောင့်က လက်တဆစ် စာလောက် ရှိတာ။ ညကျတော့ ထပ်မထည့်ရဲတော့ဘူး။ အသားတွေများ ဆေးစားကုန်ပြီလားလို့။ ဆေးထည့်ထားတဲ့ အချိန် အပေါ့သွားရင် နဲနဲနဲနဲ ပြန်ထွက်လာတတ်တယ် အဖြူရည်လေးတွေ ဆေးကြိတ်ထားတာကို ရေနဲ့ ဖျော်ထားသလိုမျိုး။ ဒီနေ့ အပေါ့သွားတော့ အဲလိုပဲ ထွက်လာတယ်။ ဆေးတွေ ပြန်ထွက်လာတာလားလို့ ကြည့်မိတော့ အနီရောင် နဲနဲသမ်းတဲ့ ရေလို အရည်ကျဲကျဲလေးတွေ နဲနဲ ကျလာတယ်။ အဖြူလို ပြစ်နေတာမျိုး မဟုတ်ဘူး။ စိုးရိမ်တာက အထဲမှာ ဘာများဖြစ်နေပြီလဲလို့။ အနာဖြစ်ပြီး သွေးတွေများ ထွက်နေသလားလို့ပါ။ ယားတာကတော့ အဲလောက် မဆိုးတော့ဘူး။ ဆေးကလဲ ၂ ရက်စာကျန်နေသေးတယ်။ ဆက်မထည့်ရဲတော့လို့။ ကျမနဲ့ ကျမယောက်ျား အရှေ့တိုင်း နိုင်ငံ ၁ ခုမှာ နေပါတယ်။ အိမ်ထောင်ကျတာ ၁ နှစ် ပြည့်ခါနီးပါပြီ။ အသက်က ၂၉ ပါ။ အိမ်ထောင်ကျပြီး ၁ ခါမှ ဒီလို ဆိုးဆိုးဝါးဝါး မဖြစ်ဖူးပါဘူး။ အရင်က ရာသီလာရင် အထဲမှာ လှောင်နေတော့ ပြီးတဲ့ အခါ အဲလိုပဲ ယားတတ်ပါတယ်။ အဲခါကျ သေချာရေဆေး ခြောက်သွေ့အောင်နေလိုက်ရင် baby oil လိမ်းလိုက်ရင် ကောင်းသွားတာပါပဲ။ အမြဲတမ်းလဲ သန့်ရှင်းအောင် နေထိုင်ပါတယ်။ သူလဲ စိတ်ညစ်တယ် ကျမလဲ တအားစိတ်ညစ်တယ်။

• Triamcinolone acetonide ဆေးက စတီရွိုက်ဆေး ဖြစ်တယ်။ Canesten vaginal tablet ဆေးက Clotrimazole 100 mg ဖြစ်တယ်။
• မစိုးရိမ်ပါနဲ့၊ အမျိုးသမီး အတော်များများ ဖြစ်ကြတယ်။ မှိုပိုးဖြစ်ဘို့ များတယ်။ ဗက်တီးရီးယားလဲ အပိုဆောင်း ဝင်ခြင် ဝင်တတ်သေးတယ်။ ထည့်ဆေးက မှန်ပါတယ်။ ၆ ည ဆက်တိုက်ထည့်ပါ။ Metronidazole tablet တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်လဲ သောက်ပါ။
• စတီရွိုက်ဆေးက ယားတာ-နီတာ-ရောင်တာလို လက္ခဏာတွေ သက်သာဘို့ဖြစ်တယ်။ ယားစေတာကိုတော့ မပျောက်စေပါ။
• မွေးလမ်းကြောင်းထဲ ထည့်ဆေးမျိုးက ကိုယ်ခန္ဓာ အပူချိန်နဲ့ အရည်ပျော်စေတယ်။ အထဲအထိ ရောက်အောင် ထည့်ပါ။ တချို့ အမျိုးအစားက Applicator ဆိုတဲ့ ပလပ်စတစ် အချောင်းလေးနဲ့ တွဲလာတယ်။ အဖျားမှာ ဆေးပြားတပ်ပြီး မွေးလမ်းထဲ ကိုယ့်ဖါသာကိုယ် ထိုးသွင်း၊ ပလပ်စတစ်ချောင်းလေးကို ဆေးထိုးသလို ထိုးလိုက်ရင် ဆေးပြားကျစေတယ်။ လက်နဲ့ ဖါသာလဲ ထည့်နိုင်ပါတယ်။ လက်ညှိုးတဆုံး ထည့်ရင် ရတယ်။ ဆေးထည့်ပြီး လှဲ-အိပ်နေလိုက်ပါ။ အရည်ဖြစ်လို့ ထွက်ကျလဲ ကိစ္စမရှိပါ။ အထဲဝင်တာတော့ ပိုကောင်းတယ်။
• အလာဂျီလို ဖြစ်တတ်တာ၊ ယားတာအတွက် Citrizine ညအခါ ၁ ပြား သောက်နိုင်ပါတယ်။
• ဆီးသွား၊ ရာသီဆင်းချိန် ရေနဲ့ ရိုးရိုးဆပ်ပြာနဲ့ ဆေးကြောပါ။ လက်ကို ရှေ့ကနေ နောက်ဖက်ဆီ တဖက်သတ်သွားပါ။ ပြီးရင် ခြောက်သွေ့စေပါ။ အတွင်းခံ (ကော်တွန်) သုံးပါ။ ရာသီဥတု ပူနွေး၊ စွပ်စိုချိန်မှာ ပိုသတိရှိပါ။ မှိုက အဲဒါမျိုး ကြိုက်တယ်။ အလုပ်၊ ရုံး၊ ပွဲလမ်းလိုမှာ အချိန်ကြာနေရရင် အတွင်းနေရာကို လေသလပ်စေအာင် တမျိုးမျိုး စီစဉ်ပါ။
• လူတချို့မှာ အဲလိုဖြစ်တတ်ကြတယ်။ တချို့က ဒိထက်တောင် ဆိုးသေးတယ်။ Lifestyle change လုပ်ရလိမ့်မယ်။ ဂရုစိုက်တဲ့အထဲ၊ ဆေးတွေကုနေတဲ့အထဲကလဲ ထပ်ဖြစ်တာ ရှိပါလိမ့်အုံးမယ်။ ဒီလိုပြောလို့ စိတ်ကိုပါ မထိခိုက်စေလိုပါ။ ကုမရတဲ့ ရောဂါ မဟုတ်ပါ။ အသက်ကို ဒုက္ခပေးတဲ့ ရောဂါ မဟုတ်ပါ။ သူများကို ကူးစက်စေမဲ့ ရောဂါ မဟုတ်ပါ။ စိတ်သက်သာရာ ရလိုက်ပါ။
• မှို၊ (အလာဂျီ)၊ နှင်းခူနာ၊ အာလုံး ဆက်စပ်နေတယ်။ မတည့်တာက တရားခံဖြစ်တယ်။ ဘာနဲ့ မတည့်ဆိုတာ ကိုယ်တိုင် သိနေပြီမို့ ကောင်းပါတယ်။ တချို့ရောဂါတွေဟာ ကိုယ်တိုင် ခံစားနေရာသူတွေက တော်တော့ ဆရာတွေထက် ရောဂါ အကြောင်း ပိုသိကြတယ်။ အဲဒီအထဲမှာ ဒီလိုဖြစ်တာလဲ ပါတယ်။
• ရှောင်တာ နဲ့ ဆောင်တာ ၂ ခု တွဲပါလေ။ မတည့်တာမှန်သမျှ ရှောင်ပါ၊ ဆေးတွေ ဆောင်ထားပါ။
• ဆေးဆိုတာတွေထဲမှာ (အလာဂျီ) အတွက် စားဆေး နဲ့ လိမ်းဆေး၊ မှိုအတွက်လဲ စားဆေး နဲ့ လိမ်းဆေး၊ နာတာရှည် ဖြစ်တဲ့အတွက် (ကော်တီဇုန်း) ဆေးတွေဖြစ်တယ်။ ဒီကြာထဲ ယားလို့ ကုပ်ရင် ဗက်တီးရီးယား ဝင်လို့ ပဋိဇီဝဆေးပါ လိုနိုင်သေးတယ်။
• (အလာဂျီ) အတွက် ဆေးဆိုတာ ဆေးဆိုင်မှာ ပေါသလားမမေးနဲ့။ Citrizine ဆေးက အသုံး အတည့်ဆုံး ဖြစ်တယ်။ Allergy သို့မဟုတ် မတည့်အတူနေ ထဲမှာ ဖတ်နိုင်ပါတယ်။
• မှိုအတွက်ဆေးက သိပ်မများပါ။ Fungus မှိုရောဂါများ ထဲမှာ ဖတ်နိုင်ပါတယ်။
• Corticosteroids =(ကော်တီကို-စတီရွိုတ်) ရောင်ခြင်း၊ နီခြင်း၊ (အလာဂျီ) ရခြင်း၊ ရောဂါ လက္ခဏာများကို သက်သာစေသည့် ဆေးများ၊ (Betamethasone; Cortisone; Dexamethasone; Hydrocortisone; Methylprednisolone; Prednisolone; Prednisone; Triamcinolone) စားဆေး၊ ထိုးဆေး၊ လိမ်းဆေးတွေ ရှိတယ်။ လိမ်းဆေးတွေမျာ တချို့က ပဋိဇီဝဆေးနဲ့ တွဲထားတာလဲ ရှိတယ်။ အပြော့-အလတ်-အပြင်းလဲရှိတယ်။ လိုအပ်ရင် ဆေးပြောင်းသုံးရတယ်။ နမူနာဆေးတွေ ပြောပါမယ်။ Alphaderm cream = Hydrocortisone 1%; Aureocort ointment = Triamcinolone acetonide 01%; Betacap scalp application = Betamethasone valerate 01%; Betnovate cream/ointment/lotion = Betamethasone valerate 01%; Betnovate-C cream/ointment = Betamethasone valerate 01%; Betnovate-N cream/ointment = Betamethasone valerate 01%; Betnovate RD cream/ointment = Betamethasone valerate 0025%; Betnovate scalp application = Betamethasone valerate 01%; Bettamousse = Betamethasone valerate 012%; Calmurid HC cream = Hydrocortisone 1%; Canesten HC cream = Hydrocortisone 1%; Clarelux foam = Clobetasol propionate 005%; Cutivate cream/ointment = Fluticasone propionate; Daktacort cream/ointment = Hydrocortisone 1%; Dermacort cream = Hydrocortisone 01%; Dermovate cream/ointment = Clobetasol propionate 005%; Dermovate scalp application = Clobetasol propionate 005%; Dermovate-NN cream/ointment = Clobetasol propionate 005% (antibiotic + antifungal); Dioderm cream = Hydrocortisone 01%; Diprosalic ointment = Betamethasone dipropionate 005%; Diprosalic scalp application = Betamethasone dipropionate 005%; Diprosone cream/ointment = Betamethasone dipropionate 005%; Diprosone lotion = Betamethasone dipropionate 005%; Elocon cream/ointment = Mometasone furoate 01%; Elocon scalp lotion = Mometasone furoate 01%; Etrivex shampoo = Clobetasol propionate 005%; Eumovate cream/ointment = Clobetasone butyrate 005%; Eumovate eczema and dermatitis cream = Clobetasone butyrate 005%; Eurax hydrocortisone cream = Hydrocortisone 025%; Fucibet cream = Betamethasone valerate 01%; Fucidin H cream/ointment = Hydrocortisone acetate 1%; Haelan cream/ointment/tape = Fludroxycortide; Locoid cream/ointment/crelo/ lipocream/scalp lotion = Hydrocortisone 17-butyrate 01%; Lotriderm cream = Betamethasone dipropionate 0064%; Metosyn cream/ointment = Fluocinonide 005%; Mildison lipocream = Hydrocortisone 1%; Modrasone cream/ointment = Alclometasone dipropionate 005%; Nerisone cream/oily cream/ointment = Diflucortolone valerate 01%; Nerisone forte oily cream/ointment = Diflucortolone valerate 03%; Nystaform HC cream/ointment = Hydrocortisone 05%, 1%; Synalar cream/ointment/gel = Fluocinolone acetonide 0025%; Synalar 1 in 4 cream/ointment = Fluocinolone acetonide 000625%; Synalar 1 in 10 cream = Fluocinolone acetonide 00025%; Synalar C cream/ointment = Fluocinolone acetonide 0025%; Synalar N cream/ointment = Fluocinolone acetonide 0025%; Timodine cream = Hydrocortisone 05% (barrier +antifungal +antiseptic); Trimovate cream = Clobetasone butyrate 005% (antibiotic + antifungal); Ultralanum plain cream/ointment = Fluocortolone; Vioform-hydrocortisone cream/ointment = Hydrocortisone 1%;

Mar 23, 2011 at 8:27 PM
Q 4: ကျနော့် သူငယ်ချင်းတယောက်ရဲ့ ပြဿနာပါ။ သူက ဗိုက်ကအောင့်တယ်၊ ကြာကြာထိုင်ရင်လို့မရဘူး။ ခါးကနာနေတာနဲ့ ဆေးခန်း သွားပြတယ်ဗျ။ ဆေးခန်းက ပြောတယ် ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာတဲ့။ အခု ကျောက်ကြေဆေး စားခိုင်းနေတယ်။ ကျနော်သိချင်တာက ဒီလိုဝေဒနာ ခံစားနေရတဲ့ သူတွေ ဘယ်လို နေထိုင် စားသောက်ရမှာလဲ။ ဆင်ခြင်ရမဲ့ အရာတွေကရော ဘာတွေလဲ။ ဘယ်လိုကျင့်ကြံနေထိုင်မှ ရောဂါ သက်သာစေမှာလဲ ဆိုတာတွေကိုပါ။ ကျနော်က မိတ်ဆွေတယောက် ဖြစ်နေတာကို သူ့ကို ပြန်လည်ပြောပြချင်လို့ပါ အားပေးစကားလဲ ပြောပေးချင်ပါတယ်။
• Kidney stones ကျောက်ကပ်-ကျောက် ကို ဖတ်ပါ။

31 Mar 11, 11:04
Q 5: ကျွန်မကိုယ်ဝန် ၆ လပြည့်ခါနီးနေပါပြီ။ အဲဒါ birds nets သောက်လို့ ရပါသလား။ မမွေးခင်သောက်ရမလား မွေးပြီးမှ သောက်တာ ပိုသင့်တော်ပါသလား သိချင်ပါတယ် ဆရာ။
• Bird Nest ဆိုတာ ကျွန်တော်တို့ သင်ရတဲ့ ဆေးနည်းတော့ မဟုတ်ပါ။ တရုတ် ရိုးရာဆေးတခုဖြစ်တယ်လို့ သိရပါတယ်။ ဆေးညွှန်းမှာ ဖတ်လို့သိရတာကေတော့ အသားအရေ ကောင်းတယ်၊ နေမကောင်းရာက နလံထစေတယ်၊ အစာချေတာ အားပေးတယ်၊ (ဆဲလ်) တွေ အသစ်ဖြစ်စေတယ်၊ အဆုပ်အတွက် ကောင်းတယ်၊ ချောင်းဆိုး သက်သာစေတယ်။