ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, March 31, 2011

Q and A March 2011 (9)

1. စာကြည့်များတဲ့ ကျောင်းသူပါ
2. ကျွန်တော့်ရဲ့ နို့အုံတွေက ပုံမှန်မဟုတ်ဘူးလို့ ထင်ရပါတယ်
3. ဆီးသွား စစ်ကြည့်တာ Positive ဆိုတဲ့ အဖြထွက်တယ်
4. ရာသီမလာတာ ၃ လ ပြည့်တော့မယ်
5. မနက်ဖန်ရောက်မှာကို တော်တော်ကြီးကို ကြောက်လာပြီ

16 Mar 11, 15:37
Q 1: ကျွန်မ စာကြည့်များတဲ့ ကျောင်းသူပါ။ ကွန်ပျူတာလည်း အချိန်အများကြီး သုံးရပါတယ်။ အခု သတိထားမိ လာတာက နောက်ကျော လက်ပြင်ကြွက်သားတွေထဲက မခံရပ်နိုင်အောင် ပူလာတာပါပဲ။ မျက်မှန် အဝေးကြည့်လည်း တပ်ရပါတယ်။ အသက် ၃ဝ ကျော်ပါပြီ။ အခုမှ အဲလိုဖြစ်တာ သတိထားမိလာတာပါ။ စာကို အမှီမပါဘဲ မတ်မတ် ထိုင်ကြည့်ရင် ခဏနေရင် ပူလာတော့တာပါပဲ။ နောက်ကျောတက်တာမျိုးလဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၆ လကစ သတိထားမိလာတာပါ။ ဘာဖြစ်လို့ အဲလိုဖြစ်တာလဲ။ ဘယ်စာဖတ်ပြီး ဘာတွေကို ရှောင်ရမလဲ။ မျက်မှန်က တပ်ကာစ ကတည်းက ပါဝါကို တိုးတာ အဆင်မပြေလို့ အရင်ပါဝါပဲ ပြန်ချပြီး သုံးနေပါတယ်ရှင့်။

၁။ မျက်စိ-မျက်မှန် သေခြားစမ်းပါ။ မျက်မှန်ဆိုင်မှာ စမ်းတာလောက်နဲ့ မလုံလောက်ပါ။ မျက်စ် အထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မျက်စိထံပ ပုံရိပ်ထင်တဲ့ရောနဲ့ ထင်လာတဲ့အရုပ်က တထပ်ထဲမကျရင် ပြေပြတာတွေ ဖြစ်တတ်တယ်။
၂။ သွေးဖိအား Blood pressure လဲ စစ်ပါ။ မျက်စိအားဆေးဆိုပြီး ဗီတာမင်အေ နဲ့ မရလောက်ပါ။
၃။ ကွန်ပြူတာသုံးသူတွေနဲ့ မျက်စိအကြောင်း မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။

March 16, 2011 5:59 PM
Q 2: ကျွန်တော့် အခု အသက် ၂၄ နှစ်ပါ။ ကျွန်တော့်ရဲ့ နို့အုံတွေက ပုံမှန်မဟုတ်ဘူးလို့ထင်ရပါတယ်။ သာမာန်ထက် တော်တော် ပိုကြီးနေတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ နို့အုံထဲမှာလဲ အကြိတ်လို အခဲရှိတယ်။ အဲ့ဒါ ဘယ်လို လုပ်ရမလဲ မသိဘူး။ လူက ဝတယ် ဖြစ်တာကတော့ ၂ ဘက်လုံးပဲ။ ကျွန်တော် ၁၇ လောက်ကပေါ့။ နို့က စူလာပြီး အထဲမှာ အလုံးခဲလို ဖြစ်လာတယ်။ လူပျိုဖြစ်တာလို့ ပြောတယ်။ အဲ့ဒါပြီးတော့ အကျိတ်က မပျောက်တော့ဘူး။ နာတာတွေ ဘာတွေတော့ မရှိပါဘူး။ အကျိတ်ကို ညှစ်ရင်တော့နာတယ်။ နို့ ၂ ဘက်လုံး အရွယ်က တူတူလောက်ပဲ ထင်ရတယ်။

နှစ်ဖက်ကို မှန်ထဲမှာ ယှဉ်ကြည့်ပါ။ နို့ကိုလဲ လက်နဲ့ အနှံ့ စမ်းပါ။ ထူးခြားနေတာ တွေ့သလား။ တနေရာရာလား။ တဖက်ထဲလား။ တခုလုံးလား။ တစုံလုံးလား။ အကျိတ်ဆိုရင် နေရာ၊ အရွယ်အစား၊ ပုံပန်း၊ နာ-မနာ၊ ရွေ့ရ-မရ၊ တခြား ထူးခြားမှု ဘာရှိသလဲ။ ဥပမာ ချိုင်းမှာ အစေ့ရှိတာ၊ လိင်စိတ် အပြောင်းအလဲ။ လူဝလာ-ပိန်လာ စသဖြင့်။ တိုက်ရိုက်မေးရင် တိုက်ရိုက်ဖြေပါမယ်။ ဟော်မုန်း အပြောင်းအလဲနဲ့ ဆိုင်ပါမယ်။ အရွယ် ပြောင်းတာသာမက ဆေးဝါး၊ အစား-အသောက် ထဲမှာ ဟော်မုန်း ပါနေသလားသိပါ။ ပြုပြင်ပါ။ ကိုယ်မသိဘဲ ဝယ်စားတာတွေမှာ ပါတာလဲ ဖြစ်တတ်တယ်။ လူမဝစေအောင် အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်း၊ အားကစား လုပ်ပါ။ နို့ကို ခဏခဏ မကိုင် မစမ်းပါနဲ့။ လိုအပ်ရင် ဆရာဝန်ပြပါ။

March 16, 2011 5:56 PM
Q 3: သမီး အသက်က ၁၉ နှစ်ပါ။ ဆရာရေးတဲ့ ဆိုက်ဒ်က မလိုချင်သော ကိုယ်ဝန် Unwanted Pregnancy အကြောင်းကို သမီးသေသေချာချာ ဖတ်ကြည့်ပြီးပါပြီ။ သမီး ရာသီမလာတာ တစ်လနဲ့ ၁၅ ရက် ရှိသွားပါပြီ။ January 23 ရက်နေ့က လာပြီး ၂၈ ရက်နေ့မှာ ပြီးသွားပါတယ်။ ပြီးတော့ Feb တစ်လလုံး မလာပဲ အခု March 16 ရက်နေ့အထိ မလာလို့ ဆေးခန်းမှာ ဆီးသွား စစ်ကြည့်တာ Positive ဆိုတဲ့ အဖြထွက်တယ်။ Urine test နဲ့ လည်း ကိုယ်ဘာသာ စမ်းသပ် ကြည့်ပြီးပါပြီ။ ဆေးခန်းက ဆရာဝန်ကလည်း သူဘာမှ မလုပ်ပေးဘူးလို့ ပြောပါတယ်။ ဆရာ့ဆိုက်ဒ်မှာ ရေးတဲ့ ဆေးတွေကလည်း ဒီမှာ ရှာဝယ်လို့ မရဘူးဖြစ်နေတယ်။ သမီး အားကိုး တကြီးနဲ့ အကူအညီတောင်းပါတယ်။ သမီး ဘယ်လိုလုပ်ရမယ်ဆိုတာ အကြောင်းပြန်ပေးပါနော်။

Sorry! ဆရာက ဒီလိုဖြစ်တာအတွက် ဆေးစာတွေသာ ရေးပါတယ်။

2011/3/16
Q 4: သမီးအသက် ၂၃ ပြည့်တော့မယ်။ ခုလောလောဆယ် (့) နိုင်ငံမှာ နေထိုင်ပါတယ်။ မြန်မာပြည်မှာနေတုံးက ရာသီ ပုံမှန်လာပေမဲ့ (့) ကိုရောက်ကတည်းက ၂ လမှတစ်ခါ ၃ လမှတစ်ခါ လာတတ်ပါတယ်။ အခု ရာသီမလာတာ ၃ လ ပြည့်တော့မယ်။ ရီးစားမရှိပါဘူး (လိုမယ်ထင်လို့ပါ။) ဘာကြောင့် မလာသလဲနဲ့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ သိချင်ပါတယ်ရှင့်။

ဒီစာ ၂ ပုဒ်ဖတ်ပါ။ လိုတာမေးပါ။
1. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ Amenorrhea
2. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅) Menstruation ရာသီ မမှန်ခြင်း

Apr 1, 2011 at 7:40 PM
Q 5: 20-8-2010 က တရားနာနေတုန်း ခေါင်း အနောက်ဖက်အခြမ်းက အကြောတွေ တဖျင်းဖျင်း ဖြစ်လာပြီး လူလည်း တစ်မျိုးကြီးဖြစ်လာတယ်။ တရားနာနေရာကနေ ထပြီးထွက်လာရတယ်။ အဲဒီလိုဖြစ်ပြီး 2-10-2010 နေညမှာ ဘီယာ သောက်နေရင်း ထပ်ဖြစ်ပြန်တယ်။ ခဏပဲဖြစ်ပြီး ပျောက်သွားပြန်တယ်။ အရက် ဆက်သောက်တာ တော်တော် များသွားတယ်။ မနက်ကျတော့ တော်တော်နဲ့ မထနိုင်ဘူး။ အလုပ်ထဲမှာလည်း လူက ဘယ်လိုကြီး ဖြစ်နေမှန်းမသိဘူး။ အလုပ်ပြီးသွားတော့ သူငယ်ချင်းတွေတိုက်တဲ့ အရက် တစ်ခွက်လည်း သောက်ပြီးရော ခေါင်းအနောက်ဖက်အခြမ်းက အကြောတွေ တဖျင်းဖျင်းဖြစ်လာပြီး လူလည်း တစ်မျိုးကြီး ဖြစ်လာတယ်။ အသားတွေလည်း အေးစက်လာတယ်။ ခဏခဏ အကြောတွေ တဖျင်းဖျင်းဖြစ်လာတယ်။ လူလည်း ဘယ်လိုမှနေ လို့မရတော့ဘူး။ ဆေးခန်းသွားတော့ သွေးတိုးနေတယ်လို့ ပြောပြီး၊ ခေါင်းကိုက် ပျောက်ဆေး ပေးလွှတ်လိုက်တယ်။ ဆေးခန်းကပြန်လာတော့လည်း ခဏခဏ ထပ်ဖြစ်ပြန်ရော။ သံပုရာရေရော ရေနွေးကြမ်းတွေ များများကို သောက်ပစ်လိုက်တယ်။ ည ၁ နာရီကြတော့ အိပ်ပျော်သွားတယ်။ နောက်နေ့ အလုပ်သွားတော့လည်း လူကမအီမလည်နဲ့ ဘယ်လိုဖြစ်မှန်းကို မသိဘူး။ ခေါင်းကလည်း နောက်စိ နားကနေ ထိုးထိုး နေတယ်။ အိမ်သာတက်ချင်သလိုလို လေလည်ချင်သလိုလို ဖြစ်လာတယ်။ စိတ်ကလည်း လွတ်ချင်သလိုလို ဖြစ်လာတယ်။ စိတ်ကိုပြန်ပြန်ထိမ်းနေရတယ်။ ညရောက်ရင် ထမင်း စားရင်လည်း ဘယ်လိုကြီး ဖြစ်မှန်းကို မသိဘူး။ မူးပဲလည်းတော့မလို သတိပဲလစ်တော့မလို ဖြစ်နေတယ်။ တစ်အောင့်လောက် ကြာတော့ သက်သာသွားတယ်။ ခေါင်းကတော့ နောက်စိနားကနေ ကိုက်ကိုက်နေတယ်။ ဆေးခန်းကိုတော့ မကြာခဏတော့ သွားသွားနေရတယ်။ မသက်သာပါဘူး။ 3-1-2011 သူငယ်ချင်း တစ်ယောက်ပေးတဲ့ လင်ဇီး ပိုလန်ကို စားပြီး ၃ ရက် လောက်ကြာတော့ လူက ဘာဖြစ်မှန်းမသိကို မသိပဲနဲ့ အားပြတ်သလိုဖြစ် နှုတ်ခမ်းတွေဖြူလာ သတိလစ်ချင်သလိုဖြစ်ပြီး ဗိုက်ထဲမှာလည်း တစ်မျိုးကြီး ဖြစ်လာတယ်။ လေတွေလည်းအန်တယ်။ ဆေးခန်းသွားတော့ ဒရစ်သွင်းပေးတယ်။ ခဏပါပဲ။ ပြန်ဖြစ်တာပဲ။ အဲဒီလို ဖြစ်လာရင် လူကတစ်ကိုလုံး အေးလာသလို ခံစားရပြီး ဂနာမငြိမ် ဖြစ်လာတယ်။ နောက်ဆေးခန်း တစ်ခုသွားတော့ xanax ဆေးပေးတယ်။ နောက်နေကြတော့ လက်ဖက်ရည် သောက်လိုက်မိတာနဲ့ ဘယ်လိုဖြစ်မှန်းမသိပဲ ခေါင်းထဲက အကြောတွေ တဖျင်းဖျင်းနဲ့ ဖြစ်လာပြီး လူကထကိုပြေးရတယ်။ နောက်ဆေးခန်းသွားတော့လည်း အစာအိမ်ဆေးတွေ ပေးလိုက်ပြန်တယ်။ မသက်သာပါဘူး။ xanax ကို ညပိုင်းသောက်ဖြစ်တယ်။ ဆေးသောက်ပြီးရင် ခေါင်းနဲ့ ဂုတ်က အကြောတွေ တစ်မျိုးကြီး ဖြစ်လာပြီး ချွေးတွေ ထွက်လာပြီး နေသာထိုင်သာတော့ရှိလာတယ်။ နောက်နေကြရင် လူကတစ်မျိုးကြီးဖြစ်ပြန်ရော။ စိတ်ရောဂါဆရာနဲ့ ပြကြည့်တော့ Imipramine 25mg ကို မနက်တစ်လုံး ညတစ်လုံး သောက်ရမယ်တဲ့။ စစချင်း သောက်တဲ့နေ့ မှာ တော်တော်အိပ်ချင်တယ်။ အိပ်လိုက်တော့လည်း မကြာခဏ နိုးပြန်ရော။ နောက်ညတွေကြတော့ သိပ်မအိပ်တော့ဘူး။ ဒါနဲ့ ထပ်သွားတော့ အိပ်ဆေး ပေးလိုက်ပြန်တယ်။ တွဲသောက်တဲ့ ဆေးနာမည်က Clonazepam ပေးလိုက်တယ်။ ကျွန်တော်လည်း Internet မှာ Imipramine ကို ရှာကြည့်တော့ အဲဒါကိုတွေတော့ မသောက်ရဲတော့ဘူး။ Imipramine ကိုသောက်တော့လည်း ဘယ်လိုကြီး ဖြစ်မှန်းကို မသိဘူး၊ အားမရှိသလို ခံစားရပြီး နှုံးချိနေတာပဲ။ xanax ကို ညပိုင်းပဲသောက်ဖြစ်တယ်။ ခေါင်းကတော့ သက်သာနေပြီ။ ဒါပေမဲ့ ညနေရောက်လာရင်ပြီဆိုရင် ဘယ်လိုကြီးဖြစ်မှန်းကိုမသိဘူး။ ကိုယ့်ကို ရူးတော့မယ်လို့တောင် ထင်ရတယ်။ ခေါင်းကလေးလာတယ်။ ပြီးတော့ ရှုပေါက်ချင်သလို အိမ်သာတက်ချင်သလို ဖြစ်လာတယ်။ ဝမ်းလည်း နည်းတယ်။ ဆီးကလည်းဝါတယ်။ ဒီလိုဖြစ်နေတာ ၆ လလောက် ရှိပြီ။ ဆေးခန်းလည်းစုံပြီ။ ဆရာလည်းစုံပြီ။ သွေး၊ ဆီးလည်း စစ်ပြီးပြီ။ ဓါတ်မှန်လည်း ရိုက်ရသေးတယ်။ ဒါပေမဲ့ ဘာမှလည်း မရှိဘူး။ သွေးစစ်တော့ အစာအိမ်မှာ ပိုးရှိတယ်လို့ပြောတယ်။ အာရုံကြော အားဆေးတွေလည်း သောက်ရသေးတယ်။ ကျွန်တော်လည်း ဝေဒနာကို ခံစားရတာကြာတော့ မနက်ဖန် ရောက်မှာကို တော်တော်ကြီးကိုကြောက်လာပြီ။ ကျွန်တော့်ရောဂါက ဘာဖြစ်တာလဲ။ ဘာဆေးသောက်ရမလဲ။ အရက် မသောက်တာလည်း ၆ လလောက်ရှိပြီ။ စဖြစ်ကတည်းကနေ မသောက်တော့ဘူး။

• ဆရာဝန်နဲ့ ပုံမှန်ကုသမှုခံယူနေရမယ်။ ဆရာဝန်နဲ့ ဆွေးနွေး၊ မေးမြန်း-ဖြေကြားဘို့က အတော် အရေးကြီးတယ်။ စိတ်-ဦးနှောက်-အာရုံကြော အထူးကု ဆရာဝန်နဲ့ ကုသပါ။
• ဆရာဝန်ပေးတဲ့ဆေးကို သောက်ကိုသောက်ရပါမယ်။
• အချိန်ယူရမဲ့ရောဂါဖြစ်လို့ စိတ်ရှည်ပါ။ ကုသမှုကို ယုံယုံကြည်ကြည်၊ စွဲစွဲမြဲမြဲ လုပ်ဘို့လိုပါတယ်။
• ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး၊ တွဲမသောက်ရမဲ့ဆေး-အစာ၊ စတာတွေ ရှိကြချည်းဖြစ်တယ်။ မထူးကုဆရာဝန်က ညွှန်ရင် သောက်ပါ။ အဆိုးလေး နဲ့ အဆိုးကြီး လဲရတာမျိုးလဲ တခါတလေ လုပ်သင့်ပါတယ်။
• စိတ်ကို ကြည်ကြည်လင်လင် ထားနိုင်အောင်ကြိုးစားပါ။ ဒါမှ ဘာကိုဖြစ်ဖြစ် အလုပ်လုပ်တာ၊ ရောဂါကိုဆန်းစစ်တာ၊ လူမှုဆက်ဆံရေး၊ ဖို-မ ကိစ္စ၊ အစအစကို အရှိအတိုင်း မြင်နိုင်လိမ့်မယ်။
• ငါ့မှာ ဒါတွေ တခုပြီးတခု ဖြစ်နေတယ်။ ပျောက်လဲ မပျောက်နိုင်ဘူး။ ဆေးတွေက ဟုတ်မှ ဟုတ်ရဲ့လား၊ ငါ့မှာဘဲ လာဖြစ်နေတယ်၊ စတာမျိုး မတွေး၊ မထင်ပါနဲ့။ အတတ်နိုင်ဆုံး အပေါင်းလက္ခဏာ ဘက်ကကြည့်နိုင်အောင် ကြိုးစားပါ။ တရက်ထက်တရက်၊ တပါတ်ထက်တပါတ် တိုးတက်လာတာကို အသိအမှတ်ပြုနိုင်အောင် ကြိုးစားပါ။
• မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပေါင်းဘက်ရာမှာ အရက်၊ ဆေးဝါးသမားတွေ လုံးဝရှောင်ပါ။ ပျော်ပျော်နေ၊ ရီစရာမောစရာပြောတတ်သူတွေနဲ့ တွဲပါ။ စာဖတ်တာ၊ ရုပ်ရှင်ကြည့်၊ အင်တာနက်သုံးတာတွေမှာလဲ ပျော်စရာ၊ ရီမောစရာ၊ ရွေးခြယ်ပါ။
• အပရိက ရောဂါလေးတွေ ရှိလာလဲ မစိုးရိမ်ပါနဲ့။ လူတိုင်း အဲလိုဖြစ်တာပါ။
• အစာအာဟာရ မျှတအောင်စားပါ။ အိပ်ရေးဝပါစေ။ တွေးသင့်တာထက် ပိုမတွေးနဲ့။
• ကိုယ်-စိတ် ကျန်းမာ-ချမ်းသာပါစေ။