ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Thursday, March 17, 2011

Sleeping pills အိပ်ဆေး

2011/3/16
ကျွန်မ အမျိုးသားအတွက် မေးမယ့် မေးခွန်းပဲဖြစ်ပါတယ်။ သူက ညည အိပ်လို့ မပျော်ဘူး ဖြစ်နေပါတယ်။ သူက အိပ်ချင်ပေမယ့် အိပ်လို့ မပျော်နိုင်ဘူးလို့ ပြောပါတယ်။ သူ့အလုပ်က ညဘက်မှဆိုတော့ သူက အိမ်ကို အမြဲ ညတစ်နာရီ ခွဲလောက်မှ ပြန်ရောက်ပါတယ်။ ရောက်ပြီးလည်း တော်တော်နဲ့ မအိပ်ပါ။ နေ့စဉ်နေ့တိုင်း မနက် လေးနာရီခွဲ ငါးနာရီမှသာ အိပ်ပါတယ်။ အဲဒါ သူ့ကို ဘာလုပ်ပေးရမလဲ မသိပါ။ အိပ်ပျော်ပြန်ရင်လည်း အိပ်ယာထတော့ လန်းလန်းဆန်းဆန်း မရှိဘူး အိပ်ရေးမဝဘူးလို့ ပြောပါတယ်။ အိပ်ဆေးသောက်ကြည့်တော့ အိပ်ပေမယ့် ကြာရှည် စွဲသောက်ရင် ထိခိုက်မှာ စိုးလို့ တခြား နည်းလမ်းများ ညွှန်ကြားပေးပါရှင်။

Melatonin ဆိုတဲ့ (ဟော်မုန်း) က သူ့အလိုလို ညရောက်ရင်ထွက်တာကြောင့် လူကအိပ်တယ်။ ဒီ (ဟော်မုန်း) အကြောင်း ကောင်းကောင်း မသိကြသေးပါ။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ အိပ်ဆေးဆိုတာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးတွေက များတယ်။ (အလာဂျီ) ဖြစ်တာကို ကုရတဲ့ ဆေးအမျိုးအစားပါ။ ဥပမာ Benadryl, Diphenhydramine (Nytol, Sominex, Sleepinal, Compoz) နဲ့ Doxylamine (Unisom, Nighttime Sleep Aid) ဆေးတွေ ဖြစ်တယ်။ တချို့ဆေးတွေမှာ အနာသက်သာဆေး ဥပမာ Acetaminophen တွေနဲ့ ရောထားတယ်။ NyQuil ဆေးကတော့ Alcohol ရောထားတယ်။ ရေတို-ရက်တိုအတွက် သုံးနိုင်ပါတယ်။ ဘေးထွက် ဆိုးကျိုး မကင်းပါ။ မျက်စိရေတိမ် အရေးအကြီးဆုံး ဖြစ်တယ်။ ယောက်ျား အသက်လဲကြီးရင် ဆီးကျိတ် ကြီးနေသလား။ နာတာရှည် အသက်ရှူလမ်းရောဂါ Emphysema or Chronic bronchitis တခုခုရှိနေသလား သတိထားရမယ်။

ဆေးကြော်ညာမှာ အကောင်းဆုံး-အိပ်ဆေး ၃ မျိုး တွေ့ရမယ်။ AmbeSleep ရယ် Lunexor နဲ့ RestAid ဆေးတွေ ဖြစ်တယ်။ ယေဘုယျ ပြောရရင် အိပ်ဆေးတွေဟာ ထိရောက်ပါတယ်။ အထူးသဖြင့် ခရီးဝေးသွား တခြားနိုင်ငံရောက် Time zones အချိန်မတူလို့ အိပ်မရတာမျိုး၊ နောက်ပြီး Insomnia အိပ်မရတာ ဆိုးဝါးသူတွေကို Behavioral treatment အမူအယာပြောင်း ဆေးကုနည်းသုံးတဲ့ အခါမျိုးတွေ ကောင်းတယ်။

အိပ်ဆေးတွေဟာ “ကောင်းတော့ ကောင်းပါတယ် ဒါပေမဲ့” ဆိုတာမျိုး ဖြစ်တယ်။ ဘာလို့ အိပ်မပျော်သလဲ ဆိုတာကို ကုတာ မဟုတ်တဲ့အတွက် (ဒါပေမဲ့) ထည့်ရတာ ဖြစ်တယ်။ ဆေးမတည့်သူက (အလာဂျီ) ရမယ်။ ပိုဆိုးတတ်တာလဲ ရှိသေးတယ်။ စိတ်ကျရောဂါဆေး Antidepressant (MAOI) ကို ၂ ပါတ်အတွင်း သောက်ထားသလား။ Parkinson's disease ရောဂါဆေးတွေ သောက်နေရသလာ။ ကလေးနို့တိုက်နေသလား သတိထားပါ။

သိပ်မဆိုးတဲ့ ဆိုးကျိုးတွေကတော့ နောက်တရက်မှာ အိပ်ချင်စိတ် အသင့်အတင့်ကနေ များများအထိ ရှိနိုင်တယ်။ ခေါင်းမူးဝေပြီး၊ မေ့တာမျိုး ဖြစ်နိုင်တယ်။ ကိုးရိုးကားရား နိုင်နေမယ်၊ ကိုယ်ထိန်းမရတာလဲ ဖြစ်နိုင်တယ်။ ဝမ်းချုပ်မယ်၊ ဆီးအိမ် တင်းမယ်။ မျက်စိ ဝါးမယ်။ အာခေါင် ခြောက်မယ်။

ဆိုးတာတွေကတော့ -
• Drug tolerance ကြာလေလေ ဆေးကို ခံနိုင်လာပြီး ၁ ပြားနဲ့မတိုး၊ ၂ ပြားနဲ့မရဖြစ်တတ်ကြတယ်။
• Drug dependence ဆေးစွဲလာနိုင်တယ်။
• Withdrawal symptoms ဆေးဖြတ်ရင် ခံစားရမှာတွေ ရှိလာတတ်တယ်။
• Drug interactions တခြားသောက်နေရတဲ့ ဆေးတွေနဲ့ အခန့်မသင့်တာ ရှိခြင်ရှိအုံးမယ်။
• Rebound insomnia ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်လာတတ်တယ်။

Benzodiazepines အိပ်ဆေးတွေက ပေါ်တာ-သုံးတာ ကြာပါပြီ။ Estazolam (ProSom), Flurazepam (Dalmane), Quazepam (Doral), Temazepam (Restoril) နဲ့ Triazolam (Halcion) နာမည်တွေနဲ့ လာတယ်။
• စွဲတတ်တယ်။ စွဲတယ်ဆိုတာ စိတ်ကရော ရုပ်ကပါ ဖြစ်တယ်။
• နေ့တိုင်း သောက်တာဆိုရင် ဆေးထိရောက်မှု ထိခိုက်မယ်။
• ၃-၄ ပါတ် ဆက်သောက်ရင်လဲ ဘာမှ သတ္တိမပြတော့ဘူး။
• အိပ်စက်ခြင်းရဲ့အရည်အသွေး ကျစေတယ်။
• ဆေးသောက်ပြီး နောက်နေ့မှာ အသိစိတ်နှေးနေပြီး အိပ်ခြင်မူးတူး ဖြစ်စေနိုင်တယ်။

Non-benzodiazepine နောက်ပေါ် အိပ်ဆေးတွေက အရင်ဆေးတွေလောက် ဘေးထွက် မဆိုးဘူး။ ဆေးစွဲတာလဲ နည်းတယ်။ Eszopiclone (Lunesta) ဆေးကို ၆ လအထိ သုံးတာကို စမ်းထားပြီးပြီ။ Zalepon (Sonata) နဲ့ Zolpidem (Ambien) ဆေးတွေ ဖြစ်တယ်။
• Morning grogginess နောက်မနက်မှာ အားယုတ်နေသလို ခံစားစေမယ်။
• Drug tolerance ဆေးယဉ်တတ်တယ်။
• Rebound insomnia ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်တတ်တယ်။
• Headaches, Dizziness, Nausea ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့ခြင်တယ်။
• Sleep-walking, Sleep-driving, Sleep-eating အိပ်နေရင်း လမ်းလျှောက်တာ၊ အိပ်နေရင်း အစာစားတာ၊ အိပ်နေရင်း ကားမောင်းတာမျိုး ဖြစ်တတ်တယ်။

Ramelteon (Rozerem) ကလဲ Melatonin receptor agonist ဆေးသစ်ဖြစ်တယ်။

Antidepressants စိတ်မကျဆေးလဲ သုံးကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။

တချို့ကလဲ Herbs and natural sleep aids ဆေးဘက်ဝင် အပင်ထွက်သုံးနည်း၊ သဘာဝနည်းတွေ လုပ်ကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။
• Lemon balm သုံပုရာလိမ်းဆေးတို့ Chamomile tea (ကမ်မိုမိုင်းလ်) လဘက်ရည်တို့က ထိရောက်တာ-မထိရောက်တာ မသိပေမဲ့ အန္တရာယ် မရှိပါ။
• Valerian root, Kava Kava, Passionflower, Lavender နဲ့ St. John’s Wort ဆိုတာတွေလဲ သုံးကြတယ်။
• အိပ်ဆေးတွေ မသုံးဘဲ အိပ်အောင်လုပ်ရာမှာ Sleep environment အိပ်တဲ့နေရာ-ပတ်ဝန်းကျင် ပြောင်းတာ၊ Bedtime behaviors အိပ်ရာဝင် အမူအကျင့် ပြောင်းပေးတာ လုပ်နိုင်တယ်။ အိပ်ဆေး အကူယူသူတွေလဲ အဲလို ပြောင်းတာ ရေရှည်အတွက် ပိုကောင်းစေတယ်။
• အိပ်မပျော်တဲ့အခါ စိတ်ပျက်စရာ၊ စိတ်ရှုတ်စရာ၊ မကောင်းတာတွေ တသီကြီး မြင်သိ၊ တွေးထင်တတ်ကြတယ်။ Cognitive-behavioral therapy (CBT) ဆိုတဲ့ Psychotherapy စိတ်ကုသနည်းနဲ့ ကောင်းအောင်လုပ်နိုင်တယ်။ မအိပ်ခင် တွေးခေါ်မှု ပုံစံကိုပါ ပြောင်းစေတယ်။
• Harvard Medical School ကနေ မကြာသေးခင်က တွေ့ရှိချက်အရ (CBT) နဲ့အတူ Relaxation exercises စိတ်ဖြေလျော့ လေ့ကျင့်ခန်းတွဲပြီး လုပ်ပေးရင် Chronic insomnia ရက်ရှည်လများ မအိပ်နိုင်ဖြစ်နေတာအတွက် အကောင်းဆုံး ဖြစ်တယ်။
• Relaxation techniques ဆိုတာ ဆိတ်ငြိမ်မှုကို အာရုံစိုက်၊ ညင်သာတဲ့ အလုပ်တခုခု ဥပမာ စာဖတ်တာမျိုး၊ ခြည်ထိုးတာမျိုး၊ သာယာတဲ့ တေးဂီတကို နားထောင်တာမျိုး လုပ်သင့်တယ်။
• Abdominal breathing အသက်ရှူရင် အများအားဖြင့် ခပ်ပေါ့ပေါ့သာ ရှူကြတယ်။ နက်နက်နဲနဲ ရှူတယ်ဆိုတာ ဗိုက်ကို လေဖေါင်းလာတဲ့အထိ ရှူပါ။ လေသွင်းတာရော လေထုတ်တာပါ ပြင်းပြင်နဲ့ ရှည်ရှည် လုပ်ပါ။
• Progressive muscle relaxation ကြွက်သားတွေ ပြော့အောင် လုပ်တယ်ဆိုတာ ပြောသလောက် မလွယ်ပါ။ အိပ်ယာပေါ်မှာ သက်တောင့်သက်သာ လှဲပါ။ ခြေပိုင်းက ကြွက်သားတွေကနေ စပါ။ အရင် တင်းလိုက်ပါ။ ၁ ကနေ ၁ဝ ရေတွက်ပါ။ နောက် လျော့ချလိုက်ပါ။ နောက်ပြီး တခြားနေရာက ကြွက်သားတွေကိုလဲ အဲလိုလုပ်ပါ။
• Meditation ကမ္မဋ္ဌာန်းထိုင်တဲ့အကျင့်၊ Yoga (ယောဂ) နည်း၊ Tai chi (တိုင်ချီ) နည်းတွေလဲ လုပ်သင့်ပါတယ်။
• Exercise နေ့ခင်းမှာ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ရင် ညအိပ်တာအတွက် ကောင်းတယ်။ Stanford University of Medicine ကပြောတာက တနေ့မှာ မိနစ် ၃ဝ ကနေ ၄ဝ Aerobic exercise (အေရိုးဘစ်) တပါတ်ကို ၄ ရက် လုပ်ရင် ၁ နာရီ ပိုအိပ်နိုင်တာ တွေ့ရတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁ဝ