ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Friday, August 30, 2013

CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ

Apr 1, 2011 at 11:21 AM
ကျမ သမီးလေးက နှလုံးမှာ မွေးရာအပေါက်ရှိနေတဲ့အပြင် နှလုံးသွေးကြောကလည်း မှားဝင်နေပါတယ်တဲ့။ ဘယ်ဘက်အခန်းကို ဝင်ရမယ့် သွေးကြောက ညာဘက်အခန်းကို ဝင်နေတာကြောင့် ညာဘက်နှလုံးက ကြီးနေပါတယ်တဲ့။ ဒါကြောင့် ခွဲစိတ်ရမယ်လို့ ပြောပါတယ်။ ကျမတို့က လက်ရှိ (့) မှာ နေကြပါတယ်။ သမီးလေးက ၁ နှစ်ရှိပါပြီ။ သမီးလေးက အခုချိန်ထိကတော့ ကျန်းကျန်းမာမာပါပဲ။ တခါပဲဖျားဘူးပါတယ်။ နှလုံးခုန်နှုံးကတော့ ကျမတို့ထက် တဆလောက် မြန်ပါတယ်။ ကလေးငယ်တွေက လူကြီးတွေထက် နှလုံးခုန်နှုံး မြန်ပါသလား။ တမိနှစ်မှာ ကြိမ်နှုံး ဘယ်လောက်ရှိပါသလဲ။

မခွဲဘဲထားရင် အသက် ဘယ်လောက်ကြာကြာ ရှည်နေနိုင်ပါသလဲ။ သွေးလွှက်ကြောနဲ့ သွေးပြန်ကြောက နှလုံးက တခုတည်းမှာ ဝင်နေတဲ့ လူတယောက်က အသက်ရှင်နိုင်ပါသလား။ CT ရိုက်တဲ့အခါ သုံးတဲ့ ဆေးက သိပ်ပြင်းတယ်လို့ သိရပါတယ်။ ကျမလည်း တခါရိုက်ဘူးပါတယ်။ ဆေးနဲ့ မတည့်လို့ ချက်ချင်း ရပ်လိုက်ရဘူးပါတယ်။ သမီးလေးကို နောက်လထဲမှာ ရိုက်ပါမယ်တဲ့ CT ရိုက်ခြင်းရဲ့ အကျိုးအပြစ်တွေကို သိပါရစေ။ ဒီမှာ ဆေးရုံကြီးတွေက ဆေးတက္ကသိုလ်နဲ့ တွဲထားတာဆိုတော့ သမီးလေးက အစမ်းသပ်ခံ ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။ သမီးလေးကို ၇ လ ပိုင်းမှာ ခွဲဖို့ လျာထားပါတယ်။ ကျမတို့ကတော့ ဆရာဝန်ကို စဉ်းစားဦးမယ်လို့ ပြောထားဆဲပါ။

30-8-2013 Eai wrote: "CT Scean ကိုခေါင်းကိုရိုက်ရင် ဦးနှောက်ကင်ဆာ ဖြစ်နိုင်တယ် ဆိုတာ ဟုတ် လား ဆရာ"

• CT ရိုက်တာကို Very low-risk procedure အလွန်အန္တရာယ်နည်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။
• ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။
• သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။
• ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။
• Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။
• ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။
• ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။
• ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။
• ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
• နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။
• X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။
• ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။
• ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။
• တကယ်တန်း ပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။

ကလေး နှလုံးခုန်နှုန်း
ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။
• ၁ နှစ်အောက်ကလေး = တမိနစ်မှာ ၁၁ဝ-၁၆ဝ
• ၁-၂ နှစ် ကလေး = တမိနစ်မှာ ၁ဝဝ-၁၅ဝ
• ၂-၅ နှစ်ကလေး = တမိနစ်မှာ ၉၅-၁၄ဝ
• ၅-၁၂ နှစ်ကလေး = တမိနစ်မှာ ၈ဝ-၁၂ဝ
• ၁၂ နှစ်အထက်ကလေး = တမိနစ်မှာ ၆ဝ-၁ဝဝ

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၁
၃ဝ-၈-၂ဝ၁၃