ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, April 8, 2011

Q and A April 2011 (1)

1. Ecee2 ကို ၆ လ အတွင်း ကဒ် ၂ဝ လောက် သုံးခဲ့ပါတယ်
2. အရေပြားလဲ ယားတယ်
3. အမျိုးသမီးတိုင်းတွက် လေ့ကျင့်ခန်းကို ကလေးမီးပြီးစ
4. Should she take the next pack of Yasmin or not?
5. ကလေးမွေးထားက ၁ နှစ် ၁ လ ရှိပါပြီ
6. She has used this medicine one year already.
7. နံရိုးကျိုးတာ အချိန်ဘယ်လောက်ကြာရင် ပြန်ဆက်နိုင်ပါသလဲ

5 Apr 11, 07:02
Q 1: ကျွန်မ Ecee2 ကို ၆ လ အတွင်း ကဒ် ၂ဝ လောက် သုံးခဲ့ပါတယ်။ ၆ လ လောက် သုံးပြီးတဲ့အခါ Pressure ခဏခဏ ကျပါတယ်။ ခေါင်းမူးတယ်။ ဓမ္မတာဆင်းတဲ့အခါ အခဲတွေမှာ အဆီစတွေ ပါပါလာပါတယ်။ ဆေးရဲ့ ဆိုးကျိုး ဟုတ်-မဟုတ် သိချင်လို့ပါဆရာ။ အခုမသုံးပါ။

Ecee2 ကို ရေးထားပါတယ်။ သွေးဖိအားကျတာက သွေးအားနည်းတာနဲ့ တွဲနေနိုင်တယ်။ သွေးအားများဆေးတွေလဲ သောက်ပါ။ အကြာကြီး သောက်ရမယ်။ နားလဲ နားပါ။ အစားအစာ မျှတအောင်စားပါ။ ဓမ္မတာဆင်းတာလဲ ခါတိုင်းနဲ့မတူတာ ဖြစ်နိုင်တယ်။ ပုံမှန်ကာကွယ်နည်း ပြောင်းသင့်ပါတယ်။

3 Apr 11, 17:43
Q 2: ကျွန်တော် အသက်၂၉ ကျော်ပါပြီ။ လောလာဆယ် နိုင်ငံခြား ရောက်နေတယ်။ ခုတလော နုတ်ခမ်းတွေ ကွဲတယ်။ အရေပြားလဲ ယားတယ်။ ကုတ်လိုက်ရင်လည်း အမာရွတ်ဖြစ်ပြီး ကျန်နေခဲ့တယ်။ တော်တော်နဲ့ ပုံမှန်အသားရေ ပြန်မရဘူး။ လူကတော့ နေကောင်းပါတယ်။ ဘာ့ကြောင့် အသားရေယားယံပြီး ကုတ်လိုက်တိုင်း အမာရွတ် ကျန်နေတာလဲဆိုတာ သိချင်ပါတယ်။ ဆေးသောက်ဖို့ လိုတယ်ဆိုလည်း ညွှန်ကြားပေးပါ။

ယားတယ်ဆိုရင် (အလာဂျီ) မတည့်တာဖြစ်ဘို့ များတယ်။ မတည့်တာထဲမှာ ပိုးမွှား၊ အစားအသောက်၊ အသုံးအဆောင်အပြင် ရာသီဥတုလဲ ပါတယ်။ ဥတုပြောင်းချိန် အဖြစ်များတယ်။ ပိုးထဲမှာလဲ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကနေ ဖြစ်နိုင်တယ်။ နုတ်ခမ်း ကွဲတာက ပိုးတွေကြောင့်ရော အစာအာဟာရကြောင့်လဲ ဖြစ်နိုင်တယ်။ ယားလို့၊ နာလို့ ဖြစ်တဲ့နောက် အမာရွတ်သဘော ဖြစ်လာလို့ အရောင်ပြောင်း၊ အပျော့-အမာမတူ၊ အထူ-အပါး ခြားနားလာလိမ့်မယ်။ ဒါက မကြာပါ၊ ပြန်ကောင်းလာပါမယ်။ ယားတာအတွက် Citrizine စားဆေးသောက်ပါ။ ဗီတာမင် (ဘီ-စီ-အေ) တွေ သောက်ပါ။ အစားအစာ မျှတပါစေ။

2 Apr 11, 14:13
Q 3: ဆရာပြောတဲ့ အမျိုးသမီးတိုင်းတွက် လေ့ကျင့်ခန်းကို ကလေးမီးပြီးစ ချုပ်ရိုး မကျက်ခင်ရော လေ့ကျင့်လို့ ရပါသလား။

Pelvic floor exercise ကို နာတာကို ခံနိုင်ရင် လုပ်လို့ ရပါတယ်။

1 Apr 11, 15:02
Q 4: Hello, doctor, yesterday she made urine test already, the result is not pregnant. Should she take the next pack of Yasmin or not? Can she wait for bleeding and take the new pack? Now she stops taking the new pack and stops sex.

If she does not want pregnancy she should take a new pack. But if there is a gap, it is uncertain to protect. Use Emergency pills for sure. Read my writings on the subject.

1 Apr 11, 11:32
Q 5: ကျမ ကလေးမွေးထားက ၁ နှစ် ၁ လ ရှိပါပြီ။ အခုထိ ရာသီမလာသေးပါ။ ဆံပင်တွေလည်း ဖြူလာပါတယ်။ ဘာဆေး သောက်ရမလဲ ဒေါက်တာ။

နောက်ထပ် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။ မရှိရင် တားဆေး သောက်ပါ။ ပဌမဆေး ၂၁ လုံး ကုန်တာနဲ့ ရာသီ ဆင်းပါမယ်။ ဗီတာမင် ဘီ အုပ်စု နဲ့ သံဓါတ်အားဆေးတွေ သောက်ပါ။ နောက်မေးရင် အသက် ထည့်ရေးပါ။

1 Apr 11, 04:32
Q 6: Hi doctor, my wife is taking contraceptive pills. The name is Yasmin that includes Drospirenone 3.0mg and Ethinylestradiol 0.030mg. She has used this medicine one year already. Normally after one pack finished, and round about three days bleeding is coming. Now five days already, bleeding is not coming yet. What wrong sir?

1. A new pack of Yasmin must be used on the next day after the ole pack is finished whether bleeding comes or not.
2. Possibility of pregnancy is 0.1%. So test urine to exclude pregnancy.

31 Mar 11, 19:47
Q 7: နံရိုးကျိုးတာ အချိန်ဘယ်လောက် ကြာရင် ပြန်ဆက်နိုင်ပါသလဲ။ အထဲက Organ တွေလဲ ဘာမှ မထိပါဘူး။ ၁၁ ချောင်း ကျိုးသွားပါတယ်။ အဆုတ်မှာ ရေနဲနဲဝင်လို့ ဖောက်ထားရပါတယ်။

နံရိုးကျိုးတာ သာမန်ဆိုရင် ၄ ပါတ်နဲ့ ၆ ပါတ်မှာ ဆက်တယ်။ အသက်ငယ်ရင် မြန်မယ်။ နံရိုး ၁၁ ချောင်းဆိုတာ တဖက်ထဲကဆို သိပ်မဖြစ်နိုင်ပါ။ အထဲမှာ ဘာမှ မဖြစ်ဘူးဆိုတာလဲ သေခြောအောင်လုပ်ပါ။ အဆုပ်အိတ်ထဲ ရေအောင်းတာက အဆုပ်ကို ထိခိုက်မှ ဖြစ်ပါတယ်။